← Chapters

အသက် အသွင်ပြောင်းလဲမှု

Vol. 3 Ch. 37

အသက် အသွင်ပြောင်းလဲမှု

Vol. 3 Ch. 37

သူ့ဗိုက်ထဲကို.... အသက်ဆေးရည်ဝင်သွားလိုက်တဲ့ အချိန်မှာ... ရေခဲရေသောက်လိုက်ရတဲ့အလား... ရေခဲရဲ့အအေးစွမ်းအင်တွေက... တလှိမ့်လှိမ့်တက်လို့လာပါတော့တယ်။ ဒါက အားရစရာလည်းကောင်းသလို... လန်းဆန်းတဲ့ခံစားချက်လည်းရလိုက်ပါတယ်။ သို့ပေမယ့်... ဆေးသက်ရောက်မှုနိုးထလာတဲ့အချိန်မှာတော့... လုံးဝမီးလောင်နေသလို ခံစားချက်အဖြစ်ပြောင်းလဲသွားခဲ့တာပါ။ ဒါက ဘာနဲ့တူသလဲဆို... သူ့ခန္ဓာကိုယ်ထဲမှာ ချော်ရည်တွေ... ဆူပွက်နေသလိုပါပဲ။

ဖုန့်လင်း အမူအရာတွေပျက်လာပါပြီ။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက ပြာဖြစ်သွားပြီး... ဘာမှမကျန်တော့တဲ့အထိ... အရှိန်ပြင်းပြင်းလောင်ကျွမ်းနေတယ်လို့ ခံစားနေရပါတယ်။

အလွန်ကြီးမားတဲ့အပူလှိုင်းလုံးက... အတွင်းထဲကနေ ကြီးမားတဲ့ အကျိုးသက်ရောက်မျိုးကို ယူဆောင်လာပေးခဲ့ပါပြီ။

သူ့စိတ်ထဲမှာ... အတွေးတစ်ခုပဲကျန်ခဲ့ပါတော့တယ်....ဒီလောက်ပြင်းထန်တဲ့ ဆေးသက်ရောက်မှုတွေနဲ့ ကျင့်ကြံသူတွေပဲ ဒီဆေးကိုသုံးနိုင်တာ အံ့သြစရာမဟုတ်တော့ဘူး။ သာမန်လူတွေ လုံးဝခံနိုင်မှာမဟုတ်ပါဘူး။ သူတို့ တကယ်ပေါက်ကွဲသွားပါလိမ့်မယ်။

ကြောက်စရာကောင်းတဲ့ နာကျင်မှုက ဒီရေလှိုင်းလုံးတွေအလား... တစ်ကြိမ်ပြီးတစ်ကြိမ်လာနေပါတယ်။ ဖုန့်လင်းရဲ့ သတ္တိနဲ့ သည်းခံနိုင်မှုအဆင့်ကို စိန်ခေါ်နေပြီး.... အဆုံးမဲ့အမှောင်ထုထဲကို ဆွဲချချင်နေတာပါ။

ဖုန့်လင်း သူ့စိတ်ကို လမ်းလွဲသွားဖို့... ဘယ်တော့မှကြိုးစားမှာမဟုတ်ပါဘူး။ သူ လျင်မြန်စွာပဲ စိတ်ငြိမ်သွားပြီး... အာရုံစိုက်လိုက်ပါတော့တယ်။ မချိတင်ကဲခံစားနေရတဲ့ နာကျင်မှုတွေကို ခံစားနေရင်း... မြေပြင်ပေါ်မှာထိုင်နေကာ သူ့ခန္ဓာကိုယ်က....အပြောင်းအလဲတွေကို... တိတိကျကျအာရုံနေခဲ့ပါတယ်။

ဆေးဝါးသက်ရောက်မှုက မီးတောက်စီးကြောင်းလေးတွေအလား... သူ့ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံးကို... စိမ့်ဝင်နေပါတယ်။

မီးပူပူနဲ့ အပူပေးခံရတဲ့ ခိုင်မာနေပြီး... မပြောင်းလဲသွားသော သတ္ထုအစိတ်အပိုင်းအလား... သူ့ကိုယ်သူခံစားနေရပါတယ်။ မီးနဲ့ဆေးကြောခံနေရပြီး.. မသန့်စင်မှုတွေက ဖယ်ထုတ်ခံလိုက်ရပါပြီ။

သူ့ကိုယ်တွင်းက အဓိကစွမ်းအင်တွေနဲ့သွေးတွေက ဆူပွက်နေပြီး... ရူးသွပ်စွာ လည်ပတ်နေပါပြီ။ သူ့ရဲ့သွေးကြောစိမ်းတွေက ထောင်ထနေပြီး... သူ့မျက်နှာကလည်း အနီရောင်ပြောင်းလို့နေပါတယ်။ မီးဖိုပေါ်ရောက်နေတဲ့အလား... အလွန်အမင်းပူလွန်းလှပါတယ်။

ဟား...

ရုတ်တရက်... သူ့ပါးစပ်ကိုဖွင့်လိုက်ပြီး... လေပူတွေမှုတ်ထုတ်လိုက်ပါတယ်။ သူအနေနဲ့ .. မီးမှုတ်တဲ့နဂါးတစ်ကောင်များဖြစ်သွားပြီလားတောင်...ထင်ရလုနီးပါးဖြစ်သွားခဲ့ပါတယ်။

ပူတယ်၊ ပူတယ်၊ ပူတယ်......

ချွေးတွေက ဆက်တိုက်စီးကျနေပြီး... သူ့အင်္ကျီတွေကို ရွှဲရွှဲစိုနေတာကြောင့်... သူ့ခန္ဓာကိုယ်နဲ့ ကပ်နေပါတယ်။

ပြင်းထန်တဲ့စွမ်းအင်တွေက.. သူ့ခန္ဓာကိုယ်ထဲမှာ... ဒီရေလှိုင်းလုံးတွေအလား.. ဆူဝေနေတုန်းပါပဲ။ ဖုန်းလင် သူ့ခန္ဓာကိုယ်ပေါက်ကွဲသွားမလားတောင်... စိုးရိမ်လို့နေပါပြီ။

နာတယ်၊ နာတယ်ဟ၊ သောက်ရမ်းနာတယ်~~~

သူ့ခန္ဓာကိုယ်က မနာနေတဲ့နေရာမရှိတော့ဘူးလို့တောင် ခံစားနေရပါတယ်။

ဖုန့်လင်း သူ့သွားတွေကို ကြိတ်လိုက်ပြီး... သူ့ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန်တုန်ခါသွားသည်။ အတွင်းအင်္ဂါတွေအားလုံး ကြိတ်ချေခံလိုက်ရပြီး... ပြန်စုစည်းနေသလိုခံစားလိုက်ရပါတယ်။

ဖျက်စီးခြင်းမခံရတဲ့ တည်ဆောက်ပုံဆိုတာမရှိပါဘူး။

ဒါက ဖွဲ့စည်းတည်ဆောက်ပုံတစ်ခုအတွက် ဖျက်စီးနေတဲ့ဖြစ်စဉ်တစ်ခုပါ။

ဖြည်းဖြည်းလေး အသက်အသွင်ပြောင်းလဲတဲ့ ကျင့်ကြံခြင်းဖြစ်စဉ်တွေနဲ့ မတူညီတာက... ဆေးဝါးတွေနဲ့ လုပ်ယူတာက ချက်ချင်းလက်ငင်းပါ။ ပြင်းထန်တဲ့ဆေးဝါးသက်ရောက်မှုတွေက... သူ့ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံကို ကြိတ်ချေနေပြီး... လျင်မြန်တဲ့နှုန်းနဲ့ တစ်ဖန်ပြန်လည်ပြီး စုစည်းတပ်ဆင်နေခဲ့တာပါ။

ရုတ်ချည်းပြောင်းလဲမှုဆိုတာက... အလွန်ကြီးမားတဲ့ နာကျင်မှုကိုဆိုလိုတာပါ။

ဖုန့်လင်း သူ့အသိဉာဏ်တွေက... နာကျင်မှုကြောင့် လောင်ကျွမ်းသွားသလို ခံစားလိုက်ရပါပြီ။

သို့ပေမယ့် ဒီအတိုင်းဖြစ်နေမှတော့... ဒီအတိုင်းပဲ တောင့်ခံထားရမှာပါပဲ။

သူသာ သတိလစ်သွားရင် ကိစ္စချောသွားပါပြီ။ လုံးဝလွတ်လွတ်လပ်လပ်သက်သာရာရချင်ရသွားမှာပေါ့။

သို့ပေမယ့် အသွင်ပြောင်းတာကို မှန်ကန်တဲ့နေရာမှာလုပ်နိုင်ပြီး...

အပြည့်အဝသက်ရောက်နိုင်ဖို့ သူ့သတိကို ထိန်းသိမ်းနေပြီး... ဆေးဝါးသက်ရောက်မှုကို ထိန်းချုပ်နေယုံပဲလုပ်နိုင်ပါတယ်။

ဂျွတ်...ဂျွတ်...

သူ့ခေါင်းကို ငုံ့လိုက်ပြီး... သွားကို

ခပ်ကြမ်းကြိမ်း ကြိတ်လိုက်တာကြောင့် တဂျွတ်ဂျွတ်အသံတွေထွက်လာပြီး သွားတွေက ကျိုးကြေကုန်တော့မယ်ပုံပါပဲ။

ရှူသွင်း...ရှူထုတ်...ရှူသွင်း...ရှူထုတ်....

ဖုန့်လင်း မကြာခင်မှာပဲ ပြီးသွားတော့မယ်လို့ ခံစားမိတာကြောင့်.... လေကို အပူတပြင်း ရှူရှိုက်လိုက်မိပါတယ်။

သူ့ခန္ဓာကိုယ်က ချွေးပေါက်တွေက ပွင့်ထွက်သွားပြီး... အသက်ဆေးရည်ထဲက... တောက်လောက်နေတဲ့စွမ်းအင်တွေကို ခြေဖျက်နေပါပြီ။

အဆုံးမှာတော့... အပူစီးကြောင်းတွေက သူ့ခန္ဓာကိုယ်ရဲ့ ထောင့်တိုင်းကို စီးဆင်းသွားပြီး... အနက်ရှိုင်းဆုံးအစိတ်အပိုင်းတွေထိစိမ့်ဝင်လို့သွားပါတယ်။

အင်္ဂါအစိတ်အပိုင်းတွေ၊ ဆဲလ်တွေ၊

ဆဲလ်ဗဟိုချက်တွေ.... ပိုကျယ်တဲ့

ရှုထောင့်ကနေ ပိုနီးတဲ့တစ်ခုထိ နောက်မှာတော့... မျိုးဗီဇတွေအားလုံးရဲ့

လမ်းကြောင်းတွေအတိုင်း... သူတို့တွေအားလုံးထဲကို စိမ့်ဝင်သွားကြသည်။

ဖုန့်လင်းရဲ့ ခန္ဓာကိုယ်အတွင်းထဲကနေ... အပြင်ဘက်ကို အနီရောင်နုနုအရာတွေ... ထုတ်လွှတ်လိုက်တယ်။ အဲ့တာ သိသိသာသာပဲ သွေးမည်းတွေပါ။

ဖုန့်လင်း ပျောက်နေတဲ့ အပူစီးကြောင်းလေးတွေကို ဘယ်လိုသုံးရမလဲ နည်းနည်းလေးတော့ သိလိုက်ပါပြီ။

ဒါက စကြာဝဋ္ဌာကြီးလို ကျယ်ပြောတဲ့ အနက်ရောက်ကမ္ဘာတစ်ခုပါ။

အရာတ္ထုတော်တော်များများက မြွေတွေနဲ့ နဂါးတွေလို အတူတူရစ်ခွေနေကြပြီး... ဝက်အူရစ်လိုအပေါ်ကို ရစ်ထားတဲ့ပုံစံမျိုးဖြစ်နေပါတယ်။ ကောင်းကင်ယံထက်က မရေမတွက်နိုင်တဲ့ ကြယ်တွေအလား... တစ်ချို့အပိုင်းတွေက အလင်းရောင်ထုတ်လွှတ်နေကြပြီး... တစ်ချို့ တောက်ပနေသလို တချို့ကမှောင်မဲနေပါတယ်။

ဒါတွေက မျိုးဗီဇတွေပဲ။

သူပြောနိုင်တာက... ဒီမြင်ကွင်းက အရမ်းအံ့သြစရာပါပဲလို့ပေါ့။

မျိုးဗီဇညီမျှခြင်းကို မှီခိုပြီး.... သူ့

မျိုးဗီဇဆက်သွယ်ပုံတွေကို ဖုန်းလင်မြင်ဖူးနေပေမယ့်လည်း.... ဒါ ပထမဆုံးအကြိမ်အဖြစ်... မျိုးဗီဇတွေရဲ့အစစ်အမှန်ပုံစံကို... သူ့ကိုယ်ပိုင်မျက်လုံးနဲ့ မြင်ဖူးတာပါ။

အနွေးစီးကြောင်းတွေက... ပစိဖိတ်သမုဒ္ဒရာက ပင်လယ်ရေစီးကြောင်းတွေအလား... တောင်မှမြောက်သို့စီးဆင်းနေခဲ့ပါတယ်။

မျိုးဗီဇအပိုင်းတော်တော်များများက... နဂိုက အလင်းရောင်မထုတ်ထားပဲ... မှောင်မိုက်နေရာကနေ ရုတ်တရက် ကြယ်တွေလို... အလင်းရောင်တွေ ထုတ်လွှတ်နေပါတယ်။ သူတို့ကနေ

သန့်ရှင်းမှု၊ ဆန်းကြယ်မှုနဲ့ ရှေးကျမှု..

စတဲ့အရာတွေလို... အံ့သြစရာတွေကို ယူဆောင်လာပါတယ်။

ရုတ်တရက်ဆိုသလို မီးပွားလေးတစ်ခုကနေ... မျက်နှာပြင်တစ်ခုလုံးလောင်ကျွမ်းသွားတဲ့အလား အလင်းရောင်က ပိုပြီးတောက်ပလာပါတယ်။ နောက်ထပ်နောက်ထပ်... စုစည်းလာပြီး... အနက်ရောင်ဟင်းလင်းပြင်ကြီးတစ်ခုလုံး အနှံ့အပြားကို ပြန့်ကျဲသွားပါတယ်။

မျိုးဗီဇတွေက ဆက်ပြီး ခွဲထွက်နေကြပြီး... အာဟာရပေါင်းစပ်မှုတွေ၊ ဆဲလ်ပြန်လည်ဖြစ်ပေါ်ခြင်းတွေ၊ အင်္ဂါတိုးပွားခြင်း....စတဲ့အရာတွေကို ထိန်းချုပ်သွားကြပါတယ်။ များပြားလှတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေက.. ဆက်လက်ပြုပြင်နေပြီး... မူလအသက်အသွင်ပြောင်းလဲခြင်းကို ဖြတ်ကျော်နေပါတယ်။

ဒီထူးဆန်းတဲ့မြင်ကွင်းက လျှပ်တပြက်ဆိုသလို... ဖြစ်သွားတာပါ။ သူမြင်လိုက်တာက... ဆေးသက်ရောက်မှုစုပ်ယူခြင်း ဖြစ်စဉ်နဲ့ ခန္ဓာကိုယ်ပြုပြင်နေခြင်းဖြစ်စဉ်တွေပါ။

ကချာ ကချာ!

သူ့ရဲ့အဆစ်တွေက ဆက်ပြီး.... တဂျွတ်ဂျွတ်မြည်နေပါတယ်။ သူ့ကိုယ်အင်္ဂါတွေကလဲ.. စတင် လှုပ်ရှားနေကြပါပြီ။ သူတို့က မိုးခြိမ်းသံတွေလိုကျယ်လောင်နေပြီး.... မိုးသက်မုန်တိုင်းကြီးလိုကြမ်းတမ်းစွာ... လှုပ်ရှားနေကြပါတယ်။

ဖုန့်လင်း... အဲ့တာတွေကို သတိ

မထားမိလိုက်ပဲ... သူ့ခန္ဓာကိုယ်ကို

တွန့်လိမ်လိုက်သည်။ သူ့ခန္ဓာကိုယ်က ပြောင်းလဲသွားတော့မှာဖြစ်ပြီး... သူ့ကြွက်သားတွေက ဖုဖောင်းလာသလို... အရေးအကြောင်းတစ်ချို့လဲ ထွက်ပေါ်လာတယ်။ စကျင်ကျောက်လို အဖြူရောင်တလက်လက်ထနေပြီး... ချောမွတ်မာကြောနေတဲ့ အလွှာတစ်ထပ်က... သူ့အရေပြားပေါ်မှာ အသွင်ပေါ်လာတယ်။

နာကျင်မှုတွေ လျော့ကျမသွားခင်... အချိန်ဘယ်လောက်ဖြတ်ကျော်သွားပြီးပြီလဲဆိုတာတောင်... သူမသိတော့ပါဘူး။

ဖုန့်လင်း ဖြည်းညင်းစွာမတ်တတ်ရပ်လိုက်ပြီးနောက်... သူသိလိုက်တာက

အခု သူ့ပုံက... သွေးတွေချွေးတွေဖုံးထားတဲ့ ရွှံ့ရုပ်တစ်ခုလိုဖြစ်နေတယ်ဆိုတာပါ။ သူ့ကိုယ်က အရမ်း

ကပ်စေးကပ်စေးဖြစ်နေပြီး....

သက်သောင့်သက်သာမရှိကြောင်း ခံစားလိုက်ရပါတယ်။

ရုတ်တရက်... သူ အရင်ကနဲ့ အရမ်းကွာခြားနေသလိုခံစားလိုက်ရပါတယ်။ သူ့ရှေ့ကအရာအားလုံးက နည်းနည်းလေးတိုနေသလို ခံစားလိုက်ရတာပါ။

သူ နည်းနည်းလေး လှုပ်ရှားကြည့်လိုက်တာနဲ့... သူ့အင်္ကျီတွေက ပြဲထွက်သွားပါတယ်။

အဲ့တာဖြစ်နိုင်မလား။

ဖုန့်လင်း သူ့ရဲ့မိုက်ခရိုချစ်ပ်နဲ့.. ဓာတ်ပုံတစ်ချက်ရိုက်လိုက်တယ်။ အဲ့နောက်မှာတော့ သူ့ခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှုကို တွေ့လိုက်ပါပြီ။

သူ့ရဲ့အရပ်က ၁.၈မီတာကနေ ၁.၉မီတာကို တဟုန်ထိုးကြီးတက်သွားတာပါ။ သူ့ရဲ့ ဖွတ်ဖွတ်ကြေနေတဲ့အင်္ကျီတွေကနေ သူရဲ့ကြွက်သားတွေရဲ့ အနေအထားတွေကို ဖော်ပြလို့နေပါတယ်။ သူ့ရဲ့ဖြူနေတဲ့အရေပြားကလည်း... ဆင်စွယ်ရောင် အဖြူစွတ်စွတ်လိုဖြစ်နေပြီး ခပ်ဖျော့ဖျော့တောက်ပလို့နေတယ်။

ဒါက ပြီးပြည့်စုံတယ်လို့... ဖော်ပြလို့ရတဲ့ ပုံသဏ္ဍာန်မျိုးပါ။

သူ့ခွန်အားတွေကို... အလွန်အကျွံသုံးလို့လျှံထွက်သွားရင်တောင် သူ့အမြန်နှုန်းကို မကျအောင်ထိန်းထားဖို့

ပြဿနာရှိမှာမဟုတ်ပါဘူး။ သူ့ခန္ဓာကိုယ်က အားမာန်ပါပြီး ထက်မြက်ကာ ရန်လိုတတ်တဲ့စရိုက်ရှိနေတဲ့လှံတစ်ချောင်းလို... တည့်မတ်စွာ

ဖြောင့်တန်းလို့နေတယ်။

သံသယဖြစ်စရာမလိုလောက်အောင်ပဲ....သူ့ခန္ဓာကိုယ်က အကြီးကြီးပြောင်းလဲသွားကြောင်း..ဖုန့်လင်း

သိလိုက်သည်။ သူလျင်မြန်စွာနဲ့ပဲ... သူရဲ့မျိုးဗီဇအရည်အသွေးတွေကိုကြည့်လိုက်ပါပြီ...။

အမည်: ဖုန့်လင်း

အသက်စွမ်းအင်: ၂.၃ 2.3

မျောက်မျိုးဗီဇ: ၁၀

ကျောက်ဖြစ်မျိုးဗီဇ: ၈

မျိုးဗီဇစွမ်းရည်: ၁၇၈%

သူ့ရဲ့မျိုးဗီဇစွမ်းရည်ကတိုးမလာသလို... သူ့မျိုးဗီဇအမှတ်တွေလည်းတိုးမလာပါဘူး။

ဒါပေမယ့် သူ့အသက်စွမ်းအင်က... ၂ကိုချိုးဖြတ်သွားပြီး ၂.၃ ကိုပြောင်းလဲသွားခဲ့၏။

လက်ရှိမှာ.... ဖုန့်လင်းက..အတန်းရဲ့ထိပ်ဆုံးဖြစ်နေပြီဆိုတာက... သံသယဖြစ်နေစရာမရှိပါဘူး။ သူက

ကျောက်ခိုင်ကို စွမ်းအားအရာမှာရော အသက်စွမ်းအင်မှာပါ ကျော်တက်သွားပါပြီ။

ဖုန့်လင်းရဲ့တိုက်ပွဲအသိနဲ့ဆို

ကျောက်ခိုင်က လျှော့ပေါ့ပေးခံရဖို့ မျှော်လင့်ချက်မရှိဘဲ ခြေထောက်နဲ့နင်းချေခံရမှာကိုပြောနိုင်ပါတယ်။

ဒါပေမယ့်... ဖုန့်လင်းက ကျောက်ခိုင်ကို ဆက်ဂရုစိုက်မနေပါဘူး။ ကျောက်ခိုင်က သူ့ပြိုင်ဘက်ဖြစ်ဖို့ မသင့်တော့ပါဘူး။ သူကိုယ်တိုင်ကသာ... သူနဲ့ယှဉ်နိုင်မှာပါ။

သူ့အသက်စွမ်းအင်က.. ၂.၀ကို ချိုးဖြတ်လာပြီးနောက်မှာတော့... သူ့ခန္ဓာကိုယ်က ကြီးကြီးမားမားပြောင်းလဲမှုတွေကို... ကျော်ဖြတ်သွားခဲ့ပါပြီ။

ဖုန့်လင်း တည်တည်ငြိမ်ငြိမ်နဲ့... သူ့ခန္ဓာကိုယ်ထဲမှာပြည့်နှက်နေတဲ့ သန်မာတဲ့စွမ်းအင်တွေကို... အာရုံခံကြည့်လိုက်သည်။ သူ သုံးရက်နဲ့သုံးညမအိပ်ရင်တောင် ပင်ပန်းတယ်လို့ ခံစရမှာမဟုတ်ပါဘူး။ အဆုံးမဲ့စွမ်းအင်တွေက သူ့ကြွက်သားတွေထဲမှာ ပြည့်နှက်လို့နေခဲ့ပါတယ်။

ဖုန့်လင်း မထိန်းနိုင်ပဲ စိတ်လှုပ်ရှားသွားခဲ့တယ်။ ပုံရိပ်ယောင်သိုင်းစေတီထဲက... အဲ့ဒီ ဦးနှောက်စစ်ဆေးမှုက မမှားခဲ့ပါဘူး။ သူမျိုးဗီဇရဲ့အလားအလာတွေက... အပြည့်အဝမနိုးထလာသေးပါဘူး။

အသက်ဆေးရည်သောက်ပြီး... သူ့ခန္ဓာကိုယ်ထဲကို အာဟာရတွေဖြည့်တင်းလိုက်တော့ အသက်စွမ်းအင်တွေက.... ချက်ချင်းဆိုသလို.. တဟုန်ထိုးတက်လာခဲ့တယ်လေ။

နောက်ထပ်တစ်ပုလင်းလောက်ဆက်သောက်ဖို့... အာသာပြင်းပြနေပေမယ့်လည်း သူရဲ့ကျိုးကြောင်းဆင်ခြင်နိုင်တဲ့စိတ်က.. သူ့ကိုတားလိုက်ပါတယ်။

အသက်ဆေးရည်က အားပြင်းလွန်းပါတယ်။ သူ့ခန္ဓာကိုယ်တဲ့ကို... ဖိအားအကြီးကြီးတွေ ပေးနေမိလိမ့်မယ်လေ။ အချိန်ခဏလေးအတွင်းမှာ သူထပ်

မသောက်သင့်တော့ပါဘူး။

အဆုံးမှာတော့... ဆေးတိုင်းက

ဆေးအဆိပ်ဖြစ်စေနိုင်တယ်မလား။

အာဟာရဖြစ်စေနိုင်တဲ့ဆေးဝါးကောင်းတွေတိုင်းက.. တစ်ပုလင်းထက်ပိုသောက်ရင်... အဆိပ်သင့်ဖို့အဆင့်က တော်တော်လေးကို မြင့်ပါတယ်။

အဲ့တာကြောင့် သူ့ခန္ဓာကိုယ်ကလည်း ကောင်းကောင်းနားဖို့ လိုသေးတယ်လေ။

ပြောရရင် ပြောင်းလဲမှုက သူ့ကို အသက်စွမ်းအင် ၂.၃ ထိရောက်သွားစေခဲ့ပါတယ်။ သူ ထပ်ပြီး အားနည်းနေမှာမဟုတ်တော့ဘူးလေ။ လက်ရှိမှာ

ဖုန့်လင်း သူ့ကျင့်ကြံခြင်းလမ်းစဉ်အတွက် ယုံကြည်မှုတွေ ပိုပြီးရှိနေခဲ့ပါပြီ။

လက်ရှိမှာ.... ဖိအားပေးနေတဲ့အခြေအနေကြီးအတွက် ဖြေရှင်းရပါဦးမယ်။ အခုက သူ့ကလန်နဲ့ တရားဝင် ဆွေးနွေးဖို့အချိန်ရောက်လာပါပြီ.....။

All Chapters