ပြိုင်ဘက်ကင်း
Vol. 2 Ch. 19
အဆင့်(16)၏မျိုးဗီဇကျင့်ကြံခြင်းနည်းစနစ်သည် စိတ်စွမ်းအားလှိုင်းနည်းစနစ်ဖြစ်သည်။ သနားစရာကောင်းစွာပင် ဖုန့်လင်းတွင် စိတ်စွမ်းအားထိန်းချုပ်ခြင်းမျိုးဗီဇမရှိသည့်အတွက် သူယူ၍မရနိုင်ခဲ့ချေ။
သူ့ခန္ဓာကိုယ်ကို ပြန်လည်ကုစားရန် အချိန်တစ်ချို့ယူလိုက်ပြီး အဆင့်(17)သို့ဦးတည်လိုက်၏။
ဤအဆင့်သည်လည်း တူညီသည့်မြင်ကွင်းတစ်ခုဖြစ်သည့် အဆုံးမဲ့အာကာသပြင်ကြီးဖြစ်သည်။ မြေဆွဲအားဟူ၍မရှိဘဲ ခန္ဓာကိုယ်သည် မိုးမခပင်စေ့လေးများသို့ လေအဝှေ့မှာလွတ်လွတ်လပ်လပ်လွင့်မျောသွားမည့်အတိုင်းပင်။
ပတ်ဝန်းကျင်တွင်လည်းဘာမှမရှိကာ
ဖုန့်လင်းဆီကို လာတိုက်မိမယ့် အရာဝတ္ထုများ ဟူ၍လည်းမရှိပေ။ သူ့အနေဖြင့် အစက်အပျောက်များကြားတွင် ပစ်လှဲနေရုံသာတက်နိုင်ပြီး ဘာမှလုပ်စရာမရှိချေ။ သူ ဤကဲ့သို့ပုံစံမျိုးဖြင့် အလွန်အသားမကျပေ။
ပိုပြီးပြောရမှာက သူက သူနှင့်ကွက်တိဖြစ်နေသော အာကာသဝတ်စုံအားဝတ်ဆင်ထားခြင်းပင်။ ဒါသည် သိသိသာသာပင် အာကာသအပြင်ဘက်တိုက်ပွဲမြင်ကွင်းကို နမူနာယူထားခြင်းပင်ဖြစ်သည်။
အာကာသဝတ်စုံဝတ်ထားသောလူပုံရိပ်တစ်ခုသည့် သူဆီသို့ ရုတ်ရက်ခုန်အုပ်လိုက်သည်။
ဖုန့်လင်း မြေပေါ် မဆင်းသက်နိုင်သ
ဖြင့်သဘောမကျပေ။ တစ်ဖက်လူ၏ မျိုးဗီဇစွမ်းရည်သည် တစ်ခြားသောဂြိုလ်တို့၏ ဆွဲငင်အားကိုအသုံးပြုကာ အပြင်ဘက်အာကာသအတွင်းတွင် လွတ်လွတ်လပ်လပ်လှုပ်ရှားစေနိုင်သည့် မြေဆွဲအားထိန်းချုပ်စွမ်းရည်မျိုး ဖြစ်ပုံရသည်။ဒါက ပြိုင်ဘက်၏
အိမ်ကွင်းပင်။
ပြိုင်ဘက်သည် အပြင်ဘက်အာကာသအတွင်း ရေထဲမှငါးတစ်ကောင်သဖွယ်သွက်လက်နေပြီး ဖုန့်လင်းဆီသို့ တစ်ဖြည်းဖြည်းနီးကပ်လာခဲ့သည်။
ဖုန့်လင်း ရုတ်ချည်း အောက်စည်းသို့ရောက်သွားသည်။
သို့သော် တိုက်ပွဲအတွေ့အကြုံများစွာရခဲ့ပြီးနောက် သူက လူသစ်ကလေးမဟုတ်တော့ပေ။ လက်ရှိ သူ့တွင် အတွေ့အကြုံ့များရှိနေပြီဖြစ်သည်။
သူ့အခြေအနေသည် အောက်စည်းရောက်နေလည်း အနည်းငယ်တော့အဆင်ပြေသေးသည်။ သို့ပေမယ့် သူစိတ်ကိုတော့ ကစဉ့်ကလျားမဖြစ်စေခဲ့ပေ။
ဖုန့်လင်း တည်ငြိမ်သွားပြီး ပထမဆုံး...ခုခံမှုအပေါ်တွင် အာရုံစိုက်ထားလိုက်သည်။
သည်အချိန်လေးတွင် ဖုန့်လင်း၏ 12နှစ်စာ ပညာရေးဆိုင်ရာပြဋ္ဌာန်းချက် အသိပညာတို့ကို အသုံးပြုလိုက်သည်။
အာကာသတွင်းပေါက်တို့သည် ရှေးဟောင်းကမ္ဘာမှ လေယာဉ်သို့မဟုတ် ရထားများကဲ့သို့ပင်....အာကာသအတွင်း ခရီးသွားရန် နည်းပညာတစ်ခုဖြစ်သည်။
အာကာသလမ်းလျှောက်နည်းစနစ်ကို ကျောင်းတိုင်းတွင် သူတို့၏ ကျောင်းသားများအား အခမဲ့သင်ကြားပေးသည်။
အစောက မရင်းနှီးဖြစ်နေသည့်အခြေအနေမှ အနည်းငယ်စမ်းသပ်ပြီးနောက် ဖုန့်လင်း အာကာသဝတ်စုံကို အသုံးပြုရန် လျင်မြန်စွာသင်ယူလိုက်၏။
ခလုတ်တစ်ချက်နှိပ်လိုက်ပြီးနောက် သူ၏ခြေဖဝါးမှ ဓာတ်ငွေ့များရုတ်ချည်း ပန်းထွက်လာသည်။ လေဟာနယ်တွန်းကန်ခြင်းတို့အား ချေဖျက်ခြင်းနှင့်သူ့အား အပြင်ဘက်အာကာသတွင် လွတ်လွတ်လပ်လပ်လမ်းလျှောက်၍ရစေခဲ့သည်။ သို့သော် သူ့ပြိုင်ဘက်ကဲ့သို့ သွက်သွက်လက်လက်တော့ ရွေ့လျား၍မရနိုင်ချေ။
တစ်ခြားတစ်ဘက်က ပြောရင်လျှင် ပြိုင်ဘက်သည်မြေဆွဲအားကို ထိန်းချုပ်ကာ လျင်မြန်စွာရွေ့လျားနေသည့်အတွက် သူ၏တိုက်ပွဲစွမ်းအားသည် အမှန်တကယ်မသန်မာချေ။
ဆယ်မိနစ်လောက်ခက်ခက်ခဲခဲတိုက်ခိုက်ပြီးနောက်တွင် ဖုန့်လင်း တမင်သက်သက် အားနည်းချက်တစ်ခုလုပ်လိုက်ပြီး ပြိုင်ဘက်၏ တိုက်ခိုက်မှုတစ်ခုအား အတင်းအကျပ်ခံယူလိုက်ကာ ပြိုင်ဘက်အား သူ၏ခန္ဓာကိုယ်ဖြင့် ချုပ်နှောင်လိုက်ပြီး သူ့ပြိုင်ဘက်အား ကြီးမားသည့်ခွန်အားဖြင့် ရစ်ပတ်ထားလိုက်သည်။
အဆုံးတွင် ဖုန့်လင်း၏ အသက်အမှတ်သည် 1.8 ဖြစ်နေကာ ရန်သူထက်
အဆင့်ပိုမြင့်ပေသည်။ 0.1 မှတ်ကလေးဆိုလျှင်ပင် လျော့တွက်၍မရချေ။ အရေးကြီးအခြေအနေများတွင် ထိုကွာခြားမှုသေးသေးလေးသည်ပင် သေခြင်းရှင်ခြင်းအား ဆုံးဖြတ်ပေးနိုင်သည်။
ကျေးဇူးတင်ရမည်မှာ ဖုန့်လင်း အဆုံးတွင် ရယ်နိုင်ခဲ့သည်။
မျိုးဗီဇစွမ်းရည် +12%.
တိုက်ပွဲသည်ပြင်းထန်သော်လည်း ဘာနည်းစနစ်မှမသုံးလိုက်ရသလို စွမ်းရည်များသည်လည်း သနားစရာကောင်းလောက်အောင်ပင်နည်းလွန်းသည်။
မျိုးဗီဇကျင့်ကြံမှုနည်းစနစ်တစ်ခုဖြစ်သည့် “ပျံသန်းဆွဲငင်အားနည်းစနစ်”ကိုလည်း သူမသင်ယူနိုင်ချေ။ သူရပ်မနေဘဲ အဆင့်(18)သို့ ဆက်သွားလိုက်၏။
အဆင့်(18)၏အသက်အမှတ်သည် 1.8ဖြစ်သည်။ အဆုံးတွင် သူနှင့်အသက်စွမ်းအင်အဆင့်တူသည့်
အဆင့်သို့ဝင်ရောက်ခဲ့သည်။
ဒီတစ်ကြိမ်တွင် တစ်နှစ်ပတ်လုံးအမှောင်ထုဖုံးလွှမ်းနေသည့် ဂြိုလ်တစ်လုံးပေါ်တွင်ဖြစ်၏။
စကြာဝဋ္ဌာကြီးသည် မယှဉ်နိုင်လောက်အောင်ကျယ်ပြောလှကာ ထူးခြားသည့်အရာတို့ဖြင့်ပြည့်နှက်နေသည်။ ထိုနေရာတွင် မည်သည့်အရာမဆိုဖြစ်ပျက်သွားနိုင်လေသည်။
ဤဂြိုလ်ပေါ်တွင် ကြယ်ရောင်ဟူ၍ တစ်နှစ်ပတ်လုံးမရှိပေ။ ခြောက်ခြားဖွယ်ရာအေးစက်နေသည့်အမှောင်ထုသာလျှင်ရှိသည်။ ဂြိုလ်မျက်နှာပြင်ထက်တွင် ဆီးနှင်းနှင့်ရေခဲများအလွှာလိုက်ဖုံးအုပ်နေပြီး ဖြောင့်တန်းနေသည့် အဆုံးမဲ့ရေခဲပင်လယ်ကြီးအလားပင်ထင်ရ၏။
ဖုန့်လင်း အထဲသို့ဝင်ရောက်သွားသည့်တစ်ခဏမှာပင် အရိုးထဲထိထိုးဖောက်ဝင်ရောက်လာသည့်အေးစိမ့်မှုအားခံစားလိုက်ရသည်။ အနှုတ် 70 ဒီဂရီ
ဆဲလ်စီးယပ်လောက်ပင်ရှိသည်။
အေးစက်နေသည့်လေတစ်ချက်က သူ့ဆီဝေ့ယမ်းတိုက်ခက်လာသောအခါ တောင့်တင်းနေသည့်ရေခဲရုပ်ထုဖြစ်သွားမလားပင် ခံစားလိုက်ရ၏။
သူ ဒီဂြိုလ်အားသိလိုက်၏။ ဒါသည် ဗိုက်ကင်းဂြိုလ်ပင်။
'နေ'မရှိသည့်အတွက် ကြယ်တာယာခေတ်လူသားတို့ မသိမ်းပိုက်ခဲ့သည့်
ဂြိုလ်များထဲမှတစ်ခုဖြစ်သည်။ ဤနေရာကဲ့သို့နေရာမျိုးတွင် လူသားတို့သုံးစွဲနေသည့် တွင်းထွက်များနှင့်ပြည့်နှက်နေသည်။ နှစ်ပေါင်များစွာဖြတ်သန်းလာပြီးနောက် တွင်းထွက်များအား လျှပ်စစ်ဓာတ်အား အထောက်အပံ့တစ်ခုအဖြစ်သုံးကြသည်။
အေးစက်နေသည့်လေက လူတစ်ယောက်၏ အရေပြားအား လှီးဖြတ်နေသည့် ဓားသွားတစ်ခုအလားပင်။
ဖုန့်လင်း ၏ပြိုင်ဘက်သည် ဥရောပသား တစ်ယောက်နှင့်တူသည်။
အေးစက်မှုက လူသားတစ်ယောက်ကို ခဲပြီးသေသွားစေနိုင်သော်လည်း သူ့အတွက်တော့ နွေးထွေးသည့် လေညှင်းလေးအလားပင်။
ဒါသည် ဗိုက်ကင်းမျိုးနွယ်ဝင်တစ်ယောက်ဖြစ်သည်။ သူတို့တွင် ရှေးဟောင်းမြေကမ္ဘာမှ ဗိုက်ကင်းမျိုးနွယ်စု မျိုးဆက်သွေးရှိသည်ဟူ၍ပင် အပြောများကြသည်။ သူတို့သည် ဒီနေရာတွင် နယ်ချဲ့နေထိုင်ကြပြီး ကြယ်တာယာလူသားတို့၏ သြဇာလွှမ်းမိုးမှုကင်းလွတ်သည့် လူမျိုးစုလေးတစ်ခုဖြစ်၏။
“ကောင်လေး...မင်းက ငါတို့ဗိုက်ကင်းဂြိုလ်ကို ကျူးကျော်ရဲတယ်ပေါ့လေ...မင်းကသေလမ်းကိုရှာနေတာပဲ”
ဗိုက်ကင်းမျိုးနွယ်ဝင်က ရက်စက်စွာပြုံးလိုက်ပြီး ဖုန့်လင်းအား နီရဲနေသည့်မျက်လုံးများဖြင့်ကြည့်သည်။ သူ့ပုံစံက အရမ်းရက်စက်ကြမ်းကြုတ်မည့်ပုံပေါ်သည်။
နောက်တစ်ခဏအတွင်းမှာ လက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်လိုက်သည်နှင့် အေးစက်နေသည့်လေထုမှ သိပ်သည်းထားသည့် သုံးခွမှိန်းအား ဖုန့်လင်းဆီသို့ပစ်လွှတ်လိုက်၏။
ဆီးနှင်းခဲသုံးခွမှိန်းနည်းစနစ်
ဗိုက်ကီယန်(ဗိုက်ကင်းမျိုးနွယ်ဝင်)များသည် သွေးဆာပြီး ကြမ်းတမ်းကြသည်။ ယဗိုက်ကင်းတို့၏ ရိုးရာသိုင်းပညာတို့အား ပြုပြင်ရန် တိုးတက်လာခဲ့သည့် မျိုးဗီဇသိုင်းပညာတို့အားအသုံးပြုကာ ဒီဂြိုလ်ပေါ်မှ ရေခဲနက်ဝေလငါးများအား အမဲလိုက်သတ်ဖြတ်ခဲ့ကြ၏။
သုံးခွမှိန်း ကကောင်းကင်ကိုထိုးဖောက်ပြီး အရိုးကွဲမတတ် အေးခဲစေနိုင်သည့်အအေးဓာတ်အပြည့်ဖြင့် ပျံသန်းလာသည်။
သို့သော် ဖုန့်လင်း နောက်မဆုတ်ခဲ့ပေ။
“မြင့်မြတ်သော ဗာဂျရာလက်ဝါး”
သူ၏ကျောက်ဖြစ် မျိုးဗီဇအားနှိုးဆွလိုက်ပြီး ဗာဂျရာနတ်ဆိုးနှိမ်နင်းလက်သီး၏ အလေးနက်ဆုံး နည်းစနစ်အားအသုံးပြုလိုက်၏။
သူ၏လက်ဝါးတို့သည် သံမဏိကဲ့သို့မာကျောနေပြီး အနက်ရောင်နှင့် အညိုရောင်မှိုင်းမှိုင်းအရောင်တို့အားပြသနေသည်။ ကံကောင်းစွာဖြင့် အလွန်အမင်းမာကျောနေခဲ့ပြီး သုံးခွမှိန်းအား တစ်ချက်တည်းနှင့် အပိုင်းပိုင်းဖြစ်သွားစေခဲ့သည်။
သို့သော် အအေးဓာတ်က သူ့လက်ဝါးမှစီးဆင်းလာပြီး သူ၏သွေးများကို အေးခဲနေချင်သည့်အလားပင်။
ဖုန့်လင်း သူ၏သွေးနှင့်စွမ်းအင်များကို လှည့်ပတ်လိုက်ကာ ဆူပွက်နေသည့် အပူဖြင့် အအေးဓာတ်အား ဖြိုခွဲလိုက်သည်။
သူ၏ပထမတိုက်ခိုက်မှုက မအောင်မြင်သည်ကိုမြင်သောအခါ ဗိုက်ကီယန်၏ ကြမ်းတမ်းမှုက ပိုတိုးလာကာ သူ့လက်ထဲတွင် သုံးခွမှိန်းများ ပိုမိုဖွဲ့စည်းလိုက်ပြီး ဖုန်းလင်ဆီသို့လေကိုခွင်းကာ ထပ်မံပစ်လွှတ်လိုက်သည်။ သူကိုယ်တိုင်ကလည်း ဖုန့်လင်းဆီသို့ ကြမ်းကြုတ်ရက်စက်သည့် ကျားတစ်ကောင်အလား ခုန်အုပ်လိုက်သည်။
အလွန်အမင်းအေးစက်နေသည့်ရာသီဥတုသည် လူသားတို့အပေါ်တွင် သက်ရောက်မှုကြီးကြီးမားမားရှိလေသည်။ သာမန်လူများသည် ကြံ့ကြံ့ခံ၍နေရန်ခပင်က်ခဲကာ သူတို့၏တိုက်ပွဲစွမ်းအားများသည်လည်း အတော်လေးလျော့ကျသွားပေလိမ့်မည်။ ထို့ပြင် သူတို့သာ ဗိုက်ကီယန်တို့၏ ရက်စက်လှသော တိုက်ခိုက်မှုတို့ကို ခံရပါက သူတို့၏ ဘေးကျပ်နံကျပ်အခြေအနေမှ လွတ်လမ်းသာရှာမိပေမည်။
သို့သော် ဖုန့်လင်း နိုးထထားသည့် မျိူးဗီဇများသည် နှစ်ခုလုံး အဆင့်နိမ့်မျိုးဗီဇများဖြစ်သလို နှစ်ခုလုံးသည် ခန္ဓာကိုယ် သန့်စင်ပေးသည့် မျိုးဗီဇများဖြစ်ကြသည်။
ထို့ပြင် ဖုန်းလင်သည် သူတို့အား အရင်က တစ်ခါမှပင်မရှိဖူးသည့် အမှတ်များထိ မြှင့်တင်ပေးထားကာ သူ၏ ရုပ်ပိုင်းဆိုင်ရာစွမ်းအားတို့က ကြီးကြီးမားမားတိုးတက်လာခဲ့သည်။ ဗိုက်ကီယန်နှင့် နိုင်းယှဉ်လျှင်ပင် ထိုမျှအားနည်းတော့မည်မဟုတ်ချေ။
အေးစက်နေသည့် ပတ်ဝန်းကျင်သည် သူ့အပေါ်တွင် သိပ်မသက်ရောက်ပေ။
သုံးခွမှိန်းနည်းစနစ်သည် အလွန်ကြမ်းတမ်းသော်လည်း ဖုန့်လင်း၏ ကျောက်ဖြစ်မျိုးဗီဇသည် အမှတ် 7 ထိသို့ရောက်ရှိနေပြီဖြစ်၏။ သူ၏ကျောက်တုံးကဲ့သို့မာကျောနေသောအရေပြားနှင့် သံမဏိကဲ့သို့ အရိုးများနှင့်ဆိုလျှင် သူ၏ခန္ဓာကိုယ်သည် သာမန်လက်နက်များနှင့်နိုင်းယှဉ်လျှင်ပင် နိမ့်ကျတော့မည်မဟုတ်ချေ။
ထို့ပြင် ဗိုက်ကီယန်၏တိုက်ခိုက်မှုများသည် သန်မာလွန်းသော်လည်း သူ၏အရှိန်သည် မလျင်မြန်ပေ။
ထို့ကြောင့်အရှိန်သည် ဖုန့်လင်း၏
အားသာချက်ဖြစ်သွားခဲ့သည်။
ဖုန့်လင်းသည် သူ့ပြိုင်ဘက်အတွက်တော့ သဘာဝရန်သူဟူ၍ပင်ပြောလို့ရသည်။ အဲ့တာဆို အဆုံးသတ်ကိုစဉ်းစားဖို့လိုဦးမှာလား။
ဖုန့်လင်း လက်သီးနှင့်ထိုးနေခြင်းအား
မရပ်တန့်ပေ။ သူ၏ လက်သီးချက်များက မိုးကြိုးပစ်ခက်နေသည့်အလား အေးစက်နေသည့်လေများမှ သိပ်သည်းထားသည့် မှိန်းတိုင်းအား ဖောက်ခွဲနေသည်။ အဆုံးတွင် ဖုန့်လင်း ဗိုက်ကီယန်၏ လည်ချောင်းအား ဖောက်ထုတ်လိုက်ကာ စွမ်းအင်ဖုန်မှုန့်များအဖြစ်ပြောင်းလဲသွားစေခဲ့သည်။
မျိုးဗီဇစစွမ်းရည် +22%.
“သူနိုင်သွားပြန်ပြီ”
“ဒီလိုကြမ်းတမ်းတဲ့ အခြေအနေမျိုးမှာတောင် သူ့မှာ ဒီလောက် အံ့သြစရာတိုက်ပွဲစွမ်းရည်တွေရှိနေသေးတာလား”
“သူရဲ့စွမ်းဆောင်ရည်တွေအရဆိုရင် ဒီကျောင်းသား နိုးထလာတဲ့ မျိုးဗီဇနှစ်ခုလုံးက သူ့ခန္ဓာကိုယ်ကို သန့်စင်ပေးနိုင်ပုံရတယ်။ သူတို့တွေက ပုံမှန်ဆိုရင် အဆင့်နိမ့်မျိုးဗီဇတွေလို့ပဲ ပြောလို့ရမှာ။ ဒါတောင်သူ့ကို ဘယ်လောက်ထိသန်မာသွားစေနိုင်တာလဲ”
…
အတန်းပိုင်များ ထိုမြင်ကွင်းကိုမြင်သောအခါ သူတို့ အကြီးအကျယ်တုန်လှုပ်သွားကြသည်။ သူတို့၏ မျက်နှာများက မယုံကြည်နိုင်မှုနှင့် စိတ်ရှုပ်ထွေးမှုတို့ ပြည့်နှက်နေ၏။
ဖုန့်လင်းသည် အဆင့်16တွင်သာ
ရပ်တန့်မသွားပဲ နောက်နှစ်ဆင့်ကိုပင် ထပ်မံရှင်းလင်းနိုင်ခဲ့ကာ သူတို့ထံ
အံ့သြစရာများ ယူဆောင်ပေးလာမည်ဟု မျှော်လင့်မထားကြပေ။
“ဗိုက်ကင်းဂြိုလ်ကတောင် သူ့ကိုမတားနိုင်တော့ဘူးလား”
အတန်းပိုင်ဆရာမ တစ်ယောက်တည်းတီးတိုးရေရွတ်လိုက်သည်။
သူမ၏အတန်းမှ ထိပ်တန်းကျောင်းသားဖြစ်သည့်
ကျောက်ခိုင်ဘက်အား ကြည့်လိုက်သည်။ အံ့သြစရာမလုံလောက်အောင်ပင် သူသည် ပုံရိပ်ယောင်သိုင်းစေတီ၏ အဆင့်18မှာပင်ရှိနေသေး၏။
သို့သော် ကျောက်ခိုင်၏ စွမ်းဆောင်ရည်သည် ဖုန့်လင်းနှင့်ယှဉ်ပါက အလွန်အမင်းဆိုးဝါးနေသည်။ ကွာခြားချက်အားပြောရပါက မိုးနှင့်မြေအလားပင်။
ကျောက်ခိုင်သည် မီးတောက်မျိုးဗီဇနှင့် သတ္ထုမျိုးဗီဇတို့ နိုးထလာခဲ့ပြီး မီးတောက်နှင့် သတ္ထုတို့ကို ထိန်းချုပ်နိုင်သည်။
သို့သော် သူ့၏မီးတောက်များမှာ အေးစက်သည့်လေပြင်းတိုက်သွားသည့်အခါ ချက်ချင်းပင်ငြိမ်းသက်သွားသည်။
အလွန်အမင်းခိုင်မာသည့် သတ္ထုတို့သည်လည်း တိုက်မိသွားချိန်တို့တွင် အေးခဲသွားခဲ့ကာ အစိတ်စိတ်အမြွာမြွာကွဲကြေသွားကြ၏။
သူ၏စွမ်းရည်သည် အလွန်အမင်းမျက်နှာပျက်စရာကောင်းလှသည်။ အသက်အမှတ် 2.2 ရှိသည့်လူဟုပင်
မထင်ရလောက်အောင်ပင်။ အသက်အမှတ် 1.8 ရှိသည့်လူကိုပင် အနိုင်မယူနိုင်ချေ။
တစ်ခြားတစ်ဖက်တွင် ဖုန့်လင်း၏စွမ်းဆောင်ရည်သည် သူမ၏ လေးစားမှုအား ရရှိစေခဲ့သည်။
အကယ်၍နိုင်းယှဉ်လိုက်ပါက အားနည်းသူသည်သာလျှင် ကျန်ရစ်နေခဲ့မည်ဖြစ်၏။
မသိလိုက်ချိန်မှာပင် သူမ၏နှလုံးသားထဲမှ ညီမျှမှုတို့သည် တိမ်းစောင်းသွား၏။
အဆင့် 18 တွင်ရရှိသည့် သိုင်းပညာနည်းစနစ်မှာ ရေခဲမျိုးဗီဇလိုအပ်သည့်ဆီးနှင်းခဲသုံးခွမှိန်းနည်းစနစ်ဖြစ်သည်။ ပုံမှန်အတိုင်းပင် ဤသိုင်းကိုလည်း ဖုန်းလင် သင်ယူ၍မရချေ။
“ကြည့်ရတာ အလကားရတဲ့ မျိုးဗီဇသိုင်းပညာတွေကို သင်ယူဖို့ နည်းနည်းခက်ခဲမယ့်ပုံပဲ”
ဖုန့်လင်းသက်ပြင်းချလိုက်ကာ သူ၏ကံမကောင်းမှုသည် မျှော်လင့်ထာသည့်အတိုင်းပင်ဖြစ်ကာ လွဲပင်လွဲမသွားချေ။ သူနောက်တစ်ဆင့်ကို ဆက်တက်သွားရန်ပြင်လိုက်၏။
ရုတ်တရက် သူ့ခြေထောက်က တောင့်တင်းသွားကာ ကြမ်းပြင်ပေါ်ပစ်လဲကျသွားတော့မလိုဖြစ်သွားသည်။
သူ့ခံနိုင်ရည်က ကုန်သွားပြန်ပြီလား။
ဖုန့်လင်း ဟောဟဲလိုက်နေခဲ့ကာ သူ့ခန္ဓာကိုယ်ကိုပင် မသယ်နိုင်လောက်အောင်ပင် သူ၏အကန့်အသတ်သို့ရောက်ရှိသွားသည်ဟု ခံစားလိုက်မိသည်။
“အကုန်လုံး ဒီနေရာမှာပြီးဆုံးသွားတော့မှာလား”
သူစိတ်ထဲတွင်တွေးလိုက်သော်လည်း သူ၏အသိစိတ်တို့က စတင်လွင့်ပျယ်လာသည့်အလားပင်။
သို့သော် သူ့စိတ်ကိုပြောင်းလဲလိုက်ပြီး သူခေါင်းကိုခါယမ်းလိုက်ကာ ထိုသူရဲဘောကြောင်သည့်အတွေးတို့ကို
စွန့်ပစ်လိုက်သည်။
သူသည် အဆင့်18ပင်ရောက်နေခဲ့ပြီး အဆင့်နှစ်ဆင့်ဆက်သွားလိုက်သည်နှင့် အဆင့်20 သို့ရောက်ရှိသွားမည်ဖြစ်၏။
ဒါက နောက်ထပ် သီးသန့်ကန့်သတ်ချက်တစ်ခုပဲ။
အဆင့်20၏တိုက်ပွဲစွမ်းရည်သည် အမှတ်2.0 ရှိသည်၊ အကယ်၍ သူသာထိုအဆင့်ကို ဖြတ်ကျော်နိုင်ပါက သူ၏စွမ်းရည်သည် ကျောင်းမှဘွဲ့လွန်အတန်းများ၏ အမြင့်ပိုင်းအလွှာနှင့် အလယ်ပိုင်းအလွှာတို့ အဆင့်တော့ရှိပေလိမ့်မည်။
လက်ရှိတွင် သူ့တွင် မျိုးဗီဇအမှတ်တစ်မှတ်ရှိ၏။ သူသာ အမှတ်တစ်မှတ်ပေါင်းထည့်လိုက်ပါက ဆက်သွားရင်း ပြန်လည်စုဆောင်းနိုင်မည်ဖြစ်၏။
တုံ့ဆိုင်းမနေဘဲ ဖုန်လင်း ပြတ်ပြတ်သားသား အမှတ်ပေါင်းထည့်လိုက်သည်။
=======
အမည်: ဖုန့်လင်း
အသက်စွမ်းအင်: 1.9
မျောက်မျိုးဗီဇ: 10
ကျောက်ဖြစ်မျိုးဗီဇ: 8
မျိုးဗီဇစွမ်းရည်: 52%
=======
ကျောက်ဖြစ်မျိုးဗီဇက တကယ် 8မှတ်ထိတိုးလာပြီပဲ။
ခရက်...ခရက်
သူ့အရိုးများက ဗျောက်အိုးများကဲ့သို့ တဖြောက်ဖြောက်အသံများထွက်ပေါ်လာပြီး သူ့အရေပြားသည်လည်း ကျောက်စိမ်းကဲ့သို့ချောမွေ့လာသည်။ သူ၏အရေပြားအား လက်ချောင်းများနှင့် ဆက်ကနဲရိုက်လိုက်သောအခါ
သတ္ထုအားခေါက်မိသည့်အသံ ထွက်ပေါ်လာသည်။
ဒီအခြေအနေက ကျောက်ဖြစ်မျိုးဗီဇရဲ့အကန့်အသတ်နဲ့ နီးလာတဲ့အထိ အမှတ်မြှင့်လိုက်လို့ဖြစ်လာတာလား။
ဖုန့်လင်း ထိုအရာက လုံးဝ မယုံကြည်နိုင်စရာကောင်းလွန်းသည်ဟု တွေးလိုက်သည်။
သူသာ ဆက်လက်ချိုးဖောက်လာပါက ဆန်းကြယ်သည့် အပြောင်းအလဲများပင်ဖြစ်ပေါ်လာနိုင်သည်။
ကျောက်ဖြစ်မျိုးဗီဇအား အဆုံးထိ
အမှတ်မြှင့်ပေးနိုင်ရန် နှစ်မှတ်သာလိုတော့သည်။ ထိုအရာသာဖြစ်လာပါက မျိုးဗီဇနှစ်ခုအား အမှန်တကယ်ပေါင်းစပ်နိုင်ပြီး အဆင့်ပိုမြင့်သည့် အလွှာတစ်ခုသို့ ဆင့်ကဲပြောင်းလဲနိုင်မည်ဖြစ်၏။
ဖုန့်လင်း သိုင်းစေတီမှ ပိုမြင့်သည့်
အဆင့်များအား ကြည့်လိုက်သည်နှင့် သူ၏မျက်လုံးထဲမှ မှိန်ဖျော့ဖျော့ အလင်းတန်းလေးကကြီးထွားလာသည်။ သူဖြည်းညင်းစွာ ခေါင်းမော့လိုက်၏။
အဆင့်19တွင် သူ၏အသက်အမှတ်ကလည်း 1.9 ဖြစ်နေသည့်အတွက် အဆင့်တူနှစ်ယောက်ကြားမှ တိုက်ပွဲတစ်ခုဖြစ်လာပေလိမ့်မည်။
သို့သော် မမျှော်လင့်ဘဲ လွယ်ကူလွန်းနေခဲ့၏။
ပြိုင်ဘက်သည် လုပ်ကြံthetဖြတ်ခြင်းနည်းစနစ်တို့အား ကျွမ်းကျင်သည့် ပညာရှင်တစ်ဦးဖြစ်၏။ သူသည် ဂျပန် နင်ဂျာတစ်ဦးအလား အနက်ရောင်အင်္ကျီဝတ်ဆင်ထားပြီး သူ့မျက်နှာအား ဖုံးကွယ်ထား၏။ သူသည် အရိပ်တစ်ခုကဲ့သို သူ့ကိုယ်သူဖုံးကွယ်နေနိုင်သည့်အတွက် သူ့ပြိုင်ဘက် ဘာမျိုးဗီဇနိုးထထားသည်ကို မသိချေ။
ထိုကဲ့သို့ပြိုင်ဘက်မျိုးသည် အကာအကွယ်မဲ့နေသည်ကို အခွင့်ကောင်းယူ တိုက်ခိုက်တက်သည့်အတွက် တိုက်ခိုက်ရန်ခက်ခဲလှ၏။
သို့သော် ဖုန့်လင်း၏ မြှင့်တင်ထားသည့်အရေပြားမှခုခံမှုသည် သူမျှော်လင့်ထားသည်ထက်ပင် မြင့်မားနေသည်။ သူ့ပြိုင်ဘက်သုံးလိုက်သည့် လက်နက်ပုန်းများသည် တားဆီးနေသည့်ဒိုင်းတစ်လွှာအလား ချိုးဖြတ်၍မရသကဲ့သို့ဖြစ်နေခဲလသည်။
ပြိုင်ဘက်တွင် အသက်အမှတ်1.9 ရှိနေသော်လည်း သူ့အရှိန်နှင့် ခွန်အားတို့သည် ဖုန့်လင်းကဲ့သို့ မြင့်မားခြင်းမရှိပေ။
အဆုံးတွင် ဖုန့်လင်း တမင်တကာပင် အားနည်းချက်တစ်ခုပြလိုက်ပြီး သူ့ကိုယ်သူ ထိခိုက်ခံလိုက်သည်။ ထို့နောက် ပြိုင်ဘက်၏လည်ပင်းအားဆွဲပြီး ရက်ရက်စက်စက် ချိုးပစ်လိုက်ကာ လွယ်လွယ်ကူကူပင် အနိုင်ရရှိခဲ့သည်။
မျိုးဗီဇစွမ်းရည် +16%.
ဤတစ်ကြိမ်သည်တော့ ပြိုင်ဘက်အား အလျော့ပေးထားသည့်တိုင် သူ၏ခုခံမှုအား မချိုးဖြတ်နိုင်ခဲ့ပေ။ ထို့ကြောင့်
ဖုန့်လင်း မျိုးဗီဇစွမ်းရည် များများစားစားမရလိုက်ပေ။
အမှောင်အရိပ်နင်ဂျူစုသည် အရိပ်မျိုးဗီဇအား နိုးထရန်လိုအပ်သည်။ မမျှတစွာနှင့် ငြီးငွေ့စရာပင် ဒီမျိုးဗီဇသိုင်းပညာကိုလည်း ဖုန့်လင်း သင်ယူ၍မရချေ။
“ဂျပန်နင်ဂျာတွေတောင် မယှဉ်နိုင်ဘူး ဒီကလေးက ကောင်းကင်ကိုဆန့်ကျင်နေတာပဲ”
အားလုံးကြက်သေသေသွားကြ၏။
နင်ဂျာတို့၏ နားလည်ရခက်သည့်လှုပ်ရှားမှုတို့အား ဘာမှမလုပ်နိုင်သည့်အတွက် လူအများအပြားအတွက်
ဒီအဆင့်သည် ခက်ခဲလွန်းလှသည်။
ဖုန့်လင်း ဤအဆင့်အား ဤမျှလွယ်ကူစွာ ရှင်းလင်းနိုင်မည်ဟု သူတို့ မမျှော်
လင့်ထားကြပေ။
အရာအားလုံးက ပုံရိပ်ယောင်အတိုင်းပင်။
အသက်အမှတ် 0.4မှတ်အထိ ကွာနေတဲ့ သန်မာတဲ့ပြိုင်ဘက်နဲ့ တိုက်ခိုက်တာတောင် သူက နိုင်သွားသေးတာလားဟ။
အားလုံး အလွန်ပင်သိချင်လာကြသည်။
ဖုန့်လင်းရဲ့ အကန့်အသတ်က ဘယ်လောက်လဲ။
ဒါသည် ဖုန်းလင်သည်လည်း သိချင်နေသည်ြ တစ်ခုပင်။
တခြားသူများက သတိမမူမိသော်လည်း ဖုန့်လင်းကိုယ်တိုင်ကတော့ သူ၏ မျိုးဗီဇများအား မြှင့်ရင်းဖြင့် အသက်စွမ်းအင် 1.9 သို့ရောက်ရှိနေပြီဖြစ်သည်ကို သိနေ၏။
နောက်တစ်ဆင့်သည် အဆင့် 20 ဖြစ်သည်။ ဤတစ်ကြိမ်သည် အရင်အကြိမ်များနှင့်ကွာခြား၏။
ဖုန့်လင်းအတွက်မူ ဤတစ်ကြိမ်သည် အစစ်အမှန် သူ့ထက်သန်မာသည့်ပြိုင်ဘက်အားတိုက်ခိုက်ခြင်းပင်။ ထို့ပြင် သူ့တွင် သုံးစရာ မျိုးဗီဇအမှတ်ဟူ၍လည်း မရှိတော့ပေ။
ဆိုလိုသည်မှာ စေတီ အထက်ပိုင်းသို့ဆက်တက်ရန် ဝှက်ဖဲကုန်သွားပြီဟူ၍ပင်။ ဤတိုက်ပွဲသည် ခက်ခဲမည့် တိုက်ပွဲတစ်ခုဖြစ်မည်မှာ သေချာပေါက်ပင်။
သူပိုမြင့်သည့်အဆင့်အား တက်နိုင်မည့်ကိစ္စမှာ ဤတိုက်ပွဲပေါ်တွင် မူတည်နေ၏။
တင်ပျဉ်ခွေ ထိုင်ချလိုက်ကာ အသက်ရှူ နှုန်းအားထိန်းလိုက်ပြီး သူ၏အကောင်းဆုံး အခြေအနေဖြစ်အောင် ပြန်လည်ထိန်းသိမ်းလိုက်သည်။ ထို့နောက် သိုင်းစေတီ၏အဆင့် 20 အား ဦးတည်လိုက်သည်။
ဖုန့်လင်း မမျှော်လင့်ထားသည်မှာ ဤတစ်ကြိမ်သူ၏ပြိုင်ဘက်သည်.......
ဂြိုလ်သားတစ်ကောင်လား
မဟုတ်သေးဘူး ဒီလိုခေါ်လို့ရဘူး....
တစ်ခြားဂြိုလ်က မျိုးနွယ်ဝင်တစ်ယောက်ပေါ့