မားစ်ဂြိုဟ်တွင်းစစ်ပွဲ
Vol. 8 Ch. 109
မားစ်ဂြိုဟ်အတွင်း ပြည်တွင်းစစ်မီးသည် ကြိုတင်သတိပေးချင်းမရှိဘဲ ရုတ်တရက်ပေါက်ကွဲခဲ့ပြီး ဤအခြေအနေသည် လူတိုင်း၏ မျှော်လင့်ချက်ကို လုံးဝကျော်လွန်သွားခဲ့သည်။
ယခင်က မြေအောက်တွင် ကြွက်များကဲ့သို့ ပုန်းအောင်းနေခဲ့သော မားစ်ဂြိုဟ်တော်လှန်ရေးတပ်မတော်သည် ယခုအခါ မိုးရွာပြီးနောက်ပေါ်ထွက်လာသော နွေးထွေးသည့်နေရောင်ခြည်ကဲ့သို့ မားစ်ဂြိုဟ်ရှိ မြေအောက်မြို့ကြီးအားလုံးတွင် တဟုန်ထိုးပေါ်ထွက်လာကာ အစိုးရကို ဖယ်ရှားရန် အုံကြွမှုများ ဖြစ်ပေါ်စေခဲ့ပြီး စစ်မီးတောက်များကို နေရာတိုင်းတွင် မြင်တွေ့နိုင်သည်။
အချိန်တိုအတွင်း မားစ်ဂြိုဟ်တစ်ခုလုံးမှာ အလွန်အမင်း ရှုပ်ထွေးသောအခြေအနေသို့ ရောက်ရှိသွားခဲ့သည်။
စစ်ပွဲများသည် အလွန်ပြင်းထန်ပြီး မီးလောင်ကျွမ်းသကဲ့သို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး မားစ်ဂြိုဟ်တစ်ခုလုံး စစ်ဘေးဒုက္ခထဲသို့ နစ်မြုပ်သွားခဲ့သည်။
ဖုန့်လင်းမှာ မားစ်ဂြိုဟ်ဆိုင်ရာသတင်းများကို ဂရုတစိုက် စောင့်ကြည့်နေခဲ့ပြီး သူ တွေ့ရှိခဲ့သည်မှာ မားစ်ဂြိုဟ်၏မြေပုံသည် အပြာနှင့်အနီရောင် ဒေသကြီးနှစ်ခုအဖြစ် ကွဲပြားနေပြီး ဤဒေသများသည် အချင်းချင်း ကိုက်ဖြတ်ရန်ကြိုးစားနေသော သားရဲကောင်ကြီးနှစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ သတင်းများတွင် စက်ရုပ်များ၊ တိုက်လေယာဉ်များ၊ အမှုန်အမြောက်များကဲ့သို့သော လက်နက်အမျိုးမျိုးကို တွေ့မြင်နိုင်ပြီး လူသတ်လက်နက်အားလုံးနီးပါးကို အသုံးပြုခဲ့ကြသည်။ အခြေအနေများသည် အလျှင်အမြန်ပင် အထွတ်အထိပ်သို့ ရောက်သွားခဲ့သည်။
ကံကောင်းစွာပင် မားစ်ဂြိုဟ်သည် လူသူနည်းပါးသော ဂြိုဟ်တစ်ခုဖြစ်ပြီး လူအများစုသည် မြေအောက်တွင် နေထိုင်ကြသဖြင့် ကျည်ဆန်မိုးများကြောင့် မားစ်ဂြိုဟ်ပေါ်ရှိ လူသားမျိုးနွယ်သည် အကြိမ်ကြိမ် မျိုးသုဉ်းသွားနိုင်ခြေမှ လွတ်မြောက်ခဲ့သည်။
မားစ်ဂြိုဟ်၏မျက်နှာပြင်ပေါ်ရှိ တောင်များသည် ညီညာသော မြေပြန့်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး မျက်နှာပြင်တစ်ခုလုံးတွင် မီးတောင်ဝများကဲ့သို့သော အပေါက်ကြီးများ ဖြစ်ပေါ်နေကာ မားစ်ဂြိုဟ်၏အသွင်အပြင်သည် ကြီးမားစွာ ပြောင်းလဲသွားခဲ့သည်။
မြေပုံပေါ်တွင် အပြာရောင်ဖြင့်ပြထားသော နယ်မြေများသည် မားစ်ဂြိုဟ်အစိုးရ၏ထိန်းချုပ်မှုအောက်တွင်ရှိပြီး အနီရောင်နယ်မြေများကိုမူ မားစ်ဂြိုဟ်တော်လှန်ရေးစစ်တပ်က ထိန်းချုပ်ထားသည်။ ၎င်းတို့၏နယ်မြေများသည် ကနဦးတွင် သေးငယ်သော်လည်း သေးငယ်သောငါးလေးကဲ့သို့ အပြာရောင်နယ်မြေများကို တဖြည်းဖြည်း ဝါးမျိုခြင်းဖြင့် ကြီးထွားလာခဲ့ပြီး နောက်ဆုံးတွင် ဤငါးငယ်လေးသည် ကမ္ဘာပေါ်ရှိ အရာအားလုံးကိုပင် မျိုချနိုင်သော ကြီးမားသည့် ခွန်ငါးကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ယခုအချိန်တွင် မားစ်ဂြိုဟ်သည် အဖွဲ့နှစ်ဖွဲ့အဖြစ် လုံးဝကွဲသွားပြီဖြစ်သည်။
ဤအပြောင်းအလဲအားလုံးသည် လဝက်အတွင်း ဖြစ်ပေါ်ခဲ့သည်။ မြေပုံပေါ်တွင် အနီရောင်နယ်မြေများသည် တိကျသည့် ဦးတည်ရာဖြစ်သော ရှီထိုက်မြို့ဆီသို့ မရပ်မနား ချဲ့ထွင်လာနေသည်ကို မြင်တွေ့နိုင်သည်။
ယခုအချိန်တွင် ဧရာမဆေးဝါးကုမ္ပဏီအတွင်းမှ လေထုသည်လည်း ပြောင်းလဲသွားခဲ့ပြီး လူများကို မွန်းကြပ်စေသည်အထိ တင်းမာနေခဲ့သည်။
ဧရာမဆေးဝါးကုမ္ပဏီသည် မားစ်ဂြိုဟ်ပေါ်ရှိ ထိပ်တန်းဘဏ္ဍာရေးအုပ်စုအနည်းငယ်ထဲမှ တစ်ခုဖြစ်ပြီး မားစ်ဂြိုဟ်တော်လှန်ရေးစစ်တပ်နှင့် သူတို့သည် ကမ္ဘာမကြေ ရန်သူများဖြစ်သည်။
မားစ်ဂြိုဟ်တော်လှန်ရေးတပ်သည် ဧရာမဆေးဝါးကုမ္ပဏီကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်လာကြောင်း အရူးများပင် သိနိုင်သည်။
ဧရာမဆေးဝါးကုမ္ပဏီဆိုသည့် ဤအသားတုံးကြီးကို ဝါးမျိုနိုင်ပါက မားစ်တော်လှန်ရေးတပ်၏ အင်အား၊ ငွေကြေးနှင့် နည်းပညာများသည် အဆင့်တစ်ခု ပိုမိုမြင့်လာမည်ဖြစ်သည်။
ထို့ကြောင့် ဧရာမဆေးဝါးကုမ္ပဏီ၏ ချမ်းသာကြွယ်ဝမှုသည် မားစ်တော်လှန်ရေးတပ်မတော် အဖို့ မည်သည့်နည်းနှင့်မဆို ရယူလိုသော အရာဖြစ်နေသည်။
ဧရာမဆေးဝါးကုမ္ပဏီ၏ ဝင်ပေါက် ထွက်ပေါက်များတွင် ယူနီဖောင်းဝတ်ဆင်ထားသော စစ်သားများမှ ကင်းလှည့်နေသည်ကို တွေ့နိုင်သည်။ အစောင့်အရေအတွက် သိသိသာသာတိုးလာပြီး ဝင်ထွက်လိုသူ မည်သူမဆို အသေးစိတ်လုံခြုံရေးစစ်ဆေးမှုများ ခံယူရသည်။
Rနှင့်Dဌာနမှ ဝန်ထမ်းများပင် ဤသည်မှ လွတ်ကင်းခြင်းမရှိပေ။ လေထုတစ်ခုလုံးတွင် စိုးရိမ်ပူပန်မှုအငွေ့အသက်များ ပျံ့နှံ့နေခဲ့သည်။
သို့သော် ဖုန့်လင်းမှာမူ ဘာမှမဖြစ်သကဲ့သို့ အေးဆေးတည်ငြိမ်စွာရှိနေဆဲပင်။
အမှန်တွင် ဖုန့်လင်းကိုယ်တိုင်ပင် ဤပြည်တွင်းစစ်ကို သူကိုယ်တိုင်ဖန်တီးမိသလားဆိုသည်ကို မသေချာပေ။
အကယ်၍ ဤသို့ဖြစ်ခဲ့ပါက သူ ပေးပို့ခဲ့သောသတင်းကို ရရှိပြီးနောက် မားစ်ဂြိုဟ်တော်လှန်ရေးတပ်၏ တုံ့ပြန်မှုမှာ အနည်းငယ်လွန်ကဲနေသည်မဟုတ်ပါလော?
ဤရက်များအတွင်း ဖုန့်လင်းမှာ သူ၏ကျင့်ကြံခြင်းကို အာရုံစိုက်ကာ ကြိုးစားခဲ့သည်။ သူ နောက်ထပ် ရှေးဦးဗီဇအမှတ် နှစ်မှတ်ရခဲ့ပြီး အသက်စွမ်းအင်အညွှန်းကိန်းသည် ၄၅.၀ မှတ်ကိုကျော်ကာ ၄၅.၈ အထိ တိုးလာခဲ့သည်။
သို့သော် သူ ဤအမှတ်များကို ချက်ချင်း ပေါင်းမထည့်ခဲ့ပေ။
သူ၏ အသက်စွမ်းအင်အညွှန်းကိန်း တိုးလာသည်နှင့်အမျှ ခန္ဓာကိုယ်ပြောင်းလဲမှုများမှာ ပို၍ထင်ရှားလာသည်။ အချိန်တိုအတွင်း အမှတ်များစွာ ပေါင်းထည့်ခြင်းသည် သင့်တော်မည် မဟုတ်သလို အခြားသူများကလည်း သူ့ကို ဖောက်မြင်လာနိုင်သည်။
ထို့အပြင် ယခင်က ကျောက်တုံးမျောက်ဗီဇထဲသို့ အမှတ်များကို အလွန်အမင်းမြန်ဆန်စွာ ပေါင်းထည့်ခဲ့သည့်အတွက် စွမ်းရည်များတိုးတက်လာသော်လည်း သူ ၎င်းတို့ကို အပြည့်အဝအသုံးမချတတ်သေးပေ။ ဤအရာသည် သူ၏စွမ်းရည်ထိန်းချုပ်မှုကို ထိခိုက်စေနိုင်သည်။ အကယ်၍ ဤမျှတိုတောင်းသောကာလအတွင်း နောက်ထပ်အမှတ်များထပ်ထည့်လ်ိုက်ပါက အရာရာကို လွန်ကဲစွာလုပ်ခြင်းဖြင့် ဖျက်စီးမိမည်ကို စိုးရိမ်ခဲ့သည်။
ဖုန့်လင်းမှာ အင်အားကိုတောင့်တသော်လည်း အလုပ်သင် ကျင့်ကြံသူအဆင့်တုန်းက အားအင်ကုန်ခမ်းမှုကို ကြုံတွေ့ခဲ့ရပြီးနောက် တဖြည်းဖြည်းချင်းတိုးတက်မှု၏ အရေးပါပုံကို နားလည်လာခဲ့သည်။ သူအနေဖြင့်
အရင်ဆုံး အခြေခံအုတ်မြစ်ကို ခိုင်မာစေလိုသည်။
ထို့အပြင် အခမဲ့ရှေးဦးဗီဇအမှတ်များကို သိမ်းဆည်းထားခြင်း၏ အကျိုးကျေးဇူးများကို ပြောစရာမလိုပေ။ အရေးကြီးသောအချိန်များတွင် သူ၏ဗီဇကို အားဖြည့်ခြင်းဖြင့် ချက်ချင်းပင် အထွတ်အထိပ်အနေအထားသို့ ပြန်လည်ရောက်ရှိနိုင်သည်။
ဤသည်မှာ စစ်မှန်သော အန္တိမနည်းစနစ်တစ်ခုပင်ဖြစ်သည်။
ဖုန့်လင်းအားနည်းနေစဉ်က ဤစွမ်းရည်ကို မှီခို၍ ပုံရိပ်ယောင်သိုင်းစေတီ၏ အဆင့် ၂၀ ကို ကြိုးစားမှု တစ်ကြိမ်တည်းဖြင့် တက်နိုင်ခဲ့သည်။
အခြေအနေဆိုးရွားလာပါက အသုံးဝင်နိုင်သည်ဟု သူ ယုံကြည်သောကြောင့် အခမဲ့ဗီဇအမှတ်အချို့ကို သိုလှောင်ထားလိုက်သည်။ ဘယ်သူသိမှာလဲ နောက်ကျရင် သူ့အတွက် အကူအညီကြီးကြီးမားမား ဖြစ်ရင်ဖြစ်လာမှာပေါ့။
ပြင်ပရှိအခြေအနေများ ပို၍ရှုပ်ထွေးလာလေ ဖုန့်လင်း မှောင်ရိပ်ထဲတွင် ပို၍နေလိုလေဖြစ်သည်။
ဤကဲ့သို့သော ရှုပ်ထွေးသည့်ကာလမျိုးတွင် ထင်ထင်ရှားရှားထွက်ပေါ်လာသူများသည် မုချပစ်ချခံရမည်ဖြစ်သည်။ ဖုန့်လင်းမှာ သူ၏ အခွင့်အလမ်းကို စောင့်မျှော်ရန် ယခုအချိန်တွင် နိမ့်ကျသောပုံရိပ်ဖြင့် နေထိုင်ရန် ရွေးချယ်ခဲ့သည်။
မားစ်ဂြိုဟ်ကနေ သူ တိတ်တဆိတ်ထွက်သွားသင့်သလား ဒါမှမဟုတ် ဆေးမီးဖိုအင်မော်တယ်ဂိုဏ်းရဲ့ ဒဏ္ဍာရီလာ အပျက်အယွင်းတွေကနေ လျှို့ဝှက်ချက်တွေကို ဖမ်းဆုပ်ပြီး အကျိုးအမြတ်ရအောင် ကျိုးစားသင့်သလား?
သူအနေနှင့် အရာရာ ပို၍ပရမ်းပတာဖြစ်လာသည်အထိ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။ ထို့နောက်မှသာ သူလိုချင်သည့်အရာများကို ရယူရန် သင့်တော်သောအခွင့်အလမ်းကို ရှာဖွေမည်ဖြစ်သည်။ သို့သော် အကယ်၍ ကိစ္စများသည် သူ၏ဆန္ဒနှင့်ဆန့်ကျင်ဘက် ဖြစ်လာပါက သူသည် မတွန့်ဆုတ်ဘဲ ထွက်ခွာရန် ပြတ်ပြတ်သားသာ ဆုံးဖြတ်မည်ဖြစ်သည်။
သူ၏သေးငယ်သော အသက်လေးကို ဤဖရိုဖရဲဝဲဂယက်ထဲသို့ လောဘတစ်ခုတည်းအတွက် စွန့်လွှတ်မည်မဟုတ်ပေ။
မည်မျှကြီးကျယ်ခမ်းနားသော ဒဏ္ဍာရီလာ အပျက်အယွင်းဖြစ်စေ သူ၏သေးငယ်သော အသက်လေးနှင့် နှိုင်းယှဥ်လျှင် ပို၍ တန်ဖိုးရှိမည် မဟုတ်ပေ။
ကျင့်ကြံခြင်း၏ အဓိပ္ပါယ်မှာ
လူတစ်ဦးသည် မိမိ၏အသက်ကို အရင်ဆုံးကျင့်ကြံရမည်ဖြစ်ပြီး
ထို့နောက်မှသာ မိမိ၏စရိုက်လက္ခဏာကို ကျင့်ကြံရမည်ဖြစ်သည်။
အကယ်၍ သူရဲ့ အသက်ကို ဆုံးရှုံးသွားရင် အရာရာက အိပ်မက်တစ်ခုလို ဖြစ်သွားမယ် မဟုတ်လား?
သူ၏အောင်မြင်မှုအားလုံး ဖုန်မှုန့်အဖြစ်သို့ မှေးမှိန်ပျောက်ကွယ်သွားပေလိမ့်မည်။
ဖုန့်လင်းအနေနှင့် ဆက်လက်ပုန်းအောင်းနေနိုင်မည်ဟု ထင်နေစဉ် တစ်နေ့တွင် သူ ကျင့်ကြံနေရင်း သူ၏ကိုယ်ရေး မိုက်ခရိုချစ်ပ် ရုတ်တရက်တုန်ခါသွားပြီး လူတစ်ဦး၏ 3D ရုပ်ပုံပေါ်လာခဲ့ပြီး ထိုလူမှာ မားစ်ဂြိုဟ်၏ရိုးရာဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည်။ အဒီလူက မားစ်ဂြိုဟ်တော်လှန်ရေးတပ်က လုခ် မဟုတ်ရင် ဘယ်သူဖြစ်လိမ့်မလဲ?
သူ ဖုန့်လင်းကို ကြည့်ရင်း ပြုံးလိုက်သည်။ "ကျေးဇူးအများကြီးတင်တယ် ဖုန့်လင်း! မင်းပို့ပေးတဲ့သတင်းက အရမ်းတန်ဖိုးရှိတယ်။ အစကတည်းက ငါတို့ မားစ်တော်လှန်ရေးတပ်မတော်မှာ အုပ်စုနှစ်စုကွဲနေခဲ့တယ် - လက်နက်ကိုင်တော်လှန်ရေးအုပ်စုနဲ့ ငြိမ်းချမ်းရေးလမ်းစဉ်အုပ်စုပေါ့။ မင်းရဲ့သတင်းကိုရပြီးနောက်မှာ ငါတို့ လက်နက်ကိုင်အုပ်စုက အစီအစဥ်စဖို့ အာဏာရလာခဲ့ပြီး အချိန်မတိုင်မီ ပုန်ကန်မှုကို စနိုင်ခဲ့တယ်။ ဒါပေမယ့် ဧရာမဆေးဝါးကုမ္ပဏီရဲ့ လျှို့ဝှက်သတင်းအချက်အလက်တွေနဲ့ စစ်အင်အားအကြောင်းနဲ့ပတ်သက်လို့ ငါတို့မှာ အကြံမရှိဘူး။ မင်းကို ငါတို့ ဒုက္ခပေးရ..."
ကလစ်!
ဗီဒီယိုမှာ ရုတ်တရက်ပြတ်တောက်သွားခဲ့ပြီး ဖုန့်လင်းကိုယ်တိုင် အဆုံးသတ်လိုက်ခြင်းဖြစ်သည်။
ထို့အပြင် သူ ဤဆက်သွယ်မှုနှင့်သက်ဆိုင်သော အချက်အလက်အားလုံးကို အရင်းအမြစ်အထိ လျင်မြန်စွာ ဖျက်ပစ်လိုက်သည်။
အစကနေ အဆုံးထိ ဖုန့်လင်းမှာ မားစ်ဂြိုဟ်တော်လှန်ရေးတပ်ကို အသုံးချရုံမျှသာ ရည်ရွယ်ခဲ့ပြီး ဧရာမဆေးဝါးကုမ္ပဏီနှင့် ၎င်းတို့၏ မပြေလည်နိုင်သော အငြင်းပွားမှုများအပေါ် အခြေခံ၍ တိုက်ခိုက်စေလိုခဲ့သည်။
ဤသို့ဖြစ်မှသာ သူသည် ရှုပ်ထွေးနေသောအခြေအနေမှ အကျိုးအမြတ်ရယူနိုင်မည်ဖြစ်သည်။
အစကတည်းက သူ မားစ်ဂြိုဟ် တော်လှန်ရေးတပ်နှင့် မည်သည့်ဆက်နွယ်မှုမျှ မလိုချင်ခဲ့ပေ။
သူတို့နှင့် ပိုမိုထိတွေ့လေလေ၊ သူ့အတွက် ပိုမိုအန္တရာယ်များလေလေ ဖြစ်မည်။
မားစ်ဂြိုဟ်တော်လှန်ရေးတပ်သည် အရင်ကတည်းက ပုန်ကန်ရန် အစီအစဉ်ရှိခဲ့ကြောင်း၊ အုပ်စုအတွင်းညီညွတ်မှု မရှိခဲ့ကြောင်း ဖုန့်လင်း နားလည်သွားခဲ့သည်။ သူ၏လျှို့ဝှက်သတင်းတစ်စောင်သည် မားစ်ဂြိုဟ်တော်လှန်ရေးတပ်၏ အုပ်စုနှစ်စုကို စည်းလုံးစေပြီး မားစ်ဂြိုဟ်ပေါ်တွင် ပြည်တွင်းစစ်ဖြစ်ပွားစေခဲ့သည်။
ဤအရာသည် ဖုန့်လင်း မျှော်လင့်မထားခဲ့သော အခြေအနေဖြစ်သည်။
ဖုန့်လင်းတစ်ဦးတည်းသာမက မည်သူမျှ မထင်နိုင်ခဲ့လောက်ပေ။
ဤမျှကြီးမားသော ပြည်တွင်းစစ်သည် အမည်မသိလူတစ်ဦး၏ သာမန်သတင်းစကားတစ်ခုကြောင့် ဖြစ်ပွားလာခဲ့သည်။
ဖုန့်လင်း ကိုယ်တိုင်ပင် ဦးနှောက်ခြောက်သွားခဲ့ရသည်။
ကစားပွဲမှာ မျှော်လင့်ထားသည်ထက် ပိုကြီးလာပုံပေါ်သည်!
ဖုန့်လင်းမှည ဤကိစ္စကို ဆက်တွေးရန် ဆန္ဒမရှိတော့ပေ။ သူ၏ မားစ်ဂြိုဟ်တော်လှန်ရေးတပ်နှင့်ပတ်သက်သော ဆက်သွယ်မှုအားလုံးကို အဆုံးသတ်ပစ်ရန် ဆုံးဖြတ်လိုက်ပြီး အရိပ်ထဲတွင် ဆက်လက်ပုန်းအောင်းနေမည်ဖြစ်သည်။
ယခုအချိန်တွင် ကြယ်တာရာကျင့်ကြံသူတစ်ဦးဖြစ်နေပြီဖြစ်သော ဖုန့်လင်းတွင် သာမန်မဟုတ်သည့် အင်အားရှိနေပြီဖြစ်ပြီး မားစ်ဂြိုဟ်ပေါ်တွင် အားနည်းသူတစ်ဦးဟု မဆိုနိုင်တော့ပေ။ အခြေအနေမည်မျှပင် ဆိုးရွားစေကာမူ သူ့ကိုယ်သူ ကာကွယ်နိုင်သည့် စွမ်းရည်ရှိနေပြီဖြစ်သည်။
ဖုန့်လင်းအနေဖြင့် သူ၏ ပြောင်းလဲနိုင်သည့် ရှေးဦး ကျောက်တုံးမျောက်ဗီဇ ၏ စွမ်းရည်များဖြစ်သော - ဓားလှံတို့ဖြင့် မထိုးဖောက်နိုင်ခြင်းနှင့် မီးနှင့်ရေတို့ဖြင့် မသက်ရောက်နိုင်ခြင်းတို့သည်သာ ခေတ်မီနည်းပညာမြင့် လက်နက်များ၏ တိုက်ခိုက်မှုအောက်တွင် အထိရောက်ဆုံးသော ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ရှိလိမ့်မည်ဟု ခံစားနေခဲ့ရသည်။
စစ်မီးသည် တောမီးလောင်သကဲ့သို့ ဆက်လက်ပျံ့နှံ့နေဆဲပင်။
မားစ်ဂြိုဟ်တော်လှန်ရေးတပ်သည် မည်သည့်အတားအဆီးကိုမဆို ၎င်းတို့၏ မလွှမ်းမိုးနိုင်လောက်သောအားဖြင့် လှည်းကျင်းပြီး ကောင်းကင်ဘုံမီးတောက် တစ်လှိုင်းကဲ့သို့ မားစ်ဂြိုဟ်တစ်ခုလုံးကို လောင်ကျွမ်းကာ ကောင်းကင်နှင့်မြေကြီး ပြောင်းလဲပစ်ရန် ရည်ရွယ်နေခဲ့သည်။ ၎င်းတို့ဖြတ်သန်းရာ နေရာတိုင်းတွင် မားစ်ဂြိုဟ်အစိုးရတပ်များ ရှုံးနိမ့်ကာ စိတ်ဓာတ်များ ယိုယွင်းလာခဲ့သည်။
ဤအရာအားလုံး၏ အစပြုသူဖြစ်သော ဖုန့်လင်းပင် မားစ်ဂြိုဟ် တော်လှန်ရေးတပ်၏ အံ့ဩဖွယ်ကောင်းသည့် ဖျက်စီးနိုင်စွမ်းကို မြင်ပြီး တုန်လှုပ်သွားခဲ့ရသည်။
မားစ်ဂြိုဟ်တော်လှန်ရေးတပ်အနေဖြင့် ကြာမြင့်စွာ ပြင်ဆင်မှုများပြုလုပ်ထားသည်မှန်း သိသာသည်။ အချိန်နှင့်အမျှ အခြေအနေဆိုးရွားလာကာ တော်လှန်ရေးတပ်များမှာ မီးမြားတစ်စင်းကို ပစ်လိုက်သကဲ့သို့ ရှီထိုက်မြို့ဆီသို့ ဦးတည်ရွေ့လျားလာနေခဲ့သည်။
ဧရာမဆေးဝါးကုမ္ပဏီအနေဖြင့် တည်ငြိမ်မှုကိုဆက်ထိန်းပြီး ထိုင်နေရန် မဖြစ်နိုင်တော့ဘဲ ၎င်းတို့၏ သတင်းကွန်ရက်ကို ဖြန့်ကျက်လိုက်သည်။
နောက်ထပ် ၅ ရက် ၆ ရက်ခန့်ကြာပြီးနောက်.....
ဖုန့်လင်း သတင်းများကိုစောင့်ကြည့်နေခဲ့သည်။ ဥပမာပြောရလျှင် ဧရာမဆေးဝါးကုမ္ပဏီ၏ အတွင်းပိုင်းဌာနများသည် မီးပင်လယ်ထဲသို့ စီးဝင်နေသည့် သေးငယ်သော လှိုင်းလေးများနှင့်တူပြီး မီးပင်လယ်ကို ငြှိမ်းသက်ရန် ကြိုးစားနေသည့်ပုံပင်။ သို့သော် ၎င်းတို့၏ လုပ်ဆောင်ချက်များမှာ မီးခိုးအနည်းငယ်မျှပင် မထွက်ဘဲ မကြာမီပင် လုံးလုံးနစ်မြုပ်သွားခဲ့သည်။
ဧရာမဆေးဝါးကုမ္ပဏီအတွင်းရှိ လေထုမှာ အလွန်လေးလံပြီးတင်းမာလာခဲ့သည်။
ပုဂ္ဂလိစီးပွားရေးအဖွဲ့အစည်း တစ်ခုအနေနဲ့ ကိုယ်ပိုင်စစ်တပ်ရှိတယ်ဆိုပေမယ့် တကယ့်စစ်တပ်နဲ့တော့ ဘယ်လို
ယှဥ်နိုင်လိမ့်မလဲ?
ဒီကိစ္စမှာ ဧရာမဆေးဝါးကုမ္ပဏီ နောက်ထပ် လုပ်မဲ့ အစီအစဥ်က ဘာဖြစ်မလဲ?
ဖုန့်လင်း သိချင်စိတ် ပြင်းပြစွာဖြင့် စောင်ကြည့်နေခဲ့သည်။
ဘွမ်း ဘွမ်း ဘွမ်း!
နောက်ထပ် ၃ ရက်ကြာပြီးနောက်
ဖုန့်လင်းမှာ ကြက်ဥလူသားများကို ကစားနေခဲ့ပြီး အစိမ်းရောင် လူသန်ကြီး ဆေးရည်များကို ပုံဆောင်ခဲပြုလုပ်ရန် အကောင်းဆုံးနည်းကို သုတေသနပြုနေစဉ် တခန်းလုံး ရုတ်တရက်တုန်ခါသွားသည်။
ဖုန့်လင်းနှင့် အခြားလူများမှာ အသံ၏မူလအစကို ရှာဖွေရန် လှည့်ကြည့်လိုက်ကြသည်။
ဖန်လုံခန်းများအတွင်းရှိ ကိုယ်ပွားများ ရုတ်တရက်နိုးထလာကြသည်။ ၎င်းတို့၏ အဝတ်ဗလာကိုယ်ခန္ဓာများသည် သတ္တုကြမ်းပြင်ပေါ်တွင် စစ်တပ်တစ်ခုမှ စစ်သားများကဲ့သို့ ဖြောင့်တန်းစွာရပ်နေကြပြီး ခမ််းနားသော အော်ရာကို ထုတ်လွှတ်နေခဲ့သည်။
ကိုယ်ပွားတစ်ဦးချင်းစီတွင် အရပ်မြင့်ပြီး ကြွက်သားတောင့်တင်းသော ခန္ဓာကိုယ်များရှိသည်။ ဂရိဒဏ္ဍာရီများထဲမှ သူရဲကောင်းများ၏ပုံထွင်းထုထားသော ကျောက်ဆစ်ရုပ်များ အသက်ပြန်ရှင်လာသကဲ့သို့ပင်။
အားလုံးတွင် နေရောင်ကဲ့သို့ တောက်ပသော ရွှေရောင်ဆံပင်များရှိသည်။ သူတို့၏မျက်နှာထက်တွင် မည်သည့်အမူအရာမှ မရှိဘဲ မျက်လုံးများ ပွင့်လာကြပြီး အနည်းငယ်ပင် အသက်မရှူသော စက်ရုပ်များကဲ့သို့ ဖြစ်နေသည်။
ဤထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းသော စစ်တပ်ကို ရန်သူများမြင်လျှင် ကျောရိုးတစ်လျှောက် အေးစက်သွားမည်မှာ မလွဲဧကန်ပင်။
အသိစိတ်ရှိသည့်စက်ရုပ်များစွာက ၎င်းတို့အတွက် ရောင်ခြည်သေနတ်များ၊ သံချပ်ကာများနှင့် စစ်သုံးပစ္စည်းများကို အဆင်သင့်ပြင်ဆင်ပေးထားသည်။
စက်ရုပ်များမှာ အနည်းငယ်သာရှိသည်။
စက်ရုပ်တစ်ခုချင်းစီသည် ကြီးမားသောငွေကြေးအင်အားမရှိဘဲ မဖန်တီးနိုင်သည့် စစ်ယန္တရားကြီးများဖြစ်ပြီး ဧရာမဆေးဝါးကုမ္ပဏီကဲ့သို့ ကြီးမားသည့် ငွေကြေးအုပ်စုကြီးအတွက်ပင် စုစုပေါင်း စက်ရုပ် သုံးစီးသာ ရှိသည်။
ဒုန်း ဒုန်း ဒုန်း
ရှေ့ဆုံးတွင် မီတာ ၁၀၀ ကျော်မြင့်သော စက်ရုပ်ကြီးက ဦးဆောင်ရွေ့လျားနေပြီး ကိုယ်ပွားများသည် စက်ရုပ်များမှ သယ်ဆောင်လာသော စစ်သုံးပစ္စည်းများကို အမြန်ဝတ်ဆင်ပြီး သံမဏိလှိုင်း လုံးတစ်ခုကဲ့သို့ တညီတညွတ်တည်း ရှေ့သို့ ရွေ့လျားနေကြသည်။
ဤကိုယ်ပွားများ၏ ခန္ဓာကိုယ်များမှာ အမဲလိုက်ကျားသစ်တစ်ကောင်ကဲ့သို့ ဖြစ်နေခဲ့သည်။ ၎င်းတို့ ရွေ့လျားသည့်အခါတိုင်း အသံမှာ တစ်ထပ်တည်းဖြစ်နေပြီး အဖွဲ့တစ်ခုလုံးမှာ စည်းချက်ညီညီ လှုပ်ရှားမှုများနှင့် ကြည့်သူတိုင်းကို ကြောက်ရွံ့တုန်လှုပ်စေသည့် ခမ်းနားထည်ဝါသော စွမ်းရည်များ ပိုင်ဆိုင်ထားကြသည်။
၎င်းတို့၏ ဦးနှောက်ထဲတွင် အဆင့်မြင့် တိုက်ခိုက်ရေးနည်းပညာများ အလိုအလျောက်ထည့်သွင်းပြီးဖြစ်ကာ တစ်ဦးချင်းစီသည် စစ်မြေပြင်ပေါ်တွင် အလိုအလျောက်သတ်ဖြတ်နိုင်သော စက်ယန္တရားများသဖွယ် ဖြစ်နေသည်။
အကြိမ်ကြိမ်ရှုံးနိမ့်ပြီးနောက် ဧရာမဆေးဝါးကုမ္ပဏီမှာ နောက်ဆုံးအနေနှင့် ၎င်းတို့၏ အသန်မာဆုံး ဝှက်ဖဲကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။
ဖုန့်လင်း၏ အကြည့်များ အေးခဲသွားသည်။ ဤစစ်ပွဲသုံးပစ္စည်းများပေါ်တွင် ထူးခြားသည့် သင်္ကေတတစ်ခုကို သူ တွေ့လိုက်ရသည်။
"卍"!
ဤသင်္ကေတသည် ဆွာတိကကို ကိုယ်စားပြုသော အမှတ်အသားဖြစ်ပြီး မှောက်ထားသော 'S' ပုံစံလျှပ်စီးစာလုံးနှစ်ခုကို စောင်း၍ပေါင်းစပ်ထားခြင်းဖြစ်သည်။
"နာဇီတွေလား...?"