ပေါက်ကွဲထွက်လာသော အလားအလာ
Vol. 1 Ch. 12
ဗီဇအလားအလာက တကယ်ကို မြင့်တက်လာခဲ့ပါတယ်။တစ်နေ့လုံး အပြင်းအထန် အားထုတ်ရသည့် အကျိုးနှင့် ညီမျှသော တိုးတက်မှု ၁၀ ရာခိုင်နှုန်း ကို တိုက်ရိုက်ရရှိခဲ့သည်။
ဖုန့်လင်း ဒီအချက်ကို နက်နက်နဲနဲ စဉ်းစားကြည့်ပြီး အနှစ်သာရကို နားလည်သွားခဲ့သည်။
ဒဏ္ဍာရီဆန်သော ဗီဇသီအိုရီအရ ကျင့်ကြံခြင်းက ခန္ဓာကိုယ်ကို အချိန်နှင့်အမျှ ပြောင်းလဲနိုင်သော်လည်း၊ ဤကဲ့သို့သော ပြောင်းလဲမှုမျိုးသည် အလွန်နှေးကွေးစွာ ဖြစ်ပေါ်လေ့ရှိသည်။
များသောအားဖြင့် တစ်နေ့တာ လေ့ကျင့်ခြင်းက ဗီဇတွေအပေါ် ၁၁ ကနေ ၂၆ ရာခိုင်နှုန်း သာ အကျိုးသက်ရောက်မှုရှိပြီး၊ ကျန်တာတွေကတော့ ခန္ဓာကိုယ်ရဲ့ အသုံးမဝင်တဲ့ နေရာများတွင်သာ သက်ရောက်နေတတ်သည်...
ဒါပေမယ့် ဗီဇညီမျှခြင်းစွမ်းရည်က လေ့ကျင့်ခန်းရဲ့ အာနိသင်အားလုံးကို အသေအချာ ဗီဇအလားအလာအဖြစ် သိုလှောင်ပေးနိုင်သည်။
ဤစွမ်းရည်သည် ဗီဒီယိုဂိမ်းများထဲက မွန်းစတားများကိုအနိုင်ယူခြင်းမှ ရရှိသော အတွေ့အကြုံအမှတ်များကဲ့သို့ ခန္ဓာကိုယ်၏ အချက်အလက်မှတ်တမ်းဖြစ်သည်။ ဖုန့်လင်းအနေနဲ့ ဒီဗီဇအလားအလာတွေကို သူ့ခန္ဓာကိုယ်ကို အားဖြည့်ဖို့အသုံးပြုနိုင်ပါတယ်။
အစစ်အမှန်တိုက်ပွဲတွေကလည်း ကျင့်ကြံခြင်း အမျိုးအစားတစ်ခုပင်ဖြစ်ပြီး၊ အမှန်တော့ အထိရောက်ဆုံးနည်းလမ်းလည်းဖြစ်သည်။
ဒီအချက်ကို နားလည်ပြီးနောက်၊
ဖုန့်လင်း ရှေ့ဆက်တိုက်မည့် တိုက်ပွဲတွေကို ပိုမိုစိတ်လှုပ်ရှားစွာ မျှော်လင့်လာမိတော့၏။
စေတီ၏ပထမအထပ် အောင်မြင်ပြီးသည်နှင့်တစ်ပြိုင်နက် အလင်းများထပ်မံပြောင်းလဲသွားသည်။
အလင်းများစုစည်းမှုနှင့်အတူ ဟုန်ကန်း ပြန်လည်ပေါ်ထွက်လာသည်။ သို့သော် ချက်ချင်းတိုက်ခိုက်ခြင်းမပြုဘဲ၊ သူ့လက်သီးသိုင်းကို စနစ်တကျနှင့် အသေးစိတ်ကျကျ သရုပ်ပြလိုက်သည်။
“ဟုန်လက်သီးမှာ တောင်ပိုင်း ဟွာရှ၏ လက်သီးသိုင်းတစ်မျိုးဖြစ်သည်။
ဟုန်လက်သီးတွင် အခြေခံသဘောတရား ၁၂ မျိုးပါဝင်သည်။
၁။ မာကျောခြင်း
၂။ ပျော့ပျောင်းခြင်း
၃။ အားဖြင့်ဖိအားပေးခြင်း
၄။ အဖြောင့်ထိုးခြင်း
၅။ ခွဲခြင်း
၆။ မြဲမြံစွာချုပ်ခြင်း
၇။ လက်သီးအားကို အတွင်းသို့စိမ့်ဝင်စေခြင်း
၈။ ပင့်ခြင်း
၉။ စီးဆင်းခြင်း
၁၀။ လွှဲပြောင်းခြင်း
၁၁။ စုစည်းခြင်း
၁၂။ ပိတ်ဆို့ခြင်း
ဤလက်သီးအတတ်က အနီးကပ်တိုက်ပွဲအတွက် ရည်ရွယ်ပြီးခန္ဓာကိုယ်အတွင်းပိုင်း (ကြမ်းတမ်းသောအား)နဲ့အပြင်ပိုင်း (ပျော့ပျောင်းသောလှုပ်ရှားမှု) နှစ်မျိုးလုံးကို အားဖြည့်ပေးပါတယ်။
အတွင်းအား ချီစီးဆင်းမှုကို အထူးပြုပြီး ခန္ဓာကိုယ်တွင်းမှ အားများစုစည်းပြီး ပြင်ပသို့ အစွမ်းထက်သော ချီကို ထုတ်လွှတ်နိုင်ရန် ရည်ရွယ်ထားတာပါ။
ခြေလှမ်းသိုင်းကိုတော့ “၆ လှမ်းအရွေ့ “ဟုခေါ်ပြီး သဘာဝအတိုင်း ယန် အားကို ယင်အား အဖြစ် ပြောင်းလဲပေးပါတယ်။
အခြေခံလှုပ်ရှားမှုတွေကို အကွက် သုံးခု အဖြစ် ခွဲခြားနိုင်ပါတယ်။
၁။ ပထမအကွက် - အလွန်အမင်းညိမ်သက်ခြင်း
၂။ ဒုတိယအကွက် - ထိုက်ချိလှုပ်ရှားမှုများနှင့် ပေါင်းစပ်ခြင်း
၃။ တတိယအကွက် - ချီကို အပြည့်အဝပေါက်ကွဲစေခြင်း
ဒီတိုက်ကွက်တွေက တစ်ခုနှင့်တစ်ခု ပေါင်းစပ်ပြီး ပြင်းအားကို နောက်တစ်ဆင့်ရောက်အောင် ဖန်တီးပေးနိုင်ပါတယ်။ဒီလိုလုပ်ဖို့ ချီကို စုဆောင်းပြီး ဒန်တန် ထဲမှာ သိုလှောင်ထားရမှာပါ။
“၆ လှမ်းအရွေ့” ဟု အမည်ရသော်လည်း၊ အခြေခံမှာ “မြင်းထိုင်အကွက်” ပေါ်တွင် အခြေခံထားသည်။
တိုက်ခိုက်ရေးနှင့် ကာကွယ်ရေး နှစ်မျိုးလုံးအတွက် အသုံးဝင်ပြီး အလွန်ထူးခြားသော နည်းလမ်းဖြစ်၏...
လေထဲမှ အသံတစ်ခုက ရှင်းပြချက်များ ဆက်လက်ဖော်ပြနေသည်။
“ဒီလိုအကျိုးကျေးဇူးတွေ ရှိတာလား?!’’
ဖုန့်လင်း တိတ်တဆိတ် စဉ်းစားနေမိသည်။
ယေဘုယျအားဖြင့် စေတီရဲ့အဆင့်တစ်ခုစီကို အောင်မြင်ပြီးတိုင်း၊ ထိုအဆင့်ရှိ တိုက်ခိုက်ရေးဆရာရဲ့ သိုင်းပညာကို သင်ယူနိုင်မှာပါ။
ဤသည်မှာ မျှော်လင့်မထားသော လက်ဆောင်တစ်ခုပင်...
အဆင့်တိုင်းက စစ်ဆေးမှုတစ်ခုနှင့်တူပြီး၊ ဤသည်မှာ ၎င်းကိုအောင်မြင်စွာကျော်လွှားခြင်း၏ ဆုလာဘ်ပင်ဖြစ်သည်။
အချုပ်အားဖြင့်၊ အသက်စွမ်းအင်မြင့်မားခြင်းတစ်ခုတည်းဖြင့် ကောင်းမွန်သောတိုက်ခိုက်မှုစွမ်းရည်ကို သေချာပေါက်ရရှိမည်မဟုတ်ပေ။ သိုင်းပညာကို ကျွမ်းကျင်စွာအသုံးချနိုင်မှသာ အမှန်တကယ်အောင်မြင်နိုင်မည်ဖြစ်သည်။
ဒါကတော့ ဖုန့်လင်း အတိအကျ လိုအပ်နေတဲ့ အရာပါပဲ။
ဟုန်လက်သီးက အခြေခံကျဆုံးလက်သီးသိုင်းဖြစ်ပေမယ့် ဖုန့်လင်း အကွက်တစ်ခုပြီးတစ်ခုကို စတင်လေ့လာခဲ့သည်။
ဤသိုင်းပညာက အလွန်မရှုပ်ထွေးခြင်းကြောင့် ဖုန့်လင်း ချက်ချင်းနီးပါးမှတ်မိနိုင်ခဲ့သည်။ နောက်တစ်ဆင့်မှာ ၎င်းကို အပြည့်အဝကျွမ်းကျင်စွာ အသုံးချနိုင်ရန် လေ့ကျင့်မှုများ ပြုလုပ်ရန်လိုအပ်သည်။
ပုံရိပ်ယောင်သိုင်းစေတီ သည် အချိန်အတိုင်းအတာတစ်ခုအထိသာ ဖွင့်လှစ်ထားသောကြောင့် ဖုန့်လင်းလည်း အချိန်အကြာကြီးမနေဘဲ အဆင့် ၂ သို့ ဆက်ပြောင်းခဲ့သည်။
“ရှောင်လင်ကြယ်ခုနှစ်စင်းလက်သီး လမ်းညွှန်ပေးပါ!”
တောင့်တင်းသော ရဟန်းတစ်ပါးသည် ကွင်းပြင်တွင် ရပ်နေကာ မိတ်ဆက်ပြီးသည်နှင့်တစ်ပြိုင်နက် တိုက်ရိုက်တိုက်ခိုက်လာခဲ့သည်။
ရှောင်လင်ကြယ်ခုနှစ်စင်းလက်သီး၏ ထူးခြားချက်က အစပိုင်းလက်ဝါးချက်များက ပန်းပွင့်ဖတ်များကဲ့သို့ နူးညံ့သိမ်မွေ့သည်။ဒီနည်းစနစ်မှာ အဖြောင့်အတိုင်းနဲ့ ထောင့်ဖြတ်အတိုင်း ရွေ့လျားပြီးအဘက်ဘက်က ရန်သူရဲ့ တိုက်ခိုက်မှုများကို ကာကွယ်နိုင်ပါတယ်။လက်တွေကိုလည်း လက်သည်းပုံစံပြောင်းပြီး ရန်သူကို ချုပ်နှောင်နိုင်ပါတယ်။
ခြေလှမ်းတွေကို ကြက်တွေလျှောက်သလို အဆက်မပြတ်ရွေ့လျားခြင်းဖြင့် လျင်မြန်စွာရွေ့လျားနိုင်ပြီး အတားအဆီးများကို ကျော်လွှားနိုင်သည်။လက်သီးနဲ့ လားရာသုံးမျိုးကို တိုက်ခိုက်ရင်း တစ်ချိန်တည်းတွင်ရန်သူကို ခြေဖြင့်လည်း တိုက်ခိုက်နိုင်သည်။ရန်သူရဲ့ကာကွယ်မှုကို ချိုးဖျက်နိုင်သည့် ခွန်အားပြည့် တံတောင်ဆစ် တိုက်ခိုက်မှုများလည်း ပါဝင်သည်။
ရှောင်လင်ကြယ်ခုနှစ်စင်းလက်သီးရဲ့ တိုက်ခိုက်မှုစွမ်းရည်က သာမန်အားဖြင့်ကောင်းမွန်သော်လည်း၊ ၎င်း၏ အဓိကအားသာချက်ကတော့ မိုးကြိုးပစ်သည့်အလား လျင်မြန်သောခြေလှမ်းများဖြင့် အားပြင်းသောရန်သူနှင့်ရင်ဆိုင်ပါက လျင်မြန်စွာထွက်ပြေးနိုင်စွမ်းပင် ဖြစ်သည်။ အချုပ်အားဖြင့်ဆိုသော် ဤနည်းလမ်းတွင် ရှာဖွေမတွေ့ရသေးသော အလားအလာများ အများအပြားရှိနေဦးမည်မှာ သေချာပေသည်...
ဤသည်မှာ ကောင်းမွန်သောခြေလှမ်းနည်းစနစ်နှင့် မြန်ဆန်သောတိုက်ခိုက်မှုများပါဝင်သည့် လက်သီးသိုင်းတစ်ခုဖြစ်သည်။
ဖုန့်လင်းလည်း နောက်မဆုတ်ဘဲ ထိပ်တိုက်ရင်ဆိုင်ရန် ရွေးချယ်လိုက်သည်။
ဟုန်လက်သီးရဲ့ “အခြေခံသဘောတရား ဆယ့်နှစ်မျိုး” ကို အသုံးပြုပြီး အခြေအနေကို ဦးစွာထိန်းချုပ်ရန် ကြိုးစားခဲ့သည်။
ဤအကြိမ်တွင် သူ ဟုန်လက်သီးကို အသုံးပြုနေခြင်းဖြစ်သည်။
လက်သီးသိုင်းတစ်ခုကို ကျွမ်းကျင်စွာအသုံးချနိုင်ရန် အလွယ်ကူဆုံးနည်းလမ်းမှာ အမှန်တကယ်တိုက်ပွဲများတွင် လေ့ကျင့်ခြင်းပင်ဖြစ်သည်။
အစပိုင်းတော့ ဖုန့်လင်းအနေနဲ့ သူ့ကိုယ်ဟန်ကို မည်သို့ထိန်းရမည်ကို မသေချာသဖြင့် ရုန်းကန်နေရသည်...
ကံကောင်းထောက်မစွာ၊ ဤသည်မှာ အဆင့် ၂ သာဖြစ်ပြီး ရန်သူ၏ အသက် စွမ်းအင်မှာ ၀.၂ သာရှိသည်။ သူတို့၏ အသက်စွမ်းအင်ကွာခြားမှုမှာ ကြီးမားသောကြောင့် ဖုန့်လင်းအတွက် ဖိအားများစွာမရှိခဲ့ပေ။
တိုက်ပွဲတစ်လျှောက်လုံးတွင်၊ သူသည် ဟုန်လက်သီးကို ပိုမိုကျွမ်းကျင်စွာ အသုံးပြုတတ်လာခဲ့သည်။
နောက်ဆုံးတွင်၊ ၃၆ ချီမြောက်တိုက်ပွဲ၌ “လမင်းကိုပွေ့ဖက်ခြင်း” လှုပ်ရှားမှုဖြင့် ရန်သူကို အပြီးသတ်အနိုင်ယူနိုင်ခဲ့သည်။
ဗီဇအလားအလာ + ၁၁ ရာခိုင်နှုန်း
ဗီဇအလားအလာ တိုးတက်လာသည်နှင့်အမျှ၊ သူသည် သိုင်းပညာအသစ် ရှောင်လင်ကြယ်ခုနှစ်စင်းလက်သီးသိုင်းကို သင်ယူနိုင်ခဲ့သည်။
နောက်ပိုင်းတွင်၊ သူ လတ်တလောသင်ယူထားသော ဤသိုင်းကို နောက်ထပ်အဆင့်များတွင် အသုံးပြုကာ လေ့ကျင့်ခဲ့သည်။
အဆင့် ၃၊ အဆင့် ၄၊ အဆင့် ၅......
အသက်စွမ်းအင် ၁.၅ ဖြင့် သူသည် အဆင့်များကို ချောမွေ့စွာ ကျော်ဖြတ်နိုင်ခဲ့သည်။
ဗီဇအလားအလာ +၁၂%၊ +၁၃%၊ +၁၄%...
အလားအလာများ လျင်မြန်စွာ တိုးတက်လာနေသည်။
ပါကွရှစ်ကွက်လက်ဝါး၊ရှင်းယီလက်သီး၊ ထိုက်ချိလက်သီး ...
စတဲ့ ရှေးဟောင်းကမ္ဘာခေတ်က သိုင်းပညာများကို တစ်ခုပြီးတစ်ခု သင်ယူနိုင်ခဲ့သည်။
ဖုန့်လင်း သူ့ခန္ဓာကိုယ်မှ ကြီးမားသော ပြောင်းလဲမှုများကို ရှင်းရှင်းလင်းလင်း ခံစားမိနေသည်။
ပုံရိပ်ယောင်သိုင်းစေတီ ကတော့ မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ ဤနေရာတွင် တစ်ရက်လေ့ကျင့်ခြင်းက အပြင်တွင် ဆယ်ရက်လေ့ကျင့်ခြင်းထက် ပိုမိုတိုးတက်စေသည်။ တစ်ကြိမ်ဝင်ရန် ကြယ်ဒင်္ဂါးတစ်သောင်း ကုန်ကျသည်မှာ အံ့သြစရာမရှိပေ။
ဤအကြိမ်ကတော့ တကယ်ကို ဆုလာဒ်ပါပဲ!
ဘွမ်း!
ခွန်အားအပြည့်နဲ့ ပြင်းထန်သော လက်သီးတစ်ချက်ကို ထိုးသွင်းလိုက်သည်။
ဖုန့်လင်းက ထိုက်ချိပေါက်ကွဲလက်သီးကို အသုံးပြုလိုက်ရာ ကြီးမားသော တူကြီးနဲ့ ထုလိုက်သလိုပါပဲ။ပတ်ဝန်းကျင်လေထုပင် အစိတ်အပိုင်းများအဖြစ် ကွဲအက်တော့မယောင် မိုးကြိုးသံများထွက်ပေါ်လာခဲ့သည်။
သူ့လက်သီးတွေရဲ့ အရိပ်အောက်မှာ ရန်သူအနေနဲ့ အလွယ်တကူချေမှုန်းခံခဲ့ရသည်။
ဗီဇအလားအလာ + ၁၈ ရာခိုင်နှုန်း!
ယခု အဆင့် ၉ သို့ ရောက်လာပြီဖြစ်သည်။
ဖုန့်လင်းလည်း အသက်ပြင်းပြင်းရှူရင်း ရပ်နားလိုက်သည်။ စေတီအဆင့်မြင့်လာသည်နှင့်အမျှ စိန်ခေါ်မှုများလည်း ပိုမိုခက်ခဲလာခဲ့သည်။
အဆင့်တိုင်းရဲ့ စောင့်ရှောက်သူများက သိုင်းပညာ ကျွမ်းကျင်သူဆရာကြီးများဖြစ်ပြီး၊ သူတို့ အသက်စွမ်းအင်တွေကလည်း မြင့်မားလာပြီး ဖုန့်လင်းနှင့်ကွာဟမှုမှာလည်း တဖြည်းဖြည်းနည်းပါးလာခဲ့သည်။ သူတို့ရဲ့ ကျွမ်းကျင်မှု
အပြည့်နဲ့ လက်သီးနည်းစနစ်များက ဖုန့်လင်းအပေါ် ဖိအားများ ဖြစ်စေခဲ့သည်။
ဤအဆင့်တွင် ပုံရိပ်ယောင်တိုက်ခိုက်ရေးဆရာသည် သေးသေးကွေးကွေးနဲ့ ပိန်ပါးသော အဖိုးအိုတစ်ဦးဖြစ်သည်။
သို့သော် သူ၏အသွင်အပြင်နှင့်မလိုက်အောင် မျောက်လက်သီးသိုင်း ကို နတ်ဘုရားအဆင့်အထိ ကျွမ်းကျင်စွာ တတ်မြောက်ထားသည်။
မျောက်လက်သီးသိုင်းရဲ့ သဘောသဘာဝက ကြမ်းတမ်းပြီး လျင်မြန်တဲ့ သိုင်းပညာတစ်ခုပါ။လှုပ်ရှားမှုတွေက နက်နဲပြီး ကြမ်းတမ်းပါတယ်။တိုက်ခိုက်မှုတိုင်းက ရန်သူ့အားနည်းချက်တွေကို ဦးတည်ထားပြီး
ရန်သူကို ရှောင်တိမ်းရခက်စေပါတယ်။
တစ်ခါမိသွားတာနဲ့ ရန်သူကို အစိတ်စိတ်အပိုင်းပိုင်းဖြစ်စေမှာပါ။
အစပိုင်းမှာ ဖုန့်လင်းအနေနဲ့ ကိုယ့်ကိုယ်ကို ကောင်းစွာမကာကွယ်နိုင်ဘဲ လက်သည်းများဖြင့် မကြာခဏထိုးဖောက်ခံခဲ့ရသည်။ ကံကောင်းချင်တော့ သူက ကျောက်ဖြစ်ဗီဇကို နိုးထထားပြီး သံနှင့်ကျောက်တုံး ကဲ့သို့ မာကျောသော ခန္ဓာကိုယ်ရှိသည်။
အဖိုးအိုမှာ စွမ်းအားကြီးမားပေမယ့်
ဖုန့်လင်းရဲ့ ကာကွယ်မှုကို ချိုးဖျက်နိုင်ခြင်းမရှိခဲ့ပေ။
နောက်ဆုံးတော့ ဖုန့်လင်းလည်း စွမ်းအင်ပမာဏ ကြီးကြီးမားမား အသုံးပြုပြီးမှ ရန်သူကို အနိုင်ယူနိုင်ခဲ့သည်။
ဟူး... ဟူး... ဟူး... (အသက်ပြင်းပြင်းရှူသံ)
ချွေးစက်များက သူ့ပါးပြင်မှစီးကျလာခဲ့သည်။ ဖုန့်လင်း လုံးဝအားကုန်သွားသလို အသက်ပြင်းပြင်းရှုလိုက်မိသည်။
ဒီအခြေအနေတိုင်းဆိုရင်တော့ သူ နောက်ထပ်အဆင့်များကို ကျော်ဖြတ်နိုင်မည် မဟုတ်ပေ။
နောက်တစ်ဆင့် - အဆင့် ၁၀
ဤအဆင့်သည် အလွန်အရေးကြီးသော အပိုင်းအခြား တစ်ခုဖြစ်သည်။
ဤအဆင့်ရှိ တိုက်ခိုက်ရေးဆရာရဲ့ အသက်စွမ်းအင်က အနည်းဆုံး ၁.၀ ရှိမည်ဖြစ်ပြီး၊ ဤသည်မှာ ကြယ်တာရာခေတ်လူသားများ၏ ပျမ်းမျှစွမ်းအင်ပမာဏပါ။ ဒီတိုက်ပွဲက အလွန်ပြင်းထန်တဲ့ တိုက်ပွဲတစ်ခုဖြစ်လာမှာ အသေအချာပါပဲ။
သို့သော် အလျင်လိုစရာမလိုပါဘူး။
ကံကောင်းစွာနဲ့ သူ့မှာ အခမဲ့ဗီဇအမှတ်တွေ ရှိပြီး ၎င်းတို့ကို အသုံးပြုနိုင်သည်။
ပုံရိပ်ယောင်သိုင်းစေတီ အတွင်းတွင် စုဆောင်းမိထားသော ဗီဇအလားအလာမှာ ၁၃၆% ခန့်ရှိပြီး၊ မူလအမှတ်များနှင့်ပေါင်းလိုက်ပါက ၂၀၀% အတားအဆီးကို ကျော်လွန်ပြီး ၂၃၂% အထိ ရောက်ရှိသွားသည်။ ဤပမာဏရှိသော ဗီဇအလားအလာဖြင့်၊ ဖုန့်လင်းတွင် အခမဲ့ဗီဇအမှတ် နှစ်မှတ် ရရှိထားသည်။
သူ ချက်ချင်းပဲ ဗီဇအမှတ်တစ်မှတ်ကို မျောက်ဗီဇ အပေါ် အသုံးပြုလိုက်သည်။
အမည်: ဖုန့်လင်း
အသက်စွမ်းအင်ပမာဏ: ၁.၆
မျောက်ဗီဇ: ၁၀
ကျောက်ဖြစ်ဗီဇ: ၅
ဗီဇအလားအလာ: ၁၃၆%
မျောက်ဗီဇက အမှတ်အပြည့်ဖြစ်တဲ့ အမှတ် ၁၀ ကိုရောက်သွားပြီး၊ သူ့ အသက်စွမ်းအင်ပမာဏမှာလည်း ၁.၆ အထိ တိုးတက်လာခဲ့သည်။
တစ်ချိန်တည်းမှာဘဲ သူ့ခန္ဓာကိုယ်တွင် ပြောင်းလဲမှုများ ချက်ချင်း ဖြစ်ပေါ်လာခဲ့သည်။
မျောက်ဗီဇမှာ ခန္ဓာကိုယ်ကို ထိပ်ဆုံးရောက်သည်အထိ အလွန်အမင်းဖွံ့ဖြိုး စေနိုင်သည်။
ဖုန့်လင်း မခံမရပ်နိုင်လောက်အောင် ယားယံမှုကိုခံစားနေရင်း သူ့ကြွက်သားတွေက အကောင်းဆုံး ကြွက်သားပုံစံအတိုင်းပျော့ပျောင်းသွားပါတယ်။ သူ့စွမ်းအင်တွေကလည်း အလျင်အမြန် ပြန်လည်ပြည့်ဖြိုးလာနေတော့၏။
သူ မျောက်လက်သီးသိုင်းအား ထပ်မံလေ့လာမှုကို စတင်ခဲ့သည်။
သူသည် မျောက်ဗီဇကို နိုးကြားထားပြီးဖြစ်သဖြင့်၊ ဤမျောက်လက်သီးသည် ရှင်းယီလက်သီးသိုင်း(ကွဲပြားတဲ့ သားရဲ ၁၂ ကောင်ရဲ့လှုပ်ရှားမှုတွေကိုမှီငြမ်းထားသည့်လက်သီးသိုင်း)မှ မျောက်၏လှုပ်ရှားမှုများကို အတုယူထားသော နည်းလမ်းဖြစ်ကာ၊ သူ့အတွက် အထူးတလည်ပြုလုပ်ထားသကဲ့သို့ ကိုက်ညီနေသည်။
ဖုန့်လင်း ဒီသိုင်းကို အလွန်လျင်မြန်စွာ သင်ယူနိုင်ခဲ့ပြီး၊ မကြာမီ ကျွမ်းကျင်စွာတတ်မြောက်သွားခဲ့သည်။
ထို့နောက် သူ နောက်တစ်ဆင့်သို့ ချီတက်ခဲ့သည်။
နောက်တစ်ဆင့်မှာတော့ ရှေးဟောင်းဘုန်းကြီးကျောင်းတစ်ခု၏ မြင်ကွင်းကို တွေ့ရသည်။ ထိုကျောင်းက များပြားလှသော စေတီပုထိုးများအလယ်တွင် တည်ရှိနေသည်။
ပုံရိပ်ယောင်သိုင်းစေတီ သည် လှည့်စားမှုစွမ်းရည်ကြောင့် အဆင့်တိုင်းက ကမ္ဘာအသစ်တစ်ခုနှင့် တူနေသည်။
ဖုန့်လင်း နားရွက်များ အနည်းငယ်လှုပ်ရှားလာပြီး၊ ရုတ်တရက် ဇန်ကဗျာ တစ်ပုဒ်ကို ကြားလိုက်ရသည်...
“ဗုဒ္ဓ၏အဆုံးအမများက လူ့လောကတွင် ပျံ့နှံ့နေသည်။လေးစားဖွယ်ရာ အာဟတ်တစ်ဆယ့်ရှစ်ပါးက ထာဝရတည်ရှိနေသည်။အေးချမ်းစွာ တရားကျင့်ကြံပြီး မိမိကိုယ်ကို ပြုပြင်နိုင်သူသည် နောက်ဆုံးတွင် သူ့အားထုတ်မှု၏ အသီးအပွင့်ကို ခံစားရလိမ့်မည်။ကံကြမ္မာအတိုင်း လိုက်နာပြီး သာမန်ဘဝက လူသားရဲ့နှလုံးသားကို သန့်စင်အောင်ဆေးကြောပါ ...”
ဦးခေါင်းတွင် အမာရွတ်ရှိသော ရဟန်းတစ်ပါးသည် ကြီးမားသောခြေလှမ်းများဖြင့် ချဉ်းကပ်လာသည်။
သူ့လှုပ်ရှားမှုများမှာ လျင်မြန်ပြီး ပြင်းထန်သည်။
သူ့အသားအရေက ရွှေရောင်တောက်နေပြီး လူ့လောကသို့ ဆင်းသက်လာသော အာဟတ်တစ်ပါးနှင့်တူသည်။
အမှန်တွင် သူသည်ကြေးဖြင့်ပြုလုပ်ထားသော သံလူသားတစ်ဦးနှင့် ပိုတူနေသည်။ လေတိုက်ခတ်သဖြင့် သူ့သင်္ကန်းကလည်း လွင့်မျောနေပြီး ခမ်းနားသောစွမ်းအားများ ထုတ်လွှတ်နေသည်။
“ရှောင်လင်ကျောင်းရဲ့ အာဟတ်ခေါင်းဆောင်
ဖာ့ကျယ်! ကျေးဇူးပြုပြီး!”