← Chapters

ဗီဇသိုင်းပညာများ

Vol. 1 Ch. 13

ဗီဇသိုင်းပညာများ

Vol. 1 Ch. 13

လူ့လောကထဲက အာဟတ်၊ ကြေးလူသားတစ်ဦး!

နှုတ်ဆက်စကားပြောပြီးနောက်

ဖုန့်လင်း ရန်သူကို အသေအချာ လေ့လာခဲ့သည်။

ရှောင်လင်ကျောင်းတော်!

ဘဝနှစ်ခုစာသက်တမ်းရှိသူတစ်ဦးအနေဖြင့်၊ ဤနာမည်နှင့် သူ မစိမ်းပေ။

ဤကမ္ဘာရှိ သိုင်းပညာအားလုံး၏ မူလအစသည် ရှောင်လင်မှဖြစ်သည်။

ရှေးဟောင်းကမ္ဘာခေတ်တွင် ဤကျောင်းတော်အနေနဲ့ ကြီးကျယ်ခမ်းနားသော သိုင်းပညာဂိုဏ်းကြီးတစ်ခုဖြစ်ခဲ့သော်လည်း ကြယ်တာရာခေတ်စတင်လာသည်နှင့်အမျှ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။ သို့သော် ဒဏ္ဍာရီဆန်သောဗီဇများ ကို ရှာဖွေတွေ့ရှိပြီးနောက်၊ ဤရှေးဟောင်းသိုင်းပညာသည် ပြန်လည်ထွန်းကားလာခဲ့သည်။

ရှောင်လင်ကျောင်းတော်သည် နောက်ခံသမိုင်းကြောင်း နက်နဲသော နေရာတစ်ခုဖြစ်သည်။ ဒဏ္ဍာရီလာ ဗီဇသီအိုရီနှင့် အောင်မြင်စွာ ပေါင်းစည်းပြီးနောက်၊ ရှောင်လင်၏ အထွတ်အထိပ်သိုင်းစွမ်းရည် ၇၂ မျိုးကို ဗီဇအခြေခံ သိုင်းပညာများအဖြစ် ပြောင်းလဲနိုင်ခဲ့သည်။ ထိုအချိန်မှစ၍ ကျောင်းတော်သည် ပြန်လည်ရေပန်းစားလာခဲ့၏။

ဤရဟန်းသည် သင်္ကန်းဝတ်ဆင်ထားသော်လည်း၊ ခန္ဓာကိုယ်တွင် နည်းပညာဆိုင်ရာ ကိရိယာများတပ်ဆင်ထားသည်။ ထို့ကြောင့် သူသည် ကြယ်တာရာခေတ် လူသားတစ်ဦးဖြစ်ကြောင်း ထင်ရှားသည်။ ဆိုလိုသည်မှာ သူသည် ဗီဇအခြေခံ သိုင်းပညာများကို သိရှိထားသူဖြစ်သည်။

ဖုန့်လင်း ဤကိစ္စနှင့်ပတ်သက်၍ အထူးသတိထားနေခဲ့သည်။

ထို့နောက် အဖြစ်အပျက်များသည် သူမျှော်လင့်ထားသည့်အတိုင်း ဖြစ်လာခဲ့တော့၏။

...

ဗာဂျရာနတ်ဆိုးနှိမ်နင်းလက်သီး!

သူ၏ ကျယ်ပြန့်သော အင်္ကျီလက်ကို နောက်သို့ လွှဲလိုက်ပြီးနောက် ထိုရဟန်းသည် ခက်ထန်သောကျားတစ်ကောင် တောင်အောက်သို့ ဆင်းသကဲ့သို့ ချောက်ချားဖွယ် အလျင်ဖြင့် ပြေးလွှားလာကာ၊ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ရွှေရောင် အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။

သူ့လက်ဝါးသိုင်းက လေကိုပင်လှိုင်းထစေပြီး၊ အားပြင်းသောလက်သီးက လေထုကိုဖြတ်ကျော်လာခဲ့သည်။

လက်ဝါး မထိမီတွင်ပင် အားလှိုင်းများက ရှေ့ကနေရောက်နှင့်ပြီးဖြစ်သည်။

ဖုန့်လင်းလည်း မရှောင်နိုင်ဘဲ၊ ပြင်းထန်သောလေဖိအားဒဏ်ကို ခံရကာ ခြေလှမ်းအမြောက်အမြား နောက်သို့ဆုတ်ခဲ့ရသည်။

ဤသည်မှာ ပုံရိပ်ယောင်သိုင်းစေတီ၏ အံ့ဖွယ်အစွမ်းပင်ဖြစ်သည်။

ပုံရိပ်ယောင်စွမ်းအင်စုဖွဲ့မှုဖြစ်သော်လည်း၊ အမှန်တကယ်သက်ရောက်မှုရှိသည်။

"ပါကွရှစ်ကွက်လက်ဝါး''!

ဖုန့်လင်း ကိုယ်ဟန်ပြင်ကာ စေတီ၏ အဆင့် ၆ မှ သင်ယူခဲ့သော ဤနည်းစနစ်အသစ်ကို အသုံးပြုခဲ့သည်။

ပါကွရှစ်ကွက်ပုံသဏ္ဌာန်အရ ခြေကွက်ချကာ၊ ပါကွရှစ်ကွက်လက်ဝါး၏ လျင်မြန်သောမှုကို အသုံးချပြီး ရန်သူကို ပတ်၍ လျင်မြန်စွာ ရွေ့လျားခဲ့သည်။

လက်ဝါးချင်း ရိုက်မိသည့်အခါ...

ဖုန့်လင်း၏ခန္ဓာကိုယ် ယိမ်းယိုင်သွားပေမယ့် ရဟန်းမှာလည်း ဆက်တိုက်ခြေဆယ်လှမ်းဆုတ်ပြီးမှသာ ရပ်တန့်နိုင်ခဲ့သည်။

သူသည် ရှောင်လင်ကျောင်းတော်၏ အကြီးအကဲအာဟတ်တစ်ပါးဖြစ်သော်လည်း၊ ၁.၀ သာရှိသော အသက်စွမ်းအင်ကြောင့် ကန့်သတ်ခံနေရသည်မှာ သိသာထင်ရှားသည်။

အသက်စွမ်းအင်ကွာဟမှုကြောင့် သူ့အတွက် ဖုန့်လင်းနှင့် တိုက်ရိုက်ရင်ဆိုင်ရန် ခက်ခဲနေခဲ့သည်။

သို့သော် ဖုန့်လင်းအတွက်လည်း မလွယ်ကူခဲ့ပေ။ သူ၏လက်မှာ အလွန်နာကျင်နေပြီး ကြီးမားသောတူကြီးနှင့်ရိုက်ခံရသကဲ့သို့ ခံစားနေရသည်။

"ဒါက ဗီဇသိုင်းပညာရဲ့ စွမ်းအားလား?"

ဖုန့်လင်း စိတ်ထဲတွင် အံ့အားသင့်သွားခဲ့သည်။

သိုင်းပညာအမျိုးအစားနှစ်မျိုးရှိသည်။

၁။ ရှေးဟောင်းသိုင်းပညာနှင့်

၂။ ဗီဇသိုင်းပညာတို့ဖြစ်သည်။

ရှေးဟောင်းသိုင်းပညာများသည် ခန္ဓာကိုယ်ကို အားကောင်းစေရုံသာမက စွမ်းအားများကို ထိရောက်စွာအသုံးချနည်းကို အဓိကထားသည်။ ၎င်းသည် တိုက်ခိုက်မှုနှင့် ကာကွယ်မှုရဲ့ စစ်မှန်သောအနုပညာတစ်ရပ်ဖြစ်ပြီး ရှေးခေတ်ကမ္ဘာတွင် ကွန်ဖူး၊ ဝူရှူး၊ နပန်း...စသည်ဖြင့် အမျိုးမျိုးခေါ်ဝေါ်ကြသည်။ နိုင်ငံတိုင်းတွင် ကိုယ်ပိုင်အမည်များရှိခဲ့သည်။

သို့သော် ဗီဇအခြေခံသိုင်းပညာများမှာ လုံးဝကွဲပြားခြားနားသည်။ သိုင်းပညာသီအိုရီများကို ဗီဇထဲသို့ ပေါင်းစပ်ထည့်သွင်းထားပြီး ဗီဇများအား ၎င်းတို့၏ အကြီးမားဆုံးသော အစွမ်းများကို ထုတ်လွှတ်နိုင်စေသည်။ ၎င်းတို့သည် အမှန်တကယ်ပင် သာလွန်ကောင်းမွန်သော သိုင်းပညာများဖြစ်သည်။

ဤ ဗာဂျရာ နတ်ဆိုးနှိမ်နင်းလက်သီးသည် ဗီဇအခြေခံသိုင်းပညာတစ်မျိုးဖြစ်သည်။ ၎င်းသည် ဗာဂျရာဗီဇ ကို နိုးထစေနိုင်ပြီး သာမန်တိုက်ခိုက်မှုများဖြင့် မထိခိုက်နိုင်သော ဗာဂျရာခန္ဓာကိုယ်အသွင် ဖြစ်ပေါ်စေနိုင်သည်။

ရဟန်းသည် တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နေသည်။ သူ၏ခန္ဓာကိုယ်မှာ ကြေးနီဖြင့်ပြုလုပ်ထားသကဲ့သို့ မာကျောနေပြီး၊ လက်သီးနည်းစနစ်များမှာ အလွန်ပြင်းထန်ကာ အဝေးမှပင် ပစ်မှတ်ကို ထိမှန်နိုင်သည်။ မာကျောသောနံရံများပေါ်တွင် လက်သီးထိုးချက်အမှတ်အသားများပင် ကျန်ရစ်စေခဲ့သည်။ အကယ်၍ လူသားတစ်ဦး၏ခန္ဓာကိုယ်ပေါ်သို့ ထိုလက်သီးများထိမှန်ပါက ဘယ်လောက်တောင်နာကျင်လိမ့်မလဲ?

"လမင်းအားစိုက်ကြည့်နေသောမျောက်!"

လင်းဖန်သည် မျောက်လက်သီးကို အသုံးပြုခဲ့ပြီး၊ မျောက်ဗီဇသည် ဤသိုင်းပညာ၏ လျင်မြန်မှုနှင့် ပြင်းထန်မှုကို အမြင့်ဆုံးအဆင့်သို့ မြှင့်တင်ပေးခဲ့သည်။

သူ့အရေပြားပေါ်တွင် မီးခိုးရောင်ကျောက်တုံးကဲ့သို့ အလင်းတန်းများ ပေါ်ထွက်လာသည်။ သူ၏လက်သည် ရဟန်း၏လက်နှင့် ထိတွေ့သည့်အခါ၊ သံနှင့်ကျောက်တို့ထိခတ်သံကဲ့သို့ ကြားရသည်။

ကျောက်ဖြစ်ဗီဇ နှင့် ဗာဂျရာဗီဇ နှစ်ခုလုံးက ခန္ဓာကိုယ်ကို အားဖြည့်ပေးသော ဗီဇများဖြစ်ကြသည်။

ရန်သူက ဗီဇဆိုင်ရာသိုင်းပညာကို အသုံးပြုနေပေမယ့် ဖုန့်လင်း၏ အသက်စွမ်းအင်မှာ သူ့ထက် ၀.၆ ပိုမြင့်နေခဲ့သည်။

ထို့ကြောင့် ဖုန့်လင်းမှာ အနည်းငယ်မျှ မနိမ့်ကျခဲ့ပေ။

အရှိန်နှင့် ခွန်အားအရ

ဖုန့်လင်းကပင် ပိုမိုသာလွန်နေခဲ့သည်။

နောက်ဆုံးတွင် သူသည် ရန်သူ၏အားနည်းချက်ကို တွေ့ခဲ့ပြီး "အဖြူရောင်မျောက်ဝံ၏ဓားအက" အကွက်ဖြင့် အနိုင်ယူနိုင်ခဲ့သည်။

ဗီဇအလားအလာ +၃၆%

ဤတစ်ကြိမ်တွင် ဗီဇအလားအလာမှာ ကြီးမားစွာ တိုးတက်လာခဲ့သည်။

ဗီဇဆိုင်ရာသိုင်းပညာစွမ်းရည်ပြည့်ဝသူတစ်ဦးနှင့် တိုက်ခိုက်ခြင်းက လူတစ်ဦး၏ကျင့်ကြံမှုစွမ်းရည်နှင့် ကျွမ်းကျင်မှုကို ပိုမိုတိုးတက်စေကြောင်း ထင်ရှားနေသည်။

ဗာဂျရာနတ်ဆိုးနှိမ်နင်းလက်သီး!

ဖုန့်လင်း ဤနည်းစနစ်၏ အသေးစိတ်လမ်းညွှန်ချက်များကို ထပ်မံမြင်တွေ့ခဲ့ရသည်။

ဗီဇကျင့်ကြံနည်းများ၏ အဆင့်အတန်းများမှာလည်း ကွဲပြားမှုရှိကြ၏။

ဗီဇသိုင်းပညာများကို အဆင့်အလိုက် အောက်ပါအတိုင်း ခွဲခြားနိုင်သည် ။

အဆင့်နိမ့် သိုင်းပညာများ

အလယ်အလတ်ဆင့် သိုင်းပညာများ

အဆင့်မြင့် သိုင်းပညာများ

အထွတ်အထိပ်ဆင့် သိုင်းပညာများဟူ၍ဖြစ်သည်။

ထို့အပြင် တစ်ဆင့်ချင်းစီကို စဦးအဆင့်၊ အလယ်အဆင့် နှင့် နှောင်းပိုင်းအဆင့် ဟူ၍ ထပ်မံခွဲခြားနိုင်သည်။

ဗာဂျရာနတ်ဆိုးနှိမ်နင်းလက်သီး သည် အဆင့်နိမ့် စဦးပိုင်းအဆင့်သိုင်းပညာ တစ်ခုသာဖြစ်ပြီး ဗာဂျရာဗီဇ ဟုခေါ်သော ဗီဇစွမ်းအင်တစ်မျိုးတည်းကိုသာ ထိန်းချုပ်နိုင်သည်။

ဖုန့်လင်းတွင် ဗာဂျရာဗီဇ မရှိသော်လည်း၊ ကျောက်ဖြစ်ဗီဇ သည် ဗာဂျရာဗီဇ နှင့် ခန္ဓာကိုယ်အားဖြည့်ပေးသည့် ဗီဇအမျိုးအစားခြင်း တူညီသည့်အတွက် အလားတူအကျိုးသက်ရောက်မှုရှိသည်။

ဤနည်းလမ်းကို လေ့ကျင့်သည့်အခါ ဗီဇအကျိုးသက်ရောက်မှုမှာ အတိအကျမတူသော်လည်း ၅၀% မှ ၆၀% အထိ ကိုက်ညီနိုင်သည်။

ဤသည်မှာ အမှန်တကယ်ပင် ဗီဇသိုင်းပညာ ဖြစ်သည်။ ၅၀-၆၀% သာ အသုံးပြုနိုင်သော်လည်း သာမန် ရှေးဟောင်းသိုင်းပညာများ အနေဖြင့်မယှဥ်နိုင်ပေ။

ဖုန့်လင်း၏ အသက်စွမ်းအင်ပမာဏ ပိုမိုမြင့်မားမှုမရှိပါက၊ ဤရဟန်းကို အနိုင်ယူနိုင်မည် မဟုတ်ပေ။

ဖုန့်လင်း ဗာဂျရာနတ်ဆိုးနှိမ်နင်းလက်သီး ၏ လှုပ်ရှားမှုများကို ဂရုတစိုက်လေ့ကျင့်ကာ အလွတ်မှတ်ခဲ့ပြီး၊ နောက်တစ်ဆင့်သို့ ဆက်လက်တက်လှမ်းခဲ့သည်။

တစ်မုဟုတ်ချင်းပင် ဖုန့်လင်း ကြွေကျနေသောပန်းများဖြင့်ပြည့်နှက်နေသည့် အေးချမ်းသောဝါးတောကြီးအတွင်း ရောက်ရှိသွားခဲ့သည်။

သူမသိလိုက်မီ၊ အင်မော်တယ်တစ်ပါးကဲ့သို့ထင်ရသော အဖိုးအိုတစ်ဦးသည် ထိုဝါးတောအတွင်းမှ ထွက်လာခဲ့သည်။ သူသည် အရပ်မမြင့်လှသော်လည်း တည်ငြိမ်သော အော်ရာမှာ အဝေးမှပင် ပေါ်ထွက်နေခဲ့သည်။သူ့အသွင်အပြင်မှာ နက်နဲဆန်းကြယ်ပြီး ခန့်မှန်းရခက်လှသည်။

"လာ!"

အဖိုးအိုသည် ဖုန့်လင်းအား နှုတ်ဆက်ခြင်းမပြုဘဲ၊ လက်ဝါးဖြင့်သာ အချက်ပြလိုက်သည်။

ရှေးဟောင်းသိုင်းပညာဆရာကြီးတစ်ဦး လူ့လောကသို့ ပြန်လည်ရောက်ရှိလာသကဲ့သို့ပင်။ ဤအဖိုးအိုသည် မားမားမတ်မတ်နှင့် မတွန့်မဆုတ်သော ဂုဏ်သိက္ခာ၏ ပုံစံကဲ့သို့ဖြစ်သည်။

တိုက်ပွဲတရားဝင် စတင်ခဲ့ပြီ!

ဖုန့်လင်းလည်း စကားများများမပြောဘဲ ဦးစွာတိုက်ခိုက်ရန် စတင်လိုက်သည်။

အဆင့် ၁၀ ကျော်လွန်ပြီးနောက်

ပုံရိပ်ယောင်သိုင်းစေတီ ရှိ ဆရာများ၏ အသက်စွမ်းအင်သည် ၁ ကျော်လာပြီး ဖုန့်လင်း၏စွမ်းအားနှင့် ပိုမိုနီးစပ်လာခဲ့သည်။ ထို့အပြင် ၎င်းတို့သည် ဗီဇသိုင်းပညာအမျိုးမျိုးကိုလည်း ကျွမ်းကျင်စွာ တတ်မြောက်ထားကြသည်။

စွမ်းအင်သာလွန်မှုရဲ့ အားသာချက်ကို ဆုံးရှုံးလိုက်ရသောကြောင့် ဖုန့်လင်းအနေနဲ့ သူ့ကိုယ်ပိုင်သိုင်းပညာစွမ်းရည်ဖြင့်သာ ရန်သူကို ရင်ဆိုင်ရတော့မည်ဖြစ်သည်။ အနိုင်ရရန်မှာ တဖြည်းဖြည်း ပိုမိုခက်ခဲလာခဲ့သည်။

အဖိုးအိုသည် အလယ်ဗဟိုတွင်သာ တည်ငြိမ်စွာရပ်နေခဲ့ပြီး ဖုန့်လင်း၏ ပြင်းထန်သောတိုက်ခိုက်မှုများကြောင့် အံ့အားသင့်နေဟန် တူသည်။

"အခွင့်ကောင်းပဲ!" ဖုန့်လင်း၏ ခြေလှမ်းများမှာ တောင်ပေါ်စမ်းချောင်းများကို မျောက်တစ်ကောင် ပေါ့ပါးလျင်မြန်စွာ ကျော်ဖြတ်နေသကဲ့သို့ဖြစ်သည်။

သူသည် အဖိုးအိုကို လှည့်ပတ်ကာ ကာကွယ်မှုအားနည်းသည့်နေရာကို ရှာဖွေနေခဲ့သည်။

ရုတ်တရက် သူ၏မျက်လုံးများလင်းသွားပြီး အဖိုးအို၏ နောက်ကျောသို့ ရောက်ရှိသွားခဲ့သည်။

ထို့နောက် မျောက်လက်သီးသိုင်း မှ နည်းစနစ်တစ်ခုဖြင့် အဖိုးအို၏ ခေါင်းကို နောက်မှဖမ်းဆုပ်လိုက်သည်။

ဤလှုပ်ရှားမှုမှာ အလွန်ပြင်းထန်ပြီး၊ ထိမှန်ပါက ရန်သူ၏ ဦးခေါင်းခွံပါ ကွဲထွက်သွားနိုင်သည်။

သို့သော် အဖိုးအိုသည် နောက်စေ့တွင် မျက်လုံးများရှိသကဲ့သို့ပင်သူ့လက်ကောက်ဝတ်ကို နူးညံ့စွာ လှုပ်ရှားလိုက်ရုံဖြင့် ဖုန့်လင်း၏တိုက်ခိုက်မှုကို ချေဖျက်လိုက်သည်။

ဘွမ်း!

ရေတာဘိုင်လှည့်သကဲ့သို့ အားပြင်းသောစွမ်းအင်တစ်ခုက ဖုန့်လင်းကို လှည့်ပတ်သွားစေကာ သူ၏တိုက်ခိုက်မှုမှ အားများကို လွဲချော်သွားစေခဲ့သည်။

အဖိုးအို၏ခန္ဓာကိုယ်သည် အရိုးမရှိသကဲ့သို့ ဂိုင်ရိုစကုပ်ပစ်(သင်္ဘောနှင့်လေယာဥ်များ မလူးရန်ထိန်းပေးသည့် လည်ပတ်နေသောဘီးများဆိုင်ရာဥပဒေသ) လှည့်ပတ်မှုအတိုင်း လှုပ်ရှားနေသည်။

သူ၏ကိုယ်ခန္ဓာသည် လွတ်လပ်စွာ ကွေးညွှတ်နိုင်ပြီး လက်များမှာ လင်းဖန်ဆီသို့ ရှောင်တိမ်း၍မရသော အနေအထားဖြင့် ဦးတည်လာနေသည်။

အရိုးမဲ့ထိုက်ချိ!

ဤသည်မှာ နောက်ထပ်ဗီဇသိုင်းပညာတစ်ခုဖြစ်သည်။

ဖုန့်လင်း ဤသိုင်းပညာအား သိရှိထားသည်။အရိုးမဲ့ထိုက်ချိသည် လူသားခန္ဓာတွင်းရှိ အရိုးမဲ့ဗီဇ ကို အသုံးပြုကာ အရိုးများအား ရေကဲ့သို့ ပျော့ပျောင်းစေနိုင်သည်။

ဤဗီဇဆိုင်ရာကိုယ်ခံပညာဖြင့် အသုံးပြုသူ၏အရိုးများကို အရည်ကဲ့သို့ဖြစ်စေပြီး အရိုးများလုံးဝမရှိသကဲ့သို့ ဖြစ်သွားစေနိုင်သည်။

ဤသည်မှာ ရှေးဟောင်းထိုက်ချိလက်သီး၏ အခြေခံများမှ ပိုမိုတိုးတက်အောင် ပြုပြင်ထားသော ဗီဇသိုင်းပညာတစ်ခုဖြစ်သည်။

အမှန်တကယ်တွင် ကြယ်တာရာခေတ်ရှိ ဗီဇသိုင်းပညာအားလုံးသည် ရှေးဟောင်းသိုင်းပညာများမှ ဆင့်ကဲပြောင်းလဲလာခြင်းဖြစ်သည်။

၎င်းတို့သည် မူလသိုင်းပညာသီအိုရီများကို ထိန်းသိမ်းထားပြီး ဒဏ္ဍာရီလာဗီဇအသိပညာများကို ပေါင်းစပ်ထည့်သွင်းထားခြင်းဖြစ်၍ ခန္ဓာကိုယ်ကို အားဖြည့်ပေးရုံသာမက၊ ဗီဇများကိုလည်း သန့်စင်ပေးနိုင်သည်။

ထိုက်ချိသည် မာကျောမှုကို နူးညံ့မှုဖြင့် တုံ့ပြန်ခြင်းဖြစ်သည်။ အနည်းငယ်သောအားကိုအသုံးပြုပြီး ကြီးမားသောရလဒ်ကို ရရှိစေနိုင်သည်။

အဖိုးအိုတွင် ပျော့ပျောင်းသောအရိုးများရှိပြီး၊ လိုသလို ကွေးညွှတ်နိုင်သည်။ သူသည် ထိုက်ချိလက်သီး၏ နူးညံ့ပျော့ပျောင်းမှုကို အမြင့်ဆုံးအဆင့်အထိ ပြသနေသည်။

တန်ပြန်လက်သီး!

သူ၏ခန္ဓာကိုယ်သည် စပရိန်တစ်ခုကဲ့သို့ သုံးပတ်လှည့်ကာ တင်းမာလာပြီး၊ ရုတ်တရက် ထိုတင်းအားကို လွှတ်ထုတ်လိုက်ကာ ဆန့်ကျင်ဘက်လှည့်အားဖြင့် ပြင်းထန်သည့်လက်သီးတစ်ချက်ကို ပစ်သွင်းလိုက်သည်။

ဘွမ်း!

လက်သီးပစ်လွှတ်လိုက်သည်နှင့်တစ်ပြိုင်နက်၊ မုန်တိုင်းသံနှင့်မိုးကြိုးသံများ ဟိန်းဟောက်လာခဲ့သည်။

ဤတိုက်ကွက်မှအားသည် အလွန်အမင်းကြီးမားလှသည်။

"မဟုတ်ဘူး!"

ဖုန့်လင်း အော်ဟစ်လိုက်ပြီး၊ တောင်ကြီးတစ်ခုလုံး သူ့အပေါ်ကျရောက်လာသကဲ့သို့ ကြီးမားသောအားတစ်ခုကို ခံစားလိုက်ရသည်။ သူသည် သဘာဝအရ ကာကွယ်မိသော်လည်း၊ လေထဲသို့ လွင့်ပျံသွားခဲ့သည်။

မြေပြင်ပေါ်သို့ ပြန်ကျသောအခါ၊ သူသည် ပြင်းထန်စွာ ခြေဆောင့်နင်းရင်း မတ်တပ်ရပ်ရန်ပင် အခက်တွေ့နေသည်။ သူ့လက်မောင်းမှာ အလွန်နာကျင်နေပြီး ကျိုးသွားသကဲ့သို့ပင် ခံစားနေရသည်။

ရန်သူ၏ အသက်စွမ်းအင်ပမာဏမှာ သူ့ထက် မမြင့်မားသော်လည်း၊ အဖိုးအိုထုတ်လွှတ်နိုင်သော ရုတ်တရက်ပေါက်ကွဲမှုအားမှာ အလွန်ပြင်းထန်လှသည်။

ဖုန့်လင်း တစ်ကိုယ်လုံးတွင် ချွေးများစိုနေခဲ့သည်။

သူ နောက်ထပ် သူ့အကန့်အသတ်ကို ထပ်ရောက်သွားတာလား...?

သူ စိတ်ကျေနပ်မှုမရှိဘဲ သူ၏ဗီဇအမှတ်များကို အသုံးပြု၍ စွမ်းအင်ပြန်လည်ဖြည့်တင်းခဲ့သည်။ နောက်ထပ် ပြင်းထန်သောတိုက်ပွဲနှစ်ပွဲကြာပြီးနောက် သူသည် လုံးဝအားကုန်ခမ်းသွားကာ သူ့အကန့်အသတ်ကိုရောက်သွားခဲ့သည်။

သို့သော် ဤကဲ့သို့အဆုံးသတ်ရန် သူဆန္ဒမရှိပေ။ ဖုန့်လင်းအနေဖြင့် သူ့ရဲ့အကန့်အသတ်အမှန်ကို သိရှိလိုနေခဲ့သည်။

"ဟာ့!"

တစ်ချက်တည်းနှင့် သူသည် အသက်ပြင်းပြင်းရှူထုတ်ကာ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ သူ၏ကြွက်သားများမှာ ဖောင်းကြွလာပြီး မာကျောသောကြေးခွံများကဲ့သို့ အစိမ်းပုပ်ရောင်သန်းလာသည်။

"ဗာဂျရာနဂါးလက်သည်း!"

ဖုန့်လင်း၏လက်တစ်ဖက်မှာ နဂါးလက်သည်းပုံစံသို့ ပြောင်းလဲသွားပြီး 'ဗာဂျရာနတ်ဆိုးနှိမ်နင်းလက်သီး'၏ အသေသတ်ကွက်ကို အသုံးပြုလိုက်သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး လေထဲသို့ ခုန်တက်သွားပြီး လှည့်ပတ်ကာ အဖိုးအို၏အဓိကအစိတ်အပိုင်းဖြစ်သော လည်ပင်းဆီသို့ ကြမ်းတမ်းစွာ ဖမ်းဆုပ်ရင်းတိုက်ခိုက်လိုက်သည်!

All Chapters