သက်စောင့်စွမ်းအား အလွန်အကျွံသုံးစွဲမှု
Vol. 2 Ch. 25
“ဘာလဲ။ ငါရဲ့ သက်စောင့်စွမ်းအားကို သုံးမိနေတာလား။”
ဖုန့်လင် အလွန် တုန်လှုပ်သွားသည်။ သူ၏ဆဲလ်များအား သန်မာစေခြင်းသည် သူ၏အသက်အမှတ်အား တိုးတက်လာစေသည်။ သူတစ်ခါမှ မခံစားဖူးသည့် ကောင်းမွန်သည့် ခံစားမှုကိုသာ ခံစားခဲ့ရ၏။
သို့သော် လက်ရှိတွင် A.I က သူ့ကို အသက်စွမ်းအားကို အလွန်အကျွံသုံးစွဲနေပြီး သက်စောင့်စွမ်းအားက ကြီးထွားလာတဲ့ဆဲလ်တွေရဲ့ အသုံးပြုခံနေရတယ်လို့ပြောနေသည်။ သူ ဒါကို ဘယ်လိုလက်ခံနိုင်မှာလဲ။
သူ အလျင်အမြန်မေးလိုက်သည်။
“ငါ ဒါကို ဘယ်လိုဖြေရှင်းရမလဲ”
“အာဟာရဓာတ်စာ ပမာဏများများ စားတာထက် တစ်ခြားနည်းလမ်းမရှိပါဘူး။”
A.Iကပြန်ပြောသည်။
“အတိအကျ ဘယ်လောက်လောက်လိုအပ်မှာလဲ”
ဖုန့်လင်း အတိအကျ မေးလိုက်သည်။
“လိုအပ်တဲ့ ပမာဏက မဖြစ်နိုင်တဲ့အထိမဟုတ်ပါဘူး''
A.Iက အဖြေပေးသည်။
သူ A.Iထံမှ အခြားသော အဖြေများ ရနိုင်တော့မည်မဟုတ်ချေ။
ဖုန့်လင်း သေချာတွေးတောပြီးနောက် မေးလိုက်၏။
“အဲ့လိုဆိုရင် မျိုးဗီဇရဲ့ စွမ်းရည်တွေ အလားအလာတွေ အပြည့်အဝ မဖွံ့ဖြိုးသေးရင် လိုအပ်တဲ့ အာဟာရဓာတ် အချိုးတွေတော့ရှိမှာပေါ့”
“အမှန်ပဲ။ ဒဏ္ဍာရီလာ မျိုးဗီဇသီအိုရီတွေအရဆိုရင် မျိုးဗီဇတွေက အသက်ဖွဲ့စည်းပုံကို ထိန်းချုပ်ပြီး အသွင်ပြောင်းဖို့ ၊ ဆင့်ကဲပြောင်းလဲဖို့ အာဟာရဓာတ်တွေလိုတယ်။ လက်ရှိမှာ မင်းက အရမ်းသန်မာနေပြီး မင်းရဲ့ခန္ဓာကိုယ်ထဲမှာ အာဟာရတွေစုဆောင်းထားရမယ်။ငါရဲ့ အကဲဖြတ်မှုတွေနဲ့ အစောက စစ်ဆေးမှုရလဒ်တွေအရ ဆိုရင်တော့ မင်းရဲ့ မျိုးဗီဇတွေက အမှတ်တက်သန်မာလာပြီးနေပြီ။ ဒါပေမယ့် မင်းရဲ့ခန္ဓာကိုယ်ကို အသွင်ပြောင်းလဲပေးဖို့ အာဟာရဓာတ်တွေ မလုံလောက်သေးဘူ။အဲ့တာကြောင့် မင်းသာ ဒီနည်းလမ်းအတိုင်း ဆက်ကျင့်ကြံနေရင် မင်းရဲ့ ခန္ဓာကိုယ်က လုံးဝ အာဟာရခမ်းခြောက်သွားမယ်။ ပြီးရင် မင်းရဲ့ အသက်စွမ်းအား ထိခိုက်သွားပြီး မသန်မစွမ်းဖြစ်လာလိမ့်မယ်။ဒါက မင်းရဲ့ အသက်စွမ်းအင်အမှတ်ကြီးထွားမှုတွေကိုလည်း ကန့်သတ်သွားလိမ့်မယ်။အခုတောင် မင်းရဲ့မျိုးဗီဇသန်မာပုံမျိုးနဲ့ဆိုရင် အသက်အမှတ် ၁.၅ မှာတင် ဖြစ်မနေသင့်ဘူး။”
A.I ကပြန်ဖြေသည်။
“အခုသန်မာမှုနဲ့ဆိုရင် အသက်အမှတ်က အတိအကျ ဆိုရင် ဘယ်လောက်ထိရှိနေသင့်လဲ”
ဖုန့်လင်း၏ နှလုံးသား တင်းကျပ်သွားသည်။သူဘာလို့ သတိမထားမိရတာလဲ။ အမှတ်များသည် သူဆက်လက်ကြီးထားသန်မာလာမည်ကို ဆုံးဖြတ်ရာတွင် အရေးပါသည့်အရာများဖြစ်ကြသည်။
“အလွန်ဆုံး ၄.၀မှတ်လောက်တော့ ရှိနေသင့်ပြီပေါ့ ”
A.I က ဖြေသည်။
“ဘာ...”
ဖုန့်လင်း တုန်လှုပ်သွားသည်။
လက်ရှိတွင် သူ၏အသက်အမှတ်သည် ၁.၉သာ ရှိနေသည်။ A.Iက မှာအနည်းဆုံး ၄.၀ အမှတ်လောက် ရှိနေသင့်သည်ဟု ပြောသည်။
ဘယ်လိုတောင် ကွာဟချက်တွေကကြီးမားနေရတာပါလိမ့်။
ဒါ ကျိုးကြောင်းဆီလျော်မှု မရှိလိုက်တာ။
သို့သော် A.I က သက်ရှိတစ်ယောက်မဟုတ်သည့်အတွက် သင့်အား ဟာသလုပ်မည်မဟုတ်ချေ။
“အဲ့တာ ဘာကြောင့်လဲ”
ဖုန့်လင်း မေးလိုက်၏။
A.Iက
“မျိုးဗီဇတွေက ဘဝတစ်ခုရဲ့ အဓိကဗဟိုချက်တွေပဲ။ မျိုးဗီဇတစ်ခု နိုးထလာတာနဲ့ အဲ့ဒီမျိုးဗီဇတွေက ခန္ဓာကိုယ်ထဲက ဟော်မုန်းတွေနဲ့ အာဟာရဓာတ်တွေကို ထိန်းချုပ်ပြီး မင်းရဲ့အင်္ဂါတွေကို သန်မာလာစေဖို့ ဆဲလ်အသစ်တွေကို ဖန်တီးလိမ့်မယ်။ဒါက မင်းနိုးထလာတဲ့ မျိုးဗီဇတွေသန်မာလာတာနဲ့ မင်းရဲ့ အသက်အမှတ်တွေ ဘာကြောင့် တိုးလာရတာလဲဆိုတဲ့အကြောင်းအရင်းပဲ။ဒါပေါ့။ မင်းရဲ့ ဆဲလ်တွေကို ကြီးထွားလာစေဖို့ အာဟာရဓာတ်တွေ လုံလုံလောက်လောက် အားဖြည့်ပေးဖို့တော့ လိုသေးတာပေါ့။ဥပမာပြောရရင် မျိုးဗီဇက အဆောက်အဦးတစ်ခုဆိုရင် အာဟာရတွေက အုတ်ခဲတွေပေါ့။မင်းသာ ပစ္စည်းတွေ အုတ်ခဲတွေ မလုံလောက်ရင် အဆောက်အဦးဆောက်လုပ်ရေးကလဲ ပြီးဆုံးနိုင်မှာ မဟုတ်ဘူးလေ။ဒီလိုပဲ။ မင်းမှာ အာဟာရဓာတ်မလုံလောက်ရင် မင်းရဲ့ မျိုးဗီဇတွေက ဘယ်လောက်သန်မာနေနေ မင်းရဲ့ အသက်အမှတ်က တိုးတက်လာမှာမဟုတ်တော့ဘူးလေ။ပညာရှင်တွေရဲ့ ယဆချက်တွေအရဆိုရင် အခြေခံမျိုးဗီဇတစ်ခု ကို မျိုးဗီဇအမှတ်တစ်ခု ပေါင်းထည့်ရင် အနည်းဆုံး အသက်အမှတ် ၀.၁မှတ်တော့ တက်လာတယ်တဲ့။ဒါပေမယ့် အဲ့ဒီ ၀.၁မှတ်တက်တာက သင့်လျော်တဲ့ အာဟာရဓာတ်မလုံလောက်တဲ့ လူတွေမှာမှ ဖြစ်တဲ့အခြေအနေတစ်ခုပါဘဲ။”
ဖုန့်လင်း၏ နှလုံးသား တုန်ခါသွားသည်။ သူက အဲ့လိုအခြေအနေမျိုးမှာမလား။
သူအလျင် အမြန်မေးလိုက်သည်။
“သင့်လျော်တဲ့အာဟာရဓာတ်ရှိရင်ရော ဘယ်လိုဖြစ်မှာလဲ”
A.I ပေးလိုက်သည့် အဖြေက သူ့အား တုန်လှုပ်သွားစေသည်။
“အဲ့လို အခြေအနေဆိုရင်တော့ အသက်အမှတ် တိုးမြင့်လာတာက ၁.၀နဲ့ နည်းနည်းလေးပဲကွာမယ်။ မင်းမှာသာ သင့်လျော်တဲ့ အာဟာရဓာတ်တွေရှိနေရင် အသက်အမှတ် တိုးတက်မှုနှုန်းက ပိုမြန်လာမှာပေါ့”
“ဒါက တကယ်ပဲ ၁ တိုးလာမှာလား”
ဖုန့်လင်းအမှန်ပင် တုန်လှုပ်သွားခဲ့သည်။ ယခင်က သူ့အတွေးတို့မှာ ရိုးရှင်းလွန်းလှသည်ကို တွေ့လိုက်သည်။
မျိုးဗီဇတိုးတက်မှုသည် ထိုမျှမရိုးရှင်းပေ။ သူနိုးထလာသည့် မျိုးဗီဇများကိုလည်း သန်မာလာစေရန် လုပ်ဆောင်ရရုံမျှ သာမကပေ။ မျိုးဗီဇစွမ်းရည်များ အပြည့်အစုံဖွံ့ဖြိုးလာစေရန် သင့်လျော်သည့် အာဟာရဓာတ်တို့လည်း ဖြည့်စွက်ရဦးမည်ဖြစ်သည်။
သူ၏ မျိုးဗီဇမှတ်များသုံးကာ သူ့မျိုးဗီဇအား သန်မာလာစေသည့်အချိန်တိုင်း ၀.၁မှတ်သာ တက်သည်။ တစ်ခြားသောကျောင်းသားများသည် တိုးတက်နှုန်း ထိုထက်မြင့်မည်မှာ သေချာသည်။
သီအိုရီပိုင်းဆိုင်ရာ အချိုးအစားရ ၁.၀သာတက်သည်ဟု ဆိုသော်လည်း လုံလောက်သည့် အာဟာရဓာတ်တို့ရှိနေပါက ထိုသတ်မှတ်ချက်နှင့် ကွာလိမ့်မည်မဟုတ်ချေ။
အခြားကျောင်းသားများ၏ တိုးတက်မှု အချိုးသည် ၀.၅မှတ် ဖြစ်သည်ဆိုပါက သူတို့ တစ်မှတ် မြှင့်လိုက်ပါက သူ၏ငါးကြိမ်မြှင့်ခြင်းနှင့် တူညီနေသည်ဟုပင်။
ရုတ်ချည်းဆိုသလို သူအကြီးအကျယ် စိတ်အားငယ်သွားသည်။ သူနှင့်အတူ ပုံရိပ်ယောင်သိုင်းစေတီအတွင်း ပါဝင်ယှဉ်ပြိုင်နေသည့် အခြားအတန်းများမှ ပါရမီရှင်များသည် မျိုးဗီဇတို့အား သူနှင့် နှိုင်းယှဉ်နိုင်သည် အထိ အဆင့်မမြှင့်ရသေးပေ။ ဒါပေမယ့် သူတို့ရဲ့ အသက်အမှတ်တွေက ဘာကြောင့် ထိုမျှများနေသနည်း။
ပြဿနာသည် အာဟာရချို့တဲ့ခြင်းပင်။
ဒါသည် သင့်အား လမ်းညွှန်ပေးမည့်လူ မရှိခြင်း၏ ရလဒ်ပင်။ အကယ်၍ A.I ကသာ အသိမပေးပါက သူဒါကို သတိထားမိမည်မဟုတ်ပေ။
ထိုအချက်အား သိပြီးနောက်တွင် ပုံရိပ်ယောင်သိုင်းစေတီအတွင်းကို သူသာမလာလိုက်လျှင် အချည်းနှီးဖြစ်သွားမည်ကို သိလိုက်သည်။
သို့သော် အာဟာရဓာတ်စာများစားသုံးရန် အစီအစဉ်အတွက် ကြယ်တာယာဒင်္ဂါးများ လိုအပ်ဦးမည်ဖြစ်၏။ အရာအားလုံးသည် တောတော်လေး ဒုက္ခရောက်နိုင်လွန်းလှသည်။
ဖုန့်လင်း သူ့တွင်မည်ကဲ့သို့နောက်ခံမျိုး ရှိနေသည်ကိုသိသည်။ သူ့မိသားစုတွင် အာဟာရအစားအသောက်များ ဖြည့်စွက်စားသုံးရန် နည်းလမ်းမရှိပေ။ သူတို့အားလုံး အနိမ့်ဆုံးအဆင့် အာဟာရဖျော်ရည်အား သောက်နေရခြင်းဖြစ်၏။
ထို အဆင့်နိမ့်အာဟာရဖျော်ရည်သည် လူတစ်ယောက်၏ဝမ်းကို ဖြည့်ပေးနိုင်သော်လည်း အာဟာရဓာတ်သည်တော့ အလွန်အမင်းနိမ့်ကျလွန်းသည်။ ထို့ကြောင့်ပင် သူ၏မျိုးဗီဇ သို့မဟုတ် ခန္ဓာကိုယ်အား ကြီးထွားလာစေရန် မဖြစ်နိုင်ခြင်းပင်။
သူသာ ဆက်လက် ကျင့်ကြံလိုပါက ပိုကောင်းသည့် အစားအစာအား စားရပေလိမ့်မည်။ ဥပမာအနေနှင့်ဆိုလျှင် အလယ်အလတ်အဆင့်အာဟာရဆေးဝါး သို့မဟုတ် အဆင့်မြင့်အဆင့်အာဟာရဖျော်ရည်တို့ကို စားသုံးသင့်ပေသည်။
သူတို့သည်လည်း ပြီးပြည့်စုံသည့်အဆင့်နှင့် မကွာလှချေ။
အထူးပရိုတိန်းကဲ့သို့ အဆင့်မြင့်အားဆေးများ ၊ အာကာသသားရဲများ၏ အသားများ ၊ စွမ်းအင်ဆေးရည်များ စသည်တို့အားလည်း လိုအပ်သေးသည်။
သို့သော် အားလုံသည် ငွေကုန်ကြေးကျကြီးသည်။ သူ ကြယ်ဒင်္ဂါးတွေ ပိုပြီးလိုနေသေးတယ်။
မကြာမီပင် သူ၏ဆင်းရဲသည့် ဖုန်းမျိုးနွယ်ကဲ့သို့ နောက်ခံသည် သူ့တိုးတက်မှုကို ပြင်းပြင်းထန်ထန်ကန့်သတ်ထားသည်ကို နားလည်လိုက်သည်။ သို့ပေမဲ့ သူ မကျေမနပ်ဖြစ်နေမည်မဟုတ်ချေ။
ကျင့်ကြံခြင်းလမ်းကြောင်းက ပြောမပြနိုင်အောင်ရှည်လျားသည်။ သူတစ်ပါးပေါ်တွင် မှီခိုနေပါက ဝေးဝေးသို့လျောက်လှမ်းနိုင်မည်မဟုတ်ချေ။
ကိုယ့်အားကိုယ်သာကိုးရန် တတ်နိုင်သည်။
ထို့ကြောင့် နောက်တွင် ပိုက်ဆံများများရှာနိုင်ရန် နည်းလမ်းတစ်ခု ရှာသင့်သည်။
အကယ်၍ သူသာ အာဟာရဓာတ်မလုံလောက်ပါက ဘာမှမရှိဘဲ သူ၏မျိုးဗီဇကို အဆင်မြှင့်ရမည်ဖြစ်သည်။ ဒါက ဘာကိုဆိုလိုတာလဲဆို ခမ်းခြောက်နေသည့် ရေအိုင်ငယ်လေးမှ ငါးတစ်ကောင်ကဲ့သို့ပင်။ သူ့အနေဖြင့် သူ၏အသက်ကို စွန့်စားသလို ကျင့်ကြံခြင်းလမ်းကိုပါ စွန့်စားရပေလိမ့်မည်။
ဤအချက်အား ရှင်းရှင်းလင်းလင်းသိသွားပြီးနောက်တွင် ဖုန့်လင်း တုံးအသည့် ရွေးချယ်မှုများမလုပ်တော့ချေ။ လုံလောက်သည့်အာဟာရဓာတ်တို့မရှိဘဲ သူ၏မျိုးဗီဇကို မိုက်မိုက်ကန်းကန်းဖြင့် သန်မာလာစေဖို့ မပြုလုပ်ရန် သူတိတ်တဆိတ် ဆုံးဖြတ်လိုက်၏။
အချိန်တစ်ခုကြာပြီးနောက် ဖုန်းလင်၏ ရုပ်ပိုင်းဆိုင်ရာခွန်အားအချို့ ပြန်လည်ရရှိလာသည်။ သူမတ်တတ်ရပ်လိုက်ကာ မောပန်းစွာဖြင့် ကျင့်ကြံခြင်းအဆောက်အဦးအပြင်သို့ လမ်းလျှောက်ထွက်သွားလိုက်၏။
ဤအချိန်တွင် ကျောင်းသား အသီသီးတို့မှာ စိတ်လှုပ်ရှားနေကြသည်။ သူတို့အားလုံးတွင် ပင်ပန်းသည့်အကြည့်တို့ရှိနေကာ ခက်ခဲ့သည့်တိုက်ပွဲတစ်ခု ကြုံတွေ့ခဲ့ရသည်ကို သိနိုင်သည်။
သူတို့၏အတန်းပိုင်များက အာဟာရဆေးဝါးများကို ပုလင်းလိုက် ပေးဝေနေသည်။
ဖုန့်လင်း သေချာကြည့်လိုက်သည့်အခါ အစိမ်းရောင်နတ်ဘုရား အမျိုးအစား-၃အာဟာရဆေးဝါး ဟုခေါ်သည့် အသစ်ထုတ်လုပ်ထားသည့် အာဟာရဆေးဝါးတစ်သုတ် ဖြစ်ကြောင်း တွေ့လိုက်၏။
ဤအရာကို စကြာဝဋ္ဌာအတွင်းရှိ အမျိုးမျိုးသော အပင်များနှင့် မတူညီသည့် အာဟာရဓာတ်များ ရောစပ်ထုတ်လုပ်ထားသည်ဟု ပြောကြ၏။
တစ်ပုလင်းသည်ပင် ကြယ်ဒင်္ဂါး ၁၀၀၀ ခန့်ကုန်ကျကာ ဆယ်ရက်စာ အာဟာရဓာတ်ပမာဏ ပါဝင်သည်။
“ဒါကိုယူလိုက်”
အတန်းပိုင်ဆရာမက အာဟာရဆေးဝါးတစ်ပုလင်း ပစ်ပေးလိုက်သည်။
“ဆရာမ...ဒါက...”
ဖုန့်လင်း ဖမ်းလိုက်ပြီးတုန့်ဆိုင်းနေခဲ့သည်။ ဒါက တန်ဖိုးကြီးလွန်းနေသည် မဟုတ်ပါလာ။
“ပုံရိပ်ယောင်သိုင်းစေတီက စွမ်းအင်တွေ ကုန်လွန်းစေတယ်။ ဒါက ယှဉ်ပြိုင်တဲ့ကျောင်းသားတွေကို ပြန်လည်ဖြည့်တင်းတာ ပိုမြန်အောင် ကျောင်းကပေးထားတဲ့ဟာပဲ။ ဘာဘာညာညာလုပ်မနေနဲ့ ပေးနေမှတော့ ယူလိုက်လေ”
အတန်းပိုင်ဆရာမက ဆို၏။
အတန်းပိုင်ဆရာမရဲ့ သဘောထားပြောင်းလဲသွားမှုနှင့် ပတ်သတ်၍ ထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။
သို့သော် သူဒီလို အခွင့်အရေးကို လက်လွှတ်ခံမည်မဟုတ်ချေ။
ဖုန့်လင်းက လေလုံးထွားကာဟိတ်ဟန်များသည့် လူတစ်ယောက်မဟုတ်ပေ။ သူလက်ခံလိုက်ပြီး ပြောလိုက်၏။
“ဆရာမ ကျေးဇူးပါပဲ”
စကားပြောပြီးနောက် သူလှည့်ထွက်သွားလိုက်၏။ သို့သော် သူ၏ နောက်ကျောမှ အေးစက်စက်အကြည့်တို့ကို သတိမပြုမိချေ။
သူထွက်လာပြီးနောက် သူ၏အိမ်ရှိရာသို့ ဦးတည်လိုက်၏။
သူ၏လက်ထဲမှ ပုလင်းအား စိုက်ကြည့်ရင်း ပိုပိုဆာလောင်လာသည်ဟု ခံစားလိုက်ရသည်။ သူ၏ ဆာလောင်မှုက နွားတစ်ကောင်လုံးကိုပင် စားပစ်နိုင်သည်ဟု ခံစားနေရသည်။
ထိုညို့ဓာတ်ပြင်းသည့်ဆွဲဆောင်မှုရနံ့သည် ခဏတာ ညှင်းပန်းနေရုံတင်မဟုတ်ပေ။ ထိုနောက်တွင် ဆွဲဆောင်မှုကို မတွန်းလှန်နိုင်တော့သည့်အတွက် ပုလင်းအဖုံးကိုဖွင့်ကာ တစ်ကျိုက်ထဲဖြင့် အကုန်သောက်ပစ်လိုက်သည်။
အာဟာရဖျော်ရည်များ ဗိုက်ထဲဝင်သွားသည့်အခါ ယားယံလာပြီး နွေးထွေး
သည့် စွမ်းအင်စီးကြောင်းလေးတစ်ခုက ခန္ဓာကိုယ်တွင် လှည့်ပတ်နေသည်ကို ခံစားမိလိုက်သည်။
ကျေနပ်သည့်အမူအရာတစ်ခု
ဖုန့်လင်း၏မျက်နှာထက်တွင် ပေါ်လာသည်။ သို့သော် ဆာလောင်မှုလှိုင်းလုံးကြီးက ရှိနေဆဲပင်။
သူနောက်ထပ်သောက်ချင်နေသေးသည်။
သိထားရမည်မှာ ထိုအာဟာရဖျော်ရည်အတွင်းမှ အာဟာရဓာတ်သည် သာမန်လူတစ်ယောက်အတွက် ဆယ်ရက်လောက်ခံမည်ဆိုတာပင်။ သို့သော် မသောက်ရသေးခင်ကနှင့်နှိုင်းယှဉ်ရလျှင် ခန္ဓာကိုယ်ထဲရှိ ပြောင်းလဲမှုသေးသေးလေးမှလွဲ၍ ဘာမှကွာခြားမသွားပေ။
ဒါကိုကြည့်၍ သူ၏အာဟာရဓာတ်များ အကြီးအကျယ်လျော့နည်းသွားသည်ကို မြင်နိုင်သည်။
လက်ရှိတွင် သူ၏တစ်ခုတည်းသောရည်ရွယ်ချက်မှာ လုံလောက်သည့် အာဟာရဓာတ်များ စားသုံးနိုင်ရန် ငွေရှာဖို့ဖြစ်သည်။ဖုန့်လင်း အလောတကြီးနိုင်နေသည်ဟု ခံစားရသည်။
“ အဲ့မှာ ရပ်လိုက်စမ်း ”
သူ ကျောင်းတံခါး၏အပြင်ကို ထွက်လိုက်ရုံသာရှိသေးသည်။ သူ၏ရှေ့တွင် လူတစ်အုပ်က ရုတ်တရက်ထွက်ပေါ်လာသည်။ ဦးဆောင်လာသည့်လူသည် အရပ်ရှည်ကာချောမောသည်။ သို့သော် သူ၏ဗိုလ်ကျသည့်အမူအရာက သူ၏ချောမောမှုအား ဖျက်ဆီးနေသည်။
ယင်းကား ဖုန့်လင်း၏အတန်းမှ
ထိပ်ဆုံးကျောင်းသား ကျောက်ခိုင်မှလွဲ၍ မည်သူမှမဟုတ်ချေ။