← Chapters

တျဲယွဲ့၏ အရိပ်လက္ခဏာ

Vol. 163 Ch. 2435

တျဲယွဲ့၏ အရိပ်လက္ခဏာ

Vol. 163 Ch. 2435

ခန်းမ၏ အလယ်ခြံဝန်းထဲမှာ ဆူဇီမိုသည် ထောင်ယောင်ကို ယခုတင် ကူညီကာ အောက်သို့ ချပေးပြီးနောက် သူ၏ နောက်ဘက်မှ ရုတ်ရုတ်သဲသဲ အခြေအနေတစ်ခုကို ခံစားမိလိုက်၏။

“ဟမ်”

သူက နောက်သို့ တစ်ချက်လှည့်ကြည့်ပြီးနောက် ဒေါသချောင်းချောင်းထွက်လာခဲ့၏။

ထိုအခိုက်အတန့်မှာ အရာအရာတိုင်းက ဖရိုဖရဲဖြစ်နေ၏။ ခြံဝင်းထဲမှာရှိသော အင်မော်တယ် မက်မွန်ပင်က အကိုင်းအခက်ပေါင်းများစွာကို ဆန့်ထုတ်ပြီး သူနှင့် ထောင်ယောင်ရှိရာဘက်သို့ ရစ်ပတ်လာခဲ့၏။

အင်မော်တယ် မက်မွန်ပင်က ထောင်ယောင်၏ သွေးကို စုပ်ယူဖို့ ကြိုးစားနေဆဲဖြစ်သည်။

ဆူဇီမိုက ဓားကွက်တစ်ခုကို ဆင့်ခေါ်ပြီး လက်ပြန်ခုတ်ပိုင်းချလိုက်၏။

ဖောက်….

မက်မွန်ပင်ကိုင်းများစွာက အလယ်ကနေ ပိုင်းဖြတ်ချခြင်း ခံလိုက်ရ၏။

နီရဲနေသော သွေးများက မက်မွန်ပင်ကိုင်းများကနေ ဖိတ်စင်ပြန့်ကျဲထွက်ပေါ်လာ၏။

တစ္ဆေသရဲများ ငိုကြွေးနေသည့်အလား အင်မော်တယ်မက်မွန်ပင်၏ ခန္ဓာကိုယ်ကနေ စူးရှသော နာကျင်စွာ အော်ဟစ်သံက ထွက်ပေါ်လာ၏။

ထောင်ယောင်၏ သွေးဖြင့် အဆက်မပြတ် အားဖြည့်မွမ်းမံမှုအောက်မှာ အင်မော်တယ်မက်မွန်ပင်သည် တဖြည်းဖြည်း အသိစိတ်ကို ရရှိလာခဲ့ပြီဖြစ်၏။

“နတ်ဆိုးသစ်ပင်… မင်း ငါ့ရှေ့မှာ ဘယ်လိုတောင် မောက်မာရဲတာလဲ”

ဆူဇီမို၏ အမူအရာက အေးစက်နေပြီး သူက ရှေ့သို့တက်လှမ်းကာ အင်မော်တယ်မက်မွန်ပင်ကို အမြစ်ကနေ ဆွဲနှုတ်ဖို့ ပြင်လိုက်၏။

အစက သူ၏ ရင်ခွင်ထဲမှာ ရှိနေသော ထောင်ယောင်က သူ၏ အင်္ကျီလက်စကို ညင်သာစွာဆွဲပြီး ခပ်တိုးတိုးပြောလိုက်၏။

“သခင်လေး… သူ့ကို ကျုပ်အတွက် ထားပေး”

“မင်းအတွက်လား”

ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်ပြီး ထောင်ယောင်၏ အားနည်းနေသော အခြေအနေကို တွေ့မြင်သောအခါ သူက စိုးရိမ်ပူပန်သွား၏။

ထောင်ယောင်က ပြန်ဖြေခြင်း မရှိဘဲ ကြိုးစား၍ မတ်တတ်ရပ်ပြီး သူ၏ လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်၏။

ရုတ်တရက် သူ၏ လက်ချောင်းများက မက်မွန်ပင်ကိုင်းများအဖြစ် အသွင်ပြောင်းလဲသွားပြီး တစ်ဖက်မှာရှိသော တစ်ဖက်မှာရှိသော အင်မော်တယ်မက်မွန်ပင်ကို ထိုးဖောက်လိုက်၏။ ။

ထောင်ယောင်က သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ပြီး သူ၏ ဓမ္မပညာရပ်ကို လှည့်ပတ်ကာ တီးတိုးရေရွတ်လိုက်၏။

“ဒီနှစ်တွေထဲမှာ မင်း ငါ့ရဲ့သွေးကို စားသုံးခဲ့တာ အရမ်းများနေပြီ… အခု အဲဒါကို ပြန်ယူရမယ့်အချိန်ပဲ”

သူက အင်မော်တယ်မက်မွန်ပင်၏ အသက်ဓာတ် အဆီအနှစ်ကို စုပ်ယူနေ၏။

ဝေါ… ဝေါ… ဝေါ…

အင်မော်တယ်မက်မွန်ပင်က ရူးသွပ်စွာ ယိမ်းထိုးလာပြီး ၎င်း၏ ခန္ဓာကိုယ်က ခါယမ်းလာခဲ့၏။ သူက ခုခံဖို့အတွက် လှုပ်ရှားရုန်းကန်နေသည့်အလား သူ၏ ခန္ဓာကိုယ်ကနေ စူးရှသော ငိုကြွေးသံတစ်သံက ထွက်ပေါ်လာလေသည်။

အချိန်ကြာလာသည့်နှင့်အမျှ အင်မော်တယ်မက်မွန်ပင်၏ ပင်စည်နှင့် အကိုင်းအခက်များက ခြောက်ကပ်လာခဲ့၏။

သို့သော်လည်း ထောင်ယောင်၏ အခြေအနေက တဖြည်းဖြည်းသက်သာလာပြီး သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အသားများက ပြည့်ဝလာကာ သူ၏ မျက်နှာက အသားအရောင်တချို့ကို ပြန်လည်ရရှိလာ၏။

ဖောက်… ဖောက်… ဖောက်…

ထိုစဉ်မှာပင် အင်မော်တယ်မက်မွန်ပင်ပေါ်မှာ စုဖွဲ့ထားသော သွေးမက်မွန်များက ပေါက်ကွဲထွက်သွားပြီး အမြုတေသွေးက ဖိတ်စင်ပြန့်ကျဲသွား၏။

အင်မော်တယ်မက်မွန်ပင်၏ အော်ရာက တလိပ်လိပ်ထိုးတက်လာပြီး ၎င်းသည် ခုခံတိုက်ခိုက်ဖို့အတွက် အမြုတေသွေးကို အသုံးချကာ ထောင်ယောင်၏ မျိုးဆက်သွေးနှင့် အသက်ဓာတ်အဆီအနှစ်ကို စုပ်ယူဝါးမျိုချင်လေသည်။

ထောင်ယောင်၏ ခန္ဓာကိုယ်က ယိမ်းထိုးသွားပြီး သူက လဲကျလုမတတ်ဖြစ်သွားရ၏။

သူ၏ ခန္ဓာကိုယ်ထဲရှိ ဓမ္မတာအိုက လည်ပတ်လာပြီး သူ၏ ပုံရိပ်က ပျောက်ကွယ်သွား၏။ နေရာမှာပင် ပင်ယန်းမြို့ရှိ ခြံဝင်းထဲမှာတုန်းကနှင့် ဆင်တူစွာ မက်မွန်ပင်တစ်ပင်၏ ပုံပန်းသဏ္ဌာန်က ပေါ်ထွက်လာ၏။

ဤနှစ်များ အားလုံးမှာ သူသည် အကျဉ်းကျ၍ ဖမ်းဆီးချုပ်နှောင်ခံထားရ၏။ သူ၏ ခန္ဓာကိုယ်က တကယ်ပင် ဆိုးဆိုးဝါးဝါးအခြေအနေကို ရောက်ရှိနေ၏။

ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်ပြီး ထိုဖြစ်စဉ်ကို ဟန့်တားနှောင့်ယှက်ဖို့အတွက် အချိန်မရွေးတိုက်ခိုက်ရန် ပြင်လိုက်၏။

အလွန်ဆုံး သူက အင်မော်တယ် မက်မွန်ပင်ကို ဖျက်ဆီးပစ်ရပေလိမ့်မည်။

နှစ်ဖက်စလုံးက ခဏကြာသည်အထိ မျှခြေတစ်ခုမှာ လွန်ဆွဲနေကြ၏။

ရုတ်တရက်ဆိုသလို….

ထောင်ယောင် အသွင်ပြောင်းလဲထားသော မက်မွန်ပင်၏ အောက်ဘက်မှာ ခပ်ဝါးဝါး ပုံရိပ်ယောင်တစ်ခုက ပေါ်ထွက်လာ၏။

၎င်း၏ ပုံပန်းသွင်ပြင် အတိအကျကို မတွေ့မြင်ရသော်လည်း အဲဒါက အမျိုးသမီးတစ်ယောက်ဖြစ်သည်ကို သိရှိနိုင်လေသည်။ သူမ ဝတ်ဆင်ထားသည့် သွေးနီရောင်ဝတ်စုံက အနည်းငယ် သိသာထင်ရှားနေ၏။

ဆူဇီမိုက ဆတ်ခနဲ တုန်ယင်သွား၏။

သူက ငေးငိုင်စွာဖြင့် ထျန်ဟွမ်ကုန်းမြေတိုက်ရှိ ပင်ယန်းမြို့မှ ထိုညသို့ ပြန်လည်ရောက်ရှိသွားပုံရ၏။ လရောင်က ရေကဲ့သို့ ကြည်လင်နေပြီး မက်မွန်ပွင့်များက တစ်ပွင့်ပြီးတစ်ပွင့် ကျဆင်းနေ၏။ မက်မွန်ပင်အောက်မှာ ထိုအမျိုးသမီးက မတ်တတ်ရပ်နေပြီး သူမသည် မော်တယ်လောကသို့ ဆင်းသက်လာသည့် နတ်သမီးတစ်ပါး ဖြစ်သည့်အလား သူမကို မြူခိုးတစ်လွှာက လွှမ်းခြုံထားပုံရလေသည်။

ထိုညက အမျိုးသမီးသည် မက်မွန်ပင်အောက်မှာ ဓမ္မတာအိုကို သင်ကြားပေးပြီး သူ့ကို ကျင့်ကြံရေးလမ်းကြောင်းပေါ်သို့ ဆွဲတင်ပေးခဲ့သည့်ည ဖြစ်လေသည်။

ထောင်ယောင်သည်လည်း တျဲယွဲ့၏ လမ်းညွှန်ပြသမှုဖြင့် အသိစိတ်ကို ရရှိလာခဲ့၏။

တျဲယွဲ့သည် သူ၏ အစစ်အမှန်အသွင်အပြင်ကို ထုတ်ဖော်ပြသခြင်း မရှိဘဲ မလှမ်းမကမ်းမှာရှိသော အင်မော်တယ်မက်မွန်ပင်ကို ကျောပေးထားသော်လည်း အင်မော်တယ်မက်မွန်ပင်၏ ဘေးပတ်လည်မှာရှိသော ဓမ္မတာအိုက ထိုပုံရိပ်ပေါ်ထွက်လာသည့် ခဏမှာပင် ချက်ချင်းလဲပြိုကျသွား၏။ အင်မော်တယ်မက်မွန်ပင်ထံမှ ငိုရှိုက်သံတစ်သံ ထွက်ပေါ်လာပြီးနောက် ၎င်းက တိတ်ဆိတ်ငြိမ်သက်ကာ ခုခံဖို့ကို လက်လျှော့သွား၏။

ဝေါ…

သိပ်သည်းပြင်းထန်ကြီးမားသော အသက်ဓာတ်အဆီအနှစ်ပမာဏတစ်ခုက ထောင်ယောင်၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် တလိပ်လိပ်တိုးဝင်လာ၏။

ထောင်ယောင်၏ အော်ရာက အဆက်မပြတ် မြင့်တက်လာခဲ့လေသည်။

အင်မော်တယ်မက်မွန်ပင်ကတော့ ၎င်းသည် လျင်မြန်စွာ အိုစာ၍ ၎င်း၏ အရွက်များက ညှိုးခြောက်လာခဲ့၏။ သူတို့က အသက်ဓာတ်ကင်းမဲ့သော အော်ရာတစ်ခုနှင့်အတူ တစ်ရွက်ပြီးတစ်ရွက် ကြွေကျသွား၏။

လေထဲရှိ တိုက်ပွဲနယ်မြေမှာ စုန့်ရွှမ်သည် ခန်းမ၏ အလယ်ရှိ ရုတ်ရုတ်သဲသဲအခြေအနေကို အာရုံခံမိသွားပြီး သူ၏ လက်ထဲမှာ ဓားစာခံတစ်ယောက် ရှိခဲ့သည်ကို သူက ရုတ်တရက်အမှတ်ရသွား၏။

မိစ္ဆာမဟာမြေမှ အထီးကျန်သိုင်းသခင်သည် ထောင်ယောင်အတွက် ဤနေရာသို့ တစ်ယောက်တည်း ရောက်လာခဲ့သည်ဆိုမှတော့ ဤတာအိုကလေးငယ်က ဤလူ့အတွက် အလွန်တရာအရေးပါကြောင်း သိသာနေ၏။

သူက ထောင်ယောင်ကို ဖမ်းဆီးထားမည်ဆိုလျှင် အဲဒါသည် ဤလူ၏ အားနည်းချက်ကို ဆုပ်ကိုင်ထားနိုင်ခြင်းနှင့် တူပေလိမ့်မည်။

သို့သော်လည်း ယခုအချိန်မှာ သူနှင့် သခင်လေးလန်ထျန်သည် သိုင်းတာအိုပင်မခန္ဓာ၏ စောင့်ကြည့်ခြင်းခံနေရ၏။ သူတို့က နောက်သို့ဆုတ်ခွာဖို့နေနေသာ စိတ်အာရုံပျက်ယွင်းရဲခြင်းပင် မရှိပေ။

သူက တခြားသူများကိုသာ အမိန့်ပေးနိုင်လေသည်။

“ကျန့်ရွှမ်ယို… တခြားလူတွေကိုခေါ်ပြီး ဟိုတာအိုကလေးငယ်ကို မြန်မြန်သွားဖမ်းလိုက်”

စုန့်ရွှမ်က ကျယ်လောင်စွာ အော်ပြောလိုက်သော်လည်း သူက သိုင်းတာအိုပင်မခန္ဓာကို မမှိတ်မသုန် စိုက်ကြည့်နေဆဲဖြစ်၏။ ထိုသူက ရုတ်တရက်တိုက်ခိုက်လာမည်ကို သူက စိုးရိမ်ကြောက်လန့်နေ၏။

ကျန့်ရွှမ်ယိုနှင့် အခြားသူများကလည်း နားလည်သဘောပေါက်သွားပြီး ထောင်ယောင်ထံသို့ အလောတကြီး ထွက်ခွာသွားကြ၏။

“ဟမ်”

သိုင်းတာအိုပင်မခန္ဓာ၏ အကြည့်က ရွေ့လျားသွားပြီး သူက သူ၏ အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်ကာ လက်ဟန်ချိပ်စည်းများကို ထပ်တလဲလဲ ထုတ်ဖော်လိုက်၏။

ရွှစ်…

ရုတ်တရက် ကျန့်ရွှမ်ယိုနှင့် အခြားပကတိအမော်တယ်ပညာရှင်များ၏ ခန္ဓာကိုယ်များထဲကနေ နီရဲနေသော မီးတောက်များက ပစ်လွင့်ထွက်ပေါ်လာပြီး သူတို့၏ ခန္ဓာကိုယ်ကို အတွင်းအပြင် လွှမ်းခြုံသွားလေသည်။

“အား… အား…. အား….”

လူတိုင်းက သူတို့၏ ခန္ဓာကိုယ်များကို အဆက်မပြတ် ကုတ်ခြစ်ပြီး စူးစူးဝါးဝါး အော်ဟစ်လိုက်ကြ၏။

တချို့က ဓမ္မပညာရပ်များနှင့် လျှို့ဝှက်အတတ်များကို အလောတကြီးထုတ်ဖော်လိုက်ကြ၏။

သို့သော်လည်း ထွက်ပေါ်လာသော ဓမ္မစွမ်းအားများက မီးတောက်များအတွက် လောင်စာဖြစ်လာခဲ့၏။ နီရဲနေသော မီးတောက်များက သူတို့၏ ပါးစပ်၊ နှာခေါင်း၊ မျက်လုံးနှင့် နားတို့ကနေ အဆက်မပြတ်လျှံထွက်လာ၏။

တစ်ခဏချင်းမှာပင် လူပုံသဏ္ဌာန်မီးလုံးများက ခန်းမထဲမှာ ပေါ်ထွက်လာ၏။

အသက်ရှူချိန် အနည်းငယ်အတွင်းမှာ တချို့သူများ၏ အမြုတေစိတ်ဝိညာဉ်များက သေသည့်တိုင်အောင် လောင်ကျွမ်းခံလိုက်ရပြီဖြစ်ပြီး ထူးဆန်းသော သွေးနီရောင်ကြာပန်း အမှတ်အသားများက နေရာမှာပင် ပေါ်ထွက်လာ၏။

“အနီရောင်ကြာပန်းကြမ္မာမီး”

စုန့်ရွှမ်က ထိုအမှတ်အသားကို တွေ့မြင်သောအခါ ပျက်ယွင်းနေသော အမူအရာဖြင့် အံ့အားတသင့် ရေရွတ်လိုက်၏။

တကယ်တော့ ပကတိအမော်တယ်အများစုသည် အစစ်အမှန်အမြုတေကို စုဖွဲ့ခြင်းနှင့် သူတို့၏ တာအိုသစ်သီးများကို အသက်သွင်းခြင်းဖြင့် သူတို့၏ ကျင့်ကြံမှုကို အသုံးချကာ အနီရောင်ကြာပန်းကြမ္မာမီး၏ ရိုက်ခတ်မှုကို ခုခံထားနိုင်ဆဲဖြစ်၏။

သို့သော်လည်း လူတိုင်းသည် သူတို့ကိုယ်သူတို့သာ အနိုင်နိုင်ကာကွယ်နေရပြီး ထောင်ယောင်ကို မည်သူကမှ အရေးမလုပ်နိုင်တော့ပေ။

ကူလျှိုသည် ခန်းမထဲရှိ မီးတောက်များနှင့် ပြန့်ကျဲနေသော အလောင်းများကို ကြည့်လိုက်၏။ သူသည် ဤနေရာကနေ ထွက်ပြေးချင်ရလောက်အောင် ထိတ်လန့်ကြောက်ရွံ့လာခဲ့ပြီဖြစ်၏။

ထိုအတွေးက သူ၏ စိတ်ထဲသို့ ဝင်ရောက်လာသည့် ခဏမှာပင် သူ၏ သူငယ်အိမ်က တဆတ်ဆတ်လှုပ်သွားပြီး သူက သန်မာသော အန္တရာယ်အငွေ့အသက်တစ်ခုကို ခံစားမိလိုက်၏။

“အဲဒါတော့ ဆိုးပြီ”

ကူလျှိုက ရင်တစ်ချက်ထိတ်သွား၏။ သူက တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ သူ့ကိုယ်သူကာကွယ်ဖို့အတွက် အဖော်မဲ့တိမ်စိုင်တောင်ထွတ်ကို သူ့ရှေ့သို့ ရွှေ့ပြောင်းလိုက်၏။

တကယ်ပင် သိုင်းတာအိုပင်မခန္ဓာက ပြေးဝင်လာခဲ့ပြီဖြစ်၏။

ဘုန်း….

အဖော်မဲ့တိမ်စိုင်တောင်ထွတ်နှင့် ရင်ဆိုင်ရချိန်မှာ သိုင်းတာအိုပင်မခန္ဓာက ရှောင်တိမ်းခြင်း မရှိဘဲ ရှေ့သို့ ပစ်ထိုးလိုက်၏။

သူ့ရှေ့မှာ အဖော်မဲ့တိမ်စိုင်တောင်ထွတ် ခြားထားသော်လည်း ကူလျှိုသည် သိုင်းတာအိုပင်မခန္ဓာ၏ ထိုးချက်ကနေ ထွက်ပေါ်လာသည့် တုန်လှုပ်စရာကောင်းသော နတ်ဘုရားစွမ်းအားကို အာရုံခံမိနိုင်ဆဲဖြစ်၏။

အဖော်မဲ့တိမ်စိုင်တောင်ထွတ်က မည်သို့ပင်ဆိုစေ သန့်စင်ယန်စိတ်ဝိညာဉ်ရတနာတစ်ခုဖြစ်ပြီး သိုင်းတာအိုပင်မခန္ဓာ၏ ထိုးချက်မှ စွမ်းအားအများစုကို ချေဖျက်ပေးနိုင်၏။

ထိုသို့ဆိုလျှင်တောင် ကူလျှိုက ဆတ်ခနဲတုန်ယင်သွားပြီး သူ၏ လက်နှစ်ဖက်က ထုံကျင်ကာ မည်သည့်ခံစားမှုကိုမှ မရရှိတော့ပေ။

သူက ထွက်ပြေးတော့မည်ဆဲဆဲမှာပင် သိုင်းတာအိုပင်မခန္ဓာ၏ ဒုတိယမြောက်ထိုးချက်က ဆင်းသက်လာခဲ့၏။

ဘုန်း…

ကူလျှိုသည် ဘာမှမတတ်နိုင်ဘဲ အဖော်မဲ့တိမ်စိုင်တောင်ထွတ်ကိုသာ ပင့်မြှောက်ပြီး ဒုတိယမြောက် ဤတိုက်ခိုက်မှုကို ခုခံလိုက်ရ၏။

ဘုန်း…

သိုင်းတာအိုပင်မခန္ဓာက နောက်တစ်ဖန်တိုက်ခိုက်လိုက်၏။

တတိယမြောက်ထိုးချက်က ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ထိုထိုးချက်က အဖော်မဲ့တိမ်စိုင်တောင်ထွတ်ပေါ်သို့ ဆင်းသက်သွားသောအခါ သိုင်းတာအိုပင်မခန္ဓာက ကူလျှိုကို ကြည့်ပင်မကြည့်တော့ဘဲ လှည့်ထွက်သွား၏။

ကူလျှိုသည် အဖော်မဲ့တိမ်စိုင်တောင်ထွတ်ကို လက်နှစ်ဖက်ဖြင့် ပင့်မြှောက်ထားရင်း လေထဲမှာ မလှုပ်မယှက် မတ်တတ်ရပ်နေ၏။

နောက်ခဏ၌ သူ၏ အကြည့်က မှေးမှိန်သွားပြီး သူ၏ အသက်ဓာတ်အားက လျင်မြန်စွာလျော့ကျကာ နေရာမှာပင် သေဆုံးသွား၏။

လူနှင့် တောင်ထွတ်က အတူတကွ ကျဆင်းလာခဲ့၏။

ထိုးချက်သုံးချက်…

သူသည် ခုခံဖို့အတွက် ကပ်ဘေးကိုးခုသန့်စင်ယန်စိတ်ဝိညာဉ်ရတနာကို အသုံးပြုခဲ့သော်လည်း ကူလျှိုသည် ထိုးချက်သုံးချက်ကို ခံနိုင်ရည်မရှိဘဲ နေရာမှာပင် သေဆုံးသွားရ၏။

All Chapters