← Chapters

မျိုးနွယ်ခြားများကြားက တိုက်ပွဲ

Vol. 2 Ch. 21

မျိုးနွယ်ခြားများကြားက တိုက်ပွဲ

Vol. 2 Ch. 21

လူသားတို့သည် ကာဗွန်အခြေခံဖွဲ့စည်းထားသည့်သက်ရှိများဖြစ်ကြပြီး လူသားတို့ကိုယ်ရှိ မိုက်ခရိုမော်လီကျူးများတွင် ကာဗွန်ဒြပ်စင်များပါဝင်နေသည်။

ဆီလီကွန်ဒြပ်စင်များသည် ကာဗွန်ဒြပ်စင်များနှင့် ဒြပ်စင်ဇယားတွင် တစ်တန်းထဲဖြစ်ပြီး တူညီသည့် ဂုဏ်သတ္တိတို့ရှိကြသည်။

ဆီလီကွန်သက်ရှိတို့၏ ဇီဝဗေဒဆိုင်ရာ မိုက်ခရိုမော်လီကျူးများတွင် ကာဗွန်အက်တမ်များအစား ဆီလီကွန်အက်တမ်တို့ရှိနေသည်။ သူတို့၏ခန္ဓာကိုယ်များသည် ကာဗွန်အခြေခံသက်ရှိတို့ထက် အဆရာပေါင်းများစွာ ပိုမိုမာကျောပြီး ပိုမိုရှည်လျားသည့် သက်တမ်းတို့ရှိကြ၏။ သူတို့သည် အနည်းဆုံး နှစ်တစ်ထောင်ခန့် နေထိုင်နိုင်ကြ၏။

ထိုမျှ လူမဆန်ရက်စက်သည့် မျိုးနွယ်ခြားတို့သည် ပုံမှန်သိုင်းပညာသဘောတရားများနှင့် မတိုက်ခိုက်ကြပေ။

လူသားတို့အတွက် သေစေနိုင်လောက်သည့် ပျော့ကွက်များသည် ဆီလီကွန်ဘီလူးများအတွက်တော့ အသုံးမဝင်ကြပေ။

ဖုန့်လင်း၏လက်သီးတို့ မည်မျှပင်မာကျောပါစေ သူတို့သည် အသွေးနှင့်အသားတို့နှင့် ဖွဲ့စည်းထားသည့် အရာများဖြစ်နေဆဲပင်။ ဆီလီကွန်သက်ရှိတို့၏ ခန္ဓာကိုယ်မာကျောမှုသည် လူသားတို့၏ အချို့သော သတ္ထုစပ်များကိုပင် ဖိနှိပ်ထားနိုင်သည်။

အသွေးအသားတွေနဲ့လက်သီးလေးတစ်စုံဖြင့် တစ်ဖက်ကို ထိုးကြိတ်ချင်နေတာသည် တို့ဟူးနှင့် ကျောက်တုံးကို ပေါက်နေခြင်းကဲ့သိုပင် သေလမ်းရှာနေခြင်းဖြစ်သည်။

အဆင့်20ထိ အစဉ်လိုက်ဖြတ်ကျော်လာပြီးနောက်တွင် ဤတစ်ကြိမ်သည် သူ၏ခန္ဓာကိုယ်ထက် ပိုမိုသန်မာသည့် ပြိုင်ဘက်အား ပထမ်ဆုံးအကြိမ် ပက်ပင်းတို့ခြင်းပင်။ ထို့ပြင် အတော်လေးပင် ပိုမိုသန်မာလှပေသည်။

သူ့ပြိုင်ဘက်သည် အလွန်အမင်းမာကျောသည့် ကျောက်ခဲတစ်ခုကဲ့သို့ သူ့အား တိုက်ခိုက်ဖို့ ခက်ခဲစေရန်အတွက် ပြုလုပ်နေသည်။

ထို့ပြင် ဤဆီလီကွန်ဘီလူးသည် ကျောက်တုံးများအား ထိန်းချုပ်နိုင်သည့် ဆန်းကြယ်သည့် စွမ်းရည်တစ်ခုလည်း ရှိပုံရသည်။ ကျောက်တုံးများကို ထိန်းချုပ်ကာ မိုးရွာသကဲ့သို့ အကွာအဝေးတစ်ခုမှ ပစ်ပေါက်နိုင်သည်။

အနီးကပ်တိုက်ပွဲ သို့မဟုတ် အဝေးပစ်တိုက်ပွဲမဆို ဖုန်းလင်သည် လုံးဝ ဖိနှိပ်ခံထားရခဲ့သည်။ ဤတစ်ကြိမ်သည် ကူကယ်ရာမဲ့မှုကို ကြုံတွေ့ရသည့် ပထမဆုံးအကြိမ် ဖြစ်သည်။

သို့သော် ဤအကြောင်းကြောင့် သူ့၏ လှုပ်ရှားမှုတို့သည် နှေးကွေးမသွားပေ။ သူရှေ့ကို ပြေးဝင်သွားသည်။

သူဘာလုပ်နေတာလဲဟ။ သေလမ်းရှာနေတာလား

ဒီဆီလီကွန်ဘီလူးရဲ့ ခန္ဓာကိုယ်က သတ္ထုစပ်တွေနဲ့တောင်ယှဉ်နိုင်တယ်။ သာမန် လက်သီးချက်တွေနဲ့ ကန်ချက်တွေက သူ့အတွက် ထိရောက်မှာမဟုတ်ဘူး။ ဒါက သက်ရှိတွေရဲ့ အလုံးစုံကွာခြားမှုတွေပဲလေ။ ဘယ်သိုင်းပညာတွေမှ ဒီကွာခြားမှုကို ဖြည့်ပေးနိုင်မှာမဟုတ်ဘူး

သူက လက်လျှော့ဖို့စဉ်းစားနေတာများလား။ အဆုံးမှာတော့ အခွင့်အရေးမရှိတော့ပါဘူးလေ

အတန်းပိုင်များက ထိန်းချုပ်ခြင်းမရှိဘဲ ရက်ရက်စပ်စပ် ပါးစပ်ဖွာပြီး ရမ်းသမ်းပြောနေကြကာ ဖုန့်လင်း သေလမ်းရှာနေသည်ဟုပင် တွေးနေကြ၏။

ဘေးတွင် အတန်းပိုင်ဆရာမက ဒေါသကြောင့် သွားများကို ကြိတ်နေ၏။ သို့သော် ပြန်လည်ချေပဖို့ တစ်ခုမှမပြောနိုင်ပေ။ ဘာကြောင့်ဆို...သူမသည်လည်း သူတို့ပြောနေသည်နှင့် တစ်ထပ်တည်းပင် တွေးနေခြင်းကြောင့် ဖြစ်၏။

ဖုန့်လင်းကတော့ ထိုလူများသူ့အား လှောင်ပြောင်နေသည်ကို မသိချေ။ သိလျှင်တောင် ဂရုစိုက်မည်မဟုတ်ချေ။

တကယ်သည်လည်း ဆီလီကွန်သက်ရှိအား အတင်းအကြပ် ထိပ်တိုက်ရင်ဆိုင်နေခြင်းဖြစ်ကာ သေလမ်းရှာနေခြင်း

နှင့် တူညီနေ၏။

သို့သော် သူ့တွင် အခြားနည်းလမ်းမရှိတော့ချေ။

သူနိုးထလာခဲ့သည့် မျိုးရိုးဗီဇများသည် မျောက်မျိုးဗီဇနှင့် ကျောက်ဖြစ်မျိုးဗီဇတို့ ဖြစ်ကာ မီးတောက်မျိုးဗီဇ၊ ရေစီးကြောင်းမျိုးဗီဇ၊ လေဝဲမျိုးဗီဇတို့မဟုတ်ကြချေ။ အနီးကပ်တိုက်ပွဲမှလွဲ၍ အဝေးပစ်တိုက်ပွဲအတွက် သူ့တွင် တစ်ခြားဘာမှမရှိချေ။

အကယ်၍ သူသာဆက်ရှောင်ပြေးနေရပါက အနိုင်ရဖို့အခွင့်အရေးမရှိဘဲ ပြုသမျှ အနုခံရတော့မည်ဖြစ်၏

သူသာ အနိုင်ယူလိုပါက သူအနေနဲ့ အရဲစွန့်ပြေးလွှားရုံသာ တတ်နိုင်သည်။

တိုက်ခိုက်ရဲတဲ့လူတစ်ယောက်ကပဲ အနိုင်ရရှိနိုင်မယ်။

ထို့ပြင် ပုံရိပ်ယောင်သိုင်းစေတီမှ တိုက်ပွဲများသည် နမူနာပုံစံတိုက်ပွဲများသာဖြစ်ပြီ အစစ်မဟုတ်သည်ကို ရှင်းရှင်းလင်းလင်းသိထားသည်။ ဤသည်မှာ ဂိမ်းတစ်ခုထဲမှ မတူညီသည့် အဆင့်တွေနှင့်ပိုပြီး ဆင်တူ၏။

ဂိမ်းတစ်ခု၏ အဆင့်တစ်ခုဆိုကတည်းက ရှင်းလင်းပစ်နိုင်မည့် နည်းလမ်းတစ်ခုတော့ ရှိနိုင်မည်မဟုတ်ပါလား။

ဤအဆင့်သည် အဆင့်20 ဖြစ်သဖြင့် အသက်အမှတ် 2.0ရှိ၏။ ဆိုလိုသည်မှာ အသက်အမှတ် 2.0 ရှိသူသည် အနိုင်ရရန် မျှော်လင့်ချက်ရှိသည် ဟူ၍ပင်။

သူ့မှာ အသက်အမှတ်1.9ပဲ ရှိနေလို့ အနိုင်ရဖို့ အခွင့်အရေးလုံးဝ မရှိဘူးလို့ပြောတာမှမဟုတ်တာ။

သို့သော် အဓိကအချက်သည် ပြိုင်ဘက်အား အနိုင်ယူရန် အခွင့်အရေးမည်သို့ရှာရမည်သာဖြစ်၏။

ကျောက်တုံးများက ပြေးဝင်လာသည်။

ဖုန့်လင်း သူ့အရှိန်ကို တင်လိုက်ကာ ထက်မြက်သည့် အန္တရယ်အာရုံခံစားနိုင်မှုဖြင့် လျင်မြန်စွာ ရှောင်ရှားနေပြီး ဆီလီကွန်ဘီလူးဆီသို နီးကပ်လာသည်။

ဘန်း....ဘန်း....ဘန်း....

ဖုန့်လင်း၏ လက်သီးများက ပြိုင်ဘက်၏ခန္ဓာကိုယ်ဆီသို့ မိုးသီးမိုးပေါက်များကဲ့သို့ ပြင်းထန်လျင်မြန်စွာ ကျဆင်းသွားသည်။

သို့သော် ဖုန့်လင်း၏ လက်ချောင်းများလည်း အပြင်းအထန်နာကျင်နေသည်။ သူ့ပြိုင်ဘက်ကို ထိခိုက်စေမည့်အစား မခံမရပ်နိုင်လောက်သည့် နာကျင်မှုသာ သူကိုယ်တိုင်ပြန်ခံစားလိုက်ရသည်။

အဆုံးတွင်တော့ဒါသည် သက်ရှိနှစ်မျိုးကြားက ကွာခြားချက်ပင်။

ပြိုင်ဘက်၏ အသက်အမှတ်သည် 2.0 သာရှိသော်လည် သူ၏ ကြံ့ခိုင်မှုအခြေအနေနှင့် တည်ဆောက်ပုံသည်

ဖုန့်လင်းအား အတော်လေးဖိနှိပ်ထားသည်။

မျောက်မျိုးဗီဇနှင့် ကျောက်ဖြစ်မျိုးဗီဇအား နိုးထထားတာတောင်မှ ဖုန့်လင်း ဘာမှမလုပ်နိုင်ချေ။

ဤကဲ့သို့ပြိုင်ဘက်သည် သူ့အား စိတ်အားငယ်မှုအကြီးကြီးအား ပေးနေသည်။

ဒါပေမယ့် ဒီစားပွဲကို ပြောင်းပြန်လှန်လိုက်ဖို့ နည်းလမ်းတစ်ခုတော့ရှိကိုရှိရမယ်။

ဖုန့်လင်း လက်မလျှော့ဘဲ အခွင့်အရေးများ ဆက်လက်ရှာဖွေနေသည်။

မြင့်မြတ်သော ဗာဂျရာဖမ်းဆီးခြင်းလက်များ

ဗာဂျရာနတ်ဆိုးနှိမ်နင်းလက်သီးသည် သူသင်ယူထားခဲ့သည့် တစ်ခုတည်းသော မျိုးဗီဇသိုင်းပညာဖြစ်သည်။ ဤသည်မှာ ဆီလီကွန်ဘီလူး၏ လိပ်ခွံအားချိုးဖြတ်ဖို့ သူ၏တစ်ခုတည်းသော မျှော်လင့်ချက်ဆိုလည်း မှားမည်မဟုတ်ပေ။

သူ၏လက်နှစ်ဘက်ကို လက်သည်းပုံစံအဖြစ်ပြောင်းလိုက်ပြီး ပြိုင်ဘက်၏ နူးညံ့ပုံရသည့် လည်ချောင်းအား လှမ်းဆွဲလိုက်သည်။ သို့သော် နှစ်ခုထိမိသွားသည့်အခါ ချက်ချင်းဆိုသလို သူ၏လက်က ကျောက်တုံးတစ်ခုအား ဆုပ်ကိုင်လိုက်မိသလို ခံစားလိုက်ရကာ သူ့လက် အတော်နာကျင်သွားသည်။

ဆီလီကွန်ဘီလူးက ကြမ်းတမ်းစွာရယ်မောလိုက်ပြီး သူ၏လက်သီးနှစ်လုံးက အဆိပ်ပြင်း နဂါးများသူတို့၏ ဂူထဲမှထွက်လာသကဲ့သို့ ဖုန့်လင်းအား ရိုက်နှက်လိုက်ပြီး အဝေးသို့ ပျံဝဲသွားစေသည်။

ဖုန့်လင်း မြေပြင်ပေါ်သို့ ပြင်းထန်စွာကျသွားပြီး လျင်မြန်စွာပြန်ထလိုက်သည်။ သူ၏လက်သီးနှလုံးက ကျောက်တုံးတစ်တုံးလို တောက်ပလာသည်။

မြင့်မြတ်သော ဗာဂျရာလက်သီး..

သူ့လက်ဝါးမှ ထွက်ပေါ်လာသည့် လေများက ဓားသွားကဲ့သို့ ခွန်အားကြီးမားစွာ နေရာအနှံ့ပစ်လွှတ်လိုက်သည်။

ဆီလီကွန်ဘီလူး၏ မျက်လုံးတို့က အထင်သေးမှုများနှင့်ပြည့်နှက်နေကာ နေရာမှမရွေ့ချေ။

ဖုန့်လင်း ဖန်တီးလိုက်သည့် လေများက သူ၏ခန္ဓာကိုယ်အား ရိုက်ခတ်သွားသော်လည်း သူ၏ဆံပင်တစ်မွှေးပင် ဆုံးရှုံးမသွားချေ။

သူက လက်သီးတစ်ချက်ပင် ပြန်ထိုးလိုက်သေးသည်။

ကချိ

ဖုန်းလင်သူ၏ ရင်ဘက်အား မကာကွယ်လိုက်ခင် သူ၏လက်နှစ်ဘက်က လက်သီးကို ညှပ်ထားလိုက်သည်။ သူ၏အရိုးများမှ တဝုန်းဝုန်း အသံများထုတ်လွှတ်နေ၏။

ဗာဂျရာနဂါးလက်သည်း

အပြင်းအထန်နာကျင်နေသော်လည်း

ဖုန့်လင်း စိတ်ဓာတ်မကျလာပေ။ ဗာဂျရာနတ်ဆိုးနှိမ်နင်းလက်သီး၏ thetကွက်တစ်ခုသုံးလိုက်သည်။ သို့သော် ပြင်းထန်သည့် တိုက်ခိုက်မှုက သက်ရောက်နေဆဲပင်။

ဆီလီကွန်ဘီလူးသည် နေရာမှာပဲ ရပ်နေကာ တစ်လက်မပင် ရွေ့မသွားပေ။ ဖုန့်လင်းဆီသို့ အရိပ်မိုးနေသည့် သစ်ပင်ကြီးတစ်ပင်နှယ်ပင်။

ဖုန့်လင်း တစ်ကြိမ်ပြီးတစ်ကြိမ်ပြေးဝင် တိုက်ခိုက်နေသည်ကို အေးစက်သည့် အကြည့်စူးစူးဖြင့် ကြည့်နေပုံက ပုရွက်ဆိတ်တစ်ကောင်က သစ်ပင်ကြီးအား လှုပ်ခါရန် ကြိုးစားနေသည်ကို

ကြည့်နေသလားပင်။ မျှော်လင့်ချက်လုံးဝမရှိပေ။

ဖုန့်လင်း တစ်ကြိမ်ပြီးတစ်ကြိမ်လဲကျသွားသော်လည်း တစ်ကြိမ်ပြီးတစ်ကြိမ်ပြန်ထလာသည်။ ရူးသွပ်နေသည့်အလား ရှေ့သို့ ပြေးဝင်ကာ သွေးအလိမ်းလိမ်းဖြင့် ဒဏ်ရာတို့ကိုပင် ဂရုမစိုက်တော့ချေ။

အတုအယောင်စနစ်၏ အတုအယောင်တိုက်ခိုက်မှုများသာဖြစ်သော်လည်း ခွန်အားသက်ရောက်မှုတို့ကြောင့် အတွင်းဒဏ်ရာများရရှိနိုင်ကာ ဖွတ်ဖွတ်ညက်ညက်ကြေသွားနိုင်သည်။

သို့သော် ဖုန့်လင်း လက်မလျှော့သေးပေ။ သူ၏ အကြည့်စူးစူးက ရက်စက်သည့် ဝံပုလွေတစ်ကောင်က ကြမ်းတမ်းသည့်ကျားတစ်ကောင်အား စိုက်ကြည့်နေသလားပင်။

သူ့ပြိုင်ဘက်သည် သူ့ထက် အဆများစွာ သန်မာနေကာ သူ့အား မည့်သည့်အချိန်မဆို ချေမှုန်းနိုင်သော်လည်း သူ့အသက်ကို စွန်းစားရလျှင်တောင် ပြိုင်ဘက်အား တစ်ချက် မိမိရရကိုက်ချင်နေသေးသည်။

သူ၏မျက်လုံးများထဲမှ ရက်စက်မှုတို့သည် အလွန်ပင်ကြောက်စရာကောင်းနေ၏။

အတန်းပိုင်များ ဤအခြေအနေအားမြင်သောအခါ သူတို့ဘာသာ ရေရွတ်လိုက်ကြသည်။

သူ လက်မလျှော့သေးဘူးလား။ ဒါက အစမ်းလေးဘဲလေ။ သူ့အသက်ကိုစွန့်စားတဲ့အထိလိုလို့လား။

သူ့မှာရှိနေတဲ့ တစ်ခုတည်းသော မျိုးဗီဇသိုင်းပညာက စဦးအဆင့်သိုင်းပညာ ဗာဂျရာနတ်ဆိုးနှိမ်နင်းလက်သီးပဲ။ ပြီးတော့ တိုက်ကွက်နည်းနည်းလေးပဲပါတယ်။ သူကအဲ့တာကို အဲ့နေရာမှာပဲ လေ့လာနေတာလား။ အဲ့လိုဖြစ်နေမလား။

မြန်မြန် အရှုံးပေးလိုက်စမ်းပါ။ ဒါက အချိန်ဖြုန်းနေတာသက်သက်ပဲ။ မင်းက ကိုယ့်ခန္ဓာကိုယ်ကို ဒုက္ခပေးနေတာပဲ။

သူတို့ရေရွတ်နေကြသော်လည်း....

အရှေ့တွင် ထိုင်နေသည့် ကျောင်းအုပ်၏ လက်ရှိ ကျေနပ်အားရနေသည့် အကြည့်ကို မမြင်ကြပေ။

ဒီလို ရက်စက်ကြမ်းတမ်းနေတဲ့ စိတ်ဆုံးဖြတ်ထားတဲ့အကြည့်......

ဒီကောင်လေးက တကယ်ကိုတစ်ခုခုပဲ။

သူတို့ပြောနေသည်မှာ မှန်ကောင်းမှန်နိုင်သော်လည်း ဖုန့်လင်းကတော့ သူကိုယ်တိုင်ကို လက်မလျှော့ချေ။

ဆီလီကွန်ဘီလူးနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ခြင်းသည် အသက်တစ်ချောင်းဖြင့် ကစားနေခြင်းဖြစ်၏။

သူ ဒါကို မသိတာများဖြစ်နေနိုင်မလား။

ဤတိုက်ပွဲသည် လေ့ကျင့်မှုတစ်ခုသာ ဖြစ်နေသော်လည်း ပြိုင်ဘက်ကသာ မျိုးနွယ်ခြားတစ်ယောက်ဆိုပါက ဒါသည် ကွာခြားသွားပြီဖြစ်၏။

ဒါသည် မျိုးနွယ်စုများကြားမှု တိုက်ပွဲတစ်ခုပင်။

မျိုးနွယ်စုကြားမှတိုက်ပွဲများတွင် ခါးသီးသည့် အဆုံးသတ်တစ်ခုသာရှိသည်။ မင်းသေမလား ငါသေမလား ဟူ၍ပင်။

စကြာဝဋ္ဌာကြီးသည် အလွန်ကြီးမားသော်လည်း တစ်ချိန်တည်းမှာသေးငယ်လွန်းသည်။

သူသည် ဤကဲ့သို ကမ္ဘာသေးသေးလေးတစ်ခုအတွင်းတွင် ခြေချုပ်ကျပိတ်မိနေမည်ဟု မယုံကြည်ပေ။ တစ်စုံတစ်ယောက်ကသာ အပြင်ဘက် အာကာသကြီးသို့ ဦးတည်ပါက ဂြိုလ်သားသက်ရှိများနှင့် မကြာမီ သို့မဟုတ် နောက်ကျ၍ တွေ့ကို တွေ့ရမည်ဖြစ်ကာ ခါးသီးသည့် အဆုံးသတ်နှင့် တိုက်ပွဲအား တွေ့ရပေလိမ့်မည်။

တစ်ယောက်ယောက်သာ အခုရှုံးသွားပါက ပြန်စရန်အခွင့်အရေးရှိနိုင်သေးသည်။ တကယ်လို့ အနာဂတ်မှာရှုံးသွားရင်ရော ဘာဖြစ်သွားမှာလဲ။

ကိုယ့်အသက်ကို ဖက်နှင့် ထုပ်ထားလျှင်တောင် ရမည်မဟုတ်ချေ။

ထို့ကြောင့် လက်ရှိတွင် အရှုံးမပေးဖို့ရာ သင်ယူနေသည်။ သူမရှုံးချင်ဘူး ပြီးတော့ သူရှုံးလို့မရဘူး...။

အနိုင်နှင့် အရှုံးကြောင့်မဟုတ်သော်လည်း လူတစ်ဦး၏ ယုံကြည်မှုနှင့် ဂုဏ်သိက္ခာကြောင့်ပင်။

ဖုန့်လင်း အလွန်ဆိုးဝါးနေသည့် အခြေအနေတွင် ရောက်ရှိနေသော်လည်း သူ၏ နှုတ်ခမ်းထောင့်များက တွန့်ကွေးသွားကာ အပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။

ဒါသည် သူ့အတွက် နိုင်ဖို့ နည်းလမ်းတစ်ခုရှာတွေ့လိုက်တာကြောင့်ပင်။

သူ၏လုပ်ရပ်များသည် အဆင်အခြင်မဲ့နေသော်လည်း သူ၏ စိတ်ထဲမှ အကြံအား သက်သေပြုရန် ကြိုးစားနေခြင်းပင်။

အစောက ခန့်မှန်းချက်တစ်ခုသာဖြစ်သော်လည်း လက်ရှိတွင် အတည်ပြုချက်တစ်ခုအား ရရှိလိုက်ပြီဖြစ်၏။

သူ့ပြိုင်ဘက်အား အနိုင်ယူရန်အစီအစဉ်သည် တစ်ခုတည်းသာရှိသည်။ ဒါကတော့........

သူ့အတက်သူ ပြန်စူးသွားစေရန်ဖြစ်သည်။

All Chapters