မိမိမျိုးနွယ်စုမှခေါင်းပုံဖြတ်ခံရခြင်း
Vol. 1 Ch. 3
ဒဏ္ဍာရီတိုင်းက နတ်ဘုရားဖြစ်ဖို့ လမ်းကြောင်းတစ်ခုဖြစ်သည်။
ကြယ်တာရာခေတ်တွင် လုံးဝနီးပါးပျောက်ကွယ်သွားပြီဖြစ်သော ဒဏ္ဍာရီများနှင့် ရှေးဟောင်းပုံပြင်များသည် အမှန်တကယ်တော့ အတိတ်မှလာသော ဖုန့်လင်းအတွက် အလွန်ရင်းနှီးကျွမ်းဝင်နေပါတယ်။
လက်ရှိအချိန်တွင် သူရဲ့အသက် စွမ်းအင်ဟာ ၀.၄ သာရှိပြီး ဤခေတ်ရှိ လူသားများ၏ ပျမ်းမျှအသက်စွမ်းအင်စံနှုန်းကိုတောင် မဖြည့်ဆည်းနိုင်သေးပါ။
သို့သော် ရှေးဟောင်းကမ္ဘာခေတ်က လူသားများဆိုရင် အသက်စွမ်းအင်စံနှုန်း ၀.၁ သာရှိခဲ့သည်။ သူ့ရဲ့မူလကမ္ဘာခေတ်က ခန္ဓာကိုယ်နှင့်နှိုင်းယှဉ်လျှင် သူ၏ခန္ဓာကိုယ်သည် အခု လေးဆပိုမိုအားကောင်းနေခဲ့သည်။
အသက်စွမ်းအင်တိုးလာသည်နှင့်အမျှ လူတစ်ဦး၏မှတ်ဉာဏ်ကို ပိုမိုအားကောင်းလာစေသည်။ ခွန်အားနှင့်လျင်မြန်မှုအပြင် အခြားရုပ်ပိုင်းဆိုင်ရာ လက္ခဏာများလည်း ပိုမိုအားကောင်းလာစေပါတယ်။
ကမ္ဘာပေါ်တွင်ရှိစဉ်က သူဖတ်ဖူးသော ဒဏ္ဍာရီနှင့် ရှေးဟောင်းပုံပြင်အကြောင်းအရာများကို သူမေ့သွားပြီဖြစ်ကောင်းဖြစ်နိုင်ပေမယ့်လည်း ဒါတွေက သူစိတ်ထဲက နေရာတစ်နေရာမှာ သေချာပေါက်ရှိမှာပါ။ အခု သူ စူးစိုက်ပြီး ၎င်းတို့ကို ပြန်လည်သတိရအောင် ကြိုးစားရင် အချက်အလက်တွေက သူ့စိတ်ထဲမှာ ပေါ်လာမှာပါပဲ။ ရှေးဟောင်းကမ္ဘာခေတ်က မရေမတွက်နိုင်သော ဒဏ္ဍာရီနှင့် ရှေးဟောင်းပုံပြင်များသည် ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုများ၏ လျှို့ဝှက်ချက်များနှင့်သက်ဆိုင်တဲ့ မှတ်တမ်းတွေ ဖြစ်ပါသည်။
ဖုန့်လင်းအနေနဲ့တော သူကနတ်ဘုရားဖြစ်ဖို့ဦးတည်နေတဲ့ မရေမတွက်နိုင်တဲ့လမ်းကြောင်းတွေကို ထိန်းချုပ်ထားတယ်လို့ ခံစားမိလိုက်ပါတော့သည်။
သူ့စိတ်ထဲမှာ မရေမတွက်နိုင်တဲ့ အတွေးတွေ ပေါ်လာပါတယ်။ သူ ကျောင်းဝင်ပေါက်ကထွက်ပြီး အိမ်ပြန်ဖို့ သံလိုက်စွမ်းအင်သုံးရထားပေါ်မှာထိုင်လိုက်သည်။
မိုးမျှော်တိုက်များစွာဟာဆိုရင်တော့ ကောင်းကင်ဘုံသို့ ဦးတည်နေသော ကောင်းကင်တိုင်တွေနဲ့တူနေပါတယ်။ မီးတောက်တွေ၊ နီရဲတဲ့အလင်းတန်းတွေနဲ့ ပြည့်နေတဲ့ ပျံသန်းကားတွေကလည်း ကြယ်တံခွန်တွေလို လေထဲမှာပျံသန်းနေသည်။ ဉာဏ်ရည်တုစက်ရုပ်တွေကလည်း မြို့ရဲ့ထောင့်တိုင်းမှာ လှုပ်လှုပ်ရှားရှားနဲ့ အလုပ်ရှုပ်နေကြဆဲပါပဲ ...
ဒါကတော့ အရင်ဘယ်အချိန်တုန်း ကမှ မကြုံဖူးတဲ့ ကြီးကျယ်ခမ်းနားတဲ့ခေတ်ကြီးတစ်ခုဖြစ်သည်။
ကြယ်တာရာကောင်းကင်ကို သိမ်းပိုက်ခြင်း၊ အကန့်အသတ်မရှိတဲ့ ရတနာတွေကို ရယူခြင်းဖြင့် ၊ လူတိုင်းလူတိုင်းဟာ လူသားများကြားမှ နဂါးတွေ ဖြစ်လာနိုင်ပါတယ်။
…….
ဒီခေတ်က ဖုန့်လင်း၏မှတ်ဉာဏ်ကို ရပြီးပြီဆိုပေမယ့် ဒါတွေအားလုံးကို ကိုယ်တိုင်မြင်တွေ့ရတော့ ဖုန့်လင်းအနေနဲ့ အလွန်ကိုအံ့အားသင့်ခဲ့ရသည်။
သံလိုက်စွမ်းအင်သုံးရထား၏ခရီးသွားနှုန်းက အလွန်မြန်ကိုဆန်ပြီး တစ်နာရီလျှင် ၃,၀၀၀ ကီလိုမီတာထက် ပိုမိုကိုမြန်ဆန်သည်။
ဖုန့်လင်း ဆယ်မိနစ်အကြာမှာပဲ အိမ်ပြန်ရောက်လာခဲ့ပါသည်။
ဖုန့်ကလန်ရဲ့အထွတ်အမြတ်အဆောက်အဦ
သူရဲ့မျက်စိရှေ့မှာပဲ သတ္ထုတွေနဲ့ တည်ဆောက်ထားတဲ့ ကြီးမားသည့်ငွေရောင်အဆောက်အဦတစ်ခုကို တွေ့မြင်ရရသည်။ ဒီအဆောက်အဦးက မီတာရာပေါင်းများစွာမြင့်မားပြီး တောင်အသးစားလေးတစ်ခုနှင့်ကိုတူပြီး အလွန်ကိုကြီးကျယ်ခမ်းနားပုံရပါတယ်။
ဖုန့်လင်း မျက်ခုံးတွေကိုတွန့်လိုက်ပြီး စိတ်မသက်မသာဖြစ်စေတဲ့ မှတ်ဉာဏ်တွေက သူစိတ်ထဲမှာ မလိုလားစွာနဲ့ဘဲ ပေါ်လာခဲ့ပါတော့တယ်။
သူက ရထားပေါ်မကနေ ဆင်းပြီး အတွင်းကို ဝင်သွားသည်။အဆောက်အဦအတွင်းသို့ဝင်လိုက်တော့ အနီရောင်အလင်းတန်းတစ်ခုကျလာပြီး သူ့ကိုအပေါ်အောက်စစ်ဆေးလိုက်သည်။ “မိုက်ခရိုချစ်ပ်စကင်န်ဖတ်ပြီးပါပြီ။ ကိုယ်ရေးကိုယ်တာအချက်အလက်အတည်ပြုပြီးပါပြီ။ ၉-ဆင့်မြောက်မျိုးနွယ်စုဝင်၊ ဖုန့်လင်း...” ထို့နောက် အခြားတံခါးတစ်ခုပွင့်လာပြီး ဖုန့်လင်းက၎င်းကိုဖြတ်ပြီးတော့ ကျယ်ဝန်းတဲ့ဧည့်ခန်းထဲကိုရောက်ရှိလာခဲ့ပါတယ်။
ဒီအဆင့်မှာဆို အမြင့်ပိုင်းအဆင့်တွေနဲ့ ဆက်သွယ်ထားတဲ့ စက်လှေကားများစွာကို တွေ့မြင်နိုင်သည်။ ဒီနေရာမှာရှိတဲ့ ရှိ အလှဆင်မှုတွေကလည်း လှပခမ်းနားပြီး ရေကူးကန်တွေ ၊ ကျင့်ကြံဖို့အခန်းတွေ ၊ အနှိပ်ခန်းတွေ...စတာတွေ ရှိပြီးတော့ လူတစ်ဦးအား ဆန္ဒရှိသလိုခံစားခွင့်ပေးထားပါတယ်။ အစေခံအဝတ်အစားများဝတ်ဆင်ထားသော အလှမယ်များစွာကလည်း လှည့်လည်သွားလာနေသည်။ ဤသည်မှာ ကျေးကျွန်ခေတ်က တည်ရှိခဲ့သော ဧကရာဇ်နန်းတော်တစ်ခုနဲ့တောင်တူနေပါတယ်။
ဖုန့်လင်း ဒါတွေကို တစ်ချက်ကြည့်ပြီးတော့ မျက်နှာလွှဲလိုက်သည်။ သူက လှည့်ပြီး ဝေးကွာသောထောင့်တစ်ခုဆီကို လျှောက်သွားလိုက်သည်။ဒီနေရာမှာ မြေအောက်ခန်းဆီကိုဆင်းတဲ့ ရှေးဟောင်းဓာတ်လှေကားတစ်ခုကို တွေ့မြင်နိုင်ပါတယ်။
ပတ်ဝန်းကျင်မှာဆို စိတ်အားထက်သန်နေတဲ့ လူငယ်များစွာက သူ့အနားကဖြတ်သွားပြီး အဆောက်အဦရဲ့အပေါ်ပိုင်းအဆင့်များဆီသို့ ဦးတည်သွားနေကြသည်။ အစကအဆုံးထိ ဖုန့်လင်းနှင့် စကားတစ်ခွန်းမျှမပြောကြပေ။ သူ့ကို ကြည့်ဖို့ကို စိတ်မဝင်စားကြပေ။
သို့သော် ဒီလူတွေက သူ့မျိုးနွယ်စုဝင်တွေပါ။
ကြယ်တာရာခေတ်ဟာဆိုရင် အရင်က မည်သည့်အခါကမျှမကြုံဖူးတဲ့ ကြီးကျယ်ခမ်းနားသည့်ခေတ်ကြီးဖြစ်သည်။
ကြယ်တာရာကောင်းကင်ကလည်း အကန့်အသတ်မရှိ၊ စကြာဝဠာကလည်း အနန္တဖြစ်သည်။
ဒီနေရာမှာအကန့်အသတ်မဲ့ လွတ်လပ်ခွင့်တွေရှိသလို အဆုံးမရှိတဲ့ကြောက်စရာတွေလည်းရှိပါတယ်။ စကြဝဠာသည် အလွန်မှောင်မိုက်ပြီး အေးစက်နေသလို ကမ္ဘာမှာရှိတဲ့ အရာအားလုံးကိုလည်း မျိုချနိုင်သည်။ ကြောက်မက်ဖွယ်ကောင်းသော ကြယ်တာရာသတ္တဝါများ၊ ရိုင်းစိုင်းကြမ်းတမ်းတဲ့ ဂြိုဟ်သားသက်ရှိတွေ ဒါတွေ တစ်ခုစီတိုင်းက လူသားမျိုးတစ်ခုလုံးကို မျိုချနိုင်ပါတယ်။
အကန့်အသတ်မဲ့ကျယ်ပြန့်တဲ့ စကြာဝဠာမှာတောင် အမှောင်မိုက်ဆုံး တောရိုင်းဥပဒေအတိုင်း လိုက်နာနေဆဲပါပဲ။ သဘာဝရွေးချယ်မှုတွေက ပျံ့နှံ့နေပြီး အားကောင်းသူများပဲ အသက်ရှင်ကျန်ရစ်ခြင်းက အမှန်ကန်ဆုံးသော စည်းမျဉ်းဖြစ်သည်။
မတူညီတဲ့လူမျိုးတွေအကြား ပြိုင်ဆိုင်မှုတွေသာမကဘဲ ကြယ်တာရာခေတ်ရှိ လူတိုင်းလူတိုင်းကလည်း အချင်းချင်းပြိုင်ဆိုင်နေကြပါတယ်။ လူသားဦးရေဟာဆိုရင် ထရီလီယံပေါင်းများစွာကိုရှိပြီး အံ့အားသင့်ဖွယ်ကောင်းလောက်အောင် များပြားလှပါသည်။ ပြိုင်ဆိုင်မှုတွေကလည်း အလွန်ကိုပြင်းထန်လွန်းပါတယ်။
စစ်မှန်စွာသန်မာသူတွေပဲ လွတ်လပ်မှုကို လိုက်ရှာနိုင်ပါတယ်။
အားနည်းသူတွေကတော့ အတူတကွနဲ့ပဲစုပေါင်းနေကြပြီးတော့ အသက်မွေးဝမ်းကြောင်းပြုရသည်။
မျိုးနွယ်စု - ဒီရှေးဟောင်းလူမှုဖွဲ့စည်းပုံက ကြယ်တာရာခေတ်မှာ ပြန်လည်အသက်သွင်းခံရပြီးကျော်ကြားလာခဲ့သည်။ လူအများစုအနေနဲ့တော့ အသက်ရှင်ရပ်တည်ရေးအတွက် အုပ်စုဖွဲ့ဖို့လိုအပ်ပါတယ်။
ဒါ့အပြင် နှစ်ပေါင်းတစ်သောင်းကျော် ဖွံ့ဖြိုးတိုးတက်မှုရဲ့ ရလဒ်အနေနဲ့ နေအဖွဲ့အစည်းရှိ ကမ္ဘာမြေရဲ့သယံဇာတတွေက လုံးဝနီးပါးကုန်ခန်းသွားခဲ့ပါပြီ။ ကမ္ဘာမြေပြင်ပရှိ အာကာသကလည်း အခုအချိန်မှာ ဖရိုဖရဲကြယ်နယ်ပယ် လို့ခေါ်တဲ့ ဒေသတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး ဒါက နာမည်နဲ့လိုက်အောင် သိပ္ပံနှင့်နည်းပညာဟာ အခြားဂြိုဟ်များနှင့်နှိုင်းယှဉ်မယ်ဆို ပိုပြီးနိမ့်ကျတယ်လို့ ယူဆရပြီး ကမ္ဘာတစ်ဝှမ်းမှာလည်း ပရမ်းပတာဖြစ်နေတယ်။
သေးငယ်တဲ့မျိုးနွယ်စုတစ်ခုက သေးငယ်တဲ့လူ့အဖွဲ့အစည်းနှင့်တူပြီး ပုရွက်ဆိတ်အသိုက်ရဲ့ အတွင်းဖွဲ့စည်းပုံနှင့်လည်း တူပာတယ်။ မျိုးနွယ်စုဝင်အားလုံးမှာ မတူညီတဲ့ပါရမီတွေ၊ မတူညီတဲ့စွမ်းရည်တွေနဲ့ မတူညီတဲ့ ကျင့်ကြံမှုတွေရှိပြီးတော့ ၎င်းတို့ဟာဆိုရင် မတူညီတဲ့အလုပ်တွေအတွက် သင့်လျော်ကြသည်။ အချို့လူတွေက ကြိုးကြိုးစားစားလုပ်ကိုင်ပြီး တိတ်ဆိတ်စွာနေတဲ့ အလုပ်သမားပုရွက်ဆိတ်တွေနဲ့တူပြီး အချို့ကတော့ စစ်သားပုရွက်ဆိတ်တွေလို မျိုးနွယ်စုရဲ့အကျိုးစီးပွားကို ကာကွယ်ဖို့ တာဝန်ရှိကြသည်။။ ဒါ့အပြင် တစ်ချို့ကတော့ ပိုမိုမြင့်မားတဲ့ရာထူးရှိပြီး ကြီးမားတဲ့လုပ်ပိုင်ခွင့်အာဏာနဲ့စွမ်းအားရှိပြီး ဒီလူတွေကတော့
ပုရွက်ဆိတ်ဘုရင်နဲ့ပုရွက်ဆိတ်ဘုရင်မတွေလိုပါပဲ။
ကမ္ဘာမြေပေါ်ရှိ ဖုန့်မျိုးနွယ်စုကလည်း ဒီလိုသေးငယ်တဲ့မျိုးနွယ်စုတစ်ခုပါပဲ။ ဖုန့်မျိုးနွယ်စုဝင်အားလုံးက ‘ဖုန့်ကလန် အထွတ်အမြတ်အဆောက်အဦ’ ဟုအမည်ရတဲ့ ငွေရောင်သတ္ထုအဆောက်အဦမှာ နေထိုင်ကြပြီး မျိုးနွယ်စုဝင်များကို အဆင့်ကိုးမျိုးခွဲခြားနိုင်ပါတယ်။
အဆင့် ၉ မျိုးနွယ်စုဝင်များကို အဆင့်အနိမ့်ဆုံးအဖြစ် သတ်မှတ်ပြီးတော့ အဆင့် ၁ မျိုးနွယ်စုဝင်တွေကိုတော့ အမြင့်ဆုံးအဖြစ် သတ်မှတ်ပါတယ်။
ထူးချွန်တဲ့ပါရမီရှိသူတွေကို သာလွန်သူတွေအဖြစ် သတ်မှတ်ပြီး ၎င်းတို့အနေနဲ့ အပေါ်ထပ်များတွင် နေထိုင်နိုင်ကာ ဧကရာဇ်ကဲ့သို့သော ဦးစားပေးဆက်ဆံမှုများကို ခံစားရပါသည်။ သူတို့က ခက်ခက်ခဲခဲ ကြိုးစားအားထုတ်ရန် မလိုဘဲ မျိုးနွယ်စုမကနေ ကျင့်ကြံခြင်းအရင်းအမြစ်တွေကို အလွယ်တကူရနိုင်ပါတယ်။ သူတို့ဟာ ကောင်းကင်ရဲ့သားတော်တွေလိုကို မာန်မာနထောင်လွှားနေကြတာပါ။
သာမန်ပါရမီရှိသူများအတွက်ကတော့ ၎င်းတို့၏အခြေအနေဟာ ဆိုးဆိုးရွားရွားပါပဲ။ သူတို့ဟာ အခက်ခဲဆုံးသောပတ်ဝန်းကျင်တွင် နေထိုင်ကြရတယ်။ အထက်တန်းကျောင်းမှဘွဲ့ရပြီးနောက် ကောလိပ်သို့တက်ရောက်ဖို့ အခွင့်အလမ်းရရန်လည်း အလွန်ခက်ခဲတယ်။ သူတို့ကို များသောအားဖြင့် မျိုးနွယ်စုကို ကူညီရန် လုပ်ငန်းတွေခွဲပေးပြီး နေ့စဉ်လုပ်အားနဲ့ ထုတ်လို့ရတဲ့ မည်သည့်ထုတ်ကုန်တွေကိုမဆို မျိုးနွယ်စုကို အခမဲ့ပေးရတယ်။ ၎င်းတို့ရတဲ့ လစဉ်ဝင်ငွေကလည်းနည်းပြီး မိသားစုကို ကျွေးမွေးရန် လုံလောက်မှုမရှိပေ။
ဒါပေမယ့် အဓိကအချက်ကတော့ ဘယ်သူမျှ ထွက်သွားလိုစိတ်မရှိခြင်းပါပဲ။ မျိုးနွယ်စုအတွင်း၌နေထိုင်ခြင်းနှင့်နှိုင်းယှဉ်ပါက အပြင်ပိုင်းအခြေအနေက ပိုပြီး ခက်ခဲကြမ်းတမ်းပါတယ်။သူတို့အနေနဲ့ မျိုးနွယ်စုမက ထွက်သွားပါက ကိုယ်ပိုင်အသက်မွေးဝမ်းကြောင်းလုပ်ဖို့နေနေသာသာ ကိုယ့်လုံခြုံရေးကိုပင် အာမမခံနိုင်ပေ။
မျိုးနွယ်စုအတွင်း၌နေထိုင်ရခြင်းသည် ခက်ခဲသော်လည်း မျိုးနွယ်စုဝင်များသည် မျိုးနွယ်စု၏ကာကွယ်မှုကို ရရှိပြီး ၎င်းတို့၏အသက်ဘေးအန္တရာယ်ကို စိုးရိမ်စရာမလိုပေ။
မျိုးနွယ်စုက ဒီလိုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ မျိုးနွယ်စုရဲ့အရင်းအမြစ်တွေကို စုစည်းပြီး ကြယ်တာရာတွေအကြား ခရီးသွားနိုင်တဲ့ စစ်မှန်သည့်ပါရမီရှင်တစ်ဦးကို မွေးထုတ်နိုင်ရန် မျှော်လင့်ချက်ကြောင့်ပါပဲ။ ထိုအချိန်မှာ သူတို့က လူသားများထဲက အဆင့်မြင့်သူတစ်ဦးဖြစ်လာပြီး မျိုးနွယ်စုအတွက်လည်း အကျိုးအမြတ်ရရှိစေကာ မျိုးနွယ်စုရဲ့အဆင့်အတန်းကိုလည်း မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။
ဖုန့်မျိုးနွယ်စုတစ်ခုတည်းသာ ဤသို့ပြုလုပ်နေခြင်းမဟုတ်ဘဲ ကမ္ဘာမြေနှင့် အခြားဂြိုဟ်များပေါ်ရှိ မရေမတွက်နိုင်သော သေးငယ်သည့်မျိုးနွယ်စုတွေကလည်း အတူတူပါပဲ။
ဖုန့်လင်းဟာ အထက်တန်းကျောင်း တတိယနှစ်ကို ရောက်နေပေမယ့် သူ့ခန္ဓာကိုယ်ကတော့ ပိန်လှီပြီး အားနည်းပါတယ်။ သူ့အသက်စွမ်းအင်က ၀.၄ သာရှိပြီး ၁.၀ ပင် မရောက်သေးပေ။ အဆင့် ၉ မျိုးနွယ်စုဝင်များထဲတွင် အောက်ဆုံးအဆင့်တစ်ခုဖြစ်တဲ့အတွက် သူ့မှာ ကျင့်ကြံခြင်းရင်းအမြစ်များကို ခံစားခွင့်ရရန် အခွင့်အလမ်းမရှိပေ။
ထို့ကြောင့် သူနေထိုင်ရာနေရာသည် မြေအောက်ခန်းဖြစ်သည်။
သဘာဝအတိုင်းပဲ မြေအောက်ခန်းဆိုပေမယ့် အလွန်ကျယ်ပြန့်သော မြေအောက်နေရာတစ်ခုလည်းရှိပါတယ်။ ဒီနေရာမှာ ဈေးဆိုင်ငယ်တွေ၊ စျေးသက်သာတဲ့ စတိုးဆိုင်တွေ စားသောက်ဆိုင်တွေ.... အားလုံးပါပဲ။ နေရာအမျိုးမျိုးသို့ ဦးတည်သော လှိုဏ်ခေါင်းကျယ်ကြီးများလည်း ရှိသည်။ မြေအောက်ခန်းတွင် နေထိုင်သူတွေကို အသေးစားလူ့အဖွဲ့အစည်းတစ်ခုအဖြစ် သတ်မှတ်နိုင်ပြီး၊ လူပေါင်းထောင်နှင့်ချီကာ ဒီနေရာမှာ နေထိုင်နိုင်ပါတယ်။
ကြယ်တာရာနည်းပညာက အလွန်ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်နေပြီး၊ လူဦးရေလည်း အလွန်များပြားလာခဲ့သည်။ ယခုအချိန်တွင်၊သေးငယ်တဲ့ ကမ္ဘာဂြိုဟ်လေးပေါ်မှာတောင် လူဦးရေ ၂၆.၈ ဘီလီယံကျော် ရှိနေပြီဖြစ်သည်။
မြေပြင်ပေါ်တွင် တည်ဆောက်ထားသော အဆောက်အဦများသည် မြင့်မားစွာ တည်ဆောက်ထားပြီး၊ မြေအောက်သို့လည်း နက်ရှိုင်းစွာ တိုးချဲ့ထားပါတယ်။ ဤမြေအောက်ခန်းများအတွက် နေ အတုတွေ တပ်ဆင်ထားသော်လည်း၊ နေ အတုတွေ ကပေးတဲ့အပူနှင့် အလင်းက သဘာဝနေရောင်နှင့် မည်သို့နှိုင်းယှဉ်နိုင်မှာလဲ။
ဒီမြေအောက်လူ့အဖွဲ့အစည်းက နိမ့်ကျတဲ့လူတွေ နေထိုင်ရာနေရာများဖြစ်ပါသည်။ မြင့်မြတ်တဲ့ အဆင့်မြင့်မျိုးနွယ်ဝင်များကတော့ ဒီနေရာကို ဘယ်တော့မှ လာမှာမဟုတ်ပါဘူး။
ဖုန့်လင်းက သူ့အိမ်ကို ဦးတည်တဲ့ လှိုဏ်ခေါင်းတစ်ခုကမှေတစ်ဆင့် သူ့ကို ပို့ဆောင်ပေးတဲ့ စက်လှေကားတစ်ခုဆီသို့ လျှောက်သွားသည်။ တစ်ခါတစ်ရံမှာ အခြားလူတွေက တိတ်ဆိတ်စွာ သူ့အနားမှ ဖြတ်သွားကြတယ်။ ဒီနေရာရဲ့ လေထုက အနည်းငယ် စိတ်ညစ်စရာကောင်းပြီး၊ လူတိုင်း၏ မျက်နှာအမူအရာများကလည်း ထုံထိုင်းနေတယ်။
ဒီလူများတွေဟာ ဖုန့် မျိုးနွယ်၏ အဆင့်အနိမ့်ဆုံး မျိုးနွယ်ဝင်များဖြစ်သည်။
တစ်ချိန်က၊ ဖုန့်လင်းလည်း သူတို့ထဲမှ တစ်ဦးဖြစ်ခဲ့ဖူးပါတယ်။ ထိုအကြောင်းကို စဉ်းစားမိတဲ့အခါတိုင်း၊ သူ့စိတ်ထဲမှာ နက်ရှိုင်းတဲ့ စိတ်မသက်မသာဖြစ်မှုတစ်ခု ပေါ်ပေါက်လာပါတယ်။
ဤလူတွေဟာ အလွန်ကြိုးစားအားထုတ်ကြပေမယ့် သူတို့ အလုပ်အကိုင်က ရရှိတဲ့ အကျိုးအမြတ်တွေအားလုံးကို မျိုးနွယ်ထံသို့ လွှဲပြောင်းပေးရပြီး၊ သူတို့ကတော့ အနည်းငယ်သော လစာကိုသာ ရရှိကြသည်။ အချိန်ကြာလာသည်နှင့်အမျှ၊ ဒီမျိုးနွယ်ဝင်တွေအားလုံးက သူတို့ရဲ့ နှလုံးသားထဲမှာ အလွန်စိတ်ညစ်နေကြမည်မှာ အသေအချာပါပဲ။
ဒီအရာက ရိုးရိုးရှင်းရှင်း ခေါင်းပုံဖြတ်ခြင်းဖြစ်သလို သိသိသာသာခေါင်းပုံဖြတ်ခြင်းလည်းဖြစ်ပါတယ်။
ဖုန့်လင်းအနေနဲ့ လူသားမျိုးနွယ်ကအလွန်ကို ဖွံ့ဖြိုးတိုးတက်လာပြီး၊ ကြယ်တာရာခေတ်သို့ ရောက်လာသော်လည်း၊ ဒီလိုရက်စက်တဲ့မြင်ကွင်းများက နေရာတိုင်းတွင် ရှိနေဆဲဖြစ်သည်ကို စိတ်ကူးကြည့်ရန် ခက်ခဲနေဆဲပါ။
ဒါ့အပြင်၊ လူမှုအဆင့်အတန်းများကြား ကွာခြားမှုတွေရှိနေသရွေ့တော့ ခေါင်းပုံဖြတ်ခြင်းကလည်း မုချအမှန်ပင်ရှိနေမည်ဖြစ်ပါတယ်။
သုခဘုံက ငရဲထံမှ ဘယ်တော့မှ ဝေးကွာနေခြင်းမရှိပေ။
လူတိုင်းက တူညီတဲ့ မျိုးနွယ်မှ ဆင်းသက်လာကြသော်လည်း၊ သူတို့၏ဖြစ်တည်မှုများကို ခွဲခြားထားသော ကွဲပြားတဲ့ အဆင့် ၉ မျိုးရှိပါတယ်။
“ငါ ဒီအခက်အခဲကနေ ထွက်ရမယ်!”
ဖုန့်လင်းက တိတ်တဆိတ် တွေးမိသည်။
သူသည် သာမန်လူသားဖြစ်ခြင်းကို လက်မခံနိုင်သူဖြစ်သည်။
သူက ယခင်ဘဝတွင် နေထိုင်ခဲ့ဖူးပြီး၊ ဒါကို သူ၏ ဒုတိယဘဝအဖြစ် သတ်မှတ်နိုင်သည်။ အကယ်၍ သူဟာ ပို၍စိတ်ဝင်စားဖွယ်ကောင်းစွာ မနေထိုင်ခဲ့ပါက ကမ္ဘာကူးပြောင်းသည့် ဇာတ်လမ်းတွေထဲကလူတွေရဲ့မျက်နှာကို အိုးမည်းသုတ်သလိုဖြစ်နေမှာပေါ့။
ဟောင်းနွမ်းနေတဲ့ ၆၀ စတုရန်းမီတာခန့်ရှိသော အခန်းတစ်ခု၏ တံခါးဝတွင် သူရဲ့ မှတ်ပုံတင်မိုက်ခရိုချစ်ပ်ကို ဆွဲလိုက်သောအခါ၊ ပျက်စီးနေတဲ့ သတ္တုတံခါးက အလိုအလျောက် ပွင့်သွားပြီး၊ ကျဉ်းမြောင်းသော အခန်းတစ်ခုကို ထုတ်ဖော်ပြလိုက်ပါတယ်။
သက်လတ်ပိုင်းစုံတွဲက သူတို့ရဲ့ အလုပ်များကို လုပ်ကိုင်နေကြပါတယ်။ သူတို့ရဲ့ မျက်နှာတွေမှာတော့ နှစ်ပေါင်းများစွာ ပင်ပန်းမှုတွေမှ ဖြစ်ပေါ်လာတဲ့ အရေးအကြောင်းတွေ အပြည့်ပါပဲ။
“မင်း ပြန်လာပြီလား။” ဖုန့်လင်း ပြန်လာတာကို မြင်တော့ သူတို့က ခေါင်းငြိမ့်ပြီး ပြောလိုက်ပါတယ်။ ပြီးတော့ သူတို့ ခေါင်းကို ပြန်ငုံ့ပြီး၊ ကိုယ့် အလုပ်ကို ပြန်လုပ်ကြပါတယ်။
ဖုန့်လင်းအနေနဲ့ ဒါကို စိတ်ထဲမထားပါဘူး။ ဒီလူတွေက ဤဘဝမှာ သူ့မိဘများဖြစ်ပါတယ်။
စားပွဲပေါ်မှာ မည်းနက်ပြီး အရသာမရှိတဲ့ အရည် ငါးပုလင်းကို မြင်တွေ့နိုင်သည်။ ဤအရာက ယနေ့ညစာဖြစ်သည်။ ဤကဲ့သို့သော နိမ့်ကျတဲ့ အာဟာရဖျော်ရည်က စက်မှုလုပ်ငန်းဆိုင်ရာ ပေါင်းစပ်မှုတွေကတစ်ဆင့် အစုလိုက်အပြုံလိုက် ထုတ်လုပ်ထားပြီး၊ တစ်နေ့တာ၏ အာဟာရကို အနည်းငယ်မျှသာ ထောက်ပံ့ပေးနိုင်ပါတယ်။ သို့သော်၊ ဒီအရာက ရေကဲ့သို့ပင် အရသာမရှိပေ။
သဘာဝအတိုင်း ဖြစ်ပေါ်လာတဲ့အစားအစာတွေက စျေးကြီးလွန်းပြီး၊
ဖုန့်လင်းရဲ့မိသားစု မတတ်နိုင်တဲ့ အရာများပါ။
“အစ်ကိုကြီး!” ထိုအချိန်မှာ၊ ပိန်လှီပြီး သေးငယ်သော ပုံရိပ်နှစ်ခုက ပြေးလာတယ်။ ဒီနှစ်ယောက်က အမြွာမောင်နှမတွေ ဖြစ်ပြီး၊ ဖုန့်လင်းရဲ့ညီ ဖုန့်ချင်းနဲ့ ညီမ ဖုန့်ရှင်း တို့ဖြစ်ပါတယ်။ သူတို့က အသက် ၇ နှစ်ရှိပြီဖြစ်ပြီး၊ သူတို့ အစ်ကိုကြီးကို အမြဲတမ်း ကပ်နေလေ့ရှိကြပါတယ်။
မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့ မှတ်ဉာဏ်တွေကို ဆက်ခံရရှိပြီးနောက်၊ ဖုန့်လင်းက အရင်ပိုင်ရှင်ရဲ့ စိတ်ခံစားမှုတွေကိုလည်း ဆက်ခံရရှိခဲ့သည်။ အာဟာရချို့တဲ့နေတဲ့ သူ့ညီလေး၊ညီမလေးတွေကို ကြည့်ရင်း၊ ဝမ်းနည်းမှုက သူ့ စိတ်ထဲမှာ ပြည့်နှက်နေပါတယ်။
သူ့အရင်ဘဝမှာ၊ သူက တစ်ဦးတည်းသော သားသမီးဖြစ်ခဲ့သည်။ ဒီကမ္ဘာသို့ ဖြတ်ကျော်လာပြီးတော့ ညီအစ်ကိုမောင်နှမတွေ ရလိမ့်မယ်လို့ သူမျှော်လင့်မထားပေ။
“စားကြရအောင်!” တိတ်တဆိတ် အလုပ်လုပ်နေတဲ့ သူ့အဖေက ညင်ညင်သာသာ ပြောလိုက်တယ်။
ဆင်းရဲသော မိသားစုတစ်စုအနေဖြင့်၊ ဖုန့်လင်းကို ပံ့ပိုးရသည်ကပင် ပြဿနာတစ်ခုဖြစ်နေသည်။ ယခုတွင်၊ အပိုပါးစပ်နှစ်ပေါက်ထည့်သွင်းရန် လိုအပ်နေပြီဖြစ်ရာ၊ ဖုန့်လင်း၏ မိဘများအနေနဲ့ တစ်နှစ်ပတ်လုံး မျက်နှာပေါ်တွင် အမြဲတမ်း ခါးသက်နေသော မျက်နှာများဖြင့် ရှိနေတာက အံ့သြစရာမဟုတ်ပေ။
မိသားစုတစ်ခုလုံးသည် တိတ်ဆိတ်စွာရှိနေပြီး၊ အရသာမရှိသော အာဟာရဖြေရည်ပုလင်းများကို ဖြည်းဖြည်းချင်း သောက်သုံးနေကြသည်။
ဗုံး!
ရုတ်တရက်၊ ရုပ်ပုံတစ်ခုပေါ်လာသည်။
အေးစက်သော မျက်နှာဖြင့် လူကြီးတစ်ဦးသည် လူတိုင်းရှေ့တွင် ရပ်နေပြီး၊ ဖုန့်လင်း၏ မိသားစုကို မထီမဲ့မြင်ပြုကာ ကြည့်နေသည်။
သူသည် ဖုန့်လင်း၏ မိဘများကို အပိုမကြည့်ပေ။ သူ့မျက်လုံးတွေက လေထဲတွင် ပျံသန်းနေသော လင်းယုန်ငှက်တစ်ကောင်လို သူရဲ်သားကောင်ကို ကြည့်နေသည်။ ထို့နောက်၊ သူပြောသည်၊ “ဖုန့်လင်း အဆင့် ၉ မျိုးနွယ်ဝင်တစ်ဦးအနေနဲ့၊ မင်း ဘွဲ့ရတော့မယ်။ ဒါပေမယ့် မင်းရဲ့ အသက်စွမ်းအင်က ၀.၄ ပဲရှိပြီး မင်းကကျင့်ကြံသူတစ်ယောက် လုံးဝမဖြစ်နိုင်ဘူး။ မင်းဘွဲ့ရပြီးရင်၊ မျိုးနွယ်စုက မင်းကို မျိုးနွယ်စုအတွင်းက စွမ်းအင်စက်ရုံတစ်ခုမှာ အလုပ်လုပ်ခိုင်းမယ်။ တစ်လအတွင်း၊ မင်း အဒီနေရာကိုသွားပြီး တစ်လအတွင်းမှာ အလုပ်ကို စတင်လေ့လာနိုင်ပြီ။ ဘယ်လိုပဲဖြစ်ဖြစ်၊ မင်းက ကောလိပ်ကို တက်နိုင်မှာမဟုတ်ဘူး။ မျိုးနွယ်စုက မင်းကို နှစ်ပေါင်းများစွာ ထောက်ပံ့ပေးခဲ့တာဖြစ်တဲ့အတွက်၊ မျိုးနွယ်စုရဲ့ ဥပဒေအရ၊ မင်းဟာ တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် ပံ့ပိုးမှုတွေ စလုပ်သင့်တယ်။ မင်းရဲ့လစာရဲ့ ၇၀% ကို မျိုးနွယ်စုကို ပေးရမှာဖြစ်ပြီး၊ ကျန်တဲ့ ၃၀% ကိုတော့ မင်း ထိန်းသိမ်းထားနိုင်တယ်။
အစကနေ အဆုံးထိ၊ ထိုလူကြီးက ဖုန့်လင်း ဒါမှမဟုတ် သူ့မိဘတွေရဲ့ သဘောတူညီမှုကို မတောင်းခဲ့ပါဘူး။ သူက သူတို့ကို အသိပေးနေတာပဲဖြစ်ပြီး၊ သူတို့မှာ အနည်းငယ်မျှကို ကန့်ကွက်ဖို့ အခွင့်အရေးမရှိခဲ့ပါဘူး။
စကားပြောပြီးတာနဲ့ ပရိုဂျက်ရှင်ပုံရိပ်ပျောက်ကွယ်သွားတော့၏။
အိမ်ထဲက လေထုဟာ ပိုလေးလံလာပြီး တစ်မျိုးတစ်ဖုံ ဖိစီးနေသလို ခံစားရပါတယ်။ ဖုန့်ချင်းနဲ့ ဖုန့်ရှင်းတို့ဟာ တုန်လှုပ်ခြောက်ခြားစွာ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြပေမယ့် အသံကျယ်ကျယ်တောင်မဟရဲကြပါဘူး။
ဖုန့်လင်းရဲ့ မိဘတွေမျက်နှာတွေက ပိုပြီး ခါးသက်နေတဲ့ပုံစံနဲ့။ သူတို့က အသက်ပြင်းပြင်း ရှူလိုက်ပြီး သက်ပြင်းချလိုက်ကာ ဘာမှမပြောဘဲနေဖို့
ရွေးချယ်လိုက်ပါတော့တယ်။
သူတို့ဟာ ဒီလိုဘဝမျိုးကို ကြာမြင့်စွာ နေထိုင်လာခဲ့ပြီးပြီ။ သူတို့ဟာ အကျိုးမရှိတဲ့ ခုခံတွန်းလှန်မှုကို မလုပ်ဖို့ သင်ယူထားပြီးပါပြီ။
မျိုးနွယ်စုထဲမှာ မွေးဖွားလာသူတွေဟာ မျိုးနွယ်စုထဲမှာပဲ သေဆုံးသွားကြမှာပါ။ ဒါဟာ မျိုးဆက်တွေတစ်လျှောက်လုံး ဒီလိုပဲဖြစ်ခဲ့တာပါ။
ကြယ်တာရာခေတ်မှာ၊ မျိုးဗီဇဆိုင်ရာ ပါရမီမရှိခြင်းဟာ အကြီးမားဆုံးသော အပြစ်ပါပဲ။
သာမန်ဘဝကနေ လွတ်မြောက်ဖို့ဆိုရင်၊ မျိုးနွယ်စုရဲ့ လေးနက်တဲ့ အသိအမှတ်ပြုမှုကို ရယူနိုင်ဖို့ ထူးချွန်တဲ့ပါရမီကို ပြသရမှာဖြစ်ပြီး၊ ကိုယ့်ကိုယ်ကို အဆင့်မြှင့်တင်ကာ အဆင့်မြင့်မျိုးနွယ်စုဝင်တစ်ယောက်ဖြစ်လာရမှာပါ။
သူတို့ရဲ့သားဖြစ်သူအပေါ် မကြာမီကြုံတွေ့ရတော့မယ့် ဝမ်းနည်းဖွယ်ကံကြမ္မာကို ရင်ဆိုင်ရာမှာ၊ သူတို့ဟာ ဘာမှပြောင်းလဲဖို့ မတတ်နိုင်ကြပါဘူး။ သူတို့ရဲ့ကလေးနှစ်ယောက်ကိုပဲ ပြောလို့ရပါတယ်၊ “မင်းတို့နှစ်ယောက် ကြိုးစားပြီး အားကောင်းတဲ့ ဒဏ္ဍာရီလာ ဗီဇတွေကို နိုးထအောင် လုပ်ရမယ်။ ဒါမှ မျိုးနွယ်စုရဲ့ အာရုံစိုက်မှုကို ခံရပြီး၊ ကြယ်တာရာကျင်ကြံသူ တစ်ယောက်ဖြစ်လာပြီး၊ မင်းတို့အစ်ကိုကြီး မကြာမီကြုံတွေ့ရတော့မယ့် ကံကြမ္မာကို ရှောင်ရှားနိုင်လိမ့်မယ်။”
မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် သူတို့ရဲ့ကံကြမ္မာကို ပြောင်းလဲဖို့ မအောင်မြင်ခဲ့တဲ့အချက်ဟာ၊ သူတို့မိသားစုပေါ်မှာ ဖိထားတဲ့ လေးလံတဲ့တောင်ကြီးလိုပါပဲ။ ဒါဟာ သူတို့ကို အသက်ရှူမဝအောင် ဖြစ်စေပါတယ်။
ဖုန့်လင်းဟာ သူ့ရဲ့မူလနေရာမှာ ရပ်နေပြီး၊ သူ့လက်သီးတွေကို တင်းတင်းကျပ်ကျပ် ဆုပ်ထားမိပြီး သူ့မျက်လုံးတွေထဲမှာ စိတ်ဓာတ်ခိုင်မာမှုရဲ့ အလင်းတစ်ခုကို မြင်နေရသည်။
ဒီလိုကံကြမ္မာမျိုး... သူမလိုချင်ဘူး။
သူ့မိသားစုထဲမှာ အကြီးဆုံးသားဖြစ်တဲ့အတွက်၊ သူ့မှာ သေးငယ်တဲ့ တဲကလေးလို အခန်းတစ်ခန်းရှိပါတယ်။ ဒီအခန်းက သေးငယ်တဲ့ အမှိုက်ပုံတစ်ခုနဲ့တောင် တူနေသည်။
သူ အိပ်ရာပေါ်မှာ တင်ပုလ္လင်ခွေပြီး အသက်ရှူလေ့ကျင့်ခန်းတွေ လုပ်ကာ၊ အခြေခံဗီဇလကျင့်ကြံခြင်းအတတ်ကို စတင်လေ့ကျင့်လိုက်တယ်။
ဒါဟာ အဆင့်သတ်မှတ်ချက်မရှိတဲ့ အဆင့်နိမ့်ကျင့်ကြံခြင်းအတတ်ပါ။ လူတစ်ယောက်ဟာ သူတို့ဗီဇရဲ့ ကနဦးအလားအလာကို နှိုးဆွဖို့ သူတို့ရဲ့အသက်ရှူမှုကို ထိန်းညှိရမှာဖြစ်တယ်။
သူ့နှလုံးသားထဲမှာ ဒေါသတွေပြည့်နေပေမယ့်၊ ဖုန့်လင်း တဖြည်းဖြည်း စိတ်ငြိမ်သက်မှုကို ပြန်ရလာပါတယ်။ သူ့အသက်ရှူမှုက ဖြည်းဖြည်းချင်း နှေးကွေးလာပြီး၊ နောက်ဆုံးမှာ လုံးဝ မရှိသလောက်နီးပါဖြစ်သွားသည်။ သူ့နှာခေါင်းပေါက်ကနေ ရှူထုတ်လိုက်တဲ့ လေတစ်ချက်တစ်ချက်ကသာ သူအသက်ရှင်နေသေးတယ်ဆိုတာကို ဖော်ပြနေတာပါ။
တဖြည်းဖြည်းနဲ့၊ သူ့ခန္ဓာကိုယ်အတွင်းပိုင်းမှာ နွေးထွေးတဲ့စီးဆင်းမှုတစ်ခုကို ခံစားလာရသည်။ ဒီနွေးထွေးတဲ့စီးဆင်းမှုက သူ့ရဲ့သွေးကြောတွေ၊ သူ့ရဲ့အသားနဲ့သွေးတွေ၊ ဆဲလ်တစ်ခုချင်းစီနဲ့ သူတို့ရဲ့နျူကလိယတွေ၊ ပြီးတော့ သူ့ရဲ့ဗီဇတွေထဲကို ဝင်ရောက်သွားသည်။
ဒီအချိန်မှာ၊ သူ့ခန္ဓာကိုယ်က ရုတ်တရက်တုန်လှုပ်သွားသည်။ သူ့ဗီဇအတွင်းပိုင်းမှ ရှင်းပြ၍မရသော တုန်ခါမှုတစ်ခုဖြစ်ပေါ်လာသည်။ ဆန်းကြယ်တဲ့ အမည်မသိအေးမြတဲ့စွမ်းအင်တစ်ခုက ရုတ်တရက်ထွက်ပေါ်လာပြီး၊ ချက်ချင်းပြန့်ကားသွားပြီး သူ့ကို တဖြည်းဖြည်းနှစ်မြုပ်သွားသည်။
သူ့မျက်လုံးတွေက ရုတ်တရက်ဝေဝါးသွားပြီး ဗလာနယ်ရဲ့အမှောင်ထုထဲမှာ၊ ကြည်လင်ပြတ်သားသောလူသားပုံရိပ်တစ်ခုကို မြင်တွေ့လိုက်သည်။ မရေမတွက်နိုင်တဲ့ အလင်းစက်များက အဆက်မပြတ် မှိတ်တုတ်မှိတ်တုတ်ဖြစ်နေပြီး၊ ကောင်းကင်ယံရှိ မရေမတွက်နိုင်သောကြယ်များလို၊ သူတို့ကိုယ်ပိုင်တောက်ပမှုနဲ့ ပြည့်နှက်နေသည်။
ထိုတောက်ပသောပုံရိပ်၏ လက္ခဏာများက တကယ်တော့ သူနှင့်တူနေသည်။
ဤအချိန်တွင်၊ သတင်းအချက်အလက်တစ်ခုက သူ့စိတ်ထဲတွင် ထူးဆန်းစွာပေါ်လာခဲ့သည်။
အမည် - ဖုန့်လင်း
အသက်ဓာတ် - ၀.၄
မျောက်ဗီဇ - ၂
ကျောက်ဖြစ်ဗီဇ - ၁
ဗီဇအလားအလာ - ၁၄၆၈%