အမြန်နှုန်းက ကစားပွဲရဲ့နာမည်ပဲ
Vol. 1 Ch. 15
ပုံရိပ်ယောင်သိုင်းစေတီ အဆင့်13
ဆယ်မီတာသို့မဟုတ် ထိုထပ်ပင်ပိုရှိနိုင်သည့် ကြိုးဝိုင်းတစ်ခုဖြစ်သည်။ရက်စက်ပုံပေါက်နေသည့် အပေါ်ပိုင်းဗလာကျင်းလျက် ကြွက်သားအပြည့်နှင့်လူတစ်ယောက် အလယ်တွင် ရပ်နေသည်။
ပြိုင်ဘက်သည် နှစ်မီတာရှည်သည့်အရပ်ဖြင့် လူ့ဘီလူးတစ်ယောက်လားပင်ထင်ရသူတစ်ယောက်ဖြစ်သည်။
ဖုန့်လင်း မတ်တတ်ရပ်နေရင်းပင် ဖိအားများခံစားနေရသည်။
“လူငယ်လေး...မင်းက UFC တိုက်ပွဲမှာ ငါ့ပြိုင်ဘက်လား...”
ကြွက်သားအပြည့်နှင့်လူက သူ့ခေါင်းအားငုံ့ကြည့်ရင်း မသဲမကွဲအသံနှင့်ပြောသည်။
UFCလား...
အဆုံးစွန်တိုက်ခိုက်ရေးချန်ပီယံရှစ်
ဤသည်မှာ ရှေးဟောင်းကမ္ဘာခေတ်မှ စတင်အခြေခံလာသည့် တိုက်ခိုက်ရေးပွဲစဉ်တစ်မျိုးဖြစ်၏။ ထိုပြိုင်ပွဲ၏ စည်းကမ်းချက်ကတော့ စည်းမျဥ်းမရှိဟူ၍ပင်။ တစ်ခုတည်းသော ကန့်သတ်ချက်မှာ လက်နက်များယူခွင့်မပြုခြင်းပင်။ ထိုပြိုင်ပွဲတွင် သင် တတ်သည့်
မည့်သည့်သိုင်းပညာအမျိုးအစားကို
မဆိုအသုံးပြုနိုင်သည်ဖြစ်ကာ
မွေထိုင်း၊ ကရာတေး သို့မဟုတ် မျိုးဗီဇသိုင်းပညာကဲ့သို့ ရောသမမွှေထားသည် သိုင်းပညာနည်းစနစ်တို့အားလည်း သုံးနိုင်သည်။
ဤသည်မှာ လုံးဝ စည်းမျည်းစည်းကမ်းတို့မရှိသည့် လက်သီးချင်းတိုက်ခိုက်ရသည့် တိုက်ပွဲပင်။ ကြယ်တာရာခေတ်မှ တိုက်ခိုက်ရေးပရိတ်သတ်တို့၏ အားပေးထောက်ပံ့ထားခြင်းကိုလည်း ရရှိထားသေးသည်။
ပုံရိပ်ယောင်သိုင်းစေတီက ဟာသမဟုတ်ဘူးဘဲ။
ဖုန့်လင်း တိတ်တဆိတ်တွေးတောရင်းကောက်ချက်ချလိုက်မိသည်။ တစ်ချိန်တည်းတွင်ပင် ထိုနောက်ကွယ်မှအကြောင်းတို့အား စဉ်းစားနေသည်။
ပုံရိပ်ယောင်သိုင်းစေတီတွင် မတူညီ သည့်အဆင့်များနှင့် တိုက်ပွဲတို့ရှိနေကာ ဒါကြီးတစ်ခုလုံးအား တည်ဆောက်ရန် စွမ်းအင်ကြောက်မက်ဖွယ်ရာ ပမာဏကုန်မည်မှာ ဧကန်မုချပင်။ ထိုမျှအကုန်အကျခံထားရသည့်အကြောင်းက ဘာအတွက်လဲ။
လူတွေကို ဒီအတိုင်းဝင်ခွင့်ပြု ပြီး သိုင်းပညာတွေ တိုက်ပွဲအတွေ့အကြုံတွေပေးနေတာ အဲ့လောက်ရိုးရှင်းတယ်လား...။ ဒီထက်ပိုနက်နဲတဲ့ အကြောင်းအရာတစ်ခုခုကတော့ရှိရမယ်...။
ဝါးတားတားအတွေးများက ပိုမိုရှင်းလင်းလာပြီဖြစ်၏။ သို့သော်လည်း မြူအလွှာလေးတစ်ထပ်တော့ ဖုံးကွယ်ထားဆဲပင်။ သူ အဖြေမရှာနိုင်သေးသည်မှာတော့ အမှန်ပင်။
သူ့အနေဖြင့် သဲလွန်စမဲ့စွာ စဉ်းစာနေရပြီမှာ အတော်ကြာပြီဖြစ်၏။ လက်ရှိကတော့ တွေးနေဖို့အချိန်မဟုတ်သေးပေ။
တိုက်ပွဲမှာပဲ အာရုံစိုက်လိုက်ကြရအောင်..။
သူအဖြေရှာမရသည်မှာ လုံလုံလောက်လောက်မတိုက်ခိုက်ရသေးတဲ့ အတွက်လည်း ဖြစ်နိုင်သည် မဟုတ်လော။
ဖုန့်လင်း၏ တိုက်ပွဲဝင်စိတ်ဆန္ဒသည် တောက်လောက်နေပြီး တိုက်ပွဲတွင် စိတ်နှစ်ထားလိုက်တော့သည်။
ခြင်္သေ့လက်သီး
ဤပြိုင်ဘက်သည် UFC တိုက်ခိုက်ရေးသမားတစ်ယောက်ဖြစ်သည်။ သူ့ ခန္ဓာကိုယ်အချိုးအစားက တောင့်တောင့်တင်းတင်းဖြစ်ပြီး ဆံပင်တွေက ဖိုသီဖက်သီဖြစ်နေခဲ့သည်။ သူ၏ပုံစံက ကြမ်းတမ်းသည့်ခြင်္သေ့တစ်ကောင်အလားပင်။ သူ၏လက်သီးသိုင်းက ရိုင်းစိုင်းကြမ်းတမ်းနေသလို သူ့
အော်ရာမှာလည်း ရက်စက်ကာကြောက်မက်ဖွယ်ကောင်းလှ၏။
ဖုန့်လင်း ဤလက်သီးသိုင်းမျိုးကို တစ်ခါမှမကြားဖူးပေ။ သို့ပေမယ့် သူတိုက်ခိုက်နေသူက တောဘုရင် တစ်ယောက်ဖြစ်သည်ဟု အသေအချာ ခံစားနေမိသည်။ သူ့အနေနဲ့ မထိန်းနိုင်ဘဲ ခြိမ်းခြောက်ခံရသည့်ခံစားချက်အနည်းငယ်တို့ရနေသည်။ ဤဖိအားက သူ၏သိုင်းပညာတို့အား စွမ်းအားအပြည့်အဝ ဖော်ထုတ်မရနိုင်အောင် ပြုလုပ်နေသည်။
ထိုခဏလေးတွင်ပင် ဖုန့်လင်းအား သူ့အကြောက်တရားမှကန့်သတ်နေသောကြောင့် သူ့ခွန်အားကို အပြည့်အဝ
မပြသနိုင်ပေ။
သူ့ပြိုင်ဘက်၏ တိုက်ခိုက်မှုများက လှိုင်းလုံးများအတိုင်း ရောက်လာကာ ကြမ်းတမ်းသန်မာလွန်းလှသည်။
နောက်ထပ်တိုက်ကွက်အနည်းငယ် ဖလှယ်လိုက်ပြီးနောက်တွင် ဖုန့်လင်း သိသိသာသာပင် အောက်စည်းသို့ရောက်လာသည်။ ထိုကြောင့် သူတို့နှစ်ယောက်ကြားမှ အကွာအဝေးကို ဝေးကွာစေလိုက်သည်။
အမြန်နှုန်းရဲ့အားသာချက်ကို အကျိုးရှိရှိသုံးရမယ်....။
ဖုန့်လင်း နှလုံးသားထဲမှ တိတ်တဆိတ် ကောက်ချက်ချမိသည်။ သူ့တိုက်ပွဲဝင် နည်းစနစ်ကို အသုံးပြုရင်း အရှိန်ဖြင့် လျင်မြန်စာရွေ့လျားမှုကြောင့် ပုံရိပ်များ ကျန်နေခဲ့သည်။
ပါကွရှစ်ကွက်လက်ဝါး....
ပါကွရှစ်ကွက်လက်ဝါးအား ဦးတည်ချက်မဲ့ပါကွရှစ်ကွက်လက်ဝါး သို့မဟုတ် ပါကွရှစ်ကွက်ချည်နှောင်ခြင်း လက်ဝါးရိုက်ချက်ဟူ၍လည်း လူသိများသည်။ဒါသည် လက်ဝါးနည်းစနစ်များနှင့် ခြေလှမ်းအလှည့်
အပြောင်းတို့အပေါ်တွင် အခြေခံထားသည့် ရှေးဟောင်းဟွာရှသိုင်းပညာတစ်ခု ဖြစ်သည်။ ထိုသိုင်းအားသုံးရန် လူတစ်ယောက်သည် နဂါးတစ်ကောင်ကဲ့သို့လျင်မြန်ရပြီး မြဲမြံမှု၊တည်ငြိမ်မှုတို့ရှိရမည်ဖြစ်ကာ ရန်သူ၏ခုခံမှုတို့အား ချိုးဖျက်နေချိန်တွင် ပြင်းထန်လေးလံသည့် တိုက်ခိုက်မှုတို့မှ ရှောင်တိမ်းနိုင်ရမည်ဖြစ်သည်။
ဖုန်လင်း သူ့ခြေထောက်များဖြင့်အပြိုင် သူ့ခန္ဓာကိုယ်အား လှည့်ပတ်နေရင်းပင် ပါကွရှစ်ကွက်ကိုယ်ဟန်အားအသုံးပြုကာ ရွေ့လျားနေပြီး လေဆင်နှာမောင်းတစ်ခုအတိုင်းပင် ရန်သူအားစက်ဝိုင်းပုံလှည့်ပတ်နေခဲ့သည်။
သို့သော် သူ့ပြိုင်ဘက်၏ စွမ်းအားပြင်းတိုက်ခိုက်မှုတို့ကြောင် အတော်လေးတော့ နှေးကွေးနေသည်။ ဖုန့်လင်း ပြိုင်ဘက်၏ အားနည်းသည့်အစိတ်အပိုင်းများအား ဓားသွားကဲ့သို့လက်ဖဝါးများနှင့်တိုက်ခိုက်နေရင်းဖြင့် တိုက်ခိုက်မှုတို့ကို အလွယ်တကူရှောင်ရှားနေသည်။
ဖုန့်လင်၏အသက်စွမ်းအင်အမှတ်သည် အစောကြီးတည်းက ပြိုင်ဘက်ထက်ပိုမြင့်နေသည်ဖြစ်ကာ လက်ရှိအခြေအနေကဲ့သို့ မှန်ကန်သည့် နည်းဗျူဟာအား ရှာတွေ့သွားသည့်အခါ အခြေနေကို တစ်ချက်တည်းနှင့်ပင် ပြောင်းပြန်လှန်နိုင်ခဲ့သည်။
သူ့ပုံစံက ကြမ်းတမ်းသည့်ခြင်္သေ့တစ်ကောင်အား သွားစနေသည့် ကျွမ်းကျင်သည့်သားရဲလေ့ကျင့်သူတစ်ယောက်အလားပင်။
တောဘုရင်ကရက်စက်စွာပေါ်ထွက်လာပြီး လူသားတို့အား ဝါးမျိုချင်နေသည်။ သို့သော် နည်းစနစ်ကျွမ်းကျင်သူတို့ဖြင့်ရင်ဆိုင်ရသည့်အခါ အစွယ်ဖြဲပြရုံ လက်သည်းများကို အသုံးမဝင်စွာဝေ့ယမ်းနေရုံသာ တတ်နိုင်တော့ကာ ခြိမ်းခြောက်နိုင်စွမ်းပင်မရှိတော့ပေ။
“ငကြောက်ကောင်....မင်းပြေးဖို့ပဲသိတာလား။ သတ္တိရှိရင် ငါနဲ့ မျက်နှာချင်းဆိုင် ထိပ်တိုက်တွေ့ပြီး လာချစမ်းပါ”
ကြွက်သားအပြည့်နှင့်လူသည် ဒေါသတို့ဖြင့်ဟိန်းဟောက်လိုက်သည်။ သူ၏ခြေဟန်လက်ဟန်နှင့် အမူအရာတို့သည် အစစ်နှင့်တူလွန်းလှကာ သူ့အားလူသားအစစ်ဟု ထင်မိတော့လိုပင်ဖြစ်သွားသည်။
ထိပ်တိုက်ရင်ဆိုင်ပြီးတိုက်ခိုက်ရမှာလား။
သောက်ကျိုးနည်း ရယ်စရာကောင်းလိုက်တာ။
ဖုန့်လင်း၏မျက်လုံးများက ပုံမှန်အတိုင်းပင်တည်ငြိမ်နေခဲ့သည်။ သူ ရန်စခြင်းလဲမလုပ်သလို အစပြိုးပေးခြင်းလဲမလုပ်ပေ။
သူက အစောကြီးကတည်းက အားသာချက်အကြီးကြီးနဲ့အပေါ်စည်းမှာလေ။ ဒါဆို အားကုန်ခံပြီး အရူးတစ်ယောက်လို ဘာလို့ကစားနေမှာလဲ။
ဖုန့်လင်းကသေချက်ပေါက်အရူးမဟုတ်ချေ။ သူ၏ အမြန်နှုန်း အားသာချက်အားအသုံးပြုကာ ပြိုင်ဘက်နှင့် စိတ်ချရသည့်အကွာအဝေးကို ထိန်းထားလိုက်သည်။ အဆုံးတွင် ပြီးပြည့်စုံသည်အခွင့်အရေးတစ်ခုအားရှာတွေ့ပြီး လှည့်ဖြားသည့် အကွက်တစ်ကွက်ဖြစ်သည် “သစ်ရွက်များအောက်မှ
ပန်းပွင့်” ဟူသည့်တိုက်ကွက်ဖြင့်အဆုံးသတ်ပေးလိုက်သည်။
မျိုးဗီဇစွမ်းရည် +20%.
ဤတိုက်ခိုက်နေရင်း ရှောင်ရှားခြင်းသည် ထိပ်တိုက်ရင်ဆိုင်ခြင်းမှရသည့် စွမ်းရည်ရာခိုင်နှုန်း တို့ထက်ပင်နည်းသည်။ ဒီတစ်ကြိမ်သည် တော်တော်လေးလွယ်ကူနေသလို မျိုးဗီဇစွမ်းရည်လည်း အများကြီးမရခဲ့ချေ။
ဖုန့်လင်း အေးအေးဆေးဆေးတိုက်ခိုက်နိုင်သည့် သူ၏တိုက်ခိုက်ရေးပုံစံအား ဝိုးတဝါး ရှာတွေ့လာသည်ဟု ခံစားလိုက်ရသည်။
အဆင့် 14 ၏ အစောင့်အရှောက်သည် အမှောင်ထုထဲမှ ချောမောလှပသည့် အမျိုးသမီးတစ်ယောက်ဖြစ်သည်။ သူမသည် အမှောင်ထုထဲတွင်ပုန်းကွယ်နေကာ သူမထံမှ တိုက်ခိုက်မှုတို့ကို ထိထိရောက်ရောက်ကာကွယ်နိုင်ရန်မှာ
မဖြစ်နိုင်ပေ။ သူမသည် ထန်ကလန်၏ လက်နက်ပုန်းတို့ကိုကျွမ်းကျင်ပြီး အဝေးမှချောင်းမြောင်းတိုက်ခိုက်မှုများပင် လုပ်သေး၏။
လက်နက်ပုန်းတို့အား စတင်ပစ်ခက်လိုက်သည်နှင့် ပိုက်ကွန်တစ်ခုသဖွယ်ဖြာထွက်လာပြီး ရှောင်ရှားရန်ပင် နေရာလွတ်မရှိတော့ပေ။
သို့တိုင် ဖုန့်လင်း သူရဲ့လျင်မြန်လှသည် အမြန်နှုန်းဖြင့် ရှောင်ရှားနေကာ လက်နက်ပုန်းပိုက်ကွန်မှ ထွက်ပေါက်ရှာတွေ့သွားခဲ့သည်။
နောက်တစ်ခဏမှာပင် သူ့ပြိုင်ဘက်အား ရက်စက်စွာ Thetဖြတ်ပစ်လိုက်တော့သည်။ သူ့ပြိုင်ဘက်က အမျိုးသမီးဖြစ်နေယုံနဲ့နော့ ရူးကြောင်ကြောင်ခပ်တုံးတုံး ခပ်အအဖြင့် သနားညှာတာမှုပြနေမည်မဟုတ်ပေ။
မျိုးဗီဇစွမ်းရည် +18%.
ဤအဆင့်၏ ဆုလဒ်ဖြစ်သည့် မျိုးဗီဇသိုင်းပညာမှာ "ပန်းမန်ဖြတ်သန်း လိပ်ပြာလက်" ဖြစ်သည်။ လူတစ်ယောက်သည် လက်နက်ပုန်းတို့အား တိတိကျကျ ထိန်းချုပ်ရန်နှင့် စွမ်းအားအပြည့်ဖြင့်တိုက်ခိုက်ရန် “တိကျမှုမျိုးဗီဇ” အား အရင်ဆုံးနိုးထစေရန်လိုအပ်သည်။
သံသယရှိစရာမလိုလောက်အောင်ပင်...ဖုန့်လင်းတွင် ထိုမျိုးဗီဇမရှိသည့်အတွက် ထိုသိုင်းပညာအား မသင်ယူနိုင်ချေ။
မျိုးဗီဇသိုင်းပညာနှင့် ရှေးဟောင်းသိုင်းပညာတို့ကြားရှိအကြီးမားဆုံးကွာခြားချက်က မျိုးဗီဇသိုင်းပညာသည် သင်ယူရန် သက်ဆိုင်ရာမျိုးဗီဇတို့ လိုအပ်ခြင်းဖြစ်သည်။
ထို့ကြောင့် ဖုန့်လင်းသည် နောင်တများစွာဖြင့် လက်လွှတ်ထားခဲ့လိုက်ရုံသာရှိသည်။ သူ နောက်တစ်ဆင့်သို့ ဆက်တက်သွားလိုက်သည်။
ပုံရိပ်ယောင်သိုင်းစေတီ အဆင့်15.....
ဤတစ်ကြိမ်၏ အစောင့်အရှောက်သည် လှံတံအသုံးပြုသည့် ကျွမ်းကျင်သူတစ်ယောက်ဖြစ်သည်။
ရှေးဟောင်းဆိုရိုး စကားတစ်ခွန်းရှိသည်။
“ဓားတွေကို ကျွမ်းကျင်ဖို့ နှစ်အနည်းငယ်ကုန်ဆုံးရမယ်။ တောင်ဝှေးတွေကို ကျွမ်းကျင်ဖို့ လအနည်းငယ်လိုအပ်တယ်။ လှံတံကို ကျွမ်းကျင်ဖို့တော့ သူ့တစ်ဘဝလုံးလိုအပ်လိမ့်မယ်”
လှံတံသည် လက်နက်တို့၏ ဘုရင်ဖြစ်ကာ သင်ယူလေ့လာရန်လည်းခက်ခဲသည်။သို့သော် ကျွမ်းကျင်သွားသည်
နှင့် မယုံကြည်နိုင်စရာကောင်းလောက်အောင် စွမ်းအားကြီးမားလာမည်ဖြစ်သည်။
အစောင့်အရှောက်ထံမှ တိုက်ခိုက်မှုတိုင်းသည် သူ၏အသက်ကို ခြိမ်းခြောက်နေသလိုပင်။ လှံတံအား လျင်မြန်သည့် အမြန်နှုန်းနှင့် ဝေ့ယမ်းလိုက်တိုင်း လေပွေတစ်ခုထွက်ပေါ်လာသည်။ မုန်တိုင်းထဲတွင်လွင့်မျောနေသည့် သစ်တော်ပွင့်လေးများ အလားပင် အလွန်ထက်မြိနေပြီး သေစေနိုင်သည်။
ထက်မြိနေသည့်လှံတံက လေကိုခွင်းပြီးရောက်လာကာ အနီးအနားမှ နံရံများထက်တွင် အရာများထင်ကျန်နေရစ်ခဲ့သည်။
ဖုန့်လင်း လှံတံသုံးသူအား သူ၏လက်ဗလာနှင့် ထိပ်တိုက် ရင်ဆိုင်ရန်မဖြစ်နိုင်ပေ။ သူ့ခြေလှမ်းကွက်တို့အား အကန့်အသတ်ထိမြှင့်တင်လိုက်ပြီး ပြိုင်ဘက်အား အပတ်ရာချီလှည့်ပတ်နေလိုက်ပြီးနောက်တွင် အားနည်းချက်အားရှာတွေ့သွားသည်။ သူ့ပြိုင်ဘက်၏လက်ထဲမှလှံတံအား တစ်ချက်ထိုးလိုက်ပြီးလွတ်ကျသွားစေခဲ့သည်။ လှံတံလွတ်ကျသွားသည်နှင့် ပြိုင်ဘက်အား သတ်ဖြတ်လိုက်လေသည်။
မျိုးဗီဇစွမ်းရည် +21%.
ဤအဆင့်၏ မျိုးဗီဇသိုင်းပညာသည် သစ်တော်ပွင့်မုန့်တိုင်းလှံသိုင်းဖြစ်သည်။ ဤသိုင်းသည်လည်း လေအားထိန်းချုပ်ရန် “လေပြင်းမျိုးဗီဇ” အားနိုးထထားရန်လိုအပ်သည်။ သိသိသာသာပင် ဖုန့်လင်းတွင် ထိုမျိုးဗီဇမရှိသည့်အတွက် ကူကယ်ရာမဲ့စွာနှင့် ထားပစ်ခဲ့ရုံသာတတ်နိုင်သည်။
အဆင့်14 အဆင့်15....
ပြိုင်ဘက်များ၏အသက်စွမ်းအင်အမှတ်များက ဖုန့်လင်းအား ဖြည်းညင်းစွာ မှီလာခဲ့သည်။
သို့သော် မျှော်လင့်ထားသလို ခက်ခဲ
သည့်တိုက်ပွဲများဖြစ်မလာချေ။
ဖုန်းလင် နှစ်ဆင့်လုံးအားအေးအေးဆေးဆေးပင် အနိုင်ရရှိခဲ့သည်။
တိုက်ပွဲအနည်းငယ်တိုက်ခိုက်ပြီးနောက် သူ့ကိုယ်ပိုင်တိုက်ပွဲပုံစံအား ရှာတွေ့သွားခဲ့၏။
တိုက်ပွဲများအတွက်သူ၏ခွန်အား(ကိုယ်ပိုင်စွမ်းရည်) အားတိုးမြှင့်ရန်နှင့် သူ၏အားနည်းချက်တို့အား ရှောင်ရှားရန်အပြင် လှည့်ကွက်အများကြီးမရှိပေ။
သူ၏ခွန်အားကို အသုံးပြုကာ ရန်သူ၏အားနည်းချက်အား တိုက်ခိုက်ခြင်းဖြင့် သူ့အနေနှင့် တိုက်ပွဲအားလုံးကို အနိုင်ရနိုင်သည်။
ဖုန့်လင်းသည် သူအနေဖြင့် သိုင်းပညာတို့အား စနစ်တကျသင်ယူမထားသည့်အတွက် အမြန်နှုန်းက သူ၏ခွန်အားဖြစ်နေသော်လည်း သိုင်းကွက်ကျွမ်းကျင်မှုတို့သည် သူ၏အားနည်းချက်ဖြစ်နေကြောင်းသိ၏။
ဟုတ်တယ်...အမြန်နှုန်းပဲ
အကြွင်းမဲ့အရှိန်နဲ့ဆိုရင် ကမ္ဘာပေါ်ကသိုင်းပညာတွေအားလုံးက အသုံးမဝင်ဖြစ်ကုန်မှာပဲ။ အမြန်နှုန်းက ကစားပွဲရဲ့နာမည်ပဲ။
သူ့နည်းလမ်းကတော့ သူ့အမြန်နှုန်းအား အကန့်အသတ်အမြင့်ဆုံးသို့မြှင့်တင်ရန်ဖြစ်သည်။
ဒါသည် ပုံရိပ်ယောင်သိုင်းစေတီ၏ အန္တိမပန်းတိုင်ဖြစ်ကောင်းဖြစ်နိုင်သည်။ ပုံရိပ်ယောင်သိုင်းစေတီ၏ တိုက်ခိုက်ရေးဆရာများအား ဆက်တိုက်တိုက်ပွဲဝင်နေရင်းပင် တစ်စုံတစ်ယောက်အနေနဲ့ သူနှင့်ကိုက်ညီသည့် တိုက်ပွဲဝင်ပုံစံအား ရရှိသွားနိုင်သည်။
ခက်ခဲသည့်တိုက်ပွဲအနည်းငယ်တိုက်ခိုက်ပြီးနောက်တွင် ဖုန့်လင်း သူ၏ သိုင်းပညာအတွေ့အကြုံတို့ကို သူ၏ကိုယ်ပိုင်နားလည်သဘောပေါက်မှုအဖြစ်ပြောင်းလဲလိုက်သည်။ သူသည် လက်ရှိတွင် သိုင်းပညာအပေါ် ကိုယ်ပိုင်အမြင်ကိုယ်ပိုင်ရှုထောင့်တို့ရှိနေပြီဖြစ်သည်။
လူသားများတွင် ကိုယ်ပိုင်အမြင်သုံးခုရှိပြီး ကမ္ဘာကြီးပေါ်အမြင်၊ တန်ဖိုးတို့အပေါ်အမြင်၊ ဘဝအပေါ်အမြင်ဟူ၍ဖြစ်ကြသည်။
ကျင့်ကြံသူတို့တွင်လည်း သူတို့ကိုယ်ပိုင်အမြင်များရှိကြသည်။ ဒါသည် သူတို့၏ခွန်အား(ကိုယ်ပိုင်စွမ်းရည်) နှင့် သူတို့ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းအား ထိုးဖောက်နားလည်ခြင်းပင်။
သူတို့သည် ကိုယ်ပိုင်နှလုံးသားတို့အားအသုံးပြုကာ နားလည်သဘောပေါက်စေရသည်။ ထိုအကြောင်းအရာအပေါ် အထူးစကားရပ်တစ်ခုရှိကာ "သိုင်းလမ်းစဉ်၏နှလုံးသား" သို့မဟုတ် "သိုင်းနှလုံးသား" ဟုလူသိများသည်။
သိုင်းနှလုံးသားမရှိသည့် ကျင်ကြံသူဟူသည် ဖယောင်းနှင့်လုပ်ထားသည့် လှံထိပ်ဖျားတစ်ခုကဲ့သို့ အများအမြင်တွင် အထင်ကြီးလောက်စရာရှိသော်လည်း လက်တွေ့တွင်အသုံးမကျပေ။
ထိုကဲ့သို့ကျင့်ကြံသူတို့တွင် အသက်စွမ်းအင်အမှတ်မြင့်မားစွာရှိနေသော်လည်း အစစ်အမှန်တိုက်ပွဲစွမ်းရည်မရှိကြပေ။
ဖုန့်လင်း အပြုံးတို့ ပိုမိုကြီးမားလာကာ ယုံကြည်ချက်တို့ပြည့်နှက်လာခဲ့သည်။ သူ့မျိုးဗီဇစွမ်းရည်ကလည်း ဆက်လက်တိုးတက်လာပြီဖြစ်၏။
လက်ရှိတွင် သူ့မျိုးဗီဇစွမ်းရည်သည် 192% ထိရောက်ရှိနေပြီဖြစ်သည်။
ကြည့်ရသည်မှာ မကြာမီပင် မျိုးဗီဇမှတ် နှစ်မှတ်ရလာတော့မည့်ပုံပင်။
ဖုန့်လင်း နောက်တစ်ဆင့်သို့ တက်သွားလိုက်၏။ ဤတစ်ကြိမ်တွင်တော့
အဆင့် 16 သို့ဖြစ်သည်။
သူသိသလောက် သူ့အသက်စွမ်းအင်အမှတ်အား ကျောင်းတွင်း A.I တွင်မှတ်တမ်းတင်ထားသည်မှာ 1.5 ဖြစ်သည်။ ပုံရိပ်ယောင်သိုင်းစေတီ
အဆင့်16 ရှိပြိုင်ဘက်မှာ အသက်စွမ်းအင် 1.6 ရှိသည်။ ဒါသည် လုံးဝပင်
ကိုယ့်ထက်သန်မာသည့်တစ်ယောက်ကို အဆင့်ကျော်တိုက်ခိုက်ခြင်းပင်။
သိုင်းပညာဗဟုသုတအပေါ်နားလည်မှုသည် သူ၏အားနည်းချက် ဆက်ဖြစ်လာတော့မည်မဟုတ်ချေ။
ဖုန့်လင်း စိတ်လှုပ်ရှားနေခဲ့သည်။ သို့သော် သူမသိသည်မှာ ပုံရိပ်ယောင်သိုင်းစေတီအတွင်း ကိုယ့်ထက်သန်မာသည့်ပြိုင်ဘက်တစ်ယောက်အား
အဆင့်ကျော်တိုက်ခိုက်ခြင်းအား A.I တွင် မှတ်တမ်းတင်ထားကာ ကျောင်းအုပ်နှင့်ကျန်သည့် ဆရာများထံမှ အာရုံစိုက်မှုရရှိသွားစေခဲ့သည်ဆိုတာပင်။