ကောလိပ်ဝင်ခွင့် အရည်အချင်းစစ် စာမေးပွဲ
Vol. 1 Ch. 7
“နှစ်စဉ်ကျင်းပတဲ့ ကောလိပ်ဝင်ခွင့်စာမေးပွဲက နီးကပ်လာပြီ။ ဒါက ကြယ်တာရာခေတ်မှာနေတဲ့ နိုင်ငံသားတိုင်းအတွက် ကံကြမ္မာပြောင်းလဲဖို့ အခွင့်အလမ်းပါပဲ။ လူတိုင်း တစ်သက်မှာ တစ်ကြိမ်သာ ရတဲ့ အခွင့်အရေးတစ်ခုပဲ။ ဒီစာမေးပွဲ ရလဒ်က မင်း နဂါးလား၊ တီကောင်လား ဆိုတာကို အဆုံးအဖြတ်ပေးမှာပါ။ ဒီအချိန်ကစပြီး မင်းရဲ့ကံကြမ္မာ ပြောင်းလဲသွားလိမ့်မယ်။ အချို့က ကောင်းကင်ကို ပျံတက်ပြီး အထက်တန်းကျတဲ့ဘဝကို ပိုင်ဆိုင်ကြလိမ့်မည်။ အချို့ကတော့ ဖုန်မှုန့်အဖြစ်နဲ့ ကြေမွသွားပြီး သာမန်လူတစ်ဦးအဖြစ်နဲ့ပဲ ဘဝကို ရှင်သန်ကြရလိမ့်မယ်...”
စွမ်းဆောင်ရည်ပြည့်ဝပုံရတဲ့ အနက်ရောင် ဝတ်စုံပြည့်ဝတ်ထားတဲ့
သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးက အတန်းခန်းမရှိ စင်မြင့်ပေါ်နေဟောပြောနေခဲ့သည်။
ကျောင်းသားအုပ်စုအကုန်လုံး အောက်မှာ ထိုင်နေကြပြီး အသံကျယ်ကျယ်နဲ့ အသက်ရှူဖို့ကိုပင့ ကြောက်ရွံ့နေကြပါတော့သည်။
ဖုန့်လင်း တိတ်ဆိတ်စွာနဲ့ နားထောင်နေခဲ့သည်။
လူသားများ ကြယ်တာရာခေတ်ကို ရောက်ရှိလာပြီး နည်းပညာတွေ အဆင့်မြင့်မားလာကာ အလင်းနှစ် နှစ်သန်းကျော် အကွာအဝေးကို အာကာသ-အချိန်ခရီးသွားနိုင်သည့်တိုင်၊ ဒီရှေးရိုးစွဲကောလိပ်စာမေးပွဲစနစ်ကတော့ ဆက်လက်တည်ရှိနေဆဲဖြစ်ပါတယ်။ လုံးဝမပျက်မကွက် ထိန်းသိမ်းထားတဲ့အပြင်ကို အဆင့်သစ်တစ်ခုအထိ မြှင့်တင်ထားသည်။
ဒီစာမေးပွဲရဲ့ အတိုင်းအတာက စိတ်ကူးယဉ်လို့မရနိုင်အောင်ကို ကျယ်ပြန့်ပြီး ကြယ်တာရာခေတ်လူသားအားလုံးကို လွှမ်းခြုံထားပါတယ်။
မွေးရာပါ လူတန်းစားအခြေအနေတံတိုင်းတွေကို ချိုးဖောက်ဖို့ ထိရောက်တဲ့နည်းလမ်းတစ်ခုအနေနဲ့ ကောလိပ်စာမေးပွဲတွေ တည်ရှိနေခြင်းပါ။
“ကောလိပ်ဝင်ခွင့်စာမေးပွဲ အရည်အချင်းစစ် စာမေးပွဲဆိုတာက ကျောင်းတွင်းမှာ ပထမဆုံးကျင်းပတဲ့ စမ်းသပ်စာမေးပွဲပဲ။ ဒီစာမေးပွဲကို အောင်မြင်မှ ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့် ရမှာဖြစ်တယ်။ စမ်းသပ်စာမေးပွဲကိုတောင် မအောင်နိုင်ရင် ကောလိပ်ဝင်ခွင့်စာမေးပွဲကို မဖြေကြဖို့ သတိပေးချင်တယ်။ ဒါမှမဟုတ်ရင် ကိုယ့်ကိုယ်ကိုယ် အရှက်ရစေမှာဖြစ်သလို ကျောင်းရဲ့ဘွဲ့ရသူအရေအတွက်နှုန်းကိုပါ ကျဆင်းစေလိမ့်မယ်!”
အမျိုးသမီးအတန်းပိုင်ဆရာမက တင်းကြပ်စွာနဲ့ ကြေညာလိုက်သည်။
သူမမျက်လုံးတွေသည် အခန်းတစ်ခုလုံးကို လှည့်ပတ်ကြည့်ရှုပြီး ဖုန့်လင်းနှင့် အခြားနောက်ဆုံးအဆင့်မှာရှိတဲ့ ကျောင်းသားအနည်းငယ်ပေါ်မှာ ခဏရပ်လိုက်သည်။
သူမရဲ့သတိပေးချက်ကို အသံတိတ် ဖော်ပြနေခြင်းပါ။
ကြယ်တာရာခေတ်နိုင်ငံသားအားလုံးအတွက် နှစ်စဉ်ကျင်းပတဲ့ ကောလိပ်ဝင်စာမေးပွဲက ပေါ့ပေါ့တန်တန် သဘောထားစရာမဟုတ်ပေ။ ဘီလီယံချီသော လူသားများက ဒီအခွင့်အလမ်းကို ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး၊ ထူးချွန်သောရလဒ်တွေ မရရင် ကိုယ့်ကိုယ်ကိုကို သေမင်းဆီ တွန်းပို့သလိုဖြစ််နေမှာပါ။
ကျောင်းအနေနဲ့ ဒီလိုအသုံးမကျတဲ့ ကျောင်းသားတွေကြောင့် ကျောင်းအဆင့်အတန်း ကျဆင်းမှကို ခွင့်ပြုမှာမဟုတ်ပါဘူး။ အကယ်၍ သူတို့တွေ ကျရှုံးပါက၊ ကျောင်းရဲ့ဂုဏ်သတင်းကို အမည်းစက်ထင်စေမှာပါ။
အခြားကျောင်းသားတွေက ဒီမြင်ကွင်းကို မြင်ရတော့ အသုံးမကျတဲ့ကျောင်းသားတွေရဲ့ကံဆိုးမှုကို ပျော်ရွှင်စွာ ကြည့်နေကြပါတယ်။
ဖုန့်လင်းသည် လက်သီးတွေ ဆုပ်လိုက်ပြီးမှ တဖြည်းဖြည်း ဖြေလျှော့လိုက်သည်။
အကယ်၍ အရင်က သူသာဆိုရင် ဒေါသတွေနဲ့ ပြည့်နေမှာပါ။ ဒါပေမယ့် အခုအချိန်မှာတော့ သူ အေးဆေးတည်ငြိမ်နေခဲ့ပါတယ်။
သေခြင်းတရားကို ကြုံတွေ့ပြီးတဲ့သူတစ်ဦးအတွက်၊ စိတ်ဆတ်တယ်ဆိုတာ အတိတ်မှာ ကျန်ခဲ့ပါပြီ။
ပိုအရေးကြီးတာက သူ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိနေခြင်းပါ။
အသက်ဓာတ် ၁.၅ ရှိပြီဖြစ်သော သူက သူ့အရွယ်တူအများစုထက် ကျော်လွန်နေပါပီ။ ဘာလို့ အငြိုးအတေးတွေနဲ့ မိကိုယ့်ကိုယ်ကို ညှဉ်းဆဲနေမှာလဲ။
သူ့စွမ်းရည်တွေ တိုးတက်လာတာက သူ့ကို ပိုရင့်ကျက်စေခဲ့သည်။
ဒီလို အချင်းချင်း တိုက်ခိုက်တာနဲ့ လှည့်ကွက်တွေက သူ့အတွက် ကလေးဆန်တဲ့ အပြုအမူသာသာပါ။
သူတို့က ဖုန့်လင်း အရင်ကအတိုင်းပဲလို့ ထင်နေရင် သူတို့အတွက် အံ့အားသင့်စရာတွေ ရှိနေပါလိမ့်မယ်။
“ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ ရလဒ်ကောင်းတွေရဖို့ အရည်အချင်းစစ်စာမေးပွဲမှာ အတန်းတစ်ခုစီကနေ
ထိပ်ဆုံးကျောင်းသား သုံးယောက်ကို
ပုံရိပ်ယောင်သိုင်းပညာစေတီ မှာ အခမဲ့လေ့ကျင့်ခွင့် ပေးမှာဖြစ်ပါတယ်!” လို့ အတန်းပိုင်ဆရာမက တုန်လှုပ်ဖွယ်သတင်းတစ်ခုနဲ့ ကျောင်းသားတွေကို အံ့အားသင့်စေခဲ့သည်။
အတန်းတစ်ခုလုံး ဆူညံသွားခဲ့သည်။
‘’ပုံရိပ်ယောင်သိုင်းစေတီ!’’
“ပုံရိပ်ယောင်သိုင်းစေတီဆိုတာ တိုက်ခိုက်ရေးဆရာတွေရှိတဲ့ နေရာမလား?”
“ဒီတစ်ခါတော့ ကျောင်းက တကယ့်ကို အစွမ်းကုန် အားစိုက်ထားတာပဲ!”
…
ဘယ်သူမှ စိတ်လှုပ်ရှားမှုကို ဖုံးကွယ်မထားနိုင်ကြပါဘူး။ သူတို့ရဲ့ မျက်နှာအမူအရာတိုင်းက စိတ်အားထက်သန်မှုတွေ ပြည့်နှက်နေကြသည်။
ပုံရိပ်ယောင်သိုင်းစေတီဆိုတာက မြေကမ္ဘာအထက်တန်းကျောင်း မှာရှိတဲ့ တစ်ခုတည်းသော ပုံရိပ်ယောင်တိုက်ခိုက်ရေးစနစ်ဖြစ်ပြီး၊ တိုက်ခိုက်ရေးဆရာမျိုးစုံရဲ့ အဆုံးမရှိတဲ့ နည်းလမ်းတွေကို စုစည်းပြီး အလင်းဆိုင်ရာ တွက်ချက်မှုနည်းပညာနဲ့ ပုံရိပ်ယောင်နေရာလွတ်တစ်ခုအဖြစ် စွမ်းအင်သုံးပြီး ပုံဖော်ပေးတဲ့ စနစ်ဖြစ်ပါတယ်။
အပြင်ပန်းအားဖြင့် အထပ်သုံးဆယ်ခန့်မြင့်မားတဲ့ မျှော်စင်တစ်ခုပါ။ အဆင့်တိုင်းမှာ ပုံရိပ်ယောင်တိုက်ခိုက်ရေးဆရာတစ်ဦးစီ ရှိပြီး သူတို့ရဲ့ လက်ရှိ စွမ်းရည်အတိုင်းတူညီစွာ တိုက်ခိုက်နိုင်စွမ်းရှိကြပါတယ်။
အဆင့်တက်လာတာနဲ့အမျှ တိုက်ခိုက်ရေးဆရာရဲ့ အရည်အချင်းလည်း မြင့်တက်လာပြီး ခက်ခဲမှုအဆင့်ကလည်း အဆင့်နှင့်အညီ တိုးလာမှာပါ။
ပုံရိပ်ယောင်တိုက်ခိုက်ရေးဆရာတွေနဲ့ တိုက်ခိုက်ခြင်းက တိုက်ပွဲအတွေ့အကြုံတွေ တိုးပွားစေနိုင်ပြီး၊ ကိုယ့်ရဲ့ ဗီဇစွမ်းရည်တွေကို ပိုပြီး နက်နက်နဲနဲနဲ့ အလျင်အမြန် နားလည်သဘောပေါက်စေနိုင်မှာပါ။
ဒါပေမယ့် ဒီစနစ်ကို အသက်သွင်းဖို့ အလွန်များပြားတဲ့ စွမ်းအင်တွေ လိုအပ်ပါတယ်။ အကြိမ်တိုင်းမှာ ကြယ်ဒင်္ဂါးသောင်းချီကုန်ကျပြီး၊ သာမန်အခြေအနေမှာဆို မဖြစ်နိုင်လောက်အောင် စရိတ်ကကြီးလှသည်။
ပုံမှန်အားဖြင့် ကျောင်းသားတွေက
ပုံရိပ်ယောင်သိုင်းစေတီမှာ လေ့ကျင့်ဖို့ ကိုယ့်ပိုက်ဆံနဲ့ပဲ ပေးချေရကာ အကြိမ်တိုင်းအတွက် ကြယ်ဒင်္ဂါးတစ်သောင်း ကုန်ကျပြီး၊ ငွေဇွန်းကိုက်ပြီး မွေးဖွားလာတဲ့လူတွေပဲ ဒီကုန်ကျစရိတ်ကို ခံနိုင်ရည်ရှိကြမှာပါ။
ပုံရိပ်ယောင်သိုင်းစေတီကို ဝင်ခွင့်ရဖို့ မျှော်လင့်ချက်က ကျောင်းသားအများစု အိပ်မက်ထဲမှာတောင် မျှော်လင့်ဖို့ ခဲယဉ်းတဲ့ အရာတစ်ခုပါ။
ဒီလို အခွင့်အရေးကို ကျောင်းမှ စီစဉ်ပေးမယ်လို့ သူတို့ လုံးဝမျှော်လင့်ထားခြင်း မရှိပါဘူး။ သို့သော် ဤတစ်ကြိမ်တွင် အတန်းတစ်ခုမှ သုံးဦးစီကို အခမဲ့ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ရာ၊ ကျောင်းသားအားလုံး စိတ်လှုပ်ရှားကြသည်မှာလည်း အံ့ဩစရာမရှိပေ။ စွမ်းရည်ရှိသူများက ထိပ်ဆုံးသုံးဦးစာရင်းဝင်ရန် စိတ်ပိုင်းဖြတ်ထားကြသည်။
“စာမေးပွဲ ယခုစတင်ပါတော့မယ်!”
ဆရာမရဲ့ ကြေညာချက်နှင့်အတူ စာမေးပွဲကို တရားဝင် စတင်လိုက်ပြီဖြစ်သည်။
ဒီစနစ်က ကမ္ဘာခေတ်ဟောင်းနှင့် လုံးဝကွဲပြားခြားနားသည်။ ကြယ်တာရာ ခေတ်ရှိ တက္ကသိုလ်ဝင်စာမေးပွဲကို တိုက်ခိုက်ရေးစာမေးပွဲ နှင့် ပညာရပ်ဆိုင်ရာစာမေးပွဲ ဟူ၍ နှစ်မျိုးခွဲထားသည်။
ပညာရပ်ဆိုင်ရာစာမေးပွဲတွင်
သီအိုရီဆိုင်ရာအသိပညာ
စာပေ၊ သမိုင်း
သင်္ချာ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ ဓာတုဗေဒ
စိတ်ပညာ၊ ဥပဒေရေးရာ၊ နက္ခတ္တဗေဒ စသည်တို့ ပါဝင်သည်။
ဒါ့အပြင် ဒီစာမေးပွဲပုံစံကလည်း ကမ္ဘာခေတ်ဟောင်းက ကောလိပ်ဝင်ခွင့်စာမေးပွဲများနှင့် မတူချေ။
အမှတ်ပြည့်ဆိုသည့် အယူအဆမရှိ။
မြင့်မားသောရမှတ်၊ ပိုမိုမြင့်မားသောရမှတ်၊ အလွန်မြင့်မားသောရမှတ်ဟူ၍သာ ရှိသည်။
သီအိုရီအရ ရမှတ်အမြင့်ဆုံးအဆင့်ဟူ၍ အကန့်အသတ်မရှိပေ။
ဉာဏ်ရည်နှင့် သက်တမ်းတိုးတက်လာမှုကြောင့် သူတို့ဟာ ကမ္ဘာ့ခေတ်လူသားတွေထက် ပိုမိုထက်မြက်လာကြသည် ဒါ့ကြောင့် သူတို့ စာမေးပွဲမေးခွန်းတွေကလည်း ပိုမိုခက်ခဲလာခဲ့ပါတယ်။ ဒါပေမယ့် မေးခွန်းအရေအတွက်ကိုတော့ ကန့်သတ်ထားခြင်းမရှိပေ။ အဆင့်မြင့်အလင်းအခြေခံ တွက်ချက်စနစ်နဲ့ စာမေးပွဲမေးခွန်းများကို အချိန်နှင့်တစ်ပြေးညီ ထုတ်လုပ်ပေးနိုင်သည်။ ကျောင်းသားတိုင်းက သတ်မှတ်ထားတဲ့ 2 နာရီအတွင်း မေးခွန်းများကို ဖြေဆိုရမည်ဖြစ်ပြီး တစ်ပုဒ်လျှင် တစ်မှတ်စီသတ်မှတ်ကာ ပိုမိုဖြေဆိုနိုင်သူများက ပိုမိုမြင့်မားသောအမှတ်များ ရရှိကြလိမ့်ပေမည်။
အမှတ်ကန့်သတ်ချက်မရှိသောကြောင့် စာမေးပွဲအပြီးတွင် ထူးချွန်သူနှင့် အားနည်းသူတို့ကြား ကွာဟချက်မှာ သိသာထင်ရှားစွာ ပေါ်လွင်လေ့ရှိသည်။ အဆင့်ကွာဟချက်ဆယ်ဆကျော်ရှိသည်မှာလည်း သာမန်ဖြစ်ရပ်တစ်ခုပင်။
တိုက်ခိုက်ရေးစာမေးပွဲများတွင်မူ လူတစ်ဦး၏ ကျင့်ကြံမှု ကို စစ်ဆေးသည်။ ၎င်းမှာ ဒဏ္ဍာရီလာ ဗီဇများ အပေါ်အခြေခံတဲ့ စာမေးပွဲတစ်ခုပါ။
ကောလိပ်ဝင်ခွင့်အကြိုစာမေးပွဲက ကောလိပ်ဝင်ခွင့်စာမေးပွဲမတိုင်မီကျင်းပတဲ့ ပထမဆုံးအစမ်းစာမေးပွဲဖြစ်ပြီး အရေးအကြီးဆုံးစာမေးပွဲလည်းဖြစ်ပါတယ်။ ဒီစာမေးပွဲက
ကောလိပ်ဝင်စာခွင့်မေးပွဲအတွက် အရည်အချင်းပြည့်မီမှုကို ဆုံးဖြတ်ပေးတာကြောင့် ဘယ်သူမျှ လျှော့တွက်လို့မရပေ။
ပညာရပ်ဆိုင်ရာစာမေးပွဲသည် ပထမအဆင့်ဖြစ်သည်။
စာမေးပွဲစတင်သည်နှင့်တစ်ပြိုင်နက် လူတစ်ဦးချင်းစီရှေ့တွင် သုံးဖက်မြင်ရုပ်ပုံများ လေထဲ၌မျောပါလာကာ စာမေးပွဲမေးခွန်းများက ရေတံခွန်လို စီးဆင်းလာပြီး သူတို့မျက်လုံးများရှေ့တွင် ပေါ်လာသည်။
၁.၅ အထိ အသက်စွမ်းအင်ရှိခြင်းက အပြော သက်သက်မဟုတ်ပါဘူး။ ခန္ဓာကိုယ်ရဲ့ အရည်အသွေးတွေ နယ်ပယ်စုံတိုးတက်လာရုံသာမက မှတ်ဉာဏ်နှင့် အတွေးအခေါ်စွမ်းရည်များလည်း များစွာတိုးတက်လာပါတယ်။
သူတို့ တွေးခေါ်မှုဖြစ်စဉ်က အလင်းမြန်နှုန်းကဲ့သို့ လျင်မြန်လာပြီး၊ ယခင်က နားမလည်နိုင်ခဲ့သော အသိပညာများကို ရုတ်တရက် ဉာဏ်အလင်းရခြင်းများဖြစ်ပေါ်လာပါသည်။ ထိုနည်းတူစွာ ခက်ခဲသော မေးခွန်းများ၏ အဖြေများကိုပင် တစ်ချက်ကြည့်ရုံဖြင့် နားလည်သဘောပေါက်လာကြသည်။
ဒါက အသက်စွမ်းအင်ပြောင်းလဲမှုကြောင့် ရရှိလာသော ကြီးမားသည့် ခြားနားချက်လား။
ဖုန့်လင်းအနေနဲ့ ဝမ်းသာမှုကို စိတ်ထဲ သိမ်းထားပေမယ့် လက်များကား ရပ်တန့်မနေပေ။
ကြယ်တာရာခေတ်လူသားတွေရဲ့
ဉာဏ်ရည်ဉာဏ်သွေးက စိတ်ကူးယဉ်မှုထက် များစွာကျော်လွန်နေပြီး သူတို့အသိပညာများကလည်း
ရှုပ်ထွေးနက်နဲသည်။
အထွေထွေနှိုင်းရသီအိုရီ၊ ကွမ်တမ်မက္ကင်းနစ်နှင့် ခေးရော့စ်သီအိုရီ စတဲ့ ရှေးခေတ်ကမ္ဘာက ရှုပ်ထွေးပေမယ့် ရင်းနှီးကျွမ်းဝင်တဲ့ သီအိုရီများသည် ယခုအခါ အထက်တန်းကျောင်းသားတိုင်း သိထားရမည့် အခြေခံအသိပညာများသာ ဖြစ်နေပြီး၊ စာမေးပွဲတွင်ပါဝင်သည့် အခက်ဆုံးအကြောင်းအရာများလည်း မဟုတ်တော့ပေ။
ပညာရပ်စာမေးပွဲ၏ အခက်ဆုံးအကြောင်းအရာကတော့ ဒဏ္ဍာရီဆိုင်ရာ အသိပညာသီအိုရီပဲဖြစ်ပါတယ်။။
နှစ်ပေါင်းသောင်းကျော်ကြာ တိုးတက်မှုအပြီးမှာတော့ ရှေးခေတ်ကမ္ဘာမှ ဒဏ္ဍာရီဆိုင်ရာ အသိပညာအများစုမှာ ပျောက်ဆုံးသွားခဲ့ပါပြီ။ ယခုအခါ လူသားတွေအနေနဲ့ ရှေးဟောင်းစာရွက်စာတမ်းများ၏ အကြွင်းအကျန်များမှသာ ၎င်းတို့ကို အနည်းငယ်မျှ မြင်တွေ့နိုင်တော့သည်။
လူသားတွေအနေနဲ့ ဒီပျောက်ဆုံးနေတဲ့ အသိပညာကို ပြန်လည်ဖြည့်ဆည်းရန် မိမိတို့၏အားစိုက်မှုကိုသာ အားကိုးရပြီး၊ ရှာဖွေစုဆောင်းခြင်းနှင့် ပြန်လည်တည်ဆောက်ခြင်းများ ပြုလုပ်နေကြရသည်။ သို့သော် အယူအဆအမျိုးမျိုးနှင့် အတွေးအခေါ်များက မကြာခဏ ဆန့်ကျင်ဘက်ဖြစ်နေတတ်ပြီး လူတွေကို ခေါင်းမူးခေါင်းခြောက် သွားစေနိုင်သည်။
ဒါ့ကြောင့် အထက်တန်းကျောင်းသင်ရိုးတွင် ဒဏ္ဍာရီဆိုင်ရာအသိပညာဘာသာရပ်က ကျောင်းသားတွေ အတွက် အခက်ခဲဆုံးနှင့် ခေါင်းအကိုက်စေဆုံး ဘာသာရပ်ဖြစ်လာခဲ့ပါတယ်။
စာမေးပွဲခန်းထဲရှိ ကျောင်းသားအားလုံးက မျက်နှာများညှိုးငယ်ကာ နဖူးကြောများတွန့်လျက်ရှိနေကြ၏။
သို့သော် ဖုန့်လင်းကတော့ ထူးခြားစွာပင် စိတ်မပူပန်သကဲ့သို့ အေးဆေးတည်ငြိမ်နေခဲ့သည်။
သူ့အတွက်တော့ ဒါတွေဟာ သာမန်အထွေထွေဗဟုသုတမျှသာ ဖြစ်သည်။
ကံကောင်းချင်တော့ သူ၏ခန္ဓာကိုယ်မူလပိုင်ရှင်သည် အလွန်တရာ ကြိုးစားအားထုတ်သူဖြစ်ခဲ့သည်။ အသက်စွမ်းအင်နိမ့်ပါးသော်လည်း သီအိုရီဆိုင်ရာအသိပညာနှင့် နားလည်မှုတွင် အလွန်တော်ခဲ့သည်။
ဖုန့်လင်းအနေနဲ့ မူလပိုင်ရှင်၏ မှတ်ဉာဏ်များကို အမွေဆက်ခံရရှိခဲ့ပြီး ထိုအရာမှ ကြီးမားတဲ့ အကျိုးကျေးဇူးကို ရရှိခဲ့သည်။ သူရဲ့ အခြေခံသီအိုရီပညာရပ်များမှာ လုံးဝအလဟဿမဟုတ်ဘဲ ဘာသာရပ်ဆိုင်ရာ အသိပညာများစွာကလည်း
သူ့ဆီကို အလိုလိုရောက်လာခဲ့သည်။
ဒဏ္ဍာရီဆိုင်ရာမေးခွန်းများရောက်သည်အထိ ဒါက သူ့ အားသာချက်ပါပဲ။
“အိုလံပီယန်နတ်ဘုရား ၁၂ ပါးကို ဖော်ပြပြီး ၎င်းတို့၏ အခန်းကဏ္ဍများကို ဖော်ပြပါ။ ဒါကတော့ ရိုးရှင်းပါတယ် - နတ်ဘုရားများ၏ဘုရင် ဇုစ်၊ နတ်ဘုရားများ၏မိဖုရား ဟီရာ၊ စစ်ပွဲနှင့်ဉာဏ်ပညာ
နတ်ဘုရားမ အသီနာ၊ နေနတ်ဘုရား အပိုလို...”
ဖုန့်လင်း ဒီမေးခွန်းကို အလွယ်တကူဖြေဆိုနိုင်ခဲ့သည်။
“မြောက်ပိုင်းဒဏ္ဍာရီ၏ အဆုံးသတ်ပုံကဘာလဲ? ကမ္ဘာကြီးပျက်စီးခြင်း၊
ရက်ဂ်နရော့(Ragnarok) အရာရာတိုင်း၏ အဆုံးသတ်ခြင်းပါပဲ!”
ဖုန့်လင်း နှုတ်ခမ်းမှာ အေးဆေးတဲ့ အပြုံးတစ်ပွင့် ပေါ်လာခဲ့ပါသည်။
“တရုတ်ဒဏ္ဍာရီရှိ နတ်ဘုရားဆရာသခင်ကြီး သုံးပါး နဲ့ အထွတ်အမြတ်ဘုရင် လေးဦး ကကော?” ဒီမေးခွန်းကတော့ နည်းနည်းခက်ခဲသည်။ တရုတ်ဒဏ္ဍာရီ၏ မူလအစမှာ ရှုပ်ထွေးပြီး အဓိပ္ပါယ်ဖွင့်ဆိုချက် အမျိုးမျိုးကွဲပြားနေသောကြောင့် ဖြစ်သည်။
ဖုန့်လင်းသည် အနည်းငယ်စဉ်းစားပြီးနောက် အများဆုံးလက်ခံထားသော အဖြေကို ဖြေဆိုလိုက်သည်-
“သုံးပါးသော နတ်ဘုရားဆရာသခင်ကြီးများမှာ -
၁.မူလအစအရှင်
ယွမ်ရှီထျန်းကျွင်း (Yuanshi Tianzun)
၂.လမ်းစဥ်နဲ့သူတော်ကောင်းတရားတို့ရဲ့ အရှင် ဒေါင်တီထျန်းကျွင်း (Daode Tianzun)၊ ထိုက်စန့်လောင်ကျွင်းလို့လည်းခေါ်ကြပါတယ်။
၃.ဆန်းကြယ်တဲ့ ရတနာအရှင် လင်းပေါင်ထျန်းကျွင်း (Lingbao Tianzun)
အထွတ်အမြတ်ဘုရင်များမှာ -
၁.အလယ်ပိုင်းကောင်းကင်ဘုံရဲ့
မြောက်ပိုင်းကြယ်တာရာဘုရင်
၂. ကျောက်စိမ်းဧကရာဇ်
၃. မြောက်ဝင်ရိုးစွန်းဘုရင်
၄. မြေနတ်ဘုရား”
…
မေးခွန်းများက သုံးဖက်မြင်ရုပ်ပုံပေါ်တွင် ရေတံခွန်ကဲ့သို့ ဆက်တိုက်ကျလာသည်။ ဖုန့်လင်း တစ်ခုပြီးတစ်ခု အချိန်မဖြုန်းဘဲ ဖြေဆိုလိုက်သည်။
မေးခွန်းများကို ဖြေဆိုရင်းနှင့်အမျှ သူရဲ့နည်းစနစ်တွေကို ပိုမိုကျွမ်းကျင်လာသည်။ ဦးနှောက်အတွင်းသို့ သိမ်းဆည်းထားသော အသိပညာများ လှိုင်းခတ်သလို့ ပေါ်ထွက်လာပြီး ဖြေဆိုနှုန်းမှာလည်း တဟုန်ထိုး မြန်ဆန်လာသည်။
သို့သော် သူသတိထားမိလိုက်သည်မှာ ဒဏ္ဍာရီဆိုင်ရာမေးခွန်းအားလုံးကို မှန်ကန်စွာမဖြေဆိုနိုင်ခဲ့ခြင်းဖြစ်ပြီး ၇၀%ခန့်သာ မှန်ခဲ့သည်။
ဘာကြောင့်လဲ...?
ငါသိထားတာက ဒဏ္ဍာရီရဲ့ မူရင်းဗားရှင်းလေ ဒါမှားနေတာလို့ ဘယ်လိုထင်ရမှာလဲ...
ဖုန့်လင်း စိတ်ရှုပ်ထွေးနေစဉ် ရုတ်တရက် သဘောပေါက်သွားသည်။
တကယ်တော့ သူမှားနေခြင်းမဟုတ်။ အဖြေစံနမူနာတွေကသာ တိမ်းစောင်းနေခြင်းဖြစ်သည်။
ရှေးခေတ်ကမ္ဘာ့စာပေများ တစ်ဝက်နီးပါး ပျောက်ဆုံးနေပြီဖြစ်ရာ၊ ဒဏ္ဍာရီဆိုင်ရာအသိပညာများကို ကျန်ရစ်ခဲ့သော စာတမ်းအနည်းငယ်နှင့် ရှာဖွေတွေ့ရှိမှုများအပေါ် အခြေခံကာ တစ်ဆင့်ပြီးတစ်ဆင့် ပြန်လည်တည်ဆောက်ထားခြင်းသာ ဖြစ်သည်။ ထို့ကြောင့် အသိပညာများတွင် အမှားများ၊ ဆန့်ကျင်ဘက်ဖြစ်မှုများ ပါဝင်နေခြင်းမှာ ရှောင်လွှဲမရတဲ့ အချက်ပါပဲ။
ဒဏ္ဍာရီဆိုင်ရာ အသိပညာများ၏ မူရင်းအဖြေမှန်တွေကို ယခုခေတ်ရဲ့ အတုအယောင် အသိပညာစနစ်က ငြင်းပယ်နေခြင်းဖြစ်သည်!
ဖုန့်လင်း စိတ်တွင်အကြံအိုက်နေသော်လည်း၊ အချက်အလက်မပြဘဲ ထောက်ပြဖို့ မဖြစ်နိုင်ပေ။
“ဒီအဖြေတွေကို ဘယ်ကရတာလဲ?” လို့ သူ့ကိုမေးမည်ဆိုလျှင် ဘယ်လိုရှင်းပြနိုင်မှာလဲ။
အကယ်၍ ရှေးခေတ်ကမ္ဘာ့ဒဏ္ဍာရီဆိုင်ရာ အသိပညာအားလုံးကို သူသိတယ်လို့ ဝန်ခံလိုက်ရင်၊ သူ့အား ဖမ်းဆီးပြီး ခွဲခြမ်းစိတ်ဖြာခြင်း ခံရမည်မှာ သေချာသည်။
ဒီလို အရှုံးပေးသည့် အပြုအမူမျိုးကို
ဖုန့်လင်း မလုပ်ဆောင်နိုင်ပေ။
သို့သော် စာမေးပွဲဆက်လက်ရှိနေဆဲဖြစ်ရာ၊ အမှတ်ပိုမိုရရှိရန် တိကျမှုနှုန်းနည်းပါးပါက အရေအတွက်နဲ့ ဖြည့်ဆည်းရမှာပါပဲ။
ဖုန့်လင်း အာရုံတွေကို စာမေးပွဲအပေါ်စူးစိုက်ကာ၊ လက်ချောင်းများ အရှိန်မြှင့်လှုပ်ရှားရင်း မေးခွန်းများကို ဆက်လက်ဖြေဆိုသွားသည်။
သူ မေးခွန်းအသစ်တစ်ခုစီပေါ်လာတာနဲ့ ချက်ချင်းဖြေဆိုလိုက်ပြီး သူ့ရဲ့တုံ့ပြန်မှုမြန်နှုန်းက လူတွေကိုပြောစရာစကားမဲ့စေခဲ့သည်။
စာမေးပွဲမေးခွန်းများကလည်း ရေတံခွန်လို မရပ်မနား စီးဆင်းနေဆဲပါပဲ။
ဒါကို မေးခွန်းဖြေနေတယ်လို့တောင် မခေါ်တော့ပါဘူး။ သူ့လက်တွေကို မေးခွန်းတွေပေါ် ရွေ့လျားဖြတ်သန်းနေသလိုပါပဲ။
ဖုန့်လင်း ဒီအခြေအနေထဲကို စိတ်နှစ်ကာ မေးခွန်းဖြေရတာကို စွဲလမ်းသွားသူတစ်ဦးလို ပြောင်းလဲသွားပြီး ရပ်တန့်ဖို့ပင် မတတ်နိုင်တော့ပေ။