← Chapters

55မွန်းစတားများကို သတ်ရာမှ မျိုးဗီဇများကျလာခြင်း

Vol. 4 Ch. 55

55မွန်းစတားများကို သတ်ရာမှ မျိုးဗီဇများကျလာခြင်း

Vol. 4 Ch. 55

ဖောက်ထွင်းမြင်ရသောအလင်းလုံးက သူ့လက်ဖဝါးပေါ်တွင် လွင့်မျောနေခဲ့သည်။ သဲလုံးတစ်ခုက ၎င်းအတွင်း၌ အဆက်မပြတ်လည်ပတ်နေပြီး ရေဝဲတစ်ခုကဲ့သို့ ပုံစံဖြစ်ပေါ်လာခဲ့သည်။

မွန်းစတားများသတ်ခြင်းမှ မျိုးဗီဇများကျလာနိုင်သည်ကို စဉ်းစားမိလိုက်သည်!

သဲမျိုးဗီဇ အစိတ်အပိုင်း!

ဖုန့်လင်း နားလည်မိသည်မှာ - ဤမျိုးဗီဇအစိတ်အပိုင်းကို သူ့ကိုယ်ပေါ်တွင် တပ်ဆင်လိုက်ပါက သဲကိုထိန်းချုပ်နိုင်သည့် စွမ်းအားကို ရရှိမည်ဖြစ်သည်။

ထိုအရာက သူ၏ကိုယ်ပိုင်မျိုးဗီဇမဟုတ်သည်မှာ ဝမ်းနည်းစရာပင်။

ဖြစ်နိုင်လျှင် ဖုန့်လင်းအနေနဲ့ သူ့ကိုယ်ပိုင်မျောက်မျိုးဗီဇအစိတ်အပိုင်းနှင့် ကျောက်ဖြစ်မျိုးဗီဇအစိတ်အပိုင်းကိုပါ ရရှိလိုခဲ့သည်။ ပုံရိပ်ယောင်စကြာဝဠာကို အသုံးပြု၍ လက်တွေ့ဘဝရှိ သူ၏စွမ်းရည်များကို တုပဖန်တီးကာ သူ၏လေ့ကျင့်မှုလမ်းကြောင်းကို အလိုလိုသိနိုင်ရန် ဆန္ဒရှိနေခဲ့သည်။

သို့သော်လည်း ကြည့်ရသည်မှာ မွန်းစတားများသတ်ခြင်းမှ မျိုးဗီဇကျလာခြင်းသည် ကျပန်းဖြစ်ပြီး မည်သည့်မျိုးဗီဇကျမည်ကို အတိအကျမသိနိုင်ပေ။

သူ ပထမဆုံး ထိုအရာကို တပ်ဆင်ရုံသာ ရှိသည်!

ဖ့န့်လင်းအနေနဲ့ ထိုမျိုးဗီဇကို သုံးမရလောက်ဟုထင်ထားခဲ့ပြီး သုံးနိုင်သည်မှာ ကံကောင်းလို့သာဖြစ်သည်ဟု တွေးနေမိသည်။ မဟုတ်ပါက ဆုံးရှုံးမှုကြီး ဖြစ်နိုင်သည်။

"တပ်ဆင်ပါ!" အတွေးတစ်ချက်ဖြင့် သဲမျိုးဗီဇသည် ချက်ချင်းပင် သူ့ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာကာ ဒေတာစီးကြောင်းများအဖြစ် ပြောင်းလဲသွားပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့ကာ ထူးဆန်းသော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ဖုန့်လင်း လက်သီးဆုပ်လိုက်ရာ သူ့ခန္ဓာကိုယ်အတွင်း၌ စီးဆင်းနေသော ထူးဆန်းသည့် စွမ်းအားတစ်ခုကို အာရုံခံမိရသည်။ ၎င်းသည် သူ့ခန္ဓာကိုယ်အတွင်း၌ ဆူပွက်နေခဲ့ပြီး ခန္ဓာကိုယ်၏ချုပ်နှောင်မှုများမှ လွတ်မြောက်လိုနေခဲ့သည်။

သူ အလိုအလျောက် လက်ကိုဖြန့်လိုက် ဆုပ်လိုက်လုပ်နေမိသည်...

ဝူးရှ် ဝူးရှ် ဝူးရှ်!

ပြင်းထန်သော သဲမုန်တိုင်းများ တိုက်ခတ်လာပြီး လေမတိုက်ဘဲနှင့် သဲများ ရွေ့လာခဲ့သည်။ ၎င်းတို့သည် အဆက်မပြတ် လည်ပတ်နေခဲ့ပြီး နောက်ဆုံးတွင် ရေစီးကြောင်းတစ်ခုပုံပေါ်လာကာ မြေကြီးထဲသို့ နစ်မြုပ်သွားခဲ့သည်။

ဖုန့်လင်း ထူးဆန်းသော ခံစားချက်တစ်ခု ခံစားလိုက်ရသည်။ သူ့အသိစိတ်သည် ထိုထူးဆန်းသော စွမ်းအားနှင့်အတူ ခန္ဓာကိုယ်မှ ခွဲထွက်သွားပြီး ဤသဲများနှင့်အတူ ထူးဆန်းသော ဆက်နွယ်မှုတစ်ခုကို ဖန်တီးနေသည်ဟု ခံစားနေရသည်။

အတွေးတစ်ချက်တည်းဖြင့် သူသည် ၎င်းတို့ကို သူ့ကိုယ်ပိုင်လက်များကဲ့သို့ လွယ်ကူစွာ ထိန်းချုပ်နိုင်မည်ဖြစ်သည်။

အရာဝတ္ထုတွေကို ထိန်းချုပ်နိုင်တဲ့ ခံစားချက်က ဒါလား?

ဖုန့်လင်း အံ့သြသွားခဲ့သည်။ သူ၏မျိုးဗီဇစွမ်းရည်သည် သူ့ခန္ဓာကိုယ်ကို အားဖြည့်ပေးပြီး အထူးခြားဆုံးသော ခွန်အားများကို နက်ရှိုင်းစွာ ဖုံးကွယ်ထားသည်။ သို့သော် ယခုအကြိမ်သည် အရာဝတ္ထုများကို ထိန်းချုပ်နိုင်သည့် မျိုးဗီဇစွမ်းရည်ကို သူ အသုံးပြုသည့် ပထမဆုံးအကြိမ်လည်းဖြစ်သည်။

အတွေးတစ်ချက်ဖြင့် အထူးခြားဆုံးသော စွမ်းအားများကို ထိန်းချုပ်နိုင်စွမ်းရှိခြင်းမှာ သူ၏မျောက်မျိုးဗီဇနှင့် ကျောက်ဖြစ်မျိုးဗီဇတို့နှင့် နှိုင်းယှဉ်ပါက အဆင်ပြေလွန်းလှသည်ဟု သူ ပြောရလိမ့်မည်ဖြစ်သည်။

ခန္ဓာကိုယ်အားဖြည့်သည့် မျိုးဗီဇများကို အသုံးပြုရာတွင် တစ်ခုတည်းသော နည်းလမ်းမှာ - တက်သုတ်ရိုက်ခြင်းပင်!

ထို့အပြင် အရာဝတ္ထုများကို ထိန်းချုပ်နိုင်သည့် မျိုးဗီဇစွမ်းရည်သည် ပိုမိုပြောင်းလွယ်ပြင်လွယ်ရှိပြီး လွတ်လပ်စွာ ပြောင်းလဲမှုများ ပြုလုပ်နိုင်သည်။

ဥပမာအားဖြင့်၊ ဖုန့်လင်း၏ ထိန်းချုပ်မှုအောက်တွင် သဲများသည် အမျိုးမျိုးသော ပုံစံများဖြစ်ပေါ်နေခဲ့သည် - ပန်းများ၊ ငှက်များ၊ ငါးများ၊ ပိုးမွှားများ၊ ဓားများ၊ လှံများနှင့် လှံတံများ...

ပုံရိပ်ယောင်စကြာဝဠာ သည် လက်တွေ့ကမ္ဘာ၏ တုပဖန်တီးမှုတစ်ခုဖြစ်သည်။

ဖုန့်လင်းစိတ်ထဲတွင် အစစ်အမှန်ကမ္ဘာရှိ သဲမျိုးဗီဇ၏ စွမ်းရည်သည်လည်း သူ ယခုခံစားနေရသည့်အရာနှင့် အလွန်တူလိမ့်မည်ဟု ယူဆမိသည်။ လုံးဝတူ နေခြင်းပင်ဖြစ်နိုင်သည်။

ဟ ဟ ဟ!

သဲများ ရုတ်တရက် တလိပ်လိပ်တက်လာပြီး သဲပုံများစွာ ဖြစ်ပေါ်လာခဲ့ကာ ကြီးမားပြီး ရက်စက်မည့်ပုံရှိသော အင်းဆက်များစွာ ပေါ်လာခဲ့သည်။ ၎င်းတို့၏ မျက်လုံးများမှာ အသိဉာဏ်ရည်ရှိပုံပေါ်သည့် အရောင်တောက်နေပြီး ရက်စက်ကြမ်းကြုတ်သော အကြည့်များဖြင့် ကြည့်နေခဲ့သည်။

ဖုန့်လင်း မျက်နှာမှာ တင်းမာလာခဲ့သည်။ ဤအင်းဆက်များမှာ သာမန်အင်းဆက်များမဟုတ်ဘဲ ကြယ်တာရာခေတ်၏ ကြောက်မက်ဖွယ်ကောင်းသော မျိုးနွယ်စုတစ်ခုဖြစ်သည့် အင်းဆက်မျိုးနွယ်စု ဖြစ်ကြောင်း သူနားလည်ခဲ့သည်။

အင်းဆက်မျိုးနွယ်စုတွင် အခြားမျိုးစိတ်များကမယှဥ်နိုင်သည့် အံဖွယ်မျိုးပွားနှုန်းနှင့် လျင်မြန်စွာဆင့်ကဲပြောင်းလဲနိုင်စွမ်းကို ပိုင်ဆိုင်ထားကြသည်။ ကောင်းကင်၊ သမုဒ္ဒရာ၊ မြေပြင်၊ အာကာသဟင်းလင်းပြင် သို့မဟုတ် မြေအောက်ကဲ့သို့သော မည်သည့်ပတ်ဝန်းကျင်တွင်မဆို အသင့်လျော်ဆုံးပုံစံသို့ ဆင့်ကဲပြောင်းလဲနိုင်သည်။ အင်းဆက်မျိုးနွယ်စုအတွင်း၌ မတူညီသောမျိုးစိတ်များစွာရှိပြီး တစ်ခုချင်းစီတွင် စစ်သည်အရေအတွက်များစွာပါဝင်ပေသည်။

၎င်းတို့တိုက်ခိုက်သည့်အခါ ဒီရေလှိုင်းများကဲ့သို့ လွှမ်းမိုးနိုင်စွမ်းရှိသော စွမ်းအားဖြင့် ကမ္ဘာပေါ်ရှိအရာအားလုံးကို ဖုံးလွှမ်းသွားနိုင်သည်။ ထို့ကြောင့် အင်းဆက်မျိုးနွယ်စုသည် စကြဝဠာတစ်လွှားရှိ အဖွဲ့အစည်းများအား ဖျက်စီးသူအဖြစ် ကျော်ကြားကာ စကြဝဠာရှိသက်ရှိအားလုံး၏ ဘုံရန်သူအဖြစ် သတ်မှတ်ခံထားရသည်။

ဖုန့်လင်းအနေဖြင့် ယခင်က အင်းဆက်မျိုးနွယ်စု၏ ကြောက်မက်ဖွယ်ကောင်းပုံကို ကြားဖူးခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ ကိုယ်တိုင်မျက်မြင်တွေ့လိုက်ရသည်။

သူ ဤနေရာသို့ ခြေလှမ်းလိုက်သည်နှင့်တစ်ပြိုင်နက် ပျားအုံကို တုတ်နဲ့ထိုးမိသကဲ့သို့ ဖြစ်သွားခဲ့ပြီး မရေမတွက်နိုင်သော အင်းဆက်မျိုးနွယ်စုဝင်များသည် မြေကြီးထဲမှ ချက်ချင်းထွက်ပေါ်လာခဲ့သည်။

အဆိပ်ပြင်းသောဆူးများပါသည့် ကြီးမားလှသည့် ကင်းမြီးကောက်ကြီးများ၊ တင့်ကားအရွယ်အစားလောက်ရှိပြီး အခွံမာများဖြင့်ဖုံးအုပ်ထားသော ကြီးမားသည့် ကင်းခြေများကြီးများ၊ စူးရှသောအသံများထုတ်လွှင့်နေပြီး ဖန်ကဲ့သို့ဖောက်ထွင်းမြင်ရသည့်အတောင်ပံများပါသော ပျံသန်းနိုင်သည့်ပိုးကောင်များ... ၎င်းတို့အားလုံးတွင် မတူညီသောပုံစံများရှိကြသော်လည်း အားလုံးမှာ သဲကန္တာရ၏ ပတ်ဝန်းကျင်နှင့်အံဝင်ခွင်ကျဖြစ်အောင် ဆင့်ကဲပြောင်းလဲထားသည့် အင်းဆက်မျိုးနွယ်စုဝင်များဖြစ်ကြသည်။ ကောင်းကင်တွင်ရော မြေပြင်ပေါ်တွင်ပါ နေရာတိုင်း၌ ၎င်းတို့ကိုမြင်တွေ့နိုင်သည်။

ဤသည်မှာ ဗီဇအမဲလိုက်နယ်မြေရှိ အလွယ်ကူဆုံးအဆင့်သာ ဖြစ်သေးသည်။ ထိုအင်းဆက်များမှာအရေအတွက်အားဖြင့်များပြားသော်လည်း အဆင့်အားဖြင့် အောက်ဆုံးအဆင့်တွင်သာရှိသည်။

"အချိန်ကိုက်ပဲကွ!" ဖုန့်လင်း အရမ်း

မစိုးရိမ်ခဲ့ပေ။ အကြောင်းမှာ သူ့အနေဖြင့် စမ်းသပ်လိုသည့် သဲမျိုးဗီဇ၏စွမ်းရည်ကို စမ်းသပ်ရန် ဤသည်မှာ အကောင်းဆုံးအခွင့်အရေးဖြစ်သည်။

"မြင့်တက်လိုက်စမ်း!" ဟစ်အော်သံနှင့်အတူ သူ့ခြေရင်းရှိသဲများသည် လှိုင်းလုံးကြီးများအဖြစ်ပြောင်းလဲသွားကာ ချက်ချင်းပင် မိုးရွာသကဲ့သို့ ကျလာခဲ့သည်။

အင်းဆက်စစ်သည်များမှာ အချိန်မီ

မရှောင်နိုင်ဘဲ နစ်မြုပ်သွားကြသည်။ သို့သော် နောက်တစ်မိနစ်အတွင်းမှာပင် ၎င်းတို့ ပြန်လည်ထွက်ပေါ်လာကြသည်။

သဲလှိုင်းများသည် ၎င်းတို့အတွက်

လုံးဝပင် အကျိုးသက်ရောက်မှု မရှိခဲ့ပေ။

"စိတ်ဝင်စားစရာပဲ!"

ဖုန့်လင်း နည်းဗျူဟာပြောင်းလိုက်ပြီး သဲများကို လက်ထဲသို့ စုစည်းကာ လှံရှည်တစ်ခုအဖြစ် ဖန်တီးလိုက်သည်။

"ဂရုး...အူးအူး...!"

သူ ကျွမ်းကျင်စွာပင် လှံနည်းစနစ်ကိုအသုံးပြုကာ ရန်မူလာသည့် ဧရာမပိုးတောင်မာကြီး၏ ပါးစပ်ထဲသို့ ထိုးဖောက်လိုက်သည်။ လှံတံက ၎င်း၏ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားပြီး တစ်ချက်တည်းဖြင့် ပိုးတောင်မာကြီးကို သတ်ပစ်လိုက်သည်။

"ဖြုန်း...!"

အမည်းရောင် အရိပ်တစ်ခု ရုတ်ချည်း ထွက်ပေါ်လာခဲ့သည်။

ထိုသည်မှာ အမြီးဖြင့် ထိုးရန် ကြိုးစားနေသော ဧရာမကင်းမြီးကောက်ကြီး ဖြစ်နေခဲ့သည်။

ဖုန့်လင်း ဆုပ်ထားသည့် လက်ကိုဖြန့်လိုက်ရာ လှံတံသည် သဲများအဖြစ် ပြန်ပြိုကွဲကာ မြေပြင်ပေါ်သို့ ကျသွားခဲ့သည်။ သူ လျင်မြန်စွာ ရှောင်တိမ်းလိုက်သည်။

"ဂရား! ဂရား! ဂရား!"

အခြားအင်းဆက်စစ်သည်တစ်ကောင်က စူးရှသောအသံဖြင့် ဟစ်အော်လိုက်ကာ ၎င်း၏ပါးစပ်မှ အနံ့ဆိုးပြီး အရာအားလုံးကို တိုက်စားနိုင်သည့် အဆိပ်ရည်များ ပန်းထွက်လာခဲ့သည်။

ဖုန့်လင်း၏ အတွေးတစ်ချက်နှင့် သဲများသည် သူ့ခန္ဓာကိုယ်ပေါ်သို့ စုစည်းလာကာ တစ်ခဏအတွင်း ချပ်ဝတ်အလွှာတစ်ထပ် ဖြစ်ပေါ်လာခဲ့သည်။

အဆိပ်ရည်များသည် ချပ်ဝတ်ပေါ်သို့ ကျရောက်လာသော်လည်း အကျိုးသက်ရောက်မှု လုံးဝမရှိခဲ့ပေ။

"ရွှေရောင် သဲချပ်ဝတ်"

ဖုန့်လင်းလည်း စိတ်အားတက်လာခဲ့ပြီး လှံတံဖြင့် ရှေ့မှ အင်းဆက်စစ်သည်များကို တစ်ကောင်ပြီးတစ်ကောင် ရှင်းလင်းပစ်ခဲ့သည်။

မကြာမီအတွင်းမှာပင် သူ မျိုးဗီဇအစိတ်အပိုင်းအသစ်များ ရရှိခဲ့သည် -

သဲမျိုးဗီဇ အစိတ်အပိုင်း ×၂ , လေဆင်နှာမောင်းမျိုးဗီဇ အစိတ်အပိုင်း ×၂

ဖုန့်လင်း ၎င်းတို့ကို ချက်ချင်းတပ်ဆင်လိုက်ပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ မျိုးဗီဇအစိတ်အပိုင်းများမှာ သဲမျိုးဗီဇ ၃ ခုနှင့်လေဆင်နှာမောင်းမျိုးဗီဇ ၂ ခုအဖြစ် ပြောင်းလဲသွားကြောင်း သိလိုက်ရသည်။

ဖုန့်လင်း သူ့ကိုယ်တွင်းရှိ ထူးဆန်းသောစွမ်းအားမှာ ယခင်ထက် များစွာတိုးတက်လာသည်ကို ရှင်းရှင်းလင်းလင်း ခံစားမိခဲ့သည်။ ယခင်က ချောင်းငယ်တစ်ခုသာဖြစ်ခဲ့သည်ဆိုပါက ယခုမူ ရေလှိုင်းကြီးများ ပြင်းထန်စွာစီးဆင်းနေသော မြစ်ကြီးတစ်စင်းကဲ့သ်ို့ဖြစ်နေပေပြီ!

"သဲတွေ မြင့်တက်လာပြီး လေဆင်နှာမောင်း ပေါ်လာစမ်း"

ဖုန့်လင်း လက်နှစ်ဖက်စလုံးကို လွှဲယမ်းလိုက်သည်။

သဲများ မြင့်တက်လာပြီး လေပြင်းများ တိုက်ခတ်လာကာ ပတ်ဝန်းကျင်တွင် သဲမုန်တိုင်းများစွာ ဖြစ်ပေါ်လာခဲ့ကာ ယခင်ကထက် သုံးဆပိုမိုပြင်းထန်သော အားဖြင့် ပေါက်ကွဲထွက်လာခဲ့သည်။

အင်းဆက်မျိုးနွယ်စုဝင်များမှာ စူးရှသည့် မြည်သံများဖြင့် သဲမုန်တိုင်းထဲသို့ လှိမ့်ဝင်သွားကြသည်။

"မဟာ သဲမြှပ်နှံခြင်း!"

ဖုန့်လင်း၏ အတွေးတစ်ချက်ဖြင့် ထူးဆန်းသောစွမ်းအားတစ်ခုသည် အတွင်းမှ ပန်းထွက်လာခဲ့သည်။

သဲများက တောင်ကြီးတစ်ခုလို အထပ်ထပ်စုပုံလာခဲ့ပြီး ပိရမစ်ပုံစံကဲ့သို့ ဖြစ်ပေါ်လာကာ အင်းဆက်မျိုးနွယ်စုဝင်အားလုံးကို မြှုပ်နှံလိုက်သည်။

ခဏကြာပြီးနောက် ဖုန့်လင်းတစ်ဦးတည်းသာ ကျန်ခဲ့ကာ ရှုပ်ထွေးနေသော စစ်မြေပြင်သည် ရှင်းလင်းသွားခဲ့ပြီး အေးချမ်းစွာ ပြန်လည်ငြိမ်သက်သွားခဲ့သည်။

သူ နက်နဲစွာ တွေးတောလိုက်သည်။

"ဒီ ပုံရိပ်ယောင်စကြဝဠာက တကယ့်ကမ္ဘာရဲ့ ပုံစံတူတစ်ခုပဲ။

မျိုးဗီဇအစိတ်အပိုင်းများအား အထပ်ထပ်တပ်ဆင်ခြင်းသည် မျိုးဗီဇများကို အားဖြည့်ခြင်းနှင့်တူညီသည်။

ဒါဆို ဗီဇအစိတ်အပိုင်းတွေကို ပေါင်းစပ်ပြီး အဆင့်မြင့်ဗီဇအဖြစ် ဆင့်ကဲပြောင်းလဲနိုင်မလား?"

ဖြစ်နိုင်ခြေ အလွန်များသည်!

သူ့အတွေးတစ်ချက်နှင့် ခန္ဓာကိုယ်အတွင်းရှိ မျိုးဗီဇညီမျှခြင်းမှာ စတင်လည်ပတ်လာပြီး သူ့မျိုးဗီဇစွမ်းရည်၏ 32% ကို အသုံးပြုကာ မျိုးဗီဇဖော်မြူလာအသစ်တစ်ခု ရရှိခဲ့သည် -

သဲမျိုးဗီဇ ×၂ + လေဆင်နှာမောင်းမျိုးဗီဇ ×၃ = သဲလေမျိုးဗီဇ

သဲမျိုးဗီဇ ×၅ + လေဆင်နှာမောင်းမျိုးဗီဇ ×၆ = ဟာရီကိန်းမျိုးဗီဇ

သဲမျိုးဗီဇ ×၇ + လေဆင်နှာမောင်းမျိုးဗီဇ ×၉ = သဲမုန်တိုင်းမျိုးဗီဇ

ဖော်မြူလာ သုံးခုကို တစ်ပြိုင်နက် ရရှိခဲ့သည်။

ဖုန့်လင်း စမ်းသပ်မှုများ စတင် ပြုလုပ်ခဲ့သည်။ သူ ပေါင်းစပ်မည်ဆိုပါက အသန်မာဆုံးဗီဇကိုသာ ပိုင်ဆိုင်နိုင်ရမည်ဖြစ်သည်။

မရေမတွက်နိုင်သော အင်းဆက်မျိုးနွယ်ဝင်များ မြေကြီးထဲမှ အဆက်မပြတ် ထွက်လာခဲ့သည်။

ဖုန့်လင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကြီးတစ်ခုကို စတင်ခဲ့ပြီး အင်းဆက်စစ်သည်အားလုံး သူ၏လှံအောက်တွင် အသက်ပျောက်သွားကာ ဒေတာစီးကြောင်းများအဖြစ် ပြောင်းလဲရင်း ပျောက်ကွယ်သွားပြီး များပြားလှသော အလင်းလုံးလေးများ ကျလာခဲ့သည်။

ဖုန့်လင်း မျိုးဗီဇအစိတ်အပိုင်းရရှိမှုနှုန်းကို ခန့်မှန်းကြည့်ခဲ့သည်။ အင်းဆက်စစ်သည် ၅၀ ခန့်ကို သတ်ပြီးတိုင်း မျိုးဗီဇအစိတ်အပိုင်းတစ်ခု ပျမ်းမျှရနိုင်သည်ဟု သူ တွက်မိခဲ့သည်။

မကြာမီပင် သူ လိုအပ်သော မျိုးဗီဇအစိတ်အပိုင်းပမာဏကို စုဆောင်းမိခဲ့သည်။ အက်စစ် မျိုးဗီဇ၊ အခွံမာ မျိုးဗီဇ၊ အသွင်ပြောင်း မျိုးဗီဇ အစရှိသော အချို့ဗီဇများကိုပင် ရရှိခဲ့သည်။

သဲမျိုးဗီဇ ×၇၊ လေဆင်နှာမောင်းမျိုးဗီဇ ×၉

ဖုန့်လင်း မျိူးဗီဇအစိတ်အပိုင်းများကို အများဆုံး တပ်ဆင်နိုင်သည့် အကန့်အသတ်သို့ ရောက်ရှိလာသောအခါ၊ သဲမျိုးဗီဇနှင့် လေဆင်နှာမောင်းမျိုးဗီဇကို ပေါင်းစပ်လိုက်သည်။ လုံးဝကွဲပြားခြားနားသော မျိုးဗီဇနှစ်မျိုးသည် ပေါင်းစည်းသွားကာ အနီရောင်မျိုးဗီဇအစိတ်အပိုင်း အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ဗီဇအစိတ်အပိုင်း၏ဗဟိုချက်တွင် သဲမုန်တိုင်းတစ်ခု၏ ထူးဆန်းသောပုံရိပ်ပေါ်လာခဲ့သည်။ သဲများနှင့် ပြင်းထန်သောလေပြင်းများသည် ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။

=======

မျိုးဗီဇ: သဲမုန်တိုင်းမျိုးဗီဇ

အဆင့်: အဆင့်မြင့်အဆင့် အခြေခံမျိုးဗီဇ

စွမ်းရည်: သဲမုန်တိုင်းများကို လွတ်လပ်စွာထိန်းချုပ်နိုင်ခြင်း

=======

ဖုန့်လင်းအနေနဲ့ သူ့ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများမှာ အလွန်အမင်းအားကောင်းလာပြီး လှိုင်းလုံးကြီးများသဖွယ် စီးထွက်လာသည်ကို ခံစားရသည်။

ဆိုတော့ ဒါက မျိူးဗီဇကျင့်ကြံသူဆိုတဲ့ ခံစားချက်လား?

ဖုန့်လင်း အတွေးတစ်ချက်တည်းဖြင့် လေနှင့်သဲများကို ထိန်းချုပ်နိုင်သည်ဟူသော ခံစားချက်ကို ရရှိခဲ့သည်။ သူ့မျက်စ်အောက်ရှိ ကောင်းကင်ကို ဖုံးအုပ်ပစ်နိုင်ပြီး အရာရာကို နစ်မြုပ်စေနိုင်သည့် စွမ်းအားများရှိလာသကဲ့သို့ပင်။

ဤသည်မှာ သူယခင်က တစ်ခါမျှ

မခံစားဖူးသော သန်မာသည့်စွမ်းအားဖြစ်ပြီး - ရှင်သန်မှု၏ အနှစ်သာရကို ပြောင်းလဲစေနိုင်သော အတွေ့အကြုံ ဖြစ်သည်။ ဤဆင့်ကဲပြောင်းလဲမှုကို

မကြုံတွေ့ဖူးသေးသူများအတွက် ဤခံစားချက်ကို နားလည်ရန် မဖြစ်နိုင်ပေ။

အခုအချိန်ထိပင် အင်းဆက်စစ်သည်များမှာ မကုန်မခမ်းနိုင်သော လှိုင်းလုံးများသဖွယ် ဆက်လက်ထွက်ပေါ်နေဆဲဖြစ်သည်။

ဖုန့်လင်းသည် လက်ကို ပြင်းပြင်းထန်ထန် လွှဲယမ်းလိုက်ပြီး "သဲမုန်တိုင်း!" ဟု အော်ဟစ်လိုက်သည်။

မရေမတွက်နိုင်သော သဲမှုန်များနှင့် ဖုန်မှုန့်များသည် လေပြင်းနှင့်အတူ မြင့်တက်လာခဲ့ကာ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။ လောကကြီးတစ်ခုလုံး အမှောင်ထုအတွင်း ရောက်သွားခဲ့ပြီး အလွန်ကြောက်မက်ဖွယ်ကောင်းသော အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။

မရေမတွက်နိုင်သော အင်းဆက်မျိုးနွယ်စုဝင်များ သဲမုန်တိုင်းကြီးအတွင်း နစ်မြုပ်သွားကြပြီး အများအပြားမှာ အဝေးကြီးသို့ လွင့်စင်သွားကြသည်။

ရှုပ်ထွေးဆူညံနေသော သဲကန္တာရကြီးသည် တစ်ဖန်ပြန်၍ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

"ဖြုတ်လိုက်!"

ဖုန့်လင်းရပ်နေရာမှ အတွေးတစ်ချက်တည်းဖြင့် သဲမုန်တိုင်းမျိုးဗီဇအစိတ်အပိုင်းသည် သူ့ခန္ဓာကိုယ်မှ အလိုအလျောက်ထွက်ပေါ်လာခဲ့သည်။

ဤနေရာသည် အစစ်အမှန်ကမ္ဘာ၏ အသွင်တူပုံစံတစ်ခုဖြစ်သော်လည်း၊ပုံရိပ်ယောင်စကြဝဠာတွင် ထူးခြားသော ကိုယ်ပိုင်စည်းမျဉ်းများရှိသည်။ အစစ်အမှန်လောကနှင့်မတူဘဲ၊ လူတစ်ဦးသည် ခန္ဓာကိုယ်အတွင်းရှိ မျိုးဗီဇအစိတ်အပိုင်းများကို ပေါင်းစပ်ပြီး ဆင့်ကဲပြောင်းလဲနိုင်သည့်အပြင်၊ မည်သည့်အချိန်တွင်မဆို ဖြုတ်နိုင်သည်။

ဖုန့်လင်း၏ ဦးနှောက်ထဲတွင် အလွန်ကြီးကျယ်သော စိတ်ကူးတစ်ခု ပေါ်ထွက်လာခဲ့သည်။

"ဒါဆို...ဆိုလိုတာက ငါ့အနေနဲ့ မျိုးဗီဇတွေကို လွတ်လွတ်လပ်လပ် ပေါင်းစပ်နိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့?"

All Chapters