အာရုံစိုက်မှုတို့အားဆွဲဆောင်ခြင်း
Vol. 2 Ch. 16
ကျင့်ကြံခြင်းအဆောက်အဦးတစ်ခု၊ ကျယ်ဝန်းသည့်စောင့်ကြည့်ရေးအခန်းတစ်ခုထဲတွင် ပုံရိပ်ယောင်သိုင်းစေတီအတွင်းမှ မြင်ကွင်းတို့အား သုံးဖက်မြင်ပုံရိပ်ယောင်မျက်နှာပြင်တစ်ခုပေါ်တွင်ပြသလျက်ရှိသည်။ ထိုနေရာတွင် ကျောင်းသားတို့လုပ်နေသည့်အရာတိုင်းအား ရှင်းရှင်းလင်းလင်းမြင်နိုင်သည်။
ဖုန့်လင်း၏အတန်းပိုင်သည်လည်း အခြားသော ဆရာများနှင့် ဒီနေရာတွင် စောင့်ကြည့်နေကြသည်။ သူတို့ရှေ့တွင် ချမ်းသာသည့်ပုံရသည့် လူအိုကြီးတစ်ယောက်ရှိနေကာ သူတို့အားလုံးသည် သုံးဖက်မြင်ပုံရိပ်ယောင်မျက်နှာပြင်အား စိုက်ကြည့်နေကြသည်။ ဤလူအိုကြီးသည် ကျောင်းအုပ်မှလွဲ၍မည်သူမှမဟုတ်ပေ။
“အင်း အတန်း 3 က ကျွမ်းဇီမင်ကသိပ်မဆိုးဘူးပဲ။ သူရဲ့ အသက်စွမ်းအင်အမှတ်က 2.5 ရှိနေပြီ။ တကယ်လို့ ဒီတက်သာဆက်တိုးတက်နေရင် ပုံရိပ်ယောင်သိုင်းစေတီရဲ့ ထိပ်ဆုံးကိုတက်နိုင်ပြီး ပါရမီရှင်တွေရဲ့အတန်းကိုတောင်ဝင်ရသွားနိုင်တယ်”
အတန်း(3)၏အတန်းပိုင်က ဘေးတွင်ရပ်နေကာ ရယ်မောရင်းသဘောတူလိုက်သည်။
“ဒီကျွမ်းဇီမင်ရဲ့ နောက်ခံကအရမ်းသာမန်ဆန်လွန်းပေမယ့် ကျင့်ကြံခြင်းမှာအရမ်းကြိုးစားတာကြောင့် ကောင်းမွန်တဲ့အလားအလာကိုပိုင်ဆိုင်ထားတာပါ”
ကျောင်းအုပ်ခေါင်းညိတ်လိုက်သည်။ ထို့နောက်သူ့အကြည့်က ဖန်သားပြင်ပေါ်တွင်ပြသနေသည့် နောက်ထပ် ကျောင်းသားတစ်ယောက်အပေါ်ရောက်ရှိသွားသည်။
“အတန်း(18)က ချန်ယုကလည်း လွှမ်းမိုးနိုင်မှုကြီးမားတဲ့စွမ်းရည်မျိုးပြသနိုင်တယ်။ သူ့ရဲ့အသက်စွမ်းအင် အမှတ်ကလေးတွေ နည်းနည်းနိမ့်နေတာလေးပဲ။ ဒါပေမယ့်သူက အဆင့်(20)ရဲ့ တိုက်ခိုက်ရေးဆရာ
တစ်ယောက်နဲ့ လက်ဖျားခါလောက်တဲ့အထိတိုက်ခိုက်နိုင်နေပြီ”
တစ်ခြားသော ဆရာများလည်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်နေကြ၏။
ပုံရိပ်ယောင်သိုင်းစေတီမှ တိုက်ခိုက်ရေးဆရာများသည် ကြယ်တာရာခေတ်မှ သိုင်းပညာရှင်တို့၏ ပုံစံငယ်များအား နမူနာယူထားခြင်းဖြစ်သည်။ သူတို့သည် သူတို့သက်ဆိုင်ရာနယ်ပယ်များတွင် သေချာပေါက်အထွတ်အထိပ်များပင်။
ထို့ကြောင့် မိုးကာလေကာပေးထားသည့် ဖန်လုံအိမ်ကဲ့သို့ ကျောင်းအတွင်းတွင် ကြီးပြင်းလာသည့် ကျောင်းသားများအတွက် တိုက်ပွဲများအတွင်းတွင် အနိုင်ရနိုင်ရန်မှာ အရမ်းခက်ခဲမည်မှာ သိသာလှသည်။
ထိုကျောင်းသားများတွင် တိုက်ခိုက်ရေးဆရာတို့ထက် အသက်စွမ်းအင်အမှတ် (0) သို့မဟုတ် (1) ပိုမြင့်ကြကာ ထိုမျှသာတိုက်ခိုက်နိုင်သည်က သူ၏အရည်အချင်းသည် ပျှမ်းမျှထက်အနည်းငယ်သာမြင့်သည်ဟုမှတ်ယူနိုင်သည်။
“အင်း...အတန်း(31)က ဖန့်ယွင် ဆိုတဲ့ကောင်လေးကလဲမဆိုးဘူးဘဲ။ သူနိုးထလာခဲ့တဲ့ ဥက္ကာပျံမျိုးဗီဇက အဆင့်မြင့် အခြေခံမျိုးဗီဇလို့ပြောလို့ရတယ်။ သူသာ မှန်ကန်တဲ့မျိုးဗီဇနဲ့ ဆင့်ကဲပြောင်းလဲနိုင်ခဲ့ရင် တာရာမျိုးဗီဇအဖြစ် ချောချာမွေ့မွေ့ပဲ ပြောင်းလဲသွားလိမ့်မယ်။ ပြီးတော့ သူရဲ့ စစ်မှန်တဲ့ကြယ်တာယာကျင့်ကြံသူတစ်ယောက်အဖြစ် အိမ်မက်ကလဲ အလှမ်းဝေးမှာမဟုတ်တော့ဘူး”
ကျောင်းအုပ်က အခြားတပည့်တစ်ယောက်ကိုကြည့်ကာ ချီးမွမ်းလိုက်သည်။ သူ့ဘေးမှ သတ်လတ်ပိုင်းလူကြီးဘက်လှည့်ကာ....
“မင်းသူ့ကို ကောင်းကောင်းသင်ပေးထားတာပဲ”
“ကျောင်းအုပ်ပြောတာမှန်ပါတယ်။ တာရာမျိုးဗီဇက ကမ္ဘာဦးမျိုးဗီဇတွေကြားထဲမှာတောင် ရှားပါးလွန်းပြီး စွမ်းအားကြီးမားလွန်းတယ်။ သူသာ အဲ့ဒီအဆင့်ထိ ဆင့်ကဲပြောင်းလဲနိုင်ခဲ့ရင် သူ့ကံက အရမ်းကောင်းလွန်းတယ်လို့ပြောရမှာပဲဗျ။ ပြီးတော့ သူအနာဂါတ်ကလည်း အကန့်အသတ်မဲ့သွားမှာပေါ့”
အတန်း(31)အတန်းပိုင်၏မျက်နှာထက်တွင် အားရကျေနပ်သည့်အပြုံးတစ်ခုရှိနေသည်။
….
ကျောင်း၏ကျောင်းအုပ်တစ်ယောက်အနေဖြင့်သူ့အား အဆင့်မြင့် အဆင့်ရှိ ကြယ်တာယာကျင့်ကြံသူဟု မှတ်ယူရမည်ဖြစ်ကာ သူ၏အကဲဖြတ်မှုတို့သည် သဘာဝအားဖြင့် အလွန်မှန်ကန်တိကျပေသည်။ သူ့ရဲ့သာမန်ကာလျှံကာ မှတ်ချက်လေးတစ်ချို့ကိုပင် အတန်းပိုင်များက ကရားရေလွှတ် အဆက်မပြတ်ချီးမွမ်းနေကြသည်။
သူတို့၏အတန်းများမှ ပါရမီရှင်ကျောင်းသားများအား မှတ်ချက်ပြုလိုက်သည့်အချိန်တွင် အတန်းပိုင်များသည် ဂုဏ်ယူမှုနှင့် ကြည်နူးမှုအား ခံစားရကာ အပြုံးများက သူတို့မျက်နှာထက်တွင်ပွင့်လန်းနေကြသည်။
အတန်း(17)၏အတန်းပိုင်အတွက်မူ သူမ၏အမူအရာသည် အမြဲလိုလို စည်းကမ်းတင်းကြပ်နေသည်။ သို့သော် လက်ရှိတွင် ကျောင်းအုပ်ထံမှ အတန်း(17)၏ ကျောင်းသားများအား မှတ်ချက်လေးတစ်ခုပင်မပေးသည့်အတွက် သူမ၏မျက်နှာထက်တွင် ရုပ်ဆိုးသောအကြည့်တို့ရှိနေသည်။
အတန်း(17) တွင် တစ်တန်းလုံးနီးပါးပင် သာမန်ဟုမှတ်ယူရမည်ဖြစ်ကာ တခြားသော အတန်းများကဲ့သို့ ပါရမီရှင် များများစားစားမရှိချေ။
ကျောက်ခိုင် တစ်ဦးတည်းသာ အသက်စွမ်းအင်အမှတ် 2.0 ထက်မြင့်သည့် ကျောင်းသားတစ်ယောက်ဖြစ်သည်။
သူသည် အတန်း(17)တွင် ပါရမီရှင်တစ်ယောက်ဖြစ်ချင်ဖြစ်နေလိမ့်မည်။ တစ်ကျောင်းလုံးတွင်တော့ သူသည် သာမန်ကျောင်းသားတစ်ယောက်ထက်မပိုတော့ပေ။
သို့သော် ကျောက်ခိုင်သည် တိုက်ပွဲကျွမ်းကျင်မှုမရှိသည့်အတွက်ကျော်ကြားသည်။ အသက်အမှတ် 2.2ရှိနေသည့် သူသည် အဆင့် 18 တွင် အမြဲလိုလို ပိတ်မိနေသည်။ ပြိုင်ဘက်နှင့် အသက်အမှတ် 0.4 ထိပင်ကွာခြားနေသော်လည်း တိုက်ခိုက်ရန် ခက်ခဲနေသည်။ ဒါသည် အသုံးမကျလွန်း
သည့်အတွက် သည်းခံ၍ပင်ကြည့်လို့မရချေ။
သူမ၏သွားများကို ကြိတ်လိုက်ပြီး ကျောက်ခိုင် အပေါ်တွင်ထားသည့်မျှော်လင့်ချက်များကျရှုံးသွားသည့်အတွက် စိတ်ပျက်မှုတို့ခံစားနေရ၏။
အလုပ်တူတွင် လုပ်နေကြသည့်လူတိုင်းသည် အများနှင့်ယှဉ်ပြိုင်ရတက်သည်ဟုပြောရမလားပင်။သူမ၏ အခြေအနေအား သတိထားမိသည့် အခြားသောအတန်းပိုင်တို့က အနာပေါ်ဆားသိပ်နေသည့်အလား ပိုမိုဒေါသထွက်လာစေရန် အပြုံးမမြည်သည့်အပြုံးတို့ဖြင့် ပြုံးပြုံးကြီးကြည့်နေကြသည်။
“စီနီယာတတိယနှစ်ကျောင်းသား
ဖုန့်လင်း အဆင့်ကျော်တိုက်ခိုက်နေပါတယ်”
ထိုအချိန်တွင် စက်ရုပ်သံကျယ်ကျယ်က အားလုံးကို သတိပေးလိုက်သည်။
“ဘာလဲ...အဆင့်ကျော်တိုက်ခိုက်နိုင်တဲ့ ပါရမီရှင်နောက်တစ်ယောက်ပေါ်လာတာလား”
“ဘယ်သူလဲ...အဲ့တာဘယ်သူလဲဟ...အဲ့ဒီပါရမီရှင်က ဘယ်အတန်းကလဲ”
“သူက အဆင့်တူ တိုက်ခိုက်ရေးဆရာကိုတောင်အနိုင်ယူနိုင်တယ်။ ဒီကျောင်းသားက ကောင်းကင်ကိုဆန့်ကျင်နေတယ်လို့တောင်ပြောလို့ရနေပြီ”
……
အာမေဋိတ်သံများ ထွက်ပေါ်လာသည်။
ရုတ်တရက်ကြီးဆိုသလို အဆင့်ကျော်တိုက်ခိုက်နိုင်သည့်ပါရမီရှင်တစ်ယောက်ထွက်ပေါ်လာခြင်းသည် သေချာပေါက် ရုတ်ရုတ်သဲသဲဖြစ်လာစေမည်မှာ မလွဲဧကန်ပင်။ ဆရာများအားလုံး သူတို့၏ အံ့သြမှုအား ဖုံးကွယ်ထားရန်ခက်ခဲနေကြသည်။
အဆင့်ကျော်ပြီးတိုက်ခိုက်တာလား။ ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
တိုက်ခိုက်ရေးဆရာတို့သည် သာမန်လူများ မဟုတ်ကြပေ။ သူတို့သည် သူတို့ကိုယ်ပိုင်နယ်ပယ်များတွင် အထွတ်အထိပ်ပညာရှင်များဖြစ်ကြသည်။ ဘယ်လိုလူမျိုးကများ ပုံရိပ်ယောင်သိုင်းစေတီထဲမှာ အဆင့်ကျော်တိုက်ခိုက်နိုင်တဲ့ တိုက်ပွဲဝင်စွမ်းရည်မျိုးရှိနေရတာလဲ။
ဒီလိုလူမျိုးက ရိုးရိုးရှင်းရှင်းနဲ့တင် မွန်းစတားတစ်ကောင်လို့ပြောလို့ရနေပြီ။ သူ ဒါမှမဟုတ်သူမက ဘယ်အတန်းထဲကလဲ။
ကျင့်ကြံမှုအမြန်နှုန်းကြောင့်လူသိများတဲ့ အတန်း(3)ကတစ်ယောက်လား။ ဒါမှမဟုတ် လွှမ်းမိုးနိုင်စွမ်းမြင့်မားလွန်းတဲ့ တိုက်ပွဲဝင်စွမ်းရည်တွေပိုင်ဆိုင်ထားတဲ့ အတန်း(18)က တစ်ယောက်များလား။
လူတိုင်း၏စိတ်ထဲတွင် နာမည်များထွက်ပေါ်လာသည်။
ဖန်သားပြင်ထက်တွင် နာမည်တစ်ခုထွက်ပေါ်လာသည်:—ဖုန့်လင်း
သို့သော် သူတို့ဘယ်လောက် စဉ်းစား
စဥ်းစား သူတို့အတန်းထဲတွင် ထိုကဲ့သို့ပါရမီရှင်၏အမည် ရှိမနေချေ။
ဒီလိုမွန်းစတားက ဘယ်ကရောက်လာတာလဲဟ။
ဤအချိန်တွင် ဖုန့်လင်း၏ကိုယ်ရေးအကျဉ်းအား စပ်စုချင်စိတ်ပြင်းပြနေကြသည်။
အတန်း(17)အတန်းပိုင် သူမကိုယ်သူမ မပီမသပြောမိလိုက်သည်။
“သူများဖြစ်နေမလား”
အကြောင်းကြောင်းကြောင့် ဖုန့်လင်း ၏အမည်က သူမစိတ်ထဲတွင်ပေါ်လာသည်။ဒါပေမယ့် ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူရဲ့အသက်အမှတ်တွေက အခုမှ ချိုးဖျက်လာတာလေ။ သူရဲ့တိုက်ပွဲဝင်စွမ်းရည်ကအဲ့လောက်သန်မာနေနိုင်ပါ့မလား။
သင့်အနေနှင့်သိထားရမည်မှာ ထိုကျောင်းသားများသည် ဖန်လုံအိမ်ထဲမှ ပန်းပွင့်လေးများအဖြစ် မှတ်ယူရပေလိမ့်မည်။ သူတို့တိုက်ပွဲဝင်စွမ်းရည်တို့သည် သူတိ့အသက်အမှတ်နှင့် တိုက်ရိုက်အချိုးကျမည်မဟုတ်ချေ။
တစ်ယောက်ယောက်က မျှော်စင်ထဲမှာ တိုက်ခိုက်ရေးဆရာတွေနဲ့ ဘယ်လိုလုပ်အဆင့်ကျော်တိုက်ခိုက်နိုင်ရတာလဲ။
အတန်း(17)အတန်းပိုင်ဆရာမ မျက်ခုံးများတွန့်ကွေးလိုက်၏။ ဖြစ်နိုင်တာက တခြားအတန်းတွေမှာ ဖုန့်လင်း ဆိုတဲ့နာမည်နဲ့ကျောင်းသားတစ်ယောက်ရှိနေတာလား။
ဆရားများ၏ဆွေးနွေးမှုတို့အလယ်တွင် ကျောင်းအုပ်ကြီးကရယ်လိုက်ရင်း...
“ကြည့်ရတာ ငါတို့ကျောင်းမှာ ပါရမီရှင်တစ်ယောက်ပေါ်လာပြီပဲကိုး။ ကဲ...သူကဘယ်သူများလဲကြည့်လိုက်ကြရအောင်”
ကျောင်းအုပ်အတွက်မူ သူ၏ကျောင်းမှ ပါရမီရှင်များထွက်ပေါ်လာသည်မှာ သူ့အတွက်ပျော်စရာပင်။
သူ၏ကျောင်းအုပ်တစ်ယောက်ရဲ့
လုပ်ပိုင်ခွင့်ဖြင့်အမိန့်ပေးလိုက်သည်နှင့် စောင့်ကြည့်ရေးစက်မှ လူတစ်ယောက်၏ပုံအား အကျယ်ချဲ့ပြသလိုက်သည်။
ထိုပုံအားမြင်သည်နှင့် အတန်း(17)၏အတန်းပိုင်သည် အံ့အားသင့်မှုကြောင့် ပင့်သက်ရှိုက်လိုက်မိသည်။
“ဒါတကယ်သူပဲလား”
“အယ်...မင်းကဒီကျောင်းသားကိုသိတယ်လား”
အခြားဆရာများက သိချင်စိတ်ပြင်းပြစွားဖြင့် သူမအားကြည့်နေကြသည်။
အတန်းပိုင်းဆရာမ၏မျက်နှာထက်တွင် အံ့အားသင့်သည့်အကြည့်တစ်ခုရှိနေသည်။ သို့သော် သူမ၏တည်ငြိမ်မှုအား ပြန်လည်ရရှိသွားပြီး တစ်ခြားဆရာများအားပြုံးပြလိုက်သည်။ သို့တိုင် သူမ၏မျက်လုံးထဲမှ ဝမ်းမြောက်ပျော်ရွှင်မှုတို့အား မဖိနှိပ်နိုင်ချေ။
“သူက တစ်ခြားသူမဟုတ်ပါဘူး ကျွန်မတို့အတန်းထဲက ဒုတိယအဆင့်ကျောင်းသား ဖုန့်လင်းပါ”
“အာ...ဒါဆိုသူကခင်ဗျားတို့အတန်းကပေါ့”
ကျန်လူများသူတို့၏အကြည့်များကိုဖလှယ်လိုက်ပြီး သူတို့တွင် စိတ်ဝင်စားသည့်အမူအရာတို့ရှိနေသည်။
အတန်း(17)လို သာမန်အဆင့်အတန်းမျိုးက အဆင့်ကျော်တိုက်ခိုက်နိုင်တဲ့ပါရမီရှင်မျိုးရှိနေမယ်လို့ဘယ်သူကထင်မှာလဲ။ ဒီမြင်ကွင်းကို သူတို့ကိုယ်တိုင်သာ မမြင်ရရင် ဝက်တွေလေပေါ်ပျံနိုင်တယ်ဆိုတဲ့ဟာပဲယုံရင်ယုံလိုက်မှာပါ။ ဒါကိုတော့ဘယ်လိုမှယုံမှာမဟုတ်ဘူး။
လူအများကြီးရှိနေသည့်အတွက် အတန်းပိုင်ဆရာမသည်တော့ သူမကိုယ်သူမ အရူးလုပ်နေမည်မဟုတ်ချေ။ သူမ၏အံ့အားသင့်မှုတို့ကို ဖိနှိပ်ထားပြီး ဖုန့်လင်းမည်သို့ပြုလုပ်လိုက်သည်ကိုစဉ်းစားနေချိန်မှာပင် အပြုံးလေးတစ်ခုဆင်မြန်းထားသည်။
အခြားအတန်းပိုင်များက ဖန်သားပြင်ထက်တွင်ပြန်လည်အာရုံစိုက်ထားလိုက်သည်။ ဤအသစ်ပေါ်ထွက်လာသည့်ပါရမီရှင်သည် သူတို့၏အာရုံစိုက်မှုတို့ကိုဆွဲဆောင်သွားသည်။
“သူရဲ့တက်ကြွမှုအမှတ်က 1.5 ပဲရှိပေမယ့် အဆင့်(16)ကိုရောက်သွားတယ်။ ဆိုတော့အဲ့တာ အမှန်တကယ်အဆင့်ကျော်တိုက်ခိုက်တာလို့ပြောလို့ရတယ်။ ဒါပေမယ့် ဘာလို့သူရဲ့ အသက်အမှတ်က နိမ့်လွန်းနေတာလဲ”
ဖုန့်လင်း၏စွမ်းဆောင်ရည်အား မြင်လိုက်သည့်အချိန်တွင် ကျောင်းအုပ်ကြီး၏မျက်လုံးထဲတွင် အလင်းတန်းတစ်ချို့တောက်ပသွားသည်။ သို့သော်မကြာမီတွင်ပဲ ဝမ်းနည်းသည့် အကြည့်တို့ကအစားထိုးဝင်ရောက်လာသည်။
အခြညးဆရာများက အတန်း(17)အတန်းပိုင်အား လှောင်ပြောင်သည့်ပုံဖြင့်စတင်ရယ်မောလိုက်ကြသည်။
“သူ့မှာ ဒီလောက်အဆင့်နိမ့်လွန်းတဲ့အသက်စွမ်းအင်အမှတ်ပဲရှိနေတာပဲ။ ကြည့်ရတာ သူ့ပုံက သိုင်းပညာမှာပဲကြိုးစားလွန်းနေပြီး တကယ့်အရေးကြီးတဲ့အပိုင်းမှာ နိမ့်ပါးလွန်းနေတာပဲ။ အဓိကအရာတွေထက် အသေးအဖွဲလေးတွေမှာ အရေးပေးနေတာပါလား”
“ကြည့်ရတာသူ့မှာ မျှော်စင်ရဲ့ထိပ်ဆုံးအထပ်ကိုရောက်ပြီး ပါရမီရှင်အတန်းကို ဝင်ခွင့်ရဖို့ နည်းလမ်းမရှိဘူးနဲ့တူပါရဲ့။”
“ဘယ်လိုတောင်သနားစရာကောင်းလိုက်လဲ။ သူရဲ့နှလုံးသားတစ်ခုလုံးကို ကျင့်ကြံခြင်းမှာပဲအာရုံစိုက်ထားလိုက်ရင် အစစ်အမှန်ပါရမီရှင်တစ်ယောက်ဖြစ်လာမှာကိုကွာ။ စိတ်မကောင်းစရာနဲ့...သူကိုဘယ်သူကမှ လမ်းညွှန်မပေးတဲ့အတွက် လမ်းမှားရောက်သွားပြီး သိုင်းပညာမှာပဲပုံအော ကြိုးစားနေရှာတာပဲ”
….
သူကပါရမီရှင်တစ်ယောက်ဖြစ်နေပေမယ့်လဲ လမ်းမှားလျှောက်သွားမိတာပဲ။
ထိုအတွက်ကြောင့် အခြားအတန်းပိုင်များ သက်သာရာရစွာသက်ပြင်းချလိုက်သည်။ ကြည့်ရသည်မှာ ဤကျောင်းသားသည် သူတို့အတန်းမှကျောင်းသားများအား အားခြိမ်းခြောက်နိုင်သည့်ပုံမပေါ်ချေ။
အတန်းပိုင်ဆရာမ သူ၏သွားများကိုတိတ်တဆိတ် ကြိတ်နေသည်။
ထိုအချိန်တွင် ကျောင်းအုပ်က ဗီဒီယိုမှတ်တမ်းများအား ရှာတွေ့လိုက်ကာ ပြသနေသည်။
“ဘာလဲဟ...သူကို ပထမအဆင့်ကနေစတာဆိုတော့ တစ်ခါမှမဝင်ဖူးဘူးလား ပုံရိပ်ယောင်သိုင်းစေတီကို တစ်ခါမှမဝင်ဘူးတာလား။”
“ဘယ်လိုတောင် အဆင့်တက်သွားတာ မြန်ရတာလဲ”
“သူက တိုက်ခိုက်ရေးဆရာတွေဆီက သိုင်းကွက်တွေ လေ့လာနေတုန်းလား။ အဲ့မှာလေ့လာနေစရာတွေရှိသေးလို့လား။ သူက ဒီအခြေခံသိုင်းပညာလေးတွေတောင်မသင်ဖူးတာလားဟ”
….
အတန်းပိုင်များသည် သူတို့၏ခန့်မှန်းချက်များက ပုံမှန်အားဖြင့်
တိကျနေကြဖြစ်သည့်အတွက်
ဖုန့်လင်း၏ အခြေအနေကို တစ်ချက်ကြည့်ရုံဖြင့်သိလိုက်သည်။ သူတို့အားလုံး မထိန်းနိုင်ဘဲ တုန်လှုပ်သွားကြသည်။
ကျောင်းအုပ်က သက်ပြင်းနောက်တစ်ကြိမ်ချလိုက်သည်။ အဆင့်မြင့်ကျင့်ကြံသူတစ်ယောက်အနေဖြင့် တော်တော်များများ သိလိုက်ပြီဖြစ်ကာ မထိန်းချုပ်နိုင်ဘဲ သနားစရာကောင်းသည်ဟု ခံစားနေရသည်။
“ဒီသူငယ်လေးက သိုင်းပညာကို တစ်ခါမှမသင်ယူဖူးဘူး။ ပထမအဆင့်မှာသူသုံးသွားတဲ့ သိုင်းပညာက ကျောင်းမှာ အလကားသင်ပေးတဲ့ အခြေခံစစ်တပ်လက်သီးသိုင်းပဲ။ ဒါပေမယ့် နောက်အဆင့်တွေမှာ ပုံရိပ်ယောင်သိုင်းစေတီထဲက တိုက်ခိုက်ရေးဆရာတွေရဲ့ ရှေးဟောင်းသိုင်းပညာ တိုက်ခိုက်မှုတွေပဲသုံးတော့တယ်။ သူက ရုတ်တရက်ကြီးသင်လိုက်ရုံတင်မကဘူး။ အဲ့ဒီသိုင်းတွေကို သူသုံးချင်တဲ့အချိန်ထုတ်သုံးနိုင်တဲ့အဆင့်ထိရောက်သွားတော့ သူရဲ့တိုက်ပွဲဝင်စွမ်းရည်က လုံးဝပျံတက်လာတာပဲ။ ကြည့်ရတာ သူက သိုင်းပညာတွေလေ့လာနိုင်စွမ်းမှာ အရမ်းအရည်အချင်းရှိလွန်းတယ်ထင်တယ်။ အစပိုင်းမှာ သူ့ပြိုင်ဘက်ကို အရမ်းခက်ခက်ခဲခဲ အနိုင်ယူနေရပေမယ့် နောက်ပိုင်းမှာ ပိုပိုတိုးတက်လာပြီး သက်တောင့်သက်သာနဲ့ အနိုင်ယူနိုင်လာဆိုတော့.... ငါသာမမှားရင် သူက သိုင်းပညာနှလုံးသားကိုတောင်နိုးထပြီးနေလောက်ပြီ။ သူက သိုင်းပညာမှာ လုံးဝအစစ်အမှန်ပါရမီရှင်တစ်ယောက်ပဲ။ ငါတို့သာသူ့ကို စောစောရှာတွေ့လို့ ကောင်းကောင်းပြုစုပြိုးထောင်ပေးလိုက်ရင် မွန်းစတားအဆင့် ပါရမီရှင်တစ်ယောက်ဖြစ်လာပြီး
ကြယ်တာယာကောလိပ်အတွက်အရည်အချင်းတောင် မှီရင်မှီနေနိုင်တယ်”
ကျောင်းအုပ်ခေါင်းညိတ်သည်။
ဒါကသနားစရာပဲ။
“ဘာလဲဟ...ကျောင်းအုပ်က ဒီလောက်မြင့်မြင်ထိ အကဲဖြတ်လိုက်တာလား”
အတန်းပိုင်တစ်ချို့ မယုံကြည်နိုင်စွာဖြင့်တုန်လှုပ်နေသည်။
ကျောင်းအုပ်က ဘယ်လိုတောင် မြင့်မြင့်မှန်းနေတာလဲ။
သိထားရမည်မှာ အခြားသောအတန်းများမှ အထွတ်အထိပ်ပါရမီရှင်သည်လျှင် သာမန်နှုန်းထားထက် အနည်းငယ်သာမြင့်မားသည်။
အခု ကျောင်းအုပ်က ဒီဖုန့်လင်းကို
မွန်းစတားအဆင့်ပါရမီရှင်တစ်ယောက်ဖြစ်လာနိုင်တယ်လို့ တကယ်ကြီးပြောလိုက်တာတဲ့လား။
တကယ်လို့ ဖုန့်လင်းသာ ဆက်ကြီးထွားနေရင် သူက အတန်းတွေအားလုံးအတွက် ခြိမ်းခြောက်မှုအကြီးစားကြီးဖြစ်မလာနိုင်ဘူးလား။
ထိုအတန်းပိုင်များအားလုံးတုန်လှုပ်သွားသြည်။ သို့သော် မကြာမီပင်
ဖုန့်လင်း၏အသက်အမှတ် 1.5 သာရှိသည်ကို သတိထားမိလိုက်သည့်အခါ သူတို့အားလုံး စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။
“ဘယ်လိုတောင်သနားစရာလဲ။ အကုန်လုံးကနောက်ကျသွားပြီ”
''အသက်မှတ်တွေတိုးတက်လာဖို့အတွက် ကြီးမားတဲ့ စစ်ဆေးမှုကြီးတွေလည်း လိုအပ်နေသေးတယ်။ ဘာပဲပြောပြော ကောလိပ်စာမေးပွဲက မကြာခင်မှာစတော့မှာဖြစ်တာကြောင့် သူ့ရဲ့အသက်အမှတ်တွေ တိုးတက်လာဖို့ အချိန်မရှိတော့ဘူး”
“အဲ့တာမှန်တယ်။ မဟုတ်ရင် အတန်း(17)မှာ ပါရမီရှင်တစ်ယောက်အမှန်တကယ်ထွက်ပေါ်လာတော့မှာလေ”
…….
သူတို့အားလုံး အပြင်ပိုင်းတွင် ဝမ်းနည်းပြနေကြသော်လည်း ကြိတ်၍ဝမ်းသာနေကြသည်။
ဖုန့်လင်း အတွက် အရမ်းနောက်ကျနေပြီဖြစ်ကာ သူ့တွင် ရင့်ကျက်လာဖို့ အချိန်မလုံလောက်တော့ချေ။
သူတို့သည် ဖုန့်လင်း အား သေလူတစ်ယောက်အဖြစ်ပင်သတ်မှတ်ထားလိုက်ပြီဖြစ်သည်။
အတန်းပိုင်ဆရာမမှာ ပို၍ပင် စိတ်အနှောက်အယှက်ဖြစ်နေခဲ့သည်။ အကယ်၍ သူမသာ ဖုန့်လင်း၏ အလားအလာတို့ကို စောစောစီးစီးရှာတွေ့ခဲ့မယ်ဆိုပါလျှင်....သို့သော်
စိတ်မကာင်းရမည်မှာ အားလုံးနောက်ကျနေခြင်းပင်။
“အတန်း(17)ရဲ့ အတန်းပိုင်...မင်းရဲ့အတန်းမှာ ဒီလိုပါရမီရှင်မျိုးရှိနေတာကို ဘာကြောင့်များစောစောစီးစီးက သတိမထားမိရတာလဲ”
ကျောင်းအုပ် ခေါင်းခါလိုက်ကာ သူ၏လေသံတွင် အပြစ်တင်လိုမှုတို့နှင့်ပြည့်နှက်နေသည်။
အခြာသောအတန်းပိုင်များကလည်း သူတစ်ပါးကံဆိုးမှုကို ပျော်ရွှင်မြူးထူးသည့် အကြည့်တို့ဖြင့် ကြည့်ရှုနေကြသည်။
“ကျောင်းအုပ်..ကျွန်မလဲဘာမှကို မသိတော့ပါဘူး။ သူ့နာမည်က ဖုန့်လင်းပါ။ အစမ်းစာမေးပွဲမတိုင်ခင်မှာတုန်းက သူရဲ့အသက်အမှတ်က အမြဲလိုလို 0.4 ပဲရှိနေတဲ့ သာမန်ကျောင်းသားလေးတစ်ယောက်သက်သက်ပါပဲ။ ဘာလို့များ ဒီလောက်အလားအလာတွေပေါက်ကွဲထွက်လာတာလဲတော့ ကျွန်မလဲမသိတော့ဘူး”
အတန်းပိုင်ဆရာမသည် ထိုကိစ္စအား အလွန်အမင်းပဟေဠိဖြစ်နေခဲ့သည်။
“ဘာ...ခင်ဗျားဟာသလုပ်နေတာလား”
“လိမ်ပြောနေတာတွေရပ်လိုက်တော။ အရင်တုန်းက တက်ကြွမှုအမှတ် 0.4 ကနေ့ အခု 1.5 ဖြစ်သွားတယ်..ဟုတ်စ။ ခင်ဗျားလာနောက်နေတာလား”
“ဘယ်လိုလုပ် သူရဲ့တိုးတက်မှုတွေက
ဒီလောက်မြန်ရတာလဲ။ တကယ်လို့
အဆင့်မြင့်ကျင့်ကြံသူတစ်ယောက်က သူရဲ့စွမ်းအားတွေသွင်းပေးပြီးတော့ ခွန်အားအပြည့်နဲ့ အလားအလာတွေနှိုးဆွပေးမှပဲ ဖြစ်ရင်ဖြစ်နိုင်လိမ့်မည်။
ဒါပေမယ့် ဒီနည်းက ဘယ်လိုမှမဖြစ်နိုင်ဘူး...မဟုတ်ရင်သူက အစောကြီးကတည်းက ထိပ်တန်းအဆင့်ရောက်နေပြီပေါ့။ ပြီးတော့အဲ့လိုဖြစ်သွားရင်လည်း ပထမနှစ်ကတည်းကတောင် ကြယ်တာယာကောလိပ်ကိုဝင်ဖို့ အရည်အချင်းပြည့်မှီသွားလိမ့်ဦးမယ်”
…
ဆရာများက ပတ်ပတ်လည်တွင် ဆွေးနွေးနေခဲ့ကြသည်။ အတန်းပိုင်ဆရာမထင်ထားသလိုပင် သူမအားမည်သူမှမယုံကြချေ။
“သူပြောသွားတာတွေအမှန်ပဲ”
ဖုန့်လင်း၏ အရင်မှတ်တမ်းများအား စစ်ဆေးသွားခဲ့ပြီးနောက် ကျောင်းအုပ်က တည်ငြိမ်စွာပြောလိုက်သည်။
ကျောင်းသားတစ်ယောက်အနေဖြင့် စာမေးပွဲတိုင်း စမ်းသပ်မှုတိုင်းတို့၏ ရလဒ်များအား ကျောင်းတွင်းစနစ်တွင် မှတ်တမ်းတင်ထားသည်။ ဆရာမပြောသွားသည်မှာ အမှန်တွေပင်ဖြစ်ကာ အမှားတစ်ခုမှမပါချေ။
ဒါကတကယ်ကြီး အမှန်တွေလား။
အားလုံး အကြီးကြီးတုန်လှုပ်သွားခဲ့ကြသည်။
သူတို့၏ တိတ်တဆိတ်ပျော်ရွှင်မှုလေးများ လွင့်ပါးသွားခဲ့ရသည်။ ဒီဖုန့်လင်းက သူ့အသက်အမှတ်တွေကို လျင်လျင်မြန်မြန်တိုးတက်လာအောင်လုပ်နိုင်သလို ထူချွန်လွန်းတဲ့ တိုက်ပွဲဝင်စွမ်းရည်တွေလည်းပိုင်ဆိုင်ထားတယ်။ တကယ်လို့သူ့ကိုသာ ဆက်လက်ကြီးထွားခွင့်ပြုလိုက်ရင် မကြာမီမှာပဲ အကုန်လုံးကိုခြိမ်ခြောက်နိုင်လာလိမ့်မယ်...။
ဒါပေမယ့် အချိန်ကအရမ်းတိုလွန်နေပါသေးတယ်။ သူ့အနေနဲ့ ပါရမီရှင်အတန်းကို မတက်နိုင်လောက်သေးဘူးမလား။
ဒါကမဖြစ်နိုင်ဘူး။ အခွင့်အရေးတစ်ခုခုတော့ရှိနေနိုင်ပါသေးတယ်။
ကျောင်းအုပ်၏ မျက်လုံးများအတွင်းတွင် တောက်ပမှုတို့ပြန်လည်ကြီးထွားလာကာ ဖုန့်လင်း အပေါ်စိတ်ဝင်စားမှုသည်လည်း ပြန်လည်လင်းလက်လာသည်။ အတန်းပိုင်ဆရာမကည်း ကျောင်းအုပ်၏စိတ်ဝင်စားမှုအပေါ်သိကာ ဉာဏ်ပြေးစွာဖြင့် အမှတ်ယူရန် အလျင်အမြန်ပြောသည်။
“တကယ်လို့ ကျွန်မအကဲဖြတ်မမှားရင် သူက အဲ့ဒီ စွမ်းရည်ပေါက်ကွဲနိုင်တဲ့ ကျောင်းသားတွေထဲကတစ်ယောက်ပါပဲ။ ကောလိပ်စာမေးပွဲရဲ့ဖိအားတွေနဲ့ဆိုရင် ရုတ်တရက်ပေါက်ကွဲထွက်လာနိုင်ပါတယ်။ ကျွန်မကတော့ သူကို ပျိုးထောင်ပေးဖို့ ခိုင်ခိုင်မာမာအကြံပေးပါတယ်”
“ကျွန်တော် သဘောမတူဘူး။ သူရဲ့အသက်အမှတ်က နိမ့်လွန်းတယ်။ သူမှာ ပျိုးထောင်ပေးဖို့ လုံလောက်တဲ့တန်ဖိုးမရှိဘူး”
“အချိန်ကအရမ်းကို အကန့်အသတ်ရှိတယ်။ သူက ဒီလောက်ထိလုပ်နိုင်လိမ့်မယ်လို့မထင်ဘူး”
“အဲ့တာအမှန်ပဲ။ သူရဲ့ပေါက်ကွဲထွက်နိုင်တဲ့ကာလပြီးသွားရင် သူရဲ့အလားအလာက အကန့်အသတ်ကိုရောက်ရင်ရောက်သွားနိုင်တာပဲ။ အဲ့တာကြောင့် ကျောင်းရဲ့အရင်းအမြစ်တွေကို မဖြုန်းတီးကြရအောင်”
…
ကျောင်း၏အရင်းအမြစ်များက အကန့်အသတ်ရှိသည်။ အကယ်၍ သူ့အားပေးလိုက်လျှင် တစ်ခြားကျောင်းသားအချို့အား ပျိုးထောင်နိုင်တော့မည်မဟုတ်ဟုဆိုလိုခြင်းဖြစ်သည်။
သူတို့၏ ပိုင်မုန့်အပိုင်းလေး ပိုသေးလာမည်အား စိုးရိမ်နေသည့်အလားပင် အတန်းပိုင်အားလုံးကပြင်းပြင်းထန်ထန်ကန့်ကွက်နေကြသည်။ သူတို့ထဲမှ တော်တော်များများစိုးရိမ်နေကြသည်မှာ အကယ်၍သူသာ အရင်းအမြစ်များသုံးလိုက်ရပါက အစစ်အမှန် မွန်းစတားအဆင့်ပါရမီရှင်တစ်ယောက် မွေးဖွားလာမည်ကိုပင်။
ထိုသို့သာဆိုလျှင် သူတို့အတန်းများမှပါရမီရှင်များသာ် သေချာပေါက် စိတ်မချမ်းမြေ့စရာဖြစ်နေလိမ့်မည်။
သူတို့၏ နှလုံးသားထဲတွင်တော့
ဖုန့်လင်းအား သူတို့ကျောင်းသားများ၏ အရင်းအမြစ်ရရှိရေးပြိုင်ဆိုင်မှုမှ အကြီးမားဆုံးသော ခြိမ်းခြောက်မှုတစ်ခုအဖြစ် သတ်မှတ်ထားလိုက်ပြီဖြစ်သည်။
ထိုလူများ အုပ်စုဖွဲ့ ကန့်ကွက်နေကြခြင်းကို မြင်ပြီး သူတို့၏ ရည်ရွယ်ချက်များကို အတန်းပိုင်ဆရာမက မသိဘဲနေမည်လော။ သူမအလွန်အမင်းစိတ်ရှုပ်ရှားမှုကြောင့် ဒေါသထွက်စွာအော်ဟစ်လိုက်သည်။
“ရှင်တို့အားလုံးက ဖုန့်လင်းရဲ့အလားအလာက ဆက်တိုးတက်မလာနိုင်ဘူးလို့ပြောနိုင်လို့လား”
“ဒါဆို မင်းကရော သူရဲ့အလားအလာကုန်မသွားဘူးလားဆိုတာသိလို့လား။ ဒီလိုကိစ္စမျိုးဆိုတာ တစ်ခါပဲဖြစ်လာနိုင်တယ်။ ဒုတိယတစ်ကြိမ်ဖြစ်သွားတယ်ဆိုပြီး အံ့ဖွယ်ဖြစ်ရပ်တွေဖြစ်လာနိုင်မယ်လို့ထင်နေတာလား”
“ဟုတ်တယ်။ သူက ကံကောင်းသွားရုံပါပဲ”
“အချက်အလက်တွေအရဆို ဖုန့်လင်းက သာမန်နောက်ခံအသိုင်းအဝိုင်းကလူတစ်ယောက်ပဲ။ လုံလောက်တဲ့ အရင်းအမြစ်တွေမရှိပဲနဲ့ သူရဲ့အလားအလာက ဘယ်လောက်ထိကြီးမားလာမှာမို့လို့လဲ”
….
အခြားအတန်းပိုင်များက လျှို့ဝှက်သဘောတူထားသည့်အလား တက်ညီလက်ညီကန့်ကွက်နေကြသည်။
“ရှင်တို့တွေ”
အတန်းပိုင်ဆရာမက ပေါက်ကွဲလုလုဖြစ်နေကာ သရော်သည့်စကားများ ပြန်ပြောရန်အသင့်ပြင်ထားပြီးပြီဖြစ်သည်။
အတန်းပိုင်များကြားက ငြင်းခုံမှုက ပိုမိုဆိုးဝါးလာသည်ကို တွေ့လိုက်ရသည့်အခါ ကျောင်းအုပ်က ဖြန်ဖြေရန်ပြောလိုက်သည်။
“တော်လောက်ပြီ။ ငြင်းခုံနေကြတာရပ်လိုက်ကြတော့။ ဒီကျောင်းသားက သေချာက်ပေါက်ပါရမီရှင်တစ်ယောက်ပဲ။ သူရဲ့ အသက်အမှတ်က အခုအချိန်မှာ
နိမ့်နေရုံပဲရှိတာ”
သူဆုံးဖြတ်ချက်တစ်ခုလုပ်လိုက်ကာ..
“သူ့ကို ဘာမှမပြောကြသေးနဲ့ဦး။ ငါတို့ သူ့ရဲ့ အနာဂါတ်စွမ်းဆောင်ရည်တွေကို စောင့်ကြည့်နေပြီးမှ ဆုံးဖြတ်ကြမယ်။ တကယ်လို့ သူရဲ့စွမ်းရည်တွေသာ ဆက်လက်ပေါက်ကွဲထွက်လာဦးမယ်ဆိုရင် ကောလိပ်စာမေးပွဲအတွက် သင့်တော်တဲ့ ဖြေဆိုသူတစ်ယောက်အနေနဲ့ ပြည့်ပြည့်စုံစုံ ပျိုးထောင်ပေးကြမယ် အဲ့တာကြောင့်နောက်မှဆုံးဖြတ်ကြတာပေါ့”
ကျောင်းအုပ်က သူ၏သဘောထားအား ဖော်ပြနေသည့်အတွက် ကျန်လူများသည် လက်လျှော့လိုက်ရုံသာရှိတော့သည်။
သို့သော် ယခုကိစ္စတွင် ဒီမွန်းစတားပေါက်စလေးအား မည်သည့် အခွင့်အရေး မည်သည်အကျိုးကျေးဇူးမှ
မရရှိသည့်အတွက် သူတို့ ရည်ရွယ်ချက် အောင်မြင်သည်ဟု မှတ်ယူ၍ရနိုင်သည်။ ကျန်ဆရာများသည်တော့ အချင်းချင်းကြည့်လိုက်ကာ ကြိတ်၍ လှောင်ပြုံးပြုံးလိုက်ကြသည်။
သို့သော် အတန်း(17)၏အတန်းပိုင်ဆရာမသည်တော့ အံကြိတ်ထားလွန်းသည့်အတွက် သူမ၏ သွားများ ကြွေမွမလားပင်ဖြစ်နေသည်။
ဖုန့်လင်းကတော့ ဖြစ်သွားတာတွေကို ဘာမှမသိပေ။ သူ့ရဲ့ရုတ်တရက်တိုးတက်မှုက ကျောင်းမှ ဆရာများနှင့် ဝန်ထမ်းများကြားတွင် ကြီးမားသည့် ရုန်းရင်းဆန်ခတ်မှု ဖြစ်သွားမည်ဟု မျှော်လင့်ထားမည်မဟုတ်ချေ။
လက်ရှိတွင်တော့ နောက်တစ်ဆင့်မှ သူ၏ပြိုင်ဘက်အား အာရုံစိုက်ကြည့်နေသည်။
သေနတ်သံများက တစ်ဒိန်းဒိန်း ဟိန်းထွက်လာသည်။ သူသည် သွေးစွန်းနေသည့်ကြယ်တာယာစစ်မြေပြင်တွင်ရောရှိနေခြင်းပင်။
သတ္ထုချပ်ဝတ်အား ဝတ်ဆင်ထားသည့် လူပုံရိပ်တစ်ခုက ကွင်းပြင်ထဲတွင် မတ်တတ်ရပ်နေသည်။ ကျည်ဆံများက နေရာအနှံအပြားတွင် ပျံဝဲနေပြီး သေနတ်သံများ ကျယ်လောင်စွာထွက်ပေါ်နေသည်။ သွေးနံ့စူစူးက လေထုအတွင်းပျံ့နှံ့နေကာ အမှိုက်သရိုက် အစုအဝေးများကို မြေပြင်အနှံ့တွေ့နိုင်သည်။
ထိုပုံရိပ်သည် ထိုနေရာတွင်ပဲ မလှုပ်
မယှက်ရပ်နေကာ တိုက်ပွဲဝင်သံမဏိသွေးအော်ရာ ကိုထုတ်လွှတ်နေသည်။ သူ့တစ်ကိုယ်လုံးအားကြည့်လိုက်လျှင် ဓားအိမ်မှချွတ်ထားသည့် ဓားတစ်လက်ကဲ့သို့ဖြစ်နေကာ မည့်သည့်အချိန်တွင်မဆို လူတစ်ယောက်အား ခုတ်ဖြတ်ပစ်နိုင်သည့် အလွန်အမင်းထက်မြိသည့် ပုံစံအားပေးစွမ်းနေသည်။
အံ့အားသင့်စရာမှာ သူ၏လက်ရှိပြိုင်ဘက်သည် စက်ရုပ်ဝတ်စုံဝတ်ထားသည့် ကြယ်တာယာကျင့်ကြံသူတစ်ယောက်ဖြစ်နေခြင်းပင်။