မနာလိုမှု!
Vol. 24 Ch. 394
လီယွမ်ဟန်ရဲ့မြေပဲတွေက မွေးနေ့ပွဲတစ်ခုလုံးရဲ့ အာရုံစိုက်စရာဖြစ်လာသည်။ ဧည့်သည်တွေက အစတုန်းကတော့ မြည်းရုံပဲမြည်းကြည့်ခဲ့လိုကြသည်။ ဒါပေမယ့်လည်း ပထမဆုံးမြေပဲက သူတို့ပါးစပ်ထဲဝင်သွားပြီးတဲ့နောက် မြေပဲတွေအားလုံးကို တစ်ခါတည်းဆွဲမယူထားလိုက်ရတာကို သူတို့နောင်တရသွားကြသည်။
"ဒီမြေပဲအရမ်းစားကောင်းတာပဲ။ ဒါတကယ်ပဲ မြေပဲလား?"
တစ်ယောက်က သူ့ပါးစပ်ထဲမှာ ခနခနဝါးနေလိုက်ပြီး အံ့ဩမိသလို နားမလည်နိုင်လည်းဖြစ်သွားသည်။
ပြီးတော့ သူတို့ဒီလိုမျိုး အရသာရှိတဲ့မြေပဲမျိုးကို အရင်ကမစားဖူးပေ။ မြေပဲရဲ့အရသာက သူတို့အရင်ကစားဖူးခဲ့တဲ့ အစားအသောက်အားလုံးကို ဖိနှိပ်သွားသည်။
"ဒီမြေပဲက တကယ်အရသာရှိတာပဲ။ အရမ်းဈေးကြီးနေတာ အံ့ဩစရာမရှိတော့ဘူး"
"ဟုတ်တယ် အမှန်ပဲ"
သူတို့က ပိုက်ဆံမရှိကြတဲ့လူတွေမဟုတ်ပေ။ သူတို့က ပစ္စည်းရဲ့အရည်အသွေးနဲ့ တန်ဖိုးကိုပဲ ဂရုစိုက်သည်။ မြေပဲလိုမျိုးသရေစာက သူတို့မျက်လုံးထဲမှာတော့ အရမ်းမသာမယာဖွယ်ပဲဖြစ်သည်။
ဒါပေမယ့် ဒီမြေပဲတွေကို.... ပြောချင်တာက လီယွမ်ဟန်ရောင်းနေတာလေ။
လီယွမ်ဟန်က အဆင့်တစ်ခုနဲ့ပြယုဒ်ဖြစ်သည်။ ထင်ထားတဲ့အတိုင်းပဲ သူ့ရဲ့တည်ရှိမှုက ဈေးချိုတဲ့မြေပဲတွေအပေါ်မှာ တန်ဖိုးကို ထပ်ပေါင်းထည့်ပေးသည်။ အဲ့ဒါအပြင် မြေပဲတွေကလည်း အရည်အသွေးအမြင့်တွေလေ။ သူတို့က သူအရင်တစ်ခေါက်ကရောင်းတဲ့မြေပဲဆီလိုပဲ ကောင်းမွန်သည်...
ဒါပေါ့ လီယွမ်ဟန်ယူလာတဲ့မြေပဲတွေ ပျောက်ကွယ်သွားသည်။ ပြီးနောက် ခန်းမတစ်ခုလုံးက တကြွပ်ကြွပ်ဝါးနေတဲ့အသံတွေနဲ့ ပြည့်သွားခဲ့သည်။
ကွမ်းမိသားစု၊ "..."
ဒီမွေးနေ့ပွဲကတော့ တစ်စုံတစ်ခုဖြစ်လာတော့မည်။
မကြာခင်မှာပဲ လူတိုင်းက လက်ထဲကမြေပဲတွေ ကုန်သွားကြသည်။ လူတွေက လီယွမ်ဟန်ကို မီးတောက်နေတဲ့မျက်လုံးတွေနဲ့ကြည့်လိုက်ပြီး
"အထူးကိုယ်စားလှယ်လီ၊ ခင်ဗျားမှာ ဒီမြေပဲတွေထပ်ရှိသေးလား? ကျွန်တော့်ကို နည်းနည်းရောင်းပါဦး။ တစ်ကျင်ကိုယွမ်၅၀၀၀ဆိုလည်း ပြဿနာမရှိဘူး"
"ဟုတ်တယ် ငါလည်းနည်းနည်းဝယ်ချင်တယ် ဈေးနှုန်းက ပြဿနာမရှိဘူး"
၎င်းက ငါးထောင်ထဲလေ။ ၎င်းက သူတို့တွေအတွက် တစ်ခါတစ်လေမှာ တစ်နပ်စာတန်ဖိုးနဲ့တောင် ညီမျှသည်။
မမျှော်လင့်ထားစွာပဲ အထူးကိုယ်စားလှယ်လီက သူ့လက်ကို ဆန့်ထုတ်ပြလိုက်ပြီး ခေါင်းခါကာ
"ကျွန်တော်စိတ်မကောင်းပါဘူး။ အားလုံးပဲ၊ ကျွန်တော့်မှာ တကယ့်ကို မြေပဲတွေ ထပ်မရှိတော့ဘူး။ ကျွန်တော့်မှာ နည်းနည်းတော့ရှိသေးပေမယ့် ဥက္ကဌဖန်းက သူ့ယောက္ခမကြီးကိုပေးချင်တယ်ဆိုလို့ သူ့ကိုပေးပစ်လိုက်ပြီ။ ကျွန်တော့်မှာကျန်တဲ့နောက်ဆုံးအသုတ်ကို ဧည့်သည်အားလုံးကို ကျွေးလိုက်ပါတယ်ခင်ဗျာ"
လူတိုင်းက ချက်ချင်း စိတ်ပျက်သွားကြသည်။
ထပ်မရှိတော့ဘူးလား?
သူတို့က နည်းနည်ပဲအရသာခံရသေးတာလေ။
သူတို့ စိတ်ပျက်သွားကြသည်။
ပြီးနောက်မှာ ကွမ်းကျန်းသုန့်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိတဲ့ လူကြီးအချို့က သူတို့အကြည့်တွေကို ကွမ်းကျန်းသုန့်ဆီ လှည့်လိုက်ကြသည်။
သူတို့တွေ အိမ်တော်ထိန်းက လက်ဆောင်ပစ္စည်းများထားထားတဲ့ နေရာကို စိုက်ကြည့်လိုက်ကြသည်။
ကွမ်းကျန်းသုန့်က ဒီလူတွေရဲ့အကြည့်တွေကိုမြင်လိုက်ပြီး နှလုံးတဒိတ်ဒိတ်ခုန်လာသည်။
သူ့မှာ ဆိုးရွားတဲ့ခံစားချက်တစ်ခုရှိနေသည်။ သူတို့ရဲ့ရည်ရွယ်ချက်ကို သူချက်ချင်းနားလည်သွားပြီး အိမ်တော်ထိန်းကို အမိန့်ပေးတော့သည်။
"မြေပဲတွေကို ကောင်းကောင်းဝှက်ထားလိုက်"
ဒါပေမယ့်လည်း အိမ်တော်ထိန်းဘာမှမလုပ်နိုင်သေးခင်မှာ အဘိုးကြီးတွေ သူ့ကိုဝိုင်းလိုက်ကြသည်။
"ကွမ်းလူကြီး၊ ငါလည်းမြေပဲတွေစားရတာကြိုက်တယ်။ မင်းရဲ့သွားကလည်း သိပ်ကောင်းတာမဟုတ်တော့ မြေပဲတွေအများကြီးမစားသင့်ဘူး။ မင်းငါနဲ့ နည်းနည်းလောက် ဝေမျှသင့်တယ်"
"ကွမ်းအဘိုးကြီး၊ မင်းငါ့ဝေစုကိုလည်း မမေ့သင့်ဘူး"
သူတို့ရဲ့အရှက်မရှိတဲ့တောင်းဆိုချက်တွေကိုကြားပြီး ကွမ်းကျန်းသုန့်က ကြိမ်းမောင်းကာ
"မရဘူး မင်းတို့လူတွေ အရမ်းအရေထူလွန်းတယ်"
"ဒါက ငါ့ရဲ့သမက်က ငါ့အတွက်ပေးတဲ့ မွေးနေ့လက်ဆောင်ပဲ။ မမျှပေးနိုင်ဘူး။ မင်းတို့လိုချင်ရင် မင်းတို့သမက်တွေကို ဝယ်ခိုင်းလိုက်"
"ငါတို့ဝယ်ခိုင်းချင်ပါတယ်။ ဒါပေမယ့် အထူးကိုယ်စားလှယ်လီက သူ့မှာမြေပဲတွေရောင်းဖို့်ရှိတော့ဘူးလို့ ပြောပြီးပြီလေ။ မင်းရဲ့သမက်က သူ့မှာရှိတဲ့ နောက်ဆုံးတစ်သုတ်ကို ဝယ်သွားတာကိုး"
အဲ့ဒီအချိန်မှာ တစ်ယောက်က ချီးမွမ်းလိုက်ကာ
"မင်းမှာ သမက်ကောင်းတစ်ယောက်ရှိတာပဲ"
သူက မြေပဲတွေစားရတာကြိုက်တဲ့သူ့ယောက္ခမကြီးကိုပေးဖို့နဲ့ တစ်ကျင်ကိုယွမ်၂၀၀ကျတဲ့မြေပဲတွေဝယ်ဖို့ ယွမ်၅၀၀၀၀၀ သုံးခဲ့သည်။ ဒီလိုသမက်မျိုးက တကယ့်ကို မဆိုးလှပေ။
သူ့သမက်ချီးမွမ်းခံနေရတာကိုကြားတော့ ကွမ်းကျန်းသုန့်က ဂုဏ်ယူစွာနဲ့
"ဒါပေါ့ကွ"
သူ့အသက်အရွယ်မှာတော့ အတွေးနဲ့ရည်ရွယ်ချက်ကို ဈေးနှုန်းတန်ဖိုးထက် ပိုတန်ဖိုးထားသည်။ လက်ဆောင်တစ်ခုက ဘယ်လောက်ပဲတန်ဖိုးရှိရှိ အရေးအကြီးဆုံးက အတွေးအခေါ်ပဲဖြစ်သည်။
အဆုံးမှာ ကွမ်းကျန်းသုန့်ရဲ့ မိတ်ဆွေဟောင်းကြီးတွေက တစ်ယောက်ချင်းစီ သူ့ဆီကနေ မြေပဲဝေစုတွေကို ခိုးသွားကြလေသည်။ သူတို့တစ်ယောက်ချင်းစီမှာ တစ်ကျင်စီပဲရရှိကြပေမယ့် ၎င်းက အကြီးအကဲကွမ်းရဲ့မြေပဲတစ်ဝက်က ပါသွားပြီလို့ဆိုလိုနေသည်။ သူ့နှလုံးက ဆိုးဆိုးရွားရွားဆို့နင့်လာည်။
အဲ့ဒီကစပြီး သူက ကျန်နေတဲ့မြေပဲတွေကို ကျစ်နေအောင်ဆုပ်ထားလိုက်သည်။ သူ့ရဲ့ အချစ်တော်မြေးမနဲ့ မြေးက လာတောင်းရင်တောင် သူတို့ကို မြေပဲတစ်ခုနှစ်ခုပဲပေးမည်။
အကြီးအကဲကွမ်းရဲ့စားသောက်ပွဲပြီးတော့ စီးပွားရေးလောကက အရေးပါတဲ့လူတွေအများကြီးက လီယွမ်ဟန်ရဲ့ မြေပဲဆီနဲ့ မြေပဲရောင်းတဲ့လှုပ်ရှားမှုတွေကို အထူးအာရုံစိုက်ခဲ့ကြသည်။ သူတို့တွေသတင်းကြားတာနဲ့ ၎င်းကို လီယွမ်ဟန်ဆီ သေချာပေါက်အတည်ပြုကြသည်။
အမှန်ဆိုရင် သူတို့တွေ ချက်ချင်းကြိုတင်မှာယူမှုလုပ်ကြသည်။ သူတို့တွေကြန့်ကြာနေရင် ဈေးနှုန်းကမြင့်တက်သွားမယ်မှန်း သူတို့သိသည်။ ဒါပေမယ့်လည်း လီယွမ်ဟန်က မြေပဲတွေရောင်းတာရပ်လိုက်သည်။
မေးလာတဲ့အခါမှာ သူက
"မြေပဲပထမရာသီက ပြီးသွားပြီ။ ဒါကြောင့် ခင်ဗျားတို့ မြေပဲနဲ့မြေပဲဆီတွေကို လိုချင်ရင် ဒုတိယရာသီအတွက် စောင့်မှရမယ်"
သူတို့တွေဒါကိုကြားတော့ ဒုတိယသီးနှံရာသီအတွက် ချက်ချင်းကြိုတင်မှာယူမှုတွေ လုပ်ခဲ့ကြသည်။ ဒီလိုနဲ့ မြေပဲတွေကို မြို့တော်ရဲ့အထက်တန်းလွှာရပ်ဝန်းမှာ ဈေးကွက်ဖွင့်ခဲ့သည်။
......
ရှောင်လင်းယွီက ၆၆၀၀၀၀လွှဲထားတာကိုမြင်တော့ ထပ်ပြီးကြက်သေသေသွားပြန်သည်။
သူမက ကုန်းထျန်းဟောက်ကို ခေါ်လိုက်ပြီး
"ထျန်းဟောက် လာပြီးတစ်ချက်ကြည့်ဦး။ ကိုယ်စားလှယ်လီ မှားလုပ်ထားတာလား? မြေပဲကျင်၇၀၀အတွက် ယွမ်၆၆၀၀၀၀တောင်?"
ရှောင်လင်းယွီကို မြေပဲတွေကို တစ်ကျင်ကိုယွမ်၂၀၀နဲ့ရောင်းမယ်လို့ ပြောခဲ့သည်။ ကျင်၇၀၀ရောင်းထွက်ရင်တောင် ယွမ်သိန်းနည်းနည်းပါးပါးပဲရှိရမှာလေ။
ရုတ်တရက် ဘာလို့ ထပ်တိုးယွမ်၅၀၀၀၀၀လောက်ရှိနေရတာလဲ?
ဒါ့ပြင် မြေပဲတွေကို ကုမ္ပဏီအလုပ်သမားတွေကိုပဲရောင်းလိမ့်မယ်လို့ တွက်ထားကြောင်း လီယွမ်ဟန်ဆီမှ သူမကြားခဲ့သည်။ ဒါကြောင့် ဈေးနှုန်းကို အရမ်းနှိမ့်ထားရခြင်းဖြစ်သည်။
ပြီးနောက်မှာ ရှောင်လင်းယွီရဲ့မျက်လုံးတွေက တောက်ပသွားသည်။
'လီယွမ်ဟန်က မြေပဲတွေကို တခြားသူဌေးကြီးတွေကို ရောင်းလိုက်တာဖြစ်ရမယ်'
ကုန်းထျန်းဟောက်က ရှောင်လင်းယွီရဲ့ ရှည်လျားပြီးနက်မှောင်တဲ့ဆံပင်တွေကို ထိကြည့်လိုက်သည်။ ၎င်းက အတော်လေးချောမွတ်သည်။ သူက သူမရဲ့လက်ကို ကိုင်ထားလိုက်ပြီး သူမရဲ့ဖုန်းမက်ဆေ့ခ်ျကိုကြည့်ဖို့ သူ့ခေါင်းကို စောင်းလိုက်သည်။ ပြီးနောက်မှာ သူကပြုံးကာ
"ယွမ်ဟန်က တချို့သူတွေကို ထပ်ပြီး ရိုက်စားလုပ်လိုက်ပြန်ပြီနဲ့တူတယ်"
"အမ် ရိုက်စားလုပ်တယ်?"
ရှောင်လင်းယွီက ကြက်သေသေသွားပြီး ကြည်နူးသွားသည်။
"အဟမ်း..."
ကုန်းထျန်းဟောက်က ချောင်းဟန့်လိုက်ပြီး လေးလေးနက်နက်ပြုံးကာ
"ယွီအာ ကိုယ်တို့မြေပဲတွေက တကယ်ကောင်းမှန်း မင်းသိပါတယ်"
"မြို့တော်လိုနေရာမျိုးမှာ ချမ်းသာတဲ့လူတွေမရှားဘူး။ တစ်ယောက်ယောက်ကမြေပဲတွေရဲ့ တကယ့်တန်ဖိုးကို သိသွားပြီး လီယွမ်ဟန်ဆီကနေ ဈေးမြင့်မြင့်နဲ့ဝယ်ခဲ့တာဖြစ်နိုင်တယ်"
အဲ့ဒီအချိန်မှာ သူကခနလောက်ရပ်လိုက်ပြီး မပြောမီ ခနလောက်တွေးတောကာ
"ဒီလိုဆိုရင်ရော? သူဘယ်လိုယွမ်၅၀၀၀၀၀ရလာလဲဆိုတာကို ကိုယ် လီယွမ်ဟန်ကို သွားမေးကြည့်လိုက်မယ်"
ရှောင်လင်းယွီက သဘောတူစွာ ခေါင်းညိတ်လိုက်သည်။
"အိုခေ!"
ဒါ့ပြင် လီယွမ်ဟန် ဒီမြေတွေကိုဘယ်လိုရောင်းခဲ့လဲဆိုတဲ့အကြောင်းကို သူမလည်းအရမ်းသိချင်နေသည်။
ကုန်းထျန်းဟောက်က လီယွမ်ဟန်ကို ရှောင်လင်းယွီရှေ့မှာ တိုက်ရိုက်ပဲခေါ်ဆိုလိုက်သည်။ ဖုန်းရသွားတော့ တခြားဘက်က အရင်စကားစကာ
"ထျန်းဟောက် ဘာကိစ္စရှိလို့လဲ?"
ကုန်းထျန်းဟောက်က
"ယွမ်ဟန်၊ မြေပဲတွေအတွက် ၅၀၀၀၀၀ပိုနေတယ်။ ဘာတွေဖြစ်နေတာလဲ? ယွီအာသိချင်နေလို့"
တခြားဘက်ကလီယွမ်ဟန်က ချက်ချင်းပဲ အနည်းငယ်ရှက်ရွံ့သွားပေမယ့် မြန်မြန်ဆန်ဆန်ပဲ ပုံမှန်ပြန်ဖြစ်သွားသည်။ လီယွမ်ဟန်က အမှန်ကိုပဲပြောလိုက်သည်။
"ဝယ်သူက ကုမ္ပဏီစီအီးအိုပဲ။ သူက သူ့ယောက္ခမကြီးအတွက် မွေးနေ့လက်ဆောင်အနေနဲ့ မြေပဲတွေဝယ်ခဲ့တာ။ ဈေးနှုန်းက ဘယ်လိုလုပ်နိမ့်နိုင်မှာတုန်း?"
လီယွမ်ဟန်က ဖန်းယွီဖေးကို လိမ်ခဲ့တဲ့ပုံပေါ်ပေမယ့် တကယ်တမ်းကျ သူက ထိုလူကို အများကြီးကူညီပေးခဲ့သည်။ အခုကျ ဖန်းယွီဖေးမှာ တကယ့်ကို ပြည့်ဝတဲ့သားသမီးကောင်စိတ်ထားရှိမှန်း လူတိုင်းသိသွားကြသည်။
မြေပဲတွေကို ထပ်ဆောင်းတန်ဖိုးအတွက် ထုပ်ပိုးထားဖို့လိုသည်။ သူသာ ၎င်းတို့ကို ဖန်းယွီဖေးကို တစ်ကျင်ကိုယွမ်၂၀၀နဲ့ရောင်းလိုက်ရင် ဖန်းယွီဖေး က မွေးနေ့ပွဲမှာ သရော်ခံရလိမ့်မည်။ ပြီးတော့ သူ့ယောက္ခမက သူ့ကဲ့ ၈၀နှစ်ပြည့်မွေးနေ့ကို ကျင်းပနေတာလေ။ ဖန်းယွီဖေးရဲ့နောက်ခံနဲ့ဆို သူ့ယောက္ခမဖို့ ဘယ်လိုလုပ် ထောင်ဂဏန်းပဲတန်တဲ့လက်ဆောင်တစ်ခုကို ယူလာပေးနိုင်မှာလဲ?
ဒါကြောင့် လီယွမ်ဟန်က ဖန်းယွီဖေးအတွက် အခြေအနေတစ်ရပ်ပြုလုပ်ပေးခဲ့သည်။ ဒါပေါ့ လီယွမ်ဟန်လည်း ဒီဟာဆီကနေ အကျိုးရှိလိုက်တယ်လေ။ အနည်းဆုံးတော့ ဒါက မြေပဲကောင်းတွေရဲ့ရောင်းချသူအဖြစ် သူ့ရဲ့ဂုဏ်သတင်းကို ခိုင်မာသွားစေခဲ့သည်။
ရှောင်လင်းယွီက ဇာတ်လမ်းကိုကြားပြီးတော့ ဆွံ့အသွားသည်။
ဘယ်သူကများ မြေပဲတွေကို မွေးနေ့လက်ဆောင်အနေနဲ့ဝယ်မှာလဲ?
ဒါပေမယ့် ပိုပြီးရယ်ဖို့ကောင်းတာက မြေပဲတွေကို တစ်ကျင်ကိုယွမ်၅၀၀၀၀နဲ့ရောင်းလိုက်ခြင်း ဖြစ်သည်။ ဒါက မြေပဲဆီထက်တောင် ပိုအဖိုးတန်နေသည်။
အရင်က မြေပဲဆီရဲ့အမြင့်ဆုံးဈေးနှုန်းက ၂၀၀၀၀ပေမယ့် အခုကျ မြေပဲရဲ့ဈေးနှုန်းက ၅၀၀၀၀ဖြစ်နေသည်။
လီယွမ်ဟန်က မြေပဲရောင်းချမှုရဲ့အခြေအနေကို တင်ပြအပြီးမှာပဲ ပြုံးကာ
"မဒမ်..."
မဒမ်ရှောင်လင်းယွီ၊ "..."
ရှောင်လင်းယွီက သူမခေါင်းကိုခါကာ သူ့ကိုချက်ချင်းတားလိုက်သည်။
"အထူးကိုယ်စားလှယ်လီ၊ ကျွန်မကို အရင်ကအတိုင်း ရှောင်လင်းယွီလို့ပဲခေါ်သင့်ပါတယ်။ ရှင် ကျွန်မကို မဒမ်လို့ခေါ်ရင် ရင်ဖိုရတယ်"
သူမနဲ့ ကုန်းထျန်းဟောက်က ချစ်သူတွေဖြစ်လာကြပြီဆိုပေမယ့်လည်း လင်မယားတော့ မဟုတ်ဘူးလေ။ လူတွေက သူမကိုမဒမ်လို့ခေါ်တာကို လက်ခံဖို့ သူမအဆင်သင့်မဖြစ်သေးပေ။
လီယွမ်ဟန်က ခေါင်းညိတ်လိုက်ပြီး
"ကောင်းပါပြီ"
လီယွမ်ဟန်လည်း နားလည်လိုက်သည်။ ပြီးတော့ ရှောင်လင်းယွီနဲ့ ကုန်းထျန်းဟောက်က အချိန်အကြာကြီးဆက်ဆံရေးတစ်ခုထဲမှာ မရှိခဲ့ကြဘူးလေ။ သူတို့မှာ ကလေးတစ်ယောက်ရှိပေမယ့်လည်း သူတို့က လက်မထပ်ရသေးပေ။
လီယွမ်ဟန်က ဆက်လက်ပြီး
"ရှောင်လင်းယွီ၊ ခင်ဗျား အိမ်မှာ မြေပဲတွေကျန်သေးလား? ကျွန်တော့်ကို နည်းနည်းလောက်ပို့ပေးလို့ရမလား?"
ရှောင်လင်းယွီက မျက်ခုံးပင့်လိုက်ပြီး နားမလည်စွာနဲ့
"ရှင့်ကို မြေပဲတွေပို့ရမယ်? ရှင့်ကို ကျွန်မ မြေပဲကျင်၂၀၀ပို့ထားတာကို မှတ်မိတယ်။ ရှင် အဲ့ဒါတွေကို မြန်မြန်ဆန်ဆန်စားပစ်လိုက်တာလား?"
သူမကဒါကိုပြောလိုက်တော့ လီယွမ်ဟန်က မျက်ရည်တွေပေါက်ထွက်လာမတတ်ဖြစ်သွားသည်။
သူက
"ကျွန်တော့်ရုံးမှာ ဓားပြတစ်ဖွဲ့ရှိမှန်း ခင်ဗျားမသိပါဘူး။ အဲ့ဒီအမျိုးသမီးဓားပြအဖွဲ့မှာ မျက်လုံးကောင်းကောင်းနဲ့ စူးရှတဲ့နှာခေါင်းတွေရှိတယ်။ သူတို့တွေ မြေပဲတွေကို ချက်ချင်းရှာတွေ့သွားကြတယ်"
"အလိုလိုပဲ၊ သူတို့တွေ ကျွန်တော့်ရုံးခန်းထဲခိုးဝင်ပြိး ကျွန်တော့်ကို သနားစရာလက်တစ်ဆုပ်စာလေးနဲ့ထားခဲ့ကြတယ်"
လီယွမ်ဟန်ရဲ့တိုင်ကြားချက်ကိုကြားပြီး ရှောင်လင်းယွီ ထပ်မံပြီး ဆွံ့အသွားသည်။
သူမက ရုတ်တရက်
"ရှင် ဘာလို့အဲ့ဒါတွေကို ရုံးခန်းကိုယူသွားတာလဲ? ရှင်အိမ်မှာပဲ ထားခဲ့သင့်တာ"
ဘာပဲဖြစ်ဖြစ် လီယွမ်ဟန်ရဲ့လေသံအရ သူ့ရုံးခန်းထဲကလူတွေက ကောင်းမွန်ကြပုံတော့ပေါ်သည်။
လီယွမ်ဟန်၊ "..."
မြေပဲတွေကို သူ့ရုံးခန်းကို ပို့လိုက်တာလေ။ သူက သူ့ကိုယ်သူမထိန်းနိုင်ဘဲ အနည်းငယ်မြည်းကြည့်ဖို့ ယူသွားခဲ့သည်။ ပြီးနောက်မှာ သူ့မှာလုပ်စရာတစ်ခုရှိလာပြီး အပြင်ခနထွက်သွားခဲ့သည်။ သူက သူ့စားပွဲပေါ်ကမြေပဲတွေကို ဖုံးထားဖို့ မမေ့သွားခဲ့သည်။
သူပြန်ရောက်လာတဲ့အခါမှာ သူ့ရုံးခန်းက အမျိုးသမီးဓားပြတွေဆီကနေ မွှေနှောက်ရှာဖွေခံထားရလိမ့်မယ်လို့ ဘယ်သူကတွေးမိမှာလဲ?
သူတို့ရဲ့စူးရှတဲ့မျက်လုံးတွေနဲ့ သူဝှက်ထားတဲ့မြေပဲတွေကို မြန်မြန်ဆန်ဆန်ပဲ ရှာတွေ့သွားကြသည်။ ပြီးနောက်မှာ သူ့ဒေါသထွက်လာမှုနဲ့ ရုန်းကန်လှုပ်ရှားမှုတွေကို လျစ်လျူရှုလိုက်ကြပြီးတော့ အစားအသောက်တွေကို ချက်ချင်းခွဲပစ်လိုက်ကြသည်။ ချက်ချင်းဆိုသလိုပဲ မြေပဲတွေကွဲကုန်ပြီး လီယွမ်ဟန်အတွက် သနားစရာနည်းနည်းလေးပဲကျန်ခဲ့တော့သည်။
လီယွမ်ဟန်က ပြုံးကာ
"ကျွန်တော့်မှာ သူတို့ကို အိမ်ယူသွားဖို့ အချိန်မရှိဘူး"
ဒါပေမယ့်လည်း သူ့မှာ အဲ့ဒီအခွင့်အရေးမရှိဘူးလို့ လီယွမ်ဟန်က ယုံကြည်သည်။ အမျိုးသမီးဓားပြတွေမှာ အရမ်းစူးရှတဲ့နှာခေါင်းတွေရှိကြသည်။ ဒလီဗာရီရောက်လာတဲ့အချိန်တိုင်း သူတို့သိကြသည်။
လီယွမ်ဟန်က ထပ်မေးလိုက်ကာ
"ဒီမယ် ခင်ဗျားမှာ ထပ်ရှိသေးလား? ကျွန်တော့်ကို နည်းနည်းလောက်ထပ်ပို့နိုင်သေးလား?"
ရှောင်လင်းယွီဘေးက ကုန်းထျန်းဟောက်က ရှောင်လင်းယွီက လီယွမ်ဟန်နဲ့အကြာကြီးစကားပြောနေတာကို သတိပြုမိလိုက်သည်။ သူ့တစ်ကိုယ်လုံးက အနက်ရောင်မီးခိုးတွေထွက်နေသည်။ သူ့ရဲ့ကောင်မလေးက သူ့လက်အောက်ငယ်သားနဲ့အရမ်းစကားများနေတာလေ။ ယွီအာက အရင်က သူနဲ့ အကြာကြီးဖုန်းမပြောဖူးပေ။
ရှောင်လင်းယွီက သူ့ကိုနည်းနည်းပို့ပေးလို့ရတယ်လို့ ပြောတော့မလို့မှာပဲ ကုန်းထျန်းဟောက်ရဲ့ မနာလိုပြီးမပျော်မရွှင်ဖြစ်နေတဲ့မျက်နှာကို ရိပ်ခနဲမြင်လိုက်သည်။
သူမက အသံတိုးတိုးနဲ့
"ဘာဖြစ်နေတာလဲ?"
"မင်းနဲ့ လီယွမ်ဟန်က တော်တော်ကြာနေပြီ။ မင်းတို့နှစ်ယောက်စကားပြောတာ မပြီးသေးဘူးလား?"
ကုန်းထျန်းဟောက်က မပျော်မရွှင်နဲ့
"ကိုယ်တို့အရင်တုန်းက ဘာလို့ ဒီလောက်ကြာအောင် ဖုန်းမပြောဖူးတာလဲ?"
သူက မနာလိုမှုတွေနဲ့ပြည့်နှက်နေသည်။
လီယွမ်ဟန်က ဆွံ့အသွားသည်။ တစ်ခါတစ်လေမှာ သူစိတ်ချောက်ချားနေတယ်လို့ တွေးမိသည်။
ကုန်းထျန်းဟောက်က မနာလိုနေတယ်?
ဒီလိုနေ့မျိုးရောက်လာမယ်လို့ ဘယ်သူကတွေးမိမှာလဲ?
တော်တော်ရယ်စရာကောင်းတာပဲ။ သူသာ တခြားသူတွေကိုပြောလိုက်ရင် ခေါင်းငိုက်စိုက်ပြီး ရယ်မောကြလိမ့်မည်။
ရှောင်လင်းယွီက သူမရည်းစားရဲ့ မနာလိုမှုတွေကို အသားကျနေပေပြီ။
သူမက
"ကျွန်မကရှင့်ထက် အထူးကိုယ်စားလှယ်လီနဲ့ ပိုရင်းနှီးတယ်"
ကုန်းထျန်းဟောက်က ချက်ချင်း မလိုမလားနဲ့
"မင်းက လီယွမ်ဟန်ကို နည်းနည်းပဲတွေ့ဖူးတာလေ။ ဘယ်လိုလုပ် မင်းက သူနဲ့ ရင်းနှီးနိုင်မှာလဲ?"
သူက လီယွမ်ဟန်ကို စိတ်ထဲမှာ ကြက်ခြေခတ်တစ်ခုပေးလိုက်ပြီ။ နောက်ကျရင် သူ့ရဲ့ခေါ်ဆိုမှုတွေကို သေချာပေါက်သူ့မိန်းမရှေ့မှာ မဖြေတော့ပေ။
ရှောင်လင်းယွီက ကုန်းထျန်းဟောက်ရဲ့မနာလိုမှုကို တဲ့ပဲလျစ်လျူရှုလိုက်ပြီး လီယွမ်ဟန်ကို ဆက်စကားပြောနေသည်။
"ကျွန်မမှာ အိမ်မှာတော့ နည်းနည်းရှိသေးတယ်။ ကျွန်မ အဲ့ဒါတွေကို လက်ဆောင်တွေအတွက်ဖယ်ထားတာ။ အထူးကိုယ်စားလှယ်လီ ရှင်ဘယ်အရသာမျိုးကြိုက်လဲ? ကျွန်မ သူတို့ကို ပြင်ပေးနိုင်တယ်"
"ကျေးဇူးပါ ရှောင်လင်းယွီ"
လီယွမ်ဟန်က ပျော်ရွှင်စွာနဲ့
"ကျွန်တော်က မြေပဲအရသာအားလုံးကြိုက်တယ်။ ကျွန်တော် အကြိုက်ဆုံးကို ခင်ဗျားမေးရင်တော့ ရိုးရိုးမြေပဲတွေပဲ"
ရှောင်လင်းယွီက ခေါင်းညိတ်လိုက်ပြီး
"အိုခေ ကျွန်မနားလည်ပြီ"
ရှောင်လင်းယွီ ဖုန်းချလိုက်ပြီးတော့ သူမကောင်လေးက မနာလိုနေတုန်းပဲဆိုတာကို မြင်လိုက်သည်။ ဒါကြောင့် သူမပြုံးလိုက်ပြီးတော့ သူ့ကိုချော့ကာ
"ကောင်းပါပြီ၊ စိတ်မဆိုးပါနဲ့တော့"
ကုန်းထျန်းဟောက်က
"မင်းကသူ့ကို မြေပဲတွေပို့ပေးရလောက်တဲ့အထိ အရမ်းကောင်းပေးနေပါ့လား?"
ဘာလို့သူ့မိန်းမက သူမရဲ့သီးနှံတွေကို တခြားသူကို ပေးသင့်တာလဲ?
သူမက ခေါင်းအနည်းငယ်ခါလိုက်ကာ
"ကျွန်မဒါကို ရှင့်အတွက်လုပ်နေတာလေ။ ရှင်ကထောင်ယွမ်ရွာမှာ အကြာကြီးရောက်နေတာ။
ပြီးတော့ ကုမ္ပဏီတစ်ခုလုံးကို အထူးကိုယ်စားလှယ်လီဆီ လွှဲထားခဲ့တာ။ ရှင့်ကိုယ်စား သူ့ကိုဆုချပေးဖို့ ကျွန်မသူ့ကို မြေပဲနည်းနည်းလောက် ပို့မပေးသင့်ဘူးလား?"
ကုန်းထျန်းဟောက်ရဲ့မျက်လုံးတွေလင်းလက်သွားပြီး ပျော်ရွှင်စွာနဲ့
"ဟုတ်တယ် ယွီအာက မှန်ကန်ဲ့အရာကို လုပ်ခဲ့တာပဲ"
ကုန်းထျန်းဟောက်က ရှောင်လင်းယွီကို ပျော်ပျော်ရွှင်ရွှင်နဲ့ နမ်းတော့မလို့မှာပဲ ရှောင်ရှောင်းဟွေ့ကအပြေးရောက်လာပြီး စိုးရိမ်တကြီးနဲ့
"မကောင်းတော့ဘူး မကောင်းတော့ဘူး။ အစ်မ ယောက်ဖကြီး၊ ရှောင်ကွမ်းပျောက်နေတယ်"
"ဘာရယ်?!"
***