← Chapters

ခက်ခဲနက်နဲသော အလှည့်အပြောင်းများ

Vol. 163 Ch. 2440

ခက်ခဲနက်နဲသော အလှည့်အပြောင်းများ

Vol. 163 Ch. 2440

အစိမ်းရောင်မိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေ၊ တိုက်ပွဲနိုင်ငံနန်းတော်မှာ….

တိတ်ဆိတ်ငြိမ်သက်နေသော အခန်းတစ်ခန်းထဲတွင် ဆေးနံ့က မွှန်ထူနေပြီး သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်က ညောင်စောင်းတစ်ခုပေါ်မှာ ခြေချိတ်ထိုင်နေ၏။ သူ၏ ဆံပင်ရှည်ကို သူ၏ နောက်ဘက်မှာ စုချည်ထားလေသည်။ သူသည် ပြင်းထန်သော နာမကျန်းမှုကနေ ပြန်လည်မသက်သာသေးပုံရပြီး သူ၏ မျက်နှာက ညှိုးခြောက်နေ၏။

ခုတင်ဘေးမှာ နက်မှောင်နေသော လှံပုဆိန်တစ်လက်ကို ထောင်ထားလေသည်။ အမျိုးသား၏ မျက်နှာက ပြတ်သားနေပြီး သူ၏ ရင်အုပ်က ကျယ်ပြန့်၏။ သူ၏ ပုံရိပ်က ဖြောင့်မတ်နေပြီး သူသည် လှံပုဆိန်နှင့် တစ်သားတည်းကျနေပုံရကာ ခံ့ညားထည်ဝါသော အော်ရာတစ်ခုကို ဖြာထုတ်ပေးနေ၏။

မလှမ်းမကမ်းမှာ စိုးရိမ်ပူပန်နေသော အမူအရာနှင့် ချောမောလှပသော သက်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ဦးက လိပ်ကျောခွံနှင့် ဆင်တူပြီး တလက်လက်တောက်ပနေသည့် ပစ္စည်းတစ်ခုကို ဆုပ်ကိုင်ထား၏။

ချောမောလှပသော သက်လတ်ပိုင်းအရွယ်အမျိုးသမီး၏ အခြားလက်တစ်ဖက်က လေဟာနယ်မှာ အဆက်မပြတ်လွှဲယမ်းပြီး သူမသည် တစ်စုံတစ်ရာကို တွက်ချက်နေသည့်အလား ထူးဆန်းသော လမ်းကြောင်းများစွာကို ကျန်ရစ်ခဲ့စေ၏။

ခဏနေပြီးနောက် သက်လတ်ပိုင်းအရွယ်အမျိုးသားက သူ၏ မျက်လုံးနှစ်ဖက်ကို ဖွင့်ပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။

“လင်းလုံ… နင် အဲဒါကို မတွက်ချက်နိုင်ဘူးဆိုရင် ကျောက်စိမ်းမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေကို ကိုယ်တိုင်လိုက်သွားပါလား”

သက်လတ်ပိုင်းအရွယ်အမျိုးသမီးက နှုတ်ဆိတ်နေပြီး သူမ၏ အလုပ်ကိုသာ အာရုံစိုက်နေ၏။ သူမသည် စိတ်အာရုံ ပျက်ယွင်းရဲခြင်း မရှိဘဲ တွက်ချက်မှုက သူမအပေါ် စွမ်းအင်များစွာကုန်ဆုံးစေသည့်အလား သူမ၏ နှာဖျားပေါ်မှာ ချွေးစက်များ ပေါ်ထွက်လာ၏။

ခဏနေပြီးနောက် ချောမောလှပသော သက်လတ်ပိုင်းအရွယ်အမျိုးသမီး၏ လက်ထဲရှိ လိပ်ကျောခွံက ရုတ်တရက် ကန်ထွက်၍ မြေပြင်ပေါ်သို့ ကျဆင်းသွား၏။ ၎င်းပေါ်ရှိ အလင်းရောင်ကလည်း လျင်မြန်စွာ မှေးမှိန်သွား၏။

ချောမောလှပသော သက်လတ်ပိုင်းအရွယ်အမျိုးသမီးက သူမ၏ မျက်လုံးထဲရှိ စိုးရိမ်ပူပန်သော အကြည့်တစ်ခုနှင့်အတူ အနည်းငယ်မောဟိုက်နေသည်။

သက်လတ်ပိုင်းအရွယ်အမျိုးသားက ထိုသည်ကို တွေ့မြင်သောအခါ တွက်ချက်ခြင်း၏ ရလဒ်က မကောင်းသည်ကို သူက သိရှိလိုက်၏။ သူက သက်ပြင်းချပြီး ပြောလိုက်၏။

“လင်းလုံ… မင်းက လေအာနဲ့ လောအာကို စိုးရိမ်နေတယ်ဆိုတာ ငါသိပါတယ်… ကျောက်စိမ်းမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေကို သွားပြီး ကလေးနှစ်ယောက်ကို ပြန်ခေါ်လာခဲ့”

“ဒါပေမဲ့….”

ချောမောလှပသော သက်လတ်ပိုင်းအရွယ်အမျိုးသမီးက တွေဝေတုံ့ဆိုင်းသောအမူအရာဖြင့် သက်လတ်ပိုင်းအရွယ်အမျိုးသားကို ကြည့်ပြီး သူမက စိုးရိမ်ပူပန်နေ၏။

“ဒါပေမဲ့… အရင်တုန်းက ထျန်ဟွမ်ကုန်းမြေတိုက်က တက်လှမ်းလာတဲ့ ဟိုကလေးကို ကယ်တင်ဖို့ အစိမ်းရောင်မိုးကောင်းကင်ကနေ ကျွန်မထွက်သွားတုန်းက တိုက်ပွဲနိုင်ငံက ဖျက်ဆီးခံရလုနီးပါးဖြစ်ခဲ့တယ်”

“ဒီတစ်ခေါက် ကျောက်စိမ်းမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေက တိုက်ပွဲနိုင်ငံနဲ့ ရှင့်ကို ပစ်မှတ်ထားနေတယ်ဆိုတာ သိသာနေတာပဲ… ကျွန်မ ဒီနေရာကနေ ထွက်သွားတာနဲ့ တိုက်ပွဲနိုင်ငံနဲ့ ရှင်က….”

သက်လတ်ပိုင်းအရွယ်အမျိုးသားက ညင်သာစွာ ပြုံးပြပြီး နှစ်သိမ့်ပေးလိုက်၏။

“မပူပါနဲ့… ဒါက ငါ့အတွက် အကောင်းဆုံးအိမ်ပဲ… ငါက နောက်ဆုံးအချိန်အထိ တိုက်ပွဲနိုင်ငံကို ကာကွယ်ပေးနိုင်မယ်ဆိုရင် ငါက ဒီနေရာမှာ သေရမယ်ဆိုရင်တောင်မှ ဘာနောင်တမှ ရှိမှာမဟုတ်ဘူး”

“ကလေးနှစ်ယောက်ကိုသာ မင်းနဲ့အတူ ပြန်ခေါ်လာခဲ့…. မင်းပြန်လာလို့ တိုက်ပွဲနိုင်ငံက ပျက်စီးသွားပြီဆိုရင် ဒီနေရာမှာ ဆက်မနေနဲ့… တိုက်ပွဲနိုင်ငံရဲ့ မြင့်မားတိုးတက်မှုက ပြီးဆုံးသွားပြီလို့မှတ်လိုက်… ကလေးတွေကို ခေါ်ပြီး မိစ္ဆာမဟာနယ်မြေကို တန်းသွား”

သက်လတ်ပိုင်းအရွယ်အမျိုးသားက သူ၏ တုတ်ခိုင်သော လက်ဖဝါးကို ဆန့်ထုတ်ပြီး သူ့ရှေ့မှာရှိသော လှံပုဆိန်ကို ပွတ်သပ်လိုက်၏။ သူ့မျက်လုံးထဲတွင် နောက်ဆုတ်လိုသော သို့မဟုတ် ကြောက်ရွံ့သော မည်သည့်အငွေ့အသက်မှ မရှိပေ။ ထိုအစား သူ၏ တိုက်ပွဲဝင်စိတ်ဝိညာဉ်က မြင့်မားနေပြီး သူက ပြောလိုက်၏။

“ငါက သူနဲ့အတူတိုက်ခိုက်ပြီး နောက်ဆုံးအချိန်အထိ တိုက်ပွဲနိုင်ငံရဲ့ မြို့သူမြို့သားတစ်ယောက်ချင်းစီကို အဖော်ပြုပေးမယ်”

သက်လတ်ပိုင်းအရွယ်အမျိုးသား၏ ဆုံးဖြတ်ချက်ပြတ်သားမှုကို အာရုံခံမိသည့်အလား လှံပုဆိန်က တစီစီအော်မြည်၍ တုန်ခါလာ၏။

ချောမောလှပသော သက်လတ်ပိုင်းအရွယ်အမျိုးသမီး၏ မျက်လုံးများက နီရဲလာပြီး သူမ၏ ရင်ထဲမှာ ဆို့နင့်နေသည်။

သက်လတ်ပိုင်းအရွယ်အမျိုးသားက သူမကို နှုတ်ဆက်နေခြင်းဖြစ်သည်ကို သူမ သိလေသည်။

ဒါ့အပြင် အဲဒါသည် သူတို့နှစ်ယောက်ကြား နောက်ဆုံးနှုတ်ဆက်မှု ဖြစ်ကောင်းဖြစ်သွားနိုင်သည်။

ချောမောလှပသော သက်လတ်ပိုင်းအရွယ်အမျိုးသမီးက အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး ပြောလိုက်၏။

“နည်းနည်းလောက် ထပ်ပြီးစောင့်ရအောင်… စောစောက ကျွန်မရဲ့တွက်ချက်မှုရလဒ်က မကောင်းဘူးဆိုပေမဲ့ အဲဒီမှာ အလှည့်အပြောင်းတစ်ခု ရှိနေတဲ့ပုံပဲ”

“အလှည့်အပြောင်းလား”

သက်လတ်ပိုင်းအရွယ်အမျိုးသားက သူ၏ ခေါင်းကို ညင်သာစွာခါပြီး ခါးသီးစွာ ပြုံးလိုက်၏။

“တစ်ဖက်အဖွဲ့က ဒီလိုမျိုးထောင်ချောက်တစ်ခုကို ခင်းကျင်းထားပြီဆိုမှတော့ ဘာအလှည့်အပြောင်းက ပေါ်ထွက်လာဦးမှာလဲ…. အဲဒီကလေးနှစ်ယောက်က အဲဒါကို လုံးဝကိုင်တွယ်နိုင်မှာ မဟုတ်တော့ဘူး”

“နောက်ပြီး မင်းရဲ့အစွမ်းအစအရဆို မင်းမတွက်ချက်နိုင်တဲ့ ဘယ်အလှည့်အပြောင်းက ရှိဦးမှာလဲ”

သက်လတ်ပိုင်းအရွယ်အမျိုးသားသည် ချောမောလှပသော သက်လတ်ပိုင်းအရွယ်အမျိုးသမီးက သူ့ကို နှစ်သိမ့်ပေးနေခြင်းမျှသာဖြစ်သည်ဟု တွေးလိုက်၏။

ချောမောလှပသော သက်လတ်ပိုင်းအရွယ်အမျိုးသမီး၏ မျက်လုံးထဲတွင် တွေဝေရှုပ်ထွေးသော အကြည့်တစ်ခုက ဖျတ်ခနဲပေါ်ထွက်လာ၏။

“ကျွန်မ သေချာတော့ မပြောတတ်ဘူး… အဲဒီအလှည့်အပြောင်းက လုံးဝကို ဖမ်းဆုပ်လို့ မရဘူး… အဲဒါက ရိပ်ခနဲပဲ… အဲဒီအလှည့်အပြောင်းရဲ့ တည်ရှိမှုက ကျွန်မရဲ့ ယန်ခြောက်ပါးဗေဒင်တွက်ချက်မှုကနေတောင်မှ ထွက်ပြေးလွတ်မြောက်နိုင်တယ်”

“အို… အဲ့လိုမျိုး ကိစ္စကလည်း ရှိတာလား”

သက်လတ်ပိုင်းအရွယ်အမျိုးသားက အနည်းငယ်အံ့အားသင့်သွား၏။

ထိုစဉ်မှာပင် မလှမ်းမကမ်းကနေ အဝတ်စလှုပ်ရှားသံ တဖျပ်ဖျပ်က ထွက်ပေါ်လာပြီး ပုံရိပ်နှစ်ခုက ပျံသန်းလာ၏။

“ဟမ့်”

သက်လတ်ပိုင်းအရွယ်အမျိုးသမီးက သူမ၏ စိတ်ဝိညာဉ်အသိစိတ်ကို ထုတ်ဖော်တော့မည်ဆဲဆဲမှာပင် အပြင်ဘက်မှ အော်ခေါ်သံတစ်သံကို ကြားလိုက်ရ၏။

“အဖေ… အမေ… ကျုပ်တို့ ပြန်လာပြီ”

ထိုအသံက အနည်းငယ်သိပ်သည်းလေးလံနေပြီး အဲဒါက လင်းလေ၏ အသံဖြစ်သည်။

ခန်းမထဲရှိ သက်လတ်ပိုင်းအရွယ်အမျိုးသားက တိုက်ပွဲနိုင်ငံ၏သခင် လင်းကျန့် ဖြစ်လေသည်။ ချောမောလှပသော သက်လတ်ပိုင်းအရွယ်အမျိုးသမီးကတော့ အောက်ဘုံလောကမှာတုန်းက နတ်မိမယ်လင်းလုံ၊ လက်ရှိအင်မော်တယ်ဘုရင်မလင်းလုံ ဖြစ်လေသည်။

လင်းကျန့်နှင့် နတ်မိမယ်လင်းလုံက ဝမ်းသာအားရဖြစ်သွားကြ၏။

တကယ်ဆို လင်းကျန့်သည် မတ်တတ်ထရပ်ပြီး အပြင်ဘက်မှ ကလေးနှစ်ယောက်ကို သွားရောက်ကြိုဆိုချင်၏။ သို့သော်လည်း သူက မထနိုင်ဘဲ ပြန်ထိုင်လိုက်ရ၏။

တစ်ခဏချင်းမှာပင် အပြင်ဘက်မှာ ရှိသော ပုံရိပ်နှစ်ခုက အခန်းထဲသို့ ပြေးဝင်လာကြ၏။ အဲဒါက ကျောက်စိမ်းမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေကနေ ပြန်လည်ရောက်ရှိလာသော လင်းလေနှင့် လင်းလောဖြစ်လေသည်။

နတ်မိမယ်လင်းလုံက အလောတကြီး ရှေ့သို့တက်ပြီး သူတို့နှစ်ယောက်ကို ပွေ့ဖက်ကာ ဝမ်းသာအားရဖြင့် မျက်ရည်များ စီးကျလာ၏။

အင်မော်တယ်ဘုရင်မတစ်ပါးအဖြစ်နှင့်ပင်လျှင် သူမသည် ဤကဲ့သို့သော အနိမ့်အမြင့်အတက်အကျများကို တွေ့ကြုံခဲ့ရပြီးနောက် သူမ၏ စိတ်ခံစားချက်များကို မထိန်းချုပ်နိုင်ပေ။

“မင်းတို့နှစ်ယောက် ပြန်လာတာ ကောင်းတယ်… အဓိကက အဲဒါပဲ”

လင်းကျန့်က စိတ်သက်သာစွာ သက်ပြင်းချပြီး သူ့ကိုယ်သူ အတတ်နိုင်ဆုံး ဣန္ဒြေဆည်ကာ တီးတိုးရေရွတ်လိုက်၏။

“အဖေ… အမေ… စိတ်ပူစေမိတဲ့အတွက် တောင်းပန်ပါတယ်”

လင်းလောသည် နတ်မိမယ်လင်းလုံ ငိုနေသည်ကို တွေ့မြင်သောအခါ သူမက မလုံမလဲခံစားသွားရပြီး စိုးရွံ့စွာဖြင့် ပြောလိုက်၏။

နတ်မိမယ်လင်းလုံသည် သူတို့နှစ်ယောက်ကို အလောတကြီးလွှတ်ပေးပြီး စေ့စေ့စပ်စပ် အကဲခတ်ကြည့်လိုက်၏။

လင်းလေက ဒဏ်ရာအနည်းငယ် ရရှိလာသည့်ပုံပင်။ သို့သော်လည်း သူ၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးအရ ရက်အနည်းငယ် အနားယူပြီးလျှင် သူက လုံးဝသက်သာပျောက်ကင်းသွားပေလိမ့်မည်။

လင်းလောကတော့ သူမသည် လုံးဝမထိခိုက်ဘဲ ပြန်လည်ရောက်ရှိလာခဲ့၏။

ကလေးနှစ်ယောက်က ခရီးပန်းလာသော်လည်း ကံကောင်းထောက်မစွာဖြင့် ဘေးကင်းလုံခြုံစွာ ပြန်လည်ရောက်ရှိလာကြသည်။

နတ်မိမယ်လင်းလုံက လင်းလေ၏ ပခုံးကို ပုတ်ပြီး ပြုံး၍ ချီးကျူးလိုက်၏။

“လေအာ… မဆိုးဘူး… နင်က နင့်ညီမကို မထိမခိုက် ပြန်ခေါ်လာနိုင်ခဲ့တယ်”

လင်းလေက ရှင်းပြချင်နေသည့်အလား ရှက်ကိုးရှက်ကန်းဖြစ်သွား၏။

တစ်ဖက်မှာ လင်းကျန့်က ရုတ်တရက် အော်ငေါက်လိုက်၏။

“လောအာ… နင်တော်တော်မဆင်မခြင်လုပ်တာပဲ… နင်က မပြောမဆိုနဲ့ တိတ်တဆိတ် ထွက်သွားခဲ့တယ်… အကုန်လုံးက စိတ်ပူနေရပြီ”

အစကတော့ လင်းလောသည် အိမ်ကနေ တိတ်တဆိတ် ထွက်သွားသည့်အတွက် လင်းကျန့်က ဒေါသထွက်နေခဲ့၏။

သို့သော်ယခု ကလေးနှစ်ယောက်က ဘေးကင်းလုံခြုံစွာဖြင့် ပြန်လည်ရောက်ရှိလာပြီး သူ့ရင်ထဲရှိ အမျက်ဒေါသက ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။

သို့သော်လည်း သူသည် ကလေးနှစ်ယောက်၏ ရှေ့မှာ ဝမ်းသာမှုကို ဖော်ပြလိုစိတ်မရှိဘဲ ဤအခွင့်အရေးကို အသုံးချကာ လင်းလောကို ဆုံးမဩဝါဒပေးဖို့ ပြင်လိုက်၏။

“အဖေ… အခု ကျွန်မမှားမှန်းသိပါပြီ”

လင်းလောက ညောင်စောင်းရှေ့သို့ ရောက်ရှိလာပြီး လင်းကျန့်၏ ရှေ့မှာ ဒူးထောက်ထိုင်ချလိုက်၏။ သူမက ခေါင်းကိုငုံ့၍ စိတ်ထိခိုက်ခံစားနေဟန်ဖြင့် ပြောလိုက်၏။

အစကတော့ လင်းကျန့်သည် သူမကို စကားလုံးများစွာဖြင့် ဆူပူဆုံးမဖို့ ပြင်ထား၏။

သို့သော်လည်း သူသည် လင်းလော၏ သနားစရာကောင်းသောပုံစံကို တွေ့မြင်သောအခါ သူ၏ နှလုံးသားက နူးညံ့သွားပြီး ညင်သာစွာ ချောင်းဟန့်လိုက်၏။

“နောက်အဲ့လိုမဖြစ်စေနဲ့ ထတော့… ငါက နင်တို့ကို စိတ်ပူနေတာ မဟုတ်ဘူး…. ဒါပေမဲ့ နင့်အမေကတော့ တစ်ချိန်လုံးပူပန်သောကများနေတာ”

နတ်မိမယ်လင်းလုံက ပြုံးပြလိုက်၏။

လင်းလောက သူမ၏ လျှာကို ကိုက်ပြီး သွားဖြဲ၍ မတ်တတ်ထရပ်လိုက်၏။ သူမက ရှေ့သို့တက်ပြီး လင်းကျန့်၏ လက်ကို ဆုပ်ကိုင်ကာ ကပ်ချွဲနေသောအမူအရာဖြင့် မှီလိုက်၏။

“ဘာဖြစ်သွားခဲ့တာလဲ”

နတ်မိမယ်လင်းလုံက လင်းလောကိုကြည့်ပြီး မေးလိုက်၏။

“နင်က ခါတိုင်းလိုဆို အတော်လေးလိမ္မာတဲ့ ကလေးပါ… နင်က ဘာလို့မပြောမဆိုနဲ့ အိမ်ကနေ ရုတ်တရက်ထွက်ပြေးသွားတာလဲ”

လင်းလောက ရုတ်တရက်အမှတ်ရသွားပြီး သူမ၏ သိုလှောင်အိတ်ထဲကနေ ပစ္စည်းနှစ်ခုကို အလောတကြီး ထုတ်ယူလိုက်၏။

အဲဒါက ဆေးပုလင်းတစ်လုံးနှင့် သစ်သီးတစ်လုံးဖြစ်လေသည်။

“အဖေ… ဒီဒွါရကိုးပေါက်ယန်ပြန်ရောက်ဆေးလုံးနဲ့ အာသောကသစ်သီးကို မြန်မြန်စားလိုက်… အဖေ့ရဲ့ဒဏ်ရာတွေကို ကုသပေးနိုင်မလား ကြည့်ရအောင်”

လင်းလောက အင်မော်တယ်ဆေးလုံးနှင့် အာသောကသစ်သီးကို လင်းကျန့်အား ပေးလိုက်လေသည်။

ဒွါရကိုးပေါက်ယန်ပြန်ရောက်ဆေးလုံး….

အာသောကသစ်သီး….

လင်းကျန့်နှင့် နတ်မိမယ်လင်းလုံသည် ထိုပစ္စည်းနှစ်ခု၏ အမည်ကို ကြားသောအခါ သူတို့က ရင်တစ်ချက်ထိတ်သွားပြီး တုန်လှုပ်သွားကြ၏။

“ဒွါရကိုးပေါက်ယန်ပြန်ရောက်ဆေးလုံးက ဘုရင်အဆင့် အင်မော်တယ်ဆေးလုံးပဲ… နင် အဲဒါကို ဘယ်က ရလာတာလဲ”

နတ်မိမယ်လင်းလုံက မျက်မှောင်ကြုတ်လိုက်၏။

လင်းလောက ပြန်မဖြေနိုင်ခင်မှာပင် သူမက ဆက်မေးလိုက်၏။

“နင်က အခွင့်အလမ်းတချို့နဲ့ ကြုံကြိုက်ပြီး လျှို့ဝှက်ကုန်းမြေ ဒါမှမဟုတ် အပျက်အစီးနယ်မြေတစ်ခုခုကနေ ဒွါရကိုးပေါက်ယန်ပြန်ရောက်ဆေးလုံးကို ရရှိလာခဲ့မယ်ဆိုရင်တောင် အာသောကသစ်သီးကို နင် ဘယ်က ရလာတာလဲ”

“ငါသိရသလောက်ဆိုရင် အာသောကသစ်ပင်က ကြေမွပျက်စီးသွားပြီးတဲ့နောက် အာသောကသစ်သီးက အဝီစိမှာပဲ ရှိတော့တာ… နင်က ဘယ်လိုလုပ်ပြီး….”

All Chapters