← Chapters

ဖမ်းဆီးခြင်း

Vol. 24 Ch. 401

ဖမ်းဆီးခြင်း

Vol. 24 Ch. 401

မီနီဗန်ကရပ်တန့်သွားတော့ နောက်ကလိုက်လာတဲ့ ခုနစ်ယောက်စီးကားတစ်စီးကလည်း ရုတ်ခနဲရပ်သွားသည်။

'ဘာလို့ရှေ့ကကားက ရုတ်တရက်ကြီးရပ်လိုက်တာလဲ?'

မီနီဗန်က ရုတ်တရက် ဘရိတ်အုပ်လိုက်သည်။

လီတကျူးကို တစ်ချိန်လုံးစော်ကားနေတဲ့ ချိုးရှောက်ပိုင်က ရုတ်တရက် ရပ်တန့်လိုက်မှုကြောင့် ကားဒိုင်ခွက်ဘောင်နဲ့ ‌ခေါင်းနဲ့ ဆောင့်မိသွားခဲ့သည်။ ပြီးနောက်မှာ သူက ဒယိမ်းဒယိုင်ဖြစ်သွားသည်။

"အား!"

ချိုးရှောက်ပိုင်က ထိုင်ခုံခါးပတ် ပတ်မထားပေ။ မကြာခင်ပဲ နီရဲပြီးဖူးယောင်နေတဲ့ အဖုတစ်ခု သူ့ခေါင်းမှာပေါ်လာသည်။

ချိုးရှောက်ပိုင်က သူ့ရဲ့သွေးထွက်နေတဲ့နဖူးကို ကိုင်ထားပြီး ဒေါသတကြီးနဲ့

"လီတကျူး၊ ခွေးကောင်။ မင်းသေချင်လို့လား?"

လီတကျူးရဲ့ မျက်နှာက ဒေါသထွက်နေသည်။ သူပြန်ရုပ်သိမ်းထားရတဲ့ ဒေါသရေးရေးတောင် ရှိနေသေးသည်။ သူက ချိုးရှောက်ပိုင်ရဲ့ အရှက်ခွဲမှုကြောင့ ဒေါသထွက်နေခဲ့သည်။ ဒါပေမယ့်လည်း သူကတခြားဖက်ရဲ့အထောက်အထားကို တွေးလိုက်ပြီးနောက်မှာတော့...

လီတကျူးက အသက်ပြင်းပြင်းရှုလိုက်ပြီး 

"သခင်လေးချိုး၊ သခင်လေးစားဖို့နဲ့ အပေါ့သွားဖို့လိုတာ မဟုတ်ဘူးလား? ကျွန်တော်တို့ ရပ်နားစခန်းမှာ ရပ်လိုက်မယ်"

ချိုးရှောက်ပိုင်ရဲ့ ဒေါသက လိမ့်တက်လာပြီး စိတ်ဆိုးမာန်ဆိုးနဲ့

"လီတကျူး မင်းရူးနေလား? ရပ်ရမယ့်ကိစ္စလေးတင် 

ဒါပေမယ့် မင်းကဘာလို့ ရုတ်တရက်ကြီး ဘရိတ်အုပ်ပစ်တာလဲ?"

လီတကျူးက အေးစက်စွာနဲ့

"အခုလေးတင် ရှေ့မှာကားတစ်စီးရှိနေတာ။ ကျွန်တော်သာ ဘရိတ်မနင်းရင် အဲ့ကားကို ဝင်တိုက်မိမှာပေါ့။ သခင်လေးက သေရမှာမကြောက်ပေမယ့် ကျွန်တော်ကကြောက်တယ်"

ဒါကိုပြောပြီးတော့ သူက ကားစက်နှိုးလိုက်ပြီး ရှေ့ဆက်သွားခဲ့သည်။

ချိုးရှောက်ပိုင်ရဲ့မျက်နှာက နီတစ်လှည့် ဖြူတစ်လှည့်ဖြစ်နေသည်။ သူက ကြောက်ရွံ့ပြီး စိတ်‌တိုနေသည်။ သူက သွားတွေကိုကြိတ်ရင်း ဆဲရေးနေတော့သည်။

"လီတကျူး၊ မင်းခွေးကောင်!"

သူ၎င်းကိုပြောနေရင်း သူ့နဖူးကိုထိလိုက်ပြီး သူ့လက်ဖဝါးက သွေးတွေနဲ့ပြည့်နေသည်။ သူ့မျက်လုံးတွေထဲကနေ မုန်းတီးခြင်းတွေရုတ်တရက်ထွက်ပေါ်လာပြီး ကျယ်လောင်စွာနဲ့

"မင်းငါ့ကို ဒဏ်ရာရအောင်လုပ်တယ်။ မင်းစောင့်နေလိုက်၊ ငါတို့တွေ ကွမ်းမြို့ကို ပြန်ရောက်ရင် ငါ့ဦးလေးကို မင်းကို သင်ခန်းစာတစ်ခုပေးခိုင်းမယ်!"

လီတကျူးက အေးစက်စွာနဲ့

"လုပ်ပေါ့"

ပြီးနောက်မှာ သူက ဒီတာဝန်တစ်လျှောက်လုံး ချိုးရှောက်ပိုင် ကို ခေါ်လာတာကို နောင်တရခဲ့သည်။ သူပိုပြီးနောင်တရတာက ဒီတာဝန်ကို လက်ခံမိလိုက်တာပဲဖြစ်သည်။ ၎င်းက သူ့အသက်မွေးဝမ်းကျောင်းအတွက် စော်ကားမှုပဲဖြစ်သည်။

သူက ဒါကိုလုပ်ဖို့ လုံခြုံရေးကုမ္ပဏီမှာ နှစ်နှစ်လောက် လေ့ကျင့်ခဲ့ရတာလား?

ဒါပေမယ့်လည်း အခုက နောင်တရဖို့ အရမ်းနောက်ကျသွားပြီ။ လုပ်ဆောင်ချက်က ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။

လီတကျူးက အေးအေးဆေးဆေးနဲ့ ကားပါကင်ဆီမောင်းလာနေတုန်း ချိုးရှောက်ပိုင်က တစ်လျှောက်လုံး ဆဲဆိုနေခဲ့သည်။ နောက်ဘက်ကကားထဲက လူတွေက မျက်မှောင်ကျုံ့လိုက်ကြသည်။ သူတို့က ကွမ်းမြို့ကို ရောက်တော့မှာလေ။

ဒါကို ဘာလို့သူတို့တွေ ရပ်နားစခန်းမှာ နားနေတာလဲ?

တစ်ခုခုများဖြစ်လို့လား?

လူတွေစိုးရိမ်ကုန်ကြသည်။ သူတို့တွေ ထောင်ယွမ်ရွာမှာကတည်းက လှည့်ပတ်မေးမြန်းလာခဲ့ကြသည်။ နွားနှစ်ကောင်က သာမန်နွားနှစ်ကောင်မဟုတ်ပေ။ သူတို့ကိုဆုံးရှုံးသွားတဲ့မိသားစုက ရဲကိုခေါ်လိမ့်မည်။ ရဲတွေသာ သူတို့ကို ခြေရာကိုလိုက်လာရင် ရဲတွေသူတို့ကို မိသွားနိုင်သည်။

"ဘာတွေဖြစ်နေတာလဲ? ဘာလို့ ဘော့စ်ကရပ်လိုက်တာလဲ?"

"သူဆီကုန်သွားလို့များလား?"

ကားထဲက လူတချို့ နားမလည်နိုင်ဖြစ်သွားကြသည်။

"မဖြစ်နိုင်ဘူး။ ငါတို့ပစ္စည်းခန်းထဲမှာ ဆီအပိုတွေရှိတယ်မဟုတ်ဘူးလား?"

"ဟုတ်သားပဲ ဒါဆို သူတို့ဘာလို့ရပ်လိုက်တာလဲ? သူတို့တွေ အမှိုက်ပစ်ချင်လို့များလား?"

ဒါတွေက ယဉ်ကျေးတဲ့လူတွေ မဟုတ်ကြပေ။

"ငါတို့ သူတို့နောက်လိုက်သင့်လား?"

"မင်းဘယ်လိုထင်လဲ?"

သူ့ဘေးကသူက မျက်စိကစားလိုက်ပြီး 

"ငါတို့တာဝန်က ဒီနွားနှစ်ကောင်ကို ကွမ်းမြို့ကို ဘေးကင်းကင်းပို့ပေးဖို့ပဲ"

"အိုး ဒါဆိုလည်း လိုက်ကြတာပေါ့"

သူတို့လုပ်နိုင်တာ ဘာမှမရှိပေ။

လီတကျူးက ကားကို ပါကင်ထိုးလိုက်သည်။ အရေးပေါ်မတော်တဆတွေအတွက် သူက စပရေးကိုထုတ်လိုက်ပြီး နွားနှစ်ကောင်ကို နှစ်ကြိမ်ဖြန်းလိုက်သည်။ ၎င်းက ရှောင်ကွမ်းနဲ့ တာ့ကွမ်းအဖို့ ပြင်းလှသည်။ သူတို့ကနိုးရုံပဲရှိသေးတာကို ထပ်ပြီး အလဲထိုးခံလိုက်ရပြန်သည်။

သူတိုနောက်ကကားပါကင်ထိုးပြီးတော့ ကားထဲက လူအားလုံး ထွက်လာသည်။ အနက်ရောင်နဲ့လူကိုးယောက်ရှိသည်။ သူတို့တွေအကုန်လုံးကာ အရပ်ရှည်ကာ လူကောင်ကြီးပြီး ကြမ်းတမ်းရက်စက်ပုံပေါ်သည်။ သူတို့ကို သတိပြုမိဖို့လွယ်သည်။

လီတကျူး နဲ့ တခြားအနက်‌ရောင်နဲ့လူနှစ်ယောက်က စားသောက်ဆိုင်ဆီ ချိုးရှောက်ပိုင် နောက် လိုက်သွားကြသည်။ တခြားငါးယောက်က ကားထဲကနေထွက်လာပြီးတော့ ချက်ချင်း ဝိုင်းအုံပြီး ထရက်အငယ်လေးကို စောင့်ကြပ်လိုက်ကာ ဘယ်သူ့ကိုမှ အနားကပ်မခံပေ။

ဖြတ်သွားဖြတ်လာတချို့က စူးစမ်းလိုပြီး ထရက်ကားလေးထဲက ဘာလဲဆိုတာကို တွေ့ချင်နေကြသည်။ ဒါပေမယ့်လည်း သူတို့က အနက်ရောင်နဲ့လူတွေဆီကနေ မောင်းထုတ်ခံလိုက်ရသည်။ ဖြတ်သွားဖြတ်လာတွေက ဘာဒုက္ခမှမကြုံချင်ပေ။ ဒါကြောင့် သူတို့ ထွက်သွားလိုက်ကြသည်။

"တင်ပြပါတယ်၊ ၁၀၁တည်နေရာနားမှာ သံသယဖြစ်ဖွယ်လှုပ်ရှားမှုတစ်ခုရှိတယ်။ ကျေးဇူးပြုပြီး ညွှန်ကြားချက်ပေးပါ"

ရပ်နားစခန်းမှာနေရာယူထားတဲ့ အရပ်ဝတ်နဲ့အရာရှိတစ်ယောက်က သတင်းပေးလိုက်သည်။ သူက သူ့အထက်လူကြီးဆီကနေ အမိန့်ရကတည်းက အာရုံစိုက်နေတာဖြစ်သည်။ နွားနှစ်ကောင်ကိုခိုးသွားတဲ့ လူကိုးယောက်ရှိတယ်လို့ သူ့ကိုပြောခဲ့သည်။ သူတို့တွေအားလုံးက အနက်ရောင်ဝတ်ထားပြီး ကောင်းမွန်စွာလေ့ကျင့်ခံထားရသည်။

"နားလည်ပါပြီ"

၁၀၁က ဒီအခြေအနေကို တင်ပြပြီးတော့ အဲ့ဒီလူတွေအပေါ်မှာ မျက်စိရှင်ရှင်ထားနေပြီး သူတို့တွေ စားသောက်ဆိုင်ထဲ ဝင်သွားတာကို ကြည့်နေခဲ့သည်။

"ဒီတော့ သူတို့တွေ ဗိုက်ဆာလို့ ရပ်လိုက်ကြတာပေါ့"

"၁၀၁ ၁၀၁ ကျေးဇူးပြုပြီး သတင်းပို့ပါ။ သံသယဖြစ်ဖွယ်ပစ်မှတ်ရဲ့အခြေအနေကို ကျေးဇူးပြုပြီးတင်ပြပါ!"

အဲ့ဒီအချိန်မှာ စကားပြောစက်ကနေ အသံတစ်ခုထွက်လာသည်။

"တင်ပြနေပါတယ်။ လူလေးယောက်စားသောက်ဆိုင်ထဲဝင်သွားပြီး ငါးယောက်က အပြင်မှာနေခဲ့ပါတယ်"

၁၀၁က တင်ပြခဲ့သည်။

"၁၀၁ အခြေအနေကို သွားစစ်ဆေးကြည့်ချေ!"

တခြားအမိန့်တစ်ခု ရောက်လာသည်။

"ဟုတ်ကဲ့!"

၁၀၁က အမိန့်ကို လက်ခံလိုက်သည်။

၁၀၁က ချက်ချင်းပဲ ဝေါ်ကီတော်ကီကို ဝှက်လိုက်ပြီး သူ့အဝတ်အစားတွေကို သပ်သပ်ရပ်ရပ်လုပ်လိုက်သည်။ အပြင်ပန်းကနေဆို သူကသာမန်လူတစ်ယောက်နဲ့တူသည်။ သူက အနက်ရောင်လူတွေနဲ့ အဖြူရောင်ဗန်ကားလေးရှေ့ကနေ ဖြတ်လာသည်။

ဗန်ကားက သက်ရှိတွေကို တင်ထားမှတော့ ၎င်းကို လုံးဝကြီးချိပ်ပိတ်မထားနိုင်ပေ။ အနည်းဆုံးတော့ အက်ကြောင်းတချို့ ပေါ်နေလောက်သည်။ တာ့ကွမ်းနဲ့ ရှောင်ကွမ်းက သာမန်နွားတွေနဲ့ မတူပေမယ့်လည်း သူတို့တွေကလည်း နွားတွေပဲလေ။ သူတို့တွေ ဘယ်လောက်ပဲ သန့်ရှင်းသန့်ရှင်း နွားအနံ့တွေကိုတော့ ထုတ်လွှတ်နေတုန်းဖြစ်သည်။

၁၀၁ရဲ့ အနံ့ခံအာရုံက အရမ်းစူးရှသည်။ သေးငယ်တဲ့အပေါက်ကလေးကနေ သူက နွားတွေကို အနံ့ခံနိုင်သည်။ ခနကြာပြီးတော့ ၁၀၁က ထောင့်တစ်ခုကို လျှောက်သွားပြီး ဖုန်းကိုထုတ်ကာ တင်ပြလိုက်သည်။

"၁၀၁ တင်ပြနေပါတယ်။ ၁၀၁ တင်ပြနေပါတယ်။ ပစ်မှတ်ကို အတည်ပြုပြီးပါပြီ။ ပစ်မှတ်ကို အတည်ပြုပြီးပါပြီ။ ကျေးဇူးပြုပြီး ညွှန်ကြားချက်ပေးပါ!"

"၁၀၁ ပစ်မှတ်ကို ချဉ်းကပ်ပါ။ မဆင်မခြင်လုပ်ဆောင်ချက်တွေမလုပ်ပါနဲ့။ အကူအညီတွေ မကြာခင်လာမယ်!"

"ဟုတ်ကဲ့ပါ!"

၁၀၁က အရမ်းလေးလေးနက်နက်ပြောလိုက်သည်။ ပြီးနောက် သူက ဝေါ်ကီတော်ကီကို ဝှက်ထားလိုက်ပြီး ခြေရာခံစက်ကို သူ့အင်္ကျီလက်ထဲမှာ ထားလိုက်သည်။ သူက ကားသော့တွဲတစ်ခုကိုကိုင်ရင်း လှည့်ပတ်ကြည့်နေခဲ့သည်။ ပြီးနောက်မှာ သူက စားသောက်ဆိုင်ထဲ ဝင်သွားလိုက်သည်။

စားသောက်ဆိုင်ကအစားအစာတွေက သိပ်တပ်မက်ဖွယ်မရှိလှပေ။

ချိုးရှောက်ပိုင်က အလိုလိုက်ခံထားရတဲ့ သခင်လေးတစ်ယောက်လေ။ ဒါကြောင့် သူမကျေနပ်လှပေ။ သူက မွှေကြော်တချို့နဲ့ ပင်လယ်စာတွေ မှာလိုက်သည်။ ပြီးနောက်မှာ သူက ဝိုင်ပုလင်းတချို့လည်း မှာလိုက်သည်။

ဝိတ်တာက သူတို့ကို ချိုးရှောက်ပိုင် တောင်းဆိုထားတဲ့ သီးသန့်အခန်းဆီ လမ်းညွှန်ပေးလိုက်သည်။

လီတကျူးရဲ့မျက်နှာက စားပွဲပေါ်က ဝိုင်ဖြူပုလင်းတချို့ကိုကြည့်ရင်း မဲမှောင်လာသည်။

သူက အရမ်းလေးလေးနက်နက်နဲ့

"သခင်လေးချိုး၊ ကျွန်တော်တို့က တရားဝင်တာဝန်လုပ်ဆောင်နေဆဲပါ။ ကျွန်တော်တို့ သောက်လို့မရဘူး!"

ချိုးရှောက်ပိုင်က အထင်အမြင်သေးစွာနဲ့

"ငါတို့က နွားနှစ်ကောင်ကို ရွှေ့ပြောင်းနေရုံတင်။ ဘာလို့အရမ်းအတည်ကြီးဖြစ်နေတာလဲ?"

ဒီတစ်ကြိမ်မှာ လီတကျူးက မရမကတောင်းဆိုလိုက်သည်။

သူက တင်းတင်းမာမာနဲ့

"သခင်လေး အပေါ့အလေးသွားချင်ရင် သွားလို့ရတာပဲ။ ဒါပေမယ့် သောက်လို့မရဘူး!"

အရက်က အရမ်းဒုက္ခပေးသည်။ သူတို့က သူတို့တာဝန်ကိုတောင် မပြီးသေးဘူးလေ။ သူတို့က နွားနှစ်ကောင်ကို ကွမ်းမြို့ကို ပြန်ပို့ရဦးမည်။

ချိုးရှောက်ပိုင်က ဒါပြီးရင် သူလုပ်ချင်တာမှန်သမျှလုပ်နိုင်သည်။ ဒါပေမယ့် တာဝန်မပြီးသေးခင်တော့ သောက်တာက မဖြစ်နိုင်ပေ။

လီတကျူးရဲ့ ယတိပြတ်သဘောထားကိုမြင်တော့ ချိုးရှောက်ပိုင် ထပ်ပြီး စိတ်တိုသွားပြန်သည်။

သူက ဒေါသတကြီး အော်ဟစ်ကာ

"လီတကျူး၊ ငါ့ကိုခက်ခဲအောင် လာမလုပ်နဲ့။ မင်းက ငါ့ကို အမိန့်ပေးလို့ရမယ်များ ထင်နေလား?

မင်းက ခွေးတစ်ကောင်သာသာပဲ။ ငါ့ကိစ္စမှာ ဘယ်လိုတောင် ဝင်စွက်ဖက်ရဲတာလဲ?"

ပြီးနောက်မှာ သူက စားပွဲပေါ်က ဝိုင်ဖြူတစ်ပုလင်းကို ဆွဲယူလိုက်ပြီး သူ့ပါးစပ်ထဲ လောင်းထည့်လိုက်သည်။ ပြီးတော့ သူက လီတကျူးကို ပျက်ရယ်ပြုတဲ့အမူအယာနဲ့ကြည့်လိုက်ပြီး ထေ့ထေ့ငေါ့ငေါ့နဲ့

"အုစ်၊ ငါသောက်လိုက်ပြီပဲ။ မင်းငါ့ကို ဘာလုပ်နိုင်မလဲ? မင်းငါ့ကို ထိရဲရင် ထိကြည့်လိုက်လေ"

ပြီးနောက်မှာ သူက ဝိုင်တစ်ပုလင်းလုံးကို သောက်ပစ်လိုက်သည်။

လီတကျူး နဲ့ သူ့နောက်က သူ့ညီအစ်ကိုနှစ်ယောက်က အရမ်းဒေါသထွက်သွားပြီး မျက်နှာတွေဖြူဖပ်ကုန်ကြသည်။ သူတို့မျက်လုံးတွေက မီးတောက်နေသည်။ သူတို့လက်သီးတွေကို တင်းတင်းကျပ်ကျပ်ဆုပ်ထားလိုက်ပြီး အပြာရောင်သွေးကြောတွေတောင် ပေါ်လာသည်။ သူတို့က ချိုးရှောက်ပိုင် ကို အမှန်တကယ်ကို သတ်ပစ်ချင်နေကြသည်။

ဒီလူက သူတို့ကို တစ်နေ့ကုန် ဆဲရေးစော်ကားနေတာလေ။

သူတို့က ဘော်ဒီဂတ်တွေပဲ ဒါပေမယ့် ဘော်ဒီဂတ်တွေကလည်း ဂုဏ်ရှိတဲ့အသက်မွေးဝမ်းကျောင်းပဲလေ။

ဒါပေမယ့်လည်း ချိုးရှောက်ပိုင် မျက်လုံးထဲမှာတော့ သူတို့က ‌အစောင့်ခွေးတွေနဲ့ ဘာမှမကွာခြားပေ။  သူတို့ကို ချိုးရှောက်ပိုင်ရဲ့ ဦးလေးက ခန့်ထားတဲ့အတွက် သူဒီလိုခံစားမိနေခြင်းဖြစ်သည်။ လီတကျူးရဲ့နောက်က ဘော်ဒီဂတ်တစ်ယောက်က သူ့ဒေါသကို ဖိနှိပ်ထားလိုက်ပြီး လီတကျူး ကိုကြည့်ကာ

"ဘော့စ် ကျွန်တော်တို့အခု ဘာလုပ်သင့်လဲ?"

လီတကျူးက လက်သီးတင်းတင်း‌ဆုပ်ထားလိုက်ပြီး သူ့ရဲ့စူးရှတဲ့မျက်လုံးတွေက ရက်စက်မှုတွေ ၊ခိုင်မာမှုတွေနဲ့ ပြည့်နေခဲ့သည်။

သူက အေးစက်စွာနဲ့

"သူ့ကို အလဲထိုးပြီး ‌ဆွဲထုတ်သွားလိုက်!"

သူတို့က သောက်ဖို့အတွက် ချိုးရှောက်ပိုင် နဲ့ မချိတ်ဆက်နိုင်ပေ။ အကျိုးဆက်တွေက စိတ်ကူးမယဉ်နိုင်စရာပဲဖြစ်သည်။ သူတို့က ချိုးရှောက်ပိုင်ကိုလည်း နောက်မှာပဲ မထားခဲ့နိုင်ပေ။

သူတို့က ဒါကို သူတို့ဘော့စ်ကို ဘယ်လိုရှင်းပြရမှာလဲ?

ဒါကြောင့် သူတို့က ချိုးရှောက်ပိုင် ကို အတင်းအကျပ်ပဲ အဝေးကို ခေါ်သွားနိုင်မည်။

ချိုးရှောက်ပိုင်က လီတကျူး နဲ့ တခြားသူတွေကို အထင်သေးစွာကြည့်ရင်း စားသောက်နေခဲ့သည်။ ဒါပေမယ့်လည်း လီတကျူးက သူ့ကိုအလဲထိုးပြီး အဝေးခေါ်ထုတ်သွားမယ်ဆိုတာ ကြား‌တော့ သူ့အမူအယာက ရုတ်တရက်ပြောင်းသွားပြီး ခပ်တင်းတင်းအော်လိုက်သည်။

"လီတကျူး၊ မင်းမလုပ်ရဲပါဘူး!"

သူ့တစ်ကိုယ်လုံးက နိုးကြားလာပြီး သတိဝီရိယရှိလာသည်။

ချိုးရှောက်ပိုင်က တေလေဂျပိုးတစ်ယောက်ဖြစ်သည်။ သူက ကျွမ်းကျွမ်းကျင်ကျင်လေ့ကျင်ထားတဲ့ လီတကျူးကို ရှုံးလိမ့်မည်။ ပြီးတော့ သူက လူတစ်ယောက်တည်းအစား သုံးယောက်ကို တိုက်ရမှာဖြစ်သည်။

လီတကျူးက လေးလေးနက်နက်နဲ့

"ဒါဆို ငါထပ်မေးမယ် သခင်လေးချိုး။ သခင်လေးအခု ကိုယ့်ဟာကိုထွက်သွားချင်လား? ဒါမှမဟုတ်ရက် ကျွန်တော်တို့ကို ကိုယ်တိုင်ခေါ်ထုတ်သွားစေချင်လား?"

ချိုးရှောက်ပိုင်က ဆက်ပြီး လေကျယ်နေတုန်းပင်။

"လီတကျူး၊ မင်းကများ! ငါဒါကို ငါ့ဦးလေးနဲ့တိုင်ပြောမယ်။ ပြီးရင် သူကမင်းကို ပြင်းပြင်းထန်ထန်အပြစ်ပေးလိမ့်မယ်!"

လီတကျူးက အေးအေးဆေးဆေးနဲ့

"ဂရုမစိုက်ဘူး!"

သူက ဒီအလုပ်ပြီးရင် နဂိုကတည်းက နှုတ်ထွက်ဖို့စီစဉ်ထားသည်။

ပြီးနောက်မှာ သူက မျက်နှာထားတင်းတင်းနဲ့

"အခုသွားမလား မသွားဘူးလား?"

ချိုးရှောက်ပိုင်က ဒါကိုကြားတော့ အမူအယာပြောင်းသွားသည်။ ပြီးနောက်မှာ သူက အစားအသောက်တွေပြည့်နေတဲ့စားပွဲကို စိတ်မပါလက်မပါ တစ်ချက်ကြည့်လိုက်သည်။ ဒေါသထွက်နေတဲ့အမူအယာနဲ့ သူ့သွားတွေကိုကြိတ်ကာ

"ကောင်းပြီ ငါသွားမယ်!"

ဒါပေမယ့် သူ့စိတ်ထဲမှာတော့ 

'ငါတို့‌တွေ ငါ့ဦးလေးဆီပြန်ရောက်ရင် မင်းကို ငါသင်ခန်းစာတစ်ခု ကောင်းကောင်းသင်ပေးမယ်။ မင်းငါ့ကိုပေးတဲ့ စော်ကားမှုနဲ့ ခြိမ်းခြောက်မှုတွေအတွက် အဆတစ်ရာပြန်ပေးဆပ်ပစ်မယ်။'

လီတကျူးက တိတ်တဆိတ်နဲ့ စိတ်သက်သာစွာ သက်ပြင်းချလိုက်သည်။ နောက်တစ်ကြိမ်ကျရင်တော့ သူက ဒီလိုဒုက္ခပဲပေးတတ်တဲ့သခင်လေးနဲ့ အတူတူမရှိချင်ပေ။

ချိုးရှောက်ပိုင်က ထပြီး သူတို့လေးယောက် ထွက်သွားဖို့ လှည့်လိုက်တေ့ာမလို့မှာပဲ...

အပြင်ဘက်တံခါးက‌နေ အသံတစ်သံ ထွက်လာသည်။

"မင်းတို့တစ်ယောက်မှ ထွက်မသွားနိုင်ဘူးလို့ ထင်တယ်"

သူတို့လေးယောက်က ကြည့်လိုက်ကြပြီး တခြားတစ်ဖက်က အဖြူရောင်အရပ်ဝတ်နဲ့ လူတစ်ယောက်မှန်း သဘောပေါက်သွားကြငည်။ သူတို့တွေက သူ့ကို မမှတ်မိပေ။ သူ့နောက်မှာ အနက်ရောင်နဲ့ လူ ငါးယောက် ခြောက်ယောက်လောက်ရှိပြီး ဘေးကဝိုင်းကြည့်တဲ့လူအုပ်နဲ့ ဝန်းရံနေသည်။

ချိုးရှောက်ပိုင်က စိတ်တိုသွားသည်။

သူက အရမ်းဒေါသထွက်နေတဲ့လေသံနဲ့ 

"မင်းကဘယ်သူလဲ? မင်းမှာ ငါတို့ကို ဘာတားပိုင်ခွင့်ရှိလို့လဲ? ပျောက်သွားစမ်း"

စစ်ထူရှင်းက ပြုံးကာ

"ငါတို့ကဘယ်သူတွေတဲ့လဲ? ငါတို့က ကုန်းမိသားစုရဲ့Imperialလုံခြုံရေးကုမ္ပဏီကပဲ"

သူဒါကိုပြောလိုက်တာနဲ့ လီတကျူးနဲ့ တခြားသူတွေရဲ့ အမူအယာတွေ ပြောင်းသွားကြသည်။

အဲ့ဒီအချိန်မှာ ချိုးရှောက်ပိုင်က ထေ့ငေါ့လိုက်သည်။

"ဟား ဘာImperialလုံခြုံရေးကုမ္ပဏီလဲ? မင်းက ကြားရ‌တာကောင်းအောင်လုပ်နေပေမယ့် မင်းတို့ကလည်း နောက်ထပ်သက်တော်စောင့်ခွေးတစ်အုပ်ပဲ!"

သူက တံတွေးထွေးလိုက်ပြီး ဒေါသတကြီးအော်ဟစ်လိုက်ကာ

"အခု ခွေးကောင်းလေးတွေလုပ်ပြီး ငါ့လမ်းကနေ ထွက်သွားကြ"

စစ်ထူရှင်းက ချိုးရှောက်ပိုင်ရဲ့ ကြိမ်းမောင်းမှုကို မကြားသလို ဟန်ဆောင်လိုက်သည်။

သူက ချိုးရှောက်ပိုင်ကို ပဟေဠိဆန်တဲ့အကြည့်နဲ့ကြည့်ကာ အပြုံးရေးရေးနဲ့

"မင်းက ချိုးရှောက်ပိုင် လား?"

ဒါပေမယ့်လည်း သူ့မေးခွန်းက လီတကျူးနဲ့ သူ့ညီအစ်ကိုတွေရဲ့ သူငယ်အိမ်ကို တင်းကျပ်သွားစေသည်။ သူတို့မှာ ‌ဆိုးရွားတဲ့ခံစားချက်တစ်ခုရှိနေသည်။

ဘာလို့ ကုန်းမိသားစုရဲ့တော်ဝင်လုံခြုံရေးကုမ္ပဏီက ရုတ်တရက် ဒီမှာပေါ်လာတာလဲ?

သူတို့တွေ ဘယ်လိုလုပ် ချိုးရှောက်ပိုင်ရဲ့နာမည်ကို သိနေတာလဲ?

ဒီလူတွေက နွားနှစ်ကောင်နောက်လိုက်ဖို့ ဒီမှာရှိနေကြတာဆိုတဲ့ခံစားချက်တစ်ခု သူတို့မှာရှိနေသည်။ လီတကျူး နဲ့ သူ့ညီအစ်ကိုတွေက ချက်ချင်း သတိဝင်သွားကြသည်။ ဒါက ခပ်စိမ်းစိမ်းဆက်ဆံမှုဖြစ်ပြီ အငွေ့အသက်က တင်း‌မာနေသည်။

ဒါပေမယ့်လည်း ချိုးရှောက်ပိုင်က ဘာအန္တရာယ်ကိုမှ အာရုံမခံမိပေ။

သူက သာမန်ကာလျှံကာပဲ ဝန်ခံကာ

"ဟုတ်တယ် ငါက ချိုးရှောက်ပိုင် ပဲ။ မင်းတို့ငါ့ကိုသိမှတော့ မြန်မြန် ငါ့လမ်းကနေ ထွက်သွားလိုက်"

သူကအရမ်း စိတ်ကြီးဝင်နေသည်။ တခြားတစ်ဖက်က သူ့ရဲ့မြင့်မားပြီး အားကောင်းတဲ့အထောက်အထားကြောင့် သူ့ကိုသိတာလို့ သူထင်နေသည်။

လီတကျူးနဲ့ တခြားနှစ်ယောက်က စိတ်ထဲကနေ ဆဲရေးလိုက်ကြသည်။

'ငတုံးကောင်ကတော့ ငါတို့ရဲ့သေမင်းဖြစ်ဖို့ရောက်လာတာပဲ!'

လီတကျူးက တခြားတစ်ဖက်ကိုကြည့်ကာ

"ကျွန်တော်တို့ကို ဘာလို့တားတာလဲ‌ဆိုတာ မေးလို့ရမလား?"

စစ်ထူရှင်းက အဟန့်ကောင်းတဲ့အမူအယာနဲ့

"ဟုတ်ပြီ မင်းက ချိုးရှောက်ပိုင် ပဲ။ မင်းနောက်မှာ အနက်ရောင်နဲ့လူကိုးယောက် လိုက်လာတယ်

ဟုတ်တယ်မလား။"

ချိုးရှောက်ပိုင်  ဘယ်လောက်ပဲနှေးနှေး တစ်ခုခုမှားနေတာကို သူခံစားမိလိုက်သည်။

သူက

"ဒါကဘာကိုဆိုလိုတာလဲ?"

စစ်ထူရှင်းက မျက်ခုံးပင့်လိုက်ပြီး 

"အိုး မင်းက နွားသူခိုးတွေဟုတ်မဟုတ်ဆိုတာကို ငါအတည်ပြုဖို့ ကြိုးစားနေတာ။ မင်းက ချိုးရှောက်ပိုင် ဆိုတာ ငါ့ကိုဝန်ခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

"အမ်?"

ချိုးရှောက်ပိုင်က လုံးဝ ကြက်သေသေသွားသည်။

စစ်ထူရှင်းက သူ့ကို လျစ်လျူရှုလိုက်ပြီး လီတကျူးကို ကြည့်လိုက်သည်။

"မင်းရဲ့အပြင်ဘက်က အပေါင်းအပါငါးယောက်က ငါ့ညီအစ်ကိုတွေဆီကနေ အသိပ်ခံလိုက်ရပြီ။

မင်းကရော? မင်း အညံ့ခံချင်လား? ဒါမှမဟုတ် ငါတို့အားသုံးရမလား? ဒါပေမယ့်..."

သူက မျက်ခုံးပင့်လိုက်ပြီး လီတကျူး နဲ့ တခြားသူတွေကို သရော်နေတဲ့ အမူအယာနဲ့ကြည့်လိုက်သည်။

သူက စိတ်မဝင်စားစွာနဲ့

"ငါအားသုံးရတာ မကြိုက်ဘူး။ ငါ့မှာ တခြားပြင်ဆင်ထားတာရှိတယ်"

ဒါကိုပြောပြီးတော့ သူက သူ့အိတ်ကပ်ထဲက‌နေ ပစ္စည်းတစ်ခု ထုတ်လိုက်သည်။

လီတကျူး နဲ့ တခြားသူတွေက အဲ့ဒီပစ္စည်းကိုမြင်တော့ သူတို့မျက်နှာထားတွေ ထပ်ပြောင်းသွားကြပြန်သည်။

သူတို့က အံ့ဩစွာနဲ့ မေးမြန်းလိုက်ကာ

"ခင်ဗျားက စစ်ထူရှင်း လား? ကုန်းမိသားစုရဲ့ ထူးဆန်းတဲ့ဆရာဝန်စစ်ထူရှင်းလား?"

စစ်ထူရှင်းက မျက်ခုံးတွေပင့်လိုက်ပြီး ပြုံးကာ

"အိုး မင်းတို့ငါ့ကိုသိတယ်ပေါ့?"

လီတကျူး နဲ့ တခြားသူတွေက အရင်ခေါင်းညိတ်လိုက်ပြီး ပြီးတော့ ခေါင်းခါလိုက်ကြသည်။

သူတို့တွေ စစ်ထူရှင်း ကို မသိပေ။ ဒါပေမယ့် စစ်ထူရှင်း လက်ထဲက အရာကိုတော့ သိကြသည်။

ဘာလို့လဲဆိုတော့ ၎င်းက ထူးဆန်းတဲ့ဆရာဝန် စစ်ထူရှင်းရဲ့ သင်္ကေတဖြစ်သောကြောင့်ပင်။

***

All Chapters