မိတ်ဆွေဟောင်း
Vol. 24 Ch. 398
ထောင်ယွမ်ရွာမှာလည်း ရှောင်မိသားစုက မိနစ်၂၀လောက်စောင့်နေခဲ့ပြီး ရဲတွေရောက်လာခဲ့သည်။ အဖွဲ့ကလည်း ရင်းနှီးနေတဲ့မျက်နှာနဲ့ပဲ ဦးဆောင်နေခဲ့သည်။
"အရာရှိလီပဲ!"
မေမေရှောင်က အရာရှိလီကိုမြင်တော့ ပျော်ရွှင်စွာပြောလိုက်သည်။
"မြန်မြန်အထဲလာခဲ့။ ရေနည်းနည်းလောက်သောက်ဦး"
သူမစကားပြောနေရင်း မေမေရှောင်က ရေနည်းနည်းလောက်ယူဖို့ လှည့်သွားလိုက်သည်။ ဒါပေမယ့် ရှောင်လင်းယွင်နဲ့ အကြီးဆုံးဒေါ်လေးရှောင်က ခွက်တွေတောင်ပြင်ဆင်ပြီးပြီဖြစ်သည်။
အရာရှိတွေ ဝင်လာကြသည်။
ဖေဖေရှောင်က
"အရာရှိလီ ဒီတစ်ကြိမ်လည်း ခင်ဗျားကို ကျုပ်တို့ ဒုက္ခပေးရဦးမယ်"
"လူတွေကို ကယ်တင်တာက ကျွန်တော်တို့ တာဝန်ပါပဲ"
အရာရှိလီက ပြုံးကာပြောလိုက်သည်။
"အစ်ကိုကြီးရှောင် ခင်ဗျားအရမ်းယဉ်ကျေးလွန်းနေပါပြီ"
အရာရှိလီက ရေကိုထားလိုက်ပြီး တိုက်ရိုက်ပဲမေးလိုက်သည်။
"ခင်ဗျားနွားတွေပျောက်သွားတယ်လို့ ရဲတွေဆီကနေ ကျွန်တော်ကြားတယ် ဟုတ်ရဲ့လား?"
ဖေဖေရှောင်က ခေါင်းညိတ်ကာ
"ဟုတ်တယ် နွားတစ်ကောင်နဲ့ သူ့အမေကြီး ပျောက်နေတာ။ သူတို့က ပျောက်နေတာ ဆယ်နာရီတော်ကျော်နေပြီ"
အရာရှိလီက ဒါကိုကြားတော့ နားမလည်နိုင်တဲ့ အမူအယာနဲ့
"ဒါက သူတို့တွေ နေ့ဘက်မှာပျောက်သွားတယ်လို့ ပြောချင်တာလား?"
ဒါက အတော်လေးကို တရားမဝင်ဘူးလေ။
တစ်ယောက်ယောက်သား နွားတွေကိုခိုးချင်တယ်ဆိုရင် ညဘက်ကျမှ ခိုးတာက ပိုမလွယ်ဘူးလား?
သူတို့က နွားတွေကိုခိုးဖို့ ဘာလို့နေ့ခင်းကြောင်တောင်ကြီး လာရတာလဲ?
သူတို့တွေ အဖမ်းခံရမှာ မကြောက်ဖူးလား?
၎င်းက တကယ့်ကို မယုံနိုင်စရာပင်။
ဖေဖေရှောင်က ခေါင်းညိတ်ကာ
"အမှန်ပဲ၊ ငါတို့နွားတွေက နေ့ခင်းဘက်ကြီးမှာ ပျောက်သွားတာ။ ဒါပေမယ့်လည်း အဲ့ဒီအကြောင်းကို ငါတို့သိလိုက်ရတော့ ဆယ်နာရီတောင်ကျော်နေပြီလေ။ ရွာသားတွေအားလုံးက သူတို့ကို ကူရှာပေးဖို့ စုခဲ့ကြသေးတယ်။ ဒါပေမယ့် ငါတို့ ဘာမှရှာမတွေ့ခဲ့ဘူး။ သူတို့တွေ အခိုးခံလိုက်ရတာလို့ ငါတို့သံသယဖြစ်မိလို့ ငါတို့တွေ ရဲကိုခေါ်ဖို့ ရွေးလိုက်တာ။ တောင်းပန်ပါတယ် အရာရှိတို့၊ ဒါခင်ဗျားတို့အတွက် ဒုက္ခကြီးဖြစ်သွားစေမှာပဲ"
အရာရှိလီက ပြုံးလိုက်သည်။
"အစ်ကိုကြီးရှောင် ကျွန်တော်ပြောသလိုပဲ။ ဒါက ကျွန်တော်တို့အလုပ်ပါ"
ပြီးနောက်မှာ သူက အတည်တကျမေးမြန်းကာ
"သူတို့ဘယ်မှာမှန်း ခင်ဗျားတို့မှာ သဲလွန်စများရှိသလား?"
ဖေဖေရှောင်က ခေါင်းခါလိုက်ကာ
"ငါတို့မှာ ဘာသဲလွန်စမှမရှိဘူး။ ငါတို့သိတာတစ်ခုကတော့ ငါတို့နွားနှစ်ကောင်က အခိုးခံလိုက်ရနိုင်တယ်ဆိုတာပဲ"
အရာရှိလီက ရုတ်တရက် တစ်စုံတစ်ခုကို တွေးတောလိုက်ကာ
"ခင်ဗျားတို့ရွာမှာ စောင့်ကြည့်ရေးကင်မရာတွေအများကြီးရှိမှနိး ကျွန်တော်မှတ်မိတယ်။ သူတို့တွေကိုရော ကြည့်ပြီးပြီလား?"
ဖေဖေရှောင်က ခေါင်းညိတ်လိုက်သည်။
"ငါ့သမီးက အဲ့ဒါတွေကို ကြည့်ပြီးပြီ။ ကင်မရာမှတ်တမ်းမှာတော့ ဘာသံသယဖြစ်စရာလူမှမရှိဘူး"
အရာရှိသုံးယောက်က အံ့ဩစွာနဲ့ အချင်းချင်းကြည့်လိုက်ကြသည်။
အရာရှိလီက အနည်းငယ် မျက်မှောင်ကျုံ့ကာ နားမလည်နိုင်စွာနဲ့
"ဒါအရမ်းထူးဆန်းတာပဲ။ သူတို့သာ တကယ်ပဲနေ့ဘက်မှာ အခိုးခံလိုက်ရတာဆိုရင်တော့ သူခိုးတွေက အရမ်းရဲတာပဲ။ ပြီးတော့ သူတို့က ခင်ဗျားတို့ရွာက စောင့်ကြည့်ရေးကင်မရာတွေကို ဘယ်လိုများရှောင်သွားတာလဲ? သူတိူ့တွေ နွားတွေကိုခိုးပြီးတော့ ထောင်ယွမ်ရွာကို မဖြတ်ခဲ့တာများ ဖြစ်နိုင်မလား?"
ဒါကိုကြားတော့ ဖေဖေရှောင်နဲ့ တခြားသူတွေက မျက်လုံးကျုံ့သွားကြသည်။ ပြီးနောက်မှာ သူတို့ တစ်စုံတစ်ခုကို တွေးလိုက်ကြသည်။
"ငါအခုမှတ်မိပြီ။ ကလေးတွေ များသောအားဖြင့် နွားကျောင်းတဲ့နေရာက အနောက်ဘက်တောင်ရွာနဲ့ နီးတယ်"
မေမေရှောင်က
"သူခိုးတွေက အဲ့လမ်းကိုဖြတ်သွားလိုက်တာများ ဖြစ်နိုင်မလား?"
"ဒါပေမယ့် အဲ့ဒီလမ်းက ပိတ်ထားတာမဟုတ်ဘူးလား?"
လျိုချွမ်းဟွာက ပြောလိုက်သည်။
"ပိတ်ဆို့တဲ့ဟာက နှစ်မီတာမြင့်ပြီး ဆူးတွေနဲ့ သိပ်ထည့်ထားတယ်။ နွားနှစ်ကောင်မပြောနဲ့ ခွေးတစ်ကောင်တောင် အဲ့ဒါကိုဖြတ်ဖို့ အရမ်းခက်လိမ့်မယ်။ သူခိုးတွေက အဲ့ဒါကိုဖြတ်ပြီး နွားတွေကို ဘယ်လိုများရွှေ့သွားတာလဲ?"
"ပြီးတော့ ရှောင်ကွမ်းနဲ့ တာ့ကွမ်းက အရမ်းဉာဏ်ကောင်းတယ်။ သူတို့က လူစိမ်းတွေဆို အရမ်းသတိရှိတာ။ လူစိမ်းတွေနဲ့သူတို့ထွက်သွားတာတော့ မဖြစ်နိုင်ဘူး"
အဲ့ဒီအချိန်မှာ ရှောင်လင်းယွင်က
"ရှောင်ကွမ်းက သေချာပေါက် ခုခံမှာပဲ။ ရှောင်ကွမ်းက ငယ်ပေမယ့် သူ့မှာ မြေကြီးကွဲလောက်တဲ့အော်ငိုသံကြီးရှိတယ်။ အဲ့ဒါက ကျွန်မတို့ကို နိုးကြားစေမှာပဲ။ ဒါပေမယ့် ကျွန်မတို့ဘာမှ မကြားလိုက်ဘူး"
အရာရှိလီနဲ့ တခြားနှစ်ယောက်က ဆွံ့အသွားသည်။
ဒါက တကယ်ပဲ နွားတစ်ကောင်လား လူတစ်ယောက်လား?
ပုံမှန်နွားတစ်ကောင်က အရမ်းဉာဏ်ကောင်းပြီး တွေးခေါ်နိုင်ပ့ါမလား?
အရာရှိလီဘေးက လူငယ်အရာရှိလေးက သိချင်စိတ်နဲ့
"သူတို့က နွားတစ်ကောင်အကြောင်းပြောနေတာလား? ကလေးတစ်ယောက်အကြောင်းပြောနေတာလား?"
ရှောင်မိသားစုဝင်တွေက အနည်းငယ်အံ့ဩသွားပြီးနောက် ပြုံးလိုက်ကြသည်။
မေမေရှောင်က ရှင်းပြလိုက်ကာ
"အရာရှိလေး၊ ရှောင်ကွမ်းက တကယ့်ကို ကျွန်မတို့မိသားစုရဲ့နွားပါ။ ဒီနွားက သာမန်နွားတွေထက် ပိုပြီး ဉာဏ်ကောင်းတယ်။ သူ့မှာ သုံးလေးနှစ်ကလေးရဲ့ ဉာဏ်ရည်လောက်ရှိမယ်ထင်တယ်"
အရာရှိလီက အနည်းငယ် အံ့ဩသွားသည်။
"တကယ့်ကိုဉာဏ်ကောင်းတဲ့နွားလား? ဒါက ပထမဆုံးငါတို့ဒါမျိုး ကြားဖူးတာပဲ"
"ဟုတ်တယ်၊ ရှောင်ကွမ်းနဲ့သူ့အမေက အရမ်းဉာဏ်ကောင်းပြီး သန့်ရှင်းတယ်။ ငါတို့က သူတို့ကို မိသားစုလိုပဲဆက်ဆံတာ"
ဘွားဘွားရှောင်က
"သူတို့ပျောက်နေတာကို ငါတို့ဘယ်လောက်စိတ်ပူနေမှန်း မင်းတို့ နားလည်ပါလိမ့်မယ်။ အရာရှိတို့ ကျေးဇူးပြုပြီး သူတို့ကို ကူရှာပေးပါဦး"
"အမေကြီး မစိုးရိမ်ပါနဲ့"
အရာရှိလီက သူမကို နှစ်သိမ့်လိုက်သည်။
"ကျွန်တော်တို့ သေချာပေါက် အကောင်းဆုံးလုပ်မှာပါ"
"ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ။ ကျေးဇူးတင်ပါတယ်"
ဘွားဘွားရှောင်က ပြောလိုက်သည်။
အဲ့ဒီအချိန်မှာ အရာရှိလီက မျက်မှောင်ကျုံ့ကာ
"ကျွန်တော်တို့တွေ အခင်းဖြစ်ရာကို သွားဖို့လိုတယ်။ သဲလွန်စတွေကို ခနခန အဲ့ဒီတွေမှာ တွေ့ရတယ်။ ကျွန်တော်တို့တွေ နွားတွေပျောက်သွားတယ့်နေရာကို သွားဖို့လိုတယ်"
ရှောင်မိသားစု၊ "..."
ဖေဖေရှောင်က
"အရာရှိတို့ မှောင်နေပြီ။ နေရာက တောင်တွေပေါ်မှာ။ အမှောင်ထဲမှာ တစ်ခုခုရှာဖို့ လွယ်မှာမဟုတ်ဘူး"
အရာရှိလီက မျက်မှောင်ကျုံ့လိုက်သည်။
"ဒါပေမယ့် ကျွန်တော်တို့ မနက်ဖြန်မှသွားရင် သဲလွန်စတွေက ပျောက်တောင်နေလောက်ပြီ"
ရှောင်မိသားစုက ဒါကိုကြားတော့ ချက်ချင်း သဘောထားကွဲသွားသည်။
"အရာရှိလီ သွားဖို့မလိုပါဘူး။ ကျွန်တော်တို့တွေ သဲလွန်စတွေကို ယူလာခဲ့ပါတယ်"
***