← Chapters

စက်ရုပ်ဝတ်စုံနဲ့မျိုးဗီဇဝတ်စုံ

Vol. 2 Ch. 17

စက်ရုပ်ဝတ်စုံနဲ့မျိုးဗီဇဝတ်စုံ

Vol. 2 Ch. 17

ထိုနေရာတွင်ရပ်နေသည့် စက်ရုပ်ဝတ်စုံဝတ် အရပ်ရှည်ရှည် တောင့်တင်းခိုင်မာသည့်ပုံရိပ်အားကြည့်ကာ ဖုန့်လင်း၏ နှလုံးသားနစ်မြုပ်သွားလေသည်။

တကယ့်စက်ရုံဝတ်စုံတစ်ခု။

စက်ရုပ်ဝတ်စုံတို့အား ကြယ်တာယာခေတ်နည်းပညာ၏ အထွတ်အထိပ်

အဆင့်တစ်ခုဟုမှတ်ရပေလိမ့်မည်။ ထိုဝတ်စုံ၏ အစိတ်အပိုင်းတစ်ခုလုံးအား သတ္ထုတို့ဖြင့် ပြုလုပ်ထားပြီး လူသားမောင်းနှင်သူတို့က ထိန်းချုပ်အသုံးချကာ လူသားခန္ဓာကိုယ်တစ်ခုမှ ခွန်အားတို့ထက် အဆပေါင်းများစွာသာလွန်

သည့် စွမ်းအားများကို ထုတ်လုပ်ပေးနိုင်သည်။

လူသားများ ကြယ်အပြည့်နဲ့ကောင်းကင်ကြီးအား လေ့လာသည့်အချိန်ကတည်းကပင် စက်ရုပ်စစ်သည်တော်တို့သည် စကြာဝဋ္ဌာအတွင်းမှ မကောင်းဆိုးဝါးများနှင့် ဂြိုလ်သားမျိုးနွယ်များအား ဆန့်ကျင်တိုက်ခိုက်ရန် လူသားတို့၏ အဓိကလက်နက်များဖြစ်လာကြသည်။

သို့သော် ဤစက်ရုပ်သည် ထိုမီတာအနည်းငယ်ခန့်ရှည်လျားသည့် စက်ရုပ်အကြီးစားကြီးများနှင့်မတူပေ။ လက်ရှိစက်ရုပ်ဝတ်စုံသည် သာမန်လူသားတစ်ယောက်အရွယ်သာရှိသည့် အသေးစားအမျိုးအစားတစ်ခုဖြစ်သည်။ ပုံပန်းသဏ္ဍာန်အရဆိုလျှင် အတိတ်ခေတ်တွင် လူသားတို့ဝတ်ဆင်ကြသည့် ရှေးဟောင်းချပ်ဝတ်တန်ဆာတို့ဖြင့်ဆင်တူသည်။ တစ်ခုတည်းသော ကွာခြားချက်သည် ချပ်ဝတ်၏အလယ်တွင် စွမ်းအင်ဗဟိုချက်တစ်ခု ရှိနေခြင်းသာဖြစ်ကာ အဆက်မပြတ်လင်းလတ်နေသောကြောင့် စက်ရုံဝတ်စုံတစ်ခုဖြစ်ကြောင်းသိနိုင်သည်။

“စမ်းသပ်သူ ဖုန့်လင်း...ငါက အဆင့်(16)ရဲ့ တိုက်ခိုက်ရေးဆရာတစ်ယောက်ဖြစ်တဲ့ နဂါးငွေ့တန်းရေတပ်ကြယ်အထူးတပ်ဖွဲ့ရဲ့ စစ်သည်တော်နံပါတ် HX-212 ပဲ။ တိုက်ခိုက်ဖို့အသင့်ပြင်ပါ”

စက်ရုပ်ဝတ်စုံ၏ အီလက်ထရောနစ်မျက်လုံးတို့မှ အနီရောင်အလင်းတန်းတစ်ခု ဖြာထွက်သွားပြီး စက်ရုပ်ဆန်ဆန် အသံထွက်ပေါ်လာသည်။

နောက်တစ်ခဏလေးတွင်ပင် ဖုန့်လင်း ကြီးမားသည့် အန္တရာယ်တစ်ခုအားခံစားမိလိုက်သည်။

ဘွမ်း....

စက်ရုပ်ဝတ်စုံ၏အလယ်မှ စွမ်းအင်ဗဟိုချက်သည် ရုတ်တရက်ဆိုသလို တောက်ပလာကာ အလွန်ပူပြင်းသည့် အဖြူရောင်စွမ်းအင်ပေါက်ကွဲမှုအလင်းတန်းတစ်ခု ပစ်ခက်လိုက်သည်။ ပစ်ခက်မှုအရှိန်သည် အလွန်အမင်းမြန်ဆန်လွန်းလှ၍ ပစ်ခတ်လိုက်သည့်အချိန်လေးတွင်

ဖုန်လင်း ဘာဆိုဘာမှမမြင်နိုင်လိုက်ချေ။

ကံကောင်းစွာပင် စွမ်းအင်ဗဟိုချက် စတင်တောက်ပလာသည့်အချိန်ကတည်းကပင် ဖုန့်လင်း ရှောင်ပြီးသားဖြစ်နေသည်။ အလွန်အမင်းပူသည့် အဖြူရောင်စွမ်းအင်ရောင်ခြည်တန်းသည် သူ့အားဖြတ်ကျော်သွားသည်။

ဖုန့်လင်း သူ့ပုခုံးအား မီးလောင်သွား

သည့် နာကျင်မှုအားခံစားလိုက်ရသည်။ အစောက ပစ်ခတ်လိုက်သည့် အဖြူရောင်စွမ်းအင်ရောင်ခြည်သည် သူ့အား အနည်းငယ်ရှပ်ကာ ထိမိသွားသည်။ အဖြူရောင်စွမ်းအင်ရောင်ခြည်သည် မြေပြင်အား ထိမိ၍ပေါက်ကွဲသွားကာ မီးလောင်ရာ အပေါက်တစ်ခုကျန်နေခဲ့သည် ။

သူ ထိခိုက်အား ကို မြေပြင်တွင် တစ်ချက်ကြည့်လိုက်ရာ ခေါင်းနပန်းကြီးသွားသည်။ ဘာလို့များ အဆင့်(16)က ဒီလောက်ခက်နေရတာလဲ။ သူရဲ့ပြိုင်ဘက်က ကြယ်တာယာကျင့်ကြံသူတစ်ယောက်ဖြစ်ရုံတင်မဟုတ်ဘူး။ စက်ရုပ်ဝတ်စုံတောင်ဝတ်ထားသေးတယ်လေ။ ဒါသက်သက်မဲ့ညစ်နေကြတာလား။ ဒါကို သူ ဘယ်လိုတိုက်ခိုက်ရမှာလဲ။

သို့သော် သူ့တွင်တွေးရန် အချိန်မရှိသေးချေ။ ထိုစက်ရုပ်စစ်သည်တော်သည် ခြိမ်းခြောက်သည့် အရှိန်အဝါတို့ကိုထုတ်လွှတ်ကာ အစောကြီးကတည်းက ပြေးဝင်လာပြီဖြစ်သည်။ သူ့ခြေဖဝါးတို့မှ မီးတောက်များထုတ်လွှတ်နေပုံရကာ အရှိန်ကလည်း ကြယ်ပျံတစ်ခုအလား လျင်မြန်လွန်းလှသည်။

ဖုန့်လင်း ရှောင်ဖို့အချိန်မရှိလိုက်ချေ။ သူ့အနေနှင့် လက်သီးတစ်ချက်ထိုးပြီး ပြိုင်ဘက်အား ထိပ်တိုင်ရင်ဆိုင်ရန်ကာတတ်နိုင်ခဲ့သည်။ ရုတ်တရက် သူ့ဆီကို လွှမ်းမိုးနိုင်စွမ်းရှိသည့် လှိုင်းလုံးကြီးများ တိုးဝင်လာသည်ဟုခံစားလိုက်ရကာ ပေါက်ကွဲမှုကြောင့် နောက်သို့

လွင့်ပျံသွားသည်။

ဤသည်မှာ ပထမဆုံးအကြိမ် သူ၏ကိုယ်ပိုင်ခွန်အား(စွမ်းရည်) နိမ့်ကျခြင်းဖြစ်သည်။

သို့သော် စက်ရုပ်စစ်သည်တော်သည်လည်း မသက်သာပါချေ။ ပေါက်ကွဲမှု၏သက်ရောက်မှုကြောင့် စစ်သည်တော်သည် လေထဲတွင် ကျွမ်းထိုးမှောက်ခုံဖြစ်ကာ နောက်သို့လွင့်စင်သွားသည်။ နောက်ဆုံးတွင် သူ၏လေးလံသည့်ခန္ဓာကိုယ်၏အားသာချက်ကြောင့် အားစိုက်ကာမြေပြင်ပေါ်တွင်ခြေကုပ်ယူ ရပ်တန့်နိုင်ခဲ့သည်။ အလင်းတန်းတစ်ချက်လက်သွားသကဲ့သို့ ပြန်ထလာကာ ဖုန့်လင်း ဆီသို့ နောက်တစ်ကြိမ်ပြေးဝင်လာသည်။

ဖုန့်လင်း သူ့နှလုံးသားက တစ်ဒုတ်ဒုတ်ခုန်နေသည့်အတွက် မျက်ခုံးများအား တွန့်ကွေးမိလိုက်သည်။

ပြိုင်ဘက်သည် စက်ရုပ်ဝတ်စုံ၏ခွန်အားကိုယူကာ သူ့ထက်မည်မျှမှမမှီနိုင်သည်အထိ အရှိန်ကိုအလွန်အကျွံမြှင့်တင်လိုက်သည်။ သူတို့၏အမြန်နှုန်းများသည်သာ တူညီနေသည်မဟုတ်ပေ...ဖုန့်လင်း ထိုစက်ရုပ်စစ်သည်ထက် ခွန်အားအရာတွင်လည်းနိမ့်ကျနေသည်။

ဤအဆင့်မတိုင်မီ အဆင့်တိုင်းတွင် သူ၏သာလွန်သည့် အရှိန်ကိုအားကိုးကာ အဆင့်တိုင်းတွင် ကြိုးစားမှုတို့အား အောင်မြင်စေခဲ့၏။ ဤတစ်ကြိမ်မှာ သူ့ထက် ဘက်ပေါင်းစုံမှသာလွန်နေသည့်လူတစ်ယောက်အား နဖူးတွေ့ဒူးတွေ့ကြုံတွေ့ရသည့် ပထမဆုံးအကြိမ်ပင်။

လက်ရှိတွင် သူ၏အားသာချက်သည် အားနည်းချက်အဖြစ်သို့ပြောင်းလဲသွားပြီဖြစ်သည်။ ဖုန့်လင်း ရုတ်တရက် ကျဉ်းထဲကျပ်ထဲအခြေအနေသို့ကျရောက်သွားသည်။

ကံကောင်းသည်မှာ သူသည် ကျောက်ဖြစ်မျိုးဗီဇကို နိုးထထားသည့်အပြင် မကြုံစဖူး အမှတ်(6) ထိပင်

အမှတ်မြှင့်ထားပြီးဖြစ်သည့်အတွက် သူ့အရေပြားသည် ကျောက်တုံးကဲ့သို့ဖြစ်ကာ သူ၏အရိုးများသည် သံမဏိကဲ့သို့ဖြစ်နေပြီဖြစ်သည်။ သူ၏ခုခံမှုသည် အလွန်အမင်းမာကြောနေမည်မှာအမှန်ပင်။

သို့သော်သူ စွန့်စားလိမ့်မည်မဟုတ်ချေ။ ပြိုင်ဘက်အား တိုက်ခိုက်ရန် အလွန်အမင်းဂရုစိုက်ရမည်ဖြစ်သည်။ ခက်ခဲသည့်အခြေအနေတွင်ဖြစ်သော်လည်း ယာယီအနေဖြင့် စိုးရိမ်စရာကိစ္စရယ်ဟူ၍ ရှိမနေချေ။

အချိန်တချို့အထိ သူ့ပြိုင်ဘက်၏ စွမ်းရည်တို့အားလေ့လာနေလိုက်သည်။ အစောက တိုက်ခိုက်မှုသည် သူ၏ခေတ်မှ ရုပ်ပြစာအုပ်သူရဲကောင်းဇာတ်ကောင်တစ်ခုဖြစ်သည့် အိုင်းယွန်းမန်း(Iron-Man)နှင့် အတော်လေးဆင်တူလှ၏။ စွမ်းအင်ဗဟိုချက်သည် ဖျက်စီးနိုင်စွမ်းအားကြီးမားလွန်းပြီး မယုံနိုင်စရာအရှိန်တို့ဖြင့် စွမ်းအင်ရောင်ခြည်များအားပစ်လွှတ်နိုင်သည်။

လက်ရှိအတွက်တော့ သူ့ပြိုင်ဘက်၏အားနည်းချက် တစ်ခုတစ်လေမှပင်ရှာမတွေ့ချေ။ ဖုန့်လင်းသည် ပြိုင်ဘက်ထက် အဖက်ဖက်မှ နိမ့်ကျနေခဲ့သည်။ သို့သော်လည်း သူ့အနေဖြင့်စိတ်ရှည်ရမည်ဖြစ်သည်။

အဆုံးတွင် ဖုန့်လင်း တစ်ခုခုထူးဆန်းနေသည်ကို တွေ့ရှိလိုက်သည်။

လေးကန်ထိုင်းမှိုင်းခြင်း(အီနားရှား) သည်လည်း စကြာဝဋ္ဌာကြီးအတွင်းမှ အခြေခံကျသည့် ရူပဗေဒဆိုင်ရာ ဥပဒေသတစ်ရပ်ပင်ဖြစ်သည်။ မည်မျှပင် တိုးတက်အဆင့်မြင့်လာပါစေ လေးကန်ခြင်းကိုကျော်လွန်ရန်မှာ အလွန်ပင်ခက်ခဲသည်။ တစ်စုံတစ်ယောက်သည် ရူပဗေဒဥပဒေသတို့အား မဆန့်ကျင်ဘဲ လိုက်လျောညီထွေဖြစ်အောင်သာ ပြုလုပ်နိုင်သည်။

တစ်ယောက်ယောက်သည် စက်ရုံဝတ်စုံတို့မည်မျှလေးလံမည်ကို ခန့်မှန်းနိုင်သည်။ စစ်သည်တော်၏ အရှေ့တည့်တည့်သို့ ရွေ့လျားမှုသည် အလွန်လျင်မြန်လှသော်လည်း အကွေ့အရှိန်သည် လွန်စွာမှနှေးကွေးသည်။ ပြောနိုင်မည်မှာ သူသည် လျင်မြန်သော်လည်း စက်ရုပ်ဝတ်စုံ၏ လေးကန်ခြင်း(အီနားရှား)ကြောင့် မသွက်လက်ပေ။

တစ်ခြားတစ်ဖက်တွင် သွက်လက်မှုသည် ဖုန့်လင်း၏ အဓိကစွမ်းရည်ဖြစ်သည်။

မျောက်ဝံနှင့် မျောက်တို့သည် မတ်စောက်သောချောက်ကမ်းပါးများနှင့် သစ်ပင်မြင့်များတွင်နေထိုင်ကြသည့် သက်ရှိများဖြစ်သည်။ အကယ်၍သူတို့သာ အနည်းငယ် အာရုံမစိုက်မိပါက အောက်သို့ပြုတ်ကျသည့်အတွက် သေသွားပေလိမ့်မည်။ သို့တိုင် သူတို့သည် ထိုကဲ့သို ပတ်ဝန်းကျင်များတွင် ပုံမှန်ပုံစံဖြင့်ပင် ရှင်သန်နေထိုင်နိုင်ကြသည်မှာ သူတို့၏လက်ကျွမ်းကျင်မှု နှင့် ထိန်းချုပ်နိုင်စွမ်းအပေါ်ကို သိသိသာသာညွှန်ပြနေကြ၏။

ဖုန့်လင်းသည် မျောက်မျိုးရိုးဗီဇအား အမှတ်အကုန်မြှင့်တင်ထားပြီးဖြစ်သည်။ အားသာချက်တို့သည် သူ၏အမြန်နှုန်းအား တိုက်ရိုက်မြှင့်တင်ပေးရုံလောက်တင် မရှိးရှင်းလှချေ။ သူ၏သွက်လက်မှုနှင့် လက်ကျွမ်းကျင်မှုတို့သည်လည်း သာမန်လူတို့ထက် ကျော်လွန်နေခဲ့ပြီဖြစ်၏။

သူ့ခန္ဓာကိုယ်အား ဘယ်မှညာ စက်ဝိုင်းသဏ္ဍာန်ရွေ့လျားနေလိုက်သည်။ သူ့လှုပ်ရှားမှုတို့၏ အရှိန်နှင့် စည်းချက်တို့သည်လည်း သူ၏ဦးတည်ရာပြောင်းလဲမှုနှင့်အတူ ဆက်တိုက်ပြောင်းလဲနေသည်။

အချိန်ခဏကြာအထိ စက်ရုပ်စစ်သည်တော်သည် သူ၏လှုပ်ရှားမှုတို့အား မလိုက်နိုင်တော့သဖြင့် သူအပေါ်တွင် ဖိအားများ လျော့နည်းသွားစေခဲ့သည်။

“ဒီကျောင်းသား ဘယ်လောက်ဉာဏ်ကောင်းလဲကြည့်လိုက်။ သူက စက်ရုပ်စစ်သည်ရဲ့ အားနည်းချက်ကို ဒီလောက်မြန်မြန်ရှာတွေ့နိုင်တယ်”

“ဘယ်လိုတောင်သနားစရာလဲ။ ဒါလေးရှာတွေ့ဖို့တောင်ဒီလောက် အကြာကြီးအချိန်ယူနေရတာ။ မွန်းစတားအဆင့်ပါရမီရှင်တစ်ယောက် ဖြစ်လာနိုင်ပါ့မလား”

“သူရဲ့အသက်အမှတ်က တခြားပါရမီရှင်တွေနဲ့စာရင် နောက်ကျနေတာတောင် စက်ရုပ်ဝတ်စုံနဲ့ ကျင့်ကြံသူတစ်ယောက်နဲ့ အဆင့်တူတိုက်ခိုက်နေနိုင်သေးတယ်။ သူ့အနေနဲ့ နိုင်ဖို့မဖြစ်နိုင်ပေမယ့် ဒီလောက်လုပ်နိုင်တာကိုက တော်တော်လေး ထူးချွန်တယ်လို့ မှတ်ရလိမ့်မယ်”

……

စောင့်ကြည့်ရေးခန်းထဲတွင် ဆရာများက မြင်ကွင်းအား ရှင်းရှင်းလင်းလင်းမြင်နေရသည်။

ဖုန့်လင်း၏ စွမ်းရည်တို့ကို ကြောက်ရွံ့နေကြသော်လည်း သူ၏စွမ်းဆောင်ရည်တို့ကို မြင်သည့်အခါတွင် မနေနိုင်ပဲ တုန်လှုပ်သွားရသေးသည်။ သူတို့အားလုံး လေးစားမှုကြောင့် အာမေဋိတ်သံများ ထွက်သည်ထိဖြစ်နေကြသော်လည်း သူနိုင်လိမ့်မည်ဟု မည်သူမှမယုံကြည်ကြပေ။

အဆုံးတွင် သူ၏အသက်အမှတ်သည် 1.5 သာရှိပြီး သူ၏ပြိုင်ဘက်သည် စက်ရုပ်ဝတ်စုံနှင့်ကြယ်တာယာကျင့်ကြံသူတစ်ယောက်ဖြစ်သည်။

သိထားရမည်မှာ ကြယ်တာယာစစ်သည်တော်တို့သည် စစ်တပ်မှ ဂရုတစိုက်ရွေးချယ်ထားသည့် တိုက်ပွဲများကို ခံနိုင်ရည်ရှိနေသည့် ပါရမီရှင်များဖြစ်ကြသည်။ သူတို့၏ တိုက်ပွဲစွမ်းရည်များသည်လည်း အလွန်အမင်းထူးချွန်ကြသည်။

ဒီကောင်လေး နိုင်ဖို့ မဖြစ်နိုင်ပါဘူး။

“ဆက်ကြည့်ကြရအောင်”

ကျောင်းအုပ်သည်လည်း စိတ်လှုပ်ရှားနေခဲ့ကာ လျှို့ဝှက်ဆန်းကြယ်သည့် အပြုံးတစ်ခုအား သူ၏မျက်နှာထက်တွင်မြင်ရနိုင်သည်။

“သူသာအနိုင်ရချင်ရင် သူရဲ့ ယာယီအခြေအနေထိန်းချုပ်နိုင်ရုံဆိုရင်တောင် နိုင်ဖို့လွယ်မှာတော့မဟုတ်ဘူး။ ဒီစက်ရုပ်ဝတ်စုံက သာမန်စက်ပစ္စည်းဝတ်စုံသက်သက်မဟုတ်ဘူးလေ”

ထိုအချိန်တွင် စက်ရုပ်စစ်သည်သည်လည်း ဖုန့်လင်းသည် အလွန်ခက်ခဲသည့်ပြိုင်ဘက်တစ်ယောက်ဖြစ်သည်ကို သိလိုက်၏။ သူတို့နှစ်ယောက်ကြားက အကွာအဝေးကို ခြားထားလိုက်သည်။ သူ၏မျက်လုံးက အနီရောင်အလင်းတစ်ချက်လက်သွားကာပြောသည်။

“ဖုန့်လင်း မင်းကအရမ်းသန်မာပြီးတော့ အဆင့်တူတွေထက်လဲ စွမ်းရည်တွေကျော်လွန်နေတယ်။ မင်းရဲ့ တိုက်ပွဲအသိတွေနဲ့ အလိုအလျောက်တုံ့ပြန်မှုတွေကလည်း တိုက်ရိုက်ကျပြီး သွက်လက်လွန်းတယ်။ ဒါပေမယ့် မင်းက ပုန်းတာနဲ့ရှောင်တာနဲ့ပဲသိတယ်ဆိုရင် စေတီထိပ်ဆုံးကိုတက်ဖို့ မင်းရဲ့လမ်းကပြီးသွားပြီ”

သူ့လက်တွေကို ဖြန့်ကားလိုက်ပြီး ရှေ့ကိုဆန့်တန်းလိုက်သည်။ သူ့လက်ဝါးက ဖုန့်လင်း နှင့်မျက်နှာချင်းဆိုင်နေပြီး သူ၏လက်ချောင်းများကို လက်သီးဆုပ်အဖြစ်ကွေးညွှတ်လိုက်သည်။

ဒါက ဘာတိုက်ကွက်လဲ

ဖုန့်လင်း၏ သတိက ထိပ်ဆုံးထိရောက်သွားသည်။ ထို့နောက်တွင် သူ၏မျက်လုံးတို့က မှုန်ဝါးသွားသလို နေရာလပ်တို့တွန့်လိမ့်လာပြီး မူးဝေလာခဲ့သည်။

ပုံသဏ္ဍာန်မရှိသည်စွမ်းအင်မတည်ငြိမ်မှုသည် ရုတ်တရက်ထွက်ပေါ်လာကာ သူ့၏လက်နှင့်ခြေတို့အား မမြင်ရသည့်ကြိုးတစ်ချောင်းအလား တင်းကြပ်စွာရစ်ပတ်နေပြီး သူ့အား မလှုပ်နိုင်အောင်ဖြစ်စေသည်။

ဒါက ဘယ်လိုစွမ်းရည်မျိုးလဲ။

ဖုန့်လင်း သူ့ခန္ဓာကိုယ်အားတွန့်လိမ်ကာ ချုပ်နှောင်မှုမှလွတ်မြောက်ရန် တတ်နိုင်သမျှရုန်းကန်နေသည်။ သို့သော် သူ့အားချည်နှောင်ထားသည် မမြင်ရသည့်ကြိုးသည် ပို၍ပင် တင်းကျပ်လာသည်။

စက်ရုံဝတ်စုံ၏ စွမ်းအင်ဗဟိုက ပိုပြီးတောက်ပလာသည့်အခါ သူ

ပြဿနာအကြီးကြီး တက်နေပြီဆိုတာကိုသိလိုက်၏။

“သောက်ကျိုးနည်း”

အဖြူရောင်အလင်းတန်းက ပစ်လွှတ်လိုက်သည့်အခါ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

တင်းတင်းကျပ်ကျပ် ချည်ခံထားရသည့်အတွက် ရှောင်ရန်ပင် မတက်နိုင်သည့်ဖုန့်လင်းမှာ ရှင်းလင်းစွာပင် ဘာမှမလုပ်နိုင်ပေ။ ထိုကဲ့သို့ အရေးကြီးသည့်အခိုက်အတန့်တွင် သူ၏သွားများကိုကြိတ်လိုက်သည်နှင့် သွေးကြောစိမ်းများက သူ၏လည်းပင်တွင် တစ်ဒုတ်ဒုတ်ခုန်လာသည်။

“မချိုးဖျက်နိုင်သော ဗာဂျရာ”

‘ဗာဂျရာနတ်ဆိုးနှိမ်နင်းလက်သီး’အားသုံးရင်းဖြင့် ကျောက်ဖြစ်မျိုးဗီဇအား စွမ်းရည်အမြင့်ဆုံးထိ နှိုးဆွလိုက်သည်။ ရုတ်တရက်သူ၏ကြွက်သားများက တင်းထွက်လာကာ လင်းလက်နေသည့် တောက်ပသောကျောက်တုံးများနှင့်တူညီသည့် အကြေးခွံအကာအကွယ်အတိုင်းပင်။ လေးလံသည့်ချပ်ဝတ်တန်ဆာအစုံလိုက်အား ဝတ်ဆင်လိုက်သည့်အလား မာကျောခိုင်မာနေသည်။

ဘွမ်း...

အဖြူရောင်အလင်းတန်းက သူ့အားရိုက်ခက်သွားသည်။ ဖုန့်လင်း ရင်င်ဘတ်မှ အပြင်းအထန်နာကျင်မှုအားခံစားလိုက်ရပြီး မြေပြင်သို့မကျခင် သူ့တစ်ကိုယ်လုံး နောက်သို့လွင့်စင်သွားသည်။

ဘာမှတောင် မတွေးနိုင်လိုက်ပေ။

ဖုန့်လင်း ခေါင်းကိုငုံ့လိုက်ပြီး သူ့ရင်ဘတ်ကိုကြည့်လိုက်သည်။ ထိုတိုက်ခိုက်မှုထိထားသည့် ထိုနေရာတစ်ဝိုက်တွင် မီးလောင်ကျွမ်းထားသည့်အလား မည်းတူးနေသည်။

တကယ်လို့ ဒါသာ လက်တွေ့ဘဝမှာဆိုရင် သူ့တစ်ကိုယ်လုံး အစောကြီးကတည်းကပင် ပြာဖြစ်သွားလောက်ပေပြီ။

အရာအားလုံးက ပုံရိပ်ယောင်ဖြစ်နေသော်လည်း နာကျင်မှု၊ ဒဏ်ရာနှင့် တိုက်ပွဲအတွင်း မောပန်းနွမ်းနယ်မှုတို့ကတော့ အစစ်များဖြစ်သည်။

ဖုန့်လင်း မျက်မှောင်ကြုတ်လိုက်သည်။ သူ့ခြေထောက်အား ကြွလာရန်ရုန်းကန်လိုက်ပြီး စက်ရုပ်ဝတ်စုံအတွင်းစစ်သည်တော်အား စိုက်ကြည့်ကာ စိတ်ပျက်စွာပြောစက်က့၏။

“ဒါက စက်ရုပ်ဝတ်စုံတစ်ခုမဟုတ်ဘဲနဲ့ မျိုးဗီဇဝတ်စုံတစ်ခုကိုး”

အခန်း (၁၈) - မှားယွင်းအကဲဖြတ်ခြင်း

စက်ရုပ်များသည် လှုပ်ရှားမှုနှင့်အင်အားပညာ(ဒိုင်နမစ်)အပေါ်တွင် အခြေခံ ဒီဇိုင်းရေးဆွဲကာ ဖန်တီးထားသည့် သိပ္ပံနှင့်နည်းပညာ၏ အထွတ်အထိပ်အဆင့်ဖန်တီးမှုတစ်ခုဖြစ်သည်။ ကုန်းပေါ်၊လေပေါ်၊ရေထဲစသည့် ပတ်ဝန်းကျင်ပေါင်းစုံတို့ဖြင့် လိုက်လျောညီထွေဖြစ်သော ကြယ်တာယာလူသားတို့၏ စစ်လက်နက်များဖြစ်ကြသည်။

သို့သော်လည်း လူသားတို့တွင် စက်ရုပ်များနှင့်ပတ်သတ်၍မကောင်းသော အထင်အမြင်များရှိနေကြကာ တချို့ဆိုလျှင် စက်ရုပ်များကို ကြီးမားလေးလံသည် စက်ပစ္စည်းများဟူ၍ပင်တွေးတောကြသည်။ သို့သော် စက်ရုပ်များကြားတွင် အထူးစက်ရုပ်များဟုသိကြသည့် မျိုးဗီဇစက်ရုပ်ဝတ်စုံသို့မဟုတ် မျိုးဗီဇဝတ်စုံဟူ၍လည်းရှိနေသေးသည်။

စက်ရုပ်ဝတ်စုံအများစုသည် ထိန်းချုပ်မောင်းနှင်သည့်နည်းလမ်းသာသိပါက မည်သူမဆိုအသုံးပြုနိုင်သည်။

သို့သော် မျိုးဗီဇဝတ်စုံသည်ကား ကွဲပြားသည်။ မျိုးဗီဇဝတ်စုံအား ကြယ်တာယာကျင့်ကြံသူတစ်ယောက်ချင်းစီအတွက် သီးသန့်သာ ပြုလုပ်ပေးကာ မျိုးဗီဇဗဟိုချက်ဟုခေါ်သည့် အရာကိုလည်း မြုပ်နှံထားသည်။ ပုံမှန်အားဖြင့် မျိုးဗီဇဗဟိုချက်ကို ကျင့်ကြံသူတစ်ယောက် နိုးထထားသည့် ဒဏ္ဍာရီလာမျိုးဗီဇတို့အလိုက် ပုံဖော်ဒီဇိုင်းဆွဲကြသည်။ ထိုအရာသည် ကျင့်ကြံသူတို့၏ မျိုးဗီဇစွမ်းရည်ကို အပြည့်အဝအသုံးပြုနိုင်ရန် ပြုလုပ်ပေးသည်။

တစ်ခုနှင့်တစ်ခု ဟန့်တားနှောင့်ယှက်

ခြင်းမရှိဘဲ အပြိုင်ဖြစ်နေသော မတူညီသည့်လမ်းကြောင်းနှစ်ခုသည် တကယ်တမ်းတွင် တစ်ခုနှင့်တစ်ခု လိုက်ဖက်ညီကြသည်။

မျိုးဗီဇဝတ်စုံဝတ်ဆင်ထားသည့် ကျင့်ကြံသူတစ်ယောက်သည် ကျင့်ကြံမှု အပေါင်းနည်းပညာနှင့်တူညီသည်။ မတူညီကွဲပြားသည့် လမ်းကြောင်းနှစ်ခုသည် တစ်ခုနှင့်တစ်ခု ဟန့်တားနှောင့်ယှက်ခြင်းမရှိဘဲ အပြိုင်သွားနေကြလျှင် တစ်ခုနှင့်တစ်ခုသည် အမှန်တကယ်ပင် လိုက်ဖက်ညီစွာဖြည့်စွက်ပေးနိုင်ပေသည်။ ထိုအရာသည်

1 + 1 = 2 ကဲ့သို့ ရိုးရှင်းလိမ့်မည်မဟုတ်ပေ။ တန်ဖိုးသက်ရောက်မှုသည် 2 ထက် များစွာမြင့်မားသွားနိုင်သည်။

ဖုန့်လင်း သိသိသာသာ အားသာနေသည်။ သို့သော် အချိန်အကြာကြီးတိုက်ခိုက်လာပြီးနောက် သူ့ပြိုင်ဘက်သည် စက်ရုပ်ဝတ်စုံတစ်ခုဝတ်ဆင်ထားခြင်းမဟုတ်ပဲ သူ၏မျိုးဗီဇစွမ်းရည်အား နှစ်ဆ သို့မဟုတ် သုံးဆထိပင်မြှင့်တင်ပေးနိုင်သည့် မျိုးဗီဇဝတ်စုံဝတ်ဆင်ထားခြင်းကို သတိထားမိခဲ့၏။

သူ့အားချည်နှောင်ထားသည့် ပုံသဏ္ဍာန်မဲ့စွမ်းအင်တို့သည် စက်ရုပ်ဝတ်စုံမှ စွမ်းရည်မဟုတ်။ ထိုအရာသည် မျိုးဗီဇစွမ်းရည်တစ်ခုဖြစ်သည့် စိတ်စွမ်းအားဖြင့် ထိန်းချုပ်ခြင်းပင်ဖြစ်သည်။

စိတ်စွမ်းအားဖြင့် ထိန်းချုပ်ခြင်းသည် ပုံသဏ္ဍာန်မဲ့ကာမမြင်ရချေ။ သို့သော် အသုံးပြုသူအား ဟင်းလင်းပြင်ကိုဖြတ်သန်း၍ အရာဝတ္ထုပစ်မှတ်တို့ကို စိတ်တိုင်းကျ ကျွမ်းကျင်စွာထိန်ချုပ်နိုင်စေသည်။ ဒါသည် လုံးဝထူးဆန်းလွန်းလှ၏။

သို့သော် တခြားသော မျိုးဗီဇများနှင့် နိုင်းယှဉ်လျှင် စိတ်စွမ်းအားဖြင့် ထိန်းချုပ်ခြင်းသည် ထူးခြားဆန်းကျယ်လွန်းနေသော်လည်း သူ၏ အဆင့်သည် အလွန်နိမ့်လေ၏။ အဆင့်တူပြိုင်ဘက်တို့အား ထိန်းချုပ်ကာလှုပ်ခါရန် အလွန်ခက်ခဲလှသည်။

အဆုံးတွင် စက်ရုပ်စစ်သည်အနေဖြင့် အသက်အမှတ် 1.6 သာရှိသည်။

ဒါ့ကြောင့် သူရဲ့စိတ်စွမ်းအားထိန်းချုပမှုက ဘယ်လောက်တောင်သန်မာမှာမို့လို့လဲ။

သို့သော် ပြိုင်ဘက်၏စိတ်စွမ်းအားထိန်းချုပ်ခြင်းသည် ပုံသဏ္ဍာန်ရှိရန်လိုအပ်ပုံရသည်။ အစောက သူ့အား မမြင်ရသည့်ကြိုးတို့က တင်းတင်းကြပ်ကြပ် ချည်နှောင်ထားသည့်အလား လှုပ်ရှား၍မရအောင်တားဆီးနေသည်။ ထိုချည်နှောင်မှုကလည်း တင်းကြပ်လွန်းသည့်အတွက် တက်ကြွမှုအမှတ်1.6 ဖြင့် ထိန်းချုပ်ထားသည့်ပုံပင်မရပေ။ ဒါက ကျိုးကြောင်းမဆီလျော်ပေ။

ထို့ကြောင့် ဖုန့်လင်းသည် သူ့ရန်သူက စက်ရုပ်ဝတ်စုံဝတ်ဆင်ထားခြင်းမဟုတ်ပဲ မျိိုးဗီဇဝတ်စုံဝတ်ဆင်ထားခြင်းဟုကောက်ချက်ချခဲ့၏။

ကျင့်ကြံသူတစ်ယောက်သည် သူ၏မျိုးဗီဇဝတ်စုံဖြင့် စွမ်းရည် ပမာဏတို့အား တိုးချဲ့နိုင်သည်။

နောက်တစ်ကြိမ် မတည်ငြိမ်သည့်အားလှိုင်းတို့က သူ့ဆီပြေးဝင်လာကာ လေထဲတွင် ရစ်ပတ်သွားသည်။ ပုံသဏ္ဍာန်မဲ့ စွမ်းအင်တို့က သူ့အား ပို၍တင်းတင်းကြပ်စွာ ချည်နှောင်လိုနေခဲ့ကာ ရန်သူ၏ဝတ်စုံမှ စွမ်းအင်ဗဟိုချက်သည်လည်း နောက်တစ်ကြိမ် လင်းလက်လာခဲ့သည်။

စွမ်းအင်ရောင်ခြည်တန်းနဲ့တိုက်ခိုက်ဖို့ ပြင်နေတဲ့အချိန် သူ့ရဲ့လှုပ်ရှားမှုကို ရပ်သွားဖို့ စိတ်စွမ်းအားထိန်းချုပ်ခြင်းကိုသုံးတာလား။ ဖုန့်လင်း စင်းနှီတုံးပေါ်ကငါးတစ်ကောင်ကဲ့သို့ဖြစ်နေကာ လွတ်လမ်းမရှိတော့ချေ။

ဒါပေမယ့် ဒီအကွက်မှာပဲ ဘာလို့နှစ်ခါပြန်မိခံရမှာလဲ။

သူသာ စွမ်းအင်ပေါက်ကွဲမှုကို နောက်တစ်ကြိမ်ထိခံလိုက်ရပါက သူ၏တိုက်ပွဲဝင်ခွန်အား အားလုံးကို သေချာပေါက် ဆုံးရှုံးလိုက်ရမှာဖြစ်ပြီး ပုံရိပ်ယောင်သိုင်းစေတီထဲတွင် လုံးဝရှုံးနိမ့်သွားစေလိမ့်မည်။

ဟိုး!

ဖုန့်လင်း မြင်းထိုင်ကိုယ်ဟန်ရပ်လိုက်သည်။ သူ၏ခြေထောက်နှစ်ဖက်တို့က သစ်ပင်ပင်စည်တစ်ခုကဲ့သို့ ခိုင်မာနေပြီး မြေပြင်ထဲတွင် နက်ရှိုင်းစွာအမြစ်တွယ်နေပုံက မရွေ့လျားနိုင်သောတောင်ကြီးတစ်လုံးအလားပင်။

သူ၏တစ်ကိုယ်လုံးက ဖောင်းပွလာကာ သူ့တစ်ကိုယ်လုံးအား ချုံကြည့်လိုက်လျှင် ကြွက်သားတို့ဖြင့်ပြည့်နှက်နေသည့် မျောက်ဝံတစ်ကောင်ဟုပင် ထင်ရသည်။ သူ၏သွေးကြောများကို ထင်ထင်ရှားရှားမြင်နေရပြီး သူ၏အမူအရာကဒေါသအပြည့်နှင့်ဖြစ်နေသည်။ သူ ပြင်းပြင်းထန်ထန်ဝေ့ယမ်းကာ မမြင်ရသည့် ချုပ်နှောင်မှုမှ ရုန်းထွက်နေသည်။ခွန်အားက အရာအားလုံးကို အောင်နိုင်တယ်ကွ...။

စိတ်စွမ်းအားထိန်းချုပ်ခြင်းသည် မမြင်ရသော်ငြား စွမ်းအင် ပုံသဏ္ဍာန်တစ်ခုဖြစ်နေဆဲပင်။ ဖုန့်လင်း ခွန်အားများကို ရုတ်တရက်ပေါက်ကွဲထွက်သွားစေသည့်နည်းသုံးကာ တိရစ္ဆာန်တစ်ကောင်ကဲ့သို့ ခွန်အားများဖြင့် လွတ်အောင် ချိုးဖောက်နေ၏။

ထိုကဲ့သိုနည်းလမ်းသည် သူ၏ခန္ဓာကိုယ်ခွန်အားကို အလွန်အမင်းကုန်ခမ်းစေသည့်အတွက် အကြာကြီးအသုံးပြု၍မရသော်ငြား လွတ်မြောက်ရန်ဆိုလျှင် တန်နေဆဲဖြစ်၏။

ရုတ်တရက် အလင်းရောင်ရောင်ခြည်တန်းကရှေ့သို့ ပေါက်ကွဲထွက်လာသည်။ သူ သူ့အလိုအလျောက်တုံ့ပြန်မှုဖြင့် ရှောင်လိုက်သောကြောင့် မီးတောက်ကဲ့သို့ အလင်းတန်းအား ရှောင်နိုင်သည်ဆိုရုံမျှသာ ရှောင်နိုင်လိုက်သည်။

ရောင်ခြည်အလင်းတန်းကြောင်းသည် သူ့လက်မောင်းအား ပွတ်ကာသီကာ ဖြတ်သန်းသွားသည့်အတွက် ထိုနေရာမှ မီးလောင်သည့်နာကျင်မှုကို ခံစားလိုက်ရသည်။ သို့သော် ဖုန့်လင်းသည် နောက်ဆုတ်မည့်အစား ကြမ်းတမ်းစွာရှေ့ဆက်တိုးရန် ရွေးချယ်ခဲ့သည်။

မျိုးဗီဇဝတ်စုံသည် စက်ပိုင်းဆိုင်ရာစွမ်းအင်နှင့်မောင်းနှင်ပြီး လူသားတို့၏ သက်လုံကို အားဖြည့်ပေးပြီး မောပန်းနွမ်းနယ်ခြင်းကို ခံစားရမည်မဟုတ်ချေ။

ထို့ကြောင့် ဖုန့်လင်းသာ ကြာကြာပိုတိုက်ခိုက်နေရပါက သူသည်သာ အောက်စည်းပိုရောက်နေမည်ပင်။

ဒီပြိုင်ဘက်ကို သူမြန်မြန်လေး အဆုံးသတ်ရမယ်။

ဖုန့်လင်း မရှောင်လိုက်ဘဲ ထိပ်တိုက်ရင်ဆိုင်ရန်ရွေးချယ်လိုက်သည်။

သူ၏ကျောက်ဖြစ်မျိုးဗီဇအား 6 မှတ်ထိ မြှင့်တင်ပေးထားခြင်းမှ စွမ်းရည်ကို အသက်သွင်းထားလိုက်သည်။

သူ၏အရေပြားသည် လက်ရှိတွင် ကျောက်တုံးမျက်နှာပြင် တစ်ခုသို့ကြမ်းတမ်းနေပြီး ကျောက်တုံးသဏ္ဍာန်ဖြင့် ချိုးဖျက်၍မရသောလူသားတစ်ယောက်နှင့်တူနေသည်။

သွေးသားခန္ဓာကိုယ်နှင့် မျိုးဗီဇချပ်ဝတ်တို့ အပြင်းအထန်တိုက်မိပြီး မီးပွားတို့ လွင့်စင်သွားသည်။ဒါသည် သိသိသာသာပင် ဒဏ္ဍာရီလာမျိုးဗီဇနှင့် အထွတ်အထိပ်သိပ္ပံနည်းပညာတို့ကြားမှ ထိပ်တိုက်ရင်ဆိုင်မှုပင်။

ဘွမ်း....ဘွမ်း....ဘွမ်း....

ဖုန့်လင်း နောက်ပြန်မဆုတ်ဘဲ စက်ရုပ်စစ်သည်အား သူ၏လက်သီးများဖြင့် ဆင့်ကာဆင့်ကာ ထိုးနှက်နေကာ သတ္ထုဝတ်စုံပေါ်တွင် ချိုင့်ခွက်များထင်ကျန်နေရစ်ခဲ့ပြီး စွမ်းအင်ထုတ်လွှတ်မှုအား ပြတ်တောက်စေခဲ့သည်။

သို့သော် ဖုန့်လင်း ကိုယ်တိုင်သည်လည်း အပြင်းအထန်နာကျင်မှုအား ခံစားနေခဲ့ရသည်။ သူ့ခန္ဓာကိုယ်သည်လည်း စက်ရုပ်စစ်သည်၏ တိုက်ခိုက်မှုများ ခံရကာ ဒဏ်ရာ ဗရပွဖြစ်နေတော့သည်။

“ဘယ်လိုတောင် ကြမ်းတမ်းပြီး ပြင်းထန်တာလဲ”

ကြည့်နေကြသည့် ဆရာများ ဆွံ့အနေကြသည်။ လက်ရှိခေတ်မှာ ကြယ်တာယာခေတ်ဖြစ်ကာ လူတိုင်းသည် ယဉ်ကျေးသိမ်မွေ့ကြသည့် လူများဖြစ်ကြသည်။ ဒီလိုရိုင်းစိုင်းကြမ်းတမ်းတဲ့ တိုက်ခိုက်ရေးနည်းလမ်းကို အခုထက်ထိသုံးနေကြသေးတယ်လို့ ဘယ်သူကများတွေးကြည့်ဖူးမှာလဲ။ ဒီလိုတိုက်ခိုက်နေတဲ့ ပုံကို မြင်ရဖို့ တကယ်ကြီးရှားပါးလွန်းပါတယ်။

အခုတိုက်ခိုက်နေတဲ့လူက ပုံမှန်အချိန်မှာ ယဉ်ကျေးပြီး ကျိုးနွံနေတဲ့ကျောင်းသားလေးဆိုတာ တကယ်ကြီးဟုတ်ရောဟုတ်ရဲ့လားဟ။

ဆရာများက သူတို့၏မျက်လုံးများကို ပွတ်သပ်ကြည့်နေကြသည်။ သူတို့ မှားမြင်သည်ဟုပင် သံသယဖြစ်နေကြသည်။

“သူ နိုးထထားတာ ဘာမျိုးဗီဇလဲ။ သူ အဲ့ဒီမျိုးဗီဇဝတ်စုံဝတ်ထားတဲ့ စစ်သည်နဲ့ တကယ်ထိပ်တိုက်ရင်ရဲတာလား။ သူအဲ့ဒီဒဏ်ရာတွေကို တကယ်တောင့်ခံနိုင်တာလား”

“အဲ့တာက မျိုးဗီဇဝတ်စုံဝတ်စစ်သည်တော်လေ။ ဖုန့်လင်းက သူကိုယ်သူ အထင်ကြီးလွန်းနေတာပဲ”

“ဘယ်သူက သူကိုယ်သူ အထင်ကြီးနေတယ်လို့ပြောတာလဲကွ....ဟမ်”

…..

အတန်းပိုင်းများ စတင်ဆွေးနွေးလာကြ၏။

အတန်းပိုင်ဆရာမ ဘေးနားမှနားထောင်နေရင်း ဒေါသမွှန်နေသည်။ သို့သော် သူမတွင် ပြန်လည်ချေပရန်နည်းမရှိတော့ပေ။ သူမသည်လည်း ဖုန့်လင်း ထိုမျှရူးသွပ်သည့် နည်းလမ်းအားအသုံးပြုမည်ဟု မျှော်လင့်မထားချေ။

“ဉာဏ်ကောင်းတယ် ထက်မြက်တယ်”

ထိုအချိန်တွင် ကျောင်းအုပ်က ရုတ်တရက်ထပြောလိုက်၏။ အားလုံး မျှော်လင့်ထားသည်ထက် ကျော်လွန်ပြီး သူ ရုတ်တရက် လက်ခုပ်ထတီးလိုက်ကာ သူ၏မျက်နှာထက်တွင် နှစ်ထောင်းအားရကျေနပ်နေသည့် အကြည့်တို့ရှိနေသည်။

လူအားလုံး အကြည့်များဖလှယ်လိုက်ကြသည်။ သူတို့က အစောတုန်းက

ဖုန့်လင်းရဲ့တိုက်ပွဲပုံစံကို မေးခွန်းထုတ်နေကြတာလေ။ ဒါပေမယ့် ကျောင်းအုပ်က ရုတ်တရက်ကြီး ထပြီး ချီးမွမ်းနေလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ။ ဒါကလေထုကို တော်တော်လေးကို့ရို့ကားယားဖြစ်သွားအောင်လုပ်လိုက်တာပဲ....။

“ကျောင်းအုပ်...ဘာကိုဆိုလိုတာလဲဟင်”

သူတို့ သိချင်စိတ်ပြင်းပြစွာမေးလိုက်မိသည်။

ကျောင်းအုပ်ရယ်မောလိုက်သည်။

“မင်းတို့အားလုံးက သူ့ပြိုင်ဘက်က အရမ်းမြင့်မားတဲ့ခုခံမှုရှိထားတဲ့ မျိုးဗီဇဝတ်စုံဝတ် စစ်သည်တော်လို့ပဲသိတွေးနေကြတာလေ။ ဒါပေမယ့် မင်းတို့က ပုံရိပ်ယောင်သိုင်းစေတီထဲက တိုက်ခိုက်ရေးဆရာတွေအားလုံးက ပုံရိပ်ယောင်စွမ်းအင်တွေနဲ့ ဖွဲ့စည်းထားတယ်ဆိုတာ သတိမထားမိဘူးလား။”

“အင်း..ဒါပေမယ့် ဘာဖြစ်လို့လဲ။ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အမှတ်တွေက အစစ်အောက် မနိမ့်ကျဘူးလေ။ ဖုန့်လင်း ဒီလို လုပ်ရတဲ့အဓိကအကြောင်းအရင်းကဘာလဲ။”

ထိုအတန်းပိုင်များ အချင်းချင်းကြည့်လိုက်ကြသည်။ သို့ပေမယ့် သူတို့

ဖုန့်လင်း၏ အစစ်အမှန်ရည်ရွယ်ချက်ကို နားမလည်ကြသေးပေ။

“ပုံရိပ်ယောင်စွမ်းရည်က ဖွဲ့စည်းထားတဲ့စွမ်းရည်တွေက စွမ်းအင်ပုံစံအသေးစားတစ်မျိုးပဲ။ ဒါပေမယ့် သူတို့ရဲ့ သဘာဝက အသက်မရှိတဲ့ အရာဝတ္ထုတွေဖြစ်နေဆဲပဲလေ။ သူတို့မှာ လူသားတွေလို စွမ်းအင်တွေပြန်စုဆောင်းနိုင်စွမ်းမရှိဘူး။ငါသာ မမှားရင် ဒီလူငယ်လေးက သူ့ခန္ဓာကိုယ်ကို ပိုသန်မာလာစေနိုင်တဲ့ ခန္ဓာကိုယ်သန့်စင်ခြင်း မျိုးဗီဇတစ်မျိုးမျိုးနိုးထထားတာပဲဖြစ်ရမယ်။ စက်ရုပ်စစ်သည်တော်ကို ထိပ်တိုက်ရင်ဆိုင်ရင်တောင် သူ့အနေနဲ့ စွမ်းအင်တွေအများကြီးဆုံးရှုံးမှာမဟုတ်လောက်ဘူး။ အဲ့တာက သူရဲ့ စွမ်းအင်ပြန်စုဆောင်းနှုန်းက ပြိုင်ဘက်ထက်ကျော်လွန်နေလို့ပဲ။ ဒီလို ကိုယ့်ကိုယ်ကို ထိခိုက်စေပြီး တစ်ခြားလူတစ်ယောက်ကို တိုက်ခိုက်တဲ့ပုံစံက အဆုံးအထိ တိုက်ခိုက်လို့ရစေနိုင်တယ်။ သူ့ပြိုင်ဘက်ကိုကြည့်လိုက်... စက်ရုပ်စစ်သည်က အခု မှုန်ဝါးလာပြီး ကိုယ်ထည်က အားနည်းလာတဲ့ပုံစံပေါက်လာပြီ။ တကယ်လို့ ငါမှန်းတာသာမှန်မယ်ဆိုရင် ဖုန့်လင်း တိုက်ကွက်တစ်ရာကျော်လောက်တိုက်ခိုက်ပြီးသွားရင် သူ့ပြိုင်ဘက်ကို အနိုင်ယူနိုင်လိမ့်မယ်။ဒါပေမယ့် သူရဲ့ဒဏ်ရာအကြီးကြီးတွေကြောင့် သူ့အနေနဲ့ ဒီတိုက်ပွဲပြီးသွားရင် အတင်းအကျပ်ရပ်နေရဦးမှာ”

ကျောင်းအုပ်က ဖုန့်လင်းရဲ့ တိုက်ပွဲအစီအစဉ်တွေကို သိပြီးသားဖြစ်နေသည့်အလား ပြုံးလိုက်၏။ အရာအားလုံကသူမျှော်လင့်ထားသည့်အတိုင်း ဖြစ်နေပုံပင်။

“အိုး...သိပြီ”

အားလုံးဒါကိုကြားလိုက်ပြီးတဲ့နောက်မှာ ရုတ်တရက် ဉာဏ်အလင်းပွင့်သွားသလို ခံစားလိုက်ကြရသည်။ ဖန်သားပြင်ပေါ်တွင် ကျောင်းအုပ် ပြောဆိုသွားသည့် အတိုင်း အတိအကျဖြစ်နေသည်ကို တွေ့လိုက်ကြရသည်။

ပြင်းထန်သည့် ထိပ်တိုက်ရင်ဆိုင်မှုများ တစ်ကြိမ်ပြီးတစ်ကြိမ်ဖြစ်ပေါ်လာသည်။ ဖုန့်လင်းသည် ဒဏ်ရာရနေသော်လည်း ဆက်လက်တိုက်ခိုက်နေနိုင်ဆဲပင်။ စက်ရုပ်စစ်သည်၏ ခန္ဓာကိုယ်သည် ပိုမိုနက်မှောင် မှုန်ဝါးလာကာ ဘယ်အချိန်မဆို အစိတ်စိတ်အမြွာမြွာဖြစ်သွားနိုင်သည့် အတိုင်းပင်။

ကျောင်အုပ်တွေးထားသည့်အတိုင်းပင်။ အဆင့်မြင့် အဆင့်ကျင့်ကြံသူဆိုသည့်အတိုင်းပင် သူ၏အကဲဖြတ်မှုတို့အား တစ်ခြားသူတို့ မယှဉ်နိုင်ကြပေ။

ဆရာများအားလုံး သူတို့နှိုင်းယှဉ်ကြည့်လိုက်လျှင် နိမ့်ကျနေသည်ဟု ခံစားရကာ ခေါင်းကိုခါလိုက်ကြသည်။

သို့သော် နောက်ပိုင်းဖြစ်ပျက်သွားသည့်အရာများသည် ကျောင်းအုပ်နှင့် တခြားသူတို့မျှော်မှန်ထားသည်ထက် ကျော်လွန်သွားတော့သည်။

“အချိန်ကြပြီ”

ဆယ်ချီလောက်တိုက်ခိုက်ပြီးနောက်တွင် ဖုန်းလင် သူခန္ဓာကိုယ်တစ်ခုလုံး ယားယံလာသည်ကို ခံစားလိုက်ရသည်။ သူခန္ဓာကိုယ်က ယိမ်းထိုးလာပြီး လဲကျသွားတော့မည်ဟုခံစားနေရပြီး သူ၏အကန့်အသတ်ကို ရောက်နေသည်မှာ ထင်ရှားနေသည်။

“ငါသာ ခဏနေ အဆုံးမသတ်တော့ရင် ငါ့ဒဏ်ရာတွေကြောင့် တိုက်ပွဲခွန်အားတွေဆုံးရှုံးသွားတော့မယ်။ အခု ဒါကို အဆုံးသတ်ဖို့အချိန်ဘဲ”

“အမှတ်ပေါင်းထည့်လိုက်စမ်း.....”

သူ၏စိတ်ဆန္ဒကြောင့် နီဗျူလာတစ်ခုက အစိတ်စိတ်အမြွာမြွာကွဲသွားခဲ့ပြီး သူ့ခန္ဓာကိုယ်ထဲမှ အခမဲ့မျိုးဗီဇမှတ်ကို ကျောက်ဖြစ်မျိုးဗီဇဆီသို့ ပေါင်းထည့်လိုက်သည်။

သူ၏ရိုးတွင်းခြင်ဆီများက စတင်ယားယံလာခဲ့သည်။ သန္ဓေသားအရိုးဆဲလ်များ ဖြစ်ပေါ်လာခဲ့ပြီး သူ၏အင်္ဂါအစိတ်အပိုင်းတိုင်းက ပိုမိုသန်မာလာခဲ့ကာ သူ၏ပြန်လည်သက်သာသည့်နှုန်းကလည်း တိုးတက်လာသည်။

သူ့ပြိုင်ဘက်ကဲ့သို့ စွမ်းအင်ခန္ဓာကိုယ်များသည် သူတို့၏ဒဏ်ရာများကို ပြန်လည်ကုစားနိုင်စွမ်းမရှိသည်ကိုတွေ့သောအခါ ဖုန့်လင်း ထိပ်တိုက်ရင်ဆိုင်ရန်ရွေးချယ်လိုက်သည်။ သူကိုယ်တိုင်အတွက်မူ သူသည် မျိုးဗီဇအမှတ်များ အသုံးပြု၍ သူ၏မျိုးဗီဇတို့အား သန်မာလာသည့် ဖြစ်စဉ်အား ကျော်ဖြတ်နိုင်သည့်အတွက် သူ့ခန္ဓာကိုယ်၏ ကုစားနှုန်းသည် အလျင်အမြန်တိုးတက်လာသည့် အခြေအနေသို့ဝင်ရောက်နေသည်။

သူ၏အခမဲ့မျိုးဗီဇအမှတ်တို့သည် လက်ရှိတွင် သူ၏အကြီးမားဆုံးသောအားသာမှုကြီးဖြစ်သည်။ ဖုန့်လင်း အစမှလက်ရှိထိ ဒီအမှတ်များအကြောင်း ရှင်းရှင်းလင်းမသိသေးချေ။

======

အမည်: ဖုန့်လင်း

အသက်စွမ်းအင်: 1.8

မျောက်မျိုးဗီဇ: 10

ကျောက်ဖြစ်မျိုးဗီဇ: 7

မျိုးဗီဇစွမ်းရည်: 92%

======

သူ၏ကျောက်ဖြစ်မျိုးဗီဇသည် 7 သို့တက်လာပြီး သူ၏အသက်အမှတ်သည် လက်ရှိတွင် 1.8 ရှိနေပြီဖြစ်သည်။ ဖုန့်လင်း နွေဦးရေလှိုင်းလေးများက သူ၏ခန္ဓာကိုယ်ထဲတွင် လှည့်ပတ်နေသည့်အလား နွေးထွေးသည့် စွမ်းအင်စီးကြောင်းလေးများအား ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။ သူ၏ခွန်အားတို့က စုစည်းသွားပြီး သူ့ဒဏ်ရာတို့အား ဖြည်းညင်းစွာပြန်လည်ကုသနေသည်။

သူက ပိုသန်မာလာချိန်တွင် သူ၏ပြိုင်ဘက်က ပိုမိုအားနည်းလာခဲ့သည်။

စက်ရုပ်စစ်သည်အား ဆက်လက် ထိခိုက်စေကာ ဖုန့်လင်း အားသာချက်ရယူလိုက်သည်။ နောက်ထပ် ဆယ်ကွက်လောက်တိုက်ခိုက်ပြီးနောက်တွင် သူ့ပြိုင်ဘက်အား Thetဖြတ်ရန် အခွင့်အရေးတစ်ခုတွေ့လိုက်သည်။

မျိုးဗီဇစွမ်းရည် +26%

သူ၏မျိုးဗီဇစွမ်းရည်သည် 118% သို့ရောက်ရှိလာခဲ့ပြီး နောက်ထပ် အခမဲ့မျိုးဗီဇအမှတ်အား ရရှိလိုက်သည်။ ဒါသည် တစ်မှတ်မျှသာဖြစ်သည်။

သူသာ စေတီအတွင်းပိုမြင့်သည့်အဆင့်သို့ တက်လိုပါက ဤအမှတ်အား လက်ရှိတွင် ထိန်းသိမ်းထားကာ

အနာဂါတ်ကျမှသာ သုံးရပေလိမ့်မည်။

ဖုန့်လင်း စိတ်အားငယ်သကဲ့သို့ခံစားလိုက်ရသည်။ သူ၏ပြိုင်ဘက်များက သူ၏တိုးတက်မှုတို့နှင့်အပြိုင် သန်မာလာကြသော်လည်း သူ့အတွက်မူ မျိုးဗီဇစွမ်းရည်များ ရရှိရန် ပိုမိုခက်ခဲလာသည်။

“သူတကယ်နိုင်သွားတာဟ။ အဲ့တာတင်မဟုတ်ဘူး...ကျောင်းအုပ်ခန့်မှန်းထားတဲ့ ငါးပုံတစ်ပုံမှာတင်နိုင်သွားတာ။ ဘယ်လိုတောင်မြန်လိုက်သလဲ။ သူဒါကို ဘယ်လိုလုပ်လိုက်တာလဲ”

ဆရာများ အချင်းချင်း အကြည့်များ ဖလှယ်လိုက်ကြသည်။ ဤမြင်ကွင်းသည် လူတိုင်းမျှော်မှန်းထားသည်ထက် ကျော်လွန်နေသည်။

ကျောင်းအုပ်သည်လည်း အံ့အားသင့်နေခဲ့ကာ အရာအားလုံး သူ၏ထိန်းချုပ်မှုမှ ကင်းလွတ်သွားသလို ခံစားလိုက်ရသည်။

အစောကပင် သူ၏အကဲဖြတ်မှုတို့ကို ယုံကြည်မှုရှိနေခဲ့သော်လည်း လက်တွေ့တွင် သူ့မျက်နှာအား ဖြတ်ရိုက်ခံခဲ့ရသည်။

ပြိုင်ဘက်ကိုအနိုင်ယူဖို့ အကွက်တစ်ရာလောက်တိုက်ရမှာလား။ သူရဲ့တိုက်ခိုက်နိုင်စွမ်းတွေ ဆုံးရှုံးသွားပြီး သူအကန့်အသတ်ကိုရောက်သွားမှာလား။အရာအားလုံးသည် ဒီဖုန့်လင်းဆိုသည့် ကောင်လေးကြောင့် ကပြောင်းကပြန်များ ဖြစ်သွားခဲ့သည်။

သူကပဲမှားယွင်းခန့်မှန်းမိခဲ့တာလား

သူ၏ခေါင်းထဲတွင်တော့ သူ စူးစူးဝါးဝါးသာ အော်ဟစ်လိုက်ချင်မိသည်။

“ဒါက သိပ္ပံနည်းမကျဘူး။ ဒါက မျိုးဗီဇနည်းလမ်းမကျဘူး။”

“အမြန်..ကြည့်လိုက်ကြ.... သူက ပုံရိပ်ယောင်သိုင်းစေတီထဲက အဆင့်ပိုမြင့်တဲ့ တိုက်ခိုက်ရေးဆရာတွေကို သွားစိန်ခေါ်တော့မှာ။”

တုန်လှုပ်နေသည့်အော်သံ ထွက်ပေါ်လာပြီး အားလုံး၏ အာရုံကို ဆွဲဆောင်သွားသည်။ ဆရာအားလုံး ဖုန့်လင်း အပေါ်တွင်သာ စူးစိုက်ကြည့်နေကြ၏။ တခြားကျောင်းသားများကိုပင် ဂရုမစိုက်ကြတော့ပေ။

All Chapters