အင်မော်တယ်ဘုရင်တွေတောင် မင်းကိုကယ်နိုင်မှာ မဟုတ်ဘူး
Vol. 163 Ch. 2438
ဘုန်း...
ကျယ်လောင်သောမြည်သံနှင့်အတူ မြေပြင်က လှုပ်ခါသွား၏။
ကျောက်စိမ်းမိုးကောင်းကင် လက်နက်ခြောက်လက်က အလွန်တရာကြောက်စရာကောင်းသော ရိုက်ခတ်မှုတစ်ခုကို တွေ့ကြုံလိုက်ရပြီး ချက်ချင်းပင်ပေါက်ကွဲထွက်သွား၏။
ဧရာမစတုရန်းကြေးမီးဖိုတစ်လုံးက လေထုကိုဆုတ်ဖြဲပြီး ရှေးကျသောအော်ရာတစ်ခုနှင့်အတူ လေထဲမှာ ထောင်မတ်နေ၏။
လေဟာနယ်ကပင် စတုရန်းကြေးမီးဖို၏ ဆင်းသက်လာမှုကို ခံနိုင်ရည်မရှိဘဲ တွန့်လိမ်သွား၏။ သိုင်းတာအိုပင်မခန္ဓာသည် စုန့်ရွှမ်နှင့် ဆက်လက်၍ အချိန်ဆွဲနေဖို့ စိတ်ကူးမရှိတော့ပေ။ သူက ငရဲဖိနှိမ်မီးဖိုကိုဆင့်ခေါ်ပြီး ၎င်း၏ အန္တိမနတ်ဘုရားခွန်အားနှင့်အတူ သန့်စင်ယန်စိတ်ဝိညာဥ်ရတနာခြောက်ခုကို လွင့်စင်ထွက်သွားစေ၏။
ငရဲဖိနှိမ်မီးဖိုက မဟာဧကရာဇ်လက်နက်တစ်ခုဖြစ်ခဲ့၏။
ထိုမီးဖိုက ပျက်စီးထိခိုက်၍ အထွတ်အမြတ်ဝိညာဥ်လေးခု အိပ်မောကျနေခဲ့စဥ်က ထိုဧကရာဇ်လက်နက်သည်စွမ်းအားများစွာကို မထုတ်ဖော်နိုင်ခဲ့ပေ။ ၎င်းသည် မနှိုင်းယှဥ်သာအောင်မာကြော၍ ပြင်ပဝတ္ထုပစ္စည်းများဖြင့် မလှုပ်ခတ်စေနိုင်ရုံမျှသာဖြစ်ခဲ့၏။
သို့သော်ယခု... မီးဖို၏ ကိုယ်ထည်က ပြန်လည်ကောင်းမွန်လာခဲ့ပြီး အထွတ်အမြတ်ဝိညာဥ်လေးခုကလည်း ပကတိဧကနယ်ပယ်မှာ သူတို့၏ အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်၏။
သိုင်းတာအိုပင်မခန္ဓာ၏ လက်ထဲမှာ ငရဲဖိနှိမ်မီးဖိုသည် ဒသမမြောက်ကောင်းကင်ဘုံကပ်ဘေး၏ ဆေးကြောသန့်စင်မှုကိုခံယူခဲ့၏။ အဲဒါက သန့်စင်ယန်စိတ်ဝိညာဥ်ရတနာခြောက်ခုထက် များစွာပိုမိုသန်မာလေသည်။
အသိစိတ်ရှိဓမ္မရတနာတစ်ခုသည် အလွန်ဆုံးကပ်ဘေးကိုးခုကိုသာ ခံယူနိုင်ခဲ့ပေလိမ့်မည်။
ငရဲဖိနှိမ်မီးဖိုသည် ဒသမမြောက်ကောင်းကင်ဘုံကပ်ဘေးကို ဖြတ်ကျော်ပြီးနောက် အဲဒါသည် အထက်ဘုံမှာ သီးသန့်အမျိုးအစားပစ္စည်းတစ်ခုဖြစ်လာခဲ့၏။ တကယ်ဆို အဲဒါသည် အနန္တမဟာဧကရာဇ်၏ မျိုးဆက်မှာတုန်းကထက်ပင် ပိုမိုသန်မာလာခဲ့၏။
သိုင်းတာအိုပင်မခန္ဓာသည် ငရဲဖိနှိမ်မီးဖိုကို သူ၏ လက်တစ်ဖက်ဖြင့် ထောက်ထားပြီး ရှေ့သို့တက်လှမ်းကာ ထိုအရာကို စုန့်ရွှမ်ထံသို့ ပစ်ပေါက်ချလိုက်၏။
မီးဖိုပေါ်ရှိ အထွတ်အမြတ်ဝိညာဥ်လေးခုက တစ်ချိန်တည်းမှာ နိုးထလာပြီး သက်ရှိများအားလုံးကို လှုပ်ခတ်သွားစေမည့် ကျယ်လောင်သောဟိန်းဟောက်သံကို ထုတ်ဖော်လိုက်၏။
အထွတ်အမြတ်ဝိညာဥ်လေးခုသည် မျိုးနွယ်စုတစ်သောင်းကြားမှာ ထိပ်တန်းတည်ရှိမှုများဖြစ်ကြ၏။ သူတို့က တစ်ချိန်တည်းမှာပေါ်ထွက်လာသောအခါ သူတို့သည် သိပ်သည်းပြင်းထန်ကြီးမားသည့် စွမ်းပကားတစ်ခုကိုထုတ်ဖော်လိုက်၏။
ငရဲဖိနှိမ်မီးဖိုအောက်မှာ စုန့်ရွှမ်၏ မျိုးဆက်သွေးက လုံးဝဖိနှိမ်ခံလိုက်ရပြီး သူ့အနေဖြင့် သူ့လက်ကိုပင်မြှောက်ဖို့ အလွန်တရာခက်ခဲလာခဲ့၏။
“ကျောက်စိမ်းမိုးကောင်းကင် လက်နက်ခြောက်လက်...”
စုန့်ရွှမ်က ဟိန်းဟောက်လိုက်ပြီး သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို နောက်တစ်ဖန်လှည့်ပတ်ကာ သန့်စင်ယန်စိတ်ဝိညာဥ်ရတနာခြောက်ခုကို သူ့ရှေ့မှာ စုစည်းလိုက်၏။
သူသည် ငရဲဖိနှိမ်မီးဖို၏ စွမ်းအားကို ခုခံလိုနေ၏။
ကျောက်စိမ်းမိုးကောင်းကင် လက်နက်ခြောက်လက်က စုန့်ရွှမ်၏ ဦးခေါင်းပေါ်မှာ ခံစစ်အကာအရံအလွှာတစ်ခုကို ဖြစ်ပေါ်လာစေ၏။
စုန့်ရွှမ်က ခေါင်းမော့ကြည့်ပြီးနောက် သူ၏ အမူအရာကပြောင်းလဲကာ သူ၏ သူငယ်အိမ်နှစ်ဖက်က တင်းကျပ်သွား၏။
ကျောက်စိမ်းမိုးကောင်းကင် လက်နက်ခြောက်လက်ပေါ်တွင် သေးငယ်သော အက်ကွဲကြောင်းများ ပေါ်ထွက်နေပြီဖြစ်၏။
ကျောက်စိမ်းမိုးကောင်းကင် လက်နက်ခြောက်လက်က ငရဲဖိနှိမ်မီးဖိုနှင့် ထိတွေ့မိသည့်ခဏမှာပင် သူတို့က ကွဲအက်သွားခဲ့ကြ၏။
ဝုန်း...
ငရဲဖိနှိမ်မီးဖိုက ဆင်းသက်လာပြီး ကျောက်စိမ်းမိုးကောင်းကင်လက်နက်ခြောက်လက်ကို နောက်တစ်ဖန်ဖိချလိုက်၏။
ကျောက်စိမ်းမိုးကောင်းကင် လက်နက်ခြောက်လက်က စုန့်ရွှမ်၏ ရှေ့မှာ ပေါက်ကွဲထွက်သွားပြီး သေးငယ်သော ကျောက်စိမ်းအစအနများအဖြစ် ပြောင်းလဲကာ အဘက်ဘက်ကို ပြန့်ကျဲထွက်သွား၏။
သိပ်သည်းပြင်းထန်ကြီးမားသော အင်အားအောက်မှာ ကျောက်စိမ်းအစအနတချို့သည် စုန့်ရွှမ်၏ ခန္ဓာကိုယ်ထဲသို့ဝင်ရောက်ပြီး သွေးသံရဲရဲအပေါက်များဖြစ်ပေါ်လာစေ၏။
စုန့်ရွှမ်၏ ခန္ဓာကိုယ်က စကာပေါက်ဖြစ်သွား၏။
သို့သော်လည်း အဲဒါသည် ပကတိအင်မော်တယ်ပညာရှင်များအတွက် သေစေနိုင်သော ထိခိုက်ဒဏ်ရာမဟုတ်ပေ။
ရုတ်တရက်ဆိုသလို...။
သိပ်သည်းပြင်းထန်ကြီးမားသော စိတ်ဝိညာဥ်အသိစိတ်ဖိအားတစ်ခုက ဆင်းသက်လာပြီး လန့်ဖုန်းမြို့တော်အထက် လေဟာနယ်က အက်ကွဲသွား၏။
“မိစ္ဆာ... မင်းဘယ်သူလဲ မင်းက ကျောက်စိမ်းမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာ ဘယ်လိုတောင် မောက်မာစော်ကားရဲနေတာလဲ”
အမျက်ဒေါသဖြင့် ပြည့်နှက်နေသောအသံက ထွက်ပေါ်လာ၏။
ဝှစ်...
ထိုအော်သံနှင့်အတူ လေထဲရှိအက်ကွဲကြောင်းထဲကနေ ထိုပုံရိပ်က ပေါ်ထွက်မလာခင်မှာပင် သူက ဧရာမလက်တစ်ဖက်ကို ဆန့်ထုတ်ပြီး သိုင်းတာအိုပင်မခန္ဓာကို ရိုက်ချလိုက်၏။
အဲဒါသည် အင်မော်တယ်ဘုရင်တစ်ပါးပိုင်ဆိုင်သောစွမ်းအားဖြစ်လေသည်။
စဦးကျွမ်းကျင်မှုကိုရရှိထားသည့် အစစ်အမှန်သိုင်းတာအိုခန္ဓာပင်လျှင် အဲဒါကိုခံနိုင်ရည်မရှိပေ။
“စီနီယာ ကျုပ်ကိုကယ်ပါဦး”
စုန့်ရွှမ်က သူ၏ အစွမ်းကုန်ရှိသမျှနှင့် အော်ဟစ်လိုက်ပြီး သူ၏ မျက်လုံးများက ရှင်သန်လိုသော သန်မာအားကောင်းသည့် စိတ်ဆန္ဒဖြင့် နောက်တစ်ဖန်တောက်ပလာ၏။
ယခုအချိန်မှာ နန်းတော် ၁၂ခု မှ အင်မော်တယ်ဘုရင်ပညာရှင်တစ်ဦးက ဆင်းသက်ရောက်ရှိလာခဲ့ပြီဖြစ်ပြီး သူက ရှင်သန်နိုင်တော့မည်ဖြစ်၏။
“ဟမ့်...”
သိုင်းတာအိုပင်မခန္ဓာက အေးစက်နေသောအကြည့်ဖြင့် စုန့်ရွှမ်ကို ခပ်စိမ်းစိမ်းစိုက်ကြည့်ပြီး ပြောလိုက်၏။
“အင်မော်တယ်ဘုရင်တွေတောင်မှ ငါသတ်ချင်တဲ့လူတစ်ယောက်ကို ကယ်တင်နိုင်မှာမဟုတ်ဘူး”
သိုင်းတာအိုပင်မခန္ဓာသည် ငရဲဖိနှိမ်မီးဖိုကို ထိန်းချုပ်ပြီး ထိုအရာကို လေထဲကနေဆင်းသက်လာသည့် ဧရာမလက်ဝါးထံ ပစ်လွှတ်လိုက်၏။ တစ်ချိန်တည်းမှာပင် သူက စုန့်ရွှမ်ထံသို့ ပြေးဝင်သွားပြီး သူ၏ အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်လိုက်၏။ သူက လက်ဟန်ချိပ်စည်းများကို လက်နှစ်ဖက်ဖြင့် ထပ်တလဲလဲလှုပ်ရှားပြီး သူ၏ ရှေ့မှာ ဧရာမတံခါးတစ်ချပ်ကို စုဖွဲ့လိုက်၏။
အဲဒါသည် အနက်ရောင်ချီဖြင့် လွှမ်းခြုံနေပြီး မကောင်းဆိုးဝါးဆန်နေ၏။
တံခါးသည် အရာရာတိုင်းကို ဝါးမျိုနိုင်ပုံရပြီး အတွင်းမှာ မှောင်မည်း၍ အဆုံးမဲ့သော ချောက်နက်တစ်ခုရှိနေ၏။
“အား..”
စုန့်ရွှမ်၏ အမူအရာက ဖြူဖပ်ဖြူရော်ဖြစ်သွား၏။ တံခါချပ်မှလာသော ဝါးမျိုစွမ်းအားကို မခုခံနိုင်တော့ဘဲ သူက အထိန်းအကွပ်မဲ့စွာဖြင့် တရွတ်တိုက်ပါသွား၏။
အဲဒါသည် သိုင်းတာအိုပင်မခန္ဓာဖန်တီးထားသည့် ဓမ္မတာအို ငရဲဂိတ်တံခါးဖြစ်၏။
ဤဓမ္မတာအိုသည် ကောင်းကင်လိုဏ်ဂူတစ်ခု၏ စွမ်းအားကို မပိုင်ဆိုင်ထားသော်လည်း အဲဒါသည် ကောင်းကင်လိုဏ်ဂူတစ်ခု၏ ဂမ္ဘီရစိတ်ဝိညာဥ် အငွေ့အသက်ကို ပိုင်ဆိုင်ထားပြီဖြစ်၏။
စုန့်ရွှမ်သည် အဲဒါကို လုံးဝမခုခံနိုင်ပေ။ တစ်ခဏချင်းမှာပင် သူ၏ ခန္ဓာကိုယ်တစ်ဝက်က ငရဲဂိတ်တံခါးထဲသို့ ကျဆင်းသွား၏။
စုန့်ရွှမ်က အလျှော့မပေးသေးပေ။
နန်းတော် ၁၂ခု မှ အင်မော်တယ်ဘုရင်တစ်ပါးက ဆင်းသက်ရောက်ရှိလာ့ခဲပြီဖြစ်၏။ သူက ဤလှုပ်ရှားကွက်ကို တောင့်ခံထားနိုင်သည်နှင့် သူက သေချာပေါက်ကယ်တင်ခံရပေလိမ့်မည်။
သူက မသေချင်သေးပေ။
“ကောင်းကင်ဘုံကျောက်စိမ်းခုတ်ချက်”
စုန့်ရွှမ်က ငရဲဂိတ်တံခါးထဲမှာ ကိုယ်တစ်ပိုင်းရောက်ရှိနေပြီး မလှမ်းမကမ်းမှာရှိသော သိုင်းတာအိုပင်မခန္ဓာထံ ပြင်းထန်ကြမ်းတမ်းသော အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်တစ်ခုကို ထုတ်ဖော်လိုက်၏။
ကျောက်စိမ်းရောင်အလင်းတစ်ခုက သိုင်းတာအိုပင်မခန္ဓာ၏ နှာရောင်ထံသို့ ခုတ်ပိုင်းကျဆင်းလာ၏။ သိုင်းတာအိုပင်မခန္ဓာက ရှောင်တိမ်းခြင်းမရှိဘဲ ထိုအမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်ကို ငွေရောင်မျက်နှာဖုံးနှင့် ထိတွေ့ခွင့်ပေးလိုက်၏။
အဲဒါက နှိုးဆွခံလိုက်ရသည့်အလား မျက်နှာဖုံးကနေ ရေမျက်နှာပြင်ကဲ့သို့ ဝဲဂယက်များ ရုတ်တရက်ဖြာထွက်လာပြီး တစ္ဆေမျက်နှာများက တစ်ခုပြီးတစ်ခုပေါ်ထွက်လာ၏။
စုန့်ရွှမ်သည် အစကတည်းက ဒဏ်ရာအပြင်းအထန်ရရှိထား၏။ ယခုသူက အဝီစိ၏ မိစ္ဆာချီဖြင့် တိုက်စားခံနေရပြီး သူ့အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်၏ စွမ်းအားက အကန့်အသတ်ရှိနေကာ အဲဒါကို မာရ်နတ်မျက်နှာဖုံးက အလွယ်တကူချေဖျက်လိုက်၏။
“ဘာတုံ့ပြန်မှုမှ မရှိဘူးလား”
စုန့်ရွှမ်၏ မျက်လုံးက တွေဝေရှုပ်ထွေးမှု၊ မကျေမချမ်းမှုနှင့် မုန်းတီးမှုတို့ဖြင့် ပြူးကျယ်သွား၏။
သို့သော်လည်း သူ့မှာ အခွင့်အရေးမရှိတော့ပေ။
အဝီစိမိစ္ဆာချီက အဆက်မပြတ် တလိပ်လိပ်တိုးဝင်လာပြီး အရာရာတိုင်းကို တိုက်စားပစ်နေ၏။ အဲဒါက လက်တစ်စုံအဖြစ် အသွင်ပြောင်းလဲသွားပြီး စုန့်ရွှမ်၏ ခန္ဓာကိုယ်ကို နက်မှောင်နေသောချောက်နက်ထဲသို့ ဆွဲခေါ်ယူသွား၏။
တစ်ခဏချင်းမှာပင် စုန့်ရွှမ်က ငရဲဂိတ်တံခါး၏ ဝါးမျိုခြင်းခံလိုက်ရ၏။
ဒုန်း...
ထိုစဥ်မှာပင် ကောင်းကင်လွှမ်းခြုံလက်ဝါးသည် ငရဲဖိနှိမ်မီးဖိုနှင့် ထိတွေ့ရိုက်ခတ်ပြီး ကျယ်လောင်သောပေါက်ကွဲသံက ထွက်ပေါ်လာ၏။
အင်မော်တယ်ဘုရင်တစ်ပါး၏ စွမ်းအားက တကယ်ပင်ကြောက်စရာကောင်းလေသည်။
အထွတ်အမြတ်ဝိညာဥ်လေးခု၏ စွမ်းအားသည် ထိုလက်ဝါး၏ တုန်ခါလှိုင်းကြောင့် ပျက်ပြယ်သွားပြီး သူတို့က ချက်ချင်းပင် အိပ်မောကျသွား၏။
ငရဲဖိနှိမ်မီးဖိုကလည်း နောက်ပြန်လွင့်စင်ထွက်လာခဲ့၏။
ကောင်းကင်လွှမ်းခြုံလက်ဝါး၏ စွမ်းအားက အားပျော့မသွားဘဲ သိုင်းတာအိုပင်ခန္ဓာထံ ဆက်လက်၍ကျဆင်းလာ၏။
သိုင်းတာအိုပင်မခန္ဓာက ငရဲဖိနှိမ်မီးဖိုကိုဖမ်းယူပြီး ငရဲဂိတ်တံခါး၏ နောက်ဖက်သို့ ဝင်ရောက်ပုန်းကွယ်လိုက်၏။
ဘုန်း...
နောက်ထပ်ကျယ်လောင်သောပေါက်ကွဲသံက ထွက်ပေါ်လာ၏။
ကောင်းကင်လွှမ်းခြုံလက်ဝါးက ငရဲဂိတ်တံခါးကို ပစ်ရိုက်ချလိုက်သည်။
ချက်ချင်းပင် နက်မှောင်၍ မကောင်းဆိုးဝါးဆန်သော တံခါးချပ်ပေါ်မှာ မရေမတွက်နိုင်သော အက်ကွဲကြောင်းများ ပေါ်ထွက်လာပြီး အဲဒါက တစ်ခဏချင်းမှာပင် လဲပြိုကျသွားသည်။
ငရဲဂိတ်တံခါးက ကောင်းကင်လွှမ်းခြုံလက်ဝါးရိုက်ချက်ကြောင့် ကြေမွသွားပြီး အေးစက်နေသော အလောင်းတစ်လောင်းက လွင့်မျောထွက်ပေါ်လာ၏။
အတိအကျဆိုရလျှင် အဲဒါကို အရိုးစုတစ်ခုဟုသာ ဆိုရပေတော့မည်။
စုန့်ရွှမ်၏ ခန္ဓာကိုယ်ပေါ်ရှိ အသားအများစုက အဝီစိမိစ္ဆာချီဖြင့် တိုက်စားခံလိုက်ရပြီဖြစ်၏။ သူ၏ ခန္ဓာကိုယ်နှင့် မျက်နှာ၏ ကောက်ကြောင်းများကိုသာလျှင် ခပ်ရေးရေးမှတ်မိနိုင်တော့သည်။
နောက်ဆုံးမြို့တော်အရှင်က နေရာမှာပင် ဆိုးဆိုးဝါးဝါးသေဆုံးသွားရ၏။
ပို၍ပြောစရာရှိသည်မှာ စုန့်ရွှမ်သည် အင်မော်တယ်ဘုရင်တစ်ပါးရောက်ရှိ၍ တိုက်ခိုက်ပြီးမှ သိုင်းတာအိုပင်မခန္ဓာ၏ သတ်ဖြတ်ခြင်းခံလိုက်ရခြင်းပင်။
ဤနေရာမှာရှိသော ရုတ်ရုတ်သဲသဲအခြေအနေက လန့်ဖုန်းမြို့တော်တစ်ခုလုံးကို သတိထားမိလာစေခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။
အရေမတွက်နိုင်သောကျင့်ကြံသူများက ထိုသည်ကိုတွေ့မြင်သောအခါ တုန်လှုပ်၍ ကြက်သေသေနေကြ၏။
လေထဲရှိအက်ကွဲကြောင်းထဲကနေ ပုံရိပ်တစ်ခုက ပေါ်ထွက်လာခဲ့ပြီဖြစ်၏။
အင်မော်တယ်ဘုရင်သည် ဆိုးဆိုးဝါးဝါး သေဆုံးနေသော စုန့်ရွှမ်ကို တွေ့မြင်သောအခါ သူက ဒေါသချောင်းချောင်းထွက်သွား၏။
သိုင်းတာအိုပင်မခန္ဓာသည် သူ့ရှေ့မှာ မြို့တော်အရှင်တစ်ယောက်ကို သတ်ဖြတ်လိုက်သည့်အချက်သည် သူ၏ ဂုဏ်သိက္ခာကို ပြင်းထန်စွာထိပါးစော်ကားလိုက်ခြင်းလည်းဖြစ်၏။
“မင်းကတော့ သေချင်နေတာပဲ”
အင်မော်တယ်ဘုရင်က ဟိန်းဟောက်လိုက်ပြီး သူ၏ နောက်ဘက်မှာရှိသော လေဟာနယ်က ပြိုကျသွား၏။ သူက သူ၏ ကောင်းကင်လိုဏ်ဂူကို ဆင့်ခေါ်ပြီး သိုင်းတာအိုပင်မခန္ဓာကို နောက်တစ်ဖန်တိုက်ခိုက်လိုက်၏။
သိုင်းတာအိုပင်မခန္ဓာသည် စုန့်ရွှမ်ကို တိုက်ခိုက်ပြီးနောက် သူ၏ စိတ်ဝိညာဥ်အသိစိတ်က လှုပ်ရှားသွားပြီး သူက မြေပြင်ပေါ်မှာရှိသော တာအိုသစ်သီးများစွာကို စုယူလိုက်၏။
သူက ထို့နောက် ငရဲဖိနှိမ်မီးဖိုကို အသက်သွင်းပြီး ဘေးဘက်မှာရှိသော လေဟာနယ်ကို ပစ်ရိုက်ချလိုက်သည်။
ဘုန်း...
လေဟာနယ်က ပြိုကျသွားပြီး အက်ကွဲကြောင်းတစ်ခုပေါ်ထွက်လာ၏။
သိုင်းတာအိုပင်မခန္ဓာသည် အင်မော်တယ်ဘုရင်ကို လှောင်ပြောင်ရန်စလိုစွာကြည့်ပြီး အက်ကွဲကြောင်းထဲသို့ ခုန်ဝင်လိုက်၏။
“မင်းအတွက် ပြေးစရာနေရာမရှိစေရဘူး”
သိုင်းတာအိုပင်မခန္ဓာက ထွက်ပြေးလွတ်မြောက်တော့မည်ကို အင်မော်တယ်ဘုရင်တွေ့မြင်သောအခါ သူက စိတ်လိုက်မာန်ပါဖြင့် မည်သည့်အရာကိုမှ ဂရုမစိုက်နိုင်တော့ဘဲ နောက်ကနေပြေးလိုက်သွား၏။