ဒဏ္ဍာရီတွေနဲ့ ရှေးဟောင်းပုံပြင်တိုင်းက နတ်ဘုရားအဖြစ်ရောက်ရှိရန် လမ်းကြောင်းတခု ဖြစ်တယ်။ လူသားတွေ ကြယ်တာရာခေတ်ကို ရောက်လာတဲ့အခါမှာတော့ ရှေးဟောင်းကျင့်ကြံခြင်း နည်းစနစ်တွေ အသစ်တစ်ဖန် ပြန်လည် ပေါ်ပေါက်လာခဲ့တယ်။ ကျင့်ကြံခြင်းရဲ့ စစ်မှန်တဲ့အဓိပ္ပာယ်ကို စာကြောင်းတစ်ကြောင်းတည်းနဲ့ ဖော်ပြမယ်။ "မင်းရဲ့ မျိုးရိုးဗီဇဟာ မင့်သက်တမ်းတစ်လျှောက်လုံး တည်ရှိနေမယ်" ဒဏ္ဍာရီတွေနဲ့ ပုံပြင်တွေဟာ စိတ်ကူးယဉ်သက်သက် မဟုတ်ခဲ့ပါဘူး။ လူတိုင်းရဲ့ခန္ဓာကိုယ်ထဲမှာ ရှေးဟောင်းဒဏ္ဍာရီ မျိုးဗီဇတွေ ရှိပါတယ်။ ဟုန်ယွိမျိုးဗီဇဟာဆိုရင် မိုးကောင်းကင်ကို ဖြိုဖျက်ပစ်နိုင်တဲ့ မြားတစ်စင်းနဲ့ မိုင်တစ်ရာအကွာကို ပစ်ခတ်နိုင်စွမ်း ရှိတယ်။ ကွားဖူမျိုးဗီဇက နေနဲ့လကို လိုက်ဖမ်းနိုင်လောက်အောင် မြန်ဆန်တဲ့ အပြေးစွမ်းရည် ရှိတယ်။ နတ်နဂါးရဲ့ စွမ်းရည်ဆိုရင်လည်း ကြယ်တာရာတွေအထက်မှာ လွတ်လပ်စွာ ပျံသန်းနိုင်စွမ်း ရှိတယ်။ xxx...xxx နှစ်ပေါင်းတစ်သောင်းနီးပါးကုန်လွန်ခဲ့ပြီးနောက်။ ဖုန့်လင်းဟာ ၂၁ ရာစုကနေ ကြီးမြတ်တဲ့ ဒီခေတ်ထဲကို ကူးပြောင်း ရောက်ရှိလာခဲ့တယ်။ ရှေးဟောင်းဒဏ္ဍာရီတွေနဲ့ ပုံပြင်တွေအပေါ် သူရဲ့နားလည်မှုကို အခြေခံပြီးတော့ ဘယ်သူနဲ့မှ မတူတဲ့ မျိုးဗီဇကျင့်ကြံခြင်း ခရီးစဥ်ကို စတင်လျှောက်လှမ်းခဲ့ပါတော့တယ်။ *မျောက်မျိုးဗီဇ + ကျောက်ဖြစ်မျိုးဗီဇ (ကျောက်မှမွေးဖွားခြင်းမျိုးဗီဇ) = ကျောက်တုံးမျောက်မျိုးဗီဇ *ကျောက်တုံးမျောက်မျိုးဗီဇ + ??? = စိတ်ဝိညာဥ်ကျောက်တုံး မျောက်မျိုးဗီဇ *စိတ်ဝိညာဥ်ကျောက်တုံး မျောက်မျိုးဗီဇ + ချောမောခန့်ညားတဲ့ မျောက်ဘုရင်မျိုးဗီဇ = စွန်းဝူခုန်းမျိုးဗီဇ *စွန်းဝူခုန်းမျိုးဗီဇ + ??? = ကောင်းကင်ဘုံနဲ့ ညီမျှတဲ့ ကြီးမြတ်သည့် သူတော်စင်မျိုးဗီဇ

