← Chapters

အမှုကိုပြန်လည်သုံးသပ်ခြင်း

Vol. 10 Ch. 97

အမှုကိုပြန်လည်သုံးသပ်ခြင်း

Vol. 10 Ch. 97

နောက်တစ်နေ့နံနက်တွင် ကျန်းကျင်းခိုင်သည် အားကျောက်ကို မူကြိုကျောင်းတွင် ချပေးခဲ့ပြီးနောက် ရုံးခန်းသို့ထွက်လာခဲ့၏။ လက်ရှိတွင် ကွင်းဆက်လူသတ်မှုနှင့် ပတ်သက်၍ အထောက်အထားများ ပိုမိုရရှိလာခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ဤအမှုနှင့်ပတ်သက်၍ အထောက်အထားများအားလုံးကို ပြန်လည်စီစစ်ရန် အချိန်ကျရောက်လာလေပြီ။

လက်ထောက်ခရိုင်ရဲဌာနချုပ်၏ စုံစမ်းရေးဌာန အစည်းအဝေးခန်းထဲတွင် ကျန်းကျင်းခိုင်နှင့် သူ့အဖွဲ့ဝင်များ ပရိုဂျက်တာမျက်နှာပြင်ကို ကြည့်နေကြ၏။ မှုခင်းအကြောင်းအရာများအား တင်ပြသူမှာ လူရှောက်ချိန် ဖြစ်သည်။ ယခုနောက်ပိုင်းတွင် ကျန်းကျင်းခိုင်သည် လူရှောက်ချိန်ကို အတော်လေး နှစ်သက်သဘောကျလာ၏။ အကြောင်းမှာ ဤလူငယ်သည် ရဲတပ်ဖွဲ့သို့ ပထမဆုံး ဝင်ရောက်စဉ်က သူ့ပုံစံနှင့် အတော်လေး တူညီနေသောကြောင့်။ သူသည် ငယ်ရွယ်ပြီး တက်ကြွ၏။ စိတ်အားထက်သန်ပြီး အလုပ်လုပ်နိုင်၏။

"ကျွန်တော်တို့ ခုချိန်ထိ စုဆောင်းထားတဲ့ သက်သေခံအချက်အလက်တွေအရ လမ်းကြားထဲက ကွင်းဆက်လူသတ်မှုတွေဟာ ကျွန်တော်တို့မြို့က မူးယစ်ဆေးဝါးမှောင်ခိုသမားတွေနဲ့ ဆက်စပ်နေတယ်လို့ သံသယရှိစရာဖြစ်နေတယ် အထူးသဖြင့် လွန်ခဲ့တဲ့ နှစ်နှစ်က စစ်ဆေးရေးဝင်ခဲ့ပေမဲ့ ခုချိန်ထိ မဖော်ထုတ်နိုင်သေးတဲ့ အားရှုရဲ့ မူးယစ်ဆေးဝါးဂိုဏ်းနဲ့ ဆက်စပ်နေတယ်လို့ အထောက်အထားတွေက ညွှန်ပြနေတယ်"

လူရှောက်ချိန်က သူ့လက်ထဲရှိ လေဆာပွိုင့်တာနှင့် ဖန်သားပြင်ပေါ်မှ ဆလိုက်ကို ညွှန်ပြလိုက်သည်။

"ပထမဆုံးလူသတ်မှုရဲ့ သားကောင်နှစ်ဦး အထောက်အထားတွေနဲ့ပတ်သက်ပြီးတော့..."

ရှောက်မေ၏ နာမည်ကို ဖတ်သည့်အချိန်တွင် လူရှောက်ချိန်၏ အသံမှာ တုန်ယင်သွား၏။ ငယ်ရွယ်သူဖြစ်၍ ခံစားချက်များကို ယခုအချိန်ထိ ထိန်းချုပ်နိုင်ခြင်းမရှိသည့်ပုံပင်။

"ပထမဆုံးလူသတ်မှုရဲ့ အမျိုးသားသားကောင်က ကျောက်ရန်းချူလို့ခေါ်တယ် သူဟာ စွေ့တီကွမ်း ဂိုဏ်းရဲ့ အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သလို ခုချိန်မှာ စွေ့ကျုံးယီရာဇဝတ်ဂိုဏ်းရဲ့ လက်ရှိအဖွဲ့ဝင်တစ်ဦးလို့လဲ ဆိုနိုင်တယ် ဒါ့အပြင် စတုတ္ထမြောက် လူသတ်မှုရဲ့ အမျိုးသားသားကောင်ကလည်း စွေ့ကျုံးယီဂိုဏ်းရဲ့ နောက်ထပ်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ တန်ရှောက်ချန်း ဖြစ်နိုင်ခြေများနေတယ်

ကျွန်တော်တို့အနေနဲ့ အားရှုကို ဒီလူသတ်မှုတွေရဲ့ သားကောင်တစ်ကောင်အဖြစ် သေဆုံးသွားပြီလို့ ထင်ခဲ့ပေမဲ့ နောက်ဆုံးစုံစမ်းစစ်ဆေးမှုတွေအရ အဲဒီညက သေဆုံးသူအမျိုးသမီးဟာ အားထန်လို့ ခေါ်တဲ့ လူသစ်ပြည့်တန်ဆာတဦးဖြစ်ကြောင့် ထပ်မံသိရှိခဲ့ရတယ် သူဟာ အားရှုနဲ့ အလွန်တူပေမဲ့ တကယ်တမ်းကျတော့ အားရှုထက် အများကြီး ငယ်တယ် သေဆုံးသူရဲ့ ရုပ်ကြွင်းကို အနီးကပ်စစ်ဆေးပြီးတဲ့နောက် အဲ့ဒီညက သေဆုံးသူဟာ အားရှုမဟုတ်ကြောင်း ကျွန်တော်တို့ အတည်ပြုနိုင်ခဲ့တယ်"

ဤနေရာအရောက်တွင် လူရှောက်ချိန်က စကားကို ခေတ္တရပ်ပြီး ကျန်းကျင်းခိုင်ကို လှမ်းကြည့်လိုက်၏။ ကျန်းကျင်းခိုင်က သဘောတူဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။ လူရှောက်ချိန်အနေနှင့် အားထန်မည်သူမည်ဝါမှန်း သိရှိနိုင်ခဲ့သည်မှာ အားဖင်၏ အကူအညီ အများကြီးပါနေ၏။

အားလျန်အမှုက အမျိုးသားသားကောင်ကို ကောက်တင်ကန်းလို့ ကျွန်တော်တို့ သိထားတယ် ကျွန်တော်တို့အနေနဲ့ ကျောက်ရန်းချူနဲ့ ကောက်တင်ကန်းတို့ရဲ့ အထောက်အထားတွေကို ဒီအန်န်အေစစ်ဆေးမှု လုပ်ခဲ့ပြီးပါပြီ တန်ရှောက်ချန်းရဲ့ ဒီအန်န်အေကိုလည်း စစ်ဆေးဖို့ တင်ပြထားတယ် ဒီအန်န်အေစစ်ဆေးမှုရလဒ်တွေကသာ တန်ရှောက်ချန်းရဲ့ အထောက်အထားကို အတည်ပြုနိုင်ခဲ့မယ်ဆိုရင် ကျွန်တော်တို့မှာ မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းဝင်အမျိုးသားသားကောင် အနည်းဆုံး သုံးဦးရှိထားပြီ ဖြစ်ပါတယ် ဒါ့အပြင် အားထန်ကလွဲပြီးကျန်တဲ့အမျိုးသမီးသားကောင်များအားလုံးဟာ ပျောက်ဆုံးနေတဲ့ မူးယစ်ဆေးဝါးမှောင်ခိုသံသယရှိသူ အားရှုနဲ့ တစ်မျိုးမဟုတ်တစ်မျိုး ဆက်စပ်မှုရှိနေတာကို တွေ့ရတယ် ပဉ္စမမြောက် လူသတ်မှုက အမျိုးသမီးသားကောင် ယင်ကျိုးမီကတော့ အားရှုရဲ့ မူးယစ်ဆေးဝါးဂိုဏ်းဝင်တစ်ဦးမဟုတ်ဘူးလို့ ထင်ရတယ် ဒါပေမဲ့ သူနာပြုတစ်ဦးဖြစ်တဲ့သူဟာ သူ့ရာထူးကို အသုံးပြုပြီး အားရှုအတွက် ဆေးထိုးအပ်တွေနဲ့ ပိုက်တွေကို တရားမဝင် ရယူခဲ့တယ်ဆိုတဲ့ သက်သေအထောက်အထား ကျွန်တော်တို့မှာ ရှိတယ်"

တင်ပြချက်ပြီးဆုံးသွားသည်နှင့် လူရှောက်ချိန်က ကျန်းကျင်းခိုင်ကိုကြည့်ပြီး ပြောလိုက်၏။

"အင်စပက်တာကျန်း ဒီနေရာမှာ ကျွန်တော့ရဲ့တင်ပြချက် ပြီးဆုံးသွားပါပြီ ဖြည့်စွက်ချင်တာတွေ မှတ်ချက်ပြုချင်တာတွေ ရှိအုံးမလားခင်ဗျ"

"အစီရင်ခံစာ ကောင်းတယ် အလွန်ပြည့်စုံပါတယ်"

ထို့နောက် ကျန်းကျင်းခိုင်က မတ်တပ်ရပ်ပြီး ပရိုဂျက်တာဆီသို့ လျှောက်သွားလိုက်၏။

"စုဆောင်းထားတဲ့ သက်သေအထောက်အထားတွေအရ ကျုပ်တို့အနေနဲ့ အားရှုရဲ့ အထောက်အထားကို အတည်ပြုနိုင်ပြီ သူက ဂွမ်ချီဇာတိဖြစ်တယ် သူ့နာမည်အရင်းက ချန်ကျုးရှုလို့ခေါ်တယ် သူ့မှာ သားတစ်ယောက် သမီးတစ်ယောက်ရှိပြီး ကလေးအားလုံး ဂွမ်ချီမှာပဲ နေကြတယ်လို့သိရတယ် ဒါ့အပြင် လွန်ခဲ့တဲ့နှစ်နှစ်က အားရှု သူ့အိမ်ကိုရေးခဲ့တဲ့ စာတွေနဲ့ တခြားစာရွက်စာတမ်းတွေကိုလည်း ကျုပ်တို့တို့ ရရှိထားပြီးပြီ"

စာရွက်စာတမ်းများ၏ ရင်းမြစ်ကတော့ ကျန်းကျင်းခိုင်၏ လျှို့ဝှက်ချက်ဖြစ်သည်။ ယောက်ထန်းယုကဲ့သို့ အထက်အကြီးအကဲများက တိုက်ရိုက်မေးမြန်းခြင်းမရှိသရွေ့ ကျန်းကျင်းခိုင်အနေနှင့် ဤအကြောင်းကို ထုတ်ပြောရန် အစီအစဥ်မရှိချေ။

"ဒါပေမဲ့ ဒီအမှုမှာ အရေးအကြီးဆုံးနဲ့ ရှုပ်ထွေးဆုံးပြဿနာက အဓိကသံသယရှိသူအားရှုဟာ လွန်ခဲ့တဲ့ နှစ်နှစ်ခွဲလောက်က ရုတ်တရက် ပျောက်ဆုံးသွားတာပဲ သူ ပျောက်ဆုံးနေတဲ့ ကာလအတွင်း ဘယ်ရောက်နေသလဲ ဘာလုပ်နေခဲ့သလဲဆိုတာကို ဘယ်သူမှမသိဘူး နောက်ထပ်ထူးခြားတာတခုကတော့ အားရှု ပျောက်ဆုံးသွားကတည်းက သူ့အိမ်ကို ငွေမလွှဲတော့တာပဲ"

ဂွမ်ချီရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုအရ သူ ပျောက်ဆုံးနေတဲ့ ကာလအတွင်း အိမ်ကို ငွေပို့တာမျိုး လုံးဝမရှိဘူးလို့ သိရတယ် သူ့မ်ိသားစုဟာ အလွန်ဆင်းရဲတယ် ခုဆိုရင် အားရှုဆီက ငွေမပို့တဲ့အတွက် သူ့ကလေးတွေ ကျောင်းမတက်နိုင်ဘူးလို့ နောက်ဆုံးသိရတယ်"

အစည်းအဝေးတွင် ထိုင်နေသော အရာရှိအားလုံးနီးပါး ခေါင်းငုံ့ကာ တိတ်ဆိတ်နေကြ၏။ သူတို့အများစုမှာ မိခင်ဖခင်များ ဖြစ်ကြပေသည်။ မိခင်တစ်ဦးသည် မိမိသားသမီးများ ပိုမိုကောင်းမွန်သောဘဝတွင် နေထိုင်နိုင်ရန် မည်သည့်အခက်အခဲကိုမဆို သည်းခံမည်မှန်း သူတို့သိထားကြ၏။ ထို့ကြောင့် အားရှု ငွေမပို့တော့ခြင်းမှာ အတော်လေးထူးဆန်းနေသော ကိစ္စဖြစ်သည်။

ထို့နောက် ကျန်းကျင်းခိုင်က တင်ပြချက်ကို ရပ်တန့်ပြီး အရာရှိများကို ကြည့်ကာ ပြောလိုက်၏။

"ကောင်းပြီ ဒါတွေက ကျွန်တော်တို့ ခုချိန်ထိ ရရှိထားတဲ့ အချက်အလက်တွေပဲ ခင်ဗျားတို့အနေနဲ့ မေးစရာ ဒါမှမဟုတ် မှတ်ချက်ပေးစရာတွေ ရှိရင် လွတ်လွတ်လပ်လပ် ပြောနိုင်ပါတယ်"

"အင်စပက်တာကျန်း အားရှုရဲ့ စာရွက်စာတမ်းတွေကို ပထမဆုံးလက်ခံရရှိခဲ့တာ ကျွန်မပါ"

လျူနင်းက လက်မြောက်ရင်း ပြောလိုက်၏။

"အဲဒီမှာ ကျွန်မ အရမ်းထူးဆန်းတာတစ်ခု တွေ့ခဲ့ရတယ် ဂွမ်ချီရဲတပ်ဖွဲ့က ပေးတဲ့ အချက်အလက်တွေအရ အားရှုဟာ သူ့အိမ်နဲ့ အဆက်အသွယ်ပြတ်သွားတာ နှစ်နှစ်ခွဲရှိပါပြီ ဒါပေမဲ့ သူ့မိသားစုဟာ နောက်ထပ် သုံးလအကြာအထိ သူ့ဆီက ငွေပို့တာကို လက်ခံရရှိနေတုန်းပဲ"

"မှန်တယ် ဒါကလဲ ကျုပ်တို့ အဖြေရှာဖို့လိုနေတဲ့ မေးခွန်းတစ်ခုပဲ"

ကျန်းကျင်းခိုင်က ခေါင်းညိတ်ရင်း ပြန်ဖြေလိုက်သည်။

"ဒါပေမဲ့ တခြားတစ်ယောက်ယောက်က သူ့ကိုယ်စား ငွေလွှဲပေးနေခဲ့တာမျိုးလဲ ဖြစ်နိုင်တယ်"

အထက်ပါမှတ်ချက်မှာ ကျန်းကျင်းခိုင်ပါးစပ်မှ လွှတ်ခနဲ ပြောမိသော မှတ်ချက်ဖြစ်သည်။

"အင်စပက်တာကျန်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာနက အရာရှိတွေရဲ့မှတ်ချက်အရ ပထမဆုံး လူသတ်မှုမှာ သားကောင်ဖြစ်ခဲ့တဲ့ ရှောက်မေဟာ မူးယစ်ဆေးဝါးရောင်းဝယ်ရေးကွင်းဆက်မှာ မပါဝင်ခဲ့ဘူးလို့ ယုံကြည်ဖွယ်ရာ ရှိနေတယ်"

အရာရှိလျူကွမ်းက ထပြောလိုက်ခြင်း ဖြစ်သည်။

"ကျွန်တော်တို့ရဲ့ သုံးသပ်ချက်တွေအရ ရှောက်မေဟာ အားရှုနဲ့ မရင်းနှီးဘူး ကျန်သားကောင်တွေဖြစ်တဲ့ အားဟွေ အားလျန် နဲ့ အားဆွေတို့ကသာ အားရှုနဲ့ လက်ပွန်းတတီးရှိသူတွေ ဖြစ်ပါတယ် အားလီ အားတီးတို့နဲ့ ပတ်သက်လို့တော့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာနမှာ ဘာအချက်အလက်မှ ရှာမတွေ့ခဲ့ပါဘူး"

"ကောင်းပြီ ဒါပေမဲ့ ကျုပ်တို့ အားတီးနဲ့ အားရှုရဲ့ ဆက်ဆံရေးကို တခြားနည်းလမ်းတွေနဲ့ အတည်ပြုနိုင်ခဲ့တယ်"

ကျန်းကျင်းခိုင်က ပြန်ဖြေလိုက်သည်။

"ဒါပေမဲ့ ရှောက်မေ အားလီတို့နဲ့ အားရှုရဲ့ ဆက်ဆံရေးကိုတော့ ဆက်ပြီးဆန်းစစ်ရအုံးမယ်"

"ဟုတ်ကဲ့ အင်စပက်တာ"

လျူကွမ်းက ခေါင်းညိတ်ရင်းပြောလိုက်သည်။

“အင်စပက်တာကျန်း ကျွန်တော်တို့အနေနဲ့ ကျောက်ချူးဟိုင်ဟာလည်း သံသယဝင်စရာကောင်းနေတာကို စုံစမ်းတွေ့ရှိရတယ် ဒီလူကျောက်ချူးဟိုင်ဟာ သူ့ဖောက်သည်တွေကို မူးယစ်ဆေးဝါးဝယ်ယူပေးတတ်တဲ့ ရာဇဝတ်မှုမှတ်တမ်းရှိနေတယ်”

အရာရှိ ထူယုတင်းက မှတ်ချက်ပြုလိုက်ပြန်သည်။

"ယင်ကျူးမီကိုလည်း ကျွန်တော်တို့စစ်ဆေးခဲ့သေးတယ် ဒီအမျိုးသမီးဟာ အားရှုနဲ့တော့ ပတ်သက်မှုမရှိဘူး သူဟာ အားရှု ပျောက်သွားပြီးမှ မေ့ဆေးဌာနကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ် ဒီမတိုင်ခင်က သူဟာ အထွေထွေရောဂါကုဌာနက သူနာပြုပါ"

"ဟုတ်ပြီ"

ကျန်းကျင်းခိုင် ခေါင်းညိတ်လိုက်၏။

"ယင်ကျုးမီရဲ့ အလုပ်အကိုင်ကို ဆက်ပြီး စုံစမ်းစစ်ဆေးပါ သူ့ကို သံသယရှိသူအဖြစ်ကနေ လုံးဝဖယ်ထုတ်နိုင်မလား ကျုပ်တို့ ကြည့်ကြတာပေါ့ ဒါ့အပြင် ကျူးယုပင်ရဲ့နောက်ခံက လုံးဝရှင်းလင်းနေတာ ထူးဆန်းတယ် ဒီလူကို အသေးစိတ်ပြန်စစ်ဆေးပါ"

ထိုအချိန်မှာပင် အရာရှိတဦးက အခန်းထဲဝင်လာပြီး ပြောလိုက်၏။

"ကျူအန်းရဲစခန်းက တပ်ကြပ်ကြီးကျန်း ခုပဲ ဖုန်းဆက်တယ် အားတီး သတိပြန်ရလာပြီတဲ့ ဆေးရုံလိုက်လာအုံးမလား မေးခိုင်းလိုက်ပါတယ် အင်စပက်တာ"

"တကယ်လား ကောင်းပြီ အားလုံး ကိုယ့်အလုပ်ကို လုပ်ကြပါ ရှောက်ချိန် မင်းက ကျုပ်နဲ့ ဆေးရုံကို လိုက်ခဲ့"

All Chapters