← Chapters

ပန်းချီအင်မော်တယ်၏ အတွေးများ

Vol. 163 Ch. 2445

ပန်းချီအင်မော်တယ်၏ အတွေးများ

Vol. 163 Ch. 2445

ဓားအင်မော်တယ်ယွဲ့ဟွားသည် မိုချင် ထွက်သွားရာဘက်သို့ ပျက်ယွင်းနေသော အမူအရာဖြင့် ငေးကြည့်နေ၏။

သိပ်မကြာခင် ကျင့်ကြံသူတစ်ယောက်က ရောက်ရှိလာလေသည်။

ဤလူသည် ရှောင်လီဟူ၍ အမည်ရသော အမွေခံတပည့်တစ်ယောက်အဖြစ်၏။ သူသည် အမွေခံကုန်းမြေသို့ ဝင်ရောက်လာပြီးနောက် သူသည် ဓားအင်မော်တယ်ယွဲ့ဟွားနောက်သို့ အမြဲတမ်း လိုက်ပါခဲ့ပြီး သူ့အမိန့်များကို နာခံခဲ့၏။

“သူဘယ်သွားတာလဲ”

ဓားအင်မော်တယ်ယွဲ့ဟွားက လေးနက်သော အသံဖြင့် မေးလိုက်၏။

ရှောင်လီက ပြောလိုက်လေသည်။

“စီနီယာအစ်မ မိုချင်က တက္ကသိုလ်ရဲ့ အတွင်းဂိုဏ်းဘက်ကို သွားတာ ကျုပ်မျက်လုံးနဲ့ မြင်တွေ့ခဲ့တယ်… အဲဒါက ဆူဇီမိုရဲ့ လိုဏ်ဂူခန်းဝါ ရှိတဲ့ဘက်ပဲ”

“သူပဲလား”

ဓားအင်မော်တယ်ယွဲ့ဟွားက မျက်မှောင်ကြုတ်လိုက်၏။

ရှောင်လီကလည်း စဉ်းစားရခက်နေ၏။

“ကျုပ်သိရသလောက်ဆိုရင် စီနီယာအစ်မ မိုချင်က ဆူဇီမိုရဲ့ လိုဏ်ဂူခန်းဝါဆီကို ဒုတိယအကြိမ်မြောက် သွားတာပဲ”

ဓားအင်မော်တယ်ယွဲ့ဟွား၏ အမူအရာက ညိုမည်းလာပြီး သူက အသံတိတ်ကာ အလေးအနက် စဉ်းစားတွေးတောနေ၏။

ရှောင်လီက လေးနက်သောအသံဖြင့် ပြောလိုက်၏။

“စီနီယာအစ်မ မိုချင်မှာ တသီးတသန့်နေတတ်တဲ့ စိတ်နေစရိုက် ရှိတယ်… ခါတိုင်းလိုဆို သူက တခြားလူတွေနဲ့ ထိတွေ့ဆက်ဆံတာမျိုး မရှိဘူး… သူက အမြဲတမ်း တစ်ယောက်တည်းပဲ… သူက အမွေခံကုန်းမြေက ဘယ်သူ့ရဲ့ လိုဏ်ဂူခန်းဝါကိုမှ စပြီးသွားခဲ့တာ မရှိဘူး… သူက တက္ကသိုလ်ရဲ့ အတွင်းဂိုဏ်းက ဆူဇီမိုဆီကို ဘာလို့ နှစ်ကြိမ်တောင် သွားခဲ့တာလဲ”

“ငါမှားနေခဲ့တာ ဖြစ်ကောင်းဖြစ်လိမ့်မယ်”

ရုတ်တရက် ဓားအင်မော်တယ်ယွဲ့ဟွားက ပြောလိုက်၏။

“အရင် ကောလာဟလတွေကြောင့် မိုချင်နဲ့ ယန်လောရှုကြားမှာ တစ်ခုခုရှိနေလိမ့်မယ်လို့ ငါက အလိုလိုတွေးမိခဲ့တယ်”

“ဒါပေမဲ့ ဒီနှစ်တွေအားလုံးမှာ ယန်လောရှုက ပကတိဧကနယ်ပယ်ကို ဝင်ရောက်ပြီး အမွေခံတပည့်တစ်ယောက်ဖြစ်လာပြီးတဲ့နောက် သူက တက္ကသိုလ်ရဲ့ အတွင်းဂိုဏ်းက မင်းသမီးသက်တံနီနဲ့ အရမ်းကို ရင်းနှီးလာခဲ့တယ်… သူတို့နှစ်ယောက်က တရားဝင်လက်တွဲဖော်တွေပါလို့ တရားဝင်ထုတ်ဖော်မကြေညာရသေးတာပဲ ရှိတော့တယ်”

ရှောင်လီက ခေါင်းညိတ်ပြလိုက်၏။

“စီနီယာအစ်မ မိုချင်နဲ့ ယန်လောရှုကြားမှာ ဆက်ဆံရေးတစ်ခုခု ရှိနေဖို့က မဖြစ်နိုင်ဘူး”

ဓားအင်မော်တယ်ယွဲ့ဟွားက ပြောလိုက်၏။

“ငါ အဲဒါကို အခုမှ သေသေချာချာ စဉ်းစားရင်း တွေးမိတယ်… တကယ်တော့ ယန်လောရှုကို ကယ်တင်ဖို့ မိုချင် နှစ်ကြိမ်ထွက်ပေါ်လာတဲ့အချိန်မှာ နောက်ထပ်လူတစ်ယောက်က အဲဒီနေရာမှာ နှစ်ကြိမ်စလုံး ရှိနေခဲ့တယ်”

“ဆူဇီမိုလား”

ရှောင်လီက အတည်ပြုကြည့်လိုက်၏။

ဓားအင်မော်တယ်ယွဲ့ဟွားက ခေါင်းညိတ်ပြပြီး သူ့မျက်လုံးကို အနည်းငယ်မှေးကျဉ်းလိုက်၏။

“လွန်ခဲ့တဲ့ နှစ်ထောင်ဂဏန်းတချို့တုန်းက အင်မော်တယ်ဂိုဏ်း ရွေးချယ်ပွဲမှာ ဘာမှန်းမသိတဲ့ အကြောင်းအရင်းတချို့ကြောင့် ယန်လောရှုကို ကယ်တင်ဖို့ မိုချင်က ရစ်ခွေနဂါးတောင်ကြောရိုးကို ရုတ်တရက် ဆင်းသက်ရောက်ရှိလာခဲ့တယ်… ဒါပေမဲ့ အဲဒီပဋိပက္ခက ဆူဇီမိုကြောင့် ဖြစ်ခဲ့တာပဲ”

“နောက်ပိုင်း တက္ကသိုလ်ရဲ့ အပြင်ဂိုဏ်း ပဋိပက္ခမှာ ယန်လောရှုရော ငါတို့ပါ ရှိနေခဲ့ကြတယ်… အဲဒီအချိန်မှာ မိုချင်က နောက်တစ်ခေါက် ပြန်ပြီးပေါ်ထွက်လာတယ်… ဒါပေမဲ့ အဲဒီတုန်းက ပဋိပက္ခရဲ့ အရင်းအမြစ်ကလည်း ဆူဇီမိုပဲ”

“အရင်တုန်းက မိုချင် အမှန်တကယ် နှစ်ကြိမ်တိုင်တိုင် ကယ်တင်ခဲ့တဲ့သူက ဆူဇီမိုပဲ”

ရှောင်လီက မျက်မှောင်ကြုတ်လိုက်၏။

“စီနီယာအစ်မ မိုချင်နဲ့ ဆူဇီမိုလား… စီနီယာအစ်မ မိုချင်က ပကတိဧက ဗလာနယ်ဝိညာဉ်နယ်ပယ်က ပညာရှင်တစ်ဦးပဲ… သူက မဟာနတ်မိမယ်လေးပါးထဲက တစ်ပါးလည်းဖြစ်တယ်… ဆူဇီမိုကတော့ မကြာသေးခင်ကမှ ကောင်းကင်အအမြုတေနယ်ပယ်ကို ဝင်ရောက်လာတာ… သူတို့နှစ်ယောက်ကြား ကွာဟချက်က အရမ်းကို ကြီးမားနေတယ် မဟုတ်ဘူးလား”

ဓားအင်မော်တယ်ယွဲ့ဟွားက အေးစက်စွာ နှာတစ်ချက်မှုတ်လိုက်၏။

“ဆူဇီမိုက တာအိုနှလုံးသားလှေကားမှာ ဒသမမြောက် ကျောက်လှေကားထစ်ကို စုဖွဲ့ခဲ့တယ်ဆိုတာ မမေ့လိုက်နဲ့… ထုံးတမ်းစဉ်လာကို သွေဖယ်ပြီး သူက ဆရာ့ရဲ့ အမည်ခံတပည့်အဖြစ် လက်ခံခြင်းကိုတောင် ခံခဲ့ရတယ်”

“အဆင့်အတန်းချင်း ယှဉ်မယ်ဆိုရင် သူက ငါတို့ထက် အများကြီးနိမ့်ကျမနေဘူး”

“ဒါပေမဲ့ စီနီယာအစ်ကို… ဆူဇီမိုက ခင်ဗျားကို ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ”

ရှောင်လီက အဲဒါကို နားမလည်နိုင်သေးဘဲ ခေါင်းခါယမ်းလိုက်၏။

“သူ့ရဲ့ ကျင့်ကြံမှုနယ်ပယ်၊ အဆင့်အတန်း၊ နောက်ခံ၊ နာမည်ဂုဏ်သတင်း၊ ဂုဏ်ကျက်သရေ၊ ပေါင်းသင်းဆက်ဆံရေးနဲ့ အဖွဲ့အစည်း… သူက ဘယ်နေရာမှာမှ အသာစီးရနေတာ မရှိဘူး… ခင်ဗျားနဲ့ ယှဉ်မယ်ဆိုရင် သူက ကမ္ဘာခြားနေတုန်းပဲ”

“စီနီယာအစ်မ မိုချင်က မျက်စိကန်းနေတာလား… သူက ဘာလို့ ဆူဇီမိုကို သဘောကျသွားတာလဲ”

သူက ထိုသို့ပြောလိုက်သည့် ခဏမှာပင် ဓားအင်မော်တယ်ယွဲ့ဟွားက နောက်တစ်ဖန် လက်ကာပြပြီး လေးနက်စွာ ပြောလိုက်၏။

“မင်းရဲ့ စကားတွေက ကျိုးကြောင်းဆီလျော်မှု ရှိတယ်… ငါနဲ့ ယှဉ်မယ်ဆိုရင် ဆူဇီမိုက တကယ်ကို နိမ့်ကျနေတုန်းပဲ”

ရှောင်လီက ပြောလိုက်၏။

“စီနီယာအစ်မ မိုချင်နဲ့ ဆူဇီမိုကြားမှာ အစကတည်းက ဘာမှ ဘာမှမဟုတ်တာလည်း ဖြစ်ချင်ဖြစ်မှာပါ… အရင်တုန်းက စီနီယာအစ်မ မိုချင်နဲ့ ယန်လောရှုကြားမှာလည်း ကောလာဟလတွေ အများကြီး ရှိခဲ့တာပဲ… ဒါပေမဲ့ အခု သူတို့နှစ်ယောက်ကို ပြန်ကြည့်လေ… အဲဒါတွေက ကောလာဟလတွေနဲ့ အဓိပ္ပါယ်မရှိတဲ့ စကားတွေပဲ ဖြစ်ခဲ့တာမလား”

“အင်း… ငါက အတွေးလွန်ပြီး သံသယဝင်မိနေတာလည်း ဖြစ်ချင်ဖြစ်မယ်”

ဓားအင်မော်တယ်ယွဲ့ဟွားက အလေးအနက် စဉ်းစားတွေးတောသွားပုံရ၏။

“ဒါပေမဲ့ ငါက ဆူဇီမိုကို အရင်က တစ်နေရာရာမှာ မြင်ဖူးတယ်လို့ စိတ်ထဲမှာ တနုံ့နုံ့ခံစားနေရတယ်”

ဆူဇီမိုသည် ထောင်ယောင်ကို ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်သို့ ခေါ်လာခဲ့ပြီးနောက် သူက သူ့လိုဏ်ဂူခန်းဝါသို့ တန်းသွားပြီး ရက်အနည်းငယ်အတွင်း ပေါ်ထွက်မလာခဲ့ပေ။

ပထမတစ်ချက် သူသည် လန့်ဖုန်းမြို့တော်မှာ တက္ကသိုလ်၏ တပည့်တစ်ယောက်အနေဖြင့် ပေါ်ထွက်ခဲ့၏။ ယခု ဤကဲ့သို့ ကြီးမားသော ကိစ္စတစ်စုံတစ်ရာက ကျောက်စိမ်းမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာ ဖြစ်ပျက်ခဲ့ပြီး သူက လူမြင်ကွင်းကို ရှောင်ရှားကာ အခြေအနေကို စောင့်ကြည့်ရပေမည်။

သို့သော်လည်း ရက်အနည်းငယ်ကြာ စောင့်ကြည့်ပြီးနောက် သူ၏ စိုးရိမ်ပူပန်မှုများက လုံးဝမလိုအပ်ခဲ့သည်ကို တွေ့ရှိလိုက်ရ၏။

မိစ္ဆာမဟာနယ်မြေမှာ အထီးကျန်သိုင်းသခင်၏ ပေါ်ထွက်လာမှုနှင့် သူ၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနှင့် ယှဉ်လျှင် မည်သူကမှ တခြားအရာများကို ဂရုမစိုက်ကြတော့ပေ။

သူ မပြောနှင့်… လင်းလေနှင့် သူ့ညီမပင်လျှင် သူတို့၏ စကားဝိုင်းထဲမှာ သိပ်ပြီး ပါဝင်မလာတော့ပေ။

ဒုတိယတစ်ချက်… သူသည် နှစ်ပေါင်းများစွာ ခွဲခွာခဲ့ရပြီးနောက် ထောင်ယောင်နှင့် ပြောစရာစကားများစွာ ရှိနေ၏။

ဆူဇီမိုသည် ထောင်ယောင်ကို လောလောဆယ်မှာ သူ့ဘေးတွင် ထိန်းသိမ်းထားလို၏။

သူသည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှာ ထောင်ယောင်ကို ပြဿနာတစ်ခုခုနှင့် မကြုံတွေ့ရစေရန် ကိစ္စတချို့နှင့် ပတ်သက်၍ သူ့ကို သတိပေးထားရသည်။

ပုံမှန်အခြေအနေမှာဆိုလျှင် သူ့လိုမျိုး အတွင်းဂိုဏ်းတပည့်များသည် တက္ကသိုလ်မှာ အင်မော်တယ် အစေခံ တစ်ရာကို ရွေးချယ်ယူနိုင်၏။

သို့သော်လည်း သူ့မှာ လျှို့ဝှက်ချက်များစွာ ရှိနေပြီး သူသည် မည်သည့်အင်မော်တယ် အစေခံကိုမှ မယုံကြည်နိုင်ပေ။

ထို့ကြောင့် ဤနှစ်များမှာ သူ၏ လိုဏ်ဂူခန်းဝါက အမြဲတမ်း တိတ်ဆိတ်ခြောက်ကပ်နေခဲ့၏။ သူက တစ်ယောက်တည်းသာဖြစ်ပြီး သူ၏ ဝေယျာဝစ္စများကို သူ့ဘာသာသူ ကိုင်တွယ်ဖြေရှင်းရ၏။

ယခု ထောင်ယောင်က သူ့ဘေးမှာ ရောက်ရှိလာပြီး သူက အတော်လေး သက်သာသွားကာ နွေးထွေးမှုတချို့ကိုလည်း ရရှိလာ၏။

တတိယတစ်ချက်… သူသည် ကျောက်စိမ်းမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေသို့ သွားရာ ဤခရီးစဉ်ကနေ အကျိုးအမြတ်ကြီးမားစွာ ရရှိခဲ့၏။

သူ၏ ကျင့်ကြံမှုနယ်ပယ်က အဆင့်-၅ ကောင်းကင်အင်မော်တယ်တစ်ယောက်၏ အဆင့်သို့ မြင့်မားတိုးတက်လာခဲ့ပြီဖြစ်၏။

ရတနာများကိုပဲ ကြည့်မည်ဆိုလျှင် အဲ့ဒီမှာ အင်မော်တယ်မိုးမခ၊ ဗောဓိစေ့၊ မဟာစင်ကြယ် ခရမ်းရောင်တိမ်စိုင်အဆောင်နှင့် အင်မော်တယ်မက်မွန်ပျိုးပင်တို့ ရရှိလာခဲ့၏။

ကျင့်ကြံရေးနည်းစနစ်များမှာဆိုလျှင် သူသည် ရတနာသူတော်စင် ကျောက်စိမ်းကျမ်းနှင့် ဆည်းဆာဗုံ၏ ဓမ္မတာအိုကိုလည်း ရရှိခဲ့၏။ သူလုပ်စရာ လိုအပ်သည်မှာ ကျင့်ကြံပြီး ကြေညက်စေဖို့အတွက် အချိန်အတိုင်းအတာတစ်ခုသာဖြစ်၏။

တကယ်တော့ ကျောက်စိမ်းမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေကနေ အကြီးမားဆုံး ရရှိမှုမှာ ထောင်ယောင်ဖြစ်လေသည်။

အရင်က အသောကသစ်ပင်အပြင် ယခုအခါ သူ၏ လိုဏ်ဂူခန်းဝါထဲတွင် နောက်ထပ် အင်မော်တယ်သစ်ပင်နှစ်ပင် ရှိလာခဲ့၏။

ဤနှစ်များမှာ အသောကသစ်ပင်က ပြန်လည်ရှင်သန်မည့် မည်သည့်လက္ခဏာမှ မပြသခဲ့ပေ။

ဆူဇီမိုသည် အင်မော်တယ်မိုးမခ သစ်ကိုင်းခြောက်နှင့် သူရရှိလာခဲ့သော အင်မော်တယ်မက်မွန်ပျိုးပင်ကိုပါ စိုက်ပျိုးပြီး စောင့်ကြည့်ဖို့ ဆုံးဖြတ်ချက်ချလိုက်၏။

ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်းမှာ ထောင်ယောင်သည် အင်မော်တယ်သစ်ပင် သုံးပင်ကို မကြာခဏ သွားကြည့်ပြီး ဂရုစိုက်ပေးနေ၏။

လိုဏ်ဂူခန်းဝါထဲရှိ ညောင်စောင်းပေါ်မှာ ဆူဇီမိုက သူ့လက်ထဲတွင် ဗောဓိစေ့ကို ဆုပ်ကိုင်ထားပြီး ရတနာသူတော်စင်ကျောက်စိမ်းကျမ်းကို လေ့လာဖတ်ရှုနေ၏။ ရုတ်တရက် သူက ရင်တစ်ချက်ထိတ်သွားပြီး လိုဏ်ဂူခန်းဝါအပြင်ဘက်မှ အသံတစ်သံကို ကြားလိုက်ရ၏။

“စီနီယာအစ်မ မိုချင်လား”

ခဏမျှ စဉ်းစားတွေးတောပြီးနောက် ဆူဇီမိုက မတ်တပ်ထရပ်ကာ စီနီယာအစ်မ မိုချင်ကို ကြိုဆိုဖို့အတွက် လိုဏ်ဂူခန်းဝါအပြင်ဘက်သို့ ထွက်သွား၏။

အဲဒါက အခြားတစ်ယောက်ယောက်သာဆိုလျှင် ဆူဇီမိုသည် သူတို့ကို လျစ်လျူရှုမိပေလိမ့်မည်။

သို့သော်လည်း စီနီယာအစ်မ မိုချင်သည် မည်သို့ပင်ဆိုစေ သူ့အသက်ကို နှစ်ကြိမ်ကယ်တင်ပေးခဲ့ဖူးပြီး သူတို့နှစ်ယောက်သည် အဝီစိမှာ အခက်အခဲများကို အတူတကွ ဖြတ်ကျော်ခဲ့ဖူး၏။

မိုချင်က လိုဏ်ဂူခန်းဝါထဲမှာ ထိုင်ပြီးနောက် မည်သည့် အလ္လာပသလ္လာပမှ ပြောဆိုမနေဘဲ လိုရင်းကို တန်းပြောလိုက်၏။

“ကျောက်စိမ်းမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စကို ငါကြားခဲ့ရတယ်… နင်ကလည်း အဲဒီမှာ ရှိနေခဲ့တယ်မလား”

“အဲဒါက….”

ဆူဇီမိုက မှင်တက်သွား၏။

ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း တက္ကသိုလ်မှ လူတိုင်းသည် မိစ္ဆာမဟာနယ်မြေမှ အထီးကျန်သိုင်းသခင်အကြောင်းကို ဆွေးနွေးပြောဆိုနေကြပြီး မည်သူကမှ သူ့ကို အရေးမလုပ်ခဲ့ပေ။ တစ်ယောက်ယောက်သည် ဤကိစ္စနှင့် ပတ်သက်၍ သူ့ကို ပထမဆုံးအကြိမ် လာရောက်မေးမြန်းခြင်းဖြစ်၏။

သူက အခုလို ရုတ်တရက်မေးလာတာ ငါနဲ့ အထီးကျန်သိုင်းသခင်ကို သံသယဝင်နေပြီဆိုတဲ့ သဘောလား…။

ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား၏။

မည်သို့ပင်ဆိုစေ အဝီစိနှင့် လန့်ဖုန်းမြို့တော် နှစ်နေရာစလုံးမှာ သူသည် သိုင်းတာအိုပင်မခန္ဓာနှင့် တစ်ချိန်တည်း ရှိနေခဲ့၏။ အခြားသူများအနေဖြင့် အဲဒါကို ဆက်စပ်ကြည့်ဖို့ တကယ်ပင် လွယ်ကူပေလိမ့်မည်။

“ဟဲဟဲ… အဲဒါက တိုက်ဆိုင်သွားတာပါ”

ဆူဇီမိုက ရယ်မော၍ မရေမရာပြောလိုက်၏။

“တိုက်ဆိုင်မှုတချို့ကြောင့် ကျုပ်က အဲဒီအချိန်တုန်းက လန့်ဖုန်းမြို့တော်မှာ ရှိနေခဲ့တယ်… အထီးကျန်သိုင်းသခင်က ရုတ်တရက် ဝင်ရောက်လာလိမ့်မယ်လို့ ဘယ်သူက သိမှာလဲ… လန့်ဖုန်းမြို့တော်ရဲ့ မြို့တော်အရှင်က သူ့ကို အလုပ်အကြွေးပြုနေသည့် တာအိုကလေးငယ်တစ်ယောက်ကို ဖမ်းဆီးခဲ့တာကြောင့်လို့ ကျုပ်ကြားတယ်”

“အဲဒီတိုက်ပွဲက အရမ်းကို ပြင်းထန်ကြမ်းတမ်းပြီးတော့ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တယ်… အဲဒါကြောင့် ကျုပ်က သူ့နဲ့စကားပြောဖို့တောင် အချိန်မရခဲ့ဘူး”

မိုချင်၏ အမူအရာက တည်ငြိမ်နေပြီး သဘောတူလက်ခံလိုက်၏။

“သတင်းပို့ ကျောက်စိမ်းစာလိပ်ထဲမှာ ငါတွေ့ရတဲ့ သတင်းက သိပ်ပြီးတော့ မတိကျဘူး… အဲဒီအခြေအနေနဲ့ ပတ်သက်ပြီးတော့ ငါ့ကို ထပ်ပြီးပြောပြပါဦး”

“ဟမ်…”

ဆူဇီမိုက ငေးငိုင်သွား၏။

စီနီယာအစ်မ မိုချင်၏ အမူအရာအရ… သူမသည် သူ့ကို သံသယရှိနေပုံ မရပေ။ ထိုသို့ဆိုလျှင် သူမက ဤကိစ္စကို မေးမြန်းဖို့အတွက် ဘာကြောင့် ရုတ်တရက် ရောက်လာခဲ့တာလဲ။

ဆူဇီမိုသည် မိုချင်၏ အတွေးများကို နားမလည်နိုင်ဘဲ ဘေးကနေ ရပ်ကြည့်နေသူတစ်ဦးအနေဖြင့် အခြေအနေတစ်ရပ်လုံးကို ပြန်ပြောပြလိုက်ရ၏။

မိုချင်က ဘေးကနေ စိတ်ဝင်တစားနားထောင်နေ၏။ မကြာမကြာဆိုသလို သူမ၏ လှပသောမျက်ဝန်းများထဲမှာ အကြည့်တစ်ခုနှင့် သူမ၏ နှုတ်ခမ်းဖျားပေါ်မှာ ခပ်ယဲ့ယဲ့အပြုံးတစ်ခုက ပေါ်ထွက်လာတတ်၏။

All Chapters