ကျန်းချွမ်းကျောင်းက ဆိုးဆိုးရွားရွားအရိုက်ခံရတယ်
Vol. 24 Ch. 406
လူတိုင်းက ရှောင်ဖုချီရဲ့အိမ်ကိုရောက်တော့ ရှောင်ဖုချီက သူ့လက်သီးတွေကို ကျန်းချွမ်းကျောင်းဆီကို ဂျုံမုန့်ညက်တစ်ခုလိုမျိုး ရိုက်နှက်နေတာကို မြင်လိုက်ကြရသည်။ အဝေးကနေတောင် ကျန်းချွမ်းကျောင်းရဲ့ ပွန်းပဲ့ပြီး ဖူးယောင်နေတဲ့မျက်နှာကို လူတွေသတိပြုမိလိုက်ကြသည်။
လူတိုင်းက အသက်ပြင်းပြင်းရှုလိုက်ကြသည်။
ရှောင်ဖုချီက ဒီတစ်ကြိမ်တော့ အရမ်းရက်စက်သည်။ သူက ထိန်းတောင်မထားပေ။
အရင်က ရှောင်ဖုချီက သူမူးလာတဲ့အခါပဲ ကျန်းချွမ်းကျောင်းကို ရှန်ရှာသည်။ ဒါပေမယ့် ဒီတစ်ခါတော့…
ရှောင်ရှောင်းချန် အကူအညီလာတောင်းတာ အံ့ဩစရာမရှိတော့ပေ။
“ရပ်လိုက်!”
ရွာသူကြီး ရှောင်ထိုက်ယန်က ချက်ချင်းအော်ကာ
“ရှောင်ဖုချီ မင်းဘာလုပ်နေတာလဲ? မင်းသူ့ကို သတ်ဖို့ကြိုးစားနေတာလား?”
ရှောင်ဖုချီရဲ့မျက်နှာက ဒေါသတွေနဲ့ပြည့်နေပြီး ညိုမည်းနေသည်။ သူက သူ့လက်သီးတွေမြှောက်နေတာကို မရပ်ခဲ့ပေ။ အဲ့ဒီအစား သူက ကျန်းချွမ်းကျောင်းရဲ့ဗိုက်ကို ထိုးလိုက်သည်။
“ကူညီပါဦး ကူညီကြပါ..”
ကျန်းချွမ်းကျောင်းက ကြောက်အားလန့်အားနဲ့ အော်ငိုလိုက်ကာ
“သူက ကျွန်မကိုသတ်ဖို့ ကြိုးစားနေတာ။ ကူညီကြပါဦး!”
သူမက ဒဏ်ရာရနေသည်။ အဲ့ဒီအချိန်မှာ သူမက ခြံဝင်းထဲက မြေကြီးပေါ်မှာ လဲလျောင်းနေခဲ့သည်။ သူမ အဝတ်အစားတွေက ရှုပ်ပွနေပြီး မျက်နှာက ထိခိုက်ထားကာ ဖူးယောင်နေသည်။ ရှောင်ဖုချီက သူမရဲ့ဗိုက်ကို ဆက်ထိုးနေတုန်းဖြစ်ပြီး သူ့လက်တစ်ဖက်က သူမရဲ့ရင်ဘတ်ကို ဖိထားသည်။ သူက သူမရဲ့ဗိုက်ကို ဆက်ပြီးထိုးနေသည်။
ရွာသူကြီးက ချက်ချင်းအော်ဟစ်ကာ
“မြန်မြန် သူ့ကိုဆွဲကြ!”
အားကောင်းတဲ့ယောကျ်ားတချို့က ရှောင်ဖုချီကိုတားဖို့ ပြေးသွားကြသည်။ သူနောက်ဆုတ်ပြီးတာတောင် ရှောင်ဖုချီကအရမ်းစိတ်တိုနေတုန်းဖြစ်သည်။ သူက သူ့ခြေထောက်တစ်ဖက်ကို မြှောက်လိုက်ပြီး ကျန်းချွမ်းကျောင်းရဲ့ဗိုက်ကို ထပ်ကန်လိုက်သည်။
လူတိုင်း၊ “…”
ဘာတွေဖြစ်နေတာလဲ? သူတို့က လင်မယားလား ဒါမှမဟုတ် ကမ္ဘာမကျေရန်သူတွေလား?
ရွာသူကြီးက အရမ်းဒေါသထွက်နေသည်။ သူက တင်းတင်းမာမာနဲ့
“ရှောင်ဖုချီ၊ မင်းဘာဖြစ်နေတာလဲ? မင်းက သူ့ကို သေအောင်ရိုက်ချင်နေတာလား?”
ရှောင်ဖုချီက အရမ်းစိတ်တိုနေုတုန်းဖြစ်ပြီး သူက
“အဲ့ဒီမိန်းမက သေအောင် အရိုက်ခံရဖို့ တန်တယ်!”
“အဓိပ္ပာယ်မရှိတာ!”
ရွာသူကြီးက ခပ်တင်းတင်းအော်ကာ
“မင်းသူ့ကိုသတ်ရင် သေဒဏ်ကျလိမ့်မယ်!”
ရှောင်ဖုချီက သူ့နှုတ်ခမ်းတွေကို တင်းတင်းစေ့ထားလိုက်သည်။ သူ့မျက်လုံးထဲက ဒေါသက မြေကြီးပေါ်မှာလဲနေတဲ့ ကျန်းချွမ်းကျောင်းကို တည့်တည့်ပုံကျနေသည်။ သူက အသံကျယ်ကျယ်နဲ့
“ကျုပ်ဘဝနဲ့လဲရရင်တောင် သူ့ကို သေအောင်ရိုက်ပစ်မှာ”
လူတိုင်း၊ “…”
ဒီလင်မယားကြားမှာ ဘယ်လိုကြီးမားတဲ့အမုန်းတရားရှိနေရတာလဲ?
ရွာသူကြီးက အော်ဟစ်ကာ
“တော်လောက်ပြီ! မင်းက သေရမှာကိုမကြောက်ပေမယ့် ဒါကအရမ်းရှက်ဖို့ကောင်းတယ်!”
အဲ့ဒီအချိန်မှာ ကျန်းချွမ်းကျောင်းက မြေကြီးပေါ်ကနေထလာပြီး ရွာသူကြီးရှေ့မှာ ဒူးထောက်လိုက်သည်။ သူမက ရွာသူကြီးကိုအကူအညီတောင်းကာ
“ရွာသူကြီး ကျွန်မကိုကယ်ပါဦး။ အဲ့ဒီမကောင်းတဲ့အကောင် ရှောင်ဖုချီက တကယ် ကျွန်မကို သေအောင်ရိုက်ဖို့ကြိုးစားနေတယ်”
ကျန်းချွမ်းကျောင်းရဲ့ ဖရိုဖရဲဖြစ်နေတဲ့အဝတ်အစားတွေ ၊ ရှုပ်ပွနေတဲ့ဆံပင်နဲ့ ဖူးယောင်နေတဲ့ နှာခေါင်းနဲ့မျက်နှာက လူတွေကို သူမကို တကယ်စာနာသနားသွားစေသည်။ ဒါပေမယ့်လည်း သူတို့တွေက ကျန်းချွမ်းကျောင်းရဲ့ စိတ်ပျက်ဖို့ကောင်းတဲ့အကျင့်စရိုက်ကို တွေးမိတော့ သူတို့စာနာမှုတွေ မှေးမှိန်သွားသည်။
“အရင်ထဦး။ မဟုတ်ရင် ငါက နင့်ကိုအနိုင်ကျင့်တယ်လို့ လူတွေထင်ကုန်မယ်”
ရှောင်ထိုက်ယန်က စိတ်မချမ်းမြေ့စွာ ပြောလိုက်သည်။
ပြီးတော့ သူက ရှောင်ဖုချီကို ဒေါသတကြီးအပြစ်တင်လိုက်ကာ
“ပြီးတော့ မင်း! ဘာလို့စကားနဲ့မပြောရတာလဲ? မင်းလက်သီးကို သုံးမှဖြစ်မှာလား?”
ရှောင်ဖုချီက အရမ်းစိတ်တိုနေပုံပေါ်ကာ
“ရွာသူကြီး ဒီမကောင်းတဲ့မိန်းမက ကျုပ်မိသားစုရဲ့ ပိုက်ဆံအားလုံးကိုယူပြီး ထွက်သွားဖို့ပြင်နေတာ။ သူ့ကိုသာ အချိန်မီမဖမ်းနိုင်ခဲ့ရင် သွားတောင်သွားပြီးလောက်ပြီ!”
ရှောင်ဖုချီရဲ့စကားတွေကိုကြားတော့ တခြားသူတွေ ချက်ချင်းရှော့ခ်ရသွားသည်။ ရှောင်ဖုချီရဲ့မိသားစုက မဆင်းရဲပေ။ ရှောင်ဖုချီရဲ့မိဘတွေ၊ ရှောင်ဖုချီ၊ ကျန်းချွမ်းကျောင်းနဲ့ သူတို့သမီးတွေက အလုပ်လုပ်တဲ့လူတွေဖြစ်ကြသည်။ ရှောင်ရှောင်းချန်ပဲ အလုပ်လုပ်ဖို့ အရမ်းငယ်နေသေးသည်။
သူတို့က ရှောင်ကွမ်းရဲ့မစင်ကို မသုံးရပေမယ့်လည်း ရှောင်လင်းယွီရဲ့ တောင်ငှားရမ်းတာတွေဆီကနေ သူတို့ငှားရမ်းခရကြသည်။ သူတို့က ဒီနှစ်ထဲမှာ ငွေပမာဏတော်တော်များများ ရခဲ့သည်။ ၎င်းက အနည်းဆုံးတစ်သောင်းရှိသည်။
ကျန်းချွမ်းကျောင်းက အဲ့ဒါတွေအားလုံးကို ယူသွားဖို့လုပ်ခဲ့သည်။
ရှောင်ဖုချီအရမ်းစိတ်တိုနေတာ အံ့ဩစရာမရှိတော့ပေ။ သူတို့ဆိုလည်း စိတ်တိုကြမှာပဲ။
ဒါကိုကြားပြီးတော့ ရွာသူကြီးက အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်ပြီး ကျန်းချွမ်းကျောင်းကို ကြည့်လိုက်ကာ
“ကျန်းချွမ်းကျောင်း၊ သူအမှန်ကိုပြောနေတာလား?”
မသိုးမသန့်ဖြစ်တဲ့အမူအယာတစ်ခု ကျန်းချွမ်းကျောင်းရဲ့မျက်နှာပေါ်မှာ ဖြတ်ပြေးသွားသည်။ ပြီးနောက်မှာ သူမက ပြင်းပြင်းထန်ထန်ငြင်းဆိုကာ
“သူ့ပိုက်ဆံက ကျွန်မပိုက်ဆံပဲလေ။ ဒါဆိုရင် ကျွန်မဘာလို့ ယူလို့မရရမှာလဲ? ကျွန်မ ဒီမှာနေပြီး ထပ်ပြီး အရိုက်မခံနိုင်တော့ဘူး။ ဒီတော့ ကျွန်မဘာလို့ ပိုက်ဆံယူပြီး ထွက်သွားလို့မရရမှာလဲ?”
ကျန်းချွမ်းကျောင်းက တကယ့်ကို အရေထူသည်။
လူတွေက ဒါကိုကြားတော့ သူတို့အမူအယာတွေက အတော်လေး မယုံသင်္ကာဖြစ်သွားကြသည်။
ကျန်းချွမ်းကျောင်းက တစ်နည်းအားဖြင့်တော့ သူမမိသားစုဆီက ပိုက်ဆံတွေအားလုံးကို ခိုးသွားခဲ့သည်။
သူမက ဒါနဲ့ပက်သက်ပြီး ဘာလို့အရမ်းအရှက်မရှိရတာလဲ?
သူမက သူမရဲ့ယောက်ျား၊ ယောက္ခမတွေကို ဂရိုမစိုက်နိုင်ပေမယ့် သူမကလေးတွေကရော?
သူမက ပိုက်ဆံတွေအားလုံးနဲ့ထွက်သွားရင် ရှောင်ဖုချီက သူတို့သားနဲ့သမီးတွေကို ဘာနဲ့ကျွေးမွေးတော့မှာလဲ?
ဒီမိန်းမက ရက်စက်လှသည်။
“ကျန်းချွမ်းကျောင်း၊ နင့်ပါးစပ်က ဒီစကားမျိုးထွက်လာနိုင်သေးတယ်ပေါ့။ နင့်ကလေးတွေကို ဂရုမစိုက်တော့ဘူးလား။ နင်ပိုက်ဆံတွေယူသွားပြီးရင် နင့်သားက ဘယ်လိုကျောင်းတက်မှာလဲ? ပြီးတော့ နောက်ကျရင်ရော ရှောင်ရှောင်းချန်ကို ဘယ်သူကလက်ထပ်မှာလဲ? ဒါအရမ်းရှက်ဖို့ကောင်းတယ်။ နင်က နင့်မိသားစုကိုတောင် ဒုက္ခပေးဖို့ ကြိုးစားနေတာပဲ”
“ကျန်းချွမ်းကျောင်း၊ နင့်မှာတကယ်ပဲ အခြေခံအသိစိတ်ဓာတ်ကို မရှိတော့ဘူး။ နင်က ဘာမဆို လုပ်ဖို့ဆန္ဒရှိနေတာ။ ဒါက ငါတို့မိန်းမတွေအတွက် ရှက်စရာပဲ။ ရှောင်ဖုချီက နင့်ကို သေအောင်ရိုက်နေတာ အံ့ဩစရာမရှိတော့ဘူး။ သူ့နေရာမှာ တခြားယောက်ျားဆိုရင်လည်း အတူတူပဲလုပ်မှာပဲ”
“ကျန်းချွမ်းကျောင်း နင်ပိုက်ဆံဘယ်လောက်ယူသွားတာလဲ? နင်အကုန် ယူသွားတာလား? ဒါက တစ်သောင်းလေ။ နင့်ကလေးတွေအတွက် နည်းနည်းလောက်မချန်ခဲ့ဘူးလား?”
ကျေးလက်ကလူတွေအဖို့ သူတို့စုဆောင်းထားတဲ့တစ်ဆင့်ချင်းစီက ခက်ခက်ခဲခဲပိုက်ဆံတွေပဲဖြစ်သည်။ သူတို့က အခိုးခံရမှာထက် အသတ်ပဲခံလိုက်မည်။ ဒီစိတ်နေသဘောထားက အထူးသဖြင့် ထောင်ယွမ်ရွာမှာ ပိုခိုင်မာသည်။ အကြောင်းမှာ သူတို့က အရမ်းဆင်းရဲခဲ့ကြလို့ ဖြစ်သည်။
ရှောင်လင်းယွီက တောင်တွေကို ငှားရမ်းပြီးတော့ ရွာသားတွေက ငှားရမ်းခကနေ ပမာဏအများကြီးရခဲ့သည်။ ၎င်းက လူတွေအများကြီးကို မျှော်လင့်ချက်ပေးခဲ့သည်။ သူတို့တွေ အခုအိမ်အသစ်ဆောက်နိုင်ပြီး သူတို့ကလေးတွေအတွက် ပိုကောင်းတဲ့အတွဲအဖက် ရှာပေးနိုင်သည်။
ရှောင်ဖုချီရဲ့မိသားစုမှာ ကွာရှင်းထားတဲ့ ရှောင်သာ့ဟွာအပါအဝင် မိသားစုဝင်ငါးယောက်ရှိသည်။ ရှောင်လင်းယွီရဲ့စာချုပ်အရ သူတို့တွေ ယွမ်၄၀၀၀၀နီးနီး ရကြလိမ့်မည်။
ရှောင်ရှောင်းချန်က အရမ်းငယ်သေးသည်။ ဒါပေမယ့်လည်း ရှောင်ဖုချီက သူ့အတွက် အကုန်စီစဉ်ထားခဲ့သည်။ သူပ သူ့သားကို အိမ်အသစ်တစ်လုံးဆောက်ပေးဖို့ ပိုက်ဆံတွေကို အသုံးပြုမည်။ သူတို့နဲ့အိမ်ဟောင်းက ယိုယွင်းနေပေပြီ။ သူတို့ကို ပြန်ပြုပြင်လိုက်ရင်တောင် အိမ်အသစ်တစ်လုံးဆောက်သလောက် ကျသင့်လိမ့်မည်။
မိသားစုထဲမှာ သူခိုးတစ်ယောက်ရှိနေမယ်လို့ ဘယ်သူကများ တွေးမိမှာလဲ?
သူအရမ်းစိတ်တိုနေတာ အံ့ဩစရာမရှိတော့ပေ။
ရွာသူကြီးက လေးလေးနက်နက်နဲ့
“ကျန်းချွမ်းကျောင်း နင်ထွက်သွားချင်ရင် နင်ကွာရှင်းလိုက်လို့ရတာပဲ။ ဘာလို့ ပိုက်ဆံတွေခိုးပြီး ထွက်သွားရတာလဲ?”
“နင်က ရှောင်ဖုချီရဲ့ပိုက်ဆံကို မပိုင်ဘူး။ နင်က သူ့ကြွယ်ဝမှုရဲ့ တစ်စိတ်တစ်ပိုင်းကိုပဲ ပိုင်ဆိုင်ခွင့်ရှိတာ။ နင်ပိုက်ဆံတွေအကုန်ယူသွားပြီးရင် နင့်မိသားစုက၊ အထူးသဖြင့် နင့်ကလေးနှစ်ယောကက် ဘယ်လိုအသက်ဆက်သွားဖို့ မျှော်လင့်နေတာလဲ?”
ကျန်းချွမ်းကျောင်းက ငိုယိုလိုက်ပြီး တိုင်ကြားကာ
“ရွာသူကြီး ကျွန်မ…ကျွန်မက ဒါကိုလုပ်ဖို့ ဖိအားပေးခံရတာ။ ရှောင်ဖုချီက ကျွန်မကိုနေ့တိုင်းရိုက်နှက်တယ်။ အထူးသဖြင့် မူးရူးလာတဲ့အခါမှာပဲ၊ ကျွန်မလည်း အေးချမ်းတဲ့ဘဝတစ်ခုနဲ့ ထိုက်တန်တယ်လေ။ ကျွန်မ ဒီလိုဆက်ပြီး မနေနိုင်တော့ဘူး”
အဲ့ဒီအချိန်မှာ မိန်းမတစ်ယောက်က စကားပြောလိုက်ကာ
“တကယ်တော့ အဲ့ဒါနင့်အမှားလေ။ အကုန်လုံး နင်ပဲစခဲ့တာ။ အရင်က ရှောင်ဖုချီက နင့်အပေါ် ကောင်းခဲ့တယ်။ သူက နင့်ကို မဆူသလို ရိုက်လည်းမရိုက်ဘူး။ ပြီးတော့ နင့်ကိုတောင် ရိုက်ခွင့်ပြုထားသေးတယ်။ သူက နင့်ကို အရမ်းအလိုလိုက်တယ်။ ဒါပေမယ့် နင်က ဒီလိုယောက်ျားကောင်းမျိုးကို တန်ဖိုးမထားခဲ့ဘူး။ နင်က တစ်ခြား ယောကျ်ားတစ်ယောက်ကို သွားဆွဲဆောင်ခဲ့တယ်။ နင်က..အဲ့ဒီကိစ္စတွေကို လူမြင်ကွင်းမှာတောင် လုပ်ခဲ့သေးတယ်..”
ရွာသားက ဒါထက်ကျော်ပြီး မပြောပေ။ အကြောင်းမှာ သူမက ရှောင်ဖုချီမျက်နှာကို ထောက်နေသောကြောင့်ဖြစ်သည်။ ဒါပေမယ့် သူမ ဘာကိုဆိုလိုမှန်း လူတိုင်းသိကြသည်။
တခြားသူတွေက သဘောတူလက်ခံကာ
“ကျန်းချွမ်းကျောင်း နင်က တကယ် အထွန့်တက်ရတာကြိုက်တာပဲ။ အရင်က နင့်မိသားစုကဆင်းရဲခဲ့တယ် ဒါပေမယ့် ရှောင်ဖုချီကနင့်ကို ဘုရင်မတစ်ပါးလို ဆက်ဆံခဲ့တယ်။ လူတိုင်း ဒါကိုမြင်တယ်”
“နင်က လယ်လုပ်ရတာမကြိုက်ဘူး။ ဒါကြောင့် ရှောင်ဖုချီ နင့်ကို အလုပ်မလုပ်စေခဲ့ဘူး။ ရှောင်ဖုချီက အရာအားလုံးလုပ်ခဲ့တယ်။ နင်က အိမ်မှာ ထိုင်နေဖို့ပဲလိုခဲ့တာ။ ငါတို့ဘယ်လောက် မနာလိုနေခဲ့မှန်း နင်သိရဲ့လား?”
အလိုလိုပင် ဒီကိစ္စတွေကိုပြောတဲ့သူတွေက အမျိုးသမီးအများစုပင်ဖြစ်သည်။ ယောက်ျားတွေက ဘာမှမပြောခဲ့ပေ။ ဘာပဲဖြစ်ဖြစ် သူတို့ထဲကတစ်ယောက်မှ အရင်က ရှောင်ဖုချီလုပ်ခဲ့သလိုမျိုး သူတို့မိန်းမတွေကို အလိုမလိုက်ခဲ့ကြပေ။
လူတိုင်းက ကျန်းချွမ်းကျောင်းကို သင်ခန်းစာပို့ချနေသည်။
ကျန်းချွမ်းကျောင်းက ခေါင်းငုံ့ထားလိုက်သည်။ သူမ ဘာပြောရမယ်မှန်းမသိချေ။ သူမကြောက်လာလို့ ထွက်ပြေးခဲ့ခြင်းဖြစ်သည်။ ဒါပေါ့ သူမက ရှောင်ဖုချီဆီက အရိုက်ခံရမှာကို ကြောက်တာမဟုတ်ဘဲ … အဖမ်းခံလိုက်ရမှာကို ကြောက်တာဖြစ်သည်။ သူမသာ ထွက်သွားရမယ်ဆိုရက် သူမမှာ ပိုက်ဆံရှိဖို့လိုသည်။ သူမ လမ်းပေါ်မှာတော့ မနေပေ။ သူမက ရှောင်ရှောင်းချန် ကို သူမအဘိုးအိမ်ကို သွားမယ်လို့ ပြောခဲ့ပေမယ့် သူမရဲ့အရင်မိသားစုက သူမကိုကြိုဆိုမှာမဟုတ်မှန်းသိသည်။
ပြီးတော့ ရဲတွေက သူမကို အဲ့ဒီမှာရှာတွေ့သွားမှာကိုလည်း သူမကြောက်သည်။ ဒါကြောင့် ဘယ်သူမှ သူမကိုမသိတဲ့နေရာကို သွားရမည်။ ၎င်းကိုအောင်မြင်ဖို့ဆို သူမမှာ ပိုက်ဆံရှိဖို့လိုသည်။ သူမမှာ ပိုက်ဆံရှိနေသရွေ့ အစားအသောက်နဲ့ အကာအကွယ်ရှိမည်ဖြစ်သည်။ သူမက သူတောင်းစားတစ်ယောက် မဖြစ်လာချင်ပေ။
လူအုပ်စုက ခနကြာတော့ လူစုကွဲသွားသည်။ ပြီးတော့ ဒါက ရှောင်ဖုချီမိသားစုရဲ့ကိစ္စလေ။ ၎င်းက ညသန်းခေါင်ရှိနေပြီဖြစ်ပြီး လူတိုင်း ခြေကုန်လက်ပမ်းကျနေကြပြီ။ သူတို့တွေ အိမ်ပြန်ပြီး အနားယူဖို့လိုသည်။
လူတိုင်းထွက်သွားပြီးတော့ ကျန်းချွမ်းကျောင်းက ထပ်ပြီးထွက်သွားမှာကို ရှောင်ဖုချီစိုးရိမ်ခဲ့သည်။ ဒါကြောင့် သူက လျှော်ကြိုးတစ်ချောငိးယူပြီး သူမကို ချည်ထားလိုက်သည်။ ရှောင်ဖုချီက ကျန်းချွမ်းကျောင်းခိုးထားတဲ့ ပိုက်ဆံအားလုံးကို ပြန်ယူလိုက်သည်။ သူပ ၎င်းတို့ကို လုံခြုံအောင်ထားလိုက်ပြီး အိပ်ဖို့သွားခဲ့သည်။ သူက ညသန်းခေါင်ကြီးမှာနိုးလာပြီး ကျန်းချွမ်းကျောင်းကို ရိုက်နှက်ဖို့ အားတော်တော်သုံးခဲ့ရသည်။ သူအရမ်းပင်ပန်းနေသည်။
ကျန်းချွမ်းကျောင်းက ခြံထဲမှာ အချည်ခံထားရပြီး ထိခိုက်ထားဆဲဖြစ်သည်။ ရှောင်ဖုချီက သူမကို ဘာကုသမှုမှ မပေးပေ။ ရှောင်ဖုချီရဲ့အိမ်မှာ ဘာဖြစ်သလဲဆိုတာကို ရှောင်မိသားစုက ဂရုမစိုက်ခဲ့ပေ။
ရှောင်မိသားစုက ရှောင်ကွမ်းနဲ့ တာ့ကွမ်းကိုပြန်ရလို့ အရမ်းပျော်ရွှင်နေသည်။ ရှောင်လင်းယွီနဲ့ ကုန်းထျန်းဟောက်က ရှောင်ဖုချီမိသားစုအကြောင်းကို ဂရုမစိုက်ခဲ့ပေ။ ကျန်းချွမ်းကျောင်း ထွက်မပြေးနိုင်မှန်း သူတို့သိသည်။ ကျန်းချွမ်းကျောင်းက ယင်ကောင်လေးတစ်ကောင်သာဖြစ်သည်။ သူမ ထွက်မပြေးနိုင်ပေ။
“လူငယ်လေးရှင်း၊ ဒေါ်လေးက မင်းအတွက် ခေါက်ဆွဲတစ်ပန်းကန်ပြင်ပေးမယ်”
မေမေရှောင်က ယဉ်ကျေးစွာပြောလိုက်သည်။
စစ်ထူရှင်းက ကုန်းထျန်းဟောက်ရဲ့စူးရှတဲ့အကြည့်ကိုတုံ့ပြန်ဖို့ မတတ်သာဘဲ ခေါင်းညိတ်လိုက်မိသည်။
“ဟုတ်ကဲ့ပါ ကျေးဇူးပါ ဒေါ်လေး!”
ရှောင်ကွမ်းနဲ့ တာ့ကွမ်းက ပြန်လာလေပြီ။
ရှောင်ရှောင်းဟွေ့က သူတို့ကို နွားတင်းကုပ်ဆီပြန်ပို့ပြီးတော့ ရှောင်မိသားစုကလည်း အနားယူဖို့ ပြန်သွားခဲ့ကြသည်။
အကြီးဆုံးဦးလေးရှောင်၊ ဒုတိယဦးလေးရှောင်နဲ့ တတိယဦးလေးရှောင်တို့ရဲ့မိသားစုတွေက သူတို့အိမ်ဆီ ပြန်အနားယူခဲ့ကြသည်။
ဒီတော့ ရှောင်မိသားစုသာပဲ ကျန်ရစ်ခဲ့သည်။
စစ်ထူရှင်း ဘယ်လောက်ငယ်တယ်ဆိုတာကို သတိပြုမိပြီး ဖေဖေရှောင်က ပြုံးကာ
“လူငယ်လေးရှင်း၊ မင်းကြည့်ရတာအရမ်းငယ်ပုံပဲ။ ဒါပေမယ့် မင်းက နေရာတိုင်းမှာတောင် ပြေးလွှားနေပြီ။ မင်း ဆယ့်ရှစ်နှစ်တောင်ပြည့်ရဲ့လား?”
နှစ်ဆယ့်ရှစ်နှစ်ရှိပြီဖြစ်တဲ့ စစ်ထူရှင်း၊ “…”
ဒါက ချီးကျူးတာ ဟုတ်မဟုတ်ဆိုတာကို ငါမသေချာဘူး။
စစ်ထူရှင်းက ပြုံးကာ
“ဦးလေး ကျွန်တော်က ၂၈နှစ်ရှိပြီ”
ဖေဖေရှောင်က စစ်ထူရှင်းရဲ့ နုနယ်တဲ့မျက်နှာကိုကြည့်လိုက်ပြီး သံသယတွေပြည့်သွားသည်။
“မင်းကတကယ် ၂၈နှစ်ရှိပြီလား?”
စစ်ထူရှင်းက
“ဟုတ်တယ် ဦးလေး။ ကျွန်တော့်မှာ ကလေးမျက်နှာရှိပေမယ့် တကယ် ၂၈နှစ်ပါ”
ဖေဖေရှောင်က သိသိသာသာကို မယုံနိုင်ဖြစ်နေသည်။ သူက အတည်ပြုပေးဖို့ ကုန်းထျန်းဟောက်ကို ကြည့်လိုက်သည်။
ကုန်းထျန်းဟောက်က ပြုံးကာ
“ဦးလေး သူ့ရဲ့ငယ်ရွယ်တဲ့မျက်နှာကြောင့် အရူးလုပ်မခံနဲ့။ သူက တကယ်တော့ မြေခွေးအိုကြီး။
သူက တကယ့်ကို၂၈နှစ်ပဲ”
စစ်ထူရှင်း၊ “…”
အခု ဒါက ချီးကျူးတာမဟုတ်တာတော့ ငါသေချာသွားပြီ။
ဖေဖေရှောင်က ကုန်းထျန်းဟောက်ကို လုံးဝပိုယုံကြည်သည်။
သူက ခေါင်းညိတ်ကာ
“တကယ်ပဲ စာအုပ်တစ်အုပ်ကို အဖုံးကြည့်ပြီး ဆုံးဖြတ်လို့မရဘူးပဲ။ သူ့ကြည့်ရတာ အရမ်းငယ်ပုံပေါ်တယ်။ ဒါပေမယ့် အတော်လေးအသက်ကြီးပြီပဲ”
စစ်ထူရှင်း၊ “…”
အိုခေလေ…ဒါက ချီးကျူးတာလား?
ကုန်းထျန်းဟောက်က ထပ်ပြီး မိတ်ဆက်လိုက်ကာ
“ဦးလေး စစ်ထူရှင်းက ငယ်ကောင်းငယ်နိုင်ပေမယ့် သူက ဦးနှောက်အထူးကုတစ်ယောက်ပဲ။ ဒါ့ပြင် သူ့မှာ ပြည်ပအောင်မြင်မှုအတွက် ရေရာတဲ့ဒီဂရီလည်းရှိတယ်”
စစ်ထူရှင်းရဲ့ အထောက်အထားကို ကုန်းထျန်းဟောက် မိတ်ဆက်ပေးတာကိုကြားပြီး ရှောင်လင်းယွီက အရမ်း အံ့ဩသွားသည်။ သူက ၂၈နှစ်၊ ဦးနှောကိအထူးပြုတစ်ယောက်ဖြစ်ပြီး ပြည်ပအောင်မြင်မှုတောင် ရှိသေးသည်။ ၎င်းက အထင်ကြီးစရာဖြစ်သည်။
ဒါပေမယ့်လည်း ဖေဖေရှောင်က လယ်သမားတစ်ယောက်ဖြစ်သည်။ သူက ဒီကိစ္စတွေအကြောင်း သိပ်မသိပေ။ ဒါပေမယ့်လည်း ကျွမ်းကျင်ပညာရှင်တစ်ယောက်လို့ခေါ်ဖို့ အရမ်းလေးနက်တဲ့ပညာရှင်အသိပညာတွေလိုအပ်မှန်း သူသိသည်။ ဖေဖေရှောင်က ပညာတတ်တွေကို အမြဲလေးစားသည်။
သူက
“ငါအထင်ကြီးသွားပြီ။ ဒေါက်တာစစ်ထူက အသက်ငယ်ငယ်လေးနဲ့ ကျွမ်းကျင်သူတစ်ယောက်ဖြစ်နေပြီပဲ!”
“…”
စစ်ထူရှင်း ရှက်သွားသည်။ ပြီးနောက်မှာ သူက
“ဦးလေး ကျွန်တော့်ကို ရှောင်ရှင်းလို့ပဲ ခေါ်နိုင်ပါတယ်။ ကျွန်တော်က ဆရာဝန်တစ်ယောက်ပါ။ ဒါပေမယ့်… ကျွန်တော်က ဘော့စ်ရဲ့ညီအစ်ကိုကောင်းတစ်ယောက်ပဲလေ။ ကျွန်တော့်ကို ဂျူနီယာလိုပဲ သဘောထားပါ”
ကုန်းထျန်းဟောက်ကလည်း သူ့ရဲ့ ယောက္ခမလောင်းနဲ့ ယောက္ခထီးလောင်းကို စစ်ထူရှင်း နားမှာ အရမ်းအနေခက်မနေစေချင်ပေ။
ကုန်းထျန်းဟောက်က
“ဦးလေး သူက ဆရာဝန်တစ်ယောက်ပါ။ ဒါပေမယ့် သူကလည်း ကျွန်တော်တို့လိုပဲ သာမန်လူတစ်ယောက်ပဲလေ။ သူ့ကို ဦးလေးရဲ့အငယ်မျိုးဆက်လိုမျိုးပဲဆက်ဆံပါ”
ဖေဖေရှောင်က ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီလေ”
သူက လူငယ်လေးတွေကို အနေခက်မနေစေချင်ပေ။
“ခေါက်ဆွဲရပြီနော်။”
မေမေရှောင်က ခေါက်ဆွဲတစ်ပန်းကန်နဲ့ ထွက်လာသည်။
“ဝိုး အအနံ့ကအရမ်းမွှေးတာပဲ”
***