← Chapters

ယောက္ခမကြီး

Vol. 24 Ch. 405

ယောက္ခမကြီး

Vol. 24 Ch. 405

စစ်ထူရှင်းကဆက်ပြီး စကားအူပေါက်ပြောနေသည်။

အ‌ဆုံးမှာတော့ ကုန်းထျန်းဟောက်ရဲ့ဒေါသက တရွရွဖြစ်လာပြီး

"တော်လောက်ပြီ။ လိုရင်းကိုပြော"

ရှောင်လင်းယွီ၊ "..."

သူဘာကိုဆိုလိုတာလဲ?

စစ်ထူရှင်းက နွားနှစ်ကောင်ကို အရမ်းဝေဝေဆာဆာချီးမွမ်းနေရတဲ့ တခြားအကြောင်းရင်းရှိသေးတာလား?

စစ်ထူရှင်း၊ "..."

ဘော့စ်က ငါ့ကိုအသိဆုံးပဲ။

စစ်ထူရှင်းက ရှောင်လင်းယွီကို တစ်ချက်ကြည့်လိုက်ပြီး သူ့ခေါင်းကို‌ရှက်ရှက်ဆန့်လိုက်ကာ 

"ဘောစ့် ကျွန်တော်ဒီမှာနေချင်တယ်။ ရမလား?"

ကုန်းထျန်းဟောက်က မျက်ခုံးပင့်လိုက်ပြီး 

"မင်းကဒီမှာနေချင်တယ်? ဘာလို့လဲ?"

ဒါကိုပြောလိုက်ရင်း စစ်ထူရှင်းရဲ့မျက်နှာက အနည်းငယ်ဒေါသထွက်သွားသည်။

သူက

"အဲ့ဒါအကုန် ကုန်းယင်ရှုန်း ကြောင့်လေ။ သူက မရီးရဲ့အိမ်က အစားအစာတွေက ဘယ်လောက်အရသာရှိကြောင်းပြောရင်း ကျွန်တော့်ကို ကြွားကြွားပြီးကြည့်နေတာ! သူက နေ့တိုင်းကြွားနေတာ။ အခု ကျွန်တော်လည်း ဒီရောက်နေမှတော့ သူ့စကားတွေကိုအတည်ပြုဖို့လိုတယ်"

ရှောင်လင်းယွီ၊ "..."

ဒီတော့ ဒါတွေအားလုံးက အစားသောက်ကြောင့်ပဲပေါ့?

ကုန်းထျန်းဟောက်ရဲ့ နဖူးကတွန့်ရှုံ့သွားသည်။

သူက အတော်လေးဆွံ့ဆွံ့အအနဲ့

"ဒါကတကယ်ရော လိုလို့လား?"

"လိုတယ်! သူ့ရဲ့ဘဝင်ခိုက်နေတဲ့မျက်နှာကို ကျွန်တော်ထပ်မကြည့်နိုင်တော့ဘူး! ဒီတော့ ကျွန်တော် ဒီမှာနေပြီး သူစားတာထက် ပိုစားမယ်! ဒါဆိုရင် သူဘယ်လိုဆက်ကြွားဦးမလဲဆိုတာ ကြည့်ရသေးတာပေါ့"

ရှောင်လင်းယွီ၊ "..."

ဒီလူတွေက ဘယ်သူတွေလဲ? ဘာလို့ သူတို့က ကုန်းထျန်းဟောက်လိုမျိုး ကလေးဆန်နေရတာလဲ?

ရှောင်လင်းယွီက ကုန်းယင်ရှုန်းကို အမှတ်ရသွားသည်။ သူ့ဝမ်းကွဲညီမကိုကယ်လိုက်တဲ့ လူကို တွေးမိသွားသည်။

ပြောရမယ်ဆိုရင် အဲ့ဒီလူကက လမ်းဘေးကနေခူးထားတဲ့တောရိုင်းပန်းတွေကို သူတို့ကိုပေးခဲ့တယ်လို့ လုလုနဲ့ ရို့ရို့ပြောတာကို သူမကြားခဲ့သည်။

ဒါကိုကြားပြီး ရှောင်လင်းယွီက အတော်လေး ဆွံ့အသွားသည်။ ကုန်းယင်ရှုန်းက သူမရဲ့ညီမ‌အပေါ်မှာ သိသ်သာသာစိတ်ဝင်စားနေပေမယ့် သူက မိန်းမတစ်ယောက်ကို ဘယ်လိုပိုးရမလဲ‌ဆိုတာ သိပုံမပေါ်ပေ။

ဒါပေါ့ ရှောင်မိသားစုက အချင်းချင်းရဲ့ ဆက်ဆံရေးအပေါ်မှာ ဘယ်တုန်းကမှ ကြားမဝင်ကြပေ။ သူတို့တွေအားလုံးက ကံကြမ္မာပေါ်မှာ မှီခိုကြသည်။

ရှောင်လင်းယွင်က သူမရဲ့အရင်အိမ်ထောင်ကြောင့် ရှေ့မဆက်နိုင်ဖြစ်နေတုန်းဖြစ်သည်။ သူမက ရှေ့ဆက်သွားဖို့ အဆင်သင့်မ‌ဖြစ်သေးပေ။ ကုန်းယင်ရှုန်းကလည်း နောက်ထပ် ဘာလှုပ်ရှားမှုမှမလုပ်ပေ။ ဒါက နှစ်ယောက်ကြားက ကိစ္စဖြစ်သည်။ ဒါကြောင့် ရှောင်မိသားစုက ဘာမှမလုပ်ခဲ့ပေ။

ကုန်းယင်ရှုန်းက ရှောင်လင်းယွင်ကို ကယ်တင်ပြီးတော့ ထောင်ယွမ်ရွာမှာ နှစ်ရက်လောက်နေခဲ့ပြီး ပျောက်သွားသည်။ စစ်ထူရှင်းသာ ဒါကိုအစ‌မဖော်ရင် ရှောင်လင်းယွီက သူမရဲ့ညီမကိုကယ်ခဲ့တဲ့ လူအကြောင်းကို မေ့နေလောက်ပြီ။

စစ်ထူရှင်းရဲ့စကားတွေကိုကြားပြီးတော့ ကုန်းထျန်းဟောက်က မပျော်မရွှင်နဲ့

"ဒီတော့ စစ်ထူရှင်း၊ မင်းက ဒီမှာနေပြီး ငါ့ယောက္ခမကြီးက မင်းအတွက် ချက်ပြုတ်ပေးရမယ်လို့ ဆိုလိုတာလား?"

"ရက်စ်.."

စစ်ထူရှင်းက ခေါင်းညိတ်တော့မလို့မှာပဲ ရုတ်တရက် ပြန်ပြောလိုက်သည်။

သူက အံ့ဩပြီး အထစ်အထစ်ဖြစ်သွားကာ

"ယောက္ခမကြီး?"

"ဘော့စ်၊ စားဖိုမှုးကြီးက ဘော့စ်ယောက္ခမကြီးလား?"

စစ်ထူရှင်းက ရှော့ခ်ရသွားသည်။ သူက ရှောင်လင်းယွီကိုကြည့်လိုက်ပြီး အသံကျယ်ကျယ်နဲ့

"သေစမ်း၊ ကုန်းယင်ရှုန်းက ကျွန်တော့်ကို ဒါကိုမပြောပြလိုက်ဘူး။ သူက တကယ် ကျွန်တော့်ကို သတ်ဖို့လုပ်နေတာပဲ!"

စစ်ထူရှင်းသာ အမှန်ကိုသိရင် ဘယ်လိုလုပ် သူ့ဘော့စ်ရဲ့ယောက္ခမကို သူ့အတွက်ချက်ပေးဖို့ မေးရဲမှာလဲ?

စစ်ထူရှင်းက အနားကိုကြည့်လိုက်ပြီး ရှောင်လင်းယွီကို

"မရီး၊ ကျွန်တော်ဒီမှာ ရက်နည်းနည်းတော့နေရလိမ့်မယ်"

သူက ယောက္ခမကြီးကို သူ့အတွက်ချက်ပေးဖို့ မပြောနိုင်ပေမယ့် သူ့မရီးကိုတော့ တောင်းပန်နိုင်သည်။

ကုန်းထျန်းဟောက်ရဲ့မျက်နှာက အတွန့်အရှုံ့တွေနဲ့ ပြည့်နေသည်။ သူက ချက်ချင်းမောင်းထုတ်လိုက်ကာ 

"သွား သွား။ ယွီအာက ကိုယ်ဝန်နဲ့။ သူ့မှာ မင်းကိုဖျော်ဖြေဖို့ အချိန်ရှိဘူး"

စစ်ထူရှင်းက ကုန်းထျန်းဟောက်ရဲ့ စကားကိုကြားတော့မျက်နှာက အံ့ဩမှုတွေနဲ့ ပြည့်နေသည်။ သူ့အကြည့်က ချက်ချင်းရှောင်လင်းယွီရဲ့ဗိုက်ဆီတည့်တည့်ရောက်သွားပြီး သူ့ကိုယ်ဝန်က ဘောလုံးတစ်လုံးလို ကြီးမားလာနေပြီဆိုတာကို သဘောပေါက်သွားသည်။ သူမက ခုနစ်လ ရှစ်လလောက် ကိုယ်ဝန်ရှိနေပြီလို့ သူခန့်မှန်းလိုက်သည်။ သူ့အမူအယာက ချက်ချင်းပြောင်းသွားပြီး အံ့အားတသင့်နဲ့

"ဘော့စ်၊ ဘော့စ်မှာ သားတစ်ယောက်တောင်ရှိနေပြီလား? ကျွန်တော်တို့မှာ သခင်လေးတောင် ရှိနေပြီလား? ပြီးတော့ ဒါကို လူတိုင်းဆီကနေ လျှို့ဝှက်ထားသေးတယ်"

စစ်ထူရှင်းက အနားပတ်လည်ကရွာသားတွေရဲ့ စူးစမ်းတဲ့အမူအယာကို သတိမပြုမိလိုက်ပေ။ ပြီးနောက်မှာ သူတို့က ကုန်းထျန်းဟောက်ရဲ့ မျက်နှာထားပြောင်းလဲမှုကို သတိပြုမိသွားကြသည်။ ဒါပေမယ့်လည်း သူ့မျက်နှာပေါ်က စစ်မှန်တဲ့အပြုံးကလွဲရင် သူ့အမူအယာမှာ ဘာပြောင်းလဲမှုမရှိပေ။

ဒါပေမယ့်လည်း သူတို့ကို အံ့ဩစေတာက သူတို့က ကုန်းထျန်းဟောက်ရဲ့ ခံဝန်ချက်ကို တကယ်ကြီးကြားလိုက်ကြရသည်။ ကုန်းထျန်းဟောက်က ရှောင်လင်းယွီရဲ့ တုတ်ခိုင်နေတဲ့ခါးကို  လက်တစ်ဖက်နဲ့ကိုင်ထားလိုက်ပြီး သူမကို ဖြည်းဖြည်းချင်းပွေ့ဖက်လိုက်သည်။ ဘာပဲဖြစ်ဖြစ် သူက သူမရဲ့ကိုယ်ဝန်ကို သေသေချာချာလေ့လာပြီး ၎င်းကို ဖိမချလိုက်ပေ။

သူက ပြုံးကာ

"ငါက ဒါမတိုင်ခင်က မင်းမရီးကို အရမလိုက်နိုင်ခဲ့ဘူး။ ဒါကြောင့် ငါဘယ်သူ့ကိုမှ မပြောခဲ့တာ။ ဟုတ်တယ် ငါ ကုန်းထျန်းဟောက်မှာ သားတစ်ယောက်ရှိတယ်"

ဘေးမှကြည့်နေသူများ၊ "..."

ရှောင်မိသားစု၊ "..."

ကုန်းထျန်းဟောက်က ရှောင်လင်းယွီနဲ့ ရှောင်လင်းယွီရဲ့မကောင်းတဲ့ကလေးကို တကယ်စိတ်မခုခဲ့ပေ။ ဒါ့ပြင် သူက ကလေးကို သူ့ကလေးလိုမျိုး ဆက်ဆံဖို့ဆန္ဒရှိသည်။ ဒါက ရွာသားတွေတွေးခဲ့ကြတာဖြစ်သည်။ သူတို့က ရှောင်လင်းယွီအတွက် အရမ်းပျော်ရွှင်ခဲ့ကြသည်။ သဘောမတူတဲ့သူတချို့ရှိပေမယ့် သူတို့ကို လျစ်လျူရှုလိုက်နိုင်သည်။

သူတို့က တကယ် ကုန်းထျန်းဟောက်ကို အကဲခတ်မမှားခဲ့ကြပေ။ သူက ယွီအာအပေါ်ကို တကယ်ကောင်းသည်။ သူက ယွီအာကို သဘောကျပြီး ယွီအာဗိုက်ထဲက ကလေးကိုလည်း သဘောကျသည်။ အရင်က ကုန်းထျန်းဟောက်က အဖေမသိတဲ့ဒီကလေးကို စိတ်ခုမှာ သူတို့တွေ အနည်းငယ်စိုးရိမ်နေခဲ့ကြသည်။ အခု သူတို့တွေ လုံးဝမစိုးရိမ်ကြတော့ပေ။

ဒါပေမယ့်လည်း စစ်ထူရှင်းက အံ့ဩနေတုန်းဖြစ်သည်။

"ဘာရယ်? ဘော့စ်၊ ဘော့စ်က မရီးကို ရသွားပြီလား?"

ပြီးနောက်မှာ သူက ရှောင်လင်းယွီရဲ့‌ဗိုက်ကို သင်္ကာမကင်းကြည့်လိုက်ပြီး ထူးဆန်းတဲ့အမူအယာနဲ့

"ဒါပေမယ့် ဘော့စ်၊ မရီးရဲ့ကိုယ်ဝန်က ခုနစ်လ ရှစ်လရှိမယ်လို့ ကျွန်တော်ထင်တယ် ဟုတ်တယ်မလား? ဘော့စ်က သူ့ကိုမရခင်ကတည်းက ကိုယ်ဝန်ရစေလိုက်တာလား?"

ကုန်းထျန်းဟောက်၊ "..."

ဒီကောင်က တကယ့်ကို ပြဿနာရှာနေတာပဲ။

ကုန်းထျန်းဟောက်ရဲ့မျက်နှာက မှောင်မိုက်သွားသည်။ သူက စစ်ထူရှင်းကို ညိုမည်းနေတဲ့မျက်နှာထားနဲ့ ကြည့်လိုက်သည်။

ဒါပေမယ့်လည်း စစ်ထူရှင်းက သတိထားမိပုံမပေါ်ပေ။ ပြီးနောက်မှာ သူက ဆက်လက်ပြီးအော်ဟစ်ကာ

"ဘော့စ်၊ မရီးသဘောတူလာတဲ့အထိ သူ့ကို ဘော့စ်ဖိအားပေးခဲ့တာလား? ဒါက...အရမ်းများလွန်းတယ်"

သူက ဘော့စ်ကို အရမ်းအရှက်မရှိတဲ့အတွက် ‌ကြိမ်းမောင်းချင်နေသည်။ ပြီးနောက်မှာ သူက ဘော့စ်ရဲ့အထောက်အထားကို သတိရသွားသည်။ သူက ပိုကောင်းတဲ့စကားလုံးရှာဖို့ပဲ ဆုံးဖြတ်လိုက်သည်။ ဒါပေမယ့်လည်း သူက သူ့ဘော့စ်ကို စနောက်နေတုန်း သူ့ပတ်ဝန်းကျင်က ရုတ်တရက် အရမ်းငြိမ်သက်သွားတာကို  စစ်ထူရှင်း သတိမပြုမိလိုက်ပေ။

စစ်ထူရှင်းက ကုန်းထျန်းဟောက်ပြောတာကို မစောင့်ခဲ့ဘဲ သူက ရှောင်လင်းယွီကို လက်မထောင်ပြုလိုက်ပြီး 

"မရီး မရီးကအံ့ဖွယ်ပဲ။ ကျွန်တော်တို့ရဲ့ အေးစက်ပြီးချောမောတဲ့ဘော့စ်ကို ဖျားယောင်းဖို့ မရီး ဘယ်လိုမျိုးလုပ်ခဲ့တာလဲ ကျွန်တော် တကယ်ကိုအထင်ကြီးသွားပြီ။ မရီးက သူ့ကိုအရင်ဆုံး ကလေးနဲ့ ချုပ်တယ်။ မရီးကတကယ် ချစ်စရာကောင်းတာပဲ။ မရီးက ကျွန်တော်အလေးစားဆုံး အအမျိုးသမီးပဲ"

"ဘော့စ်ကိုချိုးနှိမ်နိုင်မယ့် အမျိုးသမီးမရှိလောက်တော့ဘူးလို့ ကျွန်တော်ထင်နေတာ။ ဒါပေမယ့် ရုတ်တရက်ကြီး ကလေးတစ်ယောက်ရှိနေရော။ ဟားဟား...ဘော့စ် ဂုဏ်ပြုပါတယ်"

စစ်ထူရှင်းက သူ့အနားက ကိုရို့ကားယားဖြစ်မှုတွေကို သတိမပြုမိခဲ့ပေ။ စစ်ထူရှင်းက ရယ်မောနေပြီး နောက်ဆုံးမှာ ထူးဆန်းတဲ့တိတ်ဆိတ်မှုကို သတိပြုမိသွားသည်။ ပြီးနောက်မှာ တောက်ပတဲ့ငွေလရောင်အောက်မှာ သူ့ကိုကြည့်နေကြတဲ့လူတွေရဲ့မျက်နှာက ထူးဆန်းတဲ့အမူအယာကို သူသတိပြုမိသွားသည်။ သူလုံးဝ ကြက်သေသေသွားသည်။ ဘာတွေ‌ဖြစ်နေမှန်း သူမသိပေ။

သူက သူ့ခေါင်းနောက်ဘက်က်ု ကိုင်လိုက်ပြီး နားမလည်စွာနဲ့

"ဘာဖြစ်လို့လဲ? ကျွန်တော် တစ်ခုခုများမှားပြောမိလို့လား?"

ရွာသားတွေက ဘာပြောရမှန်းမသိချေ။

ရှောင်လင်းယွီက ကုန်းထျန်းဟောက်ရဲ့ ကလေးကို လွယ်ထားတာမဟုတ်ဘူးဆိုတာ သူတို့ဘယ်လိုလုပ် စစ်ထူရှင်းကို ပြောနိုင်ပါ့မလဲ?

ပြီးတော့ ဒီကလေးက ကုန်းထျန်းဟောက်ရဲ့  သွေးသားရင်းမဟုတ်ရင်တောင် ကုန်းထျန်းဟောက်နဲ့ သခင်ကြီးကုန်းတို့ နှစ်ယောက်စလုံးက ဒီကလေးကို လုံးဝစိတ်မခုဘူးဆိုတာကို မျက်စိကောင်းကောင်းနဲ့လူတိုင်း ပြောနိုင်သည်။

ဆန့်ကျင်ဘက်ပင် သူတို့က ဒီကလေးနဲ့ပက်သက်ပြီး ထူးထူးခြားခြားစိုးရိမ်နေပြီး စိတ်ပါဝင်စားနေသည်။ ဒါက ရွာသားတွေကို သခင်လေးကုန်းက မြုံနေတာလားလို့တောင် သိချင်စေမိသည်။ ပြီးတော့ ဒါကကဘာလို့ သူတို့တွေ ဒီကလေးကိုအရမ်းဂရုစိုက်နေရလဲဆိုတာဖြစ်သည်။ ပြီးတော့ သခင်လေးကုန်းက ဒီအကြောင်းရင်းကြောင့် ရှောင်လင်းယွီကိုလိုက်နေတယ်လို့ လူတော်တော်များများ တိတ်တဆိတ်ထင်ခဲ့ကြသည်။

ရွာသားတော်တော်များများက ဒီအကြောင်းကို သူတို့နောက်ကွယ်မှာ တီးတိုးပြောကြသည်။

သခင်ကြီးကုန်းက ဒီကိစ္စကို သူ့လက်အောက်ငယ်သားတွေဆီကနေကြားတော့ ပါးစပ်အစွန်းတွေ တရွရွဖြစ်နေသည်။ ဒါပေမယ့်လည်း သူ့မြစ်လေးရဲ့အကျိုးအတွက် သခင်ကြီးကုန်းက လောလောဆယ်တော့ ကောလဟာလတွေကို ထိန်းပဲထိန်းနိုင်ဦးမည်။

နောက်ကျလို့ ကိစ္စဝိစ္စတွေငြိမ်သက်သွားတဲ့အခါ ဒီလူတွေရဲ့ပါးစပ်ကို အမှန်တရားနဲ့ရိုက်ချပစ်မည်။ ဒါပေါ့ ဒီလိုကောလဟာလမျိုးတွေက ကုန်းထျန်းဟောက်နားကိုမရောက်ပေ။

ကုန်းထျန်းဟောက် လမ်းတစ်လျှောက် လျှောက်လာနေတုန်း ရွာသားတွေရဲ့ စာနာတဲ့အကြည့်တွေကို သတိပြုမိသွားသည်။ ဒါပေမယ့် သူ ၎င်းကို နှိုက်နှ်ိုက်ချွတ်ချွတ်မရှာရဲပေ။ တစ်ခါတစ်လေ ရှောင်မိသားစုတောင် ထင်မြင်ယူဆမှုကို ယုံကြည်ကြသည်။

ဒါပေမယ့်လည်း ကုန်းထျန်းဟောက်က ကလေးကို ရှောင်လင်းယွီကြောင့် သဘောကျတာဖြစ်ပြီး တခြားကိစ္စတွေကြောင့်မဟုတ်တာကို သူတို့သတိပြုမိကြသည်။ ဒါကြောင့် သူတို့က ကောလဟာလတွေကို  ဖျောက်ဖျက်ပစ်လိုက်ကြသည်။ ဒီကောလဟလအကြောင်း ရှောင်လင်းယွီကြားတော့ ပါးစပ်ထဲကနေ ချက်ချင်းရေတွေ ထွေးထုတ်မိသွားသည်။

'ကုန်းထျန်းဟောက်က မြုံနေတယ်? ဒါဆို သူတို့ ဒီကလေးကို ဘယ်လိုရှင်းပြမလဲ?'

ဒါပေ့ါ ရှောင်လင်းယွီက ကုန်းထျန်းဟောက်ကို ဒီအကြောင်း မပြောပေ။

ဘာပဲဖြစ်ဖြစ် ပြန်ကြတာပေါ့။

စစ်ထူရှင်းရဲ့ မေးခွန်းကို ဘယ်သူကမှမဖြေပေ။

အဲ့ဒီအချိန်မှာ မေမေရှောင်က ပြုံးကာထွက်လာသည်။

သူမက စစ်ထူရှင်းကို ကြည့်လိုက်ပြီး

"လူငယ်လေး မင်းက ကုန်းထျန်းဟောက် ညီလေးမဟုတ်လား?"

 စစ်ထူရှင်းက ကြင်နာပုံရပြီး ပြုံးနေတဲ့ ဒီသက်လတ်ပိုင်းအမျိုးသမီးကို ကြည့်လိုက်သည်။ သူ့ဘော့စ်ရဲ့ အမည်ကို ကြားလိုက်တော့ သူ့မှာခန့်မှန်းချက်တချို့ရှိသွားသည်။ သူက ချက်ချင်းပဲ သူ့ရဲ့စနောက်နေတဲ့အမူအယာကို ဘေးထုတ်ထားလိုက်ပြီး မေမေရှောင်ကို လေးနက်တဲ့အမူအယာနဲ့ ကြည့်လိုက်သည်။

သူက ပြုံးလိုက်ပြီး 

"မင်္ဂလာပါ ဒေါ်လေး၊ ကျွန်တော်က ဘော့စ်ထျန်းဟောက်ရဲ့ ညီလေးပါ။ ဒေါ်လေးက..."

မေမေရှောင်က ပြုံးလိုက်ပြီး

"ဒေါ်လေးက ယွီအာအမေပါ"

သူမဒါကိုပြောလိုက်တော့ မေမေရှောင်က ရှောင်လင်းယွီကို ‌ထိုးပြလိုက်သည်။

"အိုး ဒါဆို ကျွန်တော့်‌ ယောက္ခမကြီးပေါ့"

စစ်ထူရှင်းက ချက်ချင်းပြောလိုက်သည်။

မေမေရှောင်၊ "..."

လူတိုင်း၊ "..."

ဒီလူငယ်လေးရဲ့ခေါင်းက တစ်ခုခုများ ဖြစ်နေတာလား?

ကုန်းထျန်းဟောက်၊ "..."

ဒီစစ်ထူရှင်း ငါ့မိန်းမကို လုဖို့ကြံနေတာလား?

"အဟမ်း"

ကုန်းထျန်းဟောက်က သူ့ကို စူးရှရှအကြည့်တစ်ခုပစ်လွှတ်လိုက်ပြီး မကျေနပ်ချက်တချို့နဲ့ပြောလိုက်သည်။

"စစ်ထူရှင်း၊ ဘယ်သူက မင်းယောက္ခမကြီးလဲ?"

ကုန်းထျန်းဟောက်ရဲ့ စူးရှတဲ့အကြည့်က သတိပေးမှုတွေနဲ့ ပြည့်နေသည်။

စစ်ထူရှင်းက ဖိဖိမ့်တုန်သွားပြီး တစ်ကိုယ်လုံး တုန်ယင်သွားသည်။

သူက တုံ့ပြန်လိုက်ပြီးတော့ ထပ်ပြောလိုက်ကာ

"ဟယ်လို ဒေါ်လေး၊ ဒီတော့ ဒေါ်လေးက ကျွန်တော့်ဘော့စ်ရဲ့ ယောက္ခမကြီးပေါ့။ ကျွန်တော်က စစ်ထူရှင်း ပါ။ သူ့ရဲ့အောက်ဆွဲတွေထဲက တစ်ယောက်လေ။ အခုကစပြီး ဒေါ်လေး ကျွန်တော့်ကို ရှောင်ရှင်းလို့ပဲ ခေါ်နိုင်ပါတယ်"

မေမေရှောင်၊ "..."

လူတိုင်း၊ "..."

မေမေရှောင်က ပြုံးပြီးတော့

"ငါ့ယွီအာနဲ့ ထျန်းဟောက်က လောလောဆယ် သမီးရည်းစားတွေပဲ။ အခုလေးတင် ဘေးကနေနားထောင်နေခဲ့တာ။ မင်းက ထျန်းဟောက် ညီလေးမလား?"

စစ်ထူရှင်းက ပြုံးပြီး ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ် ဒေါ်လေး၊ ကျွန်တော်က အစ်ကိုကြီးရဲ့ ညီအစ်ကိုကောင်းပါ"

ချက်ကျလက်ကျပြောရရင် သူ့အစ်ကိုကြီးက သူ့ဘော့စ်ဖြစ်သည်။

မေမေရှောင်က

"လူငယ်လေးရှင်း၊ တာ့ကွမ်းနဲ့ ရှောင်ကွမ်းကို ပြန်ပို့ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ခရီးရှည်ကြီးတစ်ခုဖြစ်ခဲ့တာပဲ"

"တာ့ကွမ်းနဲ့ ရှောင်ကွမ်း?"

စစ်ထူရှင်းက အနည်းငယ်နားမလည်နိုင်ဖြစ်သွားသည်။

"သူတို့က အဲ့ဒီနွားနှစ်ကောင်လေ"

မေမေရှောင်က ရှင်းပြကာ

"သူတို့တွေ ကွမ်းမြို့ကို မှောင်ခိုထုတ်ခံလိုက်ရတယ်လို့ ထျန်းဟောက်ဆီကနေ ကြားတယ်"

"အမ် ချိုးယင်၊ နွားဘုရင်ငယ်လေးနဲ့သူ့အမေက ကွမ်းမြို့ကို အပို့ခံလိုက်ရတာလား?"

အံ့အားသင့်တဲ့အသံတစ်သံ ပေါ်လာသည်။

"အဲ့ဒီသူခိုးတွေက အရမ်းမြန်တာပဲ။ သူတို့က နွားတွေကို မနက်မှာခိုးသွားပြီး နေ့လည်ကျ ကွမ်းမြို့ကို ရောက်တော့မလို့"

"ပြီးတော့ နွားနှစ်ကောင်က ငါတို့ရွာကို အဲ့ညမှာပဲ ပြန်လာတယ်"

တစ်ယောက်က မနာလိုစွာနဲ့

"သူတို့က အိမ်ပိုင်လေယာဉ်စီးသွားကြတာ။ ငါသာ လေယာဥ်စီးနိုင်မယ်‌ဆိုရင် ပျော်လို့သေမှာပဲ"

"ငါရောပဲ ဒါပေမယ့် ငါတို့ဘဝတွေက ပိုကောင်းမွန်လာပြီ။ နောက်ကျရင် လေယာဉ်တစ်စင်းစီးဖို့ ငါတို့မှာ အခွင့်အရေးရှိရင်ရှိမှာပေါ့"

လူတော်တော်များများ အတွေးတူတူပဲဖြစ်ကြသည်။

"အဲ့ဒါဘယ်တော့ဖြစ်မယ်မှန်းတော့ ဘယ်သူသိမှာတုန်း"

ရှောင်ချန်းပမ်းကလည်း ရှောင်ကွမ်းနဲ့ တာ့ကွမ်းကို ကွမ်းမြို့ကို အပို့ခံလိုက်ရတယ်ဆိုကြားတော့ အတော်လေးအံ့ဩသွားခဲ့သည်။

"ကျန်းယန် တာ့ကွမ်းနဲ့ ရှောင်ကွမ်းကို ကွမ်းမြို့ကို အပို့ခံလိုက်ရတာလား? သူတို့က တစ်ယောက်ယောက်ဆီကနေ အခိုးခံလိုက်ရတာလား?"

ရှောင်ကျန်းယန်က ခေါင်းညိတ်ကာ 

"ဟုတ်တယ်"

"ဒါဆို သူတို့ကို ဘယ်လိုခိုးတာလဲ?"

"ငါမသိဘူး!"

သူက တစ်ခုခုမှားနေတယ်လို့ ခံစားခဲ့ရပေမယ့် ဘာမှန်း သူမသိပေ။

ကံကောင်းစွာပဲ သူ့ယောက္ခမကြီးက၊ သူ့ဘော့စ်ရဲ့ယောက္ခမကြီးက သူ့ကို ကူညီဖို့ ရပ်တည်ပေးလိုက်သည်။ ဒါပေမယ့်လည်း ပြောရရင် ရွာသားတွေက တကယ်စိတ်ဝင်စားနေသည်။

မေမေရှောင်က တာ့ကွမ်းနဲ့ ရှောင်ကွမ်းကိုဖက်နေတဲ့ ရှောင်ရှောင်းဟွေ့ကို ကြည့်လိုက်ပြီး 

"အရမ်းနောက်ကျနေပြီ။ ငါတို့ပြန်သွားသင့်ပြီ"

အဲ့ဒီအချိန်မှာ မေမေရှောင်က တစ်စုံတစ်ခုကို တွေးမိသွားပြီး

"လူငယ်လေးရှင်း၊ ညစာစားပြီးပြီလား?"

စစ်ထူရှင်းကို သု့ခေါင်းကိုဆန့်ပြီး ရှက်ရှက်နဲ့

"မစားရသေးဘး ဒေါ်လေး?"

သူစားခဲ့ရင်တောင် မစားရသေးဘူးလို့ပဲ ပြောမှာဖြစ်သည်။ သူက အရသာရှိတဲ့အစားအသောက်တွေ စားရဖို့အတွက် ဒီကိုလိုက်လာခဲ့တာပဲ မဟုတ်ဘူးလား။

ပြီးတော့ လူအုပ်စုက ထွက်ခွာဖို့ပြင်လိုက်သည်။

အဲ့ဒီအချိန်မှာ ရှောင်ရှောင်းချန်က ပြေးလာပြီးငိုကာ

"ကယ်ပါဦး၊ ကျွန်တော့်အမေကို ကယ်ကြပါဦး။ ကျွန်တော့်အဖေက အမေ့ကို သေအောင်ရိုက်တော့မယ်"

"အမ် ဘာတွေဖြစ်နေတာလဲ?"

***

All Chapters