ဒဏ္ဍာရီတိုင်းက နတ်ဘုရားဖြစ်ဖို့ လမ်းကြောင်းတစ်ခုပဲ
Vol. 1 Ch. 2
မင်းရဲ့ မျိုးဗီဇတိုင်းက မင်းနဲ့အတူရှိပါတယ်။
သက်ရှိမျိုးစုံဟာ သူတို့ရဲ့မျိုးဗီဇများကြောင့်သာ ရှင်သန်ဖြစ်တည်နေကြတာပါ။ဗီဇဗေဒဟာ သက်ရှိအားလုံးရဲ့ မူလအစပဲ။ဒါက ဒီအောက်ဆီနျူကလီယိုတိုဒ် လေးမျိုးနဲ့ ဖွဲ့စည်းထားတဲ့ မော်လီကျူးကြီး တစ်ခုနဲ့တူပေမယ့် ဒီထဲမှာ ရှင်သန်နေထိုင်ဖို့ လိုအပ်တဲ့ အချက်အလက် အားလုံးပါဝင်ပါတယ်။
ကျယ်ပြန့်တဲ့ ရှုထောင့်ကပြောမယ်ဆိုရင် ဒီဗီဇေဗဒက ကိုယ်အင်္ဂါအစိတ်အပိုင်း ငါးခုနဲ့ခြေလက်အင်္ဂါတွေရဲ့ ပုံစံနဲ့ လုပ်ဆောင်ချက်တွေကို သတ်မှတ်ပေးပြီး သေးငယ်တဲ့ ရှုထောင့်ကနေဆိုရင်တော့ ခန္ဓာကိုယ်မှာရှိတဲ့ ဆံပင်တစ်မျှင်စီနဲ့ များပြားတဲ့ ချွေးပေါက်ငယ်လေးတွေကို ထိန်းချုပ်ထားပါတယ်။
လူသားတွေနေထိုင်တဲ့ မိခင်ကမ္ဘာမြေကြီးမှာ ရှေးခေတ်ကာလက ခေတ်ဟောင်းကျင့်ကြံနည်းတွေက ခေတ်သစ်ထက် ပိုပြီးတောက်ပ၍ ဖွံ့ဖြိုးတိုးတက်ခဲ့တယ်ဆိုတာ မြင်ယောင်ကြည့်ဖို့တော့ ခဲယဉ်းပါတယ်။
ရှေးခေတ်လူသားတွေမှာ သာလွန်ထူးကဲတဲ့ လူသားအချို့ရှိခဲ့ပြီး သူတို့ကို လူသားအများစုက နတ်ဘုရားတွေ အဖြစ် သတ်မှတ်ခဲ့သည်။ဒီနတ်ဘုရားတွေရဲ့ မျိုးဗီဇတွေကို ခေတ်သစ်လူသားတွေကလည်း အမွေဆက်ခံထားပါတယ်။
တစ်စုံတစ်ယောက်က ကြယ်တာရာ ကျင့်ကြံသူတစ်ဦး ဖြစ်ချင်တယ်ဆိုရင် ပထမဆုံးအနေနဲ့ ကိုယ်ရဲ့ ဒဏ္ဍာရီလာမျိုးဗီဇတွေကို နိုးထအောင်လုပ်ပြီး ထူးကဲတဲ့စွမ်းအားတွေရယူပါလိမ့်ရမယ်။
နည်းပညာတွေနဲ့ ပြည့်နှက်နေတဲ့ အနာဂတ်ဆန်ဆန် စာသင်ခန်းတစ်ခုမှာ ယူနီဖောင်းဝတ်ကျောင်းသားတွေက ဒဏ္ဍာရီလာ ဗီဇများဆိုင်ရာ သီအိုရီသင်ခန်းစာအတန်းကို တက်နေကြသည်။
ဟိုလိုဂရမ်(သုံးဖက်မြင်)ပုံရိပ်တစ်ခုက လူတိုင်းရှေ့မှာ လွင့်မျောနေပြီး သင်ခန်းစာအကြောင်းအရာတွေက သတင်းအချက်အလက်ရေတံခွန်လို ကျောင်းသားတွေစိတ်ထဲ စီးဝင်နေသည်။
သင်ခန်းစာတွေက ခြောက်ကပ်ပြီး ပျင်းစရာကောင်းပေမယ့် လူတိုင်းအာရုံစိုက် နားထောင်နေကြတယ်။
ဒဏ္ဍာရီလာ ဗီဇများဆိုင်ရာ အချက်အလက်တွေဟာ နောင်မှာ ကျင့်ကြံသူ ဖြစ်နိုင်မဖြစ်နိုင်ကို ဆုံးဖြတ်ပေးနိုင်တဲ့အတွက် ဘယ်သူမှပျင်းရိခြင်း ဒါမှမဟုတ် ဂရုမစိုက်ခြင်း မလုပ်ရဲကြပေ။
စာသင်ခန်းစင်ပေါ်မှ ဆရာမရဲ့အကြည့်တွေက တင်းကျပ်နေသည်။သူမက စာသင်ခန်းတစ်ခုလုံးကို လှည့်ပတ်ပြီးကြည့်လိုက်ကာ ကျောင်းသားတွေ အာရုံစိုက်နေတာကိုမြင်တော့ ကျေကျေ
နပ်နပ်နဲ့ ခေါင်းညိတ်လိုက်သည်။
“အမ်” ရုတ်တရက် ပုံရိပ်တစ်ခုက သူမ အာရုံကို ဆွဲဆောင်သွား၏။
ကျောင်းသားတစ်ယောက်က အခြားကျောင်းသားတွေလို အာရုံစိုက် နားထောင်ခြင်းမရှိဘဲ အားလုံးကို လျစ်လျူရှုပြီး စာရေးခုံပေါ် မှောက်အိပ်နေပါတယ်။
သူ့အိပ်မက်ထဲမှာ ဘယ်လောက်ကြောက်စရာကောင်းတာတွေ ကြုံတွေ့နေလို့လဲမသိ၊မျက်ခုံးတွေ ကျုံ့နေပြီး နဖူးမှာလဲ ချွေးတွေစိုနေကာ ပါးစပ်ကနေလဲ ထူးဆန်းတဲ့ စကားလုံးတွေ မကြာခဏ ကြားရသည်။
“နက္ခတ်ပြက္ခဒိန်၊ ၉၉၉၁ ခုနှစ်။ ဒါ...ဒါက ဘယ်ခေတ်လဲ?”
“ငါ့စိတ်ထဲကို ဘာလို့ တစ်ခြားလူ မှတ်ဉာဏ်တွေ ရောက်လာတာလဲ...?”
“ငါ တစ်ခြားကမ္ဘာကို ရောက်သွားတာလား?!”
သူ့အသံက တော်တော်လေးတိုးနေပြီး စကားလုံးတွေကလဲ မပီမသနဲ့ပါ။သူ ဘာတွေပြောနေလဲဆိုတာ ဘယ်သူမှမသိကြပါဘူး။
“ဒါ သူပဲ! အတန်း(၁၇)ရဲ့ နောက်ဆုံးအဆင့်ကျောင်းသား၊ဖုန့်လင်း!”
ဆရာမက စိတ်မပျော်တော့ဘဲ မျက်ခုံးတွေကျုံ့ပြီး ဒေါသထွက်ဖို့ ပြင်နေ၏။ဒါပေမယ့် ဘယ်သူလဲဆိုတာ သိလိုက်ရတော့ ဆရာမရဲ့ ဒေါသတွေ အားလုံး ပျောက်သွားသည်။
“ကံမကောင်းသူတွေက ငိုနေလိုက်၊ပျော့ညံ့တဲ့ သူတွေကတော့ ဒေါသထွက်နေလိုက်”
ဒဏ္ဍာရီလာ မျိုးဗီဇတွေကို နိုးထဖို့ဆိုရင် ပါရမီကတော့ မရှိမဖြစ်ပါဘဲ။
ကြယ်တာရာခေတ်မှာ လူသားအားလုံးဟာ ကိုယ်ရဲ့ မျိုးဗီဇတွေကို နိုးထစေနိုင်ပေမယ့် မျိုးဗီဇတွေက ကွာခြားမှု ကြီးကြီးမားမား ရှိနေပါတယ်။
အချို့ဗီဇတွေကို နိုးထတာဟာ ကောင်းကျိုးမရှိဘဲ ဆိုးကျိုးတွေတောင် ဖြစ်စေနိုင်ပါတယ်။
ဥပမာ-လူတစ်ယောက်မှာ မျောက်အမြီးပေါက်လာတာ၊အမည်းရောင် အမွှေးတွေထွက်လာတာ၊ခြောက်ခုမြောက် လက်ချောင်းပေါက်လာတာ စတဲ့ ထူးဆန်းတဲ့ လက္ခဏာတွေဖြစ်လာနိုင်ပါတယ်။ဒီလိုဗီဇမျိုး နိုးထလာရင်တော့ ကိုယ့်ကိုကိုယ် ဒုက္ခရောက်စေရုံပါပဲ။
ဒါပေမယ့် တစ်ချို့ဗီဇတွေကတော့ နိုးထလာပြီးတာနဲ့ ပိုင်ရှင်က လေ၊မိုး၊မိုးကြိုး၊သံလိုက်စွမ်းအားနဲ့ ကမ္ဘာ့ဆွဲအားလို သဘာဝစွမ်းအားတွေကို ထိန်းချုပ်လာနိုင်စေပါတယ်။သူတို့တွေက
လျှို့ဝှက်ဆန်းကြယ် စွမ်းအင်တွေကို ထိန်းချုပ်နိုင်တဲ့ အထူးခြားဆုံး သက်ရှိတွေ ဖြစ်လာမှာပါ။
မျိုးဗီဇတွေကတော့ သေချာပေါက် လူသားတွေမှာရှိတဲ့ အကြီးမြတ်ဆုံး ပါရမီပါပဲ။
ဒီ ဖုန့်လင်း နိုးထခဲ့တဲ့ မျိုးဗီဇတွေကတော့ အဆင့်အနိမ့်ဆုံးနဲ့ အခြေခံအကျဆုံးဖြစ်တဲ့ မျောက်မျိုးဗီဇဖြစ်သည်။မကြာသေးခင်က ကောလိပ်
ဝင်ခွင့်စာမေးပွဲမတိုင်မီ သူ နောက်ထပ် မျိုးဗီဇတစ်ခု ထပ်နိုးထခဲ့တယ်လို့ သတင်းတွေ ပျံ့နှံ့ခဲ့သည်။ဒါပေမယ့် အဒီ ဒုတိယမျိုးဗီဇကလည်း အဆင့်အနိမ့်ဆုံးနဲ့အခြေခံအကျဆုံးဗီဇတွေထဲက
တစ်ခုဖြစ်တဲ့ ကျောက်ဖြစ်မျိုးဗီဇပါပဲ။
လက်ရှိသုတေသနအချက်အလက်တွေအရ မျောက်မျိုးဗီဇနဲ့ကျောက်ဖြစ်မျိုးဗီဇတွေက အဆင့်မြင့်ဗီဇတွေအဖြစ် ပြောင်းနိုင်ကြောင်း မည်သည့် အထောက်အထားမှ မတွေ့ရသေးပါဘူး။တစ်နည်းအားဖြင့်တော့ ဒီဗီဇ နှစ်ခုက အခြေခံအကျဆုံး အမှိုက်ဗီဇတွေပါပဲ။
အခု ဖုန့်လင်းရဲ့ အသက်ဓာတ် အခြေအနေကတော့ 0.4 ပဲရှိပြီး 1 ကိုတောင်မရောက်သေးပါဘူး။သူကအထက်တန်း နောက်ဆုံးနှစ်ကျောင်းသားဖြစ်ပြီး ကျောင်းပြီးခါနီးဖြစ်ပေမယ့် ကောလိပ်
ဝင်ခွင့်စာမေးပွဲဖြေဖို့အတွက်တော့ အရည်အချင်း မပြည့်သေးပါဘူး။
ဖုန့်လင်းရဲ့ စွမ်းရည်ကတော့ ဒီလောက်
ပါပဲ။လက်ရှိအခြေအနေအရတော့ သူ့မှာ အနာဂတ်ရှိမယ်လို့ကို မထင်ရပါဘူး။ ဆရာမက ဖုန့်လင်းရဲ့ အခြေအနေ
ကိုကြည့်ပြီး အသုံးမကျတဲ့သူလို့ စိတ်ထဲက သတ်မှတ်လိုက်သည်။
ကြယ်တာရာခေတ်မှာ ဗီဇဆိုင်ရာ ပါရမီမရှိခြင်းက လူသားတွေအတွက်
အကြီးမားဆုံး ကံဆိုးမှုပါပဲ။
ဒီ ဖုန့်လင်းကတော့ လုံးဝ အရည် အချင်းမရှိဘဲ စာသင်ခန်းထဲမှာ ပျင်းရိပြီး အိပ်ဖို့ဘဲ စိတ်အားသန်နေပြီး ကြိုးစားအားထုတ်ဖို့လည်း စိတ်မဝင်စားဘဲ ခက်ခက်ခဲခဲ ကြိုးစားတာကလည်း အကျိုးမရှိဘူးလို့ တွေးထားသည်။
ပါရမီဆိုတာ ကြိုးစားအားထုတ်ပြီးတော့ ရနိုင်တာ မဟုတ်ပါဘူး။လက်ရှိမှာတော့ ဖုန့်လင်းက ကိုယ့်ကိုကိုယ် အရှုံးပေးထားပြီး အမှိုက်တစ်စလို့ကို
ထင်ရပါတယ်။
ဆရာမကမျက်နှာလွှဲလိုက်ပြီး ဖုန့်လင်း
အပေါ် နောက်ထပ် အာရုံမထားတော့ပါဘူး။ ဒီသင်ခန်းစာက အမြန်ပြီးသွားပြီး
ကျောင်းသားတွေ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြသည်။ ဘယ်သူမှ ဖုန့်လင်းကို ကြည့်ဖို့ စိတ်မဝင်စားသလို နှိုးဖို့လည်း စိတ်မပါကြပါဘူး။
အလျင်အမြန်ဘဲ စာသင်ခန်းထဲမှာ လူတွေမရှိတော့ပါဘူး။
ဘယ်လောက်မှန်းမသိ ကြာပြီးတဲ့နောက်၊အိပ်ပျော်နေတဲ့ လူငယ်က လေးလံနေတဲ့ ခေါင်းကို မြှောက်လိုက်သည်။ သူက ထူးဆန်းပြီး မရင်းနှီးတဲ့နေရာကိုကြည့်လိုက်ပြီး သူ့မျက်လုံးထဲ
မှာလည်း စိတ်ရှုပ်ထွေးမှုတွေ အပြည့်ရှိ
နေတာကို တွေ့နိုငရင်းနှီးပါတယ်။
ငါ ဘယ်သူလဲ? ငါ ဘယ်?
ဒီနေရာကကော ဘယ်နေရာလဲ...?
ဟိုလိုဂရမ်(သုံးဖက်မြင်)ပုံရိပ်တွေနဲ့အနာဂတ်နည်းပညာများနဲ့ ပြည့်နေတဲ့
ဒီစာသင်ခန်း၊ စာသင်ခန်းပြတင်းပေါက်
ကနေမြင်ရတဲ့ အပြင်ဘက်က ပျံသန်းနေတဲ့ကားတွေ.....ဒါကအိပ်မက်ပဲလား?
ဒါပေမယ့် လက်တွေ့လို့ထင်ရပါတယ်။
ဒါမှမဟုတ် ဒါက သိပ္ပံစိတ်ကူးယဥ်ရုပ်ရှင်တစ်ခုပဲလား?
သူ့မှာ စဥ်းစားဖို့ အချိန်မရှိခင်မှာဘဲ
မရေမတွက်နိုင်တဲ့ မှတ်ဉာဏ်အစအနတွေက သူ့စိတ်ထဲကို လှိုင်းလုံးကြီးတွေလို ဝင်လာပါတယ်။
ပြင်းထန်တဲ့ နာကျင်မှုတစ်ခုက သူ့ရဲ့
ဦးနှောက်ကို ဖျက်ဆီးလိုက်သည်။
ဖုန့်လင်းရဲ့ မျက်နှာက တွန့်လိမ်နေပြီး
အချိန်တာ်တော်ကြာပြီးမှ အသက်ပြန်ရှု
နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ သူ့မျက်နှာကို ကြည့်ရတာ တော်
တော် စိတ်ဝင်စားစရာပါပဲ။
လက်ရှိအချိန်ဟာ နက္ခတ်ပြက္ခဒိန်
ရဲ့ ၉၉၉၁ ခုနှစ်ဖြစ်ကြောင်း သူသိလိုက်
ရ၏။ တက္ကသိုလ်ကနေ ဘွဲ့ရပြီးတဲ့နောက် အရက်မူးပြီးတော့ နတ်ဘုရားတွေပဲ သိနိုင်မယ့် အကြောင်းတစ်ခုခု
ကြောင့် ဒီကြယ်တာရာခေတ်မှာ ရုတ်တရက် နိုးလာခဲ့ပါတယ်။
ဒီကမ္ဘာက အပြိုင်ကမ္ဘာတစ်ခုလား? ဒါမှမဟုတ် အနာဂတ်က သူ့ကမ္ဘာလား? သူ လုံးဝမသိပါဘူး။
ဒါပေမယ့်အမှန်တရားက ဖုန့်လင်းအတွက် အရေးမကြီးဘူးလို့ ထင်ရသည်။ သူသည် အရင်ကမ္ဘာမှ ဤကမ္ဘာသို့ ဖြတ်ကျော်လာပြီးဖြစ်လို့၊ သူ့အနေဖြင့် ပြန်သွားဖို့ အလားအလာ မရှိသလောက်ပါပဲ။ ဒီလိုသေးငယ်သော အသေးစိတ်အချက်များကို စဉ်းစားနေတာက အဓိပ္ပာယ်မရှိပါဘူး။
ကြယ်တာရာသမိုင်းအရ၊ဂရီဂေါရီယန်ပြက္ခဒိန် (Gregorian Calendar) ရဲ့ ခရစ်နှစ် ၂၁၆၀ တွင်၊ လူသားများဟာ ကမ္ဘာမြေကြီး၏ နယ်နိမိတ်များကို ကျော်လွန်ပြီး၊ နေအဖွဲ့အစည်းကို ကိုလိုနီပြုရန် စတင်ခဲ့သည်။
ဒီလိုကြီးမားတဲ့ အခမ်းအနားကိုဂုဏ်ပြုဖို့အတွက်၊ လူသားတွေက ပြက္ခဒိန်ကို ပြောင်းလဲခဲ့ကြသည်။ သူတို့က ရှေးဟောင်းကမ္ဘာခေတ်၏ ဂရီဂေါရီယန်ပြက္ခဒိန်ကို စွန့်ပစ်ပြီး၊ ကွမ်တမ်ကွန်ပျူတာများဖြင့် စကြဝဠာနှင့် ပိုမိုကိုက်ညီသော ပြက္ခဒိန်ကို စတင်ခဲ့သည်။
အဒီအချိန်က နက္ခတ်ပြက္ခဒိန် (Astronomic Calendar) ၏ ပထမနှစ် (A.C.) ဖြစ်လာခဲ့သည်။
ယခုအချိန်ကတော့ အချိန်မှစ၍ ၉,၉၉၁ နှစ်ကြာမြင့်ခဲ့ပြီဖြစ်သည်။
ဆိုလိုချင်တာကတော့ ခရစ်နှစ် ၂၀၁၈ A.D. မှစကာ သူဖြတ်ကျော်လာခဲ့သော အချိန်ကာလမှစ၍၊ နှစ်ပေါင်း တစ်သောင်းကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။
ဒါက အိပ်မက်တစ်ခုလား?
အချိန်ပိုင်းလောက် ဖု့န်လင်းစိတ်တွေ
တွေဝေမိန်းမောနေ၏။
ကြယ်တာရာခေတ်ကို ခြေလှမ်းစပြီးတဲ့နောက် လူသားတွေရဲ့ နည်းပညာဖွံ့ဖြိုးတိုးတက်မှုသည် မယုံနိုင်လောက်အောင် မြန်ဆန်ပြီး ပေါက်ကွဲမှုကြီးလိုကိုဖြစ်လာခဲ့သည်။
နက္ခတ်ပြက္ခဒိန် (A.C.) ၃၆၂၈ နှစ်တွင်၊လူသားတွေက နေအဖွဲ့အစည်းကို လုံးဝသိမ်းပိုက်နိုင်ခဲ့ပြီး၊ နေအဖွဲ့အစည်းအတွင်းရှိ ဂြိုဟ်အားလုံးတွင် လူသားများ၏ အခြေစိုက်စခန်းများ ရှိနေခဲ့သည်။
ပူပြင်းပြီးခြောက်သွေ့နေတဲ့ အင်္ဂါဂြိုဟ် ကို စိမ်းလန်းစိုပြည်တဲ့ဂြိုဟ်တစ်ခုအဖြစ် ပြောင်းလဲခဲ့ပြီး သက်ရှိများရှင်သန်နိုင်စေရန် ဖန်တီးခဲ့သည်။ ကြီးမားလှတဲ့ဂျူပီတာဂြိုဟ်အပေါ်မှာ အာကာသစခန်းတစ်ခု မျောနေပါတယ်။အင်္ဂါဂြိုဟ်နဲ့ဂျူပီတာဂြိုဟ်ကြားက ဥက္ကာခဲကြောမှာ သတ္တုတူးဖော်ရေးအာကာသယာဉ်များ ပြည့်နှက်နေပြီး နေအဖွဲ့အစည်းရဲ့အစွန်းမှာရှိတဲ့ ပလူတိုဂြိုဟ်ဟာဆိုရင် လူသားတွေ အားလပ်ရက်မှာလည်ပတ်ရန် ဂြိုဟ်တစ်ခုဖြစ်လာခဲ့သည်။ လူသားတွေရဲ့ ခြေရာများဟာ နေအဖွဲ့အစည်း၏ထောင့်တိုင်းသို့ ပျံ့နှံ့သွားခဲ့ပေမယ့် လူသားမျိုးနွယ်ဟာ ထောင်ချခံထားရသလို ဖြစ်နေခဲ့ပါသည်။
လူသားတွေရဲ့ နည်းပညာဟာ အထွတ်အထိပ်သို့ရောက်ရှိခဲ့ပြီး ကျော်လွှားရခက်သောအတားအဆီးတစ်ခုနှင့်လည်း ရင်ဆိုင်နေရသည်။
နေအဖွဲ့အစည်းရဲ့ အပြင်မှာဆိုရင် စကြာဝဠာရဲ့ အမှောင်ဗလာနယ်ရှိတယ်။ အလင်းနှစ်ပေါင်း ဆယ်စုနှစ်များစွာက လူသားတွေ မဖြတ်သန်းနိုင်တဲ့ အတားအဆီးတွေ ဖြစ်နေကြသည်။
နှစ်ပေါင်း ၃,၀၀၀ ကျော်ကြာပြီးနောက်၊ သိပ္ပံပညာရှင်များ၏မျိုးဆက်ပေါင်းများစွာက သုတေသနလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်ခဲ့ကြပြီး၊ လူသားတွေ့ရဲ့ သိပ္ပံနှင့်နည်းပညာဟာ ကြီးမားသောတိုးတက်မှုတစ်ခုနှင့် ရင်ဆိုင်ခဲ့ရသည်။ ထိုတိုးတက်မှုသည် အာကာသ-အချိန်လမ်းကြောင်းဖြင့် ခရီးသွားခြင်းနည်းပညာ (wormhole technology) ကို ရရှိစေခဲ့ပြီး၊ နောက်ဆုံးတွင် လူသားတွေဟာ နေအဖွဲ့အစည်းမှ ထွက်ခွာနိုင်ခဲ့၏။
အဆုံးမရှိ ကျယ်ပြန့်တဲ့ စကြာဝဠာထဲမှာ ရတနာတွေက နေရာတိုင်းမှာပါပဲ။
မရေမတွက်နိုင်တဲ့ အာကာဆိုင်ရာ ရတနာတွေနဲ့ စွမ်းအင်အရင်းအမြစ်တွေရောပေါ့။
ဒါပေမယ့် လူသားတွေရဲ့လှပတဲ့အိပ်မက်လေး မစရသေးခင်ဘဲ ၊ အိပ်မက်က လုံးဝဖျက်ဆီးခံခဲ့ရပြီး၊ စစ်မှန်တဲ့အန္တရာယ်တွေ စတင်ကျရောက်လာခဲ့ပါတော့တယ်။
လူသားအနေနဲ့ နေအဖွဲ့အစည်းဟာ
ထောင်လိုဖြစ်နေပေမယ့် သူ့တို့ကို ကာကွယ်ပေးနေတဲ့ ထီးလိုမျိုးဖြစ်နေကြောင်း သိလိုက်ရသည်
အခြားဂြိုဟ်တွေရဲ့ ကြောက်မက်ဖွယ်သတ္တဝါများ၊ သန်းပေါင်းများစွာသောဂြိုဟ်သားမျိုးစိတ်များနှင့် ကောင်းကင်နှင့်မြေကြီးကို ဖျက်ဆီးနိုင်သော အာကာသဘေးအန္တရာယ်များ... ထိုအရာတွေအားလုံး ပေါ်ထွက်လာခဲ့သည်။
လူသားမျိုးနွယ် ချက်ချင်းကို ပျက်စီးလုနီးဖြစ်ခဲ့သည်။
ဒါပေမယ့် ရှုပ်ထွေးတဲ့တိုက်ပွဲတွေ ကြားမှာ၊ လူသားမျိုးနွယ်ဟာလည်း တိုးတက်ပြောင်းလဲနေသည်။ ထိုအချိန်မှာ၊ လူသားများက ဝမ်းသာစရာနှင့်ဝမ်းနည်းစရာကို တွေ့ရှိခဲ့၏။ စကြဝဠာ၏အနန္တကျယ်ပြန့်သောအကျယ်အဝန်းနှင့် နှိုင်းယှဉ်ပါက၊ လူသားတွေဟာ ကိုယ်တိုင်က အကြီးမားဆုံးသော ရတနာများဖြစ်ကြောင်း သိရှိခဲ့သည်။
ရှေးဟောင်းကမ္ဘာခေတ်တုန်းက၊ နတ်ဘုရားများအကြောင်း ရှေးဟောင်းဒဏ္ဍာရီများကို အယူသီးမှုအဖြစ် ငြင်းပယ်ခဲ့ကြပါတယ်။ ဒါပေမယ့် ကြယ်တာရာခေတ်မှာတော့ ၊ လူသားများဟာ အံ့အားသင့်စွာနဲ့ ဒီနတ်ဘုရားဒဏ္ဍာရီတွေက အမှန်တကယ်ရှိကြောင်း သိရှိခဲ့ကြသည်။
သူ့တို့အားလုံးက အမှန်ပါပဲ။
ဒဏ္ဍာရီထဲက ဒီဇာတ်ကောင်များဟာ ရှေးဟောင်းယဉ်ကျေးမှုတွေထဲက အင်အားကြီးမားသော သက်ရှိများဖြစ်သည်။ သိပ္ပံနည်းကျတွက်ချက်မှုများနှင့် ကွန်ပျူတာအသွင်ဖော်မှုများအရ၊ အတိတ်က ဒီလူတွေဟာ ထူးခြားတဲ့စွမ်းအားတွေကြောင့် နတ်ဘုရားများအဖြစ် ကိုးကွယ်ခံခဲ့ရသည်။
ယဉ်ကျေးမှုများ ပျောက်ကွယ်သွားသည်နှင့်အမျှ၊ ဒဏ္ဍာရီထဲက ဒီဇာတ်ကောင်များဟာ လုံးဝပျောက်ကွယ်သွားခဲ့ပြီး၊ ဘယ်နေရာမှာမှ တွေ့ရှိနိုင်ခြင်းမရှိတော့ပေ။ သို့သော်၊ သူတို့၏ဗီဇများဟာ လူသားမျိုးနွယ်၏ ဗီဇအစုထဲတွင် ဆက်လက်တည်ရှိနေဆဲဖြစ်သည်။
လူသားတွေက သူတို့ရဲ့ဗီဇတွေကို လေ့ကျင့်မှုများဖြင့် နိုးကြားစေပြီး အံ့အားသင့်ဖွယ်စွမ်းအားများကို ရရှိနိုင်သည်။ ဒါ့ကြောင့်၊ ဒီအထူးဗီဇအစုကို ဒဏ္ဍာရီဆန်တဲ့ဗီဇများဟု ခေါ်ဆိုကြတယ်။
လူသားရဲ့ခန္ဓာကိုယ်က စကြာဝဠာငယ်တစ်ခုနှင့်တူသည်။ ဗီဇတစ်ခုစီဟာ ကောင်းကင်ထဲက ကြယ်တွေလိုပဲ ၊ အရေအတွက်အားဖြင့် မရေမတွက်နိုင်အောင်များပြားပါတယ်။
ရှေးဟောင်းကျင့်ကြံမှု နည်းစနစ်များဟာ လူသားတွေရဲ့ ပုန်းကွယ်နေသောစွမ်းအားများကို ပြန်လည်နိုးကြားစေခဲ့သည်။
ဒဏ္ဍာရီတစ်ခုစီသည် နတ်ဘုရားဖြစ်ရာသို့ ရောက်ရှိရန် လမ်းကြောင်းတစ်ခုဖြစ်သည်။
“နတ်ဘုရားဖြစ်ဖို့လမ်း?” ဖုန့်လင်း စကားလုံးတွေကို ဝေဝေဝါးဝါးနဲ့ ပြောလိုက်၏။ ထိုစကားလုံးများထဲတွင် ပါဝင်နေတဲ့ လျှို့ဝှက်ဆန်းကြယ်သော အဓိပ္ပာယ်ကို သူထင်ထင်ရှားရှားခံစားမိခဲ့ပါသည်။
သူယခုရောက်ရှိနေသော ခန္ဓာကိုယ်ကလည်း
ဖုန့်လင်း ဟုပင်ခေါ်သည်။ သူက အထက်တန်းကျောင်းသား တစ်ဦးဖြစ်ပြီး အတန်း(၁၇)မှ သာမန်ကျောင်းသားတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့အသွင်အပြင်ကလည်း သူ့အတိတ်ကပုံစံနဲ့ အတန်ငယ်ဆင်တူပါတယ်။
နှစ်ပေါင်း ၁၀,၀၀၀ ကျော်ကြာ ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့အတူ၊ လူသားမျိုးနွယ်ဟာ ကမ္ဘာစစ်ကြီး သုံးကြိမ်၊ ဂြိုဟ်တွင်းစစ်ပွဲ နှစ်ကြိမ်၊ ကြယ်တာရာစစ်ပွဲ ငါးကြိမ်နဲ့ များပြားလှတဲ့ ယဉ်ကျေးမှုဆိုင်ရာ ဘေးအန္တရာယ်တွေကို ကြုံတွေ့ခဲ့ရပြီးနောက်၊ ရှေးဟောင်းကမ္ဘာခေတ်က ဒဏ္ဍာရီတွေနဲ့ ဒဏ္ဍာရီပုံပြင်တွေကို ဘယ်သူမှ ဂရုမစိုက်ကြတော့ပါဘူး။ ဒဏ္ဍာရီတွေနဲ့ ဒဏ္ဍာရီပုံပြင်တွေဟာဆို အနည်းငယ်သာ ကျန်ရှိတော့ပြီး၊ သူတို့အကြောင်း ဆွေးနွေးထားတာတွေက စကားလုံးတစ်လုံး၊နှစ်လုံး ဒါမှမဟုတ် သီးသန့်စကားစုအနည်းငယ်သာ ဖြစ်နေပါတယ်။ အချက်အလက်တွေက ပြည့်စုံမှုမရှိဘဲ၊ အားလုံးက ရှုပ်ထွေးနေပါတော့သည်။
ရှေးဟောင်းကမ္ဘာခေတ်က လူသားတွေဟာ ကြယ်တာရာခေတ်က လူသားတွေအတွက် လေ့လာဖော်ထုတ်စရာ နဲ့ သုတေသနလုပ်ဖို့ ကြီးမားတဲ့ကွက်လပ်တွေ ချန်ထားခဲ့ပါတယ်။ ယနေ့ခေတ်မှာတော့ သူတို့ဟာ ရှေးဟောင်း ဒဏ္ဍာရီတွေနဲ့ ဒဏ္ဍာရီပုံပြင်တွေရဲ့ အကြွင်းအကျန်တွေနဲ့ လမ်းကြောင်းတွေကို စူးစမ်းလေ့လာနေကြပါတယ်။
လူသားတွေဟာ ဒီဒဏ္ဍာရီတွေနဲ့ ဒဏ္ဍာရီပုံပြင်တွေ တည်ရှိမှုကို သိကြပေမယ့်၊ ဒီအမွေအနှစ်တွေအားလုံးဟာအချိန်အတော်ကြာ ပျောက်ပျက်နေပြီ ဖြစ်ပါတယ်။ သူတို့မှာ ဗီဇတွေရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်ဖို့ နည်းလမ်းမရှိကြပါဘူး။
နတ်ဘုရားဖြစ်ဖို့လမ်းကို လူတွေမေ့သွားကြသည်။ လူသားတွေဟာ သူတို့ရဲ့ကံကြမ္မာကြောင့် ဒုက္ခရောက်နေရပြီး၊ ခက်ခဲစွာနဲ့ ရှေးဟောင်းလမ်းကြောင်းရဲ့ အကြွင်းအကျန်တွေကို ထပ်မံရှာဖွေရပါဦးမယ်။
ဒါပေမယ် ဖုန့်လင်းဟာ အံ့အားသင့်စွာနဲ့ သူ့အသိပညာဟာ သူ့ရဲ့အကြီးမားဆုံးသော အားသာချက်ဖြစ်လာတာကို သိရှိခဲ့သည်။
မူလကတော့ ၂၁ ရာစုက ခေတ်သစ်လူသားတစ်ယောက်အနေနဲ့ ဒီနည်းပညာမြင့်မားတဲ့ကမ္ဘာထဲကို ရောက်ရှိလာတဲ့အခါမှာ၊ သူ့အသိပညာနဲ့ အတွေးအခေါ်တွေဟာ ဒီခေတ်က လူတွေထက် များစွာနောက်ကျနေခဲ့သည်။
သူဟာ ဒီကမ္ဘာမှာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ဖို့ နည်းလမ်းမရှိဘူးလို့ အစပိုင်းမှာ စိတ်ပူနေခဲ့ပေမယ့်၊ အခုတော့ အခြေအနေတွေက ပြောင်းလဲသွားပြီ!
ဒီကြယ်တာရာခေတ်ဟာ တကယ်တော့ ဒဏ္ဍာရီဆန်တဲ့ ဗီဇတွေကို ဖွင့်ထုတ်ဖို့ သီအိုရီတွေကို စတင်ဖော်ထုတ်ရမှာဖြစ်ပေမယ့်၊ ဝမ်းနည်းစရာကောင်းတာက အချိန်မြစ်ကြီးအတွင်းမှာ ရှေးဟောင်း ဒဏ္ဍာရီတွေနဲ့ ဒဏ္ဍာရီပုံပြင်တွေအားလုံးဟာ လုံးဝနီးပါး မေ့လျော့ခံခဲ့ရပါပြီ။
ဒါပေမယ့် သူက အတိတ်ကနေ လာခဲ့တာကြောင့်၊ ဖန်လင်းဟာ ရှေးဟောင်းကမ္ဘာခေတ်ရဲ့ ဒဏ္ဍာရီတွေနဲ့ ဒဏ္ဍာရီပုံပြင်တွေအကြောင်း အလွန်ကိုနက်နက်နဲနဲ သိရှိနားလည်ထားခဲ့ပါတယ်။
ဒါဟာ တကယ်ပဲဖြစ်နေမယ်ဆိုရင်၊ သူ့လက်ထဲမှာ နတ်ဘုရားဖြစ်ရာလမ်းပေါင်းများစွာ ရှိနေတယ်လို့ ဆိုလိုတာမဟုတ်လား?
တရုတ်နိုင်ငံရဲ့ စစ်နတ်ဘုရား၊ စစ်မှန်တဲ့သခင်
အားလန် ၊ ကောင်းကင်နဲ့ညီမျှတဲ့ ကြီးမြတ်တဲ့သူတော်စင် စွန်းဝူခုန်း ၊ မြောက်ပိုင်းရဲ့ မကောင်းဆိုးဝါးတွေကို နှိမ်နင်းတဲ့ နတ်ဘုရား ကျန်းဝူ...
အနောက်တိုင်းရဲ့ သူတော်စင်၊ ယေရှု။ မကောင်းဆိုးဝါးနတ်ဆိုး စေတန်။သွေးစုပ်ဖုတ်ကောင်တွေ အားလုံးရဲ့ ဘိုးဘေး၊ ကိန်း...
ဂရိနိုင်ငံက နတ်ဘုရားအားလုံးရဲ့ဘုရင်၊ ဇုစ်။ နေနတ်ဘုရား၊ အပိုလို။ မိခင်မြေကမ္ဘာ ၊ ဂိုင်ယာ...
မြောက်ဥရောပနိုင်ငံရဲ့ အိုဒင်။ အီဂျစ်နိုင်ငံရဲ့ သေဆုံးခြင်းနတ်ဘုရား ၊ အနူးဘစ်။ အိန္ဒိယနိုင်ငံက ဖျက်ဆီးခြင်းရဲ့အရှင်၊ ရှီဗာ...
ဒီနတ်ဘုရားတွေရဲ့ ဒဏ္ဍာရီတွေနဲ့ ဒဏ္ဍာရီပုံပြင်တွေအားလုံးဟာ အခုဆိုရင် လုံးဝနီးပါး မေ့လျော့ခံခဲ့ရပါပြီ။
ဖုန့်လင်းဟာ အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။ သူ့အတွက်တော့ ဒါဟာ မလွဲမသွေ အကောင်းဆုံးသော ခေတ်ပါပဲ!