← Chapters

ဆီလီကွန်အခြေပြုဘီလူး

Vol. 2 Ch. 20

ဆီလီကွန်အခြေပြုဘီလူး

Vol. 2 Ch. 20

ရှေးဟောင်းအချိန်တို့တွင် လူသားတို့ကမ္ဘာမြေမှ ထွက်ခွာမလာခင်က အာကာသအပြင်ဘက်တွင် လူသားတို့အပြင် တစ်ခြားသော သက်ရှိများ ရှိရန်စိတ်ကူးယဉ်ခဲ့ကြသည်။ ထိုသက်ရှိများသည် လူသားတို့နှင့်တူကာ ဉာဏ်ရည်ထက်မြက်ပြီး ဖွံ့ဖြိုးသည့် လူ့ယဉ်ကျေးမှုအမွေအနှစ်တို့ ရှိနေလိမ့်မည်ဟု ခံစားခဲ့ကြသည်။ သူတို့အား

ဂြိုလ်သားများဟု သမုတ်ခဲ့ကြသည်။

မည်မျှပင် ပညာမဲ့ကာရိုးအလိုက်ကြလေသလဲ။

စကြာဝဋ္ဌာကြီးသည် အလွန်ကြီးမားကာ အလွန်ထူးဆန်းသည့်အရာများ ထူးခြားလွန်းသည့်သက်ရှိများနှင့် ပြည့်နှက်နေသည်။ သန့်စင်သည့် စိတ်ဝိဥာဉ်စွမ်းအင်မှ ဖြစ်တည်လာသည့် တစ္ဆေလူ့ယဉ်ကျေးမှုအဖွဲ့အစည်း၊ မီးတောက်အား သူတို့၏ စက်အမြုတေအဖြစ်သုံးသည့် စက်ရုပ်လူ့ယဉ်ကျေးမှုအဖွဲ့အစည်း နှင့် ဆီလီကွန်နှင့်ဖွဲ့စည်းထားသည့်သက်ရှိ လူ့ယဉ်ကျေးမှုအဖွဲ့အစည်း စသည်တို့၌ အလွန်ရှည်ကြာ

သည့် သမိုင်းများရှိကြသည်။

လူသားတို့သည် ကာဗွန်နှင့်ဖွဲ့စည်းထားသည့် အားအနည်းဆုံးလူ့အဖွဲ့အစည်းတစ်ခုသာဖြစ်သည်။

မတူညီသည့် မျိုးနွယ်စုတို့တွင် မတူညီသည့်အသိဉာဏ် ၊သက်ရှိပုံစံနှင့် အတွေးအခေါ်များရှိကြသည်။ သူတို့သာအချင်းချင်း တွေ့ဆုံကြပါက သူတို့၏ရန်သူကို ဖျက်စီးရန်သာကြိုးစားကြလိမ့်မည်ဖြစ်ပြီး သူတို့၏ဆက်ဆံရေးများအား လစ်လျူ ရှုထားမည်ဖြစ်သည်။ နဂါးတွေနဲ့ပုရွတ်ဆိတ်တွေကိုပဲတွေးကြည့်လိုက်လေ။သူတို့ရော အချင်းချင်း သူငယ်ချင်း မိတ်ဆွေတွေဖြစ်လာနိုင်လို့လား။

ထို့ပြင် စကြာဝဋ္ဌာထဲမှ သက်ရှိများ၏ကွဲပြားမှုများထက်တော့ ထိုနှိုင်းယှဉ်ချက်က ပိုကောင်းနေသေးသည်။

လူသားတို့၏ဘိုးဘေးများသည်လည်း အာကာသအပြင်ဘက်တွင် စတင်ခြေချလိုက်ချိန်က အခြားဂြိုလ်က သက်ရှိမျိုးနွယ်စုများနှင့် ငြိမ်းချမ်းခင်မင်သည့်ဆက်ဆံရေးကို ထိန်းသိမ်းချင်ခဲ့ကြသည်။ သို့သော် သူတို့ပြန်ရလိုက်သည်မှာ အစုလိုက်အပြုံလိုက် အညာအတာကင်းမဲ့စွာ thetဖြတ်ခံရခြင်းပင်။

ထိုမျှကြီးမားသည့် ပေးဆပ်မှုကြီးများပေးဆပ်ခဲ့ရသည့်အတွက် ရိုးအသည့် အခေါ်အဝေါ် ‘ဂြိုလ်သား’ဆိုသည့်အရာအား ‘တခြားဂြိုလ်မှ မျိုးနွယ်စုများ’ဟု အစားထိုးခဲ့ကြသည်။

လူသားတို့သည် စကြာဝဋ္ဌာအတွင်းမှ တောရိုင်းဥပဒေသများကို နားမလည်ခင်က သွေးထွက်သံယိုပေးဆပ်မှုကြီးများကို ပေးဆပ်ခဲ့ရသည်။

စကြာဝဋ္ဌာကြီးသည် သေနတ်အားကိုင်ဆောင်ထားသည့် အမဲလိုက်သမားတို့

နှင့် တူညီသည့် လူယဉ်ကျေးမှုအဖွဲ့အစည်းများ ကျက်စားရာ အမှောင်တောအုပ်ကြီးနှင့်ဆင်တူသည်။ အကယ်၍ အချင်းချင်း တွေ့ရပါက တစ်ယောက်သာ ရှင်သန်ပေလိမ့်မည်။

…

အဆင့်20သို့ဝင်သွားပြီး သူ့ဆီသို့ ကြမ်းတမ်းပူပြင်းနေသည့် လေပူများတိုက်ခက်လာသည့်အတွက် ဖုန့်လင်း မျက်လုံးများ ကျဉ်မြောင်းလိုက်သည်။ ရေခိုးရေငွေ့ဟူ၍မရှိပဲ ခြောက်သွေ့နေကာ ဓားသွားများက လူတစ်ယောက်၏အရေပြားကို လှီးဖြတ်နေသည့်အလားပင်။

ဤနေရာသည် ယိုယွင်းပျက်စီးနေသည့် ကန္တာရဂြိုလ်တစ်ခုပင်။ နေရာတစ်ခုလုံး သဲများဖြင့်ပြည့်နှက်နေကာ မည်သည့်သက်ရှိမဆိုမရှိဘဲ လုံးဝတိတ်ဆိတ်နေသည်။

“ဟမ်....ငါ့ပြိုင်ဘက်ကဘယ်မှာလဲ”

ဖုန့်လင်း ပတ်ပတ်လည်ကို တစ်ချက်ကြည့်လိုက်သော်လည်း မည်သည့်အရာကိုမှမတွေ့ချေ။ ရုတ်တရက် သူ့ရှေ့မှမြေကြီးက ပေါက်ကွဲသွားသဖြင့် ဖုန့်လင်း အခက်တွေ့သွားသည်။

ငါးမိတာကျော်ကျော်လောက်ရှိသည့် သန်မာသည့် ပုံရိပ်တစ်ခုက သူ့ရှေ့တွင် မတ်တပ်ရပ်နေသည်။ သူ့၏အရေပြားက စကျင်ကျောက်ကဲ့သို့ ဖြူဖျော့ဖျော့အရောင်ဖြစ်နေပြီး ကျောက်တုံးတစ်ခုအား ဘီလူးတစ်ကောင်အဖြစ်ထွင်းထုထားသည့်အလားပင်။ ထိုအရာ၏ မျက်နှာထက်တွင် ပါးစပ်နှင့် နှာခေါင်းကဲ့သို့ အင်္ဂါအစိတ်အပိုင်းများမပါဝင်ပေ။ သတ္ထုမျက်နှာဖုံးကဲ့သိုပင်ဖြစ်နေသည်။ ထိပ်ပိုင်းတွင် အပြာရောင်အလင်းနှစ်ခု တောက်ပနေသည့် ဗလာအပေါက်နှစ်ပေါက်ရှိနေပြီး အေးစက်ကာ လူမဆန်စွာရက်စက်သည့်

အကြည့်စူးစူးနှင့် စိုက်ကြည့်နေသည်။

အပြာရောင်အလင်းက ဖုန့်လင်းကို စစ်ဆေးလိုက်သည့်အလား တောက်ပသွားသည်။

သူ့ခန္ဓာကိုယ်တစ်ခုလုံးအား အေးစက်မှုက စိမ့်ဝင်ပျံနှံ့သွားသည့်အလား အေးစက်သွားသည်။ သူ ကြက်သီးများပင်ထသွားရသည်။ သူ့အတွင်းပိုင်းမှလျှို့ဝှက်ချက်များကိုပင် ထွင်းဖောက်ကြည့်သွားသည့်အလား ခံစားလိုက်ရသည်။

“ကာဗွန်အခြေခံသက်ရှိဖွဲ့စည်းမှု။ မျိုးနွယ်:လူသား။ မျိုးပွားနိုင်စွမ်းအားသန်မာတယ်။ လူယဉ်ကျေးမှုအဖွဲ့အစည်းအဆင့် နှစ်။ ဖြေရှင်းမှု:သတ်...”

ငါးမီတာမြင့်မားသည့် ဆီလီကွန်ဘီလူးကြီးက ဖုန့်လင်းအား အရေးမပါသည့်အဆင့်နိမ့်ပိုးမွှားတစ်ကောင် အလား စိုက်ကြည့်နသည်။ သူ့အော်ဟစ်လိုက်သည့် စကားလုံးများက လူမဆန်စွာအေးစက်နေကာ ကြားရသူတိုင်းကို စိတ်မသာမယာဖြစ်သွားစေနိုင်သည်။

“ဒါက ဂြိုလ်သားတစ်ကောင်လား။ မဟုတ်သေးဘူး။ ဒါက တခြားဂြိုလ်ကမျိုးနွယ်ခြားပဲ။ သူပြောသွားတာ ဘာတဲ့...ငါက ကာဗွန်အခြေခံသက်ရှိတဲ့လား အဲ့တာဆို သူကရော။ ဆီလီကွန်အခြေခံသက်ရှိလား”

သူတို့နှစ်ယောက်ကြားထဲမှ သက်ရှိပုံစံတွေအရ ကွာခြားချက်များကြောင့်

ဖုန့်လင်း ပြဿနာတက်နေသည်ဟု ခံစားလိုက်ရသည်။

ဘွမ်း.....

ဆီလီကွန်ဘီလူး၏ ခြေထောက်က မြေပြင်ကို ကြမ်းတမ်းစွာ တစ်ချက်ဆောင့်ချလိုက်ကာ ကြီးမားသည့်ခန္ဓာကိုယ်ကြီးက ဒုံးကျည်တစ်စင်းအလား ကောင်းကင်သို့ ပျံတက်သွားသည်။ ထို့နောက် လျင်မြန်စွာ ထိုးဆင်းလာသည်။

ဖုန့်လင်းသည် ထိပ်တိုင်ရင်ဆိုင်ရန်တွေးနေခဲ့သော်လည်း တောင်ငယ်လေးတစ်လုံးကဲ့သို့ ပုံရိပ်တစ်ခုက ထိုးဆင်းလာကာ လေကို ဖြတ်သွားပြီး တဝီဝီသံများ ထုတ်လွှတ်နေသည်။

သူ၏မျက်ခုံးများ တွန့်ကွေးသွားပြီး သူဒီဧရာမမွန်းတားကြီးထံမှ မကာကွယ်နိုင်သည်ကို သိနေခဲ့၏။

သူ အလိုအလျောက်တုံ့ပြန်မှုဖြင့် ရှောင်လိုက်သည်။

ဘွမ်း......

ကြီးမားသည့်ပုံရိပ်ကြီးက မြေပြင်ကို ဥက္ကာပျံတစ်ခုအလား ရိုက်ခက်သွားသည့်အတွက် မြေပြင်တစ်ခုလုံး ဝုန်းခနဲ တုန်ခါသွားသည်။ ချိုင့်အကြီးကြီးတစ်ခုထွက်ပေါ်လာကာ မီးခိုးနှင့် ဖုန်မှုန့်များက အချိန်အတော်အကြာ ထနေခဲ့သည်။

ဖုန့်လင်း၏ မျက်ခုံးများက အဆက်မပြတ် တွန့်ကွေးနေခဲ့သည်။

ဒီကောင်က ဘယ်လောက်တောင်လေးလိုက်သလဲ။

နှစ်တန်လား။ သုံးတန်လား။ မဟုတ်ဘူး။ အနည်းဆုံး ငါးတန်လောက်ရှိလောက်တယ်။

သူ့လက်သီးခွန်အားသည်လျှင် 0.8 တန်သာရှိသည်။ သူ၏ မျိုးဗီဇများ အမှတ်တက်လာလျှင်ပင် စမ်းသပ်ချိန်ကထက် အသက်စွမ်းအင် 0.4 သာတက်လာခဲ့ခြင်းဖြစ်၏။ ဒါတောင် သူ့ခွန်အားက တစ်တန်ကျော်မည်မဟုတ်ချေ။

အကယ်၍ ထိုမျှလေးလံနေသည့် အရာတစ်ခု ဝင်တိုက်ပါက သူလည်းကာကွယ်နိုင်မည်မဟုတ်ချေ။ သူသာ အရှောင်မမြန်ပါက ချက်ချင်းပင် အသားပြားဖြစ်သွားပေလိမ့်မည်။

“သေစမ်း ပိုးကောင်လေး”

သူ၏ အသေသတ်သည့်တိုက်ခိုက်မှုအား အရေးမပါသည့် ကာဗွန်အခြေခံသက်ရှိလေးက ရှောင်ရှားနိုင်သွားသည့်အတွက် ဆီလီကွန်ဘီလူး ဒေါသထွက်သွားသည်။

ဒုန်း.....ဒုန်း....ဒုန်း

ခြေလှမ်းကျဲကြီးများဖြင့် ပြေးဝင်လာသည့်အတွက် မြေပြင်အား တဒုန်းဒုန်ဆောင့်ချသံများ ထွက်ပေါ်လာသည်။ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ခြေရာကြီးများက မြေပြင်ထဲနစ်ဝင်နေခဲ့သည်။

“နှေးလွန်းတယ်ကွ။ မြင့်မြတ်သော ဗာဂျရာတင်းပုတ်”

ပြိုင်ဘက်သည် အလွန်အမင်း ကြမ်းတမ်းသော်လည်း အရှိန်က မမြန်ချေ။ ဖုန့်လင်းရှောင်လိုက်ပြီး ဘေးတွင် ပြန်ပေါ်လာကာ သူ၏လက်နှစ်ဘက်အား ဆုပ်လိုက်ကာ သံတင်းပုတ်ကြီးများကဲ့သို ထုချလိုက်သည်။

သူ၏လက်နှစ်ဘက်က ဟိတ်ဟန်ကြီးမားစွာ ထုချလိုက်ပြီး လေထဲတွင် ကျယ်လောင်သည့် အသံများထွက်ပေါ်လာသည်။

ထိုကဲ့သို့ ပြင်းထန်သည့်ရိုက်ချက်သည် ကျောက်တုံးကျောက်ခဲများကိုပင် ဖုန်မှုန့်ဖြစ်သွားစေနိုင်၏။

အေးစက်စက်အလင်းတန်းများ

ဖုန့်လင်း၏မျက်လုံးမှ ထွက်ပေါ်လာကာ ပြိုင်ဘက်၏လည်ပင်းအား ကြည့်နေပြီး လက်သီးချက်များဖြင့် ထိုးနှက်ကာ ချိုးပစ်လိုက်၏။

ဘန်း...

တူနှင့် သံမဏိပြားတို့ ထိရိုက်နေသကဲ့သို့ အသံများ ထွက်ပေါ်လာလာသည်။ မျှော်လင့်ထားသည့် အရာများ ဖြစ်မလာခဲ့ပေ။ ထိုအစား ပြင်းထန်သည့် တန်ပြန်အားတစ်ခုက

ဖုန့်လင်း၏လက်ကို စီးဝင်လာခဲ့ပြီး သူ အရမ်းနာကျင်သကဲ့သို့ ခံစားလိုက်ရသည်။

ဆီလီကွန်ဘီလူး လှောင်ပြုံးပြုံးလိုက်ပြီး သူ့လက်မောင်းကို ပြင်းထန်စွာ လွှဲယမ်းလိုက်သည်။(ပါးစပ်မပါဘူးဆိုပြီး ဘယ်လိုပြုံးလဲတော့ ဤဖေကိုယ်လဲ

မသိ)

ဖုန့်လင်း ရှောင်ချိန်ပင်မရလိုက်ချေ။ သူ့လက်မောင်းတွေကိုသုံးပြီး သူ့ရင်ဘတ်အား ကာကွယ်လိုက်၏။ အလွန်အမင်းပြင်းထန်သည့် အင်အားတစ်ခုက သူ့ဆီတိုးဝင်လာပြီး ဒုံးကျည်တစ်စင်းကဲ့သို့ မြေပြင်ကို ရိုက်ခက်သွားစေခဲ့ပြီး မြင်ပင် မမြင်ရသည်အထိ နစ်ဝင်သွားသည်။

ဆီလီကွန်ဘီလူးက အရှေ့တွင် ရပ်ကာ အထင်သေးဟန်ဖြင့် ရယ်နေခဲ့၏။

, “အရူး....ငါက ဆီလီကွန်အခြေခံသက်ရှိတစ်ယောက်ကွ။ မင်းလို ကာဗွန်အခြေခံသက်ရှိတစ်ကောင်ရဲ့ သွေးသားလက်သီးနုနုလေးတွေနဲ့ ငါ့ကို အနိုင်ယူနိုင်မယ်ထင်နေတာလား။

ဟမ့်....တကယ်လို့ မလှုပ်ဘဲ ရပ်နေရင်တောင် နည်းနည်းလေးမှ ငါ့ကိုနာကျင်စေမှာမဟုတ်ဘူး။ ကဲ.... သေစမ်း”

သူ့လက်မောင်းတွေ လှုပ်လိုက်သည်နှင့် မြေပြင်က သိမ့်သိမ့်တုန်သ်ိသည်။

မြေဆွဲအား နှောင်ကြိုးတို့အား လစ်လျူရှုရင်း မရေမတွက်နိုင်သည် ကျောက်တုံးကြီးများလေထဲသို့ ကြွတက်လာကာ ရုတ်တရက်မြေပြင်ဆီသို့ ကျဆင်လာကြ၏။

ဖုန့်လင်း လျင်မြန်စွာဖြင့် ရှောင်ရန် ကြိုးစားလိုက်သည်။ ကြီးမားသည့် ကျောက်တုံးကြီးများက မြေပြင်နှင့် ထိခတ်သွားကြပြီး အက်ကြောင်းများ ဖြစ်ပေါ်လာသည်။

ကျောက်တုံးများသည် မိုးရွာသကဲ့သို့ ကျဆင်းလာပြီး ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေးပင်မရှိချေ။

“မျှော်လင့်ချက်မရှိတော့ဘူး။ ဒီဆီလီကွန်ဘီလူးက ဆီလီကွန်အခြေခံသက်ရှိတစ်ကောင်ဘဲ။ သူက ကျောက်တုံးတွေကို ထိန်းချုပ်နိုင်တဲ့ စွမ်းရည်နဲ့မွေးဖွား လာကြတာ”

“ဒီ....မိုးရွာနေသလို ကျောက်တုံးတွေနဲ့ဆိုရင် ဆင်တောင် ဂျုံပြားလေးဖြစ်သွားမှာဘဲ”

“အဲ့တာပြောတာလေ။ သူ့အနေနဲ့ အသက်အမှတ် 0.5 အကွာနဲ့ ဒီလောက်ထိ တိုက်ခိုက်နိုင်နေတာကိုတောင် သူဂုဏ်ယူနေသင့်တယ်”

…

အတန်းပိုင်များ သူတို့မြင်နေသမျှကို မှတ်ချက်ပေးနေကြသည်။ သူတို့ခေါင်းကို ခါပြီးသက်ပြင်းချလိုက်ကြသည်။ သို့တိုင်အောင် သူတို့မျက်နှာထက်မှ အပြုံးများကို မထိန်းနိုင်ခဲ့ကြချေ။

ကျောင်းအုပ်လည်း ခေါင်းညိတ်လိုက်သည်။ သူသည်လည်း ဖုန့်လင်း ဒီတစ်ကြိမ်နိုင်ဖို့ အခွင့်အရေးမရှိဘူးဟု ခံစားမိနေသည်။

ကာဗွန်အခြေခံလူသားတစ်ယောက်နဲ့ ဆီလီကွန်ဘီလူး တစ်ကောင် ရင်ဆိုင်တာ.....သက်ရှိနှစ်မျိုးရဲ့ အဆင့်က ကွားခြားလွန်းနေတယ်။

ဖုန့်လင်းလည်း ကြီးမားသည့် အန္တရာယ်ကို ခံစားလိုက်မိသည်။ အရင် တိုက်ပွဲများနှင့်မတူဘဲ ဒီတစ်ကြိမ်တွင် အနိုင်ရဖို့ အခွင့်အရေးတစ်ခုမှ ရှာမတွေ့ချေ။

ပြိုင်ဘက်သက်ရှိက ခွန်အား၊ ခန္ဓာကိုယ်သန်မာမှု..... စသည်တို့အားလုံးသည် သူ့အထက်တွင်ရှိနေသည်။ မျိုးနွယ်စုတို့၏ စွမ်းရည်လက္ခဏာသဘောတရားတွင်လည်း သူ့အား လုံးဝဖိနှိပ်ထားနိုင်သည်။

အရင် တိုက်ပွဲများသည် ခက်ခဲခဲ့သော်လည်း သူ၏ ပြိုင်ဘက်များသည် လူသားများဖြစ်ကာ ဤကဲ့သို့ ကူကယ်ရာမဲ့မှုအား မခံစားရပေ။ လက်ရှိတွင် သူမည်မျှကြိုးစားနေပါစေ မနိုင်တော့ဘူးဟု ခံစားနေရသည်။

အားလုံးက ဒီနေရာမှာပဲ ပြီးဆုံးသွားတော့မှာလား။

သူဒါကို လက်မခံနိုင်ပေ။

တစ်ခြားလူသားများထံရှုံးလျှင်ပင် အဆင်ပြေမည်ဖြစ်ပေမယ့် မျိုးနွယ်ခြားတစ်ယောက်အားရှုံးရမည်ကို ခံရခက်သလို ခံစားနေရသည်။

ဒါသည် ပုံရိပ်ယောင်စွမ်းအင် ခန္ဓာတစ်ခုဖြစ်သည်ကို သိရှိနေသ်ာလည်း မျိုးနွယ်ခြားတို့၏ စွမ်းရည်များသည်တော့ အမှန်ပင်ဖြစ်၏။ ဒါက သာမန်နမူနာစွမ်းအင် တိုက်ပွဲတစ်ခုတင်မဟုတ်ဘူး။ ဒါက မျိုးနွယ်စုတွေကြားက တိုက်ပွဲတစ်ခုဆိုလည်းဟုတ်တယ်။

ရည်မှန်းချက်ကြီးကြီးမားမားတို့က ဖုန်းလင်၏ နှလုံးသားထဲတွင် ထကြွလာသည်။

သူမရှုံးချင်ဘူး........

All Chapters