ထူးဆန်းတဲ့ဆရာဝန် စစ်ထူရှင်း
Vol. 24 Ch. 402
လုပ်ငန်းရပ်ဝန်းထဲမှာတော့ Imperial Palace လုံခြုံရေးကုမ္ပဏီက Imperial ဂရုရဲ့ အခွဲတစ်ခုဖြစ်မှန်း လူတိုင်းသိကြသည်။
Imperial Palace မှာ ထိပ်တန်းဟက်ကာတွေ၊ ထိပ်တန်းဆရာဝန်တွေလိုမျိုး စတဲ့ ပါရမီရှင်များစွာရှိသည်။
ဒါပေမယ့်လည်း ဒီလူတွေအများစုက သူတို့ဘဝတွေကို လူအုပ်ကြားထဲမှာပဲ နေထိုင်ကြသည်။ သူတို့ရဲ့အထောက်အထားကို မဖော်ပြချင်သရွေ့ သူတို့ဘယ်သူမှန်း ဘယ်သူမှသိကြမှာမဟုတ်ပေ။
တစ်ခုတည်းသောချွင်းချက်ကတော့ ထူးဆန်းတဲ့ဒေါက်တာစစ်ထူရှင်းပဲ ဖြစ်သည်။ စစ်ထူရှင်းက နှစ်ဆယ်ဝန်းကျင်ပဲ ရှိသေးပေမယ့်လည်း သူက ကမ္ဘာကျော် ဦးနှောက်အထူးပြုတစ်ယောက်ဖြစ်သည်။ သူက ကမ္ဘာပေါ်မှာ အတော်ဆုံးတွေထဲက တစ်ယောက်ဖြစ်သည်။ သူက သူ့ရဲ့ဆေးပညာအရည်အချင်းတွေအတွက် ဆေးလောကကနေ အသိအမှတ်ပြုခံထားရသည်။ သူ့ရဲ့လူနာတွေထဲမှာ အရမ်းဩဇာကောင်းပြီး ချမ်းသာတဲ့လူတွေလည်း ပါဝင်နေသည်။
ဒါပေမယ့်လည်း သူ့မှာ ထူးဆန်းတဲ့စရိုက်ရှိလေသည်။
ဒေါက်တာက သူ့လူနာတွေရဲ့ ဦးနှောက်ကို လေ့လာချင်နေသည်။
သူက ဒီချမ်းသာတဲ့လူတွေရဲ့ဦးနှောက်နဲ့ သာမန်လူတွေရဲ့ဦးနှောက်က ဘယ်လောက်ကွာခြားလဲဆိုတာကို မြင်ချင်နေသည်။ ချမ်းသာပြီး အင်အားကြီးသူတွေက သူတို့အသက်ကို အရမ်းတန်ဖိုးထားကြသည်။ သူတို့တွေက စစ်ထူရှင်းရဲ့ဝါသနာကို ကြားကြတော့ ကြောက်လန့်သွားပြီး ဦးခေါင်းတွေတောင်ထုံလာသည်။ သူတို့ရဲ့ သူတို့ရဲ့နာမကျန်းမှုတွေကို ကုပေးဖို့ သူ့ကိုလိုချင်တာလေ။ သူ့ရဲ့သုတေသနအတွက် သူတို့ဦးနှောက်တွေကို လှူဖို့မှမဟုတ်ဘဲ။
ဒါကြောင့် စစ်ထူရှင်းက ပုံမှန်ဆိုရင် သေလုမြောပါးနာမကျန်းဖြစ်နေတဲ့သူတွေနဲ့ပဲ ဆက်ဆံသည်။ ဒါက စစ်ထူရှင်းကို ထူးဆန်းတဲ့ဆရာဝန်အနေနဲ့ ဘယ်လိုသိလာကြလဲဆိုတာဖြစ်သည်။
စစ်ထူရှင်းက လူတွေကို ကုသတဲ့အခါမှာ အခငွေမယူပေ။ အဲ့ဒီအစား သူက သူ့လူနာရဲ့ဦးနှောက်တန်ဖိုးကို ကြည့်သည်။
ဦးနှောက်ရောဂါက သူ့အတွက် ဘာသုတေသနတန်ဖိုးမှမရှိဘူးဆိုရင် သူက ဘယ်လောက်ဈေးမြင့်မြင့်ပေးပေး စိတ်မဝင်စားပေ။ ဆန့်ကျင်ဘက်ပင် ဦးနှောက်ရောဂါက သူ့ကိုစိတ်ဝင်စားစေရင်တော့ သူကလူတွေကို ပိုက်ဆံတစ်ဆင့်တောင်မယူဘဲ ကုသပေးသည်။
ဒါကသူ့ရဲ့ ထူးဆန်းမှုတွေထဲက တစ်ခုဖြစ်သည်။
စစ်ထူရှင်းမှာ နောက်ထပ်ထူးဆန်းမှုတစ်ခု ရှိသေးသည်။ သူကအမြဲတမ်း တစ်စုံတစ်ခုကို သူနဲ့ သယ်ထားတတ်သည်။ ၎င်းက ကောင်းမွန်တဲ့သေတ္တာတစ်လုံးထဲမှာ သိမ်းထားတဲ့ ငွေအပ်၁၀၈ချောင်းဖြစ်သည်။ လိုအပ်လာတဲ့အခါ သူက အပ်တွေကို လက်နက်ပုန်းအဖြစ်နဲ့ အသုံးပြုနိုင်သည်။ အပ်၁၀၈ချောင်းက သူက ၁၀၈ဖက်ကို တစ်ချိန်တည်းမှာပဲ တိုက်ခိုက်နိုင်တယ်လို့ ဆိုလိုနေသည်။
ကျွမ်းကျင်ဆရာဝန်တစ်ယောက်အနေနဲ့ သူက လူ့ခန္ဓာကိုယ်ရဲ့ အပ်စိုက်ကုထုံးအားနည်းချက်တွေကို မှန်မှန်ကန်ကန်ပဲ ဖော်ထုတ်နိုင်သည်။ သူ့ရဲ့စိတ်အခြေအနေပေါ်မူတည်ပြီး သူက တစ်စုံတစ်ယောက်ကို သတ်ပစ် ဒါမှမဟုတ် ဆိုးဆိုးရွားရွားမသန်မစွမ်းဖြစ်အောင်လုပ်နိုင်သည်။
ဒါကြောင့် စစ်ထူရှင်းက ဆေးလာကမှာတင် ကျော်ကြားတာမဟုတ်ဘဲ လုပ်ကြံသတ်ဖြတ်သူရပ်ဝန်းမှာလည်း ကျော်ကြားသည်။ လူတော်တော်များများက စစ်ထူရှင်း ကို မျက်နှာချင်းမဆိုင်ချင်ကြပေ။ အကြောင်းမှာ သူ့ရဲ့လက်နက်ရွေးချယ်မှုက ကျည်ဆံတွေကို ရှောင်တိမ်းပြီး ရှာဖွေတာထက် ပိုခက်ခဲသောကြောင့်ဖြစ်သည်။
အဲ့ဒီအချိန်မှာ စစ်ထူရှင်းက စီးကရက်ဘူးဆိုဒ် ခရမ်းရောင်သေတ္တာလေးတစ်လုံး ထုတ်နေတာကို လီတကျူး မြင်လိုက်သည်။ သေတ္တာက မရမ်းသစ်နဲ့ ပြုလုပ်ထားသည်။ မရမ်းသစ်ကို အမေဇုန်မိုးသစ်တောပိုင်းမှာပဲ တွေ့ရသည်။ သစ်သားက အရမ်းမာ၊ ရေစိုခံပြီး အရမ်းအဖိုးတန်သည်။ စစ်ထူရှင်းက ၎င်းကလှပတဲ့အတွက် သေတ္တာလုပ်ဖို့ ဒီသစ်သားကို ရွေးချယ်ခဲ့သည်။
ဒီခရမ်းသေတ္တာက သူ့ရဲ့သင်္ကေတဖြစ်လာသည်။
စစ်ထူရှင်းက သေတ္တာကိုထုတ်လိုက်ပြီး ၎င်းနဲ့သာမန်ကာလျှံကာ ကစားနေပုံပေါ်သည်။ ခနကြာပြီးတော့ သူ့လက်ချောင်းက သေတ္တာထိပ်ကို ဖိလိုက်သည်။ မျက်လုံးကောင်းကောင်းနဲ့ဘယ်သူမဆို သေတ္ထာထဲကငွေအပ်တွေကို ကျွတ်ထွက်စေမယ့် ခလုတ်တစ်ခုရှိတာကို မြင်နိုင်သည်။
လီတကျူးနဲ့ သူ့ညီအစ်ကိုနှစ်ယောက်ရဲ့ သူငယ်အိမ်တွေက ပြင်းပြင်းထန်ထန်ကျုံ့ဝင်လာပြီး သူတို့မျက်နှာတွေ ဖြူဖပ်လာသည်။
စစ်ထူရှင်းက ပေါ်စီးဆန်ဆန်ပြုံးလိုက်ကာ
"ဒီတော့ ငါတို့တွေ မတတ်သာတဲ့အဆုံး အားသုံးရလိုက်တော့မလား? ငါ့စိတ်ရှည်မှုက ကန့်သတ်ထားတယ်။ ငါမင်းတို့ကို စဉ်းစားဖို့ ဆယ်စက္ကန့်ပဲပေးမယ်။ တစ်ဆယ် ကိုး.."
ချိုးရှောက်ပိုင်က လီတကျူးနဲ့ ရင်ဆိုင်ပြီးကတည်းက အရမ်းစိတ်တိုနေပြီဖြစ်သည်။ အခု စစ်ထူရှင်းရဲ့ ရောက်ရှိလာမှုနဲ့အတူ သူ့ဒေါသတွေ ပေါက်ထွက်လာသည်။ သူက စစ်ထူရှင်းကို ဒေါသတကြီးအော်လိုက်ကာ
"မင်းကဘယ်သူလဲ? ခွေးကောင်းဆိုတာ လမ်းမပိတ်ရဘူးကွ။ ငါလည်းမင်းကို ငါ့လမ်းကနေ ဖယ်ပေးဖို့ ဆယ်စက္ကန့်ပဲပေးမယ်!"
လီတကျူး နဲ့ သူ့ညီအစ်ကိုတွေက ချက်ချင်းအထိတ်တလန့်ဖြစ်သွားကြသည်။ သူတို့ဘာမှမပြောနိုင်သေးခင်မှာပဲ စစ်ထူရှင်းက အေးစက်တဲ့အသံတစ်သံနဲ့ပြောနေတာကို ကြားလိုက်ရသည်။
"ဘာကို ဟိုခွေး ဒီခွေးလဲ? မင်းက ခွေးတွေချစ်တာဖြစ်ရမယ်! ဒီလိုဆိုရင် ငါမင်းကို ဘဝတစ်ခါလောက်တော့ အတွေ့အကြံယူခိုင်းမယ်"
ဒီလိုနဲ့ သူက သေတ္တာထိပ်မှာ သု့လက်ချောင်းကို ဖိလိုက်သည်။
လီတကျူးရဲ့မျက်လုံးတွေက ထပ်ပြီး တင်းကျပ်သွားပြီး ကြောက်ရွံ့မှုနဲ့ မသက်မသာဖြစ်မှုတွေကို ပြသနေသည်။
သူက အော်လိုက်သည်။
"မဖြစ်ဘူး!"
ဒါပေမယ့်လည်း သူ့စကားကိုမဆုံးသေးခင်မှာတင် ငွေအပ်တစ်ချောင်းပျံလာပြီး ချိုးရှောက်ပိုင် ဆီ ပစ်လွှတ်လာသည်။
"အား"
ချိုးရှောက်ပိုင်က အော်လိုက်ပြီး လေးဖပ်လုံး မြေကြီးကို ကျသွားသည်။ ပြီးနောက်မှာ သူထဖို့ကြိုးစားလိုက်ပေမယ့်လည်း မထနိုင်ခဲ့ပေ။ သူက အရမ်းကြောက်လန့်စွာနဲ့ သူ့ခေါင်းကိုမော့လိုက်သည်။
စစ်ထူရှင်းက ပြုံးကာ
"မင်းထချင်တာလား?"
ချိုးရှောက်ပိုင်က မသက်မသာနဲ့ ခေါင်းညိတ်လိုက်သည်။
စစ်ထူရှင်းက ဖြည်းဖြည်းချင်းထိုင်ချလာပြီး သူ့ခေါင်းကို ပုတ်ပေးလိုက်သည်။
သူက ပြုံးကာ
"လွယ်ပါတယ်။ ဘယ်လိုလုပ်ရလည်း မင်းကိုငါပြောပြမယ်။ မင်းက အခန်းထဲကို လေးဖက်စလုံးနဲ့ လျှောက်သွားဖို့ပဲလိုတာ။ ဒါဆိုရင် မင်းမကြာခင် ထနိုင်လာလိမ့်မယ်"
သူက အခြေခံအားဖြင့်တော့ ဒီလူကို ခွေးတစ်ကောင်လိုသရုပ်ဆောင်ဖို့ပြောနေခြင်း ဖြစ်သည်။
စစ်ထူရှင်းရဲ့ လက်အောက်ငယ်သားတွေတောင် ချိုးရှောက်ပိုင်ကို သနားမိသွားကြသည်။ ပြီးတော့ထပ်ပြီး ဒီလူကပဲ ဒါကိုတောင်းဆိုခဲ့တယ်လေ။
သူက ဘာလို့များ စစ်ထူရှင်းကိုမှ အမှားလုပ်ရတာလဲ?
ဒီလူက တခြားသူတွေရှေ့မှာ ခွေးတစ်ကောင်လို တွားသွားရင်း သူ့သိက္ခာတွေအကုန် ဆုံးရှုံးတော့မည်။ ဒါသာ သူတို့ဆီမှာဖြစ်ခဲ့ရင် သူတို့တွေ သေပဲသေလိုက်ကြတော့မည်။
လီတကျူး နဲ့ တခြားသူတွေအဖို့တော့ သူတို့တွေက ချိုးရှောက်ပိုင် ဆီကနေ မရေမတွက်နိုင်တဲ့ ဆဲရေးမှုတွေနဲ့ အရှက်ခွဲမှုတွေကို ခံစားရပြီးပြီဖြစ်သည်။ ချိုးရှောက်ပိုင်က မြေကြီးပေါ်မှာ ခွေးတစ်ကောင်လိုမျိုး ခြေကားလက်ကားဖြစ်နေတာကိုမြင်တော့ ထူးထူးဆန်းဆန်း ကျေနပ်သွားကြသည်။
စစ်ထူရှင်းက ခုနက ခလုတ်ကိုဖိလိုက်တော့ သူတို့တွေအကုန်သေကုန်တော့မယ်လို့ တွေးမိခဲ့ကြသည်။ ကံကောင်းစွာပဲ စစ်ထူရှင်းက သူ့ဒေါသကို သူတို့အပေါ်မှာ မထွက်ခဲ့ဘဲ ချိုးရှောက်ပိုင်ကိုပဲ အပြစ်ပေးခဲ့သည်။ ချက်ချင်းပဲ သူတို့ရဲ့ မသက်မသာဖြစ်နေတဲ့စိတ်တွေ ပြုတ်ကျသွားသည်။
ချိုးရှောက်ပိုင်အတွက်ကတော့ သူတို့တွေ သူ့အကြောင်း ဂရုမစိုက်နိုင်ကြပေ။ အမှန်အတိုင်းဆိုရင် ချိုးရှောက်ပိုင်ရဲ့ မပြီးဆုံးနိုင်တဲ့ မကျေမနပ်မှုတွေကြောင့်သာမဟုတ်ရင် သူတို့တွေ ကွမ်းမြို့ကိုတောင် ရောက်နေလောက်ပြီ။ သူတို့တွေ ဒီတာဝန်ကို အပြီးသတ်ပြီးလောက်ပြီ။ သူတို့တွေ Imperialလုံခြုံရေးကုမ္ပဏီနဲ့ စစ်ထူရှင်းကို တွေ့ခဲ့မှာမဟုတိပေ။
နေပါဦး....
တစ်ခုခုတော့ လွဲနေသလားလို့။
သူတို့တွေက သာမန်လယ်သမားမိသားစုတစ်ခုဆီကနေ ခိုးလာတာမဟုတ်ဘူးလား?
ဒါဆိုရင် ဘာလို့ ကုန်းမိသားစုရဲ့Imperialလုံခြုံရေးကုမ္ပဏီက သူတို့နောက်ကို လိုက်လာရတာလဲ?
သူတို့တွေက နွားနှစ်ကောင်ရဲ့တန်ဖိုးကို သိကြသည်။ ဒါပေမယ့်လည်း Imperial Palace ရဲ့ဘော့စ်က ဘီလီယံရာချီကြွယ်ဝတာပဲလေ။ ချက်ကျလက်ကျဆိုရင် သူက နွားနှစ်ကောင်အကြောင်းဂရုစိုက်ဖို့က အရမ်းချမ်းသာလွန်းနေသည်။
လီတကျူးရဲ့စိတ်က သံသယတွေနဲ့ ပြည့်နေသည်။
စစ်ထူရှင်းက သူတို့ဘာတွေးနေလဲဆိုတာကို ဂရုမစိုက်ပေ။ သူ့ရဲ့ စိတ်ရှည်မှုကုန်သွားပြီဖြစ်သည်။ သူက ဒီလူတွေကို အဝေးဦးဆောင်သွားဖို့ သူ့လက်အောက်ငယ်သားတွေကို ခိုင်းလိုက်သည်။
လီတကျူး နဲ့ တခြားသူတွေက ဘာတိုက်ခိုက်မှုမှ မလုပ်ခဲ့ကြပေ။ မဟုတ်ရင် သူတို့တွေ ချိုးရှောက်ပိုင်လိုပဲ အဆုံးသတ်သွားရနိုင်သည်။
လီတကျူး နဲ့ သူ့လူကိုးယောက်ကို ကားတစ်စီးတည်းမှာပဲ ထားလိုက်သည်။ သူတို့တွေ ထွက်မပြေးရဲပေ။
ကားက Zမြို့ကို ပြန်ပြီး ဦးတည်နေသည်။
တာ့ကွမ်းနဲ့ ရှောင်ကွမ်းကိုရှာတွေ့ပြီလို့ ရှောင်မိသားစုကြားတော့ သူတို့စိတ်တွေ ချက်ချင်းသက်သာရာရသွားသည်။
"သတင်းကောင်းပဲ!"
မေမေရှောင်က စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်သည်။
တာ့ကွမ်းနဲ့ ရှောင်ကွမ်းပျောက်သွားမှန်း သူတို့သိသွားကတည်းက မေမေရှောင်နဲ့ ဖေဖေရှောင်က ရပ်တမမဖြစ်နေခဲ့သည်။ နွားတွေကိုသာရှာမတွေ့နိုင်ရင် ရှောင်ကွမ်းရဲ့မစင်က စမ်းရေရဲ့သက်ရောက်မှုကို မကြာခင်ဆုံးရှုံးသွားလိမ့်မည်။ ပြီးတော့ ဒီလူတွေက ရှောင်မိသားစုကိုထပ်ပြီး ပစ်မှတ်ထားလိမ့်မည်။ ၎င်းက သူတို့သမီးကို အန္တရာယ်ထဲ ထားနေတာပဲဖြစ်သည်။
ကံကောင်းစွာပဲ နွားတွေကို မြန်မြန်ဆန်ဆန်ပဲ ရှာတွေ့ခဲ့သည်။
မေမေရှောင်က ခြံဝင်းပတ်လည်ကိုကြည့်လိုက်ပြီး ပြုံးကာ
"လူတိုင်းက ရှောင်ကွမ်းနဲ့ တာ့ကွမ်းကိုရှာရင်း အလုပ်များနေခဲ့ကြတာ။ ငါတို့တွေတစ်ယောက်မှ မစားရသေးဘူး။ အခုသွားပြီး ချက်လိုက်ဦးမယ်"
"ဒုတိယအစ်မ ကျွန်မ ကူညီပါရစေ"
တတိယဦးလေးရှောင်ရဲ့မိန်းမ ကျိုးဟုန်ဟုန်က ပြံးကာပြောလိုက်သည်။
သတင်းကောင်းကိုကြားပြီးတော့ လူတိုင်း စိတ်သက်သာရာရသွားကြသည်။ သူတို့တွေ ထပ်ပြီး စားချင်စိတ်ပြင်းပြလာသည်။
"ဒုတိယချွေးမလေး အရမ်းနောက်ကျနေပြီ။ ခေါက်ဆွဲနည်းနည်းနဲ့လုပ်ရအောင်"
ဘိုးဘိုးရှောင်က ပြောလိုက်သည်။
မေမေရှောင်က ခေါင်းညိတ်ကာ
"ဟုတ်ပြီလေ"
၁၀နာရီတောင် ထိုးနေပြီဖြစ်သည်။ ဟင်းပွဲကြီးတစ်ခုချက်ဖို့က မေမေရှောင်အတွက် အရမ်းဒုက္ခများလွန်းသည်။
မေမေရှောင်နဲ့ တတိယဒေါ်လေးရှောင် ထွက်သွားပြီးတော့ အကြီးဆုံးဦးလေးရှောင်က
"သူတို့ကို ကွမ်း-ချွမ်လမ်းမှာ တွေ့မှတော့ သူတို့ကိုပြန်ခေါ်လာဖို့ ခုနစ်နာရီ ရှစ်နာရီကြာဦးမှာပဲ။ သူတို့တွေ အိမ်ကို မနက်ဖြန် လေး ငါးနာရီရောက်ကြလိမ့်မယ်"
ကုန်းထျန်းဟောက်က ခေါင်းခါလိုက်ကာ
"အဲ့လောက်မကြာဘူး။ သူတို့တွေက လေယာဉ်နဲ့ရောက်လာမှာ။ သူတို့တွေ တစ်နာရီ နှစ်နာရီအတွင်း ရောက်လောက်တယ်"
လူတိုင်း ကြက်သေသေသွားကြသည်။
"လေယာဉ်နဲ့? ဟယ်လီကော်ပတာနဲ့လို့ ခင်ဗျားပြောချင်တာလား?"
ရှောင်လင်းရှို့က မျက်လုံးပြူးသွားပြီး မယုံကြည်နိုင်စွာ မေးလိုက်သည်။
သူ့ရှေ့မှာလမ်းလျှောက်နေတဲ့ ဘိုးဘိုးရှောင်က သူ့ခေါင်းနောက်ကို ရိုက်လိုက်သည်။
"ဘာဖြစ်ရမှာလဲ? လေကြောင်းလမ်းလေယာဉ်လို့ မင်းထင်လို့လား? အဲ့ဒါ ယုတ္တိရှိပါ့မလား?"
ရှောင်လင်းရှို့က သူ့ခေါင်းနောက်ဘက်ကို ထိကြည့်လိုက်ပြီး နားမလည်နိုင်စွာနဲ့
"ဒါပေမယ့် နွားနှစ်ကောင်က ပေါင်၃၀၀၀နီးနီးလေ။ ဒါက အရွယ်ရောက်ပြီးသားယောက်ျား၂၀နဲ့ ညီမျှတယ်။ ဟယ်လီကော်ပတာက အဲ့လောက်ကြီးပါ့မလား? ဟယ်လီကော်ပတာက လူသုံးလေးယောက်ပဲ သယ်နိုင်တယ်လို့ ကျွန်တော်ကြားဖူးတယ်"
တခြားလူတွေက စိတ်ဝင်စားလာသည်။
ရှောင်မိသားစုက ရှောင်လင်းယွင်ကို ကယ်ဖို့သွားတုန်းက တတိယဦးလေးရှောင်ရဲ့မိသားစုက ထောင်ယွမ်ရွာကို ပြန်မရောက်သေးပေ။ သူတို့တွေက ကြီးမားတဲ့ဟယ်လီကော်ပတာအကြောင်း မသိကြပေ။ တခြားသူတွေက အရင်က တစ်ခါတည်းပျံသန်းခဲ့ကြသည်။ အခု သူတို့တွေ ၎င်းအကြောင်းတွေးခဲ့ကြသည်။ အရင်က ဟယ်လီကော်ပတာက လူ၂၀ဝန်းကျင် သယ်နိုင်သည်။
ဟယ်လီကော်ပတာက နွားနှစ်ကောင်ကိုပြန်သယ်ဖို့ရော လုံလုံလောက်လောက်ကြီးမားပါ့မလား?
ရှောင်မိသားစုက စိုးရိမ်နေသည်။
ကုန်းထျန်းဟောက်က ပြုံးကာ
"စိတ်မပူကြပါနဲ့၊ အဲ့ဒီဟယ်လီကော်ပတာကြီးက နွားနှစ်ကောင်မပြောနဲ့ ငါးကောင်တောင်သယ်နိုင်တယ်။ ဟယ်လီကော်ပတာက လူ၂၀ပဲသယ်နိုင်တယ်လို့ လူတွေပြောကြတာက နေရာကိုပြောတာလေ။ အလေးချိန်မဟုတ်ဘူးဗျ"
"အိုး သိပြီ"
ရှောင်မိသားစုဝင်တွေ နားလည်စွာနဲ့ ခေါင်းညိတ်လိုက်ကြသည်။ အနှစ်ချုပ်ရရင်တော့ ချမ်းသညသူတွေရဲ့လောကက နားလည်ဖို့ ခက်သည်။
ရှောင်လင်းရှို့က မနာလိုမှုတချို့နဲ့
"အစ်ကိုကုန်း၊ ချမ်းတာရတာ အံ့ဩစရာကြီးပဲ!"
တတိယဦးလေးရှောင်က ဖြတ်လျှောက်လာပြီး ရှောင်လင်းရှို့ရဲ့ခေါင်းနောက်ဘက်ကို ပုတ်လိုက်သည်။
ရှောင်လင်းရှို့က သူ့ခေါင်းနောက်ဘက်ကို ထပ်ထိလိုက်ပြီး မကျေနပ်ချက်တချို့နဲ့
"အဖေ ဘာလို့ ကျွန်တော့်ကို ရိုက်တာလဲ? အဖေက ကျွန်တော့်ကို အရမ်းထုံအောင် လုပ်နေတာပဲ။ ကျွန်တော်က တက္ကသိုလ်တစ်ခုဝင်ခွင့်မရဘဲ ရှောင်မိသားစုရဲ့ တတိယတက္ကသိုလ်ကျောင်းသား မဖြစ်လာရင်ရော?"
တတိယဦးလေးရှောင်က မျက်လုံးကစားလိုက်ပြီး
ဘောက်ဆတ်ဆတ်နဲ့
"မင်းတကယ် အဲ့လောက်တောင်အသုံးမကျရင် တို့ဟူးရောက်ဖို့ မင်းအဖေနောက်လိုက်ရလိမ့်မယ်။ မဟုတ်ရင်လည်း မင်းအိမ်ပြန်ပြီး လယ်စိုက်လို့ရတယ်။ ရွေးစရာတွေအများကြီးရှိတယ်
မင်းစိတ်ပူဖို့မလိုဘူး"
ရှောင်လင်းရှို့၊ "..."
ဒါက သူ့ရဲ့ အဖေအရင်းလား?
သူ့သားရဲ့စိတ်နှလုံးကိုဖျက်စီးဖို့ ဘာလို့ သူအရမ်းစိတ်ထက်သန်နေရတာလဲ?
ရှောင်လင်းရှို့က လက်သီးဆုပ်ထားလိုက်ပြီး ညင်သာစွာနဲ့
"ကျွန်တော် သေချာပေါက် တက္ကသိုလ်ကို ဝင်ခွင့်ရမှာ။ ကျွန်တော်က သေချာပေါက် ကျွန်တော်တို့မိသားစုရဲ့ တတိယတက္ကသိုလ်ကျောင်းသား ဖြစ်လာမှာ။ အဖေ စောင့်ကြည့်နေလိုက်!"
ရှောင်မိသားစုက ဝတ်ကျေတမ်းကျေနဲ့
"ဒါပေါ့ ရှို့အာ၊ မင်းကြိုးစားရမယ်"
ရှောင်လင်းရှို့၊ "..."
ငါသူတို့ရဲ့ မရိုးသားမှုတွေကို အရမ်းရှင်းရှင်းကြီးကို အာရုံခံမိနေတယ်။
အဲ့ဒီအချိန်မှာ ဘိုးဘိုးရှောင်က သူ့မြေးကို လေးလေးနက်နက် သင်ခန်းစာပို့ချပေးလိုက်သည်။
"ရှို့အာ မင်းအစ်ကိုကုန်း ဘယ်လောက်ပဲချမ်းသာချမ်းသာ အဲ့ဒါမင်းအလုပ်မဟုတ်ဘူး။ မင်းအနာဂတ်မှာ ချမ်းသာချင်ရင် မင်းကြိုးစားရမယ်။ ငါတို့တွေ မင်းကို နောက်ကနေ ထောက်ပံ့ပြီး ကြီးကြပ်ပေးမယ်။
ငါတို့တွေ မင်းကို သခင်လေးတစ်ယောက်ရဲ့ဘဝမျိုးတော့ မပေးနိုင်ဘူး။ ဒါပေမယ့် မင်းကလေးတွေကို အဲ့ဒီဘဝပေးဖို့ မင်းကြိုးစားလို့ရတယ်။ ဒါပေမယ့်လည်း မင်းမှတ်ထားရမှာ တစ်ခုရှိတယ်"
ဘိုးဘိုးရှောင်က အရမ်းလေးလေးနက်နက်နဲ့
"မင်းဘာပဲလုပ်လုပ် အောက်ခြေမလွတ်ရဘူး။ မင်းရဲ့အသိဉာဏ်ထက်ကျော်ပြီးတော့ ဘာကိုမှမလုပ်ရဘူး။ မင်းလုပ်တာကို ငါသိရင် မင်းခြေထောက်တွေကို ငါချိုးပစ်မယ်။ ငါက အနားမှာ သိပ်ရှိတော့မှာမဟုတ်ဘူး။ မင်းအဖေ၊ မင်းဦးလေး၊ မင်းအစ်မ၊ မင်းအစ်ကိုနံ မိသားစုတစ်ခုံးက ငါ့အစား မင်းကို သင်ကြားပေးလိမ့်မယ်"
ဘိုးဘိုးရှောင်က ရှောင်လင်းရှို့ကို သင်ကြားပေးနေပေမယ့် တကယ်တမ်းကျ သူက ရှောင်မိသားစုထဲက လူတိုင်းကိုလည်း သင်ခန်းစာတစ်ခုပေးနေခြင်းဖြစ်သည်။ ရှောင်မိသားစုရဲ့ဘဝက ပိုပိုပြီး ကောင်းမွန်လာပေမယ့် တစ်မိသားစုလုံး ငြိမ်းငြိမ်းချမ်ချမ်းနဲ့ ပျော်ပပျော်ရွှင်ရွှင်နေပြီး ငွေအတွက် မကျရှုံးသွားကြဖို့ မျှော်လင့်နေသည်။
ဘိုးဘိုးရှောင်က ဒီအကြောင်းတွေကို ပြောနေတာက ကုန်းထျန်းဟောက်ချမ်းသာတယ် ဆိုတာကို ရှောင်လင်းရှို့ သိသွားတဲ့အချိန်မှာ သူ့မျက်လုံးတွေဝင်းလက်သွားတာကို မြင်လိုက်ရလို့ဖြစ်သည်။
ဘဝပန်းတိုင်တစ်ခုရှိတာက ကောင်းတဲ့အရာဆိုပေမယ့် ဒါနောက်ကိုလိုက်ဖို့တော့ မသမာမလုပ်သင့်ပေ။
ဒါကြောင့် သူက ရှောင်လင်းရှို့ကို သင်ကြားပြသပေးဖို့ လိုအပ်သည်။
ရှောင်လင်းရှို့က အရမ်းလေးလေးနက်နက်နဲ့ ပြန်ဖြေကာ
"ဟုတ်ကဲ့ပါ အဘိုး။ ကျွန်တော် အဘိုးရဲ့ဆုံးမမှုတွေကို သေချာပေါက် နားထောင်မယ်။ အဘိုးရဲ့စကားတွေကို နောင်ကျရင် အမြဲအမှတ်ရနေပါ့မယ်"
ဘိုးဘိုးရှောင်က သဘောကျစွာခေါင်းညိတ်လိုက်ာ
"ဟုတ်ပြီ၊ ဒါမှ င့ါမြေးလိမ်မာလေး"
ကုန်းထျန်းဟောက်က သူ့ကိုကြည့်ရင်း ပြုံးနေခဲ့သည်။
ရှောင်မိသားစုက အရမ်းပျော်ရွှင်ပြီး ချစ်စရာကောင်းနေရတဲ့အကြောင်းရင်းက သူတို့မှာ ဘိုးဘိုးရှောင်လိုမျိုး ထက်မြက်တဲ့ ဦးဆောင်သူတစ်ယောက် ရှိလို့ဖြစ်သည်။
***