Chapters

အငြင်းအခုံ

Vol. 24 Ch. 400

အငြင်းအခုံ

Vol. 24 Ch. 400

"လီတကျူး ကားကိုရပ်လိုက်။ ငါ အပေါ့သွားချင်တယ်!"

အဖြူရောင်ဗန်ကားတစ်စီးက ချွမ်-ကွမ်းကားလမ်းမပေါ်မှာ မောင်းနှင်နေခဲ့သည်။

လီတကျူး ရဲ့အမူအယာက ပြောင်းလဲသွားကာ

"ကျွန်‌တော်တို့ ကွမ်းမြို့ကို ရောက်တော့မှာလေ။ သခင်လေး အောင့်မထားနိုင်ဘူးလား?"

ချိုးရှောက်ပိုင်က

"မင်းငါ့ကို သေးပေါက်ချစေချင်တာလား? ပြီးတော့ ငါ သေး‌ပေါက်ဖို့လိုနေတာတင်မဟုတ်ဘူး။ 

ဗိုက်လည်းဆာတယ်။ ငါမနေ့ကတည်းက အသင့်စားခေါက်ဆွဲကလွဲရင် ဘာမှမစားရသေးဘူး။ တစ်ခုခု စားမှဖြစ်မယ်"

လီတကျူးက ဆက်ငြင်းလိုက်လေသည်။ "မရဘူး"

ဒါပေမယ့် ချိုးရှောက်ပိုင်က ခပ်ကျယ်ကျယ်ပြန်အော်လာခဲ့သည်။

"ဘာလို့မရရမှာလဲ? ငါတို့က ကွမ်းမြို့ နားမှာပဲဟာ။ ကွမ်းမြို့က ငါ့ဦးလေးရဲ့နယ်မြေလေ။ 

ဒီတော့ ငါတို့ လုံခြုံပါတယ်"

လီတကျူးက လေးနက်တဲ့မျက်နှာထားနဲ့

"သခင်လေးချိုး၊ အရေးပေါ်တစ်စုံတစ်ခုဖြစ်မလာအောင် ကျွန်တော်တို့ ကွမ်းမြို့ကို အမြန်ဆုံး‌ပြန်တာပဲကောင်းပါတယ်။ ဒီနွားနှစ်ကောင်က ပုံမှန်နွားတွေနဲ့ လုံးဝမတူတာကို သခင်လေးလည်း သတိထားမိမှာပါ။ "သာမန်နွားတွေက ကျွန်တော်တို့ဆီက ဆေးနဲ့ဖြန်းခံရရင် အနည်းဆုံးဆယ်နာရီလောက် အိပ်ပျော်သွားတာ။ ဒါပေမယ့် ဒီနှစ်ကောင်က သုံးနာရီအတွင်း နိုးလာတယ်။ ပြီးတော့ သူတို့ကအရမ်းဆူတယ်။ ခနခနကို သူတို့က ကားမင်းတုံးတွေကိုဖွင့်ပြီး ထွက်ပြေးကြတော့မလို့ပဲ။ ဒါကြောင့် ဒီနွားနှစ်ကောင်ကို ဘော့စ်ဆီ အမြန်ဆုံးပို့လိုက်တာ ကျွန်တော်တို့အတွက် ပိုကောင်းတယ်"

လီတကျူးက အစမှာ ငြင်းဆိုလိုက်သည်။

ဘာလို့သူတို့ဘော့စ်က ဝေးလံတဲ့တောင်ရွာတစ်ရွာဆီကနေ ဒီနွားနှစ်ကောင်ကိုခိုးဖို့ အများကြီး ဒုက္ခခံနေရတာလဲ?

သူတို့တွေ စုံစမ်းမေးမြန်းဖို့ ထောင်ွယွမ်ရွာကို ပြန်သွားပြီးတော့ နွားက တကယ့်ကို နွားဘုရင်ငယ်လေးမှန်း သိသွားကြသည်။ သူ့ရဲ့မစင်က သီးနှံတွေကို ကောင်းကောင်းဖွံဖြိုးစေရုံတင်မကဘဲ အရသာကိုလည်း အရမ်းတစ်မူထူးခြားစေသည်။

နွားဘုရင်လေးကိုပိုင်တဲ့မိသားစုက သူတို့သီးနှံတွေကို ဈေးမြင့်မြင့်နဲ့ရောင်းနေတယ်လို့လည်း သူတို့ကြားခဲ့သည်။ ပြီးတော့ သူတို့က အမြဲတမ်း ခနလေးနဲ့ပစ္စည်းပြတ်သည်။

နှစ်ဝက်အတွင်းမှာ အဲ့ဒီမိသားစုက သာမန်လယ်သမားမိသားစုကနေ အဖိုးတန်သန်းပေါင်းများစွာနဲ့ လယ်သမားမိသားစုတစ်ခု ဖြစ်လာခဲ့သည်။

ဒီလိုဆက်သွားရင် သူတို့တွေက မီလီယမ်နာ ဒါမှမဟုတ် ဘီလီယံနာတောင် ဖြစ်လာနိုင်သည်။

နွားဘုရင်ငယ်လေးက ရွှေငန်းပဲဖြစ်သည်။

ကွမ်းမြို့က စိုက်ပျိုးရေးဘုရင်အနေနဲ့ သဘာဝကျကျပဲ သူတို့ရဲ့ဘော့စ်က ဒီနွားဘုရင်ငယ်လေးအကြောင်းကြားတော့ စိတ်ဝင်စားသွားခဲ့သည်။ ဒါကြောင့် သူတို့ရဲ့ဘော့စ်က တာဝန်အတွင်းမှာ သူတို့ကို သိုသိုသိပ်သိပ်လုပ်ဖို့နဲ့ နွားဘုရင်ငယ်လေးနဲ့ အမြန်ဆုံးပြန်လာခဲ့ဖို့ ထပ်ခါထပ်ခါ သတိပေးခဲ့သည်။

လီတကျူးက သူတို့ဘော့စ်ရဲ့ညွှန်ကြားချက်ကို လိုက်နာခဲ့သည်။ မလိုလားအပ်တဲ့ပြဿနာတွေကို ရှောင်ရှားဖို့အတွက် သူက ကလေးတွေကိုပြန်ပေးဆွဲမယ့် ချိုးရှောက်ပိုင် ရဲ့အကြံကို တင်းတင်းမာမာပဲ ငြင်းဆိုခဲ့သည်။

သူတို့က ဘော်ဒီဂတ်တွေလေ။

လူကုန်ကူးသမားတွေမှ မဟုတ်ဘဲ။

ချိုးရှောက်ပိုင်က သူ ကလေးတွေကို မသန်မစွမ်းဖြစ်အောင်လုပ်ပြီး တောင်းရမ်းဖို့လွှတ်လိုက်မယ်လို့ပြောတော့ လီတကျူး ရှော့ခ်ရသွားခဲ့သည်။ ၎င်းက ချိုးရှောက်ပိုင် သူ့ကို သစ္စာ‌မဖောက်ခင် အချိန်ကကိစ္စပဲဖြစ်သည်။

လီတကျူးက ဘော့စ်အတွက် ကောင်းကျိုးတွေပေးပြီးရင် ဒီအလုပ်ကိုထွက်ဖို့ စီစဉ်ထားခဲ့သည်။ သူ့အသိစိတ်ဓာတ်ကို ဆန့်ကျင်ပြီး တစ်ခုခုလုပ်မယ့်အစား သူက သာမန်လုံခြုံရေးအစောင့်တစ်ယောက် ဖြစ်လာနိုင်သည်။ ဒါပေမယ့်လည်း ကိစ္စတွေအများကြီးက သူလိုချင်တဲ့နည်းအတိုင်း မသွားခဲ့ပေ။

ချိုးရှောက်ပိုင်က လီတကျူး ကားမရပ်ချင်တာကိုမြင်တော့ အရမ်းဒေါသထွက်သွားသည်။ သူက လီတကျူးကို ထိုးပြလိုက်ပြီး ဆဲရေးလိုက်ကာ

"လီတကျူး၊ မင်းကိုယ်မင်းဘယ်သူလို့ထင်နေတာလဲ? ငါ့ကိုတားရအောင် မင်းကဘယ်သူမလို့လဲ? မင်းက ငါ့ဦးလေးရဲ့ခွေးတစ်ကောင်ပဲ။ ဒီတော့ တစ်နည်းပြောရရင် မင်းက ငါ့ခွေးပဲ! လာစမ်းပါ ခွေလေး ခွေးလေး၊ မင်းက ငါ့အမိန့်တွေကို ငြင်းနိုင်မယ်များ ထင်နေတာလား?

မင်းက ငါ့မျက်လုံးထဲမှာတော့ ခွေးတစ်ကောင်ထက်မပိုဘူး။ မင်းဘဝက ခွေးတစ်ကောင်ထက် မသာတော့အောင်ကို ကံဆိုးနေတာ!"

ဝှစ်ခနဲအသံတစ်ခုနဲ့ ကားက မြန်မြန်ဆန်ဆန်ရပ်သွားသည်။

***