← Chapters

ရှာဖွေမှု

Vol. 24 Ch. 396

ရှာဖွေမှု

Vol. 24 Ch. 396

ရှောင်ကွမ်းနဲ့ တာ့ကွမ်းပျောက်သွားပြီးတော့ တစ်ရွာလုံးက သူတို့ကိုရှာဖို့ ထွက်သွားခဲ့ကြသည်။ သူတို့က မြက်တွေစားဖို့ တောင်တွေဆီသွားကြတယ်လို့ တချို့က သံသယရှိခဲ့ကြသည်။ ဒါကြောင့် ရွာထဲက လူငယ်နဲ့ လူလတ်ပိုင်းယောက်ျားတွေက တောင်တွေဆီ စုပေါင်းရှာဖွေခဲ့ကြသည်။ ဒါပေမယ့်လည်း သူတို့ဘာမှ‌ရှာမတွေ့ပေ။

"နွားဘုရင်ငယ်လေး ဘယ်သွားတာလဲ?"

ရွာသားတွေက နားမလည်နိုင်စွာ မေးလိုက်ကြသည်။

"နွားဘုရင်ငယ်လေးက အရမ်းဉာဏ်ကောင်းပြီး စဉ်းစားတတ်တယ်။ သူက ဘယ်တုန်းကမှ ကြုံရာလျှောက်မသွားဘူး။ ဒီတစ်ကြိမ် သူဘာလို့ အဝေးကြီးသွားလိုက်ပါလိမ့်?"

"မဟုတ်လောက်ဘူး"

ရွာသားတစ်ယောက်က ချက်ချင်းငြင်းဆိုလိုက်သည်။

"ဒါကိုကြည့်ရ‌တာတော့ နွားဘုရင်ငယ်လေးက သူ့ဟာသူထွက်သွားတာမဟုတ်ဘူး"

"တတိယဦးလေး၊ ဦးလေးဘာကိုဆိုလိုတာလဲ?"

လူငယ်အမျိုးသားတစ်ယောက်က ချက်ချင်းမေးလိုက်သည်။

"ငါပြောချင်တာက သူက တစ်ယောက်ယောက်ခိုးသွားတာခံလိုက်ရတာဖြစ်မယ်"

ရှောင်ပမ်းယွီက ပြောလိုက်သည်။

"အမ်?"

တစ်ယောက်က ၎င်းကိုမယုံကြည်နိုင်ပေ။

"ဘယ်လို...လုပ် ဖြစ်နိုင်မှာလဲ? နွားဘုရင်ငယ်လေးနဲ့ သူ့အမေက အရမ်းတော်တယ်။ သူတို့က လူစိမ်းတွေ‌ဆို အရမ်းသတိရှိတယ်။ ဒါ့ပြင် ရှောင်လင်းယွီက လမ်းဆုံတိုင်းမှာ စောင့်ကြည့်ရေးကင်မရာတွေတပ်ထားတာပဲ။ လူတွေက သူတို့ကို ဘယ်လိုခိုးနိုင်မှာလဲ?"

"ဟုတ်တယ်"

"သူသဲလွန်စများ ရှာတွေ့ထားမလားဆိုတာ ကြည့်ဖို့ ရှောင်လင်းယွီဆီ အရင်သွားမေးရအောင်"

လမ်းဆုံတိုင်းက စောင့်ကြည့်ရေးကင်မရာတိုင်းကို ရှောင်လင်းယွီ တပ်ဆင်ထားသည်။

"ဟုတ်တယ် ရှောင်လင်းယွီကို အရင်သွားမေးရအောင်။ ငါတို့ဒီနေရာကို ရှာပြီးပြီပဲ။ ဒါပေမယ့် နွားဘုရင်ငယ်လေးနဲ့ သူ့အမေတို့ရဲ့ ဘာခြေရာမှ မတွေ့ဘူး။ သူတို့အခိုးခံရနိုင်ချေ အရမ်းများတယ်လို့ ငါထင်တယ်"

"ပြန်သွားပြီး တခြားသူတွေနဲ့ တွေ့ကြည့်ရအောင်။ အလားအလာကောင်းရင် တခြားသူတွေ သူတို့ကို တွေ့ပြီးလောက်ပြီ"

"ဟုတ်ပြီ"

လူတိုင်း သဘောတူလိုက်ကြသည်။

ပြီးနောက်မှာ လူ ဆယ်ယောက်ကနေ အယောက်နှစ်ဆယ်အုပ်စုက ရွာကို ပြန်သွားခဲ့ကြသည်။

ရှောင်ကွမ်းနဲ့ တာ့ကွမ်းသာပဲ ဒီလိုရှာဖွေရေးအုပ်စုအကြီးကြီးမျိုး ရနိုင်လောက်သည်။ အခုက နွေရာသီဖြစ်သည်။ ရှောင်ကွမ်းနဲ့ တာ့ကွမ်းက မနက်အစောတုန်းက ပျောက်သွားကြသည်။ ဒါပေမယ့်လည်း သူတို့ရဲ့ပျောက်ဆုံးမှုသတင်းကို ရွာသားတွေက ညနေ၅နာရီဝန်းကျင်မှ သိကြရသည်။ ရွာသားတွေက သူတို့နှစ်ကောင်ကိုရှာဖွေဖို့ ပထမခြေလှမ်းစလိုက်ကြသည်။ သူတို့ပြန်ရောက်တော့ ကောင်းကင်‌က မှောင်တောင်နေပေပြီ။

တောင်တွေပေါ်မှာ ဆက်နေဖို့ကတော့ ဆင်ခြင်ဉာဏ်မရှိတာပဲဖြစ်သည်။ ပြီးတော့ ရှာဖွေရေးအုပ်စုက ကြီးမားသည်။ ရှောင်ကွမ်းနဲ့ တာ့ကွမ်းသာ တောင်ပေါ်မှာဆိုရင် သူတို့ကို ရှာတောင်တွေ့ပြီးနေလောက်ပြီ။ ရှာဖွေရေးအုပ်စုက ဖြည်းဖြည်းချင်း ပြန်လာကြသည်။

ပြန်လာတဲ့သူတွေက နောက်ဆုံးအခြေအနေအကြောင်းမေးဖို့ ရှောင်လင်းယွီအိမ်ဆီ တည့်တည့်သွားလိုက်ကြပြီး ဘာသဲလွန်စမှမရှိဘူးဆိုတာကိုပဲ သိလိုက်ရသည်။ စောင့်ကြည့်ရေးကင်မရာတွေအများကြီးတပ်ထားပေမယ့် ဘာသဲလွန်စမှမရှိပေ။ ဒါက မဖြစ်နိုင်ဘူးလေ။

လူတိုင်းက ကုန်းထျန်းဟောက်နဲ့ ရှောင်လင်းယွီလို မစဉ်းစားတတ်ကြပေ။ သူတို့က အကြောင်းရင်းကို တစ်ခါတည်းနဲ့ မမှန်းဆနိုင်ပေ။ သူတို့ရဲ့အကူအညီတွေအတွက် မေမေရှောင်က ရွာသားတွေကို ကျေးဇူးတင်ပြီးတော့ ရွာသားတွေ လူစုကွဲသွားကြသည်။

ရွာသားတွေထွက်သွားပြီး‌တော့ ဖေဖေရှောင်နဲ့ မေမေရှောင်က စိုးရိမ်နေကြသည်။

ရှောင်ကွမ်းနဲ့ တာ့ကွမ်းကို ရှာမတွေ့ဘူးလေ။ သူတို့က အခိုးခံရဖို့များသည်။

ရှောင်မိသားစုရဲ့တခြားမိသားစုဝင်တွေကလည်း ရှောင်ကွမ်းနဲ့ ရှောင်လင်းယွီကြားက ချိတ်ဆက်မှုကိုမသိတာတောင် စိုးရိမ်နေကြသည်။

အကြီးဆုံးဦးလေးရှောင်က ခနလောက်တွေးကာ မှန်းဆလိုက်ပြီး

"တာ့ကွမ်းနဲ့ သူ့သားက များသောအားဖြင့်တော့ အရမ်းလိမ္မာပြီး စဉ်းစားတတ်ကြတယ်။ သူတို့ကိုယ်တိုင်ထွက်သွားတာတော့ မဖြစ်နိုင်ဘူး။ သူတို့တွေ အခိုးခံရဖို့ပဲများတယ်"

သူက ရှောင်လင်းယွီကိုကြည့်လိုက်ပြီး သိချင်စိတ်နဲ့

"ယွီအာ မင်း ‌စောင့်ကြည့်ရေးတွေဆီကနေ ဘာသဲလွန်စမှမရှိဘူးလား?"

ရှောင်လင်းယွီက ခေါင်းခါလိုက်ကာ

"ဘာသဲလွန်စမှမရှိသေးဘူး"

အကြီးဆုံးဦးလေးရှောင်နဲ့ တခြားသူတွေက အရမ်းအံ့ဩသွားသည်။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? နွားနှစ်ကောင်သာ အဖမ်းခံလိုက်ရရင် သူခိုးတွေက ဝှက်ထားတဲ့ကင်မရာတွေကို အရမ်းလွယ်လွယ်ကူကူရှောင်နိုင်မှာတော့ မဟုတ်ဘူး"

ရှောင်လင်းယွီက ခေါင်းညိတ်လိုက်ပြီး

"ဟုတ်တယ် ဖြစ်နိုင်တယ်"

"ဘာတွေဖြစ်နေတာလဲ?"

ဘိုးဘိုးရှောင်က လေးလေးနက်နက်နဲ့ မေးလိုက်သည်။

"သူတို့သာ အပြင်လူတွေ‌ဆိုရင် ဘယ်လိုလုပ် ကင်မရာတွေကို ရှောင်နိုင်မှာလဲ? မဟုတ်ဘူး ကင်မရာတွေ ဘယ်မှာရှိမှန်း သူတို့ကို တစ်ယောက်ယောက်က ပြောလိုက်ရမယ်"

ဘိုးဘိုးရှောင်က ၎င်းကိုပြောလိုက်တာနဲ့ လူတိုင်း သဘောပေါက်သွားကြသည်။

"ဟုတ်တယ်!"

ရှောင်လင်းယွီက ခေါင်းညိတ်လိုက်သည်။

"ထျန်းဟောက်နဲ့ သမီး အကြာကြီးစစ်ဆေးကြည့်ပြီးပြီ။ ပြီးတော့ သမီးတို့လည်း ခန့်မှန်းချက်အတူတူပဲ။ စောင့်ကြည့်ရေးကင်မရာတွေအကြောင်းကို သမီးတို့ရွာထဲက လူတွေပဲသိတာလေ"

ရှောင်လင်းယွီ စောင့်ကြည့်ရေးကင်မရာတွေကို တပ်ဆင်တုန်းက ၎င်းတို့ကို ရွာသားတွေဆီက မဝှက်ထားခဲ့ပေ။ ပြီးတော့ ဒီဟာမှာ တစ်ရွာလုံးပါဝင်သည်။ ရှောင်လင်းယွီမှာ ရွာသားတွေကို ပြောပြဖို့ ကန့်ကွက်ချက်မရှိခဲ့ပေ။ ပြီးတော့ ရွာသားတွေမှာလည်း သိပိုင်ခွင့်ရှိတယ်လေ။ မဟုတ်ရင် ရှောင်လင်းယွီက သူများရဲ့ကိုယ်ရေးကိုယ်တာကို လျှို့ဝှက်စွာမှတ်တမ်းတင်ထားမှုနဲ့ တရားစွဲခံရနိုင်သည်။ သူမက သူတို့ကို ကင်မရာတွေအားလုံးအကြောင်း ပြောပြခဲ့သည်။ ဒါမှ သူတို့က အကြောင်းကိစ္စတွေကို သီးသီးသန့်သန့်လုပ်နိုင်မှာဖြစ်သည်။

ပြီးတော့ ရှောင်လင်းယွီက တခြားသူတွေရဲ့ကိစ္စတွေကို မစပ်စုချင်ပေ။ ‌ဒါကြောင့် ရွာသားတွေသာပဲ ဒီဝှက်ထားတဲ့ကင်မရာတွေရဲ့ တည်နေရာအတိအကျကို သိကြသည်။

"ဒီတော့ ရွာသားတွေက တာ့ကွမ်းနဲ့ သူ့သားကိုခိုးသွားတယ်လို့ သမီးသံသယရှိတယ်ပေါ့?"

‌ဘိုးဘိုးရှောင်က ပြတ်ပြတ်သားသား မေးလိုက်သည်။

ရှောင်လင်းယွီက သူမခေါင်းကို ခါလိုက်ကာ

"အဲ့လိုမထင်ဘူး။ ရွာသားတစ်ယောက်က အပြင်လူတွေနဲ့ လျှို့ဝှက်ကြံစည်ပြီး ခိုးသွားပြီးတော့ သူတို့ကို ရွာအပြင်ဘက်ပို့လိုက်တာလို့ သမီးထင်တယ်"

"ဘာလို့ အဲ့လိုပြောတာလဲ?"

တတိယဦးလေးရှောင်က နားမလည်စွာမေးလိုက်သည်။

"ဘာလို့လဲဆိုတော့ ရွာသားတွေသာ သူခိုးတွေ‌ဆိုရင် သူတို့်မှာ ရှောင်ကွမ်းနဲ့ တာ့ကွမ်းကိုဝှက်ထားဖို့ နေရာမရှိဘူးလေ။ ထောင်ယွမ်ရွာက သိပ်မကြီးဘူး။ လူတွေ ချက်ချင်း ရှာတွေ့သွားမှာပေါ့"

ရှောင်လင်းယွီက ရှင်းပြကာ

"ဒီတော့ တစ်ခုတည်းသောဖြစ််နိုင်ချေက ရွာထဲကတစ်ယောက်ယောက်က နွားနှစ်ကောင်ကို အဝေးခိုးထုတ်ဖို့ အပြင်လူတွေနဲ့ လျှို့ဝှက်လုပ်ဆောင်ခဲ့တာပဲ"

ဒါကိုကြားပြီးတော့ ရှောင်မိသားစုရဲ့ မိသားစုဝင်တွေက အသက်ပြင်းပြင်းရှုလိုက်ကြသည်။ ပြီးနောက်မှာ ဒေါသတွေ သူတို့မျက်နှာပေါ်မှာ ပေါ်လာသည်။

"ငါသာ တရားခံကိုတွေ့ရင် သူတို့လည်ပင်းကို ချိုးပစ်မယ်"

တတိယဦးလေးရှောင်က သူ့လက်သီးကို ကျစ်ကျစ်ဆုပ်လိုက်ပြီး ဒေါသတကြီးပြောလိုက်သည်။

ပြီးနောက်မှာ တတိယဦးလေးရှောင်က

"ယွီအာ မင်းသံသယရှိတဲ့တစ်ယောက်ယောက်များ ရှိလား?"

ရှောင်လင်းယွီ သူမခေါင်းကိုခါကာ

"သမီးမှာ လောလောဆယ် ဘာသဲလွန်စမှမရှိသေးဘူး။ ဒီတော့ ဘယ်သူ့ကိုမှ သံသယမဝင်နိုင်သေးဘူး။ ဒါပေမယ့်လည်း..."

သူမက ခနလောက် ရပ်တန့်လိုက်သည်။

"အပြင်လူတွေနဲ့ ပူးပေါင်းခဲ့တဲ့ရွာသားက သမီးတို့မိသားစုကိုမုန်းနေတဲ့ တစ်ယောက်ယောက်ပဲလို့ ထင်တယ်"

ဥပမာ ရှောင်ချန်းချိုင်က ရှောင်ကွမ်းကို ရောင်းထုတ်ဖို့ တုံ့တောင်မတုံ့ဆိုင်းနိုင်ခဲ့ပေ။

ဖေဖေရှောင်က မျက်မှောင်ကျုံ့ကာ

"ဒီတော့ အဲ့ဒီမိသားစုတချို့ကို ဆိုလိုတာလား?"

ရှောင်လင်းယွီက ခေါင်းခါကာ

"ပြောဖို့တော့ခက်တယ်!"

အဲ့ဒီအချိန်မှာ ရှောင်လင်းယွင်က

"အစ်မ ကျွန်မတို့ ရဲခေါ်ပြီးပြီလား?"

"ဟင့်အင်း"

ရှောင်လင်းယွီက ခနလောက်တွေးတောလိုက်ကာ

"ကြည့်ရတာတော့ ရဲခေါ်ရတော့မယ်နဲ့တူတယ်"

သူခိုးတွေက ထောင်ယွမ်ရွာက ကင်မရာတွေကို ရှောင်ရှားနိုင်ပေမယ့် တခြားနေရာက ကင်မရာတွေကိုတော့ မရှောင်နိုင်ပေ။

ဥပမာဆိုရင် ရှင်းအန်းမြို့မှာ မြို့ပတ်ပတ်လည်မှာ စောင့်ကြည့်ရေးကင်မရာတွေရှိပြီး တချို့အိမ်တွေမှာလည်း သူတို့ကိုယ်ပိုင်ကင်မရာတွေရှိသည်။ သူခိုးတွေက ကြီးမားတဲ့နွားနှစ်ကောင်ကို ရွှေ့ပြောင်းဖို့ ကားတစ်စီးကိုသုံးရမည်။ ကား‌တွေအတွက် လမ်းတွေကအများကြီးပဲရှိသည်။ သူတို့သာ ဒီလမ်းကြောင်းစုံစမ်းမှုနောက်ကို လိုက်သွားရင် နောက်ဆုံးကျရင် တစ်ုခုခုကို‌တော့ ရှာတွေ့လိမ့်မည်။

ဖေဖေရှောင်နဲ့ မေမေရှောင်က အရမ်းစိုးရိမ်နေသည်။ ရှောင်ကွမ်းနဲ့ တာ့ကွမ်းရဲ့ပျောက်ဆုံးမှုက အရမ်းရှုပ်ထွေးသည်။ သူတို့တွေ အကျိုးဆက်‌တွေကိုတောင် စိတ်ကူးမယဉ်ရဲပေ။ ဒါကြောင့် သူတို့တွေ ရဲကိုခေါ်ဖို့ သဘောတူလိုက်ကြသည်။

ရှောင်လင်းယွီက ရဲခေါ်တော့မလို့မှာပဲ ရင်းနှီးနေတဲ့မြည်သံတစ်ခုကို ကြားလိုက်ရသည်။ သူတို့တွေ မော့ကြည့်လိုက်ပြီး ရင်းနှီးနေတဲ့ဟယ်လီကော်ပတာတစ်စင်းကို မြင်လိုက်ရသည်။ ၎င်းက ရှောင်လင်းယွင်ကို ကယ်တင်ဖို့ ရှောင်မိသားစုစီးခဲ့တဲ့ ဟယ်လီကော်ပတာမဟုတ်ပေ။ ၎င်းက ရှောင်လင်းယွီရဲ့ မြေပဲနဲ့မြေပဲဆီတွေသယ်ပို့ဖို့ ကုန်းထျန်းဟောက်အသုံးပြုတဲ့ ဟယ်လီကော်ပတာဖြစ်သည်။

ရှောင်လင်းယွီက ဟယ်လီကော်ပတာကိုမြင်တော့ ကုန်းထျန်းဟောက်ကိုကြည့်လိုက်သည်။ သူမမျက်လုံးထဲမှာ သံသယတချို့ရှိနေသည်။ ရှောင်မိသားစုအတွက်လည်း အတူတူပဲဖြစ်သည်။

ကုန်းထျန်းဟောက်က ရှင်းပြကာ

"ထောင်ယွမ်ရွာကို တစ်စုံတစ်ယောက်က တည်ဆောင်ပြုပြင်ချင်တုန်းက နွားဘုရင်ငယ်လေးကိုကာကွယ်ဖို့ ကျွန်တော့်လူတွေ လွှတ်လိုက်ခဲ့တယ်။ ပထမရက်မှာ ကျွန်တော့်လူတွေက ထောင်ယွမ်ရွာရဲ့ သဘာဝပထဝီဝင်ကို စုံစမ်းစစ်ဆေးဖို့ သွားခဲ့ကြတယ်။ လက်ရွေးစင်သက်တော်စောင့်တွေလိုပဲ သူတို့က သူတို့အလုပ်မှာ အရမ်းတော်တယ်"

"အဲ့ဒီအချိန်က ရွာသားတွေကျော်သွားလိုက်ကြတဲ့ တချို့နေရာတွေမှာ စုံထောက်ကိရိယာတွေကို သူတို့ တပ်ဆင်ခဲ့ကြတယ်။ အခု ရှောင်ကွမ်းနဲ့ တာ့ကွမ်းကပျောက်နေတော့ သူတို့အကူအညီရဖို့ သူတို့ကိုကျွန်တော် ပြန်လာခိုင်းလိုက်တာ"

ဒါကိုကြားတော့ ရှောင်မိသားစုရဲ့မျက်လုံးတွေ လင်းလက်သွားသည်။

သူတို့က ပျော်ရွှင်စွာနဲ့ 

"အိုး ကောင်းတာပေါ့"

ရှောင်မိသားစုက ရဲတွေကိုယုံတာထက် ကုန်းထျန်းဟောက်ကို ပိုယုံကြည်သည်။

"ဒါဆိုရင် ကျွန်မတို့ ရဲတွေကို ခေါ်သင့်သေးလား?"

ရှောင်လင်းယွီက မေးလိုက်သည်။

ကုန်းထျန်းဟောက်က ခေါင်းညိတ်ကာ

"အင်း၊ ထောင်ယွမ်ရွာမှာ တကယ်ပဲ သစ္စာဖောက်တစ်ယောက်ရှိရင် ရဲတွေပါလာတဲ့အခါ သူတို့တွေ ကြောက်သွားလောက်တယ်"

ကုန်းထျန်းဟောက်က ရှောင်မိသားစုနဲ့ နေထိုင်ပြီးတော့ ရွာသားတွေကို သိရှိလာခဲ့သည်။ ရွာသားတွေက ရဲတွေလိုမျိုး အာဏာပိုင်ပုဂ္ဂိုလ်တွေကို ကြောက်ရွံ့နေကြဆဲဖြစ်သည်။ ရှောင်မိသားစုက ရဲတွေကိုခေါ်လိမ့်မယ်လို့ သစ္စာဖောက်မထင်ထားတာလည်း ဖြစ်နိုင်သည်။

ပြီးတော့ ရှောင်ကွမ်းနဲ့ တာ့ကွမ်းက နွားတွေသက်သက်ပဲလေ။ ပြီးတော့ ရှောင်မိသားစုက နွားဘုရင်ငယ်လေးရဲ့အ‌ထောက်အထားကို မပြချင်ကြပေ။ ၎င်းကိုပြသလိုက်တာနဲ့ ထောင်ယွမ်ရွာမှာ နွားဘုရင်ငယ်လေးတစ်ကောင်ရှိကြောင်းကို အနီးအနားကရွာတွေ သိကုန်ကြလိမ့်မည်။ ရှောင်မိသားစုက ဒီနွားဘုရင်ငယ်လေးကြောင့်ပဲ စိုက်ပျိုးရေးကနေ အများကြီးစုဆောင်းနိုင်သည်။ ၎င်းက နွားဘုရင်ငယ်လေးကို ပိုပြီးဒုက္ခရောက်စေလိမ့်မည်။

ဒါကြောင့် ရှောင်မိသားစုက ရဲကိုခေါ်ပြီး နွားဘုရင်ငယ်လေးကို မပြသလောက်ဘူးလို့ သစ္စာဖောက်က ယုံကြည်နေတာ ဖြစ်ကောင်းဖြစ်နိုင်သည်။ ဒါပေမယ့်လည်း ရှောင်မိသားစုက ဂရုမစိုက်ပေ။ ရှောင်လင်းယွီက ရဲကို တိုက်ရိုက်ပဲခေါ်လိုက်သည်။

ဖုန်းချလိုက်ပြီးတော့ ရှောင်လင်းယွီက 

"ရဲစခန်းကလူတွေက ဒီကို နာရီဝက်အတွင်းရောက်မယ်ပြောတယ်"

"ဟုတ်ပြီ ဒါကောင်းတာပဲ!"

ရှောင်မိသားစုက ခေါင်းညိတ်လိုက်ကြသည်။

အကြီးဆုံးဦးလေးရှောင်က

"ရှောင်ကွမ်းနဲ့ သူ့အမေက ဆယ်နာရီကျော်ကျော်ကြာအောင်တောင် ပျောက်နေပြီ။ သူတို့အခုဘယ်မှာမှန်း ငါသိချင်မိတယ်"

ကုန်းထျန်းဟောက်က

"လူတိုင်းပဲ စိတ်မပူကြပါနဲ့။ သူတို့ ဘယ်ကိုပဲ ရွှေ့ပြောင်းခံလိုက်ခံလိုက်ရ သူတို့ကို တစ်ယောက်ယောက်က ဘေးမသီရန်မခ ပြန်ခေါ်လာမှာပါ"

သူခိုးတွေက ရှောင်ကွမ်းနဲ့ တာ့ကွမ်းကို သတ်မှာမဟုတ်ပေ။ သူတို့က နွားဘုရင်ငယ်လေးရဲ့အစွမ်းကိုကြားထားတဲ့အတွက် နွားလေးကို ခိုးသွားကြခြင်းဖြစ်သည်။ တာ့ကွမ်းက‌တော့ ....

သူမက နွားဘုရင်လေးရဲ့အမေလေ။ သူတို့က နွားဘုရင်ငယ်လေး ဒေါသထွက်မှာစိုးပြီး သူမကို သတ်မှာမဟုတ်ပေ။ ဒါကြောင့် ရှောင်ကွမ်းနဲ့ တာ့ကွမ်းက အခုလုံခြုံနေကြပြီ။

ကုန်းထျန်းဟောက်ရဲ့စကားတွေကိုကြားပြီး ဖေဖေရှောင်နဲ့ မေမေရှောင်ရဲ့တင်းကျပ်နေတဲ့လက်တွေက သူတို့ပိုပြီးစိတ်သက်သာရာရသွားကြလို့ အနည်းငယ်ဖြေဖျော့သွားကြသည်။ သူတို့စိတ်ထဲမှာတော့ ကုန်းထျန်းဟောက်က အရာရာစွမ်းတဲ့သူတစ်ယောက်ပဲဖြစ်သည်။ အရင်က ထောင်ယွမ်ရွာ ဖျက်ဆီးခံရမလိုဖြစ်ခဲ့ပေမယ့် ကုန်းထျန်းဟောက်က အဲ့ဒီပြဿနာကို ဖြေရှင်းပေးခဲ့သည်။ ဒါကြောင့် သူက ဒီပြဿနာကိုလည်း လွယ်လွယ်ကူကူပဲဖြေရှင်းနိုင်လောက်သည်။ မဟုတ်ရင်လည်း အနည်းဆုံးတော့ ဒါကသူတို့တွေးထားတာပဲလေ။

မေမေရှောင်က အရမ်းလေးလေးနက်နက်နဲ့

"ထျန်းဟောက်၊ ငါဒီဟာကို မင်းကိုပဲ လွှဲထားလိုက်တော့မယ်"

ကုန်းထျန်းဟောက်က ပြုံးကာ 

"ဒေါ်လေး၊ ကျွန်တော်က ယွီအာရဲ့ ချစ်သူပါ။ အဘိုး အဘွား၊ ကျွန်တော်အခု ပြန်လိုက်ဦးမယ်။ ဒေါ်လေးတို့ ကျွန်တော့်သတင်းကို စောင့်နေကြပါ"

ယွဲ့ချီလင်ရဲ့ ကိရိယာတန်ဆာပလာတွေကို ကုန်းမိသားစုမှာ တပ်ဆင်ထားသည်။

ရှောင်လင်းယွီက

"ကျွန်မ ရှင်နဲ့လိုက်ခဲ့မယ်"

"ဟုတ်ပြီ!"

ကုန်းထျန်းဟောက်က ခေါင်းညိတ်လိုက်သည်။

ပြီးနောက်မှာ ကုန်းထျန်းဟောက်က ရှောင်လင်းယွီရဲ့ကွန်ပျူတာကို သယ်သွားလိုက်ပြီး ကုန်းမိသားစုဆီ သွားခဲ့သည်။

ရှောင်မိသားစုက စိုးရိမ်နေပြီး သူတို့နဲ့အတူ လိုက်သွားချင်နေသည်။ ဒါပေမယ့်လည်း ကုန်းထျန်းဟောက်နဲ့တခြားသူတွေက အရေးကြီးကိစ္စလုပ်ဖို့ အဲ့ဒီမှာရှိနေကြခြင်းဖြစ်သည်။ သူတို့တွေကို မနှောင့်ယှက်ချင်ကြပေ။ ဒါကြောင့် သူတို့နဲ့အတူ လိုက်မသွားခဲ့ပေ။ သူတို့တွေက အိမ်မှာပဲ စောင့်နေခဲ့ကြသည်။

နွားလေးကိုရှာဖို့ အရဲစွန့်ထွက်ဖို့အတွက် အရမ်းမှောင်နေပေပြီ။ သူတို့က ရဲတွေရောက်လာတာကိုပဲ အိမ်မှာစောင့်နေနိုင်မည်။

"ဘယ်သူက ငါတို့မိသားစုကို ဒီလိုအာဃာတထားနေတာလဲ?"

ဘွားဘွားရှောင်က စိုးရိမ်တကြီးပြောကာ

"သူတို့က ဒီလိုမျိုးတွေအထိပါ လုပ်ကြတယ်!"

တတိယဦးလေးရှောင်က မျက်လုံးထဲမှာ ဒေါသတွေနဲ့

"ယွီအာကတော့ နွားဘုရင်ငယ်လေးဆီက ဘာအကျိုးမှမရတဲ့သူလို့ ပြောတယ်"

ဘွားဘွားရှောင်က

"သူတို့ကိုယ်သူတို့ကလွဲရင် ဘယ်သူ့ကို အပြစ်တင်နိုင်မှာလဲ? ငါတို့တွေ သူတို့ကို အခွင့်အရေးတွေအများကြီးပေးထားတာပဲ။ သူတို့တောင်းပန်နေသရွေ့ သူတို့ကို နွားဘုရင်ငယ်လေးရဲ့မစင်ကို ထပ်ပြီးသုံးစွဲဖို့ ငါတို့ခွင့်ပြုပေးမှာပေါ့။ ဒါပေမယ့် သူတို့က အရမ်းခေါင်းမာလွန်းတယ်။ ငါတို့က သူတို့ကို တောင်းပန်ဖို့များ စောင့်နေတာလား?"

ဘွားဘွားရှောင်က ဒါကိုပြောတော့ အရမ်းစိတ်တိုနေသည်။

သူတို့က ခန်လင်းမြို့ကနေ ထောင်ယွမ်ရွာကို ပြန်ရောက်ရုံရှိသေးပေမယ့်လည်း ရွာထဲနဲ့ သူတို့ရဲ့မိသားစုထဲက ဖြစ်ပျက်ထားတဲ့အရာတွေအားလုံးကို သိကြသည်။

အကြီးဆုံးဒေါ်လေးရှောင်က သူမယောက္ခမနဲ့ သဘောတူ ခေါင်းညိတ်လိုက်ကာ 

"အမှန်ပဲ၊ ရှောင်ဖုချီရဲ့မိသားစုကလွဲရင် ဒုတိယအစ်ကိုရဲ့မိသားစုက ရွာထဲက တခြားလူတွေနဲ့ ဆက်ဆံရေးကောင်းကောင်းရှိတာပဲကို။ ဒါပေမယ့် တခြားသူတွေက ကန်းကိုကန်းနေတာ။ သူတို့က တခြားသူတွေဆီကနေ ဒီလိုရူးမိုက်တဲ့အရာတွေလုပ်ဖြို လှုံ့ဆော်ခံလိုက်ရတာဖြစ်နိုင်တယ်"

"အဲ့ဒါရှောင်ချန်းချိုင်လို့ အစ်မထင်လား?"

စတုတ္ထဦးလေးရှောင်က ခန့်မှန်းကြည့်လိုက်သည်။

"စတုတ္ထမတ်လေး၊ ဘာသက်သေမှမရှိသေးဘူး။ မယဉ်ကျေးတဲ့ခန့်မှန်းမှုတွေမလုပ်ကြရအောင်။ ကျွန်မတို့ တခြားစွပ်စွဲချက်တွေကို လျှောက်ပြောနေလို့မရဘူး"

ဘိုးဘိုးရှောင်က လေးလေးနက်နက်နဲ့

"ဘယ်သူပဲဖြစ်ဖြစ် ရဲစခန်းကလူတွေအရင်ရောက်လာဖို့ပဲ စောင့်ကြရအောင်။ ကုန်းထျန်းဟောက်ရဲ့အစွမ်းအစနဲ့ ရဲတွေရဲ့အကူအညီနဲ့ဆိုရင် သူတို့တွေ သူခိုးကို သိပ်မကြာခင် ဖမ်းမိမယ်လို့ ငါယုံကြည်တယ်"

ဘိုးဘိုးရှောင်က အမြဲတမ်းပဲ ကျိုးကြောင်းဆက်စပ်နိုင်သည်။

"ဟုတ်ကဲ့ အဖေ"

စတုတ္ထဦးလေးရှောင်က သဘောတူလိုက်သည်။

သူတို့တွေ ကုန်းမိသားစုအိမ်ရောက်ကြတော့ ယွဲ့ချီလင်နဲ့ တခြားနှစ်ယောက်က ခြံထဲမှာ ရှိနေကြပြီဖြစ်သည်။

အဘိုးကုန်းက လက်ဖက်ရည်သောက်ရင်း ဘေးမှာထိုင်နေသည်။

သူတို့တွေ ကုန်းထျန်းဟောက်ကိုမြင်တော့ သုံးယောက်လုံးက ပြိုင်တူခေါ်လိုက်က

"ဘော့စ် မစ္စရှောင်"

ကုန်းထျန်းဟောက်က 

"ရှောင်ကွမ်းနဲ့ တာ့ကွမ်းက ဆယ်နာရီကျော်ကြာအောင် ပျောက်နေတာ။ ငါတို့အခုအလိုအပ်ဆုံးက အချိန်ကိုဖမ်းဆုပ်ပြီး သူတို့တွေဘယ်သွားလဲဆိုတာ ရှာဖို့ပဲ"

ယွဲ့ချီလင် ၊ လီဝမ်သုန့်နဲ့ ရှဲ့ကျန်းကျုံးက အရင်က နွားဘုရင်ငယ်လေးကိုကာကွယ်ဖို့ အခေါ်ခံခဲ့ရဖူးသည်။ အဲ့ဒီအချိန်က သူတို့အနည်းငယ်အံသြခဲ့ကြပေမယ့် ပြီးနောက်မှာ ဒီနွားဘုရင်ငယ်လေးနဲ့ပဲ သူတို့အချိန်တချို့ ကုန်ဆုံးခဲ့ကြသည်။

 တည်ဆောက်ဖွံ့ဖြိုးရေးကိစ္စပြီးသွားတော့ သူတို့ကို သူတို့ရဲ့နဂိုအလုပ်ဆီ ပြန်ပို့ခံလိုက်ရသည်။ သူတို့ထွက်သွားတာနဲ့ နွားဘုရင်ငယ်လေး အခိုးခံလိုက်ရမယ်လို့ သူတို့မတွေးမိခဲ့ကြပေ။

ယွဲ့ချီလင်က အရမ်းလေးလေးနက်နက်နဲ့

"ဘော့စ် စိတ်မပူပါနဲ့။ ကျွန်တော်တို့ ရှောင်ကွမ်းနဲ့သူ့အမေကို သေချာပေါက်အမြန်ဆုံးပြန်ပြီး ရနိုင်မှာပါ"

***

All Chapters