အတန်းနံပါတ်တစ်
Vol. 2 Ch. 27
မီးတောက်များက အရှိန်အဟုန်ပြင်းစွာလောင်ကျွမ်းနေပြီး မိုးကဲ့သို့ အုံ့မှိုင်းနေကာ တိုက်ခိုက်မှုများက ကြယ်ပျံများကဲ့သို့ လျင်မြန်လှ၏။
ဖုန့်လင်း မြေပြင်ပေါ်တွင် မြဲမြံစွာရပ်နေခဲ့ပြီး သူ့ပုံက တိုက်ခိုက်မှုများကို ကြောက်ရွံ့၍ မလှုပ်ရှားနိုင်သကဲ့သိုပင်။
မီးတောက်များက ဖုန့်လင်းအား ဝန်းရံထားပြီး သူ၏ပုံရိပ်က လုံးဝပျောက်ကွယ်သား၏။
“ ဟဟ...အဲ့ခွေးကောင်က သေတဲ့ထိလောင်ကျွမ်းခံလိုက်ရတော့မှာပဲ ”
“ သခင်လေးကလော့တ်ရဲ့လက်အောက်က နံပါတ်တစ်ရယ်လို့မပြောရဘူး...မျှော်လင့်ထားတဲ့အတိုင်းပဲကွာ။ ကျောက်ခိုင်ရဲ့ ရဲရဲတောက်ဥက္ကာပျံလက်သီးက အရင်ကထက် ပိုပြင်းထန်လာတယ်။”
“ အဲ့ဒီခွေးကောင်လေးက စကားအကြီးကြီးတွေပြောနေပေမယ့် ဒီလောက်တောင်အားနည်းမယ်လို့ ဘယ်သူထင်မှာလဲကွာ”
…
ထိုလက်ပါးစေများက ဘာမှဆက်
ကြည့်စရာမလိုတော့သည့်အလား ကြွေးကြော်အော်ဟစ်နေကြသည်။
ကလော့တ်သူ၏မျက်ခုံးများကိုတွန့်ကွေးလိုက်၏။
ဒီခွေးကောင်က ပုံရိပ်ယောင်သိုင်းစေနီမှာ ရုတ်တရက်ဆိုသလို အဆင့်သုံးကိုတက်သွားတဲ့ကောင်ပါ။ အမှန်မှာ ဒီလောက်တောင် အားနည်းနေတာလား။
ဒါပေမယ့် ဒီလောက်အားနည်းနေရင် ရလဒ်ကောင်းကောင်းရနိုင်မှာမဟုတ်ဘူးလေ။
A.I က အမှားလုပ်မိတာလား။
“ ကျောက်ခိုင် သတိထားဦး။ သူ့ကိုသေတဲ့ထိ မီးရှို့မပစ်လိုက်နဲ့ဦး။”
သူမျက်မှောင်ကြုတ်ကာ သတိပေးလိုက်သည်။
“ သခင်လေးကလော့တ်။ ကျွန်တော်ဘာလုပ်ရမလဲ ကျွန်တော်သိပါတယ်။ မီးတောက်အပူချိန်က သူ့ရဲ့အရေပြားကို လောင်ကျွမ်းသွားနိုင်ရုံလောက်ပါပဲ။ အခုခေတ်နည်းပညာတွေနဲ့ဆို အမာရွတ်တွေတောင်ကြာကြာဖြစ်မနေနိုင်ပါဘူး။ သူ့ကို နည်းနည်းလေး
မခြောက်လိုက်ရင် သူက နာခံမှာမဟုတ်ဘူးလေ။”
ကျောက်ခိုင် ကောက်ကျစ်စွာရယ်လိုက်သည်။
ကလော့တ်ခေါင်းညိတ်သည်။ ဒါက သူ့အတွက်အဓိပ္ပါယ်နည်းနည်းရှိနေ၏။
မည်သည့်အခြေအနေမဆို သူသည်ချမ်းသာနေသူဖြစ်ကာ သူသာ ကုသပေးပါက ဖုန့်လင်း thayသွားမည်မဟုတ်ပေ။ ထိုကောင်ဆိုးလေးကို နည်းနည်းလိုက်ခံစားခိုင်းလိုက်သည်မှာလဲ ကောင်းပေသည်။ မဟုတ်ပါက ကောင်းကင်နှင့်မြေပြင် မည်မျှကျယ်ပြောသည်ကို သူသိနိုင်လိမ့်မည်မဟုတ်ပေ။
“ မင်းကငါ့ကို နာခံစေချင်တာလား။ မင်းရဲ့လက်သီးသေးသေးလေးနဲ့ စိတ်ကူးတွေယဉ်နေတာပဲ”
အေးစက်စက်ရယ်မောသံက ရုတ်တရက်ထွက်ပေါ်လာ၏။
“ ဘာ ”
အားလုံး တုန်လှုပ်မှုကြောင့် အာမေဋိတ်သံထွက်ပေါ်လာ၏။
ဝုန်း...
မီးတောက်များအတွင်း ပေါက်ကွဲမှုတစ်ခုက ထွက်ပေါ်လာ၏။ ဖုန့်လင်းက ဖြည်းညင်းစွာ လျှောက်ထွက်လာခဲ့သည်။ သူတွင် ဒဏ်ရာဟူ၍ လုံးဝရှိမနေဘဲ သူ၏ အရေပြားတွင်လည်း မီးလောင်ရာများရှိမနေပေ။
“ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ မင်း တကယ်ကြီး ဘာမှမဖြစ်ဘူးလား ”
ကျောက်ခိုင် ကြောင်အသွားခဲ့၏။
သူ့ရဲ့အသန်မာဆုံးတိုက်ခိုက်မှုကို ထုတ်လွှတ်ခဲ့ခြင်းဖြစ်သည့်တိုင် ထိုကောင်စုတ်က ဘာမှဖြစ်မသွားချေ။
သူဒါကို ဘယ်လိုလက်ခံရမှာလဲ။
“ မင်းက မဟုတ်ကဟုတ်က တော်တော်လေးပြောတာပဲ”
ဖုန့်လင်း သူ၏ခေါင်းကိုခါလိုက်သည်။
တစ်ခြားတစ်ဖက်က တိုက်ခိုက်ပြီဆိုကတည်းက ယဉ်ကျေးနေစရာမလိုတော့ပါဘူး။
ဒါက မယဉ်ကျေးတာကို ပြန်တုံ့ပြန်ပေးတာပါ။
ဘယ်လောက်တောင်တိုက်ဆိုင်လိုက်လေလဲ။ အစိမ်းရောင်နတ်ဘုရားအမျိုးအစား-၃ အာဟာရဆေးဝါးကို အခုပင် စားသုံးပြီဖြစ်ကာ သူ၏ပြင်းထန်နေ
သည့်စွမ်းအင်များကို ဖွင့်ထုတ်ရန်နေရာ ရှာဖွေနေခြင်းဖြစ်၏။ ဤအခွင့်အရေးကိုသုံးကာ အာဟာရဓာတ်များကို ခြေဖျက်ရပေလိမ့်မည်။
ဖုန့်လင်း ပာကွရှစ်ကွက်ကိုယ်ဟန်အတိုင်း ရွေ့လျားလိုက်ကာ နောက်တွင် ပုံရိပ်များချန်ထားခဲ့လိုက်၏။
တစ်ချိန်တည်းတွင် သူ၏လက်သီးများက တစ်ဟုန်ထိုးထိုးလွှတ်လိုက်ကာ ပေါက်ကွဲမှုလိုင်းများ ထုတ်လွှတ်လိုက်သည်။
ကျောက်ခိုင် ရှေ့သို့ ပြေးလွှားသွားကာ နည်းစနစ်တစ်ခုအား ထုတ်ဖော်လိုက်၏။
ကန္တာရလောင်ကျွမ်းခြင်းမီးတောက်
သူ၏ခန္ဓာကိုယ်တစ်ခုလုံးအား မီးတောက်ထဲအတွင်း လောင်ကျွမ်းခံကာ မီးတောက်လူသားတစ်ယောက် ဖြစ်လို့သွားလေသည်။
အကယ်၍ သူ၏ပြိုင်ဘက်သာ သာမန်လူတစ်ယောက်ဆိုပါက သူသည် တုန်လှုပ်မှုနှင့် ကြောက်ရွံ့မှုအားသေချာပေါက်ခံစားရပေမည်။
သို့သော် ဖုန့်လင်းသည် သာမန်လူတစ်ယောက်မဟုတ်ချေ။ သူ၏ ပြင်ပအရေပြားအလွှာသည် တစ်လက်လက်တောက်နေပြီး ထိုကြောက်မက်ဖွယ်ရာအပူလုံးများအား သီးသန့်ခွဲခြားထား၏။
သူ၏လက်သီးများက လျှပ်စီးလက်သွားသလိုပင် ရပ်တန့်မနေဘဲ
ကျောက်ခိုင်အား ထိပ်တိုက်ရင်ဆိုင်လိုက်၏။
“ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ ”
သူတို့၏လက်သီးများ အပြင်းအထန်တိုက်မိသွားသောအခါ ကျောက်ခိုင်၏ အမူအရာပြောင်းလဲသွား၏။ သူ၏လက်သီးက ကျောက်တိုင်လုံးကြီးတစ်ခုအား ထိုးမိသွားသည့်အလားပင်။ ထို့ပြင် သက်ရောက်မှုအားလိုင်းကြောင့် အပြင်းအထန်နာကျင်မှုအားခံစားလိုက်ရ၏။
ယား
သူထုတ်လွှတ်ထားသည့် မီးတောက်များက ဖုန့်လင်း၏လက်သီးမှ ဖြစ်ပေါ်လာသည့် လေပြင်းများကြောင့် ငြှိမ်းသက်ခံလိုက်ရသည်။ ကြီးမားသည့်အားတစ်ခုက ကျောက်ခိုင်အား နောက်သို့တွန်းပို့လိုက်ကာ သုံးမီတာအဝေးထိလွှင့်စင်သွားသည်။
တစ်ကွက်တည်းနှင့်ပင် ပိုမိုသန်မာသည်လူ မည်သူဆိုတာ အဖြေထွက်လာခဲ့သည်။
“ အားနည်းလွန်းတယ် ”
ဖုန့်လင်း ခေါင်းခါလိုက်ပြီး ညှာတာပေးမနေပဲ ဆက်လက်ဖိအားပေးလိုက်၏။
အစွန်းရောက်ရှစ်ပါးလက်သီး
ထိုက်ကျိက ဆယ်နှစ် ဖုံးကွယ်နေခဲ့ပြီး အစွန်းရောက်ရှစ်ပါးကတော့ တစ်နှစ်တည်းနဲ့ သတ်ဖြတ်ပစ်နိုင်တယ်။
ဖုန့်လင်း ရုတ်ချည်းဆိုသလို ကမ္ဘာမြေ မှ လွှမ်းမိုးနိုင်စွမ်းရှိကာ ပြင်းထန်သည့် သိုင်းပညာတစ်ခုကို ထုတ်ဖော်လိုက်သည်။ သူ၏လက်သီးများနှင့်ခြေထောက်များက ကြောက်မက်ဖွယ်ရာလက်နှက်များကဲ့သို့ပင်။ ဒါတင်မကပေ....သူ့တံတောင်များ ၊ ဒူးများ ၊ သူ့ဦးခေါင်းစသည်တို့အားလုံးအပါအဝင် သူ့ခန္ဓာကိုယ် အစိတ်အပိုင်းများအားလုံးက လက်နက်များကဲ့သို့ဖြစ်သွား၏။ သူ၏ တိုက်ခိုက်မှုများကလည်း ညှာတာမှုမရှိသည့် ဒီရေပမာ အရာအားလုံးကို တိုက်စားသွားနိုင်
သည့်အလားပင်။
ကျောက်ခိုင် ဆက်တိုက်တိုက်ခိုက်မှုများကို မခံနိုင်တော့ဘဲ ဒဏ်ရာများရနေတော့သည်။ သူ၏ခန္ဓာကိုယ်က တုန်ခါသွားကာ လဲကျသွားသည်။
သူ ဂုဏ်ယူရသည့် မီးတောက်များက
ဖုန့်လင်း၏ ကျောက်သားကဲ့သို့အရေပြားကို မထိခိုက်နိုင်လိုက်ပေ။ သူ၏ မီးတောက်များက လွယ်လွယ်ကူကူပင် ငြှိမ်းသွားကြ၏။
“ ဘာ...ကျောက်ခိုင်က တကယ်ကြီးဖိနှိပ်ခံလိုက်ရတာလား။”
“ ငါထင်တာ သူ့အသက်စွမ်းအင်က ၁.၅ ပဲရှိသေးတာမလား။ ဘယ်လိုတောင် လွှမ်းမိုးနိုင်တာလဲ”
“ မယုံနိုင်စရာဘဲဟ ”
…
ပတ်ဝန်းကျင်မှလူများ၏ တုန်လှုပ်နေသည့် အာမေဋိတ်သံများထွက်ပေါ်လာသည်ကို ကြားရနိုင်၏။ ကျောက်ခိုင်သည်သာ ရှော့ရသွားသည်မဟုတ်ပေ။ ဂျက်စ်ကလော့တ်နှင့် သူ၏ နောက်လိုက်များလည်း မယုံကြည်နိုင်စရာဟု ခံစားလိုက်ရသည်။
ကျောက်ခိုင်က ကြက်ပေါက်လေးလို အားနည်းနေခဲ့ခြင်းမဟုတ်ပေ။ သူ့အသက်စွမ်းအင်က၂.၂ ရှိကာ မီးတောက်မျိုးဗီဇနှင့် သတ္ထုမျိုးဗီဇ
နှစ်ခုအားနိုးထထား၏။ သူပြသလိုက်သည့် စွမ်းရည်တို့က အထင်ကြီးလောက်စရာရှိကာ သူ၏လုပ်နိုင်စွမ်းတို့က အားထားဖွယ်ရာဖြစ်သည်။
ကျောက်ခိုင်ကိို ကျောင်းတွင် ပညာရှင်တစ်ယောက်ဟု မှတ်ယူ၍မရသော်လည်း သူ၏ ရဲရဲတောက်ဥက္ကာပျံလက်သီးသည် အလွန်အမင်းကျော်ကြားကာ သူ့တိုက်ခိုက်မှုတိုင်းသည် သတ္ထုကဲ့သို့ မာကျောကာ မီးကဲ့သို့ ပြင်းထန်သည်။ အသက်စွမ်းအင် ၂.၀ နှင့် လူတစ်ယောက်ပင် သူ့အား တားဆီးနိုင်မည်မဟုတ်သည့်အတွက် ၁.၅ကို မပြောလိုပေ။
သို့တိုင် လက်ရှိတွင် သူက ဖိနှိပ်ခံလိုက်ရသည်။ ဒါက လုံးဝ မယုံကြည်နိုင်စရာပင်။
“ ငရဲကိုသွားးး ”
ကျောက်ခိုင်၏ တိုက်ခိုက်မှုက လွဲချော်သွားပြန်သည်။ သို့တိုင် သူ့ပြိုင်ဘက်၏ တိုက်ခိုက်မှုက သူ့အား ထိသွားဆဲပင်။ မခံမရပ်နိုင်ဖွယ် နာကျင်မှုအား သူ့မျက်နှာထက်တွင် အတိုင်းသား မြင်နေရနိုင်၏။ သတ်ဖြတ်လိုစိတ်များက သူ့ဆီမှဖြာထွက်လာပြီး အစွမ်းကုန်ထုတ်ကာ
ဖုန့်လင်းအား သတ်ရန် ပြင်လိုက်၏။
တစ်ကျောင်းလုံးတွင် ထူးချွန်သည်ဟု မှတ်ယူ၍မရနိုင်သည့်တိုင် အတန်း(၁၇)တွင် ပထမဖြစ်နေဆဲမဟုတ်ပါလား။ မည်သူမျှ သူ့နေရာအား လှုပ်ခါ၍ မရပေ။
သို့သော် ပုံရိပ်ယောင်သိုင်းစေတီ စမ်းသပ်မှုတွင် အရာအားလုံးက ပြောင်းလဲသွားခဲ့၏။
ဤခွေးကောင် ဖုန့်လင်းက အလားအလာစွမ်းရည်တို့ပေါက်ကွဲထွက်လာကာ တတိယအဆင့်ရှိ ကျောင်းသားတစ်ယောက်ဖြစ်လာသည်။သူပင် ဖိနှိပ်ခံရသည်မဟုတ်ဘဲ ထိပ်တန်းကျောင်းသား အများအပြားလည်း ဖုန့်လင်းအောက်တွင် ဖိနှိပ်ထားခြင်းခံနေရသည်။ သို့သော် သူကတော့ ဖုန်တောထဲတွင် ကျန်နေရစ်ခဲ့သလိုဖြစ်နေခဲ့၏။
သူဒါကို မည်သို့သည်းခံနိုင်မည်နည်း။
အတန်းပိုင်၏သဘောထားက ပြောင်းလဲသွားသည်ကို ခံစားမိနိုင်၏။
ထိုသို့သာ ဆက်သွားနေပါက သူ၏နေရာတွင်သက်ရောက်မှုရှိလာပေလိမ့်မယ်။ အတန်း(၁၇)၏ နံပါတ်တစ် ဟူသည့် နေရာသည်ပင် ဒီခွေးကောင်က အစားထိုးယူသွားနိုင်သည်။
သူက ဖုန့်လင်းလို လူတစ်ယောက်က သူ့ခေါင်းပေါ်က ကျော်တက်သွားသည်ကို ခွင့်ပြုနိုင်မည်လာ။ ထိုကြောင့်
ကလော့တ်ဆီသို့ အချက်အလက်များပြောပြကာ ဖုန့်လင်းအား သူ၏
လျှို့ ဝှက်ချက်များ ပြောပြစေရန်
ကလော့တ်ဆီမှ ခွန်အားကိုငှါးခြင်းဖြစ်၏။
သို့သော် သူသည်သာ ဖိနှိပ်ခံနေရ၏။
“ မင်း..က..သေ..သင့်..တယ်....”
ကျောက်ခိုင် ဒေါသကြောင့် အော်ဟစ်လိုက်ကာ သူ၏ ကိုယ်အင်္ဂါများက ရှုံ့တွလာသည်။ သူ၏ ကိုယ်ဟန်အနေအထားက ရုတ်တရက်ပြောင်းလဲသွား၏။
ရွှေခေါင်းလောင်းသံမဏိဝတ်ရုံ
သူက တည့်မတ်စွာရပ်နေကာ ပြင်းထန်သည့်အရှိန်အဝါတို့က ထွတ်ပေါ်လာသည်။ ကျောက်ခိုင်၏တစ်ကိုယ်လုံးက ညိုမည်းမည်းဖြစ်နေကာ သံချေးတက်နေသည့်သတ္ထုဖြင့်လုပ်ထားသည့် လူတစ်ယောက်အလားပင်။
“ သတ္ထုမျိုးဗီဇ ”
ဖုန့်လင်း တွေးလိုက်၏။
ထိုမျိုးဗီဇသည် အသုံးပြုသူကို သတ္ထုများထိန်းချုပ်နိုင်စေသည်။
ဒါသည် သူ့ခွန်အားကို ဝံ့ကြွားနေပြီး သူ၏နေရာအား အတန်းထဲတွင် ခြိမ်းခြောက်နိုင်မည့်သူမရှိဟု မာနကြီးနေရသည့် အကြောင်းအရင်းပင်။
ဖုန့်လင်း ထိုရွှေခေါင်းလောင်းသံမဏိဝတ်ရုံဟူသည့်အကွက်မျိုးအား ကြားဖူးခဲ့၏။ ထိုနည်းစနစ်က အသုံးပြုရန် သံမဏိမျိုးဗီဇအားလိုအပ်သည်။ ထိုအရာနှင့်ဆိုလျှင် လူတစ်ယောက်သည် သူတို့ကိုယ်တွင်းမှ သတ္ထုဓာတ်အိုင်းယွန်း များအား ထိန်းချုပ်ကာ စုစည်းပြီး အတော်လေးမာကျောသည့်သတ္ထုအခွံအလွှာတစ်ခု ဖန်တီးကာ ခန္ဓာကိုယ်အား ကာကွယ်ပေးနိုင်၏။
ဒယ်စောက်အိုးသယ်ထားသော ဗာဂျရာ
ဖုန့်လင်းကလည်း နောက်ဆုတ်မည်မဟုတ်ပေ။ သူက ဗာဂျရာနတ်ဆိုးနှိမ်နင်းလက်သီးသို့ပြောင်းလဲကာ ကျောက်ခိုင်နှင့် ထိပ်တိုက်ရင်ဆိုင်လိုက်၏။
ဘန်း...ဘန်း...ဘန်း...
သူတို့၏လက်သီးများ ထိပ်တိုက်ထိခိုက်သွားသည့်အခါ ကျောက်တုံးမှ သတ္ထုအား ထုမိသည့် ဆူညံသံများက ထွက်ပေါ်လာ၏။
တစ်ယောက်တွင် သတ္ထုမျိုးဗီဇရှိကာ တစ်ယောက်တွင် ကျောက်ဖြစ်မျိုးဗီဇရှိကြ၏။
ခန္ဓာကိုယ်သန့်စင်သည့် မျိုးဗီဇနှစ်ခုထိခိုက်ကာ ဖြစ်ပေါ်လာသည့် သွေးစွန်းမြင်ကွင်းက လူတိုင်း၏ နှလုံးသားများကို တုန်ခါသွားစေနိုင်သည်။
ဖုန့်လင်းက သတ္တိကိုမြှင့်ကာ ရှေ့ကို တစ်လှမ်းပြီးတစ်လှမ်းတိုးသွား၏။
ကျောက်ခိုင်မှာ ဆက်တိုက်ဆိုသလို နောက်ဆုတ်နေရသည်။
အမှန်တွင် မီးတောက်မျိုးဗီဇနှင့် သတ္ထုမျိုးဗီဇနှစ်ခုလုံးသည် အဆင့်မြင့်အဆင့်မျိုးဗီဇဟု မှတ်ယူရပေလိမ့်မည်။
ထိုအဆင့်များသည် ကျောက်ဖြစ်မျိုးဗီဇ၏ အထက်အတော်အဆင့်မြင့်
သည့် အဆင့်တွင်ရှိနေသည်။ သို့သော် အစောပိုင်းတိုက်ပွဲတွင် မီးတောက်များက ငြှိမ်းသက်ခံရခဲ့၏။ သတ္ထုမျိုးဗီဇမှ ရွှေခေါင်းလောင်းမျိုးဗီဇသည်လည်း တစ်စိတ်တစ်ပိုင်း ကြေမွသွားပြီဖြစ်၏။
အကျဉ်းချုံး၍ပြောရပါက ကျောက်ခိုင် လုံးဝဖိနှိပ်ခံနေရခြင်းပင်။
ဤကဲ့သို့ အခြေအနေဖြစ်လာရခြင်းမှာ တစ်ခြားအကြောင်းအရင်းများကြောင့်မဟုတ်ပေ။ ကျောက်ခိုင်အားနည်းလွန်းသည့်အတွက်သာ။
အသက်စွမ်းအင်မြင့်နေရုံဖြင့်လည်း အသုံးမကျပေ။ အသက်စွမ်းအင်အား အာဟာရဓာတ်အများအပြားသုံးစွဲခြင်းဖြင့် မြှင့်တင်နိုင်သည်။ သို့သော် ကျောက်ခိုင်က သူ၏ မျိုးဗီဇများအား အဆင့်မမြှင့်သောကြောင့်သာ အလွန်အမင်း အားနည်းနေရခြင်းပင်။
မြင့်မြတ်သော ဗာဂျရာလက်ဝါး
ဖုန့်လင်း၏ လက်ဝါးချက်က ပေါက်ကွဲထွက်လာကာ လေပြင်းတစ်ခုအား ဖန်တီးလိုက်သည်။ ထိုလေပြင်းက ကျောက်ခိုင်အား ဖျောင်းကနဲ ရိုက်ခက်မိသွားကာ လေထဲသို့ ပျံသန်းသွားစေခဲ့၏။
အားနည်းလွန်းတယ်။
ဖုန့်လင်း သူ့အား အနိုင်ယူလိုက်ကာ အတန်း၁၇၏ နံပါတ်တစ်ဖြစ်သွားသော်လည်း ထိုမျှအားနည်းသည် ပြိုင်ဘက်အား အနိုင်ယူရသည့်အတွက် နည်းနည်းလေးမှ ကျေနပ်မနေချေ။
ဖုန့်လင်း ဆက်လက်တိုက်ရဖို့ မျှော်လင့်နေမိသည်။ သူ၏ခေါင်းအား ခါလိုက်ပြီး နောက်လိုက်များအား ကြည့်ရင်း အေးစက်စွာပြောလိုက်၏။
“ အကုန် လာခဲ့ကြစမ်း ”
“ မာနကြီးနေတာပဲ ”
“ မင်းက ကျောက်ခိုင်ကို အနိုင်ရလိုက်တာနဲ့ ပြိုင်ဘက်ကင်းသွားပြီထင်နေတာလား။ ”
“ သေလမ်းရှာနေတာလား ”
…..
ထို နောက်လိုက်များက ကျောင်းတွင် အာဏာရှင်တစ်ယောက်ကဲ့သို့ ဗိုလ်ကျနေခဲ့ကြသည်။ သူတို့ဘယ်တုန်းက ဒီလို ပမာမခန့်ဆက်ဆံခံရဘူးလို့လဲ။
သူတို့အားလုံး ဒေါသများဖြင့် ပြည့်နှက်နေခဲ့ကြ၏။
“ မင်းတို့က ပေါက်ကရတွေပြောလွန်းတယ်ကွာ ”
ဖုန့်လင်း သူတို့၏ ပွစိပွစိအသံများကို နားမခံသာတော့ပေ။ သူ လက်ဦးမှုယူလိုက်ကာ ပြေးသွားပြီး အကုန်လုံးအား တိုက်ခိုက်လိုက်၏။
ထို မကောင်းသောရည်ရွယ်ချက်ဖြင့် လာသူများတွင် ရည်ရွယ်ချက်ကောင်းများရှိမည်မဟုတ်ပေ။
ထိုလူများအားလုံးသည် ရက်စက်လိုသည့် အရှိန်အဝါများ ထွတ်ပေါ်နေကြသည်။ သိသာစွာပင် သူ့အား အလွတ်ပေးမည့်ရည်ရွယ်ချက်မရှိကြပေ။
ထိုသို့ဆိုကတည်းက မြက်ပင်ပေါင်းပင်များကဲ့သို့ ရှင်းလင်းရပေလိမ့်မည်။
ဖုန့်လင်း သူတို့နှင့် အချိန်ဖြုန်းနေရန် စိတ်မရှည်ပေ။
ကျင့်ကြံသူများကြားမှ တိုက်ပွဲတစ်ခုအတွက် သန်မာမှုကသာ အရာအားလုံးဖြစ်သည်။ မင်းရဲ့အပြောက ဘယ်လောက်ကောင်းကောင်း အဲ့တာက ဘယ်သူ့ကိုမှဒဏ်ရာရစေမှာမဟုတ်ဘူးလေ။
ဖုန့်လင်း ရှေ့ကို ပြေးဝင်သွားပြီး ကြီးစိုးချယ်လှယ်နိုင်သည့်ခွန်အားမျိုးဖော်ထုတ်လိုက်သည်။ သူ့အနေနဲ့ ထိုလူစုအား လွှဲယမ်းကာ ခြေမွပစ်ချင်နေခဲ့၏။