← Chapters

အကြောင်းနဲ့အကျိုး

Vol. 24 Ch. 407

အကြောင်းနဲ့အကျိုး

Vol. 24 Ch. 407

အနံ့ရနေတဲ့ စစ်ထူရှင်းက သူ့ခုံကနေထလိုက်ပြီး မေမေရှောင်ဆီက ခေါက်ဆွဲပန်းကန်ကို ယူလိုက်သည်။

သူက အပူကိုမကြောက်ပေ။ ဒါကြောင့် သူက ပန်းကန်ကိုယူလိုက်ပြီးတာနဲ့ စွပ်ပြုတ်တစ်ငုံကို တန်းသောက်လိုက်လေသည်။ စွပ်ပြုတ် သူ့ပါးစပ်ထဲဝင်သွားတာနဲ့ အနံ့က သူ့စိတ်ထဲရောက်လာပြီး သူ့ရင်ဘတ်တစ်ခုလုံးကို ပြည့်နှက်သွားသည်။

စစ်ထူရှင်းက သူ့မျက်လုံးတွေကို ပိတ်လိုက်ပြီး အရသာကို ပျော်မွေ့နေသည်။

“ဝိုး ဒီစွပ်ပြုတ်က တော်တော်မွှေးတာပဲ!”

ပြီးနောက်မှာ သူက မေမေရှောင်လက်ထဲကတူကို မြန်မြန်ပဲယူလိုက်ပြီး ခေါက်ဆွဲတချို့ယူလိုက်ကာ သူ့ပါးစပ်ထဲထည့်လိုက်သည်။ ပြီးနောက်မှာ သူက နှစ်ပေါင်းများစွာ မစားသောက်ခဲ့ရသလိုမျိုး ခေါက်ဆွဲတွေကို စုပ်ယူစားသုံးလိုက်သည်။

စစ်ထူရှင်း အစားအသောက်ကို စားလိုက်တဲ့ အမြန်နှုန်းက လူတိုင်းကို အံ့ဩသွားစေသည်။ ထို့နောက် စစ်ထူရှင်းက သူ့ပါးစပ်ကို သုတ်လိုက်ပြီး သူစားရတာ မဝသေးသလိုမျိုး ကြည့်နေသည်။ သူက ပြုံးဖြဲဖြဲလုပ်ကာ အသနားခံတဲ့မျက်နှာနဲ့ ကြည့်နေခဲ့သည်။ သူက ပြုံးပြီးတော့ ပန်းကန်လုံးနဲ့ တူတွေကို မမေမရှောင်ကို ပေးလိုက်သည်။ သူက ရိုးရိုးသားသားပဲ ရှက်ရှက်နဲ့

“ဒေါ်လေး ကျွန်တော်မဝသေးဘူး။ နောက်ထပ်တစ်ပန်းကန်လောက် ရဦးမလား?”

မေမေရှောင်က ကြောင်အနေရာမှ ပြန်သတိဝင်လာသည်။ သူမက ပန်းကန်နဲ့ တူတွေကိုယူလိုက်ပြီး ပြုံးကာ

“သေချာတာပေါ့”

ပြီးနောက်မှာ သူမက လှည့်ထွက်လိုက်ပြီး စစ်ထူရှင်း အတွက် ခေါက်ဆွဲချက်ပေးဖို့ မီးဖိုချောင်ဆီသွားခဲ့သည်။ မေမေရှောင်က လေးပန်းကန်မြောက် ခေါက်ဆွဲကိုချက်ပေးပြီး စစ်ထူရှင်း က ၎င်းကို စားပြီးသွားတော့ သူ့ရဲ့လုံးနေတဲ့ဗိုက်ကို ထိလိုက်ပြီး

“နောက်ဆုံးတော့ ကျွန်တော် ပြည့်သွားပြီ!”

ရှောင်မိသားစုရဲ့လူသုံးယောက်က ထပ်ပြီးအံ့ဩသွားပြန်သည်။ သူတို့တွေ တကယ်ရှော့ခ်ရသွားကြသည်။ စစ်ထူရှင်းမှာ ကလေးတစ်ယောက်လို ပုံပန်းသဏ္ဌာန်မျိုးရှိပေမယ့် သူ့မှာ ကြီးမားတဲ့အာသီသရှိသည်။ သူက လူကြီးလေးယောက်စာ စားခဲ့သည်။

မေမေရှောင်က ပြုံးကာ

“ရှောင်ရှင်း၊ တကယ်ဗိုက်ပြည့်ရဲ့လား? ငါ့ကို မင်းအတွက် နောက်ထပ်ခေါက်ဆွဲတစ်ပန်းကန် ချက်ပေးစေချင်သေးလား?”

စစ်ထူရှင်းက ခေါင်းခါလိုက်ရင်း မျက်လုံးတွေဝင်းပသွားခဲ့သည်။

“ကျေးဇူးပါ ဒေါ်လေး၊ ကျွန်တော် ဒီတစ်ခေါက်တော့ ပြည့်သွားပြီ”

သူက ရိုးရိုးသားသား ချီးမွမ်းကာ

“ဒေါ်လေး၊ ဒေါ်လေးရဲ့အချက်အပြုတ်စကေးက တကယ်ကောင်းတာပဲ။ အဲ့ဒီအကောင် ကုန်းယင်ရှုန်း ကျွန်တော့်ရှေ့မှာ ကြွားလုံးထုတ်နေတာ မအံ့ဩတော့ဘူး”

မေမေရှောင်နဲ့ ဖေဖေရှောင်က ဆွံ့အသွားသည်။ ကုန်းယင်ရှုန်းက အဲ့လိုလုပ်လိမ့်မယ်လို့ သူတို့မထင်ထားခဲ့ကြပေ။

“ဟီးဟီး အခု အန်တီ့ရဲ့ အချက်အပြုတ်ကို ကျွန်တော် မြည်းဖူးသွားပြီ။ အဲ့ဒီအကောင်ရဲ့ရှေ့မှာ ထပ်ပြီး ခေါင်းငုံ့နေစရာမလိုတော့ဘူး”

စစ်ထူရှင်းက အရမ်းဂုဏ်ယူနေသည်။

ရှောင်လင်းယွီ၊ “…”

သူ ကုန်းယင်ရှုန်းကို ပြန်ကြွားတော့မယ်လို့ ငါလောင်းရဲတယ်။

စစ်ထူရှင်း အရမ်းဘဝင်ခိုက်နေတာကို ကုန်းထျန်းဟောက်က ရပ်ကြည့်မနေနိုင်ပေ။

“တော်လောက်ပြီ”

ကုန်းထျန်းဟောက်က စစ်ထူရှင်း ကို ကြားဖြတ်လိုက်ပြီး လေးလေးနက်နက်နဲ့

“မင်းဗိုက်ပြည့်သွားပြီဆိုမှတော့ အလုပ်စဖို့ အချိန်ကျပြီ”

သူတို့တွေ ရှောင်ကွမ်းရဲ့ပျောက်သွားမှုအကြောင်းကို ပြောရမယ်မှန်း ဖေဖေရှောင်နဲ့ မေမေရှောင်တို့သိသည်။ မေမေရှောင်က မပြောမီ ခနလောက် တုံ့ဆိုင်းနေသည်။

“ထျန်းဟောက် အရမ်းလည်းနောက်ကျနေပြီ။ ဘာလို့ဒါကို မနက်ဖြန်မှမပြောတာလဲ? ပြီးတော့ ရှောင်ရှင်းက အဝေးကြီး ခရီးထွက်လာရတာ။ သူလည်း ပင်ပန်းနေလောက်ပြီ”

ပြီးတော့ ရှောင်ကွမ်းနဲ့ သူ့အမေကိုလည်း ပြန်ရှာတွေ့ပြီလေ။

“အဆင်ပြေပါတယ် ဒေါ်လေး။ ကျွန်တော် မပင်ပန်းပါဘူး။ ဒီကိစ္စကို အရင်ဆုံး အပြီးသတ်လိုက်တာကောင်းမယ်”

ကုန်းထျန်းဟောက်၊ “ဒေါ်လေး ပြောတာ မှန်တယ်။ အရမ်းလည်းနောက်ကျနေပြီပဲ။ ဒေါ်လေးနဲ့ ဦးလေးတို့ သွားအနားယူသင့်ပြီ”

သူတို့ကလည်း မငယ်ကြတော့ဘူးလေ။ သူတို့လည်း ရှောင်ကွမ်းနဲ့ အလင်းရောင်ကြီးကို တစ်နေကုန် ရှာနေခဲ့ကြသည်။

ရှောင်လင်းယွီကလည်း

“ဟုတ်တယ် အမေ အဖေ။ အရင်သွားပြီး အနားယူလိုက်ကြတော့။ ကျန်တာကို သမီးတို့ ကိုင်တွယ်လိုက်မယ်”

မေမေရှောင်က ရှောင်လင်းယွီရဲ့ဗိုက်ကို ချိတုံချတုံနဲ့ကြည့်လိုက်ပြီး

“ယွီအာ သမီးကရော?”

ဖေဖေရှောင်က မတ်တပ်ရပ်လိုက်ကာ

“ကောင်းပြီ မင်းအမေနဲ့ငါ အရင်ဆုံးသွားအနားယူလိုက်မယ်။ ယွီအာ ထျန်းဟောက်၊ မင်းတို့လည်း စောစောအနားယူသင့်တယ်”

“ဟုတ်ကဲ့!”

သူတို့နှစ်ယောက် ပြန်ဖြေလိုက်ကြသည်။

မေမေရှောင်နဲ့ ဖေဖေရှောင် ထွက်သွားပြီးတော့ သူတို့သုံးယောက်က တည်ငြိမ်လေးနက်သွားကြသည်။

“ပြော!”

ကုန်းထျန်းဟောက်က စကားကို ပေါ့ပေါ့ပါးပါးပြောလိုက်ပြီး ၎င်းက ဟိတ်ဟန်ပြည့်နေသည်။

စစ်ထူရှင်းက ခေါင်းညိတ်လိုက်ပြီး တိုက်ရိုက်ပင်

“ကွမ်းမြို့က ချိုက်ခွန်းနော့လို့ ခေါ်တဲ့ အကောင်ကြီးတစ်ကောင်ပဲ၊ ”

ကုန်းထျန်းဟောက်က အနည်းငယ်မျက်မှောင်ကျုံ့လိုက်ပြီး နားမလည်နိုင်စွာနဲ့

“ကွမ်းမြို့က ချိုက်ခွန်းနော့?”

“ဟုတ်တယ်”

စစ်ထူရှင်းက တင်ပြလိုက်သည်။

“ချိုက်ခွန်းနော့ရဲ့ ပိုင်ဆိုင်မှုက သန်းချီနေပြီ။ သူ့စီးပွားရေးထဲမှာ တကယ့်မြေကွက်တွေ၊ အသီးနဲ့ ဟင်းသီးဟင်းရွက် အထူးစတိုးတွေပါတယ်။ ပြီးတော့ အသီးနဲ့ ဟင်းသီးဟင်းရွက် အခြေပြုတာတွေရော။ သူ့ရဲ့အဓိကစီးပွားရေးက အသီးနဲ့ အသီးအနှံစိုက်ပျိုးရေးတွေ ဖြစ်နေတုန်းပဲ”

“ပြီးခဲ့တဲ့တစ်လလောက်ကတင် ချိုက်ခွန်းနော့က နိုင်ငံထဲမှာ ဦးဆောင်စိုက်ပျိုးရေးပုံရိပ်တစ်ခုအနေနဲ့ အမည်တွင်ခဲ့ပြီး စိုက်ပျိုးရေးစတားဆုကိုလည်း ရခဲ့တယ်”

ကုန်းထျန်းဟောက်က အနည်းငယ် မျက်မှောင်ကျုံ့လိုက်ပြီး နားမလည်နိုင်ကာ

“ကွမ်းမြို့က ထောင်ယွမ်ရွာကနေ ကီလိုမီတာ၁၀၀၀ကျော်ကျော် ဝေးတာ။ ထောင်ယွမ်ရွာက ဝေးလံတဲ့နယ်မြေမှာတည်ရှိပြီး မြေပုံပေါ်မှာတောင် ရှိမနေဘူး။ ဒီတော့ နွားဘုရင်ငယ်လေး‌အကြောင်းကို ချိုက်ခွန်းနော့က ဘယ်လိုသိသွားတာလဲ?”

စစ်ထူရှင်း၊ “အဲ့ဒါနဲ့ပက်သက်ပြီးတော့ ကျွန်တော်လည်း မသေချာဘူး။ အဲ့လူတွေကို နွားတွေကိုခိုးဖို့ပဲ ခိုင်းခဲ့တာ။ သူတို့တွေ ထောင်ယွမ်ရွာကိုရောက်ကာမှ နွားတွေရဲ့ ထူးခြားမှုကို ရှာတွေ့သွားကြတာ”

အဲ့ဒီအချိန်မှာ စစ်ထူရှင်းက ခနလောက် ရပ်လိုက်သည်။ သူက မျက်လုံးတွေကျုံ့လိုက်ပြီး ဆက်ကာပြောသည်။

“ဒါပေမယ့်လည်း လီတကျူး ပြောပုံအရတော့ တစ်ယောက်ယောက်က နွားဘုရင်ငယ်လေးအကြောင်း ချိုက်ခွန်းနော့ကို ပြောလိုက်ရမယ်။ ဒါက တစ်လကျော်လောက်ကတင် ဖြစ်သွားတာ။ ကျွန်တော်တို့ ဒီသဲလွန်စကိုရှာပြီး တရားခံကိုတွေ့ခဲ့တယ်”

“ဘယ်သူလဲ?”

ကုန်းထျန်းဟောက်ရဲ့မျက်လုံးမှာ စူးရှတဲ့အလင်းတွေ‌ပေါ်နေသည်။ နွားဘုရင်ငယ်လေးရဲ့သတင်းက ကွမ်းမြို့ကို ပျံ့သွားခဲ့သည်။ ၎င်းက နောက်ကျရင် တောင်ဘက်မြို့နဲ့ မြောက်ဘက်မြို့တို့ကိုလည်း သွားနိုင်လောက်သည်။

“လျောင်ကောဟိုင်!”

စစ်ထူရှင်းက ပြောလိုက်သည်။

“လျောင်ကောဟိုင်?”

ကုန်းထျန်းဟောက်က နားမလည်စွာမေးကာ

“သူက ဘယ်သူလဲ?”

ကုန်းထျန်းဟောက်က ထောင်ယွမ်ရွာကိုတည်ဆောက်ပြုပြင်ချင်တဲ့ကုမ္ပဏီကို ဖျက်ဆီးဖို့ အမိန့်သာပေးခဲ့သည်။ ဘော့စ်ကဘယ်သူမှန်း သူတကယ် ဂရုမစိုက်ခဲ့ပေ။

စစ်ထူရှင်းက မျက်လုံးလှည့်ကာ မသက်မသာနဲ့

“ဘော့စ်၊ ဘော့စ်က သူ့ကုမ္ပဏီကို ဖျက်ဆီးခဲ့တာလေ။ ဒါပေမယ့် သူဘယ်သူမှန်း မသိဘူးလား? သူသာ ဒါကိုသိသွားရင်တော့ ဒေါသထွက်လွန်းလွန်းလို့ သေတောင်သေသွားလောက်တယ်”

ကုန်းထျန်းဟောက်က သူ့ကို စိတ်မဝင်စားစွာ တစ်ချက်ကြည့်လိုက်ပြီး

“သူနဲ့တန်တာပဲလေ”

ဒါပေမယ့်လည်း စစ်ထူရှင်းဆီက သဲလွန်စတွေပြီးတော့ ကုန်းထျန်းဟောက်က ခရီးသွားကုမ္ပဏီကို မှတ်မိသွားသည်။ သူ့ကို ဒေဝါလီခံရစေခဲ့ပြီး ထောင်ထဲထည့်လိုက်တဲ့ရန်သူက သူဘယ်သူမှန်းဆိုတာတောင် မသိမှန်း သိသွားခဲ့ရင် ထောင်ထဲမှာရှိနေတဲ့ လျောင်ကောဟိုင်တော့ တကယ်ငိုယိုပြီး သတိလစ်သွားလောက်သည်။

အဲ့ဒီလူက တကယ့်ကို ကံမကောင်းပေ။

ကောင်းပြီလေ သူက မကောင်းဆိုးဝါးတစ်ကောင်ကို ဝင်တိုက်မိဖို့အထိတော့ လုံလုံလောက်လောက်ကို ကံမကောင်းဘူးပေါ့။

ဒါက ဆိုးရွားတဲ့အရာတွေအများကြီးလုပ်ခဲ့တဲ့ သူ့အမှားသာဖြစ်သည်။

“ဆက်ပြော!”

ကုန်းထျန်းဟောက်က အေးအေးဆေးဆေးပြောလိုက်သည်။

“…”

စစ်ထူရှင်းက ဆက်ကာ

“ချိုက်ခွန်းနော့နဲ့ လျောင်ကောဟိုင်က တစ်ကျိတ်တည်းတစ်ဉာဏ်တည်းတွေပဲ။ သူတို့က အတူတူအလုပ်လုပ်ပြီး လယ်မြေတစ်ခု ထောင်ခဲ့ကြတာ။ အဲ့လိုနဲ့ သူတို့အချင်းချင်းသိခဲ့ကြတာပဲ။ လျောင်ကောဟိုင် ဘာလို့ ဒါကိုလုပ်မှန်းတော့ ကျွန်တော်လဲမသိဘူး။ ဒါပေမယ့် သူအဖမ်းမခံရခင်တုန်းက ချိုက်ခွန်းနော့ကိုခေါ်ပြီး ဒီလိုလျှို့ဝှက်ချက်မျိုး ပြောပြခဲ့တယ်”

“ဒါပေမယ့်လည်း လျောင်ကောဟိုင် က သူကထောင်ချခံရတော့မယ်ဆိုတာနဲ့ သူ့ကုမ္ပဏီက ဒါကြောင့် ဒေဝါလီခံလိုက်ရတယ်ဆိုတာကိုတော့ ချိုက်ခွန်းနော့ကို မပြောပြခဲ့ဘူး”

ကုန်းထျန်းဟောက်နဲ့ ရှောင်လင်းယွီက ဂရုတစိုက် နားထောင်နေသည်။ ဒါက ဒီလိုမျိုး ဇာတ်လမ်းရှည်ကြီးကို ဦးတည်နေလိမ့်မယ်လို့ သူတို့ မျှော်လင့်မထားခဲ့ကြပေ။

“ဘာပဲဖြစ်ဖြစ် ချိုက်ခွန်းနော့က သတိရှိတဲ့ စီးပွားရေးသမားတစ်ယောက်ပဲလေ”

စစ်ထူရှင်းက ဆက်လိုက်သည်။

“သူက ဒီသတင်းကိုရခဲ့ပေမယ့် လုံးဝကြီးတော့ မယုံကြည်ခဲ့ဘူး။ သူ့ရဲ့ ကိုယ်ပိုင်စုံစမ်းစစ်ဆေးမှုကနေတစ်ဆင့်ပဲ ထောင်ယွမ်ရွာမှာ ဝှက်ထားတဲ့နွားဘုရင်ငယ်လေးတစ်ကောင်ရှိတယ်ဆိုတာကို အတည်ပြုခဲ့တယ်”

“စုံစမ်းဖို့ သူ့ရဲ့ယုံကြည်ရတဲ့လက်ထောက်တွေကို လွှတ်လိုက်ပေမယ့် စုံစမ်းစစ်ဆေးမှုပြီးတော့ ဒီအကြောင်းကို လျှောက်ပြောမနေခဲ့ဘူး။ ပြီးတဲ့နောက်မှာ သူက သူ့ဘော်ဒီဂတ်တွေကို နွားဘုရင်ငယ်လေးကို ခိုးစေခဲ့တယ်။ ဒါပေမယ့်လည်း သူ့ရဲ့အလွန်အကျွံသတိထားတတ်တဲ့ အကျင့်စရိုက်ကြောင့် သူ့ဘော်ဒီဂတ်တွေကို အရမ်းကြီးမယုံကြည်ခဲ့ဘူး။ ဒါကြောင့် ကြီးကြပ်ကွပ်ကဲဖို့ သူ့တူကိုပို့လိုက်တယ်”

“ချိုက်ခွန်းနော့က တကယ်လည်တာကိုတော့ ကျွန်တော်ဝန်ခံရမယ်။ ဒါပေမယ့် သူ့ရဲ့ဉာဏ်နီဉာဏ်နက်များမှုကြောင့် ခလုတ်တိုက်ခံခဲ့ရတယ်။ ဒီတစ်ကြိမ်တော့ သူ့တူက အကုန်လုံးကို ပျက်စီးစေခဲ့တယ်”

တူဖြစ်တဲ့သူသာ လုပ်ငန်းကို မနှောင့်နှေးစေခဲ့ရင် ကွမ်းမြို့ကို သူတို့တွေ ရောက်တောင်‌နေလောက်ပြီ။

ရှောင်လင်းယွီက အနည်းငယ် နားမလည်နိုင်ဖြစ်သွားကာ

“ဒါပေမယ့် နွားဘုရင်ငယ်လေးက ဒီမှာရှိတယ်လို့ သူဘယ်လိုအတည်ပြုလိုက်တာလဲ?”

ရှောင်မိသားစုကို ဆန့်ကျင်ပြီး မလိုမုန်းထားနေတဲ့ မိသားစုတွေဆီ သူတို့မလာသရွေ့တော့ ဒီလျှို့ဝှက်ချက်အကြောင်းကို အပြင်လူတွေ လွယ်လွယ်ရှာတွေ့မှာမဟုတ်ပေ။

“ကျွန်မမိသားစုကို မုန်းတဲ့သူကို တွေ့ရလောက်အောင်ထိ သူတို့ကံကောင်းသွားတာလား? ပြီးတော့ သူတို့က နွားဘုရင်ငယ်လေးအကြောင်းကို သူနဲ့စစ်ဆေးခဲ့သေးတယ်?”

စစ်ထူရှင်းက ခေါင်းခါလိုက်ပြီး ပြုံးလိုက်သည်။

“မဟုတ်ဘူးလေ။ သူတို့က များစွာသောစီစစ်မှုတွေနဲ့ အကဲဖြတ်မှုတွေကနေတစ်ဆင့် နွားဘုရင်ငယ်လေးရဲ့တည်ရှိမှုကို အတည်ပြုခဲ့ကြတာ”

ရှောင်လင်းယွီက မျက်ခုံးပင့်လိုက်ကာ

“အိုး? ရှင်ဘာကိုဆိုလိုတာတုန်း?”

စစ်ထူရှင်း၊ “မရီး မရီးမိသားစုရဲ့ အသီးအနှံတွေက ဘယ်လော်ကနာမည်ကြီးမှန်း မရီးသိမယ်လို့ ကျွန်တော်ထင်တယ်”

ရှောင်လင်းယွီကချက်ချင်း တုံ့ပြန်ကာ

“ငါတို့မှာ နွားဘုရင်ငယ်လေးရှိတယ်ဆိုတာကို ငါ့ရောင်းချမှုတွေဆီကနေ သူတို့သိသွားကြတာလား?”

“ဟုတ်တယ်။ ရွာသားတွေဆီကနေ နွားဘုရင်ငယ်လေးအကြောင်းကို ဘာသတင်းအချက်အလက်မှ မရနိုင်လောက်ပေမယ့် ချိုက်ခွန်းနော့က နွားဘုရင်ငယ်လေးအကြောင်းကို သိပြီးသားလေ။ သူက အတည်ပြုမှုတစ်ခုပဲလိုတာ။ မရီးရဲ့အသီးအနှံရောင်းချမှုတွေက အကောင်းဆုံးအတည်ပြုချက်ပဲ”

ရှောင်လင်းယွီက နားလည်စွာ ခေါင်းညိတ်လိုက်သည်။ ၎င်းက တကယ့်ကို ယုတ္တိရှိသည်။ ဒါပေမယ့်လည်း အဲ့ဒီလူမှာ နောက်ထပ်အတည်ပြုမှုအဆင့်တစ်ခုရှိရဦးမယ်လို့ ရှောင်လင်းယွီ ယုံနေသည်။ အမည်တပ်ရရင် ထောင်ယွမ်ရွာရဲ့ ဒေသခံတွေ‌ဆီက သက်သေခံချက်မျိုးဖြစ်သည်။

ကုန်းထျန်းဟောက်၊ “သူတို့ကို သတင်းတွေရောင်းလိုက်တဲ့ ရွာထဲကတစ်ယောက်ယောက်ကိုများ ဘောဒီဂတ်တွေ ပြောခဲ့သေးလား?”

၎င်းက သေးငယ်တဲ့ကိစ္စတစ်ခုဖြစ်နိုင်ပေမယ့် ရှောင်မိသားစုနဲ့ နွားနှစ်ကောင်ရဲ့ ဘေးကင်းလုံခြုံမှုနဲ့ စပ်ဆက်နေသည်။

စစ်ထူရှင်းက ခေါင်းညိတ်ကာ

“တကယ်တော့ သူတို့ပြောခဲ့တယ်။ ဒီနွားသူခိုးတွေက လေ့ကျင့်ထားတဲ့ဘော်ဒီဂတ်တွေပဲ။ သူတို့က ရွာသားတွေကို သတိမထားမိစေလိုဘူး။ ဒါကြောင့် သူတို့က ထောင်ယွမ်ရွာ အနားပတ်လည်မှာ မမေးမြန်းခဲ့ဘူး။ အဲ့ဒီအစား သူတို့က အနီးအနားရွာက လူတွေကို လာဘ်ထိုးဖို့ ပိုက်ဆံသုံးခဲ့တယ်"

“မရီး၊ အနားပတ်လည်မှာ အနောက်ဘက်တောင်ရွာ ရှိတယ်မလား?”

စစ်ထူရှင်းက မေးလိုက်သည်။

“ရှိတယ်လေ”

ရှောင်လင်းယွီက ခေါင်းညိတ်လိုက်သည်။

“ အနောက်ဘက်တောင်ရွာက ထောင်ယွမ်ရွာနဲ့ ဘေးချင်းကပ်ပဲ။ အဲ့ဒီလူတွေ နွားတွေကို ခိုးသွားပြီးတော့ အနောက်ဘက်တောင်ရွာကနေ ထွက်သွားကြတယ်”

“အမှန်ပဲ။ အစောင့်တွေက အနောက်ဘက်တောင်ရွာမှာ သတင်းတွေစုဆောင်းဖို့ သွားခဲ့ကြတယ်။ ဒါပေမယ့်လည်း အဲ့ဒီက ရွာသားတွေက နွားဘုရင်ငယ်လေးအကြောင်းကို မသိကြဘူး။ အဲ့ဒီကရွာသားတွေက အစောင့်တွေအတွက် နွားဘုရင်ငယ်လေးအကြောင်း ပိုရှာပေးပါမယ်လို့ ကတိပေးခဲ့ကြတယ်”

“ကျန်းချွမ်းကျောင်းလို့ခေါ်တဲ့ ထောင်ယွမ်ရွာက အမျိုးသမီးတစ်ယောက်နဲ့ရင်းနှီးတဲ့ မိန်းမတစ်ယောက် အနောက်ဘက်တောင်ရွာမှာ ရှိတယ်။ မရီး အဲ့ဒါကဘယ်သူလဲသိလား?”

စစ်ထူရှင်းက ထပ်မေးလိုက်သည်။

“သိတယ်၊ အဲ့အမျိုးသမီးက ငါ့မိသားစုနဲ့ အဆင်မပြေဘူး”

ရှောင်လင်းယွီက အမှန်အတိုင်းပဲ ပြောလိုက်သည်။

“သူအိမ်ကနေ ထွက်ပြေးဖို့ကြိုးစားနေတယ်လို့ သူ့သားဆီက‌‌နေ ငါကြားတုန်းက သူပါဝင်နေမယ်မှန်း သိသားပဲ”

သူမဒါကိုပြောလိုက်ရင်း မျက်နှာထားက အနည်းငယ်မှောင်မိုက်သွားသည်။

ကျန်းချွမ်းကျောင်းက အရမ်းများသွားပြီ။ သူမက ရှောင်မိသားစုကို အကျပ်ရိုက်စေတဲ့ ပြဿနာအားလုံးနီးပါးမှာ ပါဝင်နေသည်။ သူမက မြေကို ရှောင်လင်းယွီကို မငှားဖို့ မိသားစုတချို့ကို လှုံ့ဆော်ခဲ့သည်။ ပြီးတော့ သူမက စတော်ဘယ်ရီစိုက်ခင်းကို မီးရှို့ဖို့ ကျန်းရှောင်လန်ကို လှုံ့ဆော်ခဲ့သည်။

ရှောဂ်ချန်းချိုင်က နွားဘုရင်ငယ်လေးရဲ့သတင်းတွေကို ရောင်းလိုက်တုန်းကတောင် သူမ တစ်ခုခုတော့ ပြောလိုက်ရမည်။ ဒါမတိုင်ခင်က သူတို့က ရွာသားတွေကြားထဲ သဘောထားကွဲလွဲနေခဲ့လို့ ရှောင်လင်းယွီက သူမကို ဘာမှမလုပ်ခဲ့ပေ။ ဒါပေမယ့်လည်း အခုကျ ကျန်းချွမ်းကျောင်းက စည်းဖောက်လိုက်ပြီ။ သူမ အပြစ်ဒဏ်ကို ရင်‌ဆိုင်ရ‌တော့မည်။

စစ်ထူရှင်းက

“အနောက်ဘက်ရွာက အမျိုးသမီးက ဒီကျန်းချွမ်းကျောင်းလို့ခေါ်တဲ့ မိန်းမကို ခေါ်ခဲ့ပြီး သူ့ကိုမြူဆွယ်ဖို့ လီတကျူးက ငွေသုံးခဲ့တယ်။ ကျန်းချွမ်းကျောင်းက သူတို့ကို အရာအားလုံးပြောပြခဲ့တယ်။ တစ်ခုတလေတောင် မချွင်းချန်ဘူး။ သူက ကင်မရာအားလုံးရဲ့ တည်နေရာတွေကိုလည်း ပြောပြခဲ့တယ်”

“နွားကျောင်းတဲ့သူတွေက များသောအားဖြင့် ကလေးတွေပဲ‌ဆိုတာလည်း သူပြောပြခဲ့တယ်။ ပြီးတော့ သူတို့က ‌အနောက်ဘက်တောင်လို့ခေါ်တဲ့နေရာမှာ ကျောင်းကြတယ်ဆိုတာရောပဲ”

အဲ့ဒီအချိန်မှာ စစ်ထူရှင်း က သက်ပြင်းချကာ

“မရီး ဘာလို့ ဒီနေရာက အမည်ပေးတဲ့လုပ်ထုံတွေက အရမ်းထူးဆန်းနေရတာလဲ? အနောက်ဘက်တောင်ရွာနဲ့ အနောက်ဘက်တောင်က မတူတဲ့နေရာနှစ်နေရာလား? ကျွန်တော် အရမ်းရှုပ်နေပြီ!”

“ဘာပဲဖြစ်ဖြစ် သူတို့က ကျန်းချွမ်းကျောင်းဆီကနေ ခိုင်လုံတဲ့သတင်းတွေရပြီး‌တော့ လီတကျူး ရဲ့လူတွေက ပြင်ဆင်ဖို့ သွားခဲ့ကြတယ်”

စစ်ထူရှင်းက ဆက်ပြောသည်။

“သူတို့က ဘယ်တုန်းကမှ ထောင်ယွမ်ရွာကနေ ဖြတ်မသွားခဲ့ဘူး။ အဲ့ဒီအစား သူတို့တွေ အနောက်ဘက်တောင်ရွာကနေ ဖြတ်သွားခဲ့ကြတယ်။ သူတို့က ကလေးတွေရောက်လာဖို့ စောင့်နေခဲ့ပြီး အချိန်ကျလာတော့ တိုက်ခိုက်လိုက်ကြတယ်။ အနောက်ဘက်တောင်ရွာက ရွာသားတွေရဲ့ ပူးပေါင်းမှုနဲ့ နွားနှစ်ကောင်ကို ရှောရှောရှုရှုပဲ ရွှေ့ပြောင်းခဲ့ကြတယ်”

ရှောင်လင်းယွီက မျက်မှောင်ကျုံ့ကာ မျက်နှာထားက အနည်းငယ်အေးစက်သွားသည်။

“ဒီတော့ အနောက်ဘက်တောင်ရွာက ရွာသားတွေပါဝင်နေတယ်ပေါ့? ငါတို့တွေ နွားတွေကိုရှာနေတုန်းက သူတို့တစ်ယောက်မှ ဂရုမစိုက်တာ အံ့ဩစရာမရှိတော့ဘူး”

ကုန်းထျန်းဟောက်၊ “ဒီလူတွေက ကြံရာပါတွေပဲ။ သူတို့လည်း အပြစ်ပေးခံရမယ်။”

အနောက်ဘက်တောင်ရွာကလူတွေရဲ့ လောဘကြောင့်မဟုတ်ရင် သူတို့တွေ ကျန်ချွန်းကျောင်ကို ရှာမတွေ့နိုင်သလို နွားနှစ်ကောင်ကို အရမ်းလွယ်လွယ်ကူကူ ခိုးနိုင်ခဲ့မှာ မဟုတ်ပေ။ ပိုပြီးခွင့်မလွှတ်နိုင်စရာက သူတို့က ကလေးတွေအပေါ်မှာ မကောင်းကြံခဲ့ကြသည်။ ကလေးတွေအပေါ် မသက်ရောက်ခဲ့ရင်တောင် ၎င်းက ခွင့်မလွှတ်နိုင်စရာပင်။

ချိုးရှောက်ပိုင်က ကလေးတွေကို မသန်မစွမ်းဖြစ်စေပြီး ငွေအတွက် သူတို့ကို တောင်းရမ်းစေချင်ခဲ့သည်။ ဒီလိုရက်စက်တဲ့သူမျိုးက အပြစ်ပေးခံရမည်။ သူ့ကိုသာ မထိခိုက်ခဲ့ရင် နောက်တစ်ခါ သူက ကလေးတွေကို တကယ်ပြန်ပေးဆွဲသွားလောက်သည်။

***

All Chapters