← Chapters

ပြန်လည်ရောက်ရှိခြင်း

Vol. 24 Ch. 404

ပြန်လည်ရောက်ရှိခြင်း

Vol. 24 Ch. 404

ရှောင်ဖုချီက လူအုပ်ကြီးနှင့်ရောနေလေသည်။

ရွာသားတွေက အရင်က ဟယ်လီကော်ပတာပေါ် မရောက်ဖူးပေ။ ဒါကြောင့် သူတို့တွေ ကြည့်ရှုဖို့ လာခဲ့ကြသည်။ နောက်ကျရင် သူတို့တွေ တခြားရွာကလူတွေကို ကြွားလို့ရနိုင်သည်။

ဒါပေမယ့်လည်း ကျန်းချွမ်းကျောင်းက သူမပစ္စည်းတွေသိမ်းပြီး ညတွင်းချင်းထွက်သွားပြီဆိုတာကို ရှောင်ဖုချီက သူ့သားဆီကနေ ကြားခဲ့ရသည်။ သူအရမ်းသောက်ထားလို့ သွေးလေချောက်ခြားနေတာလို့တောင် ရှောင်ဖုချီက တွေးမိလိုက်သည်။

သူက ထပ်ပြီးတော့

"မင်းအခုလေးတင် ဘာပြောလိုက်တာလဲ? မင်းအမေက အထုပ်သိမ်းပြီး ထွက်သွားပြီ?!"

ရှောင်ဖုချီရဲ့သားက ခေါင်းညိတ်ကာ

"ဟုတ်တယ် အမေဘယ်သွားမှာလဲဆိုတာကို ကျွန်တော်မေးလိုက်တော့ အဘိုးဆီကိုသွားမယ်လို့ ပြောတယ်။ ဒါပေမယ့် အဖေ၊ အဘိုးနဲ့ ဦးလေးတွေက အမေ့ကို သူတို့ဆီပြန်မလာစေချင်ဘူးလို့ ပြောထားတာမဟုတ်ဘူးလား? ဒါဆိုရင် အမေက ဘာလို့ သူတို့ဆီ ပြန်သွားမှာလဲ?"

နေလှန်းကွင်းထဲမှာ လူတွေအများကြီးရှိနေသည်။ ရှောင်ဖုချီရဲ့သားက အသံကျယ်ကျယ်စကားပြောနေတော့ လူတိုင်း သူ့ကိုကြားရသည်။

အဲ့ဒီအချိန်မှာ တစ်ယောက်က ချက်ချင်းဟာသလုပ်ကာ

"ဖုချီ၊ မင်းက မင်းမိန်းမကို အရမ်းရိုက်လို့ မင်းမရှိတဲ့အချိန် သူထွက်သွားတာများလား?"

"ဟုတ်သားပဲ။ ဖုချီ၊ နင်က ကျန်းချွမ်းကျောင်းကို အနည်းဆုံးအနှစ်နှစ်ဆယ်လောက်လက်ထပ်ထားတာ။ သူလုပ်ခဲ့တယ်ဆိုပေမယ့်လည်း သူ့ကို အဲ့လိုမျိုး‌တော့ မလုပ်သင့်ဘူး"

ဒီလူတွေရဲ့ အကြံပေးမှုတွေထဲမှာ ပျက်ရယ်ပြုတဲ့အရိပ်အယောင်တွေ ပါနေသည်။ ဒါ့ပြင် အလှည့်အပြောင်းဖြစ်သွားရတဲ့ အကြောင်းရင်းက ရှောင်ဖုချီကို အရှက်တကွဲဖြစ်စေသည်။ တစ်နည်းအားဖြင့်တော့ ကျန်းချွမ်းကျောင်းရဲ့ ကြမ်းတမ်းတဲ့အကျင့်စရိုက်နဲ့ ရှောင်ဖုချီကို သူမတစ်ဘဝလုံး စိုးမိုးနေလိမ့်မည်။

ဘာပဲဖြစ်ဖြစ် ကျန်းချွမ်းကျောင်းက မိုက်မဲတဲ့တစ်စုံတစ်ခုပြုလုပ်ခဲ့သည်။ သူမမှာ မိသားစုကောင်းတစ်ခုရှိပေမယ့် သူမက အချစ်ဇာတ်ခင်းချင်နေခဲ့သည်။ ဒါပေမယ့်လည်း ဒါက သူမအရိုးထဲထိကို စွဲနေတာလည်း ဖြစ်နိုင်သည်။ ပြီးတော့ သူမ လက်မထပ်ခင်တုန်းက အိမ်ထောင်ရှိတဲ့ယောက်ျားတစ်ယောက်နဲ့ ငြိစွန်းခဲ့ဖူးသည်။

ရွာသားတွေက တစ်ခါတစ်လေ ရှောင်ဖုချီကို သရော်ကြသည်။

"ဖုချီ၊ မင်းဘာလို့ ဒီလိုတွေလုပ်နေတာလဲ? ဒီတော့ ကျန်းချွမ်းကျောင်းက မင်းကို ဖောက်ပြန်ခဲ့တာတော့ ဟုတ်ပါတယ်။ သူပြောင်းလဲမှာပေါ့ မင်းသူ့ကို အကြိမ်တိုင်း ရိုက်နေဖို့ မလိုပါဘူး"

၎င်းက အကြံပေးတာနဲ့ တူပေမယ့်လညး သူ့ရဲ့အနာကို ထုတ်ဖော်ပေးနေတာနဲ့ ဘာမှမကွာပေ။

"ဟုတ်တယ်၊ မင်းတို့က သက်တမ်းရင့်စုံတွဲကြီးပဲ။ ကျန်းချွမ်းကျောင်းက အဲ့ဒီကိစ္စတွေကို လမ်းပေါ်မှာ လုပ်ခဲ့တယ်‌ဆိုရင်တောင်...

မင်းတို့နှစ်‌ယောက်မှာ ကလေးရှိပြီးသားပဲ။ ကျန်းချွမ်းကျောင်းက မင်းတစ်ဘဝလုံး မင်းနဲ့နေဖို့ လိုသေးတာပဲ။ ဘာလို့ အိမ်မှာ ငြိမ်းငြိမ်းချမ်းချမ်း‌မနေတာလဲ?"

"အမှန်ပဲ"

ရှောင်ဖုချီရဲ့မျက်နှာက ဒီကိစ္စတွေကိုကြားတော့ နီရဲစိမ်းပုပ်လာသည်။ သူက ဒေါသထွက်ပြီး ရှက်ရွံ့လာသည်။ ကျန်းချွမ်းကျောင်း အဲ့ဒီကိစ္စတွေကို လုပ်ခဲ့ကတည်းက သူ့ရဲ့တစ်မိသားစုလုံးက အထင်သေးခံရပြီး ဝေဖန်ခံနေရသည်။ ၎င်းက တကယ့်ကို ဒေါသထွက်စရာကောင်းသည်။

အစက သူ့မိသားစုက တခြားရွာသားတွေနဲ့ ငြင်းခုံနေခဲ့ပေမယ့် သူတို့ပိုငြင်းလေလေ ပိုပြီး အရှက်ကွဲတယ်လို့ ခံစားရလေလေ ဖြစ်သည်။ ပြီးတော့ ကျန်းချွမ်းကျောင်းလုပ်ခဲ့တာကို လူတိုင်း မျက်မြင်တွေ့ခဲ့ကြသည်။ အစကတော့ သူလည်း ကွာရှင်းဖို့အကြောင်း တွေးခဲ့‌သေးသည်။ ဒါပေမယ့်လည်း သူ့လိုလူတစ်ယောက်အတွက် ကွာရှင်းရတာလွယ်ပေမယ့် လက်ထပ်ရတာတော့ ခက်ခဲသည်။

သူ့မှာပိုက်ဆံမရှိပေ။ ပြီးတော့ သူက အိုနေပြီ။ သူ့မှာ သားတစ်ယောက်နဲ့ သမီးတစ်ယောက်ရှိသည်။ ဘယ်သူက သူ့ကို လက်ထပ်မှာလဲ? ဒီတော့ သူ့သားကို မိထွေးတစ်ယောက်ရှာပေးမယ့်အစား သူ့မိန်းမနဲ့ နေဖို့ပဲ ဆုံးဖြတ်လိုက်သည်။

"ကျန်းချွန်း‌ကျောင်း အိမ်ကထွက်ပြေးသွားတယ်လို့ မင်းသား ရှောင်းချန်ကပြောတယ် ဟုတ်လား?"

ခနလောက် ဟာသလုပ်ပြီးတော့ တစ်ယောက်က အဓိကအချက်ကို ထောက်ပြလာသည်။

ရှောင်ရှောင်းချန်က ခေါင်းခါကာ

"ကျွန်တော့်အမေက အိမ်ကထွက်ပြေးသွားတာမဟုတ်ပါဘူး။ အဘိုးအိမ်ကိုသွားမယ်လို့ သူပြောသွားတယ်"

"မင်းအဘိုးနဲ့ ဦးလေးနှစ်ယောက်က မင်းအမေကို ထပ်ပြီး မကြိုဆိုတော့ဘူးဆိုတာ လူတိုင်းသိကြတယ်"

ရှောင်းချန်က ကလေးတစ်ယောက်မလို့ ရွာသားတွေက ဂရုမစိုက်ကြပေ။

"ပြီးတော့ အခုက ညသန်းခေါင်လေ။ ဘယ်သူက ညလယ်ခေါင်ကြီး အလည်သွားမှာလဲ? ရှောင်းချန်၊ မင်းအမေက အိမ်ကထွက်သွားပြီ မင်းကိုထပ်မလိုချင်တော့ဘူးကွ"

ကလေးက ဒီဟာသကို မကြိုက်ပေ။ သူ့အမေက သူ့ကိုမလိုချင်တော့ဘူးလို့ ရှောင်ရှောင်းချန် ကြားတော့ ချက်ချင်း မျက်ရည်တွေကျလာသည်။

ရှောင်ဖုချီက အရမ်းစိတ်ရှုပ်သွားပြီး ရှောင်ရှောင်းချန်ကို ဒေါသတကြီးအော်ဟစ်ကာ

"ငိုနေတာရပ်စမ်း!"

ရှောင်ရှောင်းချန်က သူ့အဖေကို‌တော့ နည်းနည်းကြောက်သည်။ အဲ့ဒါပြီးတော့ သူဆက်မငိုရဲတော့ပေ။ ဒါပေမယ့်လည်း မျက်ရည်တွေက သူ့မျက်နှာပေါ်မှာ စီးကျနေပြီး မျက်နှာက နီရဲလာသည်။

ရှောင်ဖုချီက သူ့သားကို ဂရုမစိုက်ပေ။ သူက လူအုပ်ကိုလည်း ဂရုမစိုက်ပေ။ ဒေါသထွက်နေတဲ့မျက်နှာနဲ့ သူကလှည့်ပြီး အမြန်ထွက်သွားသည်။

"အဲ့ဒီမိန်းမက အိမ်ကနေ တကယ်ထွက်ပြေးရဲတယ်ပေါ့။ အနည်းဆုံးလဝက်လောက် အိပ်ယာထဲကနေမထနိုင်အောင် ငါသူ့ကို ရိုက်ပစ်မယ်"

ရှောင်ဖုချီထွက်သွားတော့ ရှောင်လင်းယွီနဲ့ ကုန်းထျန်းဟောက်တို့ လှုပ်ရှားလာကြသည်။

ရှောင်လင်းယွီက ရှောင်ဖုချီရဲ့ ကဖျက်ကယက်အမူအယာကိုကြည့်လိုက်ပြီး အလင်းရောင်တစ်ခု သူမမျက်လုံးထဲ ‌ဖြတ်ပြေးသွားသည်။ သူမစိတ်ထဲမှာ ချက်ချင်းပဲ ခန့်မှန်းချက်တစ်ခုလုပ်လိုက်သည်။

'တကယ်သာ သူဆိုရင်တော့ ထွက်ပြေးနိုင်မှာ မဟုတ်ဘူး '

ကုန်းထျန်းဟောက်က ရှောင်လင်းယွီကို ကူညီပေးလိုက်သည်။

ရှောင်ဖုချီရဲ့အမူအယာကို သူတို့မြင်တော့ သူတို့နှစ်ယောက်က အချင်းချင်းကြည့်လိုက်ပြီး အပြန်အလှန်သဘောတူစွာ ခေါင်းညိတ်လိုက်သည်။ ပြီးနောက် သူတို့တွေ ရှေ့ဆက်လျှောက်ခဲ့ကြသည်။ သူတို့တွေ နေလှန်းတဲ့မြေပြင်ကိုရောက်တော့ လရောင်က အရမ်းတောက်ပနေသည်။ ရှောင်လင်းယွီက လူအုပ်ထဲမှာ ငိုယိုနေတဲ့ ရှောင်ရှောင်းချန်ကိုမြင်လိုက်သည်။

သူမက လျှောက်သွားလိုက်ပြီး

"ရှောင်းချန် မင်းဘာဖြစ်လို့လဲ?"

သူ့ဘေးက ရွာသားတစ်ယောက်က ချက်ချင်းပဲ

"သူ့အဖေ သူ့ကိုဆူလိုက်လို့"

ရှောင်လင်းယွီက မျက်မှောင်ကျုံ့ကာ သိချင်စိတ်နဲ့

"ဦးလေးဖုချီက ရှောင်းချန် ကို ဆူလိုက်တာလား? ဘာလို့လဲ?"

"ရှောင်ဖုချီက လာပြီးတော့ သူ့အမေက သူ့ပစ္စည်းတွေကိုသိမ်းပြီး သူ့အဘိုးအိမ်သွားတယ်ဆိုတာကို ပြောပြလိုက်လို့"

ရွာသားတစ်ယောက်က ရှင်းပြကာ 

"ပြီးတော့ ငါတို့တွေနည်းနည်း ဟာသလုပ်ပြီး သူ့အမေက သူ့ကို ထပ်မလိုချင်တော့ဘူးလို့ ပြောလိုက်တာ။ သူမျက်ရည်တွေကျလာပြီး သူ့အဖေဆီက ဆူတာခံလိုက်ရတာ"

ရှောင်လင်းယွီနဲ့ ကုန်းထျန်းဟောက်ရဲ့မျက်လုံးတွေ လင်းလက်သွားသည်။ သစ္စာဖောက်တဲ့သူက ကျန်းချွမ်းကျောင်း ဖြစ်ဖို့များသည်။

ရှောင်လင်းယွီက ပြုံးကာ

"ဒေါ်လေးကျန်းက သူ့မိသားစုဆီကို ညဘက်နောက်ကျမှပြန်သွားတာ။ သူမောင်းထုတ်ခံရမှာ မကြောက်ဖူးလား?"

"ငါတို့လည်း အဲ့လိုထင်တာပဲ"

ရွာသားတစ်ယောက်က ချက်ချင်း သံယောင်လိုက်ကာ

"ဒါ့ပြင် သူ့မိသားစုက သူနဲ့ အကုန်အဆက်အသွယ်ဖြတ်ထားတာ။ အခုကျမှ သူ့အတွက် တံခါးဖွင့်ပေးပါ့မလား?"

"တော်တော်ထူးဆန်းတယ်"

ရွာသားတစ်ယောက်က ပဟေဠိဖြစ်သွားသည်။

"တကယ်တော့ အရင်အပတ်တွေတုန်းက ရှောင်ဖုချီက ကျန်းချွမ်းကျောင်းကို မရိုက်တော့ဘူးထင်တယ်။ သူ့အရင်မိသားစုဆီပြန်သွားဖို့ ဘာလို့ဒီအချိန်ကိုရွေးလိုက်တာလဲ? ရှောင်ဖုချီက သူ့ကို အပြင်းထန်ဆုံးရိုက်နှက်နေတုန်းကတောင် သူအိမ်မပြန်ခဲ့ပါဘူး"

"ဟုတ်သားပဲ"

ရွာသားတွေက ၎င်းကို ဆွေးနွေးနေတုန်း ရှောင်လင်းယွီက

"တတိယဦးလေး ထောင်ယွမ်ရွာက ရှားပါ့ရွာနဲ့ မိုင်၄၀ဝေးတယ်။ ပြီးတော့ ခရီးက တောင်တွေကိုဖြတ်ရတာ။ ဒေါ်လေးကျန်းက ညလယ်ကြီးထွက်သွားတာ။ သူ့ကိုပြန်ခေါ်ဖို့ ကျွန်မတို့ လူနှစ်ယောက်လောက် မလွှတ်လိုက်သင့်ဘူးလား? ပြီးတော့ ဘေးကင်းမှုက အရေးအကြီးဆုံးပဲ။ သူမနက်မှလည်း ထွက်သွားလို့ရတာပဲလေ ဟုတ်တယ်မလား?"

တတိယဦးလေးက ရှောင်ပမ်းဖူဖြစ်သည်။ သူကရွာထဲမှာ ပါလေရာငပိချက်ဖြစ်သည်။ ရှောင်ပမ်းဖူက ခနလောက် စဉ်းစားလိုက်ပြီး 

"သူ့နောက်လိုက်ဖို့ ရှောင်ဖုချီထွက်သွားတယ်။ သူက သူ့ကိုရှာရင်ရှာနိုင်မှာပေါ့"

ရှောင်လင်းယွီက ချက်ချင်း စိုးရိမ်တဲ့အမူအယာပြလိုက်ပြီး

"ဒါပေမယ့် တတိယဦးလေး၊ ဦးလေးဖုချီက ဒေါ်လေးကျန်းကို ထပ်ရိုက်ဦးမှာလား? ဒေါ်လေးကျန်းက ရုတ်တရက်ကြီး အိမ်ကနေ ထွက်ပြေးသွားတာ။ ဦးလေးဖုချီသာ သူ့ဒေါသကို ပြန်ထိန်းမထားရင်..."

ရှောင်ပမ်းဖူက ဒါကိုကြားပြီး တိတ်ဆိတ်နေသည်။ ပြီးနောက်မှာ သူကအရမ်းလေးလေးနက်နက်နဲ့

"လင်းယွီ မင်းမှန်တယ်။ တစ်ချက်လောက်ကြည့်ဖို့ ငါတစ်ယောက်ယောက်ကို မေးလိုက်ဦးမယ်"

ဒါပေမယ့် သူက မလှုပ်ရှားချင်ပေ။ ပြီးတော့ ဒီကျေးလက်လူတွေက အရင်က တကယ့်ဟယ်လီကော်ပတာကို မမြင်ဖူးပေ။ ကုန်းမိသားစုက ဟယ်လီကော်ပတာတွေ နေ့တိုင်း အသွားအပြန်လုပ်နေရင်တောင် သူတို့က လေယာဉ်အငယ်လေးတွေဖြစ်သည်။ ဒီဟာက ကြီးမားတဲ့လေယာဉ်လေ။ ဒါကြောင့် ကြည့်ရှုဖို့ သူတို့တွေနေချင်ကြသည်။ ပြီးတော့ သူတို့မှာ လေယာဉ်ကိုစီးဖို့ အခွင့်အရေးမရဖူးလေ။ အနည်းဆုံးတော့ သူတို့တွေ အနီးကပ်ကြည့်နိုင်တာပေါ့။

ရွာသားတွေနဲ့ အတွေးနဲ့ပက်သက်ပြီး ရှောင်လင်းယွီက သေချာသိသည်။ ဒါပေါ့ သူမ သူတို့ကို ဖိအားမပေးပါဘူး။

ရှောင်လင်းယွီက ပြုံးကာ

"တတိယဦးလေး၊ အလျင်စလိုမလုပ်ပါနဲ့

ကျွန်မတို့ ရှောင်းချန်ကို အိမ်အရင်ပြန်ခိုင်းပြီး တစ်ချက်ကြည့်ခိုင်းသင့်တယ်။ အလားအလာကောင်းရင် ဒေါ်လေးကျန်း မသွားလောက်သေးဘူး။ ဒီလိုဆိုရင် ဦးလေးဖုချီလည်း အရမ်းဒေါသထွက်မှာမဟုတ်တော့ဘူး။ ဒါဆို ကျွန်မတို့တွေ ပြီးကျမှ သွားပြီး သူ့ကိုရှာလိုက်မယ်လေ"

ကျန်းချွမ်းကျောင်းက ရှောင်ကွမ်းနဲ့ တာ့ကွမ်းကို ရှာတွေ့သွားပြီဆိုတာကိုကြားပြီးတော့ ထွက်ပြေးချင်နေတယ်လို့ သူမခန့်မှန်းလိုက်သည်။ ကျေးလက်ဒေသက တောင်တွေ၊ တောတွေနဲ့ ပြည့်နေတာလေ။ ကျန်းချွန်း‌ကျာင်းက တောင်တွေထဲမှာ ပုန်းကွယ်ဖို့သွားရင် သူမကိုရှာဖို့ သူတို့တွေ တော်တော်အားထုတ်ရလိမ့်မည်။

ဘာသက်သေမှမရှိတာကြောင့် ရှောင်လင်းယွီက အချိန်ဆွဲဖို့လိုသည်။ မနက်ဖြန် ရဲတွေက လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ သက်သေနဲ့လာရင် ကျန်းချွမ်းကျောင်းကို ဖမ်းလိုက်ကြလိမ့်မည်။ ကျန်းချွမ်းကျောင်းက နွားနှစ်ကောင်‌ပျောက်သွားမှုနဲ့ တစ်ခုခုသက်ဆိုင်နေတယ်လို့ သူမသံယသယဖြစ်နေတာကို လူတိုင်းကို ပြောမပြနိုင်ဘူးလေ။ ဒီကိစ္စတွေက သက်သေလိုသည်။

ရှောင်ပမ်းဖူက

"ယွီအာ ပြောတာမှန်တယ်"

ပြီးနောက်မှာ သူက ရှောင်ရှောင်းချန် ကို ကြည့်ဖို့ လှည့်လိုက်ပြီး 

"ရှောင်းချန်၊ အိမ်ပြန်ပြီး မင်းအမေသွားပြီလားဆိုတာကို ကြည့်ချေ။ သူသွားပြီ‌ဆိုရင် မင်းအဖေ သူ့ကို ရှာမရှာ ကြည့်ခဲ့။ မင်းအမေက အိမ်မှာရှိနေသေးပြီး မင်းအဖေက မင်းအမေကို ရိုက်နေရင် တတိယအဘိုးကို လာပြောလှည့် ဟုတ်ပြီလား? ကဲပါ မင်းအမေ အိမ်မှာ ရှိရှိ မရှိရှိ ငါတို့ကို လာပြန်ပြောလှည့်"

ရှောင်ရှောင်းချန်က သူ့မျက်ရည်တွေကို သူ့လက်ခုံနဲ့ သုတ်ပစ်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။

"ဟုတ်ကဲ့"

ရှောင်ရှောင်းချန် ထွက်သွားပြီးတော့ ကုန်းထျန်းဟောက်က လူရှင်းတဲ့နေရာသွားပြီး ဖုန်းတစ်ကောလ်ခေါ်လိုက်သည်။

"အမ်း၊ လေယာဉ်ကဆင်းလာပြီ။ လေက တော်တော်ပြင်းတယ်!"

လေယာဉ်ဆင်းသက်လာတော့ ၎င်းက အာရုံစိုက်မှု တော်တော်များများကို ဆွဲဆောင်လိုက်သည်။

"ဟုတ်တယ်၊ မင်းဒီလေပြင်းကို အဲ့ဒီလေယာဉ်ငယ်လေးတွေမှာ ရှာလို့မရဘူး"

"အမ်း အားလုံးပဲ။ ‌နည်းနည်းနောက်ဆုတ်ပေးကြပါ။ ‌နည်းနည်းနောက်ဆုတ်ပေးကြပါ"

ရွာသားတစ်ယောက်က အော်လိုက်သည်။

ကံကောင်းစွာပဲ နေလှန်းတဲ့မြေပြင်က အရမ်းကြီးမားသည်။ လူတွေအများကြီး အဲ့ဒီမှာရပ်နေတာတောင် နေရာလွတ်တွေအများကြီးရှိနေတုန်းဖြစ်သည်။

ခနကြာပြီးတော့ လေယာဉ် ဆင်းသက်လာသည်။ လေယာဉ်ကလုံးဝ ရပ်သွားတော့ သတ္တိရှိတဲ့ရွာသားတချို့က၎င်းကို စူးစမ်းစွာ ပတ်လည်ဝိုင်းထားကြသည်။ ပိုပြီးရဲတဲ့ရွာသားတွေက ၎င်းကို ထိကိုင်ဖို့ လက်တွေဆန့်ထုတ်ခဲ့ကြသည်။

"ဝိုး ငါဟယ်လီကော်ပတာတစ်စင်းကို ထိဖူးပြီပဲ!"

လူတော်တော်များများက စိတ်ဝင်စားနေပြီး ပစ္စည်းအသစ်တွေအပေါ်ကို စိတ်လှုပ်ရှားနေသည်။

"ငါရောပဲ! ဒါက တကယ့်ဟယ်လီကော်ပတာပဲ။ ပုံစံငယ်လေယာဥ်လေးမဟုတ်ဘူး"

လူတွေ ပိုပိုပြီး ပြေးလာကြကာ လေယာဉ်ကို ထိကြည့်လိုက်ကြသည်။ ရှောင်မိသားစုဝင်တွေပဲ အိမ်တံခါးထဲကနေ စိတ်လှုပ်ရှားစွာ ကြည့်နေခဲ့ကြသည်။

သိပ်မကြာခင်ပဲ လေယာဉ်တံခါးက ပွင့်လာပြီး ပထမဆုံးလမ်းလျှောက်လာတဲ့သူက စစ်ထူရှင်း ဖြစ်သည်။ သူက အဖြူရောင်ဝတ်စုံနဲ့ မျက်မှန်တစ်စုံကို ဝတ်ဆင်ထားသည်။ သူ့ပါးစပ်အစွန်းတွေက အောက်ဘက်က ထူထပ်နေတဲ့လူအုပ်ကိုကြည့်ပြီး ကွေးသွားသည်။

သူထွက်လာပြီးတော့ တာ့ကွမ်းနဲ့ သူ့သား ပေါ်လာသည်။

ရှောင်ကွမ်းက လေယာဉ်တံခါးမှာရပ်နေတုန်း သူ့လက်ကိုမြှောက်ပြကာ သံရှည်ဆွဲလိုက်သည်။ တိတ်ဆိတ်တဲ့ညတစ်ညမှာ ၎င်းက ထူးထူးခြားခြား ကျယ်လောင်ပြီး အံ့ဩဖွယ်ဖြစ်သည်။

"နွားဘုရင်ငယ်လေး ပြန်လာပြီဟေ့"

"သူက အရင်လို တက်ကြွနေတုန်းပဲ"

"နွားဘုရင်ငယ်လေးဆိုတဲ့အတိုင်းပဲ။ သူက ငါတို့တစ်ယောက်မှမစီးခင် ဟယ်လီကော်ပတာကို အရင်စီးလာတာ"

"ဒါက ငါတို့ကနွားထက် ပိုဆိုးတယ်လို့ ပြောချင်တာလား?"

"ဒါပေမယ့် ဒါအမှန်ပဲလေ ဟားဟား!"

လူတိုင်းက ရှောင်ကွမ်း၊ တာ့ကွမ်းနဲ့ သူတို့ရဲ့လေယာဉ်ပေါ်က စွန့်စားခန်းတွေအကြောင်း ပြောနေကြသည်။

စစ်ထူရှင်း က ကုန်းထျန်းဟောက်ကို လေယာဉ်ထဲကနေ မြင်လိုက်သည်။ ပြီးနောက်မှာ သူ့ဘေးက အမျိုးသမီးကိုလည်း သတိထားမိသွားသည်။ လရောင်က အေးစက်နေပေမယ့် ၎င်းက စစ်ထူရှင်းရဲ့ စူးစမ်းတဲ့မျက်လုံးတွေကိုတော့ ဖုံးကွယ်မထားနိုင်ပေ။ သူလေယာဉ်ကနေဆင်းလာတာနဲ့ ကုန်းထျန်းဟောက်ဆီ တည့်တည့်သွားလိုက်ပြီး 

"ဘော့စ်"

ပြီးနောက်မှာ ရှောင်လင်းယွီ မတုံ့ပြန်နိုင်သေးခင်မှာတင် 

စစ်ထူရှင်းက

"ဟယ်လို မရီး"

ရှောင်လင်းယွီ၊ "..."

ရှောင်မိသားစု၊ "..."

ဒီလူက ကုန်းထျန်းဟောက်ရဲ့ ညီအစ်ကိုလား?

ကုန်းထျန်းဟောက်က စစ်ထူရှင်းကို ပြင်မပေးလိုက်ပေ။

ကုန်းထျန်းဟောက်က မျက်ခုံးပင့်လိုက်ပြီး ပြုံးကာ

"မင်းဘာလို့ဒီမှာရှိနေတာလဲ?"

စစ်ထူရှင်းက

"ကျွန်တော်က ဘော့စ်အမိန့်ပေးတဲ့ နယ်မြေပတ်ဝန်းကျင်ကို လျှောက်သွားနေတာ။ ဒါကိုလက်ခံလိုက်ပြီး ကိုယ့်ဟာကိုပဲ ကိုင်တွယ်လိုက်တာ"

ကုန်းထျန်း‌ဟောက်က ဆွံ့အသွားသည်။ စစ်ထူရှင်းက နေ့တိုင်း လျှောက်သွားနေတာ။ သူဘယ်နေရာမှာမှန်း ဘယ်သူမှမပြောနိုင်ပေ။ သူကဘယ်လိုလုပ် အဲ့ဒီနေရာမှာ တိုက်တိုက်ဆိုင်ဆိုင်ရှိနေရတာလဲ?

စစ်ထူရှင်းက သူ့ရဲ့ ဆေးပညာလက်တွေ့စမ်းသပ်ချက်တွေနဲ့‌ဆိုင်လာရင် ထူးဆန်းတဲ့အကျင့်တွေရှိသည်။ ဒါပေမယ့် သာမန်အချိန်တွေမှာ‌ဆို သူ့အကြိုက်ဝါသနာက အတင်းတုပ်ရတာဖြစ်သည်။ သူက ဒီအမိန့် နောက်ကွယ်ကအကြောင်းကို စိတ်ဝင်စားသွားပြီး ကြည့်ရှုဖို့ လာခဲ့တာ ဖြစ်နိုင်သည်။

ကုန်းထျန်း‌ဟောက်ရဲ့ပါးသပ်အစွန်းတွေ တရွရွဖြစ်သွားပေမယ့်

"ကောင်းပြီ၊ မင်းအခုပြန်လို့ရပြီ။ ပြီးတော့ ဒီတာဝန်က ပြီးသွားပြီ"

နွားနှစ်ကောင်‌အကြောင်းပြောရင် စစ်ထူရှင်းမှာ ပြောဆိုဖို့ တစ်စုံတစ်ခု ရှိသေးသည်။

သူက

"ဘော့စ် သူတို့က ကျွန်တော်မြင်ဖူးသမျှထဲမှာ အလိမ္မာဆုံးနဲ့ အတွေးတတ်ဆုံး နှစ်ကောင်ပဲ"

ကုန်းထျန်းဟောက်က မျက်ခုံးပင့်လိုက်ပြီး စူးစမ်းစွာနဲ့

"အိုး အဲ့ဒီလိုလား? မင်းဘာကိုဆိုလိုတာလဲ?"

စစ်ထူရှင်းက

"ကျွန်တော်တို့ သူတို့တွေကို ချွမ်-ကွမ်းရပ်နားစခန်းမှာ တွေ့တုန်းက ဆေးခတ်ခံထားရပြီး သတိလစ်နေကြတာ။ ပို့ဆောင်ရေးချောမွေ့စေဖို့အတွက် သူတို့ကို ဆေးဆက်ခတ်လိုက်ဖို့ ကျွန်တော်တို့ အစက စီစဉ်ထားတာ။ ဒါပေမယ့် သူတို့က ပို့ဆောင်ရင်းအလယ်ကြီးမှာ နိုးလာတယ်။ သူတို့က တခြားနွားတွေလို ထွက်မပြေးသလို ခုန်လည်းမခုန်ခဲ့ဘူး။ သူတို့က တစ်ကောင်နဲ့တစ်ကောင်ကြည့်နေပြီး  သူတို့မရုန်းကန်ခင် အကြည့်ချင်းဖလှယ်နေကြမှန်း ကျွန်တော်ပြောနိုင်တယ်"

"ကျွန်တော်တို့က ကောင်းကင်မှာမလို့ အဲ့ဒါကအန္တရာယ်တော့ရှိတယ်။ အရေးကြီးတဲ့အချိန်မှာ ကျွန်တော်ကသူတို့ကို အိမ်ပြန်ပို့ပေးနေတာလို့ တဲ့ပဲပြောလိုက်တယ်။ အစကတော့ သူတို့တွေ ရှုပ်သွားကြတယ်။ ‌ဒါပေမယ့် နောက်ဆုံးကျ ကျွန်တော်တို့ကို တိုက်ခိုက်နေတာတွေရပ်လိုက်ကြတယ်"

"သူတို့တွေ ငြိမ်ကျသွားလိမ့်မယ်လို့ ကျွန်တော်မထင်ထားခဲ့ဘူး။ ပြီးတော့ ကျွန်တော့်ကိုကယ်ခိုင်းလိုက်တာက ကုန်းထျန်းဟောက်လို့ခေါ်တဲ့လူဆိုတာလည်း ပြောပြလိုက်တယ်။ အဲ့ဒါပြီးတော့ သူတို့တွေ ချက်ချင်း လိမ္မာသွားတာပဲ။ သူတို့က ကလေးတွေလိုမျိုး ငြိမ်ကုန်တာပဲ"

ရှောင်လင်းယွီနဲ့ ကုန်းထျန်းဟောက်၊ "..."

ဒါက တကယ်အဲ့လောက်အံ့ဩဖို့ကောင်းတာလား?

***

All Chapters