← Chapters

ရှာဖွေမှု

Vol. 24 Ch. 397

ရှာဖွေမှု

Vol. 24 Ch. 397

ဘေးမှာထိုင်နေတဲ့ လီဝမ်သုန့်က နားမလည်စွာပြောလာသည်။

"ဒီနွားသူခိုးတွေက တကယ့်ကို မျက်နှာပြောင်တိုက်တာပဲ။ နေ့ခင်းကြောင်တောင်ကြီးမှာ သူတို့က တောင်ပေါ်လာပြီး ရှောင်ကွမ်းနဲ့ တာ့ကွမ်းကို ခိုးသွားကြတယ်"

ရှဲ့ကျန်းကျုံးက သူ့ခေါင်းကိုခါကာ လျှို့ဝှက်စွာနဲ့

"ဟီးဟီး သူတို့တွေက အရမ်းလည်း မျက်နှာပြောင်မတိုက်ပါဘူး။ ဒါပေမယ့် ညဘက်မှာထက် နေ့ဘက်မှာက ‌ရှောင်ကွမ်းနဲ့ တာ့ကွမ်းကိုခိုးဖို့ ပိုလွယ်တယ်"

"နေ့ဘက်မှာဆို နွားကျောင်းဖို့ ကလေးနည်းနည်းပဲရှိကြတာ။ ဒါပေမယ့်လည်း ညဘက်ကျ ရှောင်ကွမ်းနဲ့ တာ့ကွမ်းက ရှောင်မိသားစုရဲ့ဘေးတံခါးမှာ အနားယူကြတာ။ ဒါ့ပြင် သူတို့တွေ ထောင်ယွမ်ရွာထဲမှာ ပိတ်မိသွားကြလိမ့်မယ်။ ဒါက ခိုးယူတာကို ပိုခက်ခဲစေမှာပေါ့"

ကုန်းထျန်းဟောက်ရဲ့စာကြည့်ခန်းထဲကနေ ယွဲ့ချီလင်က သူလာခဲ့တဲ့ ခရီးဆောင်အိတ်ထဲက ကိရိယာမျိုးစုံကို ထုတ်လိုက်ပြီး ကုန်းထျန်းဟောက်ရဲ့ကွန်ပျူတာဆီ ချိတ်ဆက်လိုက်သည်။ ပြီးနောက်မှာ သူက ကီးဘုတ်မှာစတင်ရိုက်နှိပ်လိုက်သည်။

ခနလောက်ကြာပြီးတော့ ကွန်ပျူတာစခရင်ပေါ်မှာ ပုံရိပ်တချို့ပေါ်လာသည်။ ဒီပုံရိပ်တွေက ရှောင်ရှောင်းဟွေ့နဲ့တခြားသူတွေ များသောအားဖြင့ နွားကျောင်းတတ်ကြတဲ့နေရာတွေဖြစ်သည်။ အမျိုးမျိုးသောလမ်းဆုံတွေရဲ့ ပုံတွေ ပေါ်လာသည်။ နွားကျောင်းတဲ့နေရာတွေမှာ လမ်းခွဲတွေအများကြီးရှိတာကို ကုန်းထျန်းဟောက်ဆီကနေ ရှောင်လင်းယွီကြားခဲ့သည်။ နွားတွေ ဒါမှမဟုတ် ကလေးတွေကို တစ်ယောက်ယောက်ကခိုးသွားချင်ရင် ၎င်းကအရမ်းကို အဆင်ပြေလိမ့်မည်။

အဲ့ဒီအချိန်က ကုန်းထျန်းဟောက်ရဲ့အကြုပြုချက်က ဒီလမ်းတွေကို ပိတ်ထားဖို့ဖြစ်သည်။ ဒါပေမယ့်လည်း ပိတ်ဆို့မှုတည်ဆောက်ပြီးသွားတော့ ၎င်းတို့ကအပြစ်အနာအဆာတွေနဲ့ပြည့်နှက်နေမှန်း သက်တော်စောင့်တွေမြင်ခဲ့ကြသည်။ ဒီအရာတွေက ပုံမှန်ဖြတ်သွားဖြတ်လာတွေကိုတော့ ရပ်တန့်နိုင်လိမ့်မည်။ ၎င်းတို့တွေက ပရော်ဖက်ရှင်နယ်တွေကိုတော့ မတားဆီးနိုင်ပေ။

ဒါပေါ့ သူတို့တွေ ဒါထက်ပိုပြီး ဘာမှမလုပ်နိုင်ပေ။ သူတို့က တောင်ရွာတစ်ခုမှာလေ။ နေရာတိုင်းမှာ လမ်းခွဲတွေရှိနေတာပဲ။ ထောင်ယွမ်ရွာကိုကာကွယ်ရမယ့်တစ်ခုတည်းသောနည်းလမ်းက တစ်ရွာလုံးကိုချိပ်ပိတ်ထားရမယ့် မဖြစ်နိုင်စရာပဲဖြစ်သည်။

တစ်ခုတည်းသောကောင်းတဲ့အရာကတော့ သူခိုးတွေက နွားနှစ်ကောင်ကိုပဲခိုးသွားခဲ့ပြီး ကလေးလေးယောက်ကို မခိုးခဲ့ပေ။ ဒါပေါ့ သူတို့သာခိုးခဲ့ရင် ၎င်းက သူတို့တွေကို သူခိုးတွေကနေ လူကုန်ကူးသူတွေအနေနဲ့ ပိုပြင်းထန်လာစေလိမ့်မည်။ ၎င်းက တစ်နိုင်ငံလုံးကို လန့်သွားစေလိမ့်မည်။

အစိုးရက ၎င်းကို ပြင်းပြင်းထန်ထန်ကိုင်တွယ်လိမ့်မည်။ သူခိုးတွေရဲ့တားဂတ်က ရှောင်ကွမ်းနဲ့ တာ့ကွမ်းဖြစ်သည်။ ဒါကြောင့် သူတို့က ဒုက္ခကိုရှောင်ဖို့ ကလေးတွေနောက်မလိုက်ခဲ့ပေ ။

ပြီးတော့ ရှောင်ကွမ်းက ကလေးတွေထက် ပိုတန်ဖိုးရှိသည်။

ရှောင်ရှောင်းဟွေ့အရတော့ သူတို့က နွားတွေကို မနက်ခြောက်နာရီဝန်းကျင်မှာ တောင်တွေဆီမောင်းသွားခဲ့သည်။ မနက်ခုနစ်နာရီဝန်းကျင်မှာ သူတို့က သစ်ပင်အောက်မှာမှီပြီး အိပ်ပျော်သွားကြသည်။ ကလေးတွေ ဆေးခတ်ခံလိုက်ရတာ သိသာသည်။

ယွဲ့ချီလင်က တိပ်ကို မနက်ခြောက်နာရီဆီ လှည့်လိုက်သည်။ တစ်ချိန်တည်းမှာပဲ များစွာသောဗီဒီယိုတွေ ပြသလာသည်။ ခြောက်နာရီဝန်းကျင်မှာ တောင်လမ်းပိတ်ဆို့မှုတစ်ခုဆီက ပုံရိပ်နှစ်‌ခု ပေါ်ထွက်လာသည်။ ကောင်းကင်ကလည်း အရမ်းတောက်ပနေပြီး သူတို့ကို စခရင်ပေါ်မှာ ကြည်ကြည်လင်လင်ပြသနေသည်။

သူတို့ မက်စ်တွေနဲ့အရပ်ရှည်ရှည် ယောက်ျားနှစ်ယောက်ဖြစ်ကြသည်။ သူတို့က လှည့်ပတ်ကြည့်လိုက်ပြီး တစ်ယောက်က သူ့ဘောင်းဘီအိတ်ကပ်ထဲကနေ တစ်ခုခုကို ထုတ်ယူလိုက်ပြီး သစ်ပင်ကြီးနားမှာ ဖြန်းလိုက်သည်။ ပြီးတော့ နှစ်ယောက်က ဘေးဘက်က စိမ်းစိုနေတဲ့မြက်ခင်းတွေနောက်မှာ ပုန်းလိုက်ကြသည်။

နာရီဝက်ကြာပြီးတော့ ရှောင်ရှောင်းဟွေ့၊ သူ့သူငယ်ချင်းတွေနဲ့ နွားဘုရင်ငယ်လေးတို့က စခရင်ပေါ်မှာ ပေါ်လာသည်။ ပုံမှန်လိုပဲ နွား‌နှစ်ကောင်ကို စားကျက်ထဲ လွှတ်ထားတုန်း ကလေးလေးယောက်က သစ်ပင်အောက်မှာထိုင်ဖို့ သွားခဲ့ကြသည်။ ကလေးတွေက အပင်ဆီလမ်းလျှောက်သွားရင်း မနက်စာတွေကိုင်ထားကြတာကို ဗီဒီယိုက ပြသခဲ့သည်။

အမေကြီးနဲ့ သားလေးက တဝူးဝူးညည်းရင်း ကလေးလေးယောက်ဆီ ဦးတည်ခဲ့ကြသည်။ အဲ့ဒီအချိန်မှာ ဘေးဘက်မှာပုန်းနေတဲ့နှစ်ယောက်က လျင်မြန်စွာခုန်ထွက်လာကြသည်။ သူတို့လက်ထဲက စပရေးတွေကို ထုတ်ယူလိုက်ပြီး ၎င်းတို့ကို နွားတွေဆီ ချိန်ရွယ်လိုက်သည်။ မကြာခင်မှာပဲ ရှောင်ကွမ်းနဲ့ တာ့ကွမ်းကလည်း မြေကြီးပေါ် လဲကျသွားသည်။

လူနှစ်ယောက်ရဲ့မျက်လုံးတွေက လောဘတွေနဲ့ ဝင်းလက်လာကြသည်။ သူတို့က ပထမမှာ ရှောင်ကွမ်းပတ်လည်ကို ဝိုင်းရံခဲ့ကြသည်။ ပြီးနောက်မှာ သူတို့က လက်ဆန့်လိုက်ပြီး သူ့ရဲ့ ခေါင်း၊ နားရွက်နဲ့ ကျောကုန်းပေါ်က အမွှေးတွေကို ထိလိုက်ကြသည်။ သူတို့မျက်လုံးထဲက လောဘတွေက ပိုပြီးရူးသွပ်လာကြသည်။

ပြီးတော့ လူနှစ်ယောက်ထဲကတစ်ယောက်က သူ့ဘေးက အပေါင်းအပါကို တို့လိုက်ပြီး ကလေးလေးယောက်ဆီကို သူ့ခေါင်းနဲ့အမူအယာလုပ်ပြလိုက်သည်။ ပြီးနောက်မှာ လူနှစ်ယောက်က ကလေးလေးယောက်ဆီ လမ်းလျှောက်သွားခဲ့ကြသည်။

လူနှစ်ယောက်ထဲကတစ်ယောက်က ရှောင်ပေါင်းဇီရဲ့ ပါးတွေကို နှစ်ခေါက်ညှစ်လိုက်သည်။ တခြားလူက ကလေးတွေကိုကြည့်ဖို့ သူ့ခေါင်းကိုငုံ့လိုက်ပြီး အတွေးထဲမှာ နစ်မြောနေပုံပေါ်သည်။ ပြီးနောက်မှာ သူ့ဘေးကသူ့အပေါင်းအပါကို ခေါင်းခါပြလိုက်သည်။

အဲ့ဒီအချိန်မှာ သူတို့အသံတွေ ဗီဒီယိုထဲမှာပေါ်လာခဲ့သည်။

"ငါတို့ ကလေးတွေကို မခေါ်သွားဘူး!"

သူတို့တွေက မက်စပ်တပ်ထားတော့ သူတို့အသံတွေက ဝါးနေသည်။ ဒါပေမယ့် ပစ္စည်းကိရိယာတွေရဲ့အရည်အသွေးက ကောင်းမွန်သည်။ ဒါကြောင့် သူတို့တွေကိုတော့ ကြားနိုင်တုန်းဖြစ်သည်။

တခြားလူက ဆန္ဒမရှိပေ။

"ဘာလို့ သူတို့ကို ငါတို့နဲ့ခေါ်လို့မရတာလဲ? ဒီအရုပ်တွေကို သိန်းချီ ရောင်းလို့ရတယ်"

သူက ကလေးတွေကို ပြန်ပေးဆွဲချင်နေသည်။

"သူတို့က ဆယ်ကျော်သက်နီးနီးတွေလေ။ ဘယ်သူက သူတို့ကို လိုချင်မှာလဲ?"

"ဒါဆိုရင် ငါတို့ မသန်မစွမ်းဖြစ်အောင်လုပ်ပစ်မယ်။ သူတို့လျှာတွေကိုဖြတ်ပစ်ပြီး ငါတို့အတွက် လမ်းပေါ်မှာ တောင်းခိုင်းမယ်"

လူတွေက ကလေးတွေကို ငွေအနေနဲ့ပဲ မြင်နေကြသည်။

ရှောင်လင်းယွီက ဒါကိုကြားတော့ သူမရဲ့သူငယ်အိမ်တွေ တင်းကျပ်လာပြီး သူမအမူအယာက ကြောက်ရွံ့မှုတွေနဲ့ ပြည့်လာသည်။

ဒီကလေးတွေ နွား‌ကျောင်းနေတာက အရမ်းအန္တရာယ်များလွန်းတယ်လို့ ကုန်းထျန်းဟောက်က သူမကို တစ်ခါပြောဖူးသည်။

အဲ့ဒီလူရဲ့စကားကိုကြားပြီး ရှောင်လင်းယွီရဲ့စိတ်က တင်းကျပ်စွာအံကြိတ်ထားခဲ့သည်။ သူမရဲ့အမူအယာကလည်း မမျှော်လင့်ထားသလိုမျိုး စိုးရိမ်ကြောက်ရွံ့လာပြီး မျက်နှာကလည်း အနည်းငယ်ဖြူဖပ်လာသည်။

ရှောင်ရှောင်းဟွေ့နဲ့ တခြားသူတွေကို နောက်ဆုံးမှာ လွှတ်ပေးလိုက်ကြပေမယ့်လည်း သူတို့က ဆိုးရွားတဲ့ကံကြမ္မာဆီ ဆွဲချခံရဖို့ အရမ်းနီးကပ်နေခဲ့သည်။

‌ကုန်းထျန်းဟောက်က ရှောင်လင်းယွီရဲ့ စိုးရိမ်ကြောက်လန့်နေတဲ့အမူအယာကို သတိပြုမိလိုက်သည်။ သူက ညင်သာစွာနဲ့

"ယွီအာ မကြောက်ပါနဲ့၊ ရှောင်းဟွေ့နဲ့ တခြားသူတွေက အန္တရာယ်မရှိတော့ပါဘူး"

ဒါပေမယ့်လည်း သူစိတ်တိုနေခဲ့သည်။ ရှောင်ရှောင်းဟွေ့က သူ့ရဲ့ညီအရင်းလေးလိုဖြစ်သည်။ ဒီသူခိုးတွေက သူ့ကို ပစ်မှတ်ထားရဲနေကြသည်။ ၎င်းက ခွင့်မလွှတ်နိုင်စရာပင်။

ပိုပြီး‌ခွင့်မလွှတ်နိုင်စရာကောင်းတာက သူတို့က သူ့မိန်းမကို ကြောက်ရွံ့စေခဲ့သည်။ သူတို့တွေက ဒီလူတွေကိုမိသွားရင်တော့ သူတို့ကိုကြမ်းတမ်းတဲ့သင်ခန်းစာတစ်ခု သင်ပေးဦးမည်။

ဒီလောကမှာ သူတို့တွေမခုခံနိုင်တဲ့လူတွေရှိမှန်းလည်း သူတို့ သိဖို့လိုသည်။

ကုန်းထျန်းဟောက်ရဲ့နှစ်သိမ့်မှုနဲ့ ရှောင်လင်းယွီရဲ့စိတ်က ဖြည်းဖြည်းချင်း သက်သာရာရသွားသည် ပြီးနောက်မှာ သူမက ဆက်ကြည့်နေခဲ့သည်။

ထိုလူက ငွေရစေဖို့ ကလေးတွေကိုအသုံးချဖို့ကိုပဲ ဆက်လက်အကြံပြုနေခဲ့သည်။ သူ့ဘေးကလူက စိတ်ရှည်မှုပျောက်ဆုံးကာ ‌အော်လျက်နဲ့

"ချိုးရှောက်ယန်၊ ငါတို့ရဲ့ဒီနေ့အဓိကတာဝန်ကိုမမေ့နဲ့။ ငါတို့ရဲ့အဓိကရည်ရွယ်ချက်က ဒီနွားနှစ်ကောင်ပဲ။ ဘာဒုက္ခမှမဖြစ်စေနဲ့။

ငါတို့သာ ဒီကလေးတွေကို ပြန်ပေးဆွဲသွားရင် ဘယ်လောက်ဂယက်တွေဖြစ်စေမယ်မှန်း မင်းသိလား? မင်းက Zမြို့ကနေ ထွက်သွားချင်နေတုန်းလား? နွားတွေက အိပ်နေကြတယ်။ ငါတို့ သူတို့ကို တတ်နိုင်သမျှ အမြန်ဆုံးရွှေ့ရမယ်"

"ဆေးတွေက နာရီပိုင်းပဲအလုပ်လုပ်တာ။ ရှင်းယင်ခရိုင်ကနေပြီး ချွမ်ဖင်းခရိုင်ကိုရောက်ဖို့ ငါတို့မှာ လေးနာရီပဲရတယ်။ ငါတို့တွေ ချွမ်ဖင်းခရိုင်ကိုရောက်ရင် ကွမ်းမြို့တောင်ပိုင်းကို ဦးတည်မယ်။ ငါတို့ရဲ့တာဝန်က ဒီနွားနှစ်ကောင်နဲ့ ကွမ်းမြို့ကိုရောက်ရင် ပြီးပြီ"

ဒါကိုကြားပြီး ကုန်းထျန်းဟောက်က ချက်ချင်း သူ့ဖုန်းကိုထုတ်ကာ တစ်ကောလ်ခေါ်လိုက်သည်။ သူက အမိန့်တချို့ပေးလိုက်ကာ

"စီစဉ်မှုနည်းနည်းလုပ်ထားလိုက်။ ချွမ်ဖင်းခရိုင်ကနေ ကွမ်းမြို့လမ်းကြောင်းကို စစ်ဆေးဖို့ လူလုပ်ထားလိုက်။ အဝါရောင်နွားနှစ်ကောင်နဲ့ ကားတိုင်းကိုတား။ တစ်ကောင်က အမေနွားကြီးနဲ့ တခြားတစ်ကောင်က နွားငယ်လေးပဲ။ ကားမှာ ဘာအချက်အလက်မှမရှိပေမယ့် သူခိုးထဲကတစ်ယောက်က ချိုးရှောက်ယန်လို့ခေါ်တယ်"

ကုန်းထျန်းဟောက်က တခြားခေါ်ဆိုမှုတချို့လည်းပြုလုပ်လိုက်ပြီး တူညီတဲ့အမိန့်တွေ ပေးခဲ့သည်။ ဖုန်းချလိုက်ပြီးတော့ ကုန်းထျန်းဟောက်က သူ့ကို မီးတောက်နေတဲ့အကြည့်နဲ့စိုက်ကြည့်နေတဲ့ ရှောင်လင်းယွီကို ကြည့်လိုက်သည်။

ကုန်းထျန်းဟောက်က နားမလည်စွာနဲ့

"ယွီအာ ဘာဖြစ်လို့လဲ?"

ရှောင်လင်းယွီက ခေါင်းခါလိုက်ကာ

"ဘာမှမဟုတ်ပါဘူး"

ဒါပေမယ့် သူမက

"ထျန်းဟောက်၊ ဒီမှာရှင်‌ရှိနေလို့သာပဲ!"

သူမ ကုန်းထျန်းဟောက်ကို တွေ့ကတည်းက တစ်စုံတစ်ခုဖြစ်တဲ့အချိန်တိုင်း ကုန်းထျန်းဟောက်က ၎င်းကို သူမအတွက် ဖြေရှင်းပေးခဲ့သည်။ ကုန်းထျန်းဟောက်က သူမကို ဂန်းစတားတွေရန်က ကယ်တင်ပေးခဲ့သည်၊ ထောင်ယွမ်ရွာကို ဖိအားပေးဖြိုချဖျက်‌ဆီးမှုဆီကနေ ကာကွယ်ဖို့ ကူညီပေးခဲ့သည်၊ သူမအတွက် ကေဘယ်လ်ကားစနစ်တစ်ခု တပ်ဆင်ပေးခဲ့ပြီး အခုလည်း ရှောင်ကွမ်းနဲ့ တာ့ကွမ်းကိုရှာဖို့ သူ့အင်အားကို အသုံးပြုနေသည်။

ဒီကိစ္စတွေတစ်ခုချင်းစီတိုင်းက သူမကို ခံစားရစေပြီး ပိုပြီးကျေးဇူးတင်မိစေသည်။

အတိတ်တုန်းက သူမက ကုန်းထျန်းဟောက်ရဲ့ရိုးသားမှုကို အမြဲတမ်းသံသယရှိခဲ့သည်။ သူက သူမကို အရမ်းကြင်နာနေရတာက ကလေးကြောင့်လို့ သူမအမြဲတမ်း တွေးတောခဲ့သည်။ ဒါကြောင့် သူမက ကုန်းထျန်းဟောက်အပေါ်မှာ စိတ်ဝင်စားပေမယ့်လည်း အမြဲတမ်းနောက်ပြန်ဆုတ်ခဲ့သည်။

ကုန်းထျန်းဟောက်က သူမကလေးအတွက် ဒါတွေအားလုံးလုပ်နေတယ်လို့ပဲ သူမက ခေါင်းမာစွာ ယုံကြည်နေခဲ့သည်။

ဒါပေမယ့် အခုတော့ သူက ရှောင်တုန်းအတွက်တင်မဟုတ်ဘဲ သူမအတွက်လည်း ၎င်းကိုလုပ်ပေးနေတယ်ဆိုတာကို အမှန်တကယ်ယုံကြည်သွားပြီဖြစ်သည်။ ရှောင်လင်းယွီက သူမကိုယ်သူမ လိမ်ညာနေတာကို ရပ်လိုက်သည်။

ကုန်းထျန်းဟောက်သာ သူမကို ဒီအချိန်အထိ လိမ်ညာခဲ့မယ်ဆိုရင် သူမမှာ ဘာမှပြောစရာကို မရှိတော့ပေ။

သူက သရုပ်ဆောင်တစ်ယောက်အနေနဲ့တောင် အရမ်းတော်နေလွန်းသည်။ သူမမှာ အညံ့ခံဖို့ကလွဲရင် ရွေးစရာမရှိတော့ပေ။ ဒါပေမယ့်လည်း သူမ ရှောင်တုန်းကိုတော့ ဘယ်တော့မှ မထိခိုက်စေပေ။

နောက်ဆုံးကျတော့လည်း ရှောင်လင်းယွီရဲ့ ခံစားချက်တွေက လုံးဝရှုပ်ထွေးကုန်သည်။ ဘာပဲဖြစ်ဖြစ် သူမကိုယ်သူမနဲ့ ကုန်းထျန်းဟောက်ကို အခွင့်အရေးတစ်ခုတော့ ပေးဖို့ဆန္ဒရှိသည်။

ရှောင်လင်းယွီ ဘာစဉ်းစားနေမှန်း ကုန်းထျန်းဟောက်မသိပေမယ့် ရှောင်လင်းယွီရဲ့မျက်လုံးထဲက  ချစ်ခြင်းမေတ္တာတွေကိုတော့ သူမြင်လိုက်သည်။ သူက မထိန်းချုပ်နိုင်ဘဲ ရှောင်လင်းယွီကို သူ့လက်မောင်းတွေထဲ ထွေးထားလိုက်သည်။ သူ့ရဲ့ ကြီးမားတဲ့လက်တွေက သူမရဲ့ဆံပင်ကို ကြင်နာစွာပွတ်သပ်နေကာ 

"ယွီအာ မစိုးရိမ်ပါနဲ့၊ ကိုယ်ဒီမှာရှိနေတာပဲ။ ကိုယ်သူတို့ကို အမြန်ဆုံးရှာပေးမယ်!"

ရှောင်လင်းယွီက သူ့လက်မောင်းတွေကြားထဲ ရောက်နေသည်။

သူမက အနည်းငယ်ခေါင်းညိတ်ကာ 

"အင်းပါ ကျွန်မ ရှင့်ကိုယုံပါတယ်"

ကွန်ပျူတာမှာ စာရိုက်နေပြီး ဗီဒီယိုကြည့်နေတဲ့ ယွဲ့ချီလင်က နှစ်ယောက်သားချစ်ချင်နေကြတာကို မမြင်ချင်ယောင်ဆောင်လိုက်သည်။

အဲ့ဒီအချိန်မှာ နောက်ထပ် အနက်ရောင်နဲ့လူခုနှစ်ယောက်က စခရင်ပေါ်မှာ ပေါ်လာသည်။ သူတို့တွေအားလုံးက အရမ်းအရပ်ရှည်ပြီး ဘော်ဒီဂတ်တွေနဲ့တူသည်။ လူကိုးယောက်ထဲမှာ သုံးယောက်က ရှောင်ကွမ်းကို တောင်အောက်ကိုသယ်သွားသည်။ ကျန်တဲ့ခြောက်ယောက်က တာ့ကွမ်းကို သယ်ခဲ့သည်။

ရှောင်ကွမ်းက တစ်နှစ်တောင်မရှိသေးပေ။ သူက ပေါင် ရာနည်းနည်းပဲ လေးသည်။ ဒါပေမယ့် တာ့ကွမ်းကတော့ ပေါင်၁၅၀၀ကျော်ရှိသည်။

ဒီအနက်ရောင်နဲ့လူတွေက ‌သိသိသာသာကို လေ့ကျင့်ခံထားရတဲ့လူတွေ ဖြစ်သည်။

နွားနှစ်ကောင်ကို သယ်နေတုန်းတောင် အနောက်ဘက်တောင်ရွာဆီ မဦးတည်သေးမီ ခြုံပုတ်တွေနဲ့ ဆူးညှောင့်တွေကို လျင်လျင်မြန်မြန်ပဲ ကျော်ဖြတ်သွားသည်။

၎င်းက ရှောင်လင်းယွီကို ရှုပ်ထွေးသွားစေသည်။ လူတွေက ရှင်းရှင်းလင်းလင်းကို အနောက်ဘက်တောင်ရွာဆီ ရွှေ့သွားကြသည်။ သူတို့က ထောင်ယွမ်ရွာကို ဖြတ်မသွားခဲ့ပေ။

ဒါပေမယ့် ဒီလိုဆိုရင်တောင် ဒီလိုနေ့ခင်းကြောင်တောင်ကြီးမှာ နုံးချိနေတဲ့နွားနှစ်ကောင်ကို သက်ရင်း သူတို့တွေသေချာပေါက် အာရုံစိုက်ခံရလိမ့်မည်။ ညနေဘက်မှာ ထောင်ယွမ်တစ်ရွာလုံးက ရှောင်ကွမ်းနဲ့ တာ့ကွမ်းကိုရှာဖို့ ထွက်သွားကြသည်။ ၎င်းက အနောက်ဘက်တောင်ရွာလိုမျိုး အနီးအနားရွာတွေကို သတိပြုမိစေလိမ့်မည်။

အဲ့ဒီလူတွေက သူတို့တွေ့သမျှ လူတိုင်းကို ဆေးခတ်သွားတာလား?

ကုန်းထျန်းဟောက်က ခနလောက် စဉ်းစားလိုက်ပြီး

"ဒီလမ်းက အနောက်ဘက်တောင်ရွာကို ဖြတ်မသွားဘူးလား?"

ရှောင်လင်းယွီက အံ့ဩသွားခဲ့သည်။ သူမက ခနလောက် စဉ်းစားလိုက်ပြီး 

"ကျွန်မလည်းထင်တာပဲ။ ဒါပေမယ့် အဲ့ဒီလမ်းက အနောက်ဘက်တောင်ရွာနဲ့နီးတဲ့ လမ်းကျဉ်းတစ်ခုကိုလည်း ဦးတည်နေသေးတယ်"

ကုန်းထျန်းဟောက်က သရုပ်ခွဲကြည့်လိုက်ကာ

"ဒါက နေ့ခင်းကြောင်တောင်ကြီးပဲ။ ရွာသား‌တွေ အကုန် အလုပ်လုပ်ဖို့ သွားကြလောက်မှာ။ ဒီတော့ ရွာထဲမှာနေတဲ့လူ သိပ်ရှိမှာမဟုတ်ဘူး။ ဒါ့ပြင် ဒီလူတွေက တောင်လမ်းကျဉ်းလေးတွေကို သုံးတာ။ သူတို့ ဘယ်သူ့ကိုမှ မတွေ့ခဲ့တာ ဖြစ်နိုင်တယ်"

"ပြီးတော့ သူတို့က ဒီဟာမှာ ကျွမ်းကျင်တယ်လေ။ သာမန်ရွာသားတွေဆီကနေ ဝှက်ဖို့ကတော့ သူတို့အတွက် ခက်ခဲမှာမဟုတ်ဘူး။ ဒါပေမယ့် သူတို့တွေ နွားနှစ်ကောင်ကို ရွှေ့ပြောင်းဖို့ ကားတစ်စီးတော့သုံးရမယ်။ ပြီးတော့ သူတို့က ယာဉ်တွေနဲ့လာဖို့ထိ အရမ်းများလွန်းတယ်။ သူတို့ရဲ့အရေအတွက်နဲ့ဆို အနည်းဆုံးတော့ နှစ်စီးရှိရမယ်။ ဘာပဲဖြစ်ဖြစ် သူတို့မှာ ကားတစ်စီးတည်းရှိရင်တောင် သူတို့တွေ ရွာကို ဘယ်အချိန်ပဲဖြတ်ဖြတ် အဲ့ဒါက ရွာသားတွေရဲ့ အာရုံကို ဆွဲဆောင်လိုက်မှာပဲ"

ရှောင်လင်းယွီက ပြောလိုက်သည်။

ကုန်းထျန်းဟောက်က ခေါင်းညိတ်ကာ

"မင်းရဲ့ စီစစ်ကြည့်မှုက မှန်တယ်။ အနောက်ဘက်တောင်ရွာက ရွာကြီးတစ်ရွာပဲ။သံသယရှိတဲ့ယာဉ်တစ်စီးကိုတော့ တစ်ယောက်ယောက်က သတိထားမိမှာပဲ။ ကိုယ်တို့တွေ အနောက်ဘက်တောင်ရွာကို လူတွေလွှတ်လိုက်မယ်။ သတင်းအချက်အလက်တွေအတွက် ကိုယ်တို့တွေ ဆုပေးမယ်လေ။ လူတွေ ရှေ့တက်လာကြမှာပါ"

"ဟုတ်ပြီ"

***

All Chapters