နှလုံးသားထဲမှနားလည်သဘောပေါက်မှု
Vol. 1 Ch. 14
ဤလက်သည်းသည် ကြမ်းတမ်းထက်မြက်ပြီး မယုံနိုင်စရာကောင်းလောက်အောင်ပင်ရက်စက်သည်။ လက်သည်းမှ ထွက်ပေါ်လာသည့် လေသည် တစ်ရွှီရွှီသံမြည်သံတို့ထုတ်လွှတ်နေပြီး လက်သည်းအရိပ်များကျန်နေခဲ့သည်။ ဒါက ဖုန့်လင်းရဲ့ အထွတ်အထိပ်တိုက်ခိုက်မှုတစ်ခုဖြစ်ကာ သာမန်လူတစ်ယောက်အနေနဲ့ ပြန်လည်တုံ့ပြန်နိုင်မည်မဟုတ်ပေ။
သို့သော် သူ့ရန်သူကတော့ သာမန်လူတစ်ယောက်မဟုတ်ပေ။ နောက်တစ်ကြိမ် လိမ်လိုက်ပြီး 180 ဒီဂရီလှည့်လိုက်ကာ ဖုန့်လင်းထံသို့တိုးဝင်သွားခဲ့သည်။
သူ့လက်မောင်းနှစ်ဖက်လုံးသည် လှံတံများကဲ့သို့ အဆုံးမဲ့တုန်ခါနေကာ သူ၏စွမ်းအင်များကလည်း တုန်ခါမှုတို့နှင့်အတူ တစ်နေရာထဲသို့ လျင်မြန်စွာ စုဆုံသွားကြသည်။
သူသည် ကောင်းကင်ထက်တွင် စက်ဝန်းခုံး တစ်ခုဆွဲလိုက်ပြီး ဖုန့်လင်း၏ နဂါးလက်သည်းအား ဖမ်းချုပ်ထားလိုက်သည်။ ဒီအချိန်မှာတော့
ဖုန့်လင်းတွင် လွတ်လမ်းမရှိတော့ချေ။
လက်သည်းနှင့် စက်ဝန်းခုံးတို့ ထိတွေ့သွားသည့်အခါ သူ၏တိုက်ခိုက်မှုဦးတည်ရာအား ပြောင်းလဲရန် ကြီးမားသည့် မွေ့အားတစ်ခုကို ဖုန့်လင်း ခံစားလိုက်ရသည်။ ထိုလည်အားက သူ့ကိုပြေးဝင်တိုက်ခိုက်လာသည့်အခါ သူ့လက်၊ အရိုးနဲ့ ကြွက်သားတွေ စုတ်ပြဲသွားပြီး မချိမဆန့် နာကျင်မှုအားခံစားလိုက်ရသည်။
လူအိုကြီး၏ လက်များက ကြိတ်ဆုံကြီးတစ်ခုကဲ့သို့ အဆက်မပြတ်လှည့်နေသည်။ ဖုန့်လင်း၏ လက်မောင်းများအား မြဲနေအောင်ချုပ်နှောင်ထားသည့်အတွက် သူ့အနေဖြင့် မလွတ်မြောက်နိုင်တော့ပေ။
သည့်အတိုင်းသာ ဆက်သွားနေမည်ဆိုလျှင် မကြာခင်သို့မဟုတ် နောက်ပိုင်းတွင် သူ ရှုံးကိုရှုံးရပေတော့မည်။
ဖုန့်လင်း ဘေးကျပ်နံကျပ်ဖြစ်နေခဲ့သည်။သူ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး သူ့မျက်လုံးများက ဒေါသကြောင့် တောက်ပနေခဲ့သည်။
“နတ်ဆိုးနှိမ်နင်းဗာဂျရာကျည်ပွေ့”
သူရုတ်တရက် ပြင်းပြင်းထန်ဆန့်ထုတ်လိုက်ရာ သူ၏လက်ကြွက်သားတို့က ဖောင်းထွက်လာသလို သူရဲ့ အရေပြားအရောင်ကလည်း ပြာကဲ့သို့မီးခိုးရောင်ပေါက်လာခဲ့သည်။
သူ၏လက်သီးနှစ်လုံးအား ဆွဲထုတ်လိုက်ကာ မလွှမ်းမိုးနိုင်လောက်သော သံမဏိကျည်ပွေ့တစ်ခုကဲ့သို့ ရိုက်ချလိုက်သည်။
ထိုက်ချိ လက်သီးမှာ ညဥ်းညူရင်း ဖိအားပေး ရပ်တန့်ခံခဲ့ရသည်။
မာကျောမှုအား ပျော့ပျောင်းမှုနှင့် တန်ပြန်ခြင်းကလည်း အပြည့်အဝ အနိုင်ရမယ်လို့ မဆိုလိုပါဘူး။ ဒါက မာကျောမှုရဲ့ အတိုင်းအတာပေါ်တွင်လည်း မူတည်နေသေးသည်။
တည်ငြိမ်အေးချမ်းနေသည့်ရေသည် မာကျောခိုင်မာသည့် ကျောက်တုံးကြီးအား ဖြည်းညင်းစွာတိုက်စားသွားနိုင်ပါသည်။ သို့ပေမယ့် ကျွန်းတစ်ကျွန်းကို ဖျက်ဆီးနိုင်မည်လော?
မာကျောမှုနှင့် ပျော့ပျောင်းမှုတို့သည် တစ်ဖက်ကိုတစ်ဖက် အထောက်အကူပြုပေးသလို ဟန့်တားချုပ်နှောင်ထားသေးသည်။ အသုံးပြုသည့် ခွန်အား၏ ပမာဏအား နှိုင်းယှဉ်ခြင်းသည်သာလျှင် အဓိကသော့ချက်ဖြစ်သည်။
အလွန်ကြမ်းတန်းပြင်းထန်သည့် အဟုန်သည် မထင်မှတ်ထားဘဲ လွတ်မြောက်သွားသည်။ အဖိုးအိုလည်း ရုတ်တရက်ပြောင်းလဲမှုကြောင့် မရှောင်နိုင်လိုက်တော့ဘဲ အဝေးသို့
လွှင့်ပစ်ခံရသကဲသို့ဖြစ်သွားသည်။
“ဒါ အခွင့်ကောင်းပဲ”
ဖုန့်လင်း ဤကဲ့သို့အခွင့်အရေးမျိုးကို မည်ကဲ့သို့ လက်လွှတ်ပေးလိမ့်မည်နည်း...။ သူ့ကြွက်သားတွေ တင်းမာလာပြီး သူ့ခန္ဓာကိုယ်က လေပေါ်သို့ ထိုးတက်သွားက သူ့ခြေထောက်အား ရစ်ပတ်သည့်ဟန် လှုပ်ရှားမှုတစ်ခုပြုလုပ်လိုက်လေသည်။
မြွေနဂါးရစ်ပတ်ခြင်း!
မျိုးဗီဇစွမ်းရည် +40%.
နောက်ထပ် မျိုးဗီဇစွမ်းရည်ပမာဏကောင်းတစ်ခုအားရရှိလိုက်သည်။
အဖိုးအို၏ စွမ်းအင်ဖြင့် ဖွဲ့စည်းထား
သည့် ခန္ဓာကိုယ်ကတော့ ဖုန်မှုန့်များအဖြစ် တစ်စစီ ပျောက်ကွယ်သွားသည်။
ဖုန့်လင်း ဟောဟဲလိုက်နေခဲ့ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း နာကျင်မှုကြောင့်ကိုက်ခဲနေပြီဖြစ်သည်။
အဆင့်ပိုမြင့်လာသည်နှင့်အမျှ စိန်ခေါ်မှုများက ပိုမို ပြင်းထန်ခဲ့လာသည်။
ကံမကောင်းစွာပင် သူအနေနဲ့ အရိုးမဲ့ထိုက်ချိကို ကျွမ်းကျင်နိုင်မည်မဟုတ်ပေ။
အရိုးမဲ့ထိုက်ချိက ပျော့ပျောင်းသည့် သိုင်းပညာတစ်ခုဖြစ်ပြီး ထိုသိုင်းအား ကျွမ်းကျင်စေရန် သူ့အနေနှင့် အရိုးမဲ့မျိုးဗီဇ သို့မဟုတ် ခန္ဓာကိုယ်အား ပျော့ပြောင်းကာ အကွေး အဆန့်လွယ်နိုင်စေသည့် မျိုးဗီဇ တစ်ခုခုအား နိုးထစေရမည်ဖြစ်သည်။
သို့သော် ဖုန့်လင်းနိုးထလာသည့် ကျောက်ဖြစ် မျိုးဗီဇသည် မာကျောမှုအသားပေး မျိုးရိုးဗီဇတစ်ခုဖြစ်ကာ ထိုသိုင်းနှင့် လုံးဝဆန့်ကျင်ဘက်ပင်။
မျိုးဗီဇစွမ်းရည်တို့သာ မရှိပါက တစ်စုံတစ်ယောက်သည် မျိုးဗီဇသိုင်းပညာအား ဘယ်တော့မှသင်ယူနိုင်မည်မဟုတ်ပေ။
ဤသည်မှာ မျိုးဗီဇသိုင်းပညာနှင့် ရှေးဟောင်းသိုင်းပညာတို့ကြားမှ အကြီးမားဆုံး ခြားနားချက်ပင်။
သူချွေးတဒီဒီးကျနေခဲ့သည်။
ငါ ငါရဲ့အကန့်အသတ်ကိုရောက်သွားတာလား?
ဖုန့်လင်း အားအင်များကုန်ခန်းသွားခြင်းကို ခံစားမိလိုက်သည်။ သို့သော် သူ့နှလုံးသားထဲမှတွန့်ဆုတ်မှုကိုလည်းခံစားနေရသည်။
သူ၏လက်ရှိအသက်စွမ်းအင်အမှတ်သည် 1.6 ပင်ရှိနေပြီဖြစ်သည်။ ဆိုလိုသည်မှာ သူ့အနေဖြင့် အဆင့် 16 ထိရောက်ရှိနိုင်သည်ဟု၍ပင်။ သို့သော်လက်ရှိတွင်တော့ အဆင့်11 ထိသာရောသေးသည်။ သူသာ လက်လျှော့အရှုံးပေးလိုက်ပါက လုံးဝပင် အရှုံးသမားတစ်ယောက်ဖြစ်ပေလိမ့်မည်။
“ငါရဲ့အခြေခံက အရမ်းအားနည်းလွန်းတယ်”
သူ တိတ်တဆိတ်သက်ပြင်းချလိုက်မိသည်။
သူ့ရဲ့အသက်စွမ်းအင်အမှတ်များက အချိန်ခဏလေးအတွင်း တိုးလာခဲ့သော်လည်း သူ့ယခင်နောက်ခံနှင့် အရည်အချင်းတို့က အားနည်းနေဆဲပင်။ သူ့တွင်တည်ငြိမ်သည့်အခြေခံမရှိခဲ့ချေ။ သူလေ့လာခဲ့သည့် သိုင်းပညာဆိုသည်မှာလည်း ကျောင်းတွင် အခမဲ့သင်ကြားပေးခဲ့သည့် အခြေခံစစ်တပ်လက်သီးသိုင်းသာရှိ၏။ သူကျွမ်းကျင်ထားသည် နည်းစနစ်တို့သည်လည်း အလွန်အသုံးမကျဖြစ်လို့နေသည်။ ထို့ကြောင့် အသကစွမ်းအင်အမှတ် 1.6 ရှိသည့်လူတစ်ယောက်ဖြစ်သည့် သူ့ကဲ့သို့ လူတစ်ယောက်ထံမှ မျှော်လင့်ထားသလောက် ကောင်းကောင်းမွန်မွန် စွမ်းဆောင်နိုင်မည်မဟုတ်ပေ။
ထိုသိုင်းပညာရှင်တို့အတွက်မူ သူတို့သည် အသက်စွမ်းအင်အမှတ်တို့ နိမ့်ကျနေသော်လည်း သူတို့၏ ကိုယ်ပိုင်သိုင်းပညာတို့အား ပြီးပြည့်စုံသည်အထိ ကျွမ်းကျင်အောင် လေ့ကျင့်ခဲ့ကြသည်။ သူတို့ရဲ့တိုက်ခိုက်ရေးစွမ်းရည်တို့ကလည်း ထူးထူးခြားခြားပင်။ သူတို့အနေနဲ့ သူတို့ထက်သန်မာသည့်လူတိုကိုပင် အလွယ်တကူ အဆင့်ကျော်တိုက်ခိုက်နိုင်ကြသည်။
အဆင့်ကျော်တိုက်ခိုက်၍ အနိုင်ရခြင်း။ သူ့အတိတ်ဘဝက အွန်လိုင်းဝတ္ထုတို့ထဲမှ အဓိကဇာတ်ကောင်တို့၏ ကျေနပ်သည့်ခံစားချက်လေးအား ဖုန့်လင်း ခံစားကြည့်ချင်မိသည်။ သို့ပေမယ့် သူ့ကိုယ်ပိုင်အခြေအနေကတော့ ခံစားလို့ပင်မကောင်းပေ။ လုံးဝစိတ်ပျက်ဖွယ်ရာဟုပင်ပြောရပေမည်။
ဖုန့်လင်းတွင် ပြင်းပြသည့်စိတ်ဆန္ဒတစ်ခုရှိကာ အခုလို လက်လျှော့လိုက်ဖို့ သူကိုယ်သူ လုံးဝခွင့်ပြုမည်မဟုတ်ပေ။
ထို့ကြောင့် သူ့အတွက် တစ်ခုတည်းသော ရွေးချယ်စရာသည် မျိုးဗီဇအမှတ်တို့အား ပေါင်းထည့်ခြင်းပင်။
အဆင့် 10 ပြီးသွားပြီးနောက် အဆင့်တစ်ဆင့် ရှင်းလင်းပြီးသည့်အခါတွင်ပင် မျိုးဗီဇစွမ်းရည်တို့က တစ်ပုံတစ်ခေါင်းပင်တိုးလာခဲ့သည်။ လက်ရှိတွင် သူ၏မျိုးရိုးဗီဇစွမ်းရည်သည် 212% ထိရောက်ရှိနေပြီဖြစ်သည်။ ဆိုလိုသည်မှာ သူ့တွင် အခမဲ့မျိုးဗီဇအမှတ် နှစ်မှတ်ရှိသည်ဟူ၍ပင်။
သို့သော် မျောက်မျိုးရိုးဗီဇတွင် နောက်ထပ်အမှတ်များပေါင်းထည့်ရန် မဖြစ်နိုင်တော့ပေ။
မျောက်မျိုးဗီဇ x10 + ကျောက်ဖြစ်မျိုးဗီဇ x10 = ကျောက်တုံးမျောက်မျိုးဗီဇ
ဤသည်မှာ ဖုန့်လင်း၏ တစ်ခုတည်းသော ဆင့်ကဲပြောင်းလဲမှုလမ်းစဉ်ဖြစ်သည်။
မျောက်မျိုးဗီဇသည် အမှတ် (၁၀) ရှိနေပြီဆိုကတည်းက အမှတ်များပေါင်းထည့်ရန် မဖြစ်နိုင်တော့ချေ။ ထို့ပြင် မျိုးဗီဇစွမ်းရည်တို့အား ဖြုန်းတီးခြင်းသည် မျိုးဗီဇတို့ကြားမှ ဟန်ချက်ကို ပျက်စီးစေနိုင်သည်။ ထိုအချိန်တွင် မျိုးရိုးဗီဇညီမျှခြင်းသည်ပင့ ပျက်စီးသွားပေလိမ့်မည်။
ဖုန့်လင်း ဤကဲ့သိုမစွန့်စားချင်ပါ။ ထို့ကြောင့် ကျောက်ဖြစ်မျိုးဗီဇကိုသာ အမှတ်များပေါင်းထည့်စေလိုက်သည်။
ပြင်းထန်သည့်တိုက်ပွဲတို့အား ဆက်တိုက်တိုက်ခိုက်လာပြီးနောက် သူ့တစ်ကိုယ်လုံး ကိုက်ခဲနေပြီး အတွင်းဒဏ်ရာများပင် ခံစားခဲ့ရသည်။ ကျောက်တုံးမျောက်မျိုးဗီဇအား အမှတ်တိုးပေးခြင်းသည် သူ၏ခုခံမှုနှင့် စွမ်းအင်ပြန်လည်ဖြည့်တင်းမှုအား တိုးလာစေလိမ့်မည်ဖြစ်သောကြောင့် သင့်တော်သည့် ရွေးချယ်မှုတစ်ခုပင်ဖြစ်သည်။
သူ၏ နောက်ပြိုင်ဘက်သည် မည်သည့်နောက်ခံနှင့် မည်သည့်သိုင်းပညာအမျိုးအစားတို့အား အသုံးပြုမည်ကို သူမသိချေ။ ထို့ကြောင့် သူ၏ ခုခံမှု ပိုမိုသန်မာလာမှသာ တန်ပြန်တိုက်ခိုက်မှုအတွက် အစီအစဉ်ဆွဲနိုင်မည်ဖြစ်သည်။
ဖုန့်လင်း ကျောက်ဖြစ်မျိုးဗီဇအား အမှတ်တစ်မှတ်ပေါင်းထည့်လိုက်သည့်အခါ အသက်စွမ်းအင်အားပြောင်းလဲသွားစေခဲ့သည်။
“အမည်: ဖုန့်လင်း
အသက်စွမ်းအင်: 1.7
မျောက်မျိုးဗီဇ: 10
ကျောက်ဖြစ်မျိုးဗီဇ: 6
မျိုးဗီဇစွမ်းရည်: 112%”
ကျောက်ဖြစ်မျိုးဗီဇအား 6 မှတ်သို့တိုးပြီးနောက်တွင် သူ့အသက်စွမ်းအင်အမှတ်ကလည်း 1.7 သို့ရောက်ရှိသွားသည်။
သူ့တွင် မျိုဗီဇအမှတ်တစ်မှတ်သာ ကျန်တော့ကာ စွမ်းရည်ပြန်လည်ဖြည့်တင်းနိုင်သည့် အခွင့်အရေးသည်လည်း တစ်ကြိမ်သာကျန်တော့သည့်အတွက် သူ့အနေဖြင့် ဉာဏ်ဖြင့်ချင့်ချိန် သုံးရပေလိမ့်မည်။
ဖုန့်လးင် နောက်တစ်ဆင့်သို့တက်သွားလိုက်သည်။
ကြယ်ရောင်စုံကောင်းကင်ကြီးက
အကန့်အသတ်မရှိဟုထင်ရပြီး အဆုံးမဲ့အမှောင်ထုအတွင်းတွင် တလက်လက်တောက်ပနေသည့် ကြယ်များနှင့်ပြည့်နှက်နေသည်။
ဖုန့်လင်း ပတ်ပတ်လည်အား ကြည့်လိုက်ပြီးနောက် သူသိလိုက်သည်မှာ သူရပ်နေသည့်နေရာသည် သတ္ထုအာကာသအခန်းတစ်ခုထဲတွင်ဖြစ်သည်ဟူ၍ပင်။ သေချာတာကတော့ သူ အာကာသယာဉ်ထဲတွင်ဖြစ်သည်။
သူဂရုစိုက်ပြီး စစ်ဆေးမကြည့်ရသေးခင်အချိန်တွင် နီကြင်ကြင် အလင်းပုံရိပ်တစ်ခုက သူပင်မသိလိုက်ဘဲ ထွက်ပေါ်လာသည်။
တိုက်ပွဲဝင် အာကာသဝတ်စုံအတွင်းရှိ လူတစ်ယောက်သည်အာကာသယာဉ်၏ထောင့်တစ်နေရာမှ ရုတ်တရက်ဆိုသလိုပင် ထွက်ပေါ်လာလေသည်။ သူ့အားကြည့်ရသည်မှာ တစ်စုံတစ်ယောက်အား ချုံခိုတိုက်ခိုက်ရန် အချိန်အကြာကြီးစောင့်မျှော်နေပုံပင်။ အပြန်အလှန်နှုတ်ဆက်ခြင်းပင်မပြုဘဲ လက်သီးအားကျစ်ကျစ်ဆုပ်ကာ ပြေးဝင်လာသည်။
သူ့လက်သီးတွင် မီးတောက်များလောင်ကျွမ်းနေသည်ကို တွေ့နိုင်သည်။
ရဲရဲတောက် မီးလျှံလက်သီး
ထိုသည်မှာ နောက်ထပ်မျိုးဗီဇသိုင်းပညာတစ်ခုဖြစ်သည်။ မီးတောက်မျိုးဗီဇအား အသုံးပြုပြီးတစ်စုံတစ်ယောက်သည် မီးတောက်တို့အား ကျွမ်းကျင်စွာအသုံးပြုနိုင်ကာ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်တို့၏ အကန့်အသတ်အားကျော်လွန်၍ အဝေးမှတိုက်ခိုက်မှုတို့ဖြင့် တိုက်ခိုက်နိုင်သည်။
ထို့ကြောင့်ပင် ဤမျိုးဗီဇသိုင်းပညာသည် အဆင့်နိမ့် အလယ်အဆင့်သိုင်းပညာတစ်ခုဖြစ်ကာ ယခင်သိုင်းပညာတို့ထက် ပိုမိုအဆင့်မြင့်မားပေသည်။
မီးတောက်များက အပူလှိုင်းများထုတ်လွှတ်လိုက်ပြီး ဖုန့်လင်းထံသို့ ပြေးဝင်သွားကြသည်။
ဖုန့်လင်း ဘေးသို့အမြန်ခုန်ရှောင်လိုက်သည်။
မီးတောက်များက သတ္ထုနံရံမဖြင့် တိုက်မိသွားချိန် ပေါက်ကွဲသွားပြီး ချက်ချင်းပင်ပျောက်ကွယ်သွားလေသည်။
မီးတောက်များမှ တစ်ဖောက်ဖောက်ကျနေသည့် မီပွားလေးများက နေရာအနှံ့ပြန့်နှံနေကာ လူသား၏အရေပြားအ လောင်ကျွမ်းသွားစေနိုင်သည်။
ဒီပုံစံနဲ့တိုက်ခိုက်ဖို့ နည်းလမ်းမရှိဘူး.....
မီးတောက်များမှပေါက်ကွဲထွက်လာသည့် သဘာဝစွမ်းအင်တို့အား ဖုန့်လင်း၏ လက်ရှိခန္ဓာကိုယ်က တောင့်မခံနိုင်ပေ။
လျင်မြန်စွာဆုံးဖြတ်ချက်ချလိုက်ပြီး
ဖုန့်လင်း မိုးကြိုးပစ်ချလိုက်သကဲ့သို့ ခွန်အားဖြင့် မြေပြင်ကိုခြေဆောင့်လိုက်ကာ ပြိုင်ဘက်နှင့် ချက်ချင်းပင်နီးကပ်စေခဲ့သည်။
“ခြေလှမ်းတစ်ဝက် လက်သီး”
သူ့ပုံရိပ်ကလွင့်မျောနေပြီး ပြိုင်ဘက်၏ဘေးတွင် ပေါ်လာသည်နှင့်တစ်ပြိုင်နက် ရှင်းယီလက်သီးသိုင်း၏ အTayသတ်ကွက်အားထုတ်သုံးလိုက်သည်။
အလွန်ပြင်းထန်သည့်လက်ဝါးလက်သီးသည် ဓားသွားကဲ့သို့ ထက်မြိနေကာ ကြည့်လိုက်ရုံဖြင့် စူးရှနေသည့်ခံစားချက်တို့အား ရရှိနေစေလိမ့်မည်။
ပြိုက်ဘက်က အဝေးမှ လက်ဦးမှုရယူ တိုက်ခိုက်ကာ ဖုန့်လင်း၏ လှုပ်ရှားမှုတို့ကို ကန့်သတ်ချုပ်နှောင်ထားလိုက်သော်လည်း မမျှော်လင့်ထားသည်မှာ နောက်ကျ၍ တုံ့ပြန်တိုက်ခိုက်လိုက်သည့် ဖုန့်လင်းက အားသာချက်ရရှိသွားပြီး သူတို့ကြားရှိအကွာအဝေးသည်လည်း ပိုမိုနီးကပ်သွားသည်။ ထိုလူအားလက်ဝါးရိုက်ချက်ဖြင့် ရိုက်ချလိုက်ပြီး အဝေးသို့ပျံထွက်သွားကာ အံ့အားသင်သွားစေခဲ့သည်။ ထိုလူကြီး၏ ပုံရိပ်ယောင်စွမ်းအင်ဖြင့် ဖွဲ့စည်းထားသည့် ခန္ဓာကိုယ်သည် ကူကယ်ရာမဲ့စွာလဲလျောင်းနေရပြီး မကြာမီတွင်ပင် မှုန်ဝါးလာခဲ့သည်။
နောက်ထပ် တိုက်ကွက်အနည်းငယ်ဖလှယ်ပြီးနောက်တွင် ဖုန့်လင်း လုံးဝ အသာစီးရယူထားခဲ့သည်။
မီတာတစ်ရာအား 4.21 စက္ကန့်အတွင်းဖြတ်ပြေးနိုင်သည့် သူ၏အမြန်နှုန်းအပြည့်နှင့် သူတိုက်ခိုက်လိုက်တိုင်းတွင် သူ၏နောက်တွင် ပုံရိပ်တစ်ခုသာကျန်နေခဲ့သည်။ သူ့အရှိန်က အရမ်းမြန်နေကာ ပြိုင်ဘက်အားတုံ့ပြန်ရန်ပင်
အခွင့်မပေးချေ။ သူပြိုင်ဘက်မှာလည်း ခုခံရုံသာ ခုခံနေရကာ ကြည့်ရသည်မှာ ပြိုလဲပျက်စီးလုမတက်ပင်။
ဖုန့်လင်း သူ့ပြိုင်ဘက်သည် အနီးကပ်တိုက်ပွဲတွင် အခြေအနေမဟန်သည်ကို သတိထားမိလိုက်သည်။
ရဲရဲတောက် မီးလျှံလက်သီးသည် မီးတောက်များကို ကျွမ်းကျင်စွာထိန်းချုပ်နိုင်စေပြီး အဝေးမှတိုက်ခိုက်သည့်သိုင်းပညာတစ်ခုအဖြစ်ဖန်တီးရေးဆွဲထားခြင်းဖြစ်ကာ အနီးကပ်တိုက်ပွဲများအတွက်မသင့်တော်ချေ။
သိုင်းပညာတိုင်းတွင် အားနည်းချက်ဟူသည်ရှိကာ ဤသည်မှာ ဒီသိုင်း၏ အားနည်းချက်ပင်။
အကယ်၍သူသာ အနိုင်ရချင်ပါက သူအနေဖြင့် ခွန်အားအပြည့်သုံးကာ ပြိုင်ဘက်၏အားနည်းချက်အား တိုက်ခိုက်ရပေလိမ့်မည်။
ထိုသည်မှာ ဒီပြိုင်ဘက်အတွက်မျှသာ မဟုတ်ချေ။ သူ၏ဘဝတွင် ရင်ဆိုင်တိုက်ခိုက်ရမည့် ပြိုင်ဘက်တိုင်း၊ရန်သူတိုင်းအတွက်ပင်။
တစ်ဖက်လူ၏အားနည်းချက်အားတိုက်ခိုက်ရန် တစ်စုံတစ်ယောက်သည်သူ၏ ခွန်အား(ကိုယ်ပိုင်စွမ်းရည်)အားအသုံးပြုရမည်။ ဒါသည် သိုင်းပညာတို့၏ အခြေခံအနှစ်သာရပင်။
ဒီလိုဆိုရင် သူရဲ့ခွန်အား(ကိုယ်ပိုင်စွမ်းရည်)ကရော ဘာလဲ?
မရေရာသည့် အတွေးတစ်ခုက
ဖုန့်လင်း၏ နှလုံးသားမှထွက်ပေါ်လာခဲ့သည်။ သူ ဂရုတစိုက်သေချာတွေးတော အဖြေရှာကြည့်လိုက်သည့်အခါ ရုတ်တရက်သူ့နှလုံးသားထဲမှ ပျော်ရွှင်ဝမ်းမြောက်မှုတစ်ခုထွက်ပေါ်လာခဲ့သည်။
အဲ့ဒါဘဲ....
အရှိန်ကငါရဲ့ခွန်အားပဲ.....
သူသည် အသက်အမှတ် 1.5 တွင်ပင် 4.21 မီတာတစ်ရာအား ပြေးနိုင်နေသည်။ ပရိုဂရမ်များကဲ့သိုဆိုရလျှင် သူသည် လှည့်ဖြားထားသည့် တည်ရှိမှုတစ်ခုဖြစ်ကာ လုံးဝချို့ယွင်းချက်တစ်ခုပင်။ ထို့ပြင်မည်သူမျှလည်း ထိုကိစ္စအားအဖြေမရှာနိုင်ကြပေ။
အစောကအတိုင်းပြောရလျှင် သူ၏အရှိန်သည် အသက်စွမ်းအင်အမှတ်တို့နှင့်အတူ တိုးတက်လာဦးမည်ဖြစ်သည်။ လက်ရှိတွင် သူ၏အရှိန်ကမည်မျှထိရောက်နေမည်ကို သူပင်မသိချေ။
နောက်တစ်ခဏတွင်ပင် ဖုန့်လင်း ပတ်ပြေးနေသည့် သူ၏အရှိန်ကို အကန့်အသတ်ရောက်သည်အထိ တိုးမြှင့်လိုက်သည်။ သူ့ဂိမ်းတစ်ခုထဲတွင်ရောက်နေသည့်အလား သူ့ပြိုင်ဘက်အား ဆော့ကစားနေလိုက်သည်။ တန်ပြန်တိုက်ခိုက်မှုသုံးခုနှင့်ပင် သူ့ပြိုင်ဘက်မှာ အThetခံလိုက်ရသည်။
မျိုးဗီဇစွမ်းရည် +32%!
သူ ဤအဆင့်အား ဖြတ်ကျော်သွားသော်လည်း သူ၏မျိုးဗီဇစွမ်းရည် တိုးလာမှုသည်လျော့ကျသွားသည်။ အဆုံးတွင် ယခင်အဆင့်တစ်ခုတွင် ခက်ခက်ခဲခဲတိုက်ခိုက် အနိုင်ယူခဲ့ရသော်လည်း လက်ရှိအဆင့်တွင် အေးအေးဆေးဆေးလေးပင် အနိုင်ယူနိုင်ခဲ့သည်။
ဖုန့်လင်းသည် မီးတောက်မျိုးဗီဇအား မနိုးထခဲ့သည့်အတွက် သိသိသာသာပင် ရဲရဲတောက် မီးလျှံလက်သီးသိုင်းအား သင်ယူ၍မရပေ။ သူ နောက်တစ်ဆင့်အား ဆက်သွားလိုက်သည့်အခါတွင် အဆင့် 13 သို့ရောက်ရှိသွားသည်။
သို့သော် သူ မမျှော်လင့်ထားတာက
ဒီအဆင့်က အဆင့်12ထက်ပင် ပို၍အေးဆေးလွယ်ကူနေမည့်အချက်ပင်။