ရှာဖွေမှု
Vol. 24 Ch. 399
ရှောင်ဝမ်က သူ့လက်ထဲမှာ ကွန်ပျူတာတစ်လုံးကို ကိုင်ထားသည်။
အရာရှိလီက ရှောင်လင်းယွီကိုမြင်တော့ သူ့မျက်လုံးတွေက ရှောင်လင်းယွီရဲ့ ဗိုက်ကိုစိုက်ကြည့်လိုက်သည်။
ပြီးနောက်မှာ သူကပြုံးလိုက်ပြီး
"ဒါ မစ္စရှောင်ပဲ"
ရှောင်လင်းယွီက ခေါင်းညိတ်လိုက်ကာ
"ကျွန်မ အရာရှိလီနဲ့ တခြားသူတွေကို ထပ်ပြီး ဒုက္ခပေးရဦးမယ်"
အရာရှိလီက ပြုံးလိုက်ပြီး
"ဒါအစကည်းက ကျွန်တော်တို့ တာဝန်ပဲလေ။ ကျွန်တော့်ကို မင်းအရမ်းယဉ်ကျေးနေဖို့ မလိုပါဘူး"
ပြီးနောက်မှာ သူ့အမူအယာက အရမ်းတည်ငြိမ်သွားပြီး
"မစ္စရှောင် မင်းမှာ ဘာသဲလွန်စတွေရှိလဲ?"
ရှောင်ဝမ်က ကွန်ပျူတာကို ကျောက်စားပွဲပေါ်မှာ ထားလိုက်သည်။ ပြီးနောက်မှာ ရှောင်လင်းယွီက ထိုင်လိုက်ပြီး ကီးဘုတ်ကို နည်းနည်းလောက်ခေါက်လိုက်သည်။ ချက်ချင်းပဲ ပုံတစ်ပုံပေါ်လာသည်။ ပုံထမှာ မက်စ်ဝတ်ထားတဲ့ယောက်ျားနှစ်ယောက်က စပရေးဘူးတစ်ပုလင်းကိုကိုင်ပြီး သစ်ပင်အောက်မှာ ဖြန်းနေကြတဲ့ ပုံဖြစ်သည်။
"ဒါကဘယ်မှာလဲ?"
အရာရှိလီက ဗီဒီယိုကိုမြင်ပြီး စူးစမ်းစွာ မေးလိုက်သည်။
"ဒါကျွန်မတို့မိသားစု များသောအားဖြင့် နွားကျောင်းတဲ့နေရာပဲ"
ရှောင်လင်းယွီက လေးလေးနက်နက်နဲ့ ပြောလိုက်သည်။
"များသောအားဖြင့်တော့ ကလေးတွေနဲ့ ကျွန်မတို့နွားတွေ အဲ့ဒီမှာရှိတယ်။ အရေးပေါ်အတွက် အဲ့ဒီမှာလည်း ကျွန်မ စောင့်ကြည့်ရေးကင်မရာတွေတပ်ထားခဲ့တယ်"
ကုန်းထျန်းဟောက်ရဲ့ အထောက်အထားကို ပြသလိုက်ဖို့က မသင့်လျော်ပေ။ ဒါကြောင့် ရှောင်လင်းယွီနဲ့ တခြားသူတွေက ဆွေးနွေးမှုတချို့ပြီးရင် အကြောင်းပြချက်ပေးဖို့ လာခဲ့ကြသည်။
ဒီတော့ ရှောင်မိသားစုက ဒါကိုကြားတဲ့အချိန် ထူးဆန်းတဲ့အမူအယာတွေဖြစ်ကုန်ကြသည်။ ပြီးနောက်မှာ သူတို့က ကုန်းထျန်းဟောက်ကိုကြည့်လိုက်ပြီး ရှောင်လင်းယွီကို ထပ်ကြည့်လိုက်သည်။ သူတို့မှာ မေးခွန်းတချို့ရှိပေမယ့်လည်း သူတို့ကို ကြားမဖြတ်ခဲ့ပေ။
ယွဲ့ချီလင်က ရှောင်မိသားစုကို အံ့ဩမှုကနေ ရှောင်ရစေဖို့ ကလေးတွေကို ရောင်းချခြင်းနဲ့ မသန်မစွမ်းဖြစ်တဲ့အပိုင်းကို ဖျက်ပစ်ခဲ့သည်။ စခရင်ပေါ်မှာ သူခိုးနှစ်ယောက် ပေါ်လာသည်။ ကလေးတွေကို အကဲဖြတ်ကြည့်ပြီး လောဘတွေက သူတို့မျက်လုံးထဲမှာ ပေါ်လာသည်။ ဒါပေမယ့်လည်း သူတို့ဘာပြောလိုက်မှန်း ဘယ်သူမှမသိချေ။ ဒါပေမယ့် အဆုံးမှာတော့ သူတို့တွေက ကလေးတွေကို ခေါ်မသွားခဲ့ပေ။
ဒီလိုဆိုရင်တောင် ဒီမြင်ကွင်းက ရှောင်မိသားစုကို ခြောက်လှန့်နေတုန်းဖြစ်သည်။
သူတို့က အသက်တောင်မရှုဘဲ စခရင်ကို စိုက်ကြည့်နေခဲ့ကြသည်။ သူတို့ဘာပြောလိုက်မှန်း မကြားလိုက်ရပေမယ့်လည်း သူတို့ရဲ့အမူအယာနဲ့ လုပ်ဆာင်ချက်တွေအရ ဒီလူတွေက သေချာပေါက် ကလေးတွေကို မကောင်းတဲ့ရည်ရွယ်ချက်ရှိပုံပေါ်သည်။ ကံကောင်းစွာပဲ သူတို့တွေ အဆုံးမှာ လက်လျှော့လိုက်ကြသည်။
ကပ်သီးလေးပဲ!
ကလေးလေးယောက်ကို အဝေးခေါ်သွားခံရတော့မလို့။
သူတို့သာ ပြန်ပေးဆွဲခံလိုက်ရရင် ၎င်းက ထောင်ယွမ်ရွာထဲမှာ ကံဆိုးမိုးမှောင်ကျမှုကြီးတစ်ခု ဖြစ်သွားလိမ့်မည်။ ရှောင်မိသားစုက ထောင်ယွမ်ရွာရဲ့ အပြစ်သားတွေဖြစ်လာကြလိမ့်မည်။
ကံကောင်းစွာပဲ အငြင်းပွားမှုအနည်းငယ်ပြီးသွားတော့ အမျိုးသားနှစ်ယောက်က ကလေးတွေကို ထားခဲ့ဖို့ ဆုံးဖြတ်ခဲ့ကြသည်။ ပြီးနောက်မှာ လူနှစ်ယောက်က လူထွားကြီးတွေကို ခေါ်လိုက်ကြတာကို လူတွေမြင်လိုက်ရသည်။ သူတို့က ရှောင်ကွမ်းနဲ့ တာ့ကွမ်းကို အဝေးကိုသယ်သွားသည်။
ရှောင်မိသားစုက သူတို့တွေ ပိတ်ဆို့မှုကို လွယ်လွယ်ကူကူဖြတ်သွားတာကိုမြင်တော့ အံ့ဩသွားခဲ့သည်။ ရှောင်မိသားစုက ဒါကဘာကိုဆိုလိုမှန်း မသိပေမယ့် ဒီလူတွေက အထူးလေ့ကျင့်ထားကြမှန်း အရာရှိတွေက သိလိုက်သည်။ သူတို့က အနောက်ဘက်တောင်ရွာဆီ ဦးတည်သွားခဲ့သည်။
"ဒီတော့ သူတို့က အနောက်ဘက်တောင်ရွာကို ပြန်သွားခဲ့တာပေါ့"
ဖေဖေရှောင်က ပင့်သက်ရှိုက်လိုက်သည်။
"သူတို့တွေ ငါတို့ရွာရဲ့ လုံခြုံရေးကင်မရာတွေမှာ ပေါ်မလာတာ အံ့ဩစရာမရှိတော့ဘူး"
အဲ့ဒီအချိန်မှာ အရာရှိလီရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဖြစ်တဲ့ ရှောင်ချူက နားမလည်နိုင်စွာနဲ့
"ဒီလူတွေက နွားနှစ်ကောင်ကိုခိုးဖို့ ဘာလို့အများကြီး အားစိုက်နေကြတာတုန်း?"
နွားတစ်ကောင်ကို တစ်ထောင်ကျော်ကျော်နဲ့ ရောင်းချနိုင်သည်။ ဒီတော့ နွားနှစ်ကောင်က အများဆုံး ယွမ်လေးထောင်ပဲ ရှိလိမ့်မည်။ ဒါပေမယ့်လည်း ဒီလူတွေက မေ့ဆေးတွေအသုံးပြုခဲ့၊ အထူးတလှည်လေ့ကျင့်ခဲ့ပြီးး စတာတွေ လုပ်ခဲ့သည်။ ပြန်ပေးဆွဲသူတွေက ကလေးတွေကို ပြန်ပေးဆွဲဖို့ လှုံ့ဆော်ခံလိုက်ရပေမယ့် အဆုံးကျတော့ သူတို့က နွားတွေကို ကလေးတွေအစားရွေးချယ်လိုက်တယ်။
မှောင်ခိုဈေးကွက်မှာ ကလေးတွေက ပိုပြီးတန်ဖိုးရှိတာမဟုတ်ဘူးလား?
ဒါဆိုရင် ဘာလို့ဒီလူတွေက နွားနှစ်ကောင်ကိုခိုးဖို့အတွက် ဒုက္ခတွေအများကြီးခံနေတာတုန်း?
ဒါက ပုံမှန်မဟုတ်ဘူးလေ။
ဒီမေးခွန်းနဲ့စပ်လျဉ်းပြီး အရာရှိလီနဲ့ သူ့ရဲ့တခြားလုပ်ဖော်ကိုင်ဖက်တွေ အရမ်းရှုပ်ထွေးသွားကြသည်။
ဒီလူတွေက ယွမ်၄၀၀၀အောက်ပဲတန်တဲ့ နွားနှစ်ကောင်ကို ခိုးဖို့အတွက်နဲ့ အများကြီးဒုက္ခခံခဲ့တယ်?
ဒါက ကျိုးကြောင်းမဆီလျော်ဘူးလေ။
သံသယကင်းမဲ့စွာပဲ ရှောင်မိသားစု တ်တ်ဆိတ်လို့နေသည်။ ပြီးနောက်မှာ သူတို့က ရှောင်လင်းယွီကို ပြိုင်တူကြည့်လိုက်ကြသည်။ ရှောင်လင်းယွီက ဘယ်လိုရှင်းပြရမလဲဆိုတာကို ဆုံးဖြတ်ဖို့လိုသည်။
ရှောင်လင်းယွီ ပြုံးကာ
"အရာရှိကြီးတို့ ရှင်တို့မသိလောက်ပေမယ့် ကျွန်မရဲ့နွားနှစ်ကောင်က သာမန်နွားနှစ်ကောင်မဟုတ်ပါဘူး။ အငယ်ကောင်လေးကို ကျွန်မတို့ရွာရဲ့ နွားဘုရင်ငယ်လေးလို့ ခေါ်ပါတယ်"
"နွားဘုရင်ငယ်လေး?"
အရာရှိလီနဲ့ တခြားနှစ်ယောက်က အရမ်းအံ့ဩသွားသည်။ သူတို့တွေက ဒီလိုမျိုးအကြောင်းအရာမျိုးကို ဒီတစ်ကြိမ်ပထမဆုံးကြားဖူးခြင်းပဲဖြစ်သည်။
ရှောင်လင်းယွီက ခေါင်းညိတ်ကာ
"ကျွန်မရဲ့နွားလေးက အရမ်းထူးခြားတယ်။ သူ့မစင်တွေက သီးနှံတွေကို ကောင်းကောင်းဖွံ့ဖြိုးစေတယ်။ ဒါက လူတွေက ဘာလို့သူ့ကို မျက်စိကျနေရလဲဆိုတဲ့အကြောင်းရင်း ဖြစ်နိုင်တယ်"
အဲ့ဒီအချိန်မှာ ရှောင်လင်းယွီက လေးနက်တဲ့ပုံတစ်ဝက်နဲ့ နောက်ပြောင်နေတဲ့ပုံတစ်ဝက်တို့ဖြင့်
"အရာရှိတို့ ဒါကိုလျှို့ဝှက်ထားပေးကြပါဦး!"
အရာရှိလီနဲ့ တခြားနှစ်ယောက်က အနည်းငယ်အံ့ဩသွားပြီး ခေါငိးညိတ်လိုက်ကာ
"ဒါပေါ့"
သူတို့က ထောင်ယွမ်ရွာမှာဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်တွေကို ကြားဖူးခဲ့သည်။ ထောင်ယွမ်ရွာက ခရီးသွားနေရာတစ်ခုအနေနဲ့ တည်ဆောက်ပြုပြင်ဖို့ ကုမ္ပဏီကြီးတစ်ခုဆီကနေ ရွေးချယ်ခံခဲ့ရသည်။
ရွာက အတင်းအဓမ္မဖျက်ဆီးခံရလုနီးနီးဖြစ်ခဲ့သည်။ မြို့အရာရှိနှစ်ယောက်နဲ့ ခရိုင်ခေါင်းဆောင်တွေတောင် ဒီနေရာကို ဖြိုချဖျက်ဆီးဖို့ လာရောက်ခဲ့ကြသည်။ ဒါပေမယ့် သူတို့နောက်ဆုံးမှာ လန့်ဖျပ်သွားခဲ့ကြသည်။
ဒီလိုနဲ့ နှစ်ရက်နေတော့ Zမြို့က အစိုးရမှာ လှုပ်ခါသွားခဲ့သည်။ ဘာပဲဖြစ်ဖြစ် ထောင်ယွမ်ရွာက ဘာမှမဖြစ်လိုက်ပေ။
အရာရှိလီက မတုံးအပေ။ ထောင်ယွမ်ရွာကိုကာကွယ်နေတဲ့တစ်ယောက်ယောက်ရှိရမယ်လို့ သူခန့်မှန်းမိသည်။ ၎င်းက သူတို့မဆန့်ကျင်နိုင်တဲ့ တစ်စုံတစ်ယောက်ဖြစ်သည်။
ဖွဲ့စည်းပုံထဲက လူတော်တော်များများက အရာရှိလီရဲ့ယူဆချက်ကို မျှဝေခဲ့ကြသည်။ ဒါကြောင့် လူတိုင်းက ထောင်ယွမ်ရွာကို ကိုင်တွယ်တဲ့နေရာမှာ အရမ်းသတိထားကြသည်။
အရာရှိလီက ရှောင်လင်းယွီရဲ့ရှင်းပြချက်ကိုကြားပြီး ထောင်ယွမ်ရွာကရောင်းတဲ့ တန်ဖိုးကြီးဟင်းသီးဟင်းရွက်တွေကို တွေးမိသွားတော့ နွားဘုရင်ငယ်လေးက ဒါနဲ့တစ်ခုခုသက်ဆိုင်နေရမယ်လို့ သူခန့်မှန်းမိခဲ့သည်။ မဟုတ်ရင် သူဒီလိုမျိုး ပစ်မှတ်ထားခံရမှာ မဟုတ်ပေ။ ဒါပေမယ့်လည်း အရာရှိလီက အရမ်းလည်ဝယ်တော့ ၎င်းကိုထပ်ပြီး မမေးတော့ပေ။
သူတို့တွေ သဲလွန်စတွေကိုရပြီးမှတော့ သူတို့ရဲ့စုံစမ်းစစ်ဆေးမှုကို ဆက်ဖို့ အနောက်ဘက်တောင်ရွာကို သွားကြရမည်။ ဒါက နေ့ဘက်ကြီးမှာ နွားနှစ်ကောင်ကိုခိုးသွားတဲ့ လူအုပ်စုကြီးတစ်ခုဖြစ်သည်။ ဒါကြောင့် ၎င်းက အာရုံစိုက်မှုတွေကို ဆွဲဆောင်လိုက်လိမ့်မည်။ ပြီးတော့ သူတို့တွေ နွားကိုသယ်ဖို့ ယာဉ်တွေလိုလိမ့်မည်။ ၎င်းက အစပင်။
နွားကအရမ်းထူးခြားမှတော့ အဲ့ဒီလူတွေ အရမ်းမကြမ်းသေးသရွေ့ အနည်းဆုံးတော့ သူတို့တွေ သေစေလောက်တဲ့အန္တရာယ်ထဲရှိမှာ မဟုတ်ပေ။ ညဘက်တောင်ရောက်နေလေပြီ။ အရာရှိလီက စုံစမ်းမှုကို ဆက်လုပ်ချင်ရင်တောင် ရွာသားအများစုက အိပ်နေကြလောက်ပြီ။ သူတို့မှာ မနက်ဖြန်ကျမှ ပြန်လာဖို့ကလွဲရင် ရွေးချယ်စရာမရှိပေ။
သူတို့သုံးယောက်ထွက်သွားတော့ မေမေရှောင်က သူတို့တွေယူသွားဖို့နဲ့ မြည်းကြည့်ဖို့ သရေစာတချို့ ထည့်ထားခဲ့သည်။ အရာရှိလီနဲ့ တခြားနှစ်ယောက်က မငြင်းဆိုနိုင်တဲ့အတွက် လက်ခံလိုက်ကြသည်။ အရာရှိတွေထွက်သွားပြီးတော့ ရှောင်မိသားစုက ခနတာ တိတိဆိတ်သွားသည်။
သိပ်မကြာခင်ပဲ...
ဖေဖေရှောင်က ရှောင်လင်းယွီကို ကြည့်ကာ
"ယွီအာ၊ သမီး တောင်အနောက်ဘက်မှာ ဘယ်တုန်းက စောင့်ကြည့်ရေးကင်မရာတွေ တပ်လိုက်တာလဲ?"
ရှောင်လင်းယွီက ခေါင်းခါကာ
"သမီးမတပ်ပါဘူး။ အစ်ကိုယွဲ့နဲ့ တခြားသူတွေတပ်ထားတာ"
"သူတို့ဘယ်တုန်းက ဒါကိုလုပ်လိုက်တာလဲ?"
ဖေဖေရှောင်က စူးစမ်းစွာ မေးလိုက်သည်။
"သူတို့ဒီကိုပထမဆုံးရောက်တဲ့နေ့ကတည်းက!"
"ပထမဆုံးနေ့ကတည်းက?"
ဖေဖေရှောင်နဲ့ မေမေရှောင်က ကျေးဇူးတင်စွာ ခေါင်းညိတ်လိုက်သည်။
"ငါတို့တွေ သူတို့ကို ကျေးဇူးတင်ရမယ်။ သူတို့ကြောင့်သာမဟုတ်ရင် ငါတို့တွေ သဲလွန်စတွေ ဘယ်ကရှာတွေ့မှာလဲ?"
"ဟုတ်တယ် အမှန်ပဲ"
ကုန်းထျန်းဟောက်၊ "..."
ဒါက သူ့အမိန့်လေ။
ဘာလို့ သူမဟုတ်ဘဲ သူ့လက်အောက်ငယ်သားတွေက အသိအမှတ်ပြုခံရတာလဲ?
"ဒါပေါ့ ငါတို့တွေ ထျန်းဟောက်ကို အများဆုံးကျေးဇူးတင်ရမှာပဲ"
မေမေရှောင်က ပြုံးကာ
"ထျန်းဟောက် ငါတို့ကိုထပ်ပြီးကူညီလို့ ကျေးဇူးအများကြီးတင်ပါတယ်"
ကုန်းထျန်းဟောက်က ပြုံးလျက်ဖြင့်
"ဒေါ်လေး ကျွန်တော့်ကို အရမ်းယဉ်ကျေးနေဖို့ မလိုပါဘူး"
အဲ့ဒီအချိန်မှာ ကုန်းထျန်းဟောက်ရဲ့ဖုန်းက ရုတ်တရက် ထမြည်လာသည်။
"ဟယ်လို၊ ဟုတ်ပြီ ဘယ်မှာလဲ? သူတို့က ကွမ်းမြို့လမ်းမှာပေါ့။ ကောင်းပြီ သူတို့ကိုအမြန်ဆုံးတားထားလိုက်"
ကုန်းထျန်းဟောက်က ခပ်တင်းတင်းပြောလိုက်သည်။
"နွားနှစ်ကောင်ရဲ့ဘေးကင်မှုကို သေချာအောင်လုပ်ထားပြီး သူတို့ကို အမြန်ဆုံးပြန်ခေါ်လာခဲ့"
ရှောင်မိသားစုဝင်တွေက အသက်မရှုနိုင်အောင် နားထောင်နေခဲ့ကြသည်။ ပြီးနောက်မှာ ကုန်းထျန်းဟောက်က ဖုန်းချလိုက်သည်။ သူက ပတ်ပတ်လည်ကို တစ်ချက်ကြည့်လိုက်ပြီး ရှောင်မိသားစုဝင်တွေရဲ့ တောက်ပနေတဲ့မျက်လုံးတွေနဲ့ လေးနက်တဲ့အမူအယာတွေကို သတိပြုမိသွားသည်။ သူက ၎င်းကို ခနလောက် ရယ်ချင်မိသွားသည်။
ရှောင်မိသားစုက တကယ်ချစ်စရာကောင်းတာပဲ။
ဘွားဘွားရှောင်က မေးဖို့မစောင့်နိုင်တော့ဘဲ
"ထျန်းဟောက် မင်း နွားနှစ်ကောင်ကို တွေ့ပြီလား?"
တခြားသူတွေကလည်း ကုန်းထျန်းဟောက်ကို ကြည့်နေကြသည်။
ကုန်းထျန်းဟောက်က ခေါင်းညိတ်ပြီး
"ဟုတ်ကဲ့ ကျွန်တော် သူတို့ကို ရှာတွေ့ပြီ။ သူတို့ကို ကွမ်းမြို့ အဝေးပြေးလမ်းမရဲ့ ရပ်နားစခန်းမှာတွေ့တယ်"
"ဟမ်?"
ရှောင်မိသားစုဝင်တွေ အံ့ဩသွားကြသည်။
ရှောင်လင်းယွင်က မယုံနိုင်စွာနဲ့
"ဒီနွားသူခိုးတွေက တကယ်သတ္တိရှိတာပဲ။ သူတို့က အလုပ်တန်းလန်းကြီးနဲ့ တကယ်ယာဉ်ရပ်နားစခန်းကိုသွားရဲတယ်? သူတို့က သေမင်းကိုစိန်ခေါ်နေတာပဲ"
ရှောင်လင်းယွီက နှစ်ခါလောက် ထေ့ငေါ့လိုက်ကာ
"ငါတို့တွေ သူတို့ကို အရမ်းမြန်မြန်ရှာတွေ့မယ်လို့ ထင်ကြမှာမဟုတ်ဘူး"
၎င်းက တကယ့်ကိုအမှန်ပဲဖြစ်သည်။ ကုန်းထျန်းဟောက်ကြောင့်သာမဟုတ်ရင် သူတို့ကိုအရမ်းမြန်မြန်ရှာတွေ့မှာ မဟုတ်ပေ။ ရှောင်မိသားစုက သူခိုးတွေက ကွမ်းမြို့ကို ဦးတည်နေတယ်ဆိုတာတောင် သိမှာမဟုတ်ပေ။ ပုံမှန်ဆိုရင် ဒီလိုကိစ္စမျိုးအတွက် ရဲတွေက အနီးအနားကရွာတွေနဲ့ စုံစမ်းစစ်ဆေးတာကို စတင်ကြသည်။
ဒါက တကယ့်သူခိုးတွေ သူတို့ရဲ့ထွက်ပြေးမှုကို ပြုလုပ်ဖို့ အကောင်းဆုံးအချိန်ပဲ ဖြစ်လိမ့်မည်။
ဒါ့ပြင် ဒေသခံရဲတွေက အပျင်းထူနေရင် အမှုတစ်ခုကို စတင်မှာတောင် မဟုတ်ပေ။ ကံကောင်းစွာပဲ ၎င်းက ရှင်းအန်းမြို့ရဲတွေရဲ့ ကိစ္စမဟုတ်ခဲ့ပေ။
"အခု၁ဝနာရီတောင် ဖြစ်နေပြီ။ အခိုးခံလိုက်ရတာကနေဆိုရင် ၁၅နာရီတောင်ကျော်နေပြီ"
အကြီးဆုံးဦးလေးရှောင်က
"သူတို့ ကွမ်းမြို့ကို မကြာခင် ရောက်သင့်နေပြီ"
ရှင်းယင် ခရိုင်ကနေ ကွမ်းမြို့ကို အဝေးပြေးလမ်းကနေဆို ရှစ်နာရီကြာသည်။ ဒါပေမယ့် သူခိုးတွေက ချွမ်ဖင်းခရိုင်ကနေ လမ်းလွှဲသွားခဲ့သည်။ ၎င်းက ခရီးကို နောက်ထပ်တစ်နာရီ ထပ်ကြာစေလိမ့်မည်။ ဒါပေါ့ ၎င်းက လူတစ်ယောက်က ပေါ့ပေါ့ပါးပါးခရီးသွားမှသာဖြစ်သည်။ ပြီးတော့ ဒီသူခိုးတွေက စုံစမ်းမှုတွေကိုရှောင်ဖို့ ပိုသေးငယ်တဲ့လမ်းလေးတွေကို အသုံးပြုခဲ့ကြသည်။
နွားတွေကို ချွမ်ဖင်းခရိုင်မှာ ခိုးဝှက်ဖို့ သူတို့အတွက် အချိန်ကြာလိမ့်ဦးမည်။
တွက်ကြည့်လိုက်လျှင် ကွမ်းမြို့ကိုရောက်ဖို့ သူတို့အတွက် ၁၅နာရီလောက်ကြာလိမ့်မည်။
"ဒါဆိုရင် သူတို့ဘာလို့ ကွမ်းမြို့ကို မရောက်သေးတာလဲ? အဲ့ဒီအစား သူတို့ကရပ်နားစခန်းမှာ"
အကြီးဆုံးဦးလေးရှောင်က အနီးအနားက ခရိုင်တွေကို ရောက်ဖူးတဲ့အတွက် သူ့မှာ အတွေ့အကြုံတချို့ရှိသည်။
"သူတို့တွေ ဆီကုန်သွားတာများလား?"
ရှောင်လင်းယွင်က ခန့်မှန်းကြည့်လိုက်သည်။
"ဘာပဲဖြစ်ဖြစ် သူတို့က နွားနှစ်ကောင်ကိုပဲ ခိုးသွားတာ။ ဒါကကိစ္စကြီးတစ်ခုလို့ သူတို့မထင်ကြဘူး။ ဒါက ရဲတွေ အလေးအနက်ထားဖို့အတွက်တောင် အမှုကြီးတစ်ခု မဟုတ်နေဘူး"
ဒါပေမယ့်လည်း တရုတ်မှာ အချမ်းသာဆုံးလူက ထောင်ယွမ်ရွာမှာနေနေတာကို သူခိုးတွေ မသိခဲ့ကြပေ။ ပြီးတော့ သူက အခိုးခံလိုက်ရတဲ့နွားကိုပိုင်တဲ့ မိသားစုနဲ့လည်း အရမ်းရင်းနှီးနေသည်။
ရှောင်လင်းယွီက ကုန်းထျန်းဟောက်ရဲ့ အထောက်အထားအကြောင်း သိပ်မပြောခဲ့ပေ။ ရှောင်မိသားစုသိတာက ကုန်းထျန်းဟောက်က မြို့တော်ကလူတစ်ယောက်ဖြစ်ပြီး ရေရာတဲ့ငွေနဲ့အာဏာတချို့ရှိတဲ့ စီးပွားရေးသမားတစ်ယောက်ဖြစ်ကြောင်းကိုပဲ ဖြစ်သည်။ ရှောင်မိသားစုက သူဘယ်လောက်ချမ်းသာတယ်ဆိုတာကို သိပ်မမေးခဲ့ပေ။
သူတို့က ကုန်းထျန်းဟောက်ရဲ့ သူတို့သမီးကိုပိုးပန်မှုကို ထောက်ခံပေးခဲ့ကြသည်။ အကြောင်းမှာ သူက သူမကို အရမ်းစစ်မှန်စွာ ကောင်းမွန်ပေးလို့ဖြစ်ပြီး အာဏာရှိပြီး ချမ်းသာလို့ မဟုတ်ပေ။ သူသာ ဇီဇာကြောင်နေရင် သူ့ကို ရှောင်လင်းယွီအနား အကပ်ခံမှာတောင်မဟုတ်ပေ။
ရှောင်မိသားစုက ရှောင်လင်းယွီကို ပျော်ရွှင်စေသည်။ သူတို့က သူမကို သူတို့ရဲ့ကိုယ်ပိုင်ပစ္စည်းဥစ္စာလိုမျိုး တစ်ကိုယ်ကောင်းဆန်စွာ မဆက်ဆံကြပေ။
ရှောင်မိသားစုရဲ့မျက်လုံးထဲမှာတော့ သူမအပေါ်ကိုစစ်မှန်တဲ့ ကုန်းထျန်းဟောက်ကို တွေ့ရတာ ရှောင်လင်းယွီအတွက် ကံကောင်းသည်။ ဒါကြောင့် သူတို့ရဲ့ဆက်ဆံရေးမှာ ခရီးရောက်လာတာကိုမြင်ပြီး ပျော်ရွှင်နေကြသည်။
ကုန်းထျန်းဟောက်က ဒီလိုအာဏာရှိတဲ့ပုဂ္ဂိုလ်တစ်ယောက်မှန်း ရှောင်မိသားစုမသိခဲ့ပေ။
***