← Chapters

ထွက်ပြေးမှု

Vol. 24 Ch. 403

ထွက်ပြေးမှု

Vol. 24 Ch. 403

ကောင်းကင်က ဝုန်းခနဲအသံက ထောင်ယွမ်ရွာက လူတော်တော််များများရဲ့အာရုံကို ဆွဲဆောင်လိုက်သည်။

ညလည်တောင်ရှိတော့မယ်လေ။ ဝုန်းခနဲအသံက အရမ်းကျယ်လွန်းသည်။

"အမ်? ဘာတွေဖြစ်နေတာလဲ? မိုးကြိုးလား?"

ရွာသားတော်တော်များများက အိပ်နေတာကနေ နိုးလာကြသည်။

"ခြံဝင်းထဲမှာ ပစ္စည်းတွေရှိနေတယ်။ သူတို့တွေစိုမသွားခင် ငါတို့သွားယူလိုက်တာ ပိုကောင်းမယ်"

"တော်တော်ကျယ်တာပဲ"

တစ်ယောက်က ဒီအသံကိုထပ်ကြားလိုက်ပြီး 

"ကြည့်ရတာ မိုးရွာတော့မယ်နဲ့တူတယ်။ ဒါပေမယ့် ရာငီဥတုက မနက်တုန်းက‌တော့ကောင်းပါတယ်"

"မိုးကြိုး?"

တစ်ယောက်က အနီးကပ်နားထောင်လိုက်ပြီး ၎င်းက မိုးကြိုးသံနဲ့မတူတာကို သဘောပေါက်သွားသည်။

"အိုး နေဦး၊ ဒါလေယာဉ်နဲ့တူတယ်"

သူ့ဘေးက အပေါင်းအပါတွေက ခနလောက်နားထောင်လိုက်ပြီး ချက်ချင်း သံယောင်လိုက်ကြကာ

"လေယာဉ်သံနဲ့တူတာပဲ။ မိုးကြိုးသာဆိုရင် ဒီလိုမရပ်မနားမဟုတ်ဘဲနဲ့ ပြတ်တောင်းပြတ်တောင်း အသံကြီးတွေလာမှာပဲ"

"ဒါကုန်းမိသားစုရဲ့ ဟယ်လီကော်ပတာနဲ့တူတယ်"

"ဟုတ်မယ်"

ကုန်းမိသားစုရဲ့ဟယ်လီကော်ပတာက အစတုန်းကတော့ ထူးခြားပစ္စည်းပေမယ့် နောက်ဆုံးကျ ရွာသားတွေက ၎င်းကိုအသားကျသွားကြသည်။

ကုန်းမိသားစုရဲ့ဟယ်လီကော်ပတာက ရွာထဲမှာ မကြာခန ဆင်းသက်တတ်သည်။ သူတို့က ရှောင်ကျန်းယန်ရဲ့ပစ္စည်းတွေကို သယ်ပို့ဖို့ လာကြသည်။

ရှောင်ကျန်းယန်ရဲ့မိသားစုက ရှောင်လင်းယွင်ကိုကယ်တင်ဖို့ ဟယ်လီကော်ပတာစီးခဲ့တယ်လို့လည်း ရွာသားတွေကြားခဲ့ကြသည်။ ၎င်းက ရွာသားတွေက ရှောင်မိသားစုကို ပိုပြီးတော့တောင် မနာလိုစေသည်။

သူတို့ဘာလို့အရမ်းကံကောင်းရတာလဲ?

သူတို့သမီးက ချန်းမိသားစု‌ဆီကနေ သစ္စာဖောက်ခံခဲ့ရပေမယ့် နွားဘုရင်ငယ်လေးကိုရလိုက်ပြီး ကုန်းမိသားစုရဲ့သခင်လေးဆီကနေ အကူအညီတွေနဲ့ ပိုးပန်းမှုကို ဆွဲဆောင်နိုင်ခဲ့သည်။ ရှောင်မိသားစုအတွက်ကတော့ ကောင်းမွန်တဲ့အရာတွေက တစ်ခုပြီးတစ်ခုလာနေသည်။ ရှောင်လင်းယွီက မကောင်းတဲ့အကောင်တစ်ကောင်နဲ့ ကိုယ်ဝန်ရခဲ့ပေမယ့် သူမက သခင်လေးတစ်ယောက်ရဲ့ ‌အခွင့်အေရးပေးမှုကို ရခဲ့သည်။

ရွာသားတွေက မိုးကြိုးသံကိုကြားတော့ သူတို့ပစ္စည်းတွေကိုယူဖို့ ပြေးထွက်လာခဲ့ကြသည်။ ဒါပေမယ့် သူတို့အပြင်ရောက်လာတော့ ကောင်းကင်က ထိန်နေတဲ့လကြီးကို တွေ့သွားကြသည်။ ငွေဖြူရောင်အလင်းက ညကောင်းကင်တစ်ခုလုံးကို အလင်းရောင်ပေးနေသည်။ ညင်သာတဲ့လေညင်းက တိုက်ခတ်လာသည်။ ၎င်းက လတ်ဆတ်ပြီး ကြည်လင်လှသည်။ ၎င်းက အလွန်အမင်းကိုပဲ သက်သောင့်သက်သာဖြစ်စေသည်။

သူတို့အံ့ဩသွားကတော့ လေထဲမှာ ဝေ့ပတ်နေတဲ့လေယာဉ်တစ်စင်းရှိနေတာပဲ ဖြစ်သည်။ ဟယ်လီပကော်ပတာက သူတို့တွေများသောအားဖြင့် မြင်နေတဲ့ဟာထက် ပိုကြီးမားသည်။

သူတို့ မကြာခနမြင်နေရတဲ့အရာက လူသုံးလေးယောက် ဆံ့နိုင်ပေမယ့် ဒီတစ်ခုက အနည်းဆုံး လူနှစ်ဆယ်လောက်ဆံ့နိုင်သည်။

"ဒါကုန်းမိသားစုရဲ့လေယာဉ်ပဲ ဟုတ်တယ်မလား? ဘာလို့ ညဘက်ကြီးမှာ ဝဲနေရတာလဲ?"

ရွာသားတွေကို မနှောင့်ယှက်ဖို့ ကုန်းမိသားစုက ဘယ်တုန်းကမှ ညဘက်မှာ မပျံသနခးစေခဲ့ပေ။ ဒါက ပထမဆုံးအကြိမ်ပဲဖြစ်သည်။

"ရှောင်ကွမ်းက အခိုးခံလိုက်ရတာမဟုတ်ဘူးလား? သခင်လေးကုန်းက သူ့ကိုရှာဖို့ သေချာပေါက် လူတွေ လွှတ်ထားလိုက်တယ်"

သူဒါကိုပြောရင်း မျက်လုံးတွေက မနာလိုမှုတွေနဲ့ ပြည့်လာသည်။ သူတို့မိသားစုမှာသာ ဒီလိုချမ်းသာတဲ့သမက်တစ်ယောက်ရှိရင် အိပ်နေရင်း ရယ်မောပြီးတော့တောင် နိုးလာကြလိမ့်မည်။ သူတို့တွေ တောဘက်ကနေပြောင်းပြီး မြို့ကြီးမှာ ဘဝကို ပျော်‌မွေ့ကြလိမ့်မည်။

"ရှောင်ကျန်းယန်ရဲ့မိသားစုက နိုးနေနိုင်သေးတာပဲလို့ ဆိုလိုတာပဲမလား? သွားပြီး တစ်ချက်ကြည့်ကြရအောင်။ ပြီးတော့ ငါတို့တွေလည်း နိုးနေပြီပဲကို"

"ကောင်းပြီ သွားကြစို့"

နွားဘုရင်ငယ်လေးကို ရှာတွေ့ပြီးတော့ ရှောင်မိသားစုက စိုးရိမ်မှုတွေကို‌ လျှော့ချလိုက်ကြသည်။ သူတို့တွေ ဗိုက်ဆာလာကြသည်။ အစားအသောက်ကိုအနံ့ရတော့ အိပ်နေတဲ့ကလေးတွေတောင် နိုးလာကြသည်။

မေမေရှောင်က ခေါက်ဆွဲအိုးကြီးတစ်အိုး လုပ်ခဲ့သည်။ ရှောင်မိသားစုက အကုန်စားခဲ့ပြီး စွပ်ပြုတ်တစ်စက်တောင် မကျန်ခဲ့ပေ။ လူတိုင်းက ဒီည အစားသမားကြီးတွေဖြစ်ကုန်ကြသည်။ များသောအားဖြင့် အနည်းဆုံးစားတဲ့ ဘွားဘွားရှောင်တောင် ခေါက်ဆွဲ တစ်ပန်းကန်ကြီးစားခဲ့သည်။

‌သူတို့တွေ ‌ဗိုက်ပြည့်အောင်စားပြီးကြတော့ ဘိုးဘိုးရှောင်နဲ့ ဘွားဘွားရှောင်က အနည်းငယ် ခြေကုန်လက်ပမ်းကျလာကြသည်။ ဒါကြောင့် သူတို့တွေ ဆက်မစောင့်တော့ဘဲ အိပ်ချင်လာကြသည်။

ရှောင်မိသားစုရဲ့ ချွေးမလေးယောက်က ကတ်ဆော့ဖို့ စုဝေးနေခဲ့ကြသည်။ ၎င်းက ကျေးလက်ကလူတွေအတွက်တော့ ဖျော်ဖြေမှုပဲဖြစ်သည်။ ရာသီဥတု သိပ်မကောင်းတဲ့အချိန်မှာ သူတို့တွေ လယ်မစိုက်ကြဘဲ ကတ်တွေဆော့ဖို့ အမျိုးသမီးတွေစုရုံးကြသည်။

ရှောင်မိသားစုရဲ့ ညီအစ်ကိုလေးယောက်က မာကျောက်ကစားဖို့ နောက်ထပ်စားပွဲတစ်ခုမှာ စုဝေးနေကြသည်။

ရှောင်လင်းယွင်က သူမသမီးနှစ်ယောက်ကို အိပ်ယာဝင်ဖို့ ခေါ်သွားသည်။

ရှောင်ရှောင်းဟွေ့က ရှောင်ကွမ်းနဲ့ တာ့ကွမ်းကို ဆုံးရှုံးလိုက်ရတာနဲ့ပက်သက်ပြီး အရမ်းအပြစ်ရှိသလို ခံစားခဲ့ရသည်။ သူက သူတို့ကိုကြို‌ဆိုဖို့ နေချင်ခဲ့သည်။ ဒါပေမယ့်လည်း သူက ကလေးပဲရှိသေးတာလေ။ ပြီးတော့ သူက မနက်တုန်းက ဆေးခတ်ခံထားရသည်။ သူနိုးလာပြီးတော့ နွားတွေရှာဖို့ လူကြီးတွေနောက်လိုက်သွားခဲ့သည်။ သူလည်း မောပန်းနေသည်။

လူကြီးတွေက သူ့ကိုအနားယူဖို့ ဖျောင်းဖျကြပေမယ့် ရှောင်ကွမ်းနဲ့ တာ့ကွမ်းပျောက်နေတုန်း သူအချည်းနှီးထိုင်မနေနိုင်ပေ။ သူတို့တွေကို ပြန်တွေ့ပြီလို့ သူကြားတော့ သူ့ရဲ့စိုးရိမ်နေတဲ့စိတ်က သက်သာရာရသွားသည်။ ပြီးနောက်မှာ မောပန်းနွမ်းနယ်မှုက သူ့ကို ရိုက်ခတ်လာသည်။ သူကသူ့ရဲ့ အိပ်ချင်စိတ်ကို ထိန်းမထားနိုင်တော့ဘဲ အိပ်ပျော်သွားသည်။ သူက စားဖို့တောင် မထချင်တော့ပေ။

ရှောင်လင်းရှို့က ကတ်စားပွဲနဲ့ မာကျောက်စားပွဲကိုရွှေ့လိုက်သည်။ သူကလည်း အတော်လေးပျော်ရွှင်နေပုံပေါ်သည်။

ရှောင်ကွမ်းနဲ့ သူ့အမေကိုပြန်တွေ့ပြီလို့ ရှောင်လင်းယွီကြားတော့ အိပ်ချင်စိတ်က သူမကိုလည်း ချက်ချင်းရိုက်နှက်လာသည်။ ပြီးနောက်မှာ သူမက ခနခနသန်းလိုက်ကာ အိပ်ဖို့ သူမအခန်းဆီ ပြန်သွားခဲ့သည်။

ဒါပေမယ့်လည်း ရှောင်ကွမ်းနဲ့ တာ့ကွမ်း အိမ်ပြန်ရောက်လာရင် သူမကိုနှိုးဖို့ မေမေရှောင်ကို ပြောထားခဲ့သည်။

ကုန်းထျန်းဟောက်ကတော့ သူက ခေါက်ဆွဲပန်းကန်တစ်လုံးစားခဲ့ပြီး ကုန်းမိသားစုဆီ ပြန်သွားခဲ့သည်။ သူ့မှာ လုပ်စရာကိစ္စတွေရှိသေးဆဲပဲ ဖြစ်သည်။ သူက သူ့ရဲ့လက်အောက်ငယ်သားတွေဆီက တင်ပြချက်တွေကို ကိုင်တွယ်ဖြေရှင်းရဦးမည်။

နွားဘုရင်ငယ်လေးပြန်လာဖို့စောင့်နေတုန်း ရှောင်မိသားစုက အရမ်းစိတ်ချမ်းသာနေသည်။ ဒါပေမယ့်လည်း လူတိုင်းရဲ့စိတ်ထဲမှာ မမေးခဲ့လိုက်တဲ့ မေးခွန်းတစ်ခုရှိနေသည်။

ဒီပြန်ပေးဆွဲမှုက ဘယ်လိုဖြစ်ဘာတာလဲ?

ဒါက ယွီအာခန့်မှန်းထားသလိုပဲလား?

ရွာထဲကတစ်ယောက်ယောက်က သူတို့ကို သစ္စာဖောက်လိုက်တာလား?

ဒီမေးခွန်းကိုတော့ မနက်ဖြန်အထိ အဖြေရကြမှာမဟုတ်ပေ။

ညလယ်ဝန်းကျင်မှာ ရှောင်မိသားစုက လေယာဉ်တစ်ခုရဲ့မြည်သံကို ကြားလိုက်ကြသည်။ ချက်ချင်းဆိုသလိုပဲ ကစားနေတဲ့လူတွေက ကစားနေကြတာကို ရပ်တန့်လိုက်သည်။ မေမေရှောင်ကလည်း ရှောင်လင်းယွီကို နှိုးလိုက်သည်။

ရှောင်ရှောင်းဟွေ့ကို သူ့အမေက နှိုးလိုက်သည်။ ရှောင်ရှောင်းဟွေ့ အိပ်ယာမဝင်ခင် ရှောင်ကွမ်းနဲ့ တာ့ကွမ်းအိမ်ပြန်ရောက်လာရင် သူလည်းအဲ့ဒီမှာရှိနေချင်ကြောင်း သူ့အမေကို အရမ်းဂရုတစိုက်ပြောခဲ့သည်။ သူမရဲ့သားက နွားတွေကိုဆုံးရှုံးရတာနဲ့ပက်သက်ပြီး အရမ်းအပြစ်ခံစားနေရကြောင်း စတုတ္ထဒေါ်လေးရှောင်ကလည်း သိသည်။ ဒါကြောင့် သူမက ဒီတစ်ကြိမ်တော့ သဘောတူလိုက်သည်။

ရှောင်ရှောင်းဟွေ့က သူ့မျက်လုံးကိုပွတ်လိုက်ပြီး ရှုပ်ထွေးနေပုံပေါ်သည်။

သူက

"အမေ ဘာဖြစ်လို့လဲ?"

စတုတ္ထဒေါ်လေးရှောင်က ပြုံးကာ

"ရှောင်ကွမ်းနဲ့ တာ့ကွမ်းပြန်လာပြီ"

ရှောင်ရှောင်းဟွေ့ရဲ့ခေါင်းက ရုတ်တရက် တုန်ယင်လာပြီး သူချက်ချင်း နိုးလာခဲ့သည်။

သူ့မျက်လုံးတွေက ပြူးပြူးဖွင့်ကာ တောက်ပလာပြီး ပျော်ရွှင်စွာနဲ့ အတည်ပြုလိုက်ကာ

"တကယ်လား? သူတို့ပြန်လာပြီလား?"

"ဟုတ်တယ်‌လေ ဒါပေ့ါ"

စတုတ္ထ‌ဒေါ်လေးရှောင်က သူ့ခေါင်းကလေးကိုပွတ်လိုက်ပြီး ပြုံးကာ

"ဒါဆိုရင် မင်းဘာလို့မထသေးတာတုန်း?"

များသောအားဖြင့် သူ့သားက အရမ်းဆိုးသွမ်းပြီး နှောင့်ယှက်တတ်သည်။ ဒါပေမယ့် ဒီတစ်ကြိမ်တော့ သူ့သားကလည်း အရမ်းတွေးခေါ်တတ်ပြီး ကျိုးနွံနေသည်။ နွားနှစ်ကောင်ပျောက်သွားကတည်းက သူမရဲ့သားက စိုးရိမ်နေခဲ့သည်။ သူ့စိတ်အခြေအနေက ညှိုးငယ်ထိုင်းမှိုင်းနေပြီး သူငိုသာနေခဲ့သည်။ ကုန်းထျန်းဟောက်က သူတို့ကိုရှာတွေ့ပြီလို့ပြောမှ သူငိုတာရပ်ခဲ့သည်။

ရှောင်ရှောင်းဟွေ့က ချက်ချင်း အိပ်ယာပေါ်ကနေ ခုန်ထလိုက်သည်။ နွေရာသီမလို့ သူက ဘာရှပ်အင်္ကျီမှ ဝတ်မထားပေ။ သူမြန်မြန်ပြေးထွက်သွားသည်။ ဒါပေမယ့်လည်း ခြံထဲမှာ ဘယ်သူမှမရှိတာကို သူမြင်လိုက်တော့ နံရံထဲကအပေါက်ကိုဖြတ်ကြည့်လိုက်ပြီး ရှောင်ကွမ်းနဲ့ တာ့ကွမ်းက တင်းကုပ်ထဲမှာလည်း မရှိတာကို မြင်လိုက်သည်။

ရှောင်ရှောင်းဟွေ့က ချက်ချင်းပဲ အသံကျယ်ကျယ်နဲ့

"အမေ သူတို့တွေဘယ်မှာလဲ?"

စတုတ္ထ‌ဒေါ်လေးရှောင်က‌ လျှောက်ထွက်လာကာ သူ့ခေါင်းလေးကိုပုတ်လိုက်ပြီး ပြုံးလျက်နဲ့

"မင်းအစ်ကိုကုန်းက သူတို့ကို လေယာဉ်နဲ့ခေါ်လာတာ။ သူတို့က နေလှန်းကွင်းထဲမှာ။ မင်းဒုတိယဦးလေးရဲ့ခြံက လေယာဉ်တစ်စင်း ဆံ့မယ်ထင်လို့လား?"

ဒါကိုကြားပြီး ရှောင်ရှောင်းဟွေ့က ချက်ချင်း နေလှန်းကွင်းဆီ တည့်တည့်ပြေးသွားလိုက်သည်။

သူရောက်သွားတော့ လူတွေအများကြီးက ကောင်းကင်ကို ခေါင်းမော့ပြီးကြည့်နေကြတာကို မြင်လိုက်သည်။

ဟယ်လီကော်ပတာတစ်စင်း ရစ်ဝဲနေသည်။

လူတော်တော်များများက ရုတ်ရုတ်ဖြစ်တာကိုကြားပြီး ကြည့်ဖို့ လာခဲ့ကြသည်။ သူတို့က ရှောင်မိသားစုကို မေးမြန်းကာ

"ကျန်းယန် ဘာတွေဖြစ်နေတာလဲ?"

ရှောင်ချန်းပမ်းက နားမလည်စွာ မေးလိုက်သည်။

ရှောင်ကျန်းယန်က ပြုံးကာ

"တာ့ကွမ်းနဲ့ သူ့သားကိုရှာတွေ့ပြီလေ"

သူဖြေလိုက်တော့ သူ့မျက်လုံးတွေက ကောင်းကင်ကို ကြည့်နေခဲ့သည်။

ရှောင်ချန်းပမ်းက ဒါက်ုကြားတော့ အသေအချာကို အနည်းငယ်အံ့ဩသွားသည်။

"ရှောင်ကွမ်းနဲ့ တာ့ကွမ်းကိုရှာတွေ့ပြီ? သူတို့တွေ ဘယ်မှာလဲ?"

ရှောင်ကျန်းယန်က လေထဲက လေယာဉ်ကိုထိုးပြလိုက်ပြီး 

"သူတို့က အခု လေယာဉ်ပေါ်မှာ"

"ဘာရယ်?"

ရှောင်ချန်းပမ်းက အံ့ဩစွာပြောလိုက်သည်။

အနားမှာ လူတွေအများကြီးရှိနေသည်။ သူတို့အကုန် ရှောင်ကျန်းယန်ပြောတာကို ကြားလိုက်ကြသည်။ နွားဘုရင်ငယ်လေးကို ပြန်ရှာတွေ့ခဲ့ပြီး သူက လေယာဉ်တစ်စင်းပြန်စီးလာခဲ့သည်။

"ကျန်းယန်၊ သူတို့ကို လေယာဉ်နဲ့ပြန်ခေါ်ရလောက်အောင်အထိ ရှောင်ကွမ်းနဲ့ သူ့အမေက ဘယ်သွားနေခဲ့လို့လဲ?"

ရွာသားတစ်ယောက်က နားမလည်စွာမေးလိုက်သည်။

ရှောင်ကျန်းယန်က

"သူတို့ကို ကွမ်းမြို့ကို ခေါ်သွားခံရတော့မလို့"

ရွာသားတွေက အံ့ဩကုန်ကြသည်။

"ကျန်းယန်၊ အမေကြီးနဲ့ နွားလေးကို တစ်ယောက်ယောက်က ခိုးသွားတယ်လို့ မင်းပြောချင်တာလား?"

"ဟုတ်တယ်"

"သေစမ်း၊ သူတို့ကိုခိုးပြီး ကွမ်းမြို့ကို ရွှေ့ရဲလောက်တဲ့အထိ ဘယ်သူကများ ရဲတင်းတာလဲ?"

ရှောင်ကျန်းယန်က ခေါင်းခါလိုက်ကာ

"ငါတို့မသိသေးဘူး။ ဒါ‌ပေမယ့်လည်း ငါတို့တွေ ရဲခေါ်ထားတယ်"

"ရဲတွေကို ခေါ်လိုက်တာပဲ"

ရွာသားတွေက ဒါကို မျှော်လင့်ထားကြပြီးဖြစ်သည်။

ရှောင်မိသားစုက အမြဲတမ်းသတ္တိရှိတာပဲ။ သူတို့မှာ ပြဿနာတစ်စုံတစ်ရာရှိရင် ရဲတွေဆီသွားကြမှာပဲလေ။ ကျေးလက်ဘက်မှာ လူတွေက ကိစ္စရပ်တွေကို သီးသန့်ဖြေရှင်းဖို့ပဲ ပိုသဘောကျကြသည်။ သူတို့က ရဲတွေကို အလိုလိုကြောက်နေကြသည်။ လေးလေးနက်နက်ပြစ်မှုကြီးကျူးလွန်ထားတဲ့သူတွေပဲ ရဲတွေကို ‌ရင်ဆိုင်ရတာလို့ သူတို့ခံစားနေကြသည်။

‌ဒါပေမယ့်လည်း ရှောင်ကျန်းယန်ရဲ့မိသားစုကတော့ လုံးဝဆန့်ကျင်ဘက်ပင်ဖြစ်သည်။ သူတို့က အနည်းငယ်သဘောထားမတိုက်ဆိုင်မှုမှာတောင် ရဲခေါ်ကြသည်။ ချန်းမိသားစုက ဒုက္ခပေးဖို့လာတုန်းက သူတို့တွေ ရဲခေါ်ခဲ့ကြသည်။ နှစ်ကြိမ်စလုံး လူတွေ ထောင်ကျခဲ့သည်။

ရွာသားတွေက ရှောင်မိသားစု ဘယ်အချိန်ပဲ‌ရဲခေါ်ခေါ် စိုးရိမ်နေကြသည်။ အကြောင်းမှာ ၎င်းက တစ်ယောက်ယောက်အတွက် ထောင်ကျချိန်ပဲလို့ ဆိုလိုနေသောကြောင့်ဖြစ်သည်။

ရဟက်ယာဉ်အသံက ကျယ်လောင်စွာ မြည်ဟည်းနေသည်။ ရွာသားတွေက နေလှန်းကွင်းတည့်တည့် လမ်းလျှောက်လာတုန်း အသံကျယ်ကျယ်စကားပြောနေခဲ့ကြသည်။

ရုတ်ရုတ်ရုတ်ရုတ်ဖြစ်မှုကြီးက ရှောင်ဖုချီရဲ့ခြံကိုလည်း နိုးကြားစေသည်။ ရှောင်ဖုချီက လူအုပ်ကြီးတွေကို သဘောကျသည်။ သူက ဆူညံသံတွေကိုကြားတော့ အလိုလိုထလာပြီး နေလှန်းကွင်းကို သူတို့နောက် လိုက်လာခဲ့သည်။ ဒါပေမယ့်လည်း သူအိမ်ကထွက်ကလာ‌တော့ သူ့နဲ့အတူတူအိပ်တဲ့သူက ဖြူဖပ်ဖပ်မျက်နှာရှိနေတာကို သတိမထားမိခဲ့ပေ။ ပြီးနောက်မှာ သူမ ထလာခဲ့သည်။

ကျန်းချွမ်းကျောင်းက နေလှန်းကွင်းဆီ ပြေးသွားတော့ ရဲတွေကိုခေါ်လိုက်တယ်လို့ တစ်ယောက်ယောက်ပြောတာကို သူမကြားလိုက်သည်။ ဒါကိုကြားတော့ ကျန်းချွမ်းကျောင်းရဲ့ခြေထောက်တွေ ချက်ချင်းအားပျော့လာပြီး လမ်းကြောင်းမှာပဲ သူမရပ်တန့်လိုက်သည်။ သူမရဲ့အမူအယာက ပုံမှန်မဟုတ်ဘဲ စိုးရိမ်ပြီး ကြောက်ရွံ့နေသည်။

ကျန်းချွမ်းကျောင်းနဲ့ နီးနီးကပ်ကပ် နောက်ကလိုက်လာတဲ့သူတွေက ကျန်းချွမ်းကျောင်း ရုတ်တရက် ရပ်သွားမယ်လို့ မထင်ခဲ့ကြပေ။ သူမက လဲကျလုမတတ်ဖြစ်သွားသည်။

ကျန်းသုန့်ရှို့က မပျော်မရွှင်နဲ့ 

"ကျန်းချွမ်းကျောင်း နင်ဘာဖြစ်နေတာလဲ? ဘာလို့ရုတ်တရက် ရပ်လိုက်တာလဲ?"

ကျန်းချွမ်းကျောင်းက ငြိမ်သက်နေသည်။

ကျန်းသုန့်ရှို့က ဒုက္ခမရှာချင်ပေ။ သူမက ကျန်းချွမ်းကျောင်းကို လျစ်လျူရှုပြီး ထားခဲ့သည်။

ကျန်းချွမ်းကျောင်းအတွက်ကတော့

သူမရဲ့စိတ်က ခနလောက် ဗလာနတ္ထိဖြစ်သွားပြီးတော့ အသိပြန်ဝင်လာခဲ့သည်။ ပြီးနောက်မှာ သူမက လှည့်လိုက်ပြီး ထွက်သွားခဲ့သည်။ သူမ ယိုင်တိယိုင်တိုင် လမ်းလျှောက်နေသည်။

တစ်စုံတစ်ယောက်က ကျန်းချွမ်းကျောင်းရဲ့ ထူးဆန်းတဲ့အပြုအမူကို သတိပြုမိသွားပြီး စူးစမ်းစွာနဲ့ 

"ဒီကျန်းချွမ်းကျောင်းက ဘာဖြစ်နေတာလဲ? သူက သောက်ထားသလိုမျိုးကို ယိုင်တိုင်တိုင်ဖြစ်နေတာပဲ။ သူထပ်ပြီး ရှောင်ဖုချီ‌ဆီကနေ အရိုက်ခံထားရတာလား?"

ကျန်းချွမ်းကျောင်းရဲ့ဖြစ်ရပ်ကတည်းက ရှောင်ဖုချီက အရက်က‌ကြောင့် ကျန်းချွမ်းကျောင်းကို တစ်ခါတစ်ရံ ရိုက်နှက်သည်။ အကြိမ်ပေါင်းများစွာပဲ ကျန်းချွမ်းကျောင်းရဲ့ အော်ငိုပြီး တောင်းပန်နေတဲ့အသံကို ရွာသားတွေ ကြားကြရသည်။

"ဟီးဟီး နောက်ဆုံးကျတော့။ သူတို့တွေ တစ်အိပ်ယာထဲမှာ အိပ်နေတုန်းပါပဲလေ"

"အရင်က ရှောင်ဖုချီက ကျန်းချွမ်းကျောင်းကို သူ့လက်ပေါ်တင်ထားခဲ့။ သူမကတောင် သူ့ကိုရိုက်သေးတယ်။ ဒါပေမယ့်အခုတော့ အလှည့်ကပြောင်းပြန်ဖြစ်နေပြီ"

အတိတ်က ရှောင်ဖုချီက ကျန်းချန်းကျောင်းက သူ့ကိုထားခဲ့မှာ ဒါမှမဟုတ် ကွာရှင်းခွင့်တောင်မှာတောင် စိုးရိမ်နေခဲ့သည်။ ဒါပေမယ့် အခုတော့ ၎င်းက ခြားနားသွားပြီ။ ရှက်စရာကိစ္စပြီးကတည်းက ကျန်းချွမ်းကျောင်းရဲ့မိသားစုအရင်းက သူမနဲ့ နှောင်ကြိုးအားလုံးကို ဖြတ်တောက်ခဲ့သည်။ သူမပြန်သွားချင်ပေမယ့် သူမရဲ့မိသားစုအရင်းက သူမကိုလည်း လုံးဝမကြိုဆိုနေပေ။

သူမသာ ကွာရှင်းခွင့်တစ်ခုလိုချင်ရင် ဘာမှမရဘဲ ထွက်သွားရလိမ့်မည်။ ပြီးတော့ သူမရဲ့သားကိုလည်း သူမနဲ့ ခေါ်မသွားနိုင်ပေ။ ဒါပေမယ့်လည်း သူမရဲ့သမီးကိုတော့ ကွာရှင်းမှုနဲ့အတူ ခေါ်သွားနိုင်သည်။

ကျန်းချွမ်းကျောင်းရဲ့ ဂုဏ်သတင်းက လုံးဝဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။

နောက်ကျလို့ သူမအိုသွားရင် သူမကို ဘယ်သူကစောင့်ရှောက်မှာလဲ?

ကျန်းချွမ်းကျောင်းအတွက်ကတော့ ကွာရှင်းခွင့်က မတန်ပေ။ ဒါကြောင့် သူမက ကွာရှင်းတာထက်စာရက် နေ့တိုင်းအရိုက်ခံရတာကိုပဲ ‌လက်ခံလိုက်မည်။ ဘာပဲဖြစ်ဖြစ် ရှောင်ဖူချီက သူမကို သေလောက်အောင်တော့ မရိုက်ရဲပေ။

ကျန်းချွမ်းကျောင်း အိမ်ကို ပြန်လျှောက်လာတော့ ပစ္စည်းတချို့ကို ထုပ်ပိုးလိုက်ပြီး ညတွင်းချင်း ထွက်သွားဖို့ စီစဉ်လိုက်သည်။ ရှောင်ကျန်းယန်က ရဲတွေကို ခေါ်လိုက်ပြီလေ။ သူမ ချက်ချင်း ထွက်သွားမှရတော့မည်။ မဟုတ်ရင်တော့ ရဲဌာနက သူမဆီ မနက်ဖြန်လာရှာကြမှာဖြစ်သည်။ သူမ အမြန်ဆုံး ထွက်သွားဖို့လို့သည်။ မဟုတ်ရင် သူနောက်နေ့ထိ ရှိမှာမဟုတ်တော့ပေ။

အဲ့ဒီအချိန်မှာ သူမရဲ့သားက အပေါ့သွားဖို့ ထလာခဲ့သည်။ သူ့အမေ ထုပ်ပိုးနေတာကို သူမြင်တော့ မျက်လုံးတွေကိုပွတ်လိုက်ပြီး နားမလည်ပုံပေါ်သွားသည်။

သူက

"အမေ ဘာလုပ်နေတာလဲ?"

ကျန်းချွမ်းကျောင်းက သူ့အသံကိုကြားတော့ ရှော့ခ်ရသွားသည်။ သူမလှည့်ကြည့်လိုက်ပြီး သူမရဲ့သားကိုမြင်လိုက်တေ့ မျက်လုံး တွေနီရဲလာသည်။ သူမလက်ထဲက အဝတ်တွေကိုချလိုက်ပြီး သူမသားကိုဖက်လိုက်ကာ 

"သားလေး အမေ အချိန်တစ်ခုလောက် ထွက်သွားရမယ်။ ဒီအချိန်အတွင်းမှာ မင်းကိုယ်မင်း ဂရုစိုက်ရမယ် ဟုတ်ပြီလား?"

သူမရဲ့သားက

"အမေ ဘယ်သွားမလို့လဲ?"

ကျန်းချွမ်းကျောင်းက

"မင်းအဘိုးရဲ့အိမိဆီ အမေသွားမလို့။ ကောင်းပြီ မင်းအခုအိပ်သင့်ပြီ"

ဒါကိုပြောပြီးတာနဲ့ သူမရဲ့သားကို ထပ်ပြီး မနှောင့်ယှက်တော့ပေ။ သူမက ပစ္စည်းတချို့ကို မြန်မြန်ဆန်ဆန်ထုပ်ပိုးလိုက်ပြီး အလောသုံးဆယ်ထွက်မသွားခင် အိမ်ထဲက ပိုက်ဆံအားလုံးကို ယူသွားခဲ့သည်။ သူမထွက်သွားတာနဲ့ သူမရဲ့သားက သူ့အဖေကိုရှာမယ်မှန်း ကျန်းချွမ်းကျောင်း မသိခဲ့ချေ။

"အဖေ အခုလေးတင် အမေက အထုပ်သိမ်းပြီးအိမ်ကနေ ထွက်သွားတယ်"

"ဘာ?!"

***

All Chapters