ပုံရိပ်ယောင်သိုင်းစေတီ
Vol. 1 Ch. 11
ထိပ်ဆုံးရလဒ်များ
၁။ ကျောက်ခိုင် - ၁၂၅၀ မှတ်
၂။ ဖုန့်လင်း - ၁၂၂၈ မှတ်
၃။ တုဇီမင်း - ၉၈၇ မှတ်
…
နောက်ဆုံးတွင် ဖုန့်လင်း ဒုတိယနေရာကို ရရှိခဲ့သည်။
ကြယ်တာရာခေတ်ကြီးတွင် စာမေးပွဲစနစ်သည် စာပိုင်းဆိုင်ရာထက် ခွန်အားစမ်းသပ်မှုပိုင်းကို ပိုမိုအလေးထားသည်။
အကြောင်းမှာ စာမေးပွဲသည် အသိပညာနှင့် သီအိုရီများကိုသာ စစ်ဆေးသော်လည်း၊ ခွန်အား စမ်းသပ်မှုသည် ဗီဇအရည်အသွေးနှင့် ကျင့်ကြံမှုစွမ်းရည်ကို တိုင်းတာသောကြောင့်ဖြစ်သည်။
စကြဝဠာသည် အတိုင်းအဆမရှိ ကျယ်ပြန့်လှပြီး၊ မျိုးနွယ်စုပေါင်းများစွာ ရှိနေသည်...
ဤကျယ်ပြန့်လှသော စကြဝဠာကြီးသည် ဟင်းလင်းပြင်ကျယ်ကြီးတစ်ခုနှင့်တူသော်လည်း အမှန်တွင် ပဋိပက္ခများဖြင့် ပြည့်နှက်နေသည်။
ကြမ်းတမ်းတဲ့ တောရိုင်းနိယာမက လူသားမျိုးနွယ်အပါအဝင် မျိုးနွယ်တိုင်းကို အမြဲသတိရှိနေစေသည်။ တစ်ခါတစ်ရံ အမှားတစ်ခုက မျိုးနွယ်စုတစ်ခုလုံး ပျောက်ကွယ်သွားစေနိုင်ပါတယ်။
ဒီလိုကြမ်းတမ်းတဲ့ စကြဝဠာတွင် ဩဇာလွှမ်းမိုးနိုင်ဖို့ မျိုးဆက်တစ်ခုပြီးတစ်ခု အဆက်မပြတ် ဆင့်ကဲပြောင်းလဲတိုးတက်အောင် ကြိုးပမ်းရမည်ဖြစ်သည်။
သီအိုရီသက်သက်လေ့လာမှုများနှင့်မတူဘဲ ဗီဇကျင့်ကြကံခြင်းက သက်ရှိများရဲ့ အခြေခံသဘာဝကို ပြောင်းလဲတိုးတက်စေခြင်းဖြစ်သဖြင့် စာမေးပွဲ၏ အဓိကအာရုံစိုက်ရာဖြစ်သည်။
စာပေစာမေးပွဲတွင်ကဲ့သို့ပင် ခွန်အားစစ်ဆေးမှုတွင်လည်း ရနိုင်သည့်အမှတ်အရေအတွက်ကို ကန့်သတ်ထားခြင်းမရှိပေ။
ဒီအမှတ်တွေကို သတ်မှတ်ထားသော ပုံသေနည်းနဲ့ တွက်ချက်ပါတယ်။
အဓိကအချက်အနေနဲ့ အသက်စွမ်းအင်ပမာဏဖြစ်ပြီး ဒုတိယအချက်ကတော့ အရှိန်နဲ့ ခွန်အားပါ။
ဒီအချက်များကို ပေါင်းစပ်ကာ နောက်ဆုံးရလဒ်ကို ထုတ်ပေးတာပါ။
ဆိုလိုတာကတော့ အသက်စွမ်းအင်မြင့်မားခြင်း၊အရှိန်မြန်ခြင်း၊အားကောင်းခြင်း စတဲ့အချက်တွေရှိရင် အမှတ်အရေအတွက် အကန့်အသတ်မရှိနိုင်ပေ။
ရည်ရွယ်ချက်ကတော့ လူတွေကို ကြိုးစားကျင့်ကြံစေဖို့နဲ့ ကြယ်တာရာကျင့်ကြံသူ အဖြစ် မြန်မြန်ဆန်ဆန် ရောက်ရှိစေရန် ဖြစ်သည်။
ဖုန့်လင်းအနေနဲ့ ဗီဇညီမျှခြင်းစွမ်းရည်ကို အသုံးပြုပြီး အချိန်တိုအတွင်း ကြီးမားသော အပြောင်းအလဲကို ရရှိခဲ့ခေဲ့ပေမယ့် သာမန်လူသားတစ်ဦး ဖြစ်နေဆဲပါပဲ။
ဘယ်လောက်ပဲ ကြီးမားတဲ့ ပြောင်းလဲမှုဖြစ်ဖြစ် အချိန်တိုတွင်းမှာ အထွတ်အထိပ်ရောက်ဖို့က မဖြစ်နိုင်ပါဘူး။
သူရဲ့ အသက်စွမ်းအင်ပမာဏက အတန်းတွင်း ပထမရသူ ကျောက်ခိုင်ရဲ့ စွမ်းအားနဲ့ အတော်လေး ကွာဟနေဆဲပါ။
ဒုတိယစမ်းသပ်မှုတွင် သူရတဲ့အမှတ် ၆၄၀ က ကျောက်ခိုင်ရဲ့ အမှတ် ၁၀၀၀ နဲ့ အတော်ကွာခြားနေပြီး၊ စုစုပေါင်းအမှတ်မှာလည်း ကျောက်ခိုင်ထက် အနည်းငယ် နည်းနေပါတယ်။
ဒါပေမယ့် သူက အတန်းတွင်း အမှတ် ၁၀၀၀ ကျော်တဲ့သူ နှစ်ယောက်တည်းက တစ်ယောက် ဖြစ်နေဆဲပါပဲ။
တတိယနေရာရသူ တုဇီမင်းကတော့ အတော်လေးနောက်ကျကျန်ခဲ့ပြီး
အဆင့်တူမှာတောင် မဟုတ်တော့ပါဘူး။
ယာယီနောက်ကျမှုတွေက အရေးကြီးတဲ့ပြဿနာ မဟုတ်ပါဘူး...
“ကြည့်စမ်း၊ သူရပ်နေတာ ဒုတိယနေရာမှာဟ။ တုဇီမင်းကို တတိယနေရာရောက်အောင် လုပ်လိုက်တာလား?”
“အတန်း ၁၇ ထဲမှာ ဒီလိုလူမျိုး ဘယ်တုန်းက ပေါ်လာတာလဲ?”
…
အခြားအတန်းများမှ ကျောင်းသားတွေက ကျောက်ခိုင်နဲ့တုဇီမင်းကို ချီးကျူးနေရင်းက ရုတ်တရက်ပေါ်ထွက်လာတဲ့ ဖုန့်လင်းကို စိတ်ဝင်တစားကြည့်နေကြသည်။
အတန်းပိုင်ဆရာမကလည်း အခြားအတန်းပိုင်ဆရာတွေနဲ့ စကားပြောရင်း အဝေးကနေ ဖုန့်လင်းကို လက်ညှိုးထိုးပြနေသည်။
ဖုန့်လင်းကတော့ ခေါင်းငုံ့ပြီး အခြားသူတွေရဲ့ စကားတွေကို ဂရုမစိုက်ဘဲ ကျင့်ကြံနေသည်။
“ကျောက်ခိုင် ဒီလူက ဘယ်သူလဲ?”
ပိန်ပိန်ပါးပါးနဲ့ ချောမောတဲ့ ယောက်ျားလေး
တစ်ယောက်က လှောင်ပြောင်နေပုံရတဲ့ အပြုံးနှင့် ကျောက်ခိုင်ထံမေးမြန်းလာသည်။
“ကံကောင်းတဲ့ ကလေးတစ်ယောက်!”
ကျောက်ခိုင် မျက်နှာမဲ့ပြီး ဂရုမစိုက်တဲ့ပုံဟန်ဆောင်ကာ ဖြေလိုက်သည်။
ဒါပေမယ့် ဒီချောမောတဲ့ယောက်ျားလေးကတော့ ဒီလောက်အလွယ်တကူ မယုံကြည်တတ်တဲ့သူပါ။ ကျောက်ခိုင် ဒေါသထွက်နေတာကိုမြင်တော့ သူ့မျက်လုံးကိုလိမ့်ပြီး ဖုန့်လင်းကို
လေ့လာရင်း တွေးနေသည်။
သူကောင်းကောင်းသိထားတဲ့ ကျောက်ခိုင်က မောက်မာပြီး မဆင်မခြင် ပြုမူတတ်သူပါ။ ဒီလူသစ်က ကျောက်ခိုင်ကို ဒီလောက်ဒေါသထွက်စေပုံထောက်ရင် သာမန်မဟုတ်တဲ့သူဖြစ်ရမည်။
မိမိအပေါ် လူတွေရဲ့အာရုံစိုက်မှုကို ခံနေရပေမယ့် ဖုန့်လင်းက သူတို့နဲ့ရင်းနှီးဖို့ စိတ်မဝင်စားပါဘူး။ပုံရိပ်ယောင်သိုင်းစေတီ ဖွင့်တဲ့ အချိန်ကိုပဲ စိတ်ရှည်ရှည်နဲ့
စောင့်နေသည်။
ကြီးမားတဲ့ဖိအားတွေကို ခံစားနေရသူဖြစ်တဲ့အတွက် အပေါစားစကားတွေ အတွက် အချိန်မပေးနိုင်ပါဘူး။
မကြာမီ ပုံရိပ်ယောင်သိုင်းစေတီ ပွင့်လာသည်။
သူတို့အားလုံး အစဉ်လိုက်ဝင်ရောက်လိုက်ကြသည်။ ဖုန့်လင်းကတော့ လုံးဝအလွတ်ဖြစ်နေတဲ့ ကျယ်ပြန့်သည့်အခန်းတစ်ခုထဲ ရောက်သွားသည်။
‘’ဒါက ပုံရိပ်ယောင်သိုင်းစေတီလား...?
ဟမ်...ဒါ ဘယ်လိုပါလိမ့်’’
ဒီပုံရိပ်ယောင်တိုက်ခိုက်ရေးစနစ်က ကြယ်တာရာခေတ်ရဲ့ အဆင့်မြင့် နည်းပညာများဖြင့် ဖန်တီးထားသော လက်ရာဖြစ်သည်။ ဖုန့်လင်းအတွက် ပထမဆုံးအကြိမ်ဖြစ်သောကြောင့် အရမ်းအံ့အားသင့်နေခဲ့သည်။
ရုတ်တရက် အလင်းတွေပျောက်သွားပြီး အမှောင်ထုဖြင့် ဖုံးလွှမ်းသွားသည်။
နက္ခတ်တာရာများ ကောင်းကင်ယံတွင် ပေါင်းဆုံသကဲ့သို့ အလင်းတန်းများက နံရံအစိတ်အပိုင်းတိုင်းမှ စုပြုံလာပြီး အမျိုးမျိုးသော စိတ်ကူးယဉ်ပုံရိပ်တွေကို ဖန်တီးလိုက်သည်။
ရုတ်တရပ် အထပ်သုံးဆယ်မြင့်သော စေတီကြီးတစ်ခု သူတို့ရှေ့တွင် ပေါ်လာလေသည်။
ဤသည်မှာ စွမ်းအင်များဖြင့် တည်ဆောက်ထားသော စိတ်ကူးယဉ်နေရာလွတ်တစ်ခုပင်ဖြစ်သည်...
“စွမ်းအင်စုဆောင်းမှု ပြီးပါပြီ။
ပုံရိပ်ယောင်သိုင်းစေတီ ဖွင့်လှစ်ပါတော့မယ်!
အထက်တန်းနှစ်ကျောင်းသား ဖုန့်လင်း - ယခင်က ဝင်ရောက်မှု မှတ်တမ်းမရှိ၊ ပထမအဆင့်မှ စတင်ရန်!”
စက်သံတစ်ခု ကြားလိုက်ရသည်။
ပုံရိပ်ယောင်သိုင်းစေတီတွင် အဆင့်သုံးဆယ်ရှိပြီး၊ အဆင့်မြင့်လာသည်နှင့်အမျှ ခက်ခဲမှုများ တိုးလာမည်။ ပိုမိုမြင့်မားသော အဆင့်သို့ ရောက်ရှိလိုပါက ဒါက ကျော်ဖြတ်ရမည့် အတားအဆီးတစ်ခုပါပဲ။
စေတီအတွင်း တစ်ဦးချင်းစီ၏ တိုးတက်မှုကို ပုံရိပ်ယောင်သိုင်းစေတီ၏ အချက်အလက်စနစ်တွင် မှတ်တမ်းတင်ထားမည်ဖြစ်ကာ နောက်တစ်ကြိမ် စေတီကို ဝင်ရောက်ပါက၊ ယခင်ရပ်တန့်ခဲ့သည့်နေရာမှပင် ဆက်လက်စတင်ရမည်ဖြစ်ပြီး၊ ထိပ်ဆုံးသို့ ရောက်သည်အထိ ဒီတိုင်းပါပဲ။
ဖုန့်လင်းကတော့ အရင်က ဒီစေတီကို ဘယ်တုန်းကမှ မရောက်ဖူးတဲ့အတွက် ဤအကြိမ်တွင် အဆင့်(၁)မှ စတင်ရမည် ဖြစ်သည်။
ဒါက အတိအကျ သူလိုချင်တဲ့အရာပါပဲ...
အောက်ဆုံးအဆင့်မှစပြီး သူသည် ပုံရိပ်ယောင်သိုင်းစေတီရဲ့ ပုံရိပ်ယောင် လောကကို တစ်ဆင့်ပြီးတစ်ဆင့် ဖြတ်ကျော်ရမည်ဖြစ်သည်။
ပထမအဆင့် ဂိတ်တံခါး ဖြေးဖြေးချင်းပွင့်သွားသည်။
ဖုန့်လင်း အတွင်းသို့ဝင်ရောက်သည်နှင့် အသစ်စက်စက် ကမ္ဘာတစ်ခုထဲ ရောက်သွားသလို ရှုခင်းပြောင်းသွားသည်။
တိုက်ခိုက်ရေးလေ့ကျင့်ကွင်းပြင်၏ အလယ်တွင် ကြံ့ခိုင်သန်မာသော ယောက်ျားတစ်ဦး ရပ်နေသည်။ သူ့ခန္ဓာကိုယ်မှလည်း ဖိစီးနိုင်သည့် စွမ်းအားများ ထွက်နေခဲ့ပြီး ရှေးဟောင်းစတိုင် အစိမ်းရောင် ရှည်လျားသော ဝတ်ရုံကို ဝတ်ဆင်ထားသည်။
ထိုသူမှာ ရှေးခေတ်ပဒေသရာဇ်အုပ်ချုပ်ရေးစနစ်က လူတစ်ဦးဖြစ်သည်မှာ သေချာသည်။
ဖုန့်လင်း ချဉ်းကပ်လာသည်နှင့် သူ့မျက်လုံးများ ရုတ်တရက်ပွင့်သွားပြီး ဖိအားပေးနိုင်သည့် အော်ရာများ ထွက်လာသည်။
“ဟုန်လက်သီးရဲ့ သတ္တမမြောက်ဆက်ခံသူ
ဟုန်ကန်း! လမ်းညွှန်ပေးပါ!” ဟုဆိုကာ သူသည် လက်နှစ်ဖက်ကို ရင်ဘတ်မှာကပ်လျက် တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။ ဖုန့်လင်း အနည်းငယ်အံ့အားသင့်သွားသည်၊ အကြောင်းမှာ ဤလူသည် ကွန်ပျူတာပုံရိပ် မဟုတ်ဘဲ အသက်ရှိသူတစ်ဦးနှင့် လုံးဝတူနေသောကြောင့်ဖြစ်သည်။
“ကျေးဇူးပြုပြီး!” ဖုန့်လင်းလည်း လက်သီးဆုပ်ပြီး သူ့ကို လေးစားစွာ ပြောလိုက်သည်။
နှုတ်ဆက်ပြီးသည်နှင့်တစ်ပြိုင်နက် သူတို့နှစ်ယောက်လုံး တိုက်ခိုက်မှုကို ချက်ချင်းစတင်လိုက်ကြသည်...
“ဟာ့!”
ဟုန်ကန်း အသက်ပြင်းပြင်းရှုထုတ်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ခြေလှမ်းတစ်လှမ်းရုတ်တရက်လှမ်းကာ မုန်တိုင်းကဲ့သို့ လက်သီးတစ်ချက်ကို ပစ်သွင်းလိုက်သည်။
ဤလက်သီးတွင် ကောင်းကင်ကိုတုန်လှုပ်စေနိုင်သော စွမ်းအားများ ပုန်းကွယ်လျက်ရှိပြီး၊ လှုပ်ရှားမှုကလည်း မျက်စိတစ်မှိတ်အတွင်း ဖြစ်သည်။
မိန်းမပျိုလေးလို ပျော့ပျောင်းသိမ်မွေ့ပြီး ယုန်ကဲ့သို့ လျင်မြန်သော ဤလက်သီးတွင် သူ့တိုက်ခိုက်ပညာ၏ အနှစ်သာရအားလုံး ပါဝင်နေသည်။
ပတ်လည်ကန်ချက်၊မြင်းထိုင်လိပ်ပြာလက်ဝါး၊ပြောင်းပြန်တံတောင်
…
ဟုန်လက်သီးသည် ရှေးဟောင်း ဟွာရှလက်သီးသိုင်းဖြစ်ပြီး အလွန်ကြမ်းတမ်းပြင်းထန်သည်။ တစ်ချက်စတင်လိုက်သည်နှင့် လက်သီးများသည် မရပ်မနား စီးဆင်းလာမည်ဖြစ်ကာ ရှောင်တိမ်းရန် မဖြစ်နိုင်ပေ။
ဟုန်ကန်းမှာ ဟုန်လက်သီးသိုင်းတွင် ကျွမ်းကျင်သော ဆရာတစ်ဦးဖြစ်သည်မှာ ထင်ရှားသည်။ သူ့လှုပ်ရှားမှုများက ကျောက်တောင်ကဲ့သို့ ခိုင်မာပြီး ကျားတစ်ကောင်ကဲ့သို့ ပြင်းထန်လှသည်။
ဖုန့်လင်းမှာတော့ တိုက်ခိုက်ရေးအတွေ့အကြုံ မရှိသလောက်ဖြစ်ပြီး၊ ဤသည်မှာ သူရဲ့ပထမဆုံးတိုက်ပွဲလည်းဖြစ်သည်။ အံ့သြစရာမရှိပေဆုံး ပထမလှုပ်ရှားမှုတွင်ပင် သူ့အနေနဲ့ ချက်ချင်းဖိအားပေးခံရပြီး ခက်ခဲသောအခြေအနေသို့ ရောက်ရှိသွားသည်။
နောက်ထပ်လှုပ်ရှားမှုသုံးခုတွင်၊ သူသည် အားပြင်းစွာနဲ့ခြေဆယ်လှမ်း အကွာသို့ ခုန်သွားပြီး အကွာအဝေးကိုချဲ့ကာ ခြေထောက်အနေအထားပြောင်းလိုက်သည်။
အခြေခံစစ်တပ်လက်သီး
သာမန်နောက်ခံရှိသော ကျောင်းသားတစ်ဦးအနေဖြင့်၊ သူသည် တန်ဖိုးကြီးဗီဇကိုယ်ခံပညာများကို သင်ယူနိုင်ခြင်းမရှိပေ။
ဤအခြေခံစစ်တပ်လက်သီးမှာ အလယ်လတ်တန်းစား ခန္ဓာကိုယ်သန်မာစေသော တိုက်ခိုက်ရေးပညာရပ်တစ်ခုဖြစ်သည်။ လှုပ်ရှားမှုတွေက ရိုးရှင်းပြီး ထိရောက်ကာ ဖျက်စီးနိုင်စွမ်းမြင့်မားသည်။
ဖုန့်လင်းအနေနဲ့ ဟုန်ကန်းလောက် ကျွမ်းကျင်မှုမရှိပေမယ့် ပိုမိုမြင့်မားတဲ့ အသက်စွမ်းအင်ကြောင့် တဖြည်းဖြည်း ပြိုင်ဘက်ကို ဖိအားပေးနိုင်လာခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ၊ သူသည် အခြေခံစစ်တပ်လက်သီးကို ပိုမိုကျွမ်းကျင်စွာ အသုံးပြုတတ်လာခဲ့သည်။
ယခင်က လေ့ကျင့်မှုအနည်းငယ်ရှိခဲ့သော်လည်း၊ အမှန်တကယ်တိုက်ပွဲအတွေ့အကြုံနှင့် နှိုင်းယှဉ်ပါက အသုံးမဝင်ချေ။ အခုကတော့ တိုက်ပွဲအစစ်ဖြစ်သည့်အတွက်၊ သူ အရင်ကထက် ပိုမိုမြန်ဆန်စွာနဲ့ တိုက်ခိုက်ရေးအတွေ့အကြုံများ ရရှိလာခဲ့သည်။
ဗီဇအားဖြည့်ပြီးနောက်၊ သူ့ခန္ဓာကိုယ်က အသက်စွမ်းအင်အပြည့်ပါပဲ။ သူရဲ့ခွန်အား၊ အရှိန်နှင့် ဟန်ချက်ညီမှုမှုစွမ်းရည်တို့က... သာမန်လူတစ်ဦး၏ အကန့်အသတ်ထက် ကျော်လွန်နေသည်။ တိုက်ခိုက်ရေးပညာသင်ယူရာတွင်လည်း အလွန်မြန်ဆန်စွာ တတ်မြောက်နိုင်ခဲ့သည်။
တဖြည်းဖြည်းနှင့်၊ သူ အခြေခံစစ်တပ်လက်သီးရဲ့အနှစ်သာရကို နားလည်လာပြီး၊ ပိုမိုကျွမ်းကျင်စွာ အသုံးပြုတတ်လာခဲ့သည်။
ဒီအချိန်မှာတော့ နည်းစနစ်ပိုင်းတွင် ဟုန်ကန်းထက် သူမညံ့တော့ပေ။ ဇီဝစွမ်းအင်သာလွန်မှုကြောင့် တိုက်ပွဲသည် ပျင်းစရာဖြစ်လာခဲ့သည်။
မြွေနဂါးရစ်ပတ်ခြင်း
ဖုန့်လင်း အခြေခံစစ်တပ်လက်သီး၏ အသေသတ်ကွက်ကို ရုတ်တရက်အသုံးပြုလိုက်သည်။ လေထဲသို့ ခုန်တက်လိုက်ပြီး သူ့ခြေထောက်တွေက နဂါးတစ်ကောင်ကဲ့သို့ ဟုန်ကန်းရဲ့ခန္ဓာကိုယ်ကို ရစ်ပတ်လိုက်သည်။ ပြင်းထန်စွာ လိမ်ညှစ်လိုက်သည်နှင့်အတူ စွမ်းအင်အမှုန်များဖြင့် ဖွဲ့စည်းထားသော ဟုန်ကန်းရဲ့ ခန္ဓာကိုယ်လည်း
လုံးဝပျောက်ကွယ်သွားခဲ့သည်။
ထို့နောက် အဆင့် ၂ သို့ သွားရန် တံခါးပွင့်သွားသည်။
ဗီဇစွမ်းရည် +၁၀%!