← Chapters

အခန်း (၁၁၂၉-၁၁၃၁)

Vol. 76 Ch. 1129-1131

အခန်း (၁၁၂၉-၁၁၃၁)

Vol. 76 Ch. 1129-1131

အခန်း(၁၁၂၉)

ကျန်းချန်၏ မျက်နှာသည် အလွန်တရာ အေးစက်နေခဲ့၏။

မုန့်ချင်းရွှယ်သည် ကျန်းချန်၏ နှလုံးသားထဲတွင် သံသယဝင်စရာမရှိ နေရာယူထားသူဖြစ်ပြီး မြောက်ပိုင်းတောရိုင်းဘဒေသရှိ ကျန်းချန် အလေးအနက်ထားဆုံး သူများထဲမှ တစ်ဦးဖြစ်သည်။

မုန့်ချင်းရွှယ်သည် ထျန်းယွဲ့ဂိုဏ်း၏ ပါရမီရှင်တစ်ဦး ဖြစ်သော်လည်း ယခုအခါတွင် မဟာရှားနိုင်ငံ၏ သွေးနတ်ဆိုးနန်းတော်မှ လူများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

ကျန်းချန်က တကူးတက စဥ်းစားနေစရာပင် မလိုဘဲ မုန့်ချင်းရွှယ်က သူ့အတွက် မဟာရှားနိုင်ငံနှင့် ကျန်းမိသားစုကို ကာကွယ်ရန် သူမ၏ ကတိကို ဖြည့်ဆည်းပေးခဲ့မှန်း ကောင်းစွာသိလိုက်သည်။

ယခုအခါတွင် မုန့်ချင်းရွှယ်က သွေးနတ်ဆိုးနန်းတော်၏ လက်ထဲသို့ ကျရောက်သွားပြီ ဖြစ်ရာ ကျန်းချန်သည် အဘယ်ကဲ့သို့ ဒေါသမထွက်ဘဲ နေနိုင်ပါမည်နည်း။

သိထားရမည်မှာ မုန့်ချင်းရွှယ်သည် အထူးခန္ဓာကိုယ် တစ်ခုဖြစ်သည့် လနတ်ကြမ္မာခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူ တစ်ဦးဖြစ်သည်။

ထိုခန္ဓာကိုယ်သည် နိုးထလာသည်နှင့် တစ်ပြိုင်နက် အင်ပါယာသွေးစွမ်းအားကိုပင် ကျော်လွန်နိုင်သော ခန္ဓာကိုယ်အမျိုးအစား ဖြစ်သည်။

ထိုကဲ့သို့သော ခန္ဓာကိုယ်သည် သွေးလမ်းစဥ် ကျင့်ကြံသူများအတွက် မည်သည့်အရာနှင့်မျှ မလဲနိုင်သည့် ရတနာတစ်ပါး ဆိုလည်းမမှားပေ။

ထို့ကြောင့် သွေးနတ်ဆိုးနန်းတော်က မုန့်ချင်းရွှယ်ကို ဖမ်းဆီးခဲ့သည့် အကြောင်းရင်းအား တကူးတက စဥ်းစားနေရန် ကျန်းချန် အတွက် မလိုအပ်ပေ။

"မင်းက မုန့်ချင်းရွှယ်လို့ ခေါ်တဲ့ မိန်းမကို ရှာနေတာလား"

သွေးနတ်ဆိုးလူငယ်က သွေးတစ်ပွက်ကို အန်ထုတ်လိုက်ပြီးနောက်တွင် ကျန်းချန်ကို ပြောလိုက်သည်။

သူ၏ အလွန်တရာ ဖြူဖျော့နေသော မျက်နှာထက်တွင် ကျန်းချန်ကို လှောင်ပြောင်သော အရိပ်အယောင်တစ်ခု ဖြစ်ပေါ်နေခဲ့သည်။

"အဲဒီမိန်းမ ဘယ်နေရာမှာရှိလဲ ဆိုတာ ငါသိတယ်.. မင်း သူမ ရှိတဲ့နေရာကို သိချင်ရင် ငါ့ကို အခုချက်ချင်း လွှတ်ပေးပါ"

ထိုအချိန်တွင် သွေးနတ်ဆိုးလူငယ်သည် နားလည်သွားခဲ့သည်။

ဤကောင်လေးသည် မုန့်ချင်းရွှယ်ဟု ခေါ်သည့် မိန်းကလေးကို အလွန်ပင် ဂရုစိုက်ပုံရ၏။

လက်ရှိအချိန်တွင် မုန့်ချင်းရွှယ်၏ နေရပ်ကို ဖွင့်မပြောသရွေ့ သူ့ရှေ့မှ ကောင်လေးသည် သူ့ကို အလွယ်တကူ သတ်ဖြတ်ရဲမည် မဟုတ်ပေ။

ကျန်းချန်၏ မျက်လုံးတွင် ရေခဲကဲ့သို့ အေးစက်သည့် အရိပ်အယောင်များ ထွက်ပေါ်လာခဲ့သည်။

"အကယ်၍ ငါက မင်းကို မလွှတ်ပေးဘူးဆိုရင်ရော"

"ဒါဆိုရင်တော့ မင်း သူမ ရှိနေတဲ့နေရာကို ဘယ်တော့မှ သိရမှာမဟုတ်ဘူး"

သွေးနတ်ဆိုးလူငယ်က အေးစက်စက်ပြုံးကာ ပြောလိုက်၏။

"ဒါ့အပြင် အဲဒီမိန်းမမှာ အထူးခန္ဓာကိုယ် ရှိနေတယ်.. ငါတို့ သွေးနတ်ဆိုးနန်းတော်ရဲ့ ခန်းမသခင်က ဒီလို အထူးခန္ဓာကိုယ် ပိုင်ရှင်တွေကို အရမ်း စိတ်၀င်စားတယ်"

"မိုက်ရိုင်းလှချည်လား"

ကျန်းချန်၏ လေသံက ချက်ချင်းဆိုသလို ခက်ထန်သွားခဲ့သည်။

သူက သွေးနတ်ဆိုးလူငယ်ကို သေတာထက်ဆိုးသည့် အရသာအား ပေးစမ်းတော့မည့် အချိန်တွင် ရှားရွှယ်၏ အသံသည် သူ၏ နောက်ကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

"ကျန်းချန် ငါတို့ တော်ဝင်မိသားစုမှာ တခြားသူတွေရဲ့ ဝိညာဥ်ကို ရှာဖွေပြီး မှတ်ဉာဏ် ဖတ်ရှုနိုင်တဲ့ လျှို့ဝှက်နည်းလမ်း တစ်ခုရှိတယ်.. သူ့ကို ငါတို့နဲ့ ထားခဲ့လိုက်ပါ.. တစ်နာရီအတွင်း မုန့်ချင်းရွှယ် ရှိတဲ့နေရာကို သိစေရမယ်လို့ ငါကတိပေးတယ်"

ထိုစကားကို ကြားပြီးနောက်တွင် ကျန်းချန်သည် သွေးနတ်ဆိုးလူငယ်၏ ရင်ဘက်ကို သူ၏ ခြေဖဝါးဖြင့် ဆောင့်နင်းချလိုက်သည်။

"အား"

သွေးနတ်ဆိုးလူငယ်က နာကျင်စွာ အော်ဟစ်နေချိန်မှာပင် ကျန်းချန်သည် သွေးနတ်ဆိုးလူငယ်၏ ဒန်ထျန် ရှိနေသော နေရာကို ခြေဖဝါးဖြင့် ကြိတ်ချေပစ်လိုက်ရာ သွေးနတ်ဆိုးလူငယ်သည် သေဆုံးသွားခဲ့ရသည်။

ထို့နောက်တွင် ကျန်းချန်သည် သူ၏ မျက်လုံးများကို သွေးနတ်ဆိုးနန်းတော်တွင် ခိုလှုံခဲ့သည့် မုန့်မိသားစု ရှိရာဘက်သို့ အေးစက်စက် ကြည့်လိုက်သည်။

"နိုင်ငံကာကွယ်သူ စစ်နတ်ဘုရား.. ကျွန်တော်တို့ အသက်ကို ချမ်းသာပေးပါ.. မုန့်မိသားစုအနေနဲ့ သွေးနတ်ဆိုး နန်းတော်မှာ ခိုလှုံတာက မုန့်ကျန်းရှန်ရဲ့ တစ်ဖက်သတ် ဆုံးဖြတ်ချက်ကြောင့်ပါ.. ငါတို့တွေက အတင်းအကျပ် စေခိုင်းခံရတာပါ"

"အမှန်ပါပဲ ကျွန်တော်တို့တွေ အားလုံးက မုန့်ကျန်းရှန် အတင်းအကျပ် စေခိုင်းလို့ သွေးနတ်ဆိုးနန်းတော် ဆီမှာ အစေခံ လုပ်ခဲ့ရတာပါ.. နိုင်ငံကာကွယ်သူ စစ်နတ်ဘုရားက ကျွန်တော်တို့ရဲ့ အသက်ကို ချမ်းသာပေးမယ်လို့ မျှော်လင့်ပါတယ်"

"............"

ကျန်းချန်၏ အေးစက်စက် အကြည့်ကို ခံစားမိလျှင် ကျန်ရှိနေသည့် မုန့်မိသားစုမှ ကျင့်ကြံသူ အားလုံးသည် ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ကျန်းချန်၏ ရှေ့တွင်ဒူးထောက်ကာ အသနားခံခဲ့ကြသည်။

ကျန်းချန်၏ ခွန်အားက ဤမျှလောက် ကြောက်မက်ဖွယ်ကောင်းသောအဆင့်ကို ရောက်ရှိလာလိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှ မတွေးမိဖူးပေ။

သွေးနတ်ဆိုးလူငယ်နှင့် သွေးကန့်လန့်ကာတို့ပင် ကျန်းချန်၏ လက်ထဲတွင် ဟင်းသီးဟင်းရွက်များ ခုတ်လှီးခံရသကဲ့သို့ အလွယ်တကူ သတ်ဖြတ်ခံခဲ့ရသည် မဟုတ်ပါလော။

"အခုချိန်မှ အသနားခံဖို့ အသိဝင်လာတာလား.. စိတ်မကောင်းပါဘူး.. အရမ်းနောက်ကျသွားခဲ့ပြီ.. မင်းတို့တွေက သွေးနတ်ဆိုးနန်းတော်ရဲ့ လက်ပါးစေတွေ ဖြစ်ဖို့ ရွေးချယ်ခဲ့ပြီ ဆိုမှတော့ မင်းတို့ရဲ့ ရွေးချယ်မှုအတွက် တန်ရာတန်ကြေးကို ပေးဆပ်ရလိမ့်မယ်.. ငါအစောကတည်းက ပြောခဲ့ပြီးပြီ.. ဒီနေ့ပြိီးတာနဲ့ မဟာရှားနိုင်ငံမှာ မုန့်မိသားစုရှိတော့မှာ မဟုတ်ဘူး"

ကျန်းချန်က အေးစက်စက် ရေရွတ်လိုက်ပြီးနောက်တွင် သူ၏ လက်ကို အသာအယာမြှောက်လိုက်ရာ ဧရာမ လက်ဝါးကြီးတစ်ဖက်သည် လေထုထဲတွင် ထွက်ပေါ်လာခဲ့ပြီး မုန့်မိသားစုရှိ ကျင့်ကြံသူအားလုံးကို ဖိနှိပ်လိုက်သည်။

မုန့်မိသားစုမှ အင်အားကြီးမားသော ကျင့်ကြံသူ ဆယ်ယောက်ကျော်သည် အသံပင်မထွက်နိုင်ဘဲ ကျန်းချန်၏ လက်ဝါးအောက်တွင် ပျောက်ကွယ်သွားခဲ့သည်။

လက်ရှိအချိန်တွင် မုန့်မိသားစု၌ စွမ်းအင်သိပ်သည်းခြင်း အဆင့် ကျင့်ကြံသူ မရှိတော့ပေ။

ကျန်းချန်က မုန့်မိသားစုကို နောက်ထပ် အရေးမယူလျှင်ပင် တစ်ချိန်က မဟာရှားနိုင်ငံ၏ နံပါတ်တစ် သိုင်းမိသားစု ဖြစ်ခဲ့ဖူးသော မုန့်မိသားစုသည် မဟာရှားနိုင်ငံ၏ မိသားစုကြီးစာရင်းကနေ လုံး၀ ဖယ်ရှားခံလိုက်ရပြီ ဖြစ်သည်။

အခန်း(၁၁၂၉) ပြီး၏။

အခန်း(၁၁၃၀)

မုန့်မိသားစုမှ ကျင့်ကြံသူများကို လက်ဝါးတစ်ချက်တည်းဖြင့်သုတ်သင် ရှင်းလင်းပြီးနောက်တွင် ကျန်းချန်သည် ကျန်းခိုင် နှင့် အခြားသူများ၏ အချုပ်အနှောင်များကို ဖြေပေးလိုက်သည်။

ထို့နောက် ၎င်းတို့ကို ဦးဆောင်ကာ အင်ပါယာမြို့တော်ထဲသို့ ဝင်ရောက်၍ သွေးနတ်ဆိုးနန်းတော်၏ ကျင့်ကြံသူ အားလုံးကို အလျင်အမြန် ရှင်းလင်းပစ်ခဲ့သည်။

မကြာမီမှာပင် အင်ပါယာမြို့တော်သည် ရှားရွှယ်၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် မဟာရှားနိုင်ငံ အင်ပါယာမြို့တော်သည် တစ်မြို့လုံး ပွက်လောရိုက်သွားခဲ့ပြီး မရေမတွက်နိုင်သော ပြည်သူများသည် လမ်းပေါ်သို့ ပြေးထွက်ကာ အောင်ပွဲခံခဲ့ကြ၏။

လူတိုင်းက မဟာရှားနိုင်ငံ ပြန်လည်ရရှိသည့်အတွက် ဂုဏ်ပြုနေစဉ်မှာပင် မဟာရှားန်ိုင်ငံ၏ နန်းတော်ထဲ၌ ကျန်းချန်နှင့် ရှားရွှယ်တို့သည် ပြုံးရယ်ကာ စကား ပြောဆိုနေခဲ့ကြသည်။

ကျန်းချန်နှင့် ရင်းနှီးသောသူတိုင်းသည် ရှားရွှယ်နှင့် စကား ပြောဆိုနေသည့် ကျန်းချန်ကို ကြည့်ရင်း နှစ်သက်ကြည်နူးသော အရိပ်အယောင်များသည် သူတို့၏ မျက်နှာထက်တွင် ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့၏။

ကျန်းချန်က တစ်နှစ်ကျော်အတွင်း မြောက်ပိုင်းတောရိုင်းဒေသ၏ ထိပ်ဆုံးတွင် ရပ်တည်နိုင်သော ကျင့်ကြံသူ တစ်ဦးအဖြစ် ကြီးထွားလာခဲ့ပြီး သွေးနတ်ဆိုးနန်းတော်၏ သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့် ကျင့်ကြံသူကိုပင် အလွယ်တကူသတ်ဖြတ်နိုင်လိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ကြပေ။

ကျန်းချန်၏ နှုတ်ကတိကြောင့် မဟာရှားန်ိုင်ငံသည် နှစ်တစ်ရာပတ်လုံး စိတ်ပူစရာ မလိုအပ်တော့ပေ။

နန်းတော်အတွင်း ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေစဉ်တွင် မဟာရှားနိုင်ငံ၏ တော်၀င်မျိုးနွယ်စု၀င် ဖြစ်သော ရှားယွမ်သည် ခန်းမထဲကို ၀င်လာခဲ့သည်။

လူတိုင်း၏ အကြည့်သည် ရှားယွမ်၏ ကိုယ်ပေါ်သို့ အလိုအလျောက်ပင် ကျရောက်သွားခဲ့၏။

"အရှင်မင်းကြီး.. နိုင်ငံကာကွယ်သူ စစ်နတ်ဘုရားက ကျွန်တော်တို့ နိုင်ငံကို ကာကွယ်ပေးခဲ့တယ်.. ဒီအိုမင်းနေတဲ့ အဘိုးကြီးက စစ်နတ်ဘုရားရဲ့ ယုံကြည်မှုကို မဖျက်ဆီးဘဲ သွေးနတ်ဆိုးလူငယ်ရဲ့ မှတ်ဉာဏ်ကို ဖတ်ရှုခဲ့ပြီးပါပြီ"

ရှားယွမ်က ကျန်းချန်တို့ နှစ်ဦးကို ရိုသေစွာ ဦးညွှတ်လိုက်ပြီး တိုက်ရိုက်ပင် ပြောလိုက်သည်။

"ချင်းရွှယ် အခု ဘယ်နေရာမှာလဲ"

ကျန်းချန်၏ မျက်လုံးများတွင် အေးစက်သော အလင်းတစ်ခု လင်းလက်သွားခဲ့သည်။

သူက မတ်တပ်ထရပ်ကာ မေးခွန်းထုတ်လိုက်၏။

မုန့်ချင်းရွှယ်သည် အထူးခန္ဓာကိုယ် ပိုင်ရှင် ဖြစ်သည့် အလျောက် သွေးနတ်ဆိုးနန်းတော်တွင် ရှိနေခြင်းသည် အလွန်ပင် အန္တရာယ်များသည်။

သို့ဖြစ်ရာ သူ့အနေဖြင့် မုန့်ချင်းရွှယ်ကို တတ်နိုင်သမျှ အမြန်ဆုံး ကယ်တင်ရမည် မဟုတ်ပါလား။

ရှားယွမ်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီးနောက် ပြောလိုက်သည်။

"မုန့်ချင်းရွှယ်ကို သွေးနတ်ဆိုးလူငယ်က သွေးနတ်ဆိုးနန်းတော်ဆီ ပို့လိုက်ပြီ.. သူက မုန့်ချင်းရွှယ်ကို သွေးနတ်ဆိုးနန်းတော်ရဲ့ ခန်းမသခင်ဆီ အပ်နှံဖို့ စီစဉ်ထားတဲ့ပုံပဲ"

ထိုစကားကိုကြားလျင် ကျန်းချန်၏ မျက်လုံးထဲ၌ လူသတ်ငွေ့များ ထွက်ပေါ်လာခဲ့သည်။

"သွေးနတ်ဆိုးနန်းတော်ရဲ့ ဌာနချုပ်က ဘယ်နေရာမှာလဲ"

"သွေးမြူတောင်တန်းရဲ့ လျှို့၀ှက်နေရာ တစ်ခုမှာပါ"

ရှားယွမ်က ကျန်းချန်ကို လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

"သွေးနတ်ဆိုးလူငယ်ရဲ့ မှတ်ဉာဏ်ကို ရှာဖွေရင်း သွေးနတ်ဆိုးနန်းတော်နဲ့ ပတ်သတ်တဲ့ သတင်းအချက်အလက် အများကြီးကို ရရှိခဲ့တယ်"

ကျန်းချန်းက ရှားယွမ်ကို ပေါ့ပါးစွာကြည့်၍ မေးခွန်းထုတ်လိုက်သည်။

"သွေးနတ်ဆိုးနန်းတော်ရဲ့ ခွန်အားက ဘယ်လောက်ထိ သန်မာလဲ"

"သွေးနတ်ဆိုးနန်းတော်က မြောက်ပိုင်းတောရိုင်း ဒေသမှာ ရာစုနှစ်ပေါင်းများစွာ အင်အားကို တိတ်တဆိတ် စုစည်းနေခဲ့တယ်.. လက်ရှိအချိန်မှာ သွေးနတ်ဆိုးနန်းတော်ရဲ့ အင်အားကတိုင်းတာလို့ မရနိုင်လောက်တဲ့အထိ နက်ရှိုင်းတယ်လို့ ပြောလို့ရတယ်.. သွေးနတ်ဆိုးလူငယ်ရဲ့ မှတ်ဉာဏ်ထဲကနေ ရရှိခဲ့တဲ့ အချက်အလက်တွေ အရဆိုရင် သွေးနတ်ဆိုး နန်းတော်မှာ ထိပ်တန်း အင်အားကြီးမားတဲ့ ကျင့်ကြံသူ ၁၂ယောက်ရှိတယ်"

"အဲဒီအထဲမှာ မဟာအုပ်ထိန်းသူ သုံးဦးနဲ့ ခန်းမအကြီးအကဲရှစ်ဦး ပါ၀င်တယ်.. ခန်းမအကြီးအကဲ ရှစ်ဦးထဲက တစ်ဦးချင်းစီက သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့်ကို ရောက်ရှိနေကြပြီ.. မဟာအုပ်ထိန်းသူ သုံးယောက်ကတော့ သိုင်းသခင်နယ်ပယ်သတ္တမအဆင့် ကျင့်ကြံသူတွေ ဖြစ်နေကြပြီ.. သွေးနတ်ဆိုးနန်းတော်ရဲ့ ခန်းမသခင်ကတော့ နတ်ဝိညာဉ်ဘုရင် နယ်ပယ် အဆင့် ခွန်အားကို ပြန်လည် ရရှိထားတယ်လို့ သိရတယ်"

ရှားယွမ်က ခါးသီးစွာ ပြုံးလိုက်သည်။

"နိုင်ငံကာကွယ်သူ စစ်နတ်ဘုရားအနေနဲ့ မုန့်ချင်းရွှယ်ကို ကယ်တင်ချင်တယ် ဆိုရင် ရေရှည် အစီအစဉ် ဆွဲရလိမ့်မယ်ထင်တယ်"

ရှားယွမ်၏ စကားကို နားထောင်ပြီးနောက်တွင် ခန်းမထဲရှိ လူတိုင်းသည် အသက်ရှူရပ်မတတ် ဖြစ်သွားခဲ့ကြပြီး ထိတ်လန့်တကြား ဖြစ်ကုန်ကြသည်။

သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့် ကျင့်ကြံသူဖြစ်သည့် ခန်းမအကြီးအကဲ ရှစ်ဦးနှင့် သိုင်းသခင်နယ်ပယ် သတ္တမအဆင့် မဟာအုပ်ထိန်းသူသုံးဦး။

ထို့အပြင် နတ်ဝိညာဉ်ဘုရင် နယ်ပယ်အဆင့် ခန်းမသခင် တစ်ဦးပင် ရှိနေသေးသည်။

သွေးနတ်ဆိုးနန်းတော်၏ ခွန်အားက အလွန် ကြောက်မက်ဖွယ်ကောင်းသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။

ထို့ကြောင့်လည်း သွေးနတ်ဆိုးနန်းတော်သည် မြောက်ပိုင်းတောရိုင်းဒေသတွင် ပေါ်ပေါ်ထင်ထင် ရမ်းကားလာကြခြင်း ဖြစ်ပုံရသည်။

ဆိုရလျှင် သွေးနတ်ဆိုးနန်းတော်၏ လက်ရှိ ခွန်အားကို မြောက်ပိုင်းတောရိုင်း ဒေသ၏ ဂိုဏ်းကြီးသုံးဂိုဏ်း ပူးပေါင်း အင်အားသည်ပင် ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။

သွေးနတ်ဆိုး နန်းတော်၏ ခေါင်းဆောင်ဖြစ်သည့် ခန်းမသခင်သည် နတ်ဝိညာဉ်ဘုရင် နယ်ပယ်အဆင့် ခွန်အားကို ပိုင်ဆိုင်ထားသည် ဖြစ်ရာ ဤမြောက်ပိုင်းတောရိုင်း ဒေသတွင် သွေးနတ်ဆိုးနန်းတော်၏ ခြေလှမ်းများကို မည်သူက တားဆီးနိုင်ပါမည်နည်း။

သွေးနတ်ဆိုးနန်းတော်မှ ခန်းမသခင် တစ်ယောက်ထဲ၏ ခွန်အားကပင် မြောက်ပိုင်းတောရိုင်း ဒေသတစ်ခုလုံးကို လွှမ်းမိုးရန် လုံလောက်သည် မဟုတ်ပါလား။

အခန်း(၁၁၃၀)ပြီး၏။

အခန်း(၁၁၃၁)

"ခေါင်းဆောင် သွေးနတ်ဆိုးနန်းတော်က မြောက်ပိုင်းတောရိုင်း ဒေသတစ်ခုလုံးကို ခြိမ်းခြောက်နိုင်တဲ့အထိ အစွမ်းထက်တယ်.. ဒီကိစ္စကို ကိုင်တွယ်ဖို့ မြောက်ပိုင်းတောရိုင်းဒေသရဲ့ဂိုဏ်းကြီးသုံးဂိုဏ်းကို အကြောင်းကြားဖို့ အကြံပြုပါရစေ.. ဂိုဏ်းကြီးသုံးဂိုဏ်းရဲ့ အင်အားနဲ့ ပူပေါင်းမှပဲ ကျွန်တော်တို့တွေ သွေးနတ်ဆိုးနန်းတော်ကို ရင်ဆိုင်နိုင်လိမ့်မယ်"

ကျန်းခိုင်က လေးနက်စွာ ပြောလိုက်သည်။

သွေးနတ်ဆိုးနန်းတော်၏ အင်အားသည် ရှားယွမ် ပြောသကဲ့သို့ အမှန်တကယ် အားကောင်းသည် ဆိုလျှင် မြောက်ပိုင်းတောရိုင်း ဒေသအတွက် အမှန်တကယ် အန္တရာယ်ရှိနေခဲ့ချေပြီ။

ယခုအခါတွင် သွေးနတ်ဆိုး နန်းတော်ကို တိုက်ခိုက်ရန် အတွက် အင်အားစုအားလုံး ပူးပေါင်းပြီး ရင်ဆိုင်မှသာ ဖြစ်နိုင်ပေလိမ့်မည်။

သို့မဟုတ်လျှင် မြောက်ပိုင်းတောရိုင်းဒေသသည် သွေးနတ်ဆိုးနန်းတော်၏ အုပ်ချုပ်မှုအောက်သို့ အမှန်တကယ် ကျရောက်သွားပေလိမ့်မည်။

အခြားတစ်ဖက်တွင်မူ ကျန်းခိုင်၏ အဆိုပြုချက်ကို ယန်ချင်းရွှယ်၊ ယွဲ့ယန်ကျိုးနှင့် အခြားသူများလည်း အလျင်အမြန်ပင် သဘောတူခဲ့ကြသည်။

သွေးနတ်ဆိုးနန်းတော်၏ အင်အားသည် အလွန်တရာပင် အစွမ်းထက်၏။

ကျန်းချန်၏ ခွန်အားက တုန်လှုပ်စရာ ကောင်းသော်လည်း အဆုံးသတ်တွင် သူတစ်ယောက်ထဲသာ ရှိသည်။

ထို့ကြောင့် သွေးနတ်ဆိုး နန်းတော်တွင် မုန့်ချင်းရွှယ်ကို ကယ်ရန် တစ်ကိုယ်တော် သွားရောက်ခဲ့လျှင် ကိုယ်သေတွင်းကိုယ်တူးသည်နှင့် ခြားမည်မဟုတ်ပေ။

"ရပါပြီ.. ဆက်ပြောဖို့ မလိုတော့ပါဘူး.. သွေးမြူတောင်တန်းမှာရှိတဲ့ သွေးနတ်ဆိုးနန်းတော်ရဲ့ ဌာနချုပ်ကိုသွားပြီး မုန့်ချင်းရွှယ်ကို ငါသေချာပေါက် ကယ်ဆယ်မယ်"

"စိတ်မပူပါနဲ့ .. သွေးနတ်ဆိုးနန်းတော်ရဲ့ အင်အားလောက်ကို ငါဂရုမစိုက်ပါဘူး"

ကျန်းချန်က သူ၏လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။

သူ၏ မျက်နှာထက်တွင် ပြတ်သားသော အမူအရာများ ဖြစ်ပေါ်နေခဲ့၏။

သွေးနတ်ဆိုးနန်းတော်၏ ခွန်အားသည် မြောက်ပိုင်းတောရိုင်းဒေသတွင် အလွန်အမင်း အားကောင်းပြီး မြောက်ပိုင်းတောရိုင်းဒေသ၏ ဂိုဏ်းကြီးသုံးဂိုဏ်းထက်ပင် များစွာ သာလွန်နေပြီ ဖြစ်သည်။

သို့ရာတွင် သွေးနတ်ဆိုးနန်းတော်သည် ကျုံးကျိုးကုန်းမြေ အပြင်ဘက်နယ်မြေရှိ အားအနည်းဆုံးဖြစ်သော စန်းလန်အဖွဲ့အစည်းလိုကြယ်နှစ်ပွင့် အင်အားစုထက်မူ အနည်းငယ် နိမ့်ကျသည်။

ကျန်းချန်၏ လက်ရှိ ခွန်အားဖြင့်ဆိုလျှင် သွေးနတ်ဆိုးနန်းတော်လောက်ကို အဘယ်ကြောင့် ဂရုစိုက်ရန် လိုအပ်ပါမည်နည်း။

ကျန်းချန်က သွေးနတ်ဆိုးနန်းတော်၏ ဌာနချုပ်ကို တစ်ယောက်ထဲ သွားရန် ပြင်ဆင်နေချိန်မှာပင် လူတ်ိုင်း၏ နားထဲ၌ အသံတစ်သံသည် ပဲ့တင်ထပ်လာခဲ့သည်။

"ထျန်းယွဲ့ဂိုဏ်းရဲ့ အထွတ်အထိပ် အကြီးအကဲဖြစ်တဲ့ ကျွန်တော် ကျီရှက မိတ်ဆွေလေး ကျန်းချန်ကို အထူး လာရောက်တွေ့ဆုံတာပါ.. ကျေးဇူးပြုပြီး မိတ်ဆွေလေး ကျန်းချန် တွေ့ခွင့်ပေးပါ"

လူတိုင်းက ချက်ချင်းဆိုသလို တုန်လှုပ်သွားကြသည်။

ထိုက်ရှဂိုဏ်း၏ အထွတ်အထိပ် အကြီးအကဲ။

ဤသည်မှာ မြောက်ပိုင်းတောရိုင်းဒေသ၏ အထွတ်အထိပ်နေရာတွင်ရှိသော သူတစ်ဦး ဖြစ်သည်။

သို့ဆိုလျှင် အဘယ်ကြောင့် မဟာရှားနိုင်ငံကို ရုတ်တရက်ကြီး ရောက်လာရပါသနည်း။

"ဒီအဘိုးကြီး ဘာအတွက်ကြောင့် ရောက်လာတာပါလိမ့်"

ကျန်းချန်က မျက်မှောင်ကြုတ်လိုက်ပြီး ခန်းမထဲကနေ လျှပ်တစ်ပြက် ပျောက်ကွယ်သွားခဲ့သည်။

နောက်ထပ် တစ်ခဏတွင် ကျန်းချန်၏ ပုံရိပ်သည် ခန်းမ အပြင်ဘက်ရှိ လေထုအထက်တွင် ပေါ်လာခဲ့သည်။

သူ၏ရှေ့ မလှမ်းမကမ်းတွင် ဆံပင်များ ဖွေးဖွေးလှုပ် ဖြူနေပြီး အပြာရောင်၀တ်ရုံကို ၀တ်ဆင်ထားသည့် အဘိုးကြီးတစ်ဦး ရှိနေခဲ့၏။

ဤအဘိုးအိုသည် တော်ရုံ ထွက်ပေါ်လေ့ မရှိသည့် ထိုက်ရှဂိုဏ်း၏ အထွတ်အထိပ် အကြီးအကဲ ကျီရှ ဖြစ်ပြီး မြောက်ပိုင်းတောရိုင်းဒေသ၏ သိုင်းသခင်နယ်ပယ် နှောင်းပိုင်းအဆင့် ကျင့်ကြံသူ အနည်းငယ်ထဲမှ တစ်ဦး ဖြစ်သည်။

"အကြီးအကဲ ကျီရှ.. မဟာရှားနိုင်ငံကို ဘာအကြောင်းကိစ္စနဲ့ ရောက်လာတာလဲ ဆိုတာ သိပါရစေ"

သူ့ရှေ့မှ ကျီရှကိုကြည့်ရင်း ကျန်းချန်က တအံ့တသြ မေးလိုက်သည်။

အကြီးအကဲကျီရှက ပြုံး၍ ပြန်ဖြေလိုက်၏။

"မိတ်ဆွေလေးက ထိုက်ရှဂိုဏ်းရဲ့ အန္တရာယ်ကို ဖြေရှင်းပေးခဲ့တဲ့အတွက် ဒီအဘိုးကြီးကျီရှက ကျေးဇူးတင်ပါတယ်"

"ဒီအတွက် ကျေးဇူးတင်စကား လာပြောတာပါ"

"ကျွန်တော်နဲ့ ထိုက်ရှဂိုဏ်းက ပတ်သက် ဆက်နွှယ်မှုတွေ ရှိပါတယ်.. ထိုက်ရှဂိုဏ်းက ကျွန်တော့် မျက်စိရှေ့မှာ ဒုက္ခရောက်နေတယ် ဆိုမှတော့ ဘေးကနေ ထိုင်ကြည့်မနေနိုင်ဘူးလေ"

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

"ဒါနဲ့ အကြီးအကဲ ဒီကို ရောက်လာတာ ကျေးဇူးတင်စကား ပြောရုံသက်သက်တော့ မဟုတ်လောက်ဘူး ထင်တယ်"

"ရာစုနှစ်ပေါင်းများစွာ ငြိမ်သက်နေခဲ့တဲ့ သွေးနတ်ဆိုးနန်းတော်က ပြန်လည်နိုးထလာပြီး မြောက်ပိုင်းတောရိုင်းဒေသကို သိမ်းပိုက်ဖို့ ပြင်ဆင်နေခဲ့ပြီ.. ဒါကြောင့် ဂိုဏ်းကြီးသုံးဂိုဏ်းက သွေးနတ်ဆိုးနန်းတော်ကို အမြစ်ပြတ် ချေမှုန်းဖို့အတွက်ပူးပေါင်းဖို့ ဆုံးဖြတ်လိုက်ကြတယ်"

"မိတ်ဆွေလေးရဲ့ ခွန်အားက အံ့မခန်းပဲဆိုတော့ ဒီအရေးကိစ္စမှာ မိတ်ဆွေလေးအနေနဲ့ အကူအညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်.. ငါ ထျန်းယွဲ့ဂိုဏ်းနဲ့ နတ်ဓားဂိုဏ်းက အထွတ်အထိပ်အကြီးအကဲတွေကိုလဲ အကြောင်းကြားထားပြီးပါပြီ.. သူတို့လဲ မကြာခင် ရောက်လာပါလိမ့်မယ်"

ကျီရှက ဘာကိုမှ ဖုံးကွယ်ထားခြင်း မရှိဘဲ ကျန်းချန်ကို တိုက်ရိုက် ပြောပြလိုက်သည်။

ကျီးရှ၏ စကားဆုံးသည်နှင့် အလွန်ဝေးကွာသော မိုးကုတ်စက်ဝိုင်းကနေ အနက်ရောင်နဲ့ အဖြူရောင် ပုံရိပ်နှစ်ခုသည် လေထုကို တစ်ချိန်ထဲနီးပါး ဖြတ်ကျော်လာခဲ့သည်။

မျက်တောင် တစ်ခတ်အတွင်းမှာပင် ထိုပုံရိပ်နှစ်ခုသည် ကျန်းချန်၏ ရှေ့တွင် ပေါ်လာခဲ့၏။

ထိုနှစ်ယောက်မှာ ထျန်းယွဲ့ဂိုဏ်း၏ အထွတ်အထိပ် အကြီးအကဲ ရှချိုးယာနှင့် နတ်ဓားဂိုဏ်း၏ အထွတ်အထိပ် အကြီးအကဲ ရှန်းပိုင်ကျန့်တို့ ဖြစ်သည်။

ဤအခိုက်အတန့်တွင် မြောက်ပိုင်း တောရိုင်းဒေသ၏ ဂိုဏ်းကြီး သုံးဂိုဏ်းမှ အစွမ်းထက်ဆုံး ပုဂ္ဂိုလ်သုံးဦးသည် ကျန်းချန်၏ ရှေ့တွင် စုဝေးနေခဲ့ပြီ ဖြစ်၏။

အခန်း(၁၁၃၁)ပြီး၏။

All Chapters