← Chapters

ထိုးချက်တစ်ချက်မှာ တုန်လှုပ်စွာသေဆုံးသွားရခြင်း

Vol. 163 Ch. 2434

ထိုးချက်တစ်ချက်မှာ တုန်လှုပ်စွာသေဆုံးသွားရခြင်း

Vol. 163 Ch. 2434

ဆူဇီမိုသည် ငါးဖောင်ရိုးကဲ့သို့ပိန်လှီ၍ မျက်နှာက ညှိုးခြောက်ဝါထိန်နေသော ထောင်ယောင်ကိုကြည့်ကာ သူ၏ သတ်ဖြတ်လိုစိတ်က တလိပ်လိပ်ထိုးတက်လာ၏။

အစစ်အမှန်ခန္ဓာနှစ်ခုက စိတ်ချင်းဆက်နေကြ၏။ သိုင်းတာအိုပင်မခန္ဓာသည် တိုက်ပွဲထဲမှာ ရှိနေသော်လည်း သူသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ ရင်ထဲရှိ စိတ်ခံစားချက်များကို အာရုံခံမိနိုင်၏။ သူ၏ အကြည့်က ပို၍အေးစက်လာပြီး သူ၏ သတ်ဖြတ်လိုစိတ်က တလိပ်လိပ်ထိုးတက်လာ၏။

“အထီးကျန်သိုင်းသခင်... ဒါက ကျောက်စိမ်းမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေရဲ့ အင်မော်တယ်မြို့တော်ငါးမြို့ထဲက တစ်မြို့ပဲ... မင်းက ဒီနေရာကို အတင်းဝင်ရောက်ပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတစ်ခုကို စတင်ခဲ့တယ်... မင်းဒီနေ့အသက်ရှင်လျက်ပြန်သွားဖို့ကို စဥ်းတောင်မစဥ်းစားနဲ့တော့”

သခင်လေးလန်ထျန်က အော်ပြောလိုက်၏။

“မင်းက ဒါကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတစ်ခုလို့ သတ်မှတ်လိုက်တာလား”

ဖျတ်ခနဲဆို သိုင်းတာအိုပင်မခန္ဓာက စုန့်ရွှမ်၊ သခင်လေးလန်ထျန်နှင့် ကူလျှိုတို့ထံ လျှောက်လှမ်းလာရင်း မကောင်းဆိုးဝါးဆန်ဆန်ပြောလိုက်၏။

“အဲဒါက နီးတောင်မှ မနီးစပ်သေးဘူး”

“အဖော်မဲ့တိမ်စိုင်တောင်ထွတ်”

ကူလျှိုက သူ၏ သိုလှောင်အိတ်ထဲကနေ သူ၏ သန့်စင်ယန်စိတ်ဝိညာဥ်ရတနာကို ထုတ်ယူပြီး လေထဲသို့ မြှောက်တင်လိုက်၏။ သူက သူ၏ တာအိုသစ်သီးကို လှည့်ပတ်လိုက်ပြီး တောင်ထွတ်က လျင်မြန်စွာ ပြန့်ကားလာခဲ့၏။ အဲဒါက သိုင်းတာအိုပင်မခန္ဓာကို ဖိချမည့် ဧရာမအရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။

သူသည် စောစောက လင်းလေနှင့် တိုက်ခိုက်ခဲ့ရစဥ်မှာတောင် သူသည် ဤသန့်စင်ယန်စိတ်ဝိညာဥ်ရတနာကို အသုံးမပြုခဲ့ပေ။

တစ်ချိန်တည်းမှာပင် ကူလျှိုသည် အဖော်မဲ့တိမ်စိုင်တောင်ထွတ်ကို အားဖြည့်ထောက်ပံဖို့အတွက် နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များကို ထုတ်ဖော်လိုက်၏။

တောင်ထွတ်ပေါ်ရှိ လောင်ကျွမ်းရာအမှတ်အသား ၉ခုက အဆက်မပြတ်တောက်ပလာပြီး ၎င်း၏ ခွန်အားက ကြောက်စရာကောင်းသော စွမ်းပကားတစ်ခုနှင့်အတူ ဆပွားတိုးလာခဲ့၏။

အဖော်မဲ့တိမ်စိုင်တောင်ထွတ်၏ လွှမ်းခြုံမှုမှာ သိုင်းတာအိုပင်မခန္ဓာ၏ ပုံရိပ်က အလွန်တရာသေးငယ်သွားသည်ဟုထင်ရ၏။

ဘုန်း...

အဖော်မဲ့တိမ်စိုင်တောင်ထွတ်က ဆင်းသက်လာသောအခါ သိုင်းတာအိုပင်မခန္ဓာက သူ့ခေါင်းကိုမော့ခြင်း သို့မဟုတ် တောင်ထွတ်ကိုကြည့်ခြင်းပင် မရှိပေ။ သူက ရှေ့သို့သာတက်လှမ်းပြီး သူ၏ လက်ကိုမြှောက်ကာ တောင်ထွတ်ကို လက်ဗလာဖြင့် ထောက်လိုက်၏။

နောက်ခဏ၌ ပကတိအင်မော်တယ်များစွာသည် အရမ်းကိုတုန်လှုပ်စရာကောင်းသည့်မြင်ကွင်းတစ်ခုကို မျက်ဝါးထင်ထင်မြင်တွေ့လိုက်ရသည်။

သိုင်းတာအိုပင်မခန္ဓာသည် ခံ့ညားထည်ဝါ၍ အလွန်ကြီးမားသည့်တောင်ထွတ်ကို လက်တစ်ဖက်ဖြင့်သယ်ပြီး လေထဲကနေဖြတ်လျှောက်လာ၏။

သူ၏ အလျင်အဟုန်က လုံးဝလျော့ကျမသွားဘဲ သူကကြမ်းကြုတ်ခက်ထန်နေ၏။

“လောင်ကျွမ်းပြာကျလမင်းခုတ်ချက်”

သခင်လေးလန်ထျန်က လျှို့ဝှက်အတတ်တစ်ခုကိုဆင့်ခေါ်ပြီး မီးတောက်များဖြင့်လောင်ကျွမ်းနေသည့် အေးစက်စက်အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်၏။ တစ်ချိန်တည်းမှာပင် သူက သူ့လက်ထဲရှိခေါက်ယပ်တောင်ကို လျှို့ဝှက်အတတ်တစ်ခုနှင့်ပေါင်းစည်းပြီး သိုင်းတာအိုပင်မခန္ဓာထံ ခုတ်ပိုင်းချလိုက်၏။

ရွှင်...

လှည့်ကြည့်ခြင်းပင်မရှိဘဲ သိုင်းတာအိုပင်မခန္ဓာက အဖော်မဲ့တိမ်စိုင်တောင်ထွတ်ကို ပစ်ထုတ်လိုက်၏။

ဘုန်း... ဘုန်း... ဘုန်း...

လောင်ကျွမ်းပြာကျလမင်းခုတ်ချက်က အဖော်မဲ့တိမ်စိုင်တောင်ထွတ်နှင့် ထိတွေ့ရိုက်ခတ်သွားပြီး ကျယ်လောင်သောပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်ကာ မြေပြင်ကို တသိမ့်သိမ့်တုန်ခါသွားစေ၏။

သိုင်းတာအိုပင်မခန္ဓာပစ်ထုတ်လိုက်သောစွမ်းအားက အရမ်းကိုသန်မာပြီး တစ်ခဏချင်းမှာပင် လောင်ကျွမ်းပြာကျလမင်းခုတ်ချက်ကို ဖျက်ဆီးပစ်လိုက်၏။

ဧရာမတောင်ထွတ်က သခင်လေးလန်ထျန်ထံသို့ ဆက်လက်၍ပစ်တိုက်ကျဆင်းလာ၏။

“ကျောက်စိမ်းခြေမွှလက်ဝါး”

တစ်ချိန်တည်းမှာပင် စုန့်ရွှမ်က ရောက်ရှိလာပြီး သူ၏ အချိန်ကိုက်လှုပ်ရှားမှုက ပြီးပြည့်စုံနေဆဲဖြစ်၏။

ဤအချိန်သည် သိုင်းတာအိုပင်မခန္ဓာက အဆက်မပြတ်တိုက်ခိုက်ခဲ့ရပြီး သူ၏ ယခင်တိုက်ခိုက်မှုကနေ အလျင်အဟုန်ကို ပြန်လည်ရုပ်သိမ်းနေရဆဲအချိန်ဖြစ်၏။

သူ၏ လက်ဝါးကို ကျောက်စိမ်းတစ်လွှာဖြင့် လွှမ်းခြုံထားပြီး သူက ပြင်းထန်စွာပစ်ရိုက်ချလိုက်၏။

သိုင်းတာအိုပင်မခန္ဓာက တခြားမည်သည့်လှုပ်ရှားမှုမှမရှိဘဲ လက်ပြန်ပစ်ထိုးလိုက်လေသည်။

ဘန်း...

လက်သီးနှင့် လက်ဝါးက ခပ်ထိုင်းထိုင်းအသံတစ်သံနှင့် ထိတွေ့ရိုက်ခတ်သွား၏။

ထို့နောက်ချက်ချင်းပင် သိုင်းတာအိုပင်မခန္ဓာ၏ လက်သီးက ကျောက်စိမ်းအရောင်ဖြင့် လွှမ်းခြုံခြင်းခံလိုက်ရ၏။

ကျောက်စိမ်းအရောင်က အဆက်မပြတ်ဖြန့်ကြက်ပြီး သူ့လက်ကနေတစ်ဆင့် မြင်နိုင်သောနှုန်းထားဖြင့် ခန္ဓာကိုယ်တစ်ခုလုံးသို့ ဖုံးအုပ်လာ၏။

တစ်ခဏချင်းမှာပင် သိုင်းတာအိုပင်မခန္ဓာက ကျောက်စိမ်းရုပ်ထုတစ်ခုအဖြစ်ပြောင်းလဲသွား၏။

“သွားပြီ”

လင်းလေက ထိုသည်ကို တွေ့မြင်သောအခါ အံ့အားတသင့်ရေရွတ်လိုက်၏။

စောစောက စုန့်ရွှမ်သည် အခြေအနေအပေါ်အမြတ်ထုတ်ပြီး ထိုကျောက်စိမ်းခြေမွှလက်ဝါးနှင့်အတူ သူ့ကိုချောင်းမြောင်းတိုက်ခိုက်ခဲ့၏။ ထိုသို့ဖြင့် သူသည် သူ၏ တိုက်ခိုက်ရည်ခွန်အားကို ဆုံးရှုံးခဲ့ရပြီး ယခုအချိန်ထိပင် ပြန်လည်မသက်သာသေးပေ။

“သူ... သူအဆင်ပြေမှာပါနော်”

လင်းလောက စိုးရိမ်ပူပန်နေသောအမူအရာဖြင့် ရေရွတ်ပြောဆိုလိုက်၏။

“အဲဒီကျောက်စိမ်းခြေမွှလက်ဝါးက အရမ်းကိုစွမ်းအားကြီးမားတယ်... အဲဒါက သူ့ရဲ့သွေးကို ကျောက်စိမ်းအဖြစ်ပြောင်းလဲပစ်နိုင်တယ်”

လင်းလေက တည်တံ့စွာပြောလိုက်၏။

“အထီးကျန်သိုင်းသခင်ရဲ့ တိုက်ခိုက်ရည်ခွန်အားက တကယ့်ကို သာလွန်ထူးခြားတယ်... ဒါပေမဲ့ သူက မောက်မာခက်ထန်လွန်းနေတယ်... သူက စုန့်ရွှမ်ကို ထိပ်တိုက်ရင်မဆိုင်သင့်ဘူး”

“စောစောက သူက စုန့်ရွှမ်ရဲ့လက်ဝါးရိုက်ချက်ကို ရှောင်လွှဲမယ်ဆို ရှောင်လွှဲနိုင်ခဲ့တယ်... သူက ခဏလောက်နောက်ဆုတ်လိုက်မယ်ဆိုရင်တောင် အခြေအနေကိုထိန်းချုပ်ပြီး တန်ပြန်တိုက်ခိုက်မှုတစ်ခုကို ထုတ်ဖော်နိုင်…”

သိုင်းတာအိုပင်မခန္ဓာနှင့် စုန့်ရွှမ်၏ လက်သီး လက်ဝါးက မလှုပ်မယှက်ထိတွေ့သွားပြီး အချိန်နှင့် လေဟာနယ်က ရပ်တန့်သွားသည့်အလားပင်။

လင်းလေ၏ စကားမဆုံးသေးခင်မှာပင် စုန့်ရွှမ်၏ မျက်လုံးနှစ်ဖက်က ပြူးကျယ်သွားသည်ကို သူကသတိထားမိသွား၏။

ဝမ်းသာပျော်ရွှင်ရမည့်အစား ထိုမျက်လုံးများက အကြောက်တရားဖြင့် ပြည့်နှက်နေ၏။

ဘုန်း...

သိုင်းတာအိုပင်မခန္ဓာ၏ ခန္ဓာကိုယ်ပေါ်ရှိ ကျောက်စိမ်းအလွှာက ပေါက်ကွဲထွက်သွားပြီး သူ၏ သွေးချီက တလိပ်လိပ်ထိုးတက်လာ၏။ မိုးကြိုးသံကဲ့သို့ ကမ်းခြေကို ပစ်ရိုက်လာသော ဒီရေလှိုင်းများ၏ အသံက ထွက်ပေါ်လာ၏။

အောက်ဘက်ခပ်လှမ်းလှမ်းမှာရှိနေသော လင်းလေနှင့် လင်းလောပင်လျှင် သိုင်းတာအိုပင်မခန္ဓာထံကနေ ထွက်ပေါ်လာသည့် စွမ်းအားကြီးမားသော သွေးချီကို အာရုံခံမိနိုင်ကြ၏။ အဲဒါက ကြီးမားကျယ်ပြန့်ပြီး တားဆီး၍မရနိုင်ပေ။

သိုင်းတာအိုပင်မခန္ဓာ၏ အခြေအနေသည် ထိခိုက်ဒဏ်ရာရရှိထားသည်နှင့် လုံးဝမတူပေ။ သူ၏ သွေးချီက လျင်မြန်စွာလှည့်ပတ်နေပြီး သူ၏ အော်ရာက သိပ်သည်းအားကောင်းလာနေသည်။

တစ်ချိန်တည်းမှာပင် စုန့်ရွှမ်သည် မိုးကြိုးပစ်ချခံရသည့်အလား တဆတ်ဆတ်တုန်ယင်သွား၏။ သူကနောက်သို့ဆုတ်ခွာရင်း လေထဲမှာ သူ၏ ပါးစပ်ထဲကနေ သွေးများစွာက လျှံထွက်လာ၏။

“ထိုးချက်တစ်ချက်တည်းလား”

လင်းလေ၏ မျက်လုံးက တုန်လှုပ်စွာဖြင့် ပြူးကျယ်သွား၏။

သူသည် အရင်က စုန့်ရွှမ်နှင့် တိုက်ခိုက်ခဲ့ဖူးပြီး ထိုသူ၏ နောက်ခံကို ကောင်းကောင်းသိရှိထား၏။ စုန့်ရွှမ်၏ တိုက်ခိုက်ရည်ခွန်အားက သူ့ထက်မနိမ့်ကျပေ။

သို့သော်ယခု စုန့်ရွှမ်သည် မိစ္ဆာမဟာနယ်မြေမှလာသော အထီးကျန်သိုင်းသခင်ထံမှ ထိုးချက်တစ်ချက်ကိုပင် မခုခံနိုင်ခဲ့ပေ။

“မင်းက... ငါ့ရဲ့ထိုးချက်ကနေ အသက်ရှင်နိုင်သေးတယ်ဆိုတော့ မဆိုးဘူးပဲ”

သိုင်းတာအိုပင်မခန္ဓာက မှင်သေသေဖြင့် ပြောလိုက်၏။

ရွှစ်...

သိုင်းတာအိုပင်မခန္ဓာ၏ ပုံရိပ်က ဖျတ်ခနဲလက်သွား၏။

သခင်လေးလန်ထျန်သည် အဖော်မဲ့တိမ်စိုင်တောင်ထွတ်၏ အလျင်အဟုန်ကို ယခုတင်တားဆီးလိုက်နိုင်ခါစဖြစ်ပြီး အသက်မရှုနိုင်သေးခင်မှာပင် သိုင်းတာအိုပင်မခန္ဓာက ချဥ်းကပ်လာနေသည်ကို တွေ့မြင်လိုက်ရ၏။

အဲဒါက အရမ်းကို မြန်ဆန်လွန်းလေသည်။

ထိုအတွေးက သခင်လေးလန်ထျန်၏ စိတ်ထဲသို့ ဝင်ရောက်လာသည့်ခဏမှာပင် သိုင်းတာအိုပင်မခန္ဓာက တိုက်ခိုက်လိုက်ပြီကို သူက တွေ့မြင်လိုက်ရ၏။

ထိုတိုက်ခိုက်မှုမှာ မည်သည့်နတ်ဘုရားစွမ်းအား သို့မဟုတ် မည်သည့်လျှို့ဝှက်အတတ်မှ မပါရှိပေ။ အဲဒါက ရိုးရှင်းသောထိုးချက်တစ်ချက်သာဖြစ်နေ၏။

ထိုထိုးချက်သည် လောင်ကျွမ်းနေသောမီးများထက်ပင် ပို၍ပေါက်ကွဲအားပြင်းထန်ပြီး ပင်လယ်ရေလှိုင်းများကဲ့သို့ တလိပ်လိပ်ထိုးတက်ကာ တောင်တစ်လုံးကဲ့သို့ ခိုင်မာနေ၏။

သူ့ကျင့်ကြံမှု၏ ဤအဆင့်ထိ သခင်လေးလန်ထျန်သည် တိုက်ပွဲပေါင်းမြောက်မြားစွာကို တိုက်ခိုက်ခဲ့ဖူးသော်လည်း သူသည် ဤကဲ့သို့ကြောက်စရာကောင်းသောထိုးချက်တစ်ချက်ကို တစ်ခါမှမတွေ့မြင်ဖူးခဲ့ပေ။

ထိုထိုးချက်သည် မည်သည့်နတ်ဘုရားစွမ်းအား၊ မည်သည့်လျှို့ဝှက်အတတ် သို့မဟုတ် မည်သည့်အသိစိတ်ရှိဓမ္မရတနာထက်မဆို ပို၍ကြောက်စရာကောင်းနေ၏။

ထိုအခိုက်အတန့်မှာ သခင်လေးလန်ထျန်၏ ဘေးပတ်လည်ရှိ ကောင်းကင်နှင့်မြေကြီးအမြုတေချီက ရှင်းလင်းစွာလောင်ကျွမ်းခံလိုက်ရ၏။

လေဟာနယ်ကပြိုကျသွားပြီး သူက အထိန်းအကွပ်မဲ့စွာဖြင့် ရှေ့သို့ငိုက်ကျလာခဲ့၏။

ထိုထိုးချက်၏ ကြောက်မက်ဖွယ်ရာကောင်းမှုက ခွန်အားအပေါ်မှာသာ မဟုတ်ပေ။

အဲဒါထက် ထိုးချက်တစ်ချက်သည် သူ၏ ထွက်လမ်းများအားလုံးကို ချိပ်ပိတ်ထားလိုက်သောကြောင့်ဖြစ်၏။

ဤတိုက်ကွက်မှာ နောက်ဆုတ်စရာမည်သည့်ထွက်ပေါက်မှ မရှိတော့ပေ။

“အား..”

သခင်လေးလန်ထျန်၏ အမူအရာက ဆိုးဆိုးဝါးဝါးပျက်ယွင်းသွားပြီး သူကမာန်သွင်းအော်ဟစ်ကာ သူ၏ တာအိုသစ်သီးကို ရူးသွပ်စွာလှည့်ပတ်လိုက်၏။

သူက သိုလှောင်အိတ်ထဲကနေ ဧရာမဒိုင်းကာတစ်ခုကို ဆွဲထုတ်လိုက်ပြီး သူ့ရှေ့မှာကန့်လန့်ဖြတ်မြှောက်တင်လိုက်၏။

သူသည် ထိုထိုးချက်ကို ပြန်လည်ဆန့်ကျင်တိုက်ခိုက်ဖို့အတွက် မည်သည့်သတ္တိ သို့မဟုတ် မည်သည့်ခွန်အားကိုမှ စုစည်း၍မရနိုင်တော့ဘဲ အသည်းအသန်သာခုခံလိုက်ရ၏။

ဒိုင်းကာပေါ်တွင် လောင်ကျွမ်းရာအမှတ်အသား ၉ခုက ပေါ်ထွက်လာပြီး မိုးကြိုးလျှပ်စီးဖြင့် တဖြောက်ဖြောက်မြည်နေ၏။

သိုင်းတာအိုပင်ခမန္ဓာ၏ လက်သီးက ဆင်းသက်ရောက်ရှိလာပြီး ဒိုင်းကာပေါ်သို့ ပြင်းထန်စွာ ထိခတ်သွား၏။

တကယ်ဆို သူက လမ်းတစ်ဝက်မှာ ရပ်တန့်လိုက်ဖို့ သို့မဟုတ် အသိစိတ်ရှိဓမ္မရတနာကို ရှောင်ကွင်းကာ အသစ်တစ်ဖန်ပြန်လည်တိုက်ခိုက်ဖို့ပင် စိတ်ကူးမရှိပေ။

ဖြောက်... ဖြောက်..

ဒိုင်းကာပေါ်တွင် အက်ကွဲကြောင်းများပေါ်ထွက်လာပြီး တစ်ထောင့်တစ်နေရာမကျန် ချက်ချင်းပင် ဖုံးလွှမ်းသွား၏။

လက်သီးက ဒိုင်းကာကိုထိုးဖောက်ပြီး သခင်လေးလန်ထျန်၏ ရင်ဘတ်ပေါ်ကို ဆက်လက်ကျဆင်းလာ၏။

သခင်လေးလန်ထျန်၏ ရင်ဘတ်မှာ ကြီးမားသောအပေါက်တစ်ပေါက်က ချက်ချင်းပင်ပေါ်ထွက်လာပြီး သွေးများက ရေပန်းတစ်ခုလိုပန်းထွက်လာ၏။

အဖျက်စွမ်းအားတစ်ခုက သူ၏ အသိစိတ်ထဲသို့ တိုးဝင်လာပြီး သူ၏ အမြုတေစိတ်ဝိညာဥ်ကို ခြေမွှဖျက်ဆီးပစ်လိုက်လေသည်။

သူ၏ အမြုတေစိတ်ဝိညာဥ်က မတုံ့ပြန်နိုင်ခင် နေရာမှာပင် သတ်ဖြတ်ခံလိုက်ရသည်။

သခင်လေးလန်ထျန်၏ အမူအရာက ငေးငိုင်ပျောက်ဆုံးသွား၏။ သူ၏ မျက်လုံးထဲမှာ မသေဆုံးခင် မည်သည့်ကြောက်ရွံ့မှုမှမရှိဘဲ အဆုံးမဲ့တုန်လှုပ်မှုသာလျှင်ရှိနေ၏။

သူ၏ ကပ်ဘေးရှစ်ခု စိတ်ဝိညာဥ်ရတနာ ခုခံရေးဒိုင်းကာသည် သိုင်းတာအိုပင်မခန္ဓာ၏ ထိုးချက်တစ်ချက်ဖြင့် ထိုးဖောက်ခံရပြီး ကြေမွသွားလိမ့်မည်ဟု သူက လုံးဝထင်မှတ်မထားပေ။

အင်မော်တယ်မြို့တော်ငါးမြို့၏ နောက်ထပ် မြို့တော်အရှင်တစ်ဦးက သေဆုံးသွားပြီဖြစ်သည်။

“ကပ်ဘေးရှစ်ခုစိတ်ဝိညာဥ်ရတနာကတောင် သူ့ကို မတားဆီးနိုင်ဘူးလား”

“ဘယ်လောက်တောင်ကြောက်စရာကောင်းတဲ့ ကိုယ်ကာယနဲ့ စွမ်းအားကြီးမားတဲ့ သွေးချီလဲ”

လင်းလေက တတွတ်တွတ်ရေရွတ်နေမိ၏။ သူသည် သူ့အဖေ၏ အမွေအနှစ်အများစုကို ဆက်ခံရရှိထားပြီး သူ့မှာ သူ၏ ကိုယ်ပိုင်အခွင့်အလမ်းများနှင့် ကြုံကြိုက်ရရှိမှုများ ရှိခဲ့လေသည်။

သူ့အမေ သူ့အား သင်ကြားပေးထားသည့် လျှို့ဝှက်အတတ်များစွာနှင့်အတူ သူသည် တစ်ယောက်တစ်ယောက်ချင်းတိုက်ခိုက်ရမည်ဆိုပါက အဆင့်တူများကြားမှာ ပြိုင်ဘက်ကင်းနေပြီဟု သူ့ကိုယ်သူယုံကြည်ထားခဲ့၏။

သို့သော်ယခု သိုင်းတာအိုပင်မခန္ဓာ ထုတ်ဖော်လိုက်သောစွမ်းအားမှာ လင်းလေပင် နောက်ဆုတ်ဖို့တွေးလာရပြီး သူက တိုက်ခိုက်ရဲခြင်း မရှိတော့ပေ။

ယခုအချိန်မှာ သူတွေ့မြင်နေရသည့်အရာသည် သိုင်းတာအိုပင်မခန္ဓာ၏ ရေခဲတောင်ထိပ်ဖျားမျှသာဖြစ်သည်ကို လင်းလေက ယခုအချိန်ထိ နားလည်သဘောပေါက်ခြင်း မရှိသေးပေ။

All Chapters