← Chapters

ကမ္မစက်ဝန်း

Vol. 163 Ch. 2441

ကမ္မစက်ဝန်း

Vol. 163 Ch. 2441

“အဲဒါ ဆူဇီမိုလေ”

လင်းလောက ပြောလိုက်၏။

ထိုနာမည်ကို ကြားရသောအခါ လင်းကျန့်နှင့် နတ်မိမယ်လင်းလုံသည် ထူးဆန်းစွာဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြ၏။

ဆူဇီမိုက ဘယ်သူဆိုတာ သူတို့နှစ်ယောက် သိထားကြ၏။ သို့သော်လည်း ဤကိစ္စသည် သူနှင့် ပတ်သက်နေလိမ့်မည်ဟု သူတို့က ထင်မှတ်မထားခဲ့ပေ။

လင်းလောက သူတော်စင်သုံးပါးကျောက်စိမ်းကျမ်း၏ လျှို့ဝှက်ကုန်းမြေမှာ ဖြစ်ပျက်ခဲ့သော အရာရာတိုင်းကို အသေးစိတ် ပြန်ပြောပြလိုက်၏။

လင်းလောက ပြောလိုက်၏။

“ဆူဇီမိုရဲ့ အကူအညီကြောင့် မဟုတ်ရင် ကျွန်မက ဒွါရကိုးပေါက်ယန်ပြန်ရောက်ဆေးလုံးကို ရရှိနိုင်ခဲ့မှာ မဟုတ်ဘူး… ဒီအသောကသစ်သီးကိုလည်း သူပဲပေးခဲ့တာ”

နတ်မိမယ်လင်းလုံက ပြောလိုက်၏။

“ဒီကောင်လေးက ကောင်းကင်နဲ့မြေကြီးတက္ကသိုလ်ကို ဝင်ရောက်သွားပြီဆိုတော့ သူ့ရဲ့ကျင့်ကြံမှုကလည်း မဆိုးဘူးပဲ… ဒါတင်မကဘူး သူက အသောကသစ်သီးလို ရတနာတစ်ခုကိုပါ ပိုင်ဆိုင်ထားသေးတယ်”

“အမှန်ပဲ”

လင်းကျန့်ကလည်း စိတ်ကျေနပ်နေသည့်ပုံပေါ်လေသည်။

“သူက အထက်ဘုံမှာ နာမည်တစ်ခုကို တည်ဆောက်ပြီးသွားပြီနဲ့ တူတယ်”

“ဟမ့်”

လင်းလေက နှာတစ်ချက်မှုတ်ပြီး မကျေမနပ်ပြောလိုက်၏။

“အဲဒီလူက အရမ်းကို သာမန်ပဲလို့ ကျုပ်ထင်တယ်… သူက လင်းလောကို ကူညီခဲ့တာလည်း သူ့မှာ တခြားရည်ရွယ်ချက်တွေ ရှိနေရမယ်”

လင်းကျန့်က တစ်ချက်ဝေ့ကြည့်လိုက်၏။

“မင်းတစ်ခုခုပြောချင်တယ်ဆိုရင် ပွင့်ပွင့်လင်းလင်းပြောလေ… မဆိုင်တာတွေ ထည့်မပြောနဲ့… မင်း အဓိကပြောချင်တာ ဘာလဲ”

လင်းလေက ပြောလိုက်၏။

“လင်းလောက အဲဒီကောင်လေးနဲ့ ဘယ်လိုဆက်ဆံရေးရှိတယ်ဆိုတာ အဖေကိုယ်တိုင် သူ့ကို မေးလိုက်… ဘာပဲဖြစ်ဖြစ် အဲဒီလူက ကျုပ်ညီမနဲ့ ထိုက်တန်တယ်လို့ ကျုပ်ကတော့ မထင်ဘူး”

လင်းလေ သွယ်ဝိုက်ပြောဆိုနေသည့်အရာကို လင်းကျန့်နှင့် နတ်မိမယ်လင်းလုံက ခန့်မှန်းမိပြီး လင်းလောကို တစ်ချိန်တည်းမှာ လှည့်ကြည့်လိုက်ကြ၏။

သူတို့၏ သမီးနှင့် ဆူဇီမိုက တကယ်ပဲ….။

လင်းလောက လင်းလေကို တွေဝေရှုပ်ထွေးစွာ ကြည့်ပြီး မေးလိုက်၏။

“အစ်ကို…. ရှင်ဘာလို့ အဲဒီစကားကို ပြောတာလဲ… ကျွန်မနဲ့ တာအိုရောင်ရင်းဆူက အမှတ်မထင်တွေ့ခဲ့တာ.. သူက ကျွန်မကို ကူညီပေးခဲ့တာ… ကျွန်မတို့ကြားမှာ တခြားဘာရှိဦးမှာလဲ”

“သူက နင့်ရဲ့တာအိုလက်တွဲဖော်လို့ နင်... နင်ပဲပြောခဲ့တာ မဟုတ်ဘူးလား”

လင်းလေက အလောတကြီး ပြန်ပြောလိုက်၏။

လင်းလောက စိတ်ကုန်နေသော အမူအရာဖြင့် မျက်လုံးစွေကြည့်လိုက်၏။

“အဲဒီအချိန်တုန်းက စုန့်ရွှမ်က ကျွန်မကို သူ့ညီနဲ့ လက်ထပ်ဖို့ အတင်းဖိအားပေးနေတာလေ… အဲဒါက သာမန်ကာလျှံကာ အကြောင်းပြချက်တစ်ခုပဲ… တုံးလိုက်တဲ့ငါ့အစ်ကို… ဒါတောင်မှ မသိဘူးလား”

ပြန်အော်ခံရသည့်အတွက် လင်းလေ၏ မျက်နှာက နီမြန်းသွားပြီး သူက ညင်သာစွာ ချောင်းဟန့်လိုက်၏။

“နင်က သူ့ကို စိတ်မဝင်စားပဲနဲ့ အဲဒါကို ပြောခဲ့တာ ဟုတ်လိမ့်မယ်.. ဒါပေမဲ့ အဲဒီကောင်လေး နင့်ကိုကြည့်နေတဲ့ပုံက သေချာပေါက် တစ်ခုခုမှားယွင်းနေတယ်”

နတ်မိမယ်လင်းလုံက ထိုစကားကို ကြားသည့် ခဏမှာပင် အဲဒါက နားလည်မှုလွဲခြင်းဆိုတာကို သူမက သိလိုက်၏။

သို့သော် မကြာခင် သူမက မျက်မှောင်အနည်းငယ်ကြုတ်ပြီး ရုတ်တရက်မေးလိုက်၏။

“လောအာ… စုန့်ရွှမ်က နင့်ကို လက်ထပ်ဖို့ ဖိအားပေးခဲ့တယ်လို့ ပြောတယ်မလား… ဘာဖြစ်ခဲ့တာလဲ”

ထိုစကားကို ကြားချိန်မှာ လင်းလေနှင့် လင်းလောက အကြည့်ချင်းဖလှယ်လိုက်ကြ၏။

သိပ်သည်းပြင်းထန်သော မိစ္ဆာမီးတောက်များနှင့်အတူ လန့်ဖုန်မြို့တော်၏ အထက်မှာ ငွေရောင်မျက်နှာဖုံးတစ်ခုနှင့်အတူ မတ်တတ်ရပ်နေသော ခရမ်းရောင်ဝတ်အမျိုးသား၏ ပုံရိပ်က သူတို့၏ စိတ်များထဲမှာ တစ်ချိန်တည်း ပေါ်ထွက်လာ၏။

စိုးရိမ်ထိတ်လန့်သည့် အကြည့်တစ်ခုက သူတို့နှစ်ယောက်စလုံး၏ မျက်လုံးထဲမှာ ထင်ဟပ်လာ၏။

အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး လင်းလောက ဆူဇီမိုနှင့်အတူ သူမသည် ရတနာသူတော်စင် ကျောက်စိမ်းကျမ်းထဲမှ ထွက်ခွာလာပြီးနောက် လန့်ဖုန်မြို့တော်မှာ ဖြစ်ပျက်ခဲ့သည့်အရာများကို ပြန်ပြောပြလိုက်၏။

သူတို့နှစ်ယောက်သည် မြို့တော်အရှင်ဂေဟာမှာ အကျယ်ချုပ်ချ ဖမ်းဆီးခံထားရသည်ကို နတ်မိမယ်လင်းလုံ ကြားသောအခါ တစ်ဖက်လူ၏ ပစ်မှတ်က လင်းမိသားစုနှင့် တိုက်ပွဲနိုင်ငံ သေချာပေါက်ဖြစ်သည်ကို သူမက ကောက်ချက်ချလိုက်နိုင်သည်။

ကိစ္စက ထိုသို့ဆိုမှတော့ ကျောက်စိမ်းမိုးကောင်ကင်အင်မော်တယ်မဟာနယ်မြေသည် အမှားအယွင်းတစ်စုံတစ်ရာ မရှိစေရန် သေသေချာချာ စီစဉ်ထားပေလိမ့်မည်။

သူတို့က ဤကလေးနှစ်ယောက်ကို ဘယ်လိုလုပ် ပြန်လွှတ်ပေးနိုင်ပါ့မလဲ။

လင်းလောက ဆက်ပြောလိုက်၏။ လင်းလေက စုန့်ရွှမ်၏ ချောင်းမြောင်းတိုက်ခိုက်ခံရပြီး ကျောက်စိမ်းခြေမွှလက်ဝါးဖြင့် ထိခိုက်ခံခဲ့ရသည်ကို သူမ ကြားရချိန်မှာ နတ်မိမယ်လင်းလုံ၏ အမူအရာက သုန်မှုန်လာခဲ့၏။

အဲဒါသည် သူမ ဗေဒင်တွက်ချက်ခဲ့သည့် အဆိုးဝါးဆုံးရလဒ် ဖြစ်ပေလိမ့်မည်။

ပြောရမည်ဆိုလျှင် သူတို့နှစ်ယောက်သည် လန့်ဖုန်းမြို့တော်ကနေ ထွက်ပြေးလွတ်မြောက်လာနိုင်စရာ အကြောင်းမရှိပေ။ သို့သော်လည်း နောက်ပိုင်းမှာ အလှည့်အပြောင်းတစ်ခု ပေါ်ထွက်လာပုံရသည်။

ထိုနေရာအရောက်မှာ လင်းလောက ရုတ်တရက်ရပ်တန့်ပြီး မလှမ်းမကမ်းမှာရှိသော လင်းလေကို ကြည့်လိုက်၏။

လင်းလေက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ပြောလိုက်၏။

“အဲဒီအချိန်မှာပဲ အပြင်လူတစ်ယောက်က ရောက်လာပြီး အခြေအနေတစ်ရပ်လုံးကို ပြောင်းလဲပစ်ခဲ့တယ်… အဲဒီလူက မိစ္ဆာမဟာနယ်မြေက လာခဲ့တာပဲ… သူက မကြာသေးခင်နှစ်တွေမှာ နာမည်ရလာတဲ့ စွမ်းအားကြီးမားတဲ့ မိစ္ဆာ… သူက ထျန်ဟွမ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် အထီးကျန်သိုင်းသခင်ပဲ”

“ဟမ်”

ထိုစကားကို ကြားသောအခါ လင်းကျန့်နှင့် နတ်မိမယ်လင်းလုံသည် ထူးဆန်းသော အမူအရာများနှင့်အတူ အံ့အားတသင့် ရေရွတ်လိုက်ကြ၏။

လင်းကျန့်သည် တစ်ခါက အောက်ဘုံလောကသို့ ဆင်းသက်ခဲ့ပြီး အထီးကျန်သိုင်းသခင်က တာအိုတစ်ခုတည်ထောင်၍ သက်ရှိများအားလုံးအား သိုင်းပညာသင်ကြားပေးခဲ့သည်ကို သူသိထားလေသည်။

အထီးကျန်သိုင်းသခင်က ဆူဇီမို၏ တာအိုဘွဲ့ပင်ဖြစ်သည်ကိုလည်း သူသိထား၏။

နတ်မိမယ်လင်းလုံကလည်း အရာအရာတိုင်းကို သိရှိထား၏။

လင်းလေသည် လင်းကျန့်နှင့် နတ်မိမယ်လင်းလုံ၏ မျက်နှာပေါ်ရှိ ထူးဆန်းသော အမူအရာများကို တွေ့မြင်သောအခါ သူက အလိုလိုမေးလိုက်၏။

“အဖေ… အမေ… ခင်ဗျားတို့တွေက အဲဒီလူကို သိလို့လား… သူက ထျန်ဟွမ်ဂိုဏ်းကို တည်ထောင်ထားတယ်… အဲဒါက ခင်ဗျားတို့လာခဲ့တဲ့ ထျန်ဟွမ်ကုန်းမြေတိုက်နဲ့ ဆက်စပ်နေလား”

“အင်း..”

နတ်မိမယ်လင်းလုံက မရေမရာ ပြန်ဖြေလိုက်၏။

“အရင်ဆုံး ဆက်ပြောပါဦး”

လင်းလေက ဆူဇီမိုသည် မြို့တော်အရှင်ငါးဦးနှင့် ပကတိအင်မော်တယ်ပညာရှင်ထောင်ချီနှင့်အတူ မည်သို့မည်ပုံ တိုက်ခိုက်ခဲ့သည်ကို ပြန်ပြောပြလိုက်၏။

လင်းလေက ပြောလိုက်၏။

“အဲဒါ ထူးဆန်းတယ်… အထီးကျန်သိုင်းသခင်က ရက်စက်ကြမ်းကြုတ်ပြီးတော့ အေးစက်တယ်… ဒါပေမဲ့ သူတစ်ကြိမ်တိုက်ခိုက်လိုက်တိုင်း သူက ကျုပ်နဲ့ လင်းလောကို တမင်သက်သက် ရှောင်လွှဲစေခဲ့တဲ့ပုံပဲ”

လင်းကျန့်နှင့် နတ်မိမယ်လင်းလုံက အကြည့်ချင်းဖလှယ်လိုက်ကြ၏။

သူတို့နှစ်ယောက်က သူတို့ဘာသာသူတို့ တွေးနေကြ၏။

အထီးကျန်သိုင်းသခင်ဆိုတာ ဆူဇီမိုပဲလေ… သူက မင်းတို့ရဲ့ သရုပ်သကန်တွေကို သိထားပြီဆိုမှတော့ သူက မင်းတို့နှစ်ယောက်ကို ဘယ်လိုလုပ် ထိခိုက်အောင်လုပ်ပါ့မလဲ။

အထီးကျန်သိုင်းသခင်၏ သရုပ်သကန်က အထက်ဘုံလောကမှာ လျှို့ဝှက်ချက်တစ်ခု ဖြစ်ပုံရသည်ကို လင်းကျန့်နှင့် နတ်မိမယ်လင်းလုံက နားလည်သဘောပေါက်လိုက်၏။

လင်းလေ ပြောပြပုံအရ ဆူဇီမိုသည် အထီးကျန်သိုင်းသခင်နှင့် မည်သည့်ပတ်သက်ဆက်နွှယ်မှုမှ မရှိပေ။ သူတို့နှစ်ယောက်ကလည်း အဲဒါကို ထုတ်ဖော်ပြောဆိုလိမ့်မည် မဟုတ်ပေ။

“အထီးကျန်သိုင်းသခင်က ဒီလောက်အတိုင်းအတာအထိ ကြီးပြင်းလာခဲ့ပြီပဲ”

နတ်မိမယ်လင်းလုံက ရေရွတ်လိုက်၏။

လင်းကျန့်ကလည်း ခေါင်းညိတ်လိုက်ပြီး အနည်းငယ်စိတ်လှုပ်ရှားနေ၏။

အရင်တုန်းက လင်းကျန့်သည် အောက်ဘုံလောကသို့ ဆင်းသက်ပြီး လူသားမျိုးနွယ်ကို ကယ်တင်ခဲ့၏။ တစ်ချိန်တည်းမှာပင် နတ်မိမယ်လင်းလုံကလည်း သူတက်လှမ်းလာစဉ်အတောအတွင်း ဆူဇီမိုကို ကယ်တင်ပေးခဲ့၏။

ထိုအချိန်တုန်းက သူတို့စိုက်ပျိုးခဲ့သည့် အကျိုးပြုစေတနာကမ္မသည် ယနေ့မှာ ဤကဲ့သို့သော ဆုလာဘ်တစ်ခုကို ပြန်လည်ရရှိလာလိမ့်မည်ဟု သူတို့နှစ်ယောက်က မျှော်လင့်မထားခဲ့ကြပေ။

အထီးကျန်သိုင်းသခင်ကြောင့် လင်းလေနှင့် လင်းလောက ဘေးမသီရန်မခ ပြန်လည်ရောက်ရှိလာကြသည်။

လင်းကျန့်အနေဖြင့် သူသည် ဒွါရကိုးပေါက်ယန်ပြန်ရောက်ဆေးလုံးနှင့် အသောကသစ်သီးကဲ့သို့ ရတနာနှစ်ခုကိုပင် ရရှိခဲ့၏။

လင်းကျန့်က ပြောလိုက်၏။

“အဲဒါက နှစ်ထောင်ဂဏန်းအချို့ပဲ ရှိသေးတယ်… သူက အနာဂတ်မှာ ဘယ်အဆင့်ထိ တက်လှမ်းသွားမလဲ ငါစဉ်းစားကြည့်လို့ မရတော့ဘူး”

ဆူဇီမို တက်လှမ်းလာသည်မှာ နှစ်တစ်သောင်း မပြည့်သေးသည်ကိုသာ လင်းကျန့်နှင့် နတ်မိမယ်လင်းလုံက သိရှိထား၏။

နတ်မိမယ်လင်းလုံက လင်းလေကို တစ်ချက်ကြည့်ပြီး ပြုံးပြလိုက်၏။

“လေအာ… နင်က ခါတိုင်းလိုဆို မာန်မာနကြီးပြီး လောကမှာရှိတဲ့ ပကတိအင်မော်တယ်တွေအားလုံးကို အထင်သေးနေခဲ့တာ… အခု နင်က အထီးကျန်သိုင်းသခင်နဲ့ တွေ့ခဲ့တယ်ဆိုတော့ နင်တို့ရဲ့ ကွာခြားချက်ကို နင် နောက်ဆုံးတွေ့သွားပြီမလား”

လင်းလေက ခဏကြာ အသံတိတ်နေပြီးနောက် ပြောလိုက်၏။

“ကျုပ်က အဲဒီလူကို မနိုင်ဘူးဆိုတာ တကယ်ပါပဲ… သူက ကျုပ်စတင်ကျင့်ကြံခဲ့ပြီးကတည်းက ကျုပ်တွေ့ကြုံဖူးသမျှထဲ အသန်မာဆုံးပြိုင်ဘက်ပဲ”

“ဒါပေမဲ့ သူက တိုက်ခိုက်ရည်မှာ သန်မာပေမဲ့ သူ့ရဲ့နည်းလမ်းတွေက အရမ်းကို ရက်စက်ကြမ်းကြုတ်တယ်… သူက အထက်လမ်းမှာ လျှောက်လမ်းနေတဲ့လူတစ်ယောက် မဟုတ်ဘူး… မဟုတ်ရင် ကျုပ်က သူနဲ့ သိကျွမ်းချင်မိမှာ”

“သူက ဘယ်နေရာမှာ ရက်စက်ကြမ်းကြုတ်တာလဲ”

ဘေးကနေ လင်းလောက ရုတ်တရက်ဝင်ပြောလိုက်၏။

“ရှင် သတိမထားမိဘူးလား… သူ့လက်ထဲမှာ သေခဲ့ရတဲ့သူတွေက သွေးမက်မွန်ကို စားသုံးခဲ့တဲ့ ပကတိအင်မော်တယ်တွေပဲ”

“နောက်ဆုံး ငရဲမီးထဲမှာတောင် ပကတိအင်မော်တယ် အတော်များများက အဲဒါရဲ့ သက်ရောက်ခြင်း မခံခဲ့ရဘူး… အဲဒီလူတွေက သွေးမက်မွန်ကို သူတို့ရဲ့လက်နဲ့တောင် မထိခဲ့ရတဲ့သူတွေဆိုတာ ကျွန်မ သတိထားမိတယ်”

လင်းလေက ရင်တစ်ချက် ထိတ်သွား၏။

“အဲ့လိုဆိုရင်တော့ သေသွားတဲ့သူတွေက တကယ်ကို သေသင့်သေထိုက်တာပဲ”

ထိုစဉ်မှာပင် လင်းကျန့်က ရုတ်တရက်မေးလိုက်၏။

“မင်းတို့နှစ်ယောက်က ဒီကိုပြန်ရောက်လာတယ်ဆိုတော့ အထီးကျန်သိုင်းသခင်က ဘာဖြစ်သွားလဲ… မင်းတို့တွေက သူ့ကို လန့်ဖုန်းမြို့တော်မှာ ထားခဲ့တာလား”

ထိုစကားကို ကြားချိန်မှာ လင်းလေက မလုံမလဲခံစားသွားရပြီး သူ၏ ခေါင်းကို မော့မကြည့်ရဲတော့ပေ။

“ပြောလေ”

လင်းကျန့်က ဒေါသချောင်းချောင်းထွက်နေသော အမူအရာဖြင့် အော်ငေါက်လိုက်၏။

လင်းလေက မြေပြင်ပေါ်မှာ အလောတကြီး ဒူးထောက်ချပြီး ရှင်းပြလိုက်၏။

“အဖေ… ကျေးဇူးပြုပြီး စိတ်ကိုလျှော့ပါ… လူတွေ ဒီလောက်အများကြီးကို သတ်ပြီးတဲ့နောက် ကျောက်စိမ်းမိုးကောင်ကင်အင်မော်တယ်မဟာနယ်မြေက သူ့ကို လက်မခံနိုင်မှာ ကျုပ်စိုးရိမ်မိတယ်”

“ကျုပ်က အထီးကျန်သိုင်းသခင်ကို ပြန်ခေါ်လာခဲ့မယ်ဆိုရင် သူက ကျုပ်တို့ လင်းမိသားစုနဲ့ တိုက်ပွဲနိုင်ငံအတွက် ကပ်ဘေးတစ်ခု ဖြစ်လာလိမ့်မယ်”

လင်းကျန့်၏ မျက်လုံးထဲရှိ အမျက်ဒေါသက လျော့ကျမသွားပေ။

“ဒါဆို မင်းတို့ရဲ့ အသက်တွေကို ကယ်တင်ခဲ့တဲ့ ကျေးဇူးရှင်တစ်ယောက်ကို မင်း ပြုမူဆက်ဆံလိုက်တဲ့ပုံက ဒါလား”

All Chapters