← Chapters

လက်များနှင့် တုပ်နှောင်ခြင်း

Vol. 2 Ch. 22

လက်များနှင့် တုပ်နှောင်ခြင်း

Vol. 2 Ch. 22

ဗာဂျရာနတ်ဆိုးနှိမ်နင်းလက်သီးသည် ဖိနှိပ်နိုင်စွမ်းအားမြင့်မားကာ ကြမ်းတမ်းသည့် သိုင်းပညာတစ်ခုဖြစ်သည်။ စဦးအဆင့် အဆင့်နိမ့်သိုင်းပညာတစ်ခုသာဖြစ်သော်လည်း သူ၏တိုက်ပွဲစွမ်းအားသည် အားမနည်းချေ။ ထို့ပြင် တိုက်ကွက် ကိုးကွက်ရှိသည်။

ဖုန့်လင်း သေမှာမကြောက်သည့်အလား အရှေ့ကို ပြေးဝင်သွားကာ စတေးမှုအဖြစ် ဒဏ်ရာအနည်းငယ်ရစေလိုက်သည်။ ဗာဂျရာနတ်ဆိုးနှိမ်နင်းလက်သီး၏ တိုက်ကွက်ကိုးကွက်လုံးအားသုံးကာ ဆီလီကွန်ဘီလူး၏ သေစေနိုင်သည့် အဓိကနေရာများအား တိုက်ခိုက်နေသော်လည်း ရလဒ်သည် အလွန်စိတ်ပျက်စရာပင်။

ဆီလီကွန်ဘီလူးသည် ဆံချည်တစ်မျှပင် ဆုံးရှုံးမသွားပေ။

ထိုကဲ့သို သူ့စွမ်းရည်များအပေါ် ယုံကြည်ချက်ကြီးမားနေပုံက သူတစ်ပါးအတွက် အရူးတစ်ယောက်ကဲ့သို့ သေလမ်းရှာနေသည်ဟုထင်ချင်စရာပင်။ သို့သော် ဖုန့်လင်းသည်တော့ သူဘာမှမလုပ်ရင် ဘာမှမရဘူးဆိုသည်ကို သဘောပေါက်ထားသည်။

ဗာဂျရာနတ်ဆိုးနှိမ်နင်းလက်သီးသည် သူ၏အသန်မာဆုံး တိုက်ကွက်ဖြစ်ကာ အကယ်၍ ဤနည်းစနစ်ကသာ သူ့ပြိုင်ဘက်အား ဘာမှမထိခိုက်စေနိုင်ဘူးဆိုလျှင်.....

ဆိုလိုသည်မှာ ဖုန့်လင်း သူ့ပြိုင်ဘက်အား ဘာမှမလုပ်နိုင်တော့ဘူးဟုပင်။

ဖုန့်လင်းသည်လည်း သူအရင်က တိုက်ခိုက်ခဲ့သည့် ပြိုင်ဘက်များခံစားခဲ့ရသည့် ကူကယ်ရာမှုအား ခံစားနေရသည်။

သူတို့သည် သိုင်းပညာများတွင် ဆရာကျကာ ကြီးမားသည့် ပျက်စီးစေမှုတို့အား ထုတ်ဖော်နိုင်သော်လည်း ပြိုင်ဘက်၏ ခံစစ်အား မချိုးဖျက်နိုင်ကြပေ။

သို့သော် ထိုအရာသည် ဖုန့်လင်း မနိုင်တော့ဘူးဟု ဆိုလိုခြင်းတော့မဟုတ်ပေ။

သူသည် ဤပြိုင်ဘက်အား မထိခိုက်စေနိုင်ဘူးဆိုသည်မှာ မှန်သော်လည်း ဤပြိုင်ဘက်အား မသတ်နိုင်ဘူးဟု ဆိုလိုခြင်းမဟုတ်ပေ။

ဒါသည် အမြှီးအမောက်မတည့်သည့် ပုံဖြစ်နေသော်လည်း အကြံသည် အရမ်းရိုးရှင်းသည်။ ဤဆီလီကွန်ဘီလူးအား သူ့ကိုယ်သူ ထိခိုက်ရန် ပြုလုပ်စေမည်ဖြစ်၏။

တချို့သည်တော့ ဤအကြံသည် လက်မခံနိုင်စရာ အလွန်းကောင်းသည်ဟု ခံစားရမည်ဖြစ်သော်လည်း ဒါသည် မဖြစ်နိုင်သည်တော့မဟုတ်ချေ။

ဘယ်လိုဉာဏ်ရှိတဲ့သက်ရှိက သူတို့ကိုယ်သူတို့ အကြောင်းအရင်း မရှိဘဲ ဒဏ်ရာရအောင်လုပ်မှာလဲ။

ထိုလူတို့မသိသည့် သူ့အတက်သူပြန်စူးစေနိုင်သည်ဟု စကားကဲ့သို့ ပြိုင်ဘက်၏အားဖြင့် ပြိုင်ဘက်အား ပြန်လည်ထိခိုက်စေနိုင်သည့်သိုင်းများရှိနေသည်။

ဂျိကွမ်ဒို၊ ထိုက်ချိ၊ ဂျူဂျုဆု.....စသည့်သိုင်းအားလုံးတွင် ထိုသိုင်းပညာ သဘောတရားများပါရှိသည်။

“ဟီးဟီး အဆင့်နိမ့် ကာဗွန်အခြေခံပိုးကောင်လေး....မင်းရဲ့ သေခြင်းတရားကို လက်ခံဖို့ အဆင်သင့်ဖြစ်ပြီလား။ မင်းတို့လိုအကောင်လေးတွေက ဒီစကြာဝဋ္ဌာကြီးထဲမှာ ရှင်သန်ဖို့ နေရာမရှိဘူးကွ။ မင်းတို့ စက်ဆုပ်စရာကောင်တွေ အားလုံးက အမြစ်ပြတ်သုတ်သင်ခံရသင့်တယ်…”

ဆီလီကွန်ဘီလူးက ဖုန့်လင်း လက်လျှော့လိုက်သကဲ့သို့ တစ်လက်မပင်မရွေ့သည်ကို မြင်သောအခါ ချက်ချင်းဆိုသလို အကျည်းတန် ကြောက်မက်ဖွယ်ကောင်းစွာရယ်မောလိုက်၏။ အေးစက်နေသည့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒများက ဒီရေအလား လှိုင်းလုံးကြီးလိုက်ထွက်ပေါ်လာသည်။

မျိုးနွယ်စုများကြားမှ တိုက်ပွဲသည် တစ်ယောက်ကတော့ ခါးသီးစွာသေရမြဲပင်။ လျှော့ပေါ့ပေးခြင်း ဆိုသည်ကားမရှိပေ။

ဆီလီကွန်ဘီလူးက ကြီးမားသည့် ကျောက်တုံးကျောက်ခဲများဝန်းရံကာ ကောင်းကင်သို့ ခုန်တက်သွားပြီး

ဖုန့်လင်းဆီသို့ ခုန်အုပ်လိုက်၏။ သူ့ပုံက ရပ်တန့်၍မရနိုင်ကာ ဖုန့်လင်းအား အသားလုံးအဖြစ် ပြောင်းပစ်ချင်နေ

သည့်အလားပင်။

တစ်ခြားတစ်ဖက်တွင် ဖုန့်လင်း မျက်လွှာချလိုက်ကာ အရမ်းစိုးရိမ်နေသည့် ပုံမပေါ်ချေ။

ဒါသည် စားပွဲအား ပြောင်းပြန်လှန်ရန်အတွက် စမှတ်တစ်ခုပင်။

အလွန်ပြင်းထန်သည့် တိုက်ခိုက်လိုစိတ်များက ဖုန့်လင်း၏ မျက်လုံးအတွင်းတောက်ပနေကာ သူနောက်တစ်ကြိမ်ပြေးဝင် တိုက်ခိုက်လိုက်သည်။

ထိုးကျလားသည့် ကျောက်တုံးများအား ရှောင်ကာ သူ့လက်သီးအား ကျစ်ကျစ်ဆုပ်လိုက်သည်။ သူ၏ခွန်အားတို့အား တစ်နေရာထဲတွင် စုလိုက်ရင်း သူ့ပြိုင်ဘက်အား ကြမ်းတမ်းစွာ ထိုးလွှတ်လိုက်သည်။ အစောကနှင့် မည်မျှမှပင်မကွာချေ။

“ဒီအကွက်ဘဲလားဟ။ သူကသေလမ်းရှာနေတာလား။ ကြည့်ရတာ သူ့မှာ လှည့်ကွက်တွေမရှိတော့ဘူးထင်တယ်။ ဒါက အရာအားလုံးရဲ့ အဆုံးသတ်ပဲ ထင်ပါတယ်လေ”

တစ်ဖက်တွင် အားလုံး သူတို့၏ ခေါင်းများအား ခါလိုက်၏။

ဆီလီကွန်ဘီလူး အကျည်းတန်စွာပြုံးလိုက်ပြီး မည့်သည့် ခုခံမှုမဆို မလုပ်ခဲ့ပေ။ ထိုအစား သူ၏လက်သီးနှစ်လုံးအား တူထုသကဲ့သို့ ပြင်းထန်စွာထုချလိုက်သည်။

နှစ်ဘက်လုံး ထိပ်တိုက်ရင်ဆိုင်မည်ကို မြင်သောအခါ အတန်းပိုင်များ သူတို့၏ မျက်လုံးများကို မှိတ်လိုက်ပြီး ဖုန့်လင်း ဘီလူးကောင်ထံမှ အရိုက်ခံရမည့် မြင်ကွင်းအား မည်သူ့မျှမကြည့်ရဲတော့ပေ။

သို့သော် မြင်ကွင်းသည် သူတို့အား အလွန်အံ့အားသင့်သွားစေခဲ့၏။

ဖုန့်လင်း၏ တိုက်ခိုက်မှုက ပြင်းထန်သည်ဟုထင်ရသော်လည်း သူ့ပြိုင်ဘက်အား ထိခါနီးတွင် ရုတ်ချည်း ပြန်ဆုတ်လိုက်သည်။ သူ့ခန္ဓာကိုယ်အား ဂျင်ကဲ့သို့ လည်လိုက်သည်။ လည်အားကိုယူလိုက်ပြီး သူ၏ခြေတစ်ဖက်အား စက်ဝန်းခုံး လမ်းကြောင်းအတိုင်း ဘီလူး၏ လက်ကောက်ဝတ်အား ပြင်းထန်စွာ ဆောင့်ချလိုက်သည်။

ဆီလီကွန်ဘီလူး၏ လက်ကောက်ဝတ်ထံ ပြင်းထန်သည့် ခွန်အားတစ်ခုရောက်လာကာ လက်သီးက လမ်းလွဲသွားသည်။ သူ၏ လက်က သဘာဝမကျစွာ ကွေးသွားပြီး ထူးဆန်းသည့် ထောင့်တစ်ထောင့် အတိုင်း လမ်းကြောင်းလွဲသွားကာ သူ့၏ခေါင်းအား ဦးတည်၍ ပြင်းထန်စွာထိုးမိသွား၏။

သူ၏လက်သီးက သူ့ကိုယ်သူ ပြန်ထိုးမိသွားသောအခါ ဆီလီကွန်ဘီလူး မူးဝေသွားသည်။ လှုပ်ခါယိမ်းယိုင်နေကာ မြေပြင်ပေါ်ကို ဖုတ်ကနဲပြုတ်ကြသွားသည်။

ဤမြင်ကွင်းအားကြည့်နေသည့်လူအားလုံး ပါးစပ်များဟောင်းလောင်းပွင့်နေကြကာ ရုတ်တရက် ရေရွတ်သံများ ရပ်တန့်သွားသည်။ သူ့တို့၏မျက်လုံးများပြုးကျယ်နေပြီး မေးရိုးများအောက်ပြုတ်ကြနေပုံက အဓိပ္ပါယ်မရှိသည့်အရာကို မြင်လိုက်ရသည့်ပုံပေါ်နေသည်။

“စိတ်ဝင်စားစရာပဲ။ ဖုန့်လင်း တစ်ခုခုရှာတွေ့သွားပုံရတယ်။”

ကျောင်းအုပ်ရေရွတ်လိုက်ကာ သူ့အပေါ်စိတ်ဝင်စားမှု ပိုတိုးလာသည်။

ဒါက ဖုန့်လင်း၏ အရည်အချင်းပေါ်တွင် စိတ်ဝင်စားရုံတင်မဟုတ်ပေ။ မိတ်ဆွေတစ်ယောက်အပေါ် မြင်ချင် လိုသည့်ပုံစံမျိုးပင်။

ကျောင်းအုပ်တစ်ယောက်အဖြစ် နှစ်ပေါင်းများစွာကြာရှည်ခဲ့ပြီးနောက် ပါရမီရှင်အတော်များများအား တွေ့ဖူးပြီးပြီဖြစ်၏။ ဤကဲ့သို့ စိတ်ဝင်စားစရာ ကျောင်းသားတစ်ယောက် မတွေ့ရတော့သည်မှာ အချိန်တော်တော်ကြာပြီဖြစ်သည်။

ပုံရိပ်ယောင်သိုင်းစေတီကို ဖွင့်ဖို့လုပ်လိုက်တာက အကောင်းဆုံး ဆုံးဖြတ်ချက်တစ်ခုပဲ။

…

“ဒါက တိုက်ဆိုင်ရုံပါကွာ”

“ဟုတ်တယ်။ ဆီလီကွန်ဘီလူးကို အနိုင်ယူဖို့ တစ်ခုတည်းသောနည်းလမ်းက အဝေးကနေ မျိုးဗီဇစွမ်းရည်နဲ့ တိုက်ခိုက်ဖို့ပဲရှိတာ။ သတ္ထုစပ်တွေနဲ့ နှိုင်းယှဉ်နိုင်တဲ့ ဆီလီကွန်အခြေခံသက်ရှိတွေနဲ့ အနီးကပ်တိုက်ခိုက်ပြီး အနိုင်ရဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။”

“ဆီလီကွန်ဘီလူးနဲ့ ထိပ်တိုင်ရင်ဆိုင်ဖို့ဆိုရင် ခုခံမှုသိုင်းပညာတွေ ဘယ်လောက် အဆင့်မြင့်မြင့်ကျွမ်းကျင်ထား ကျွမ်းကျင်ထား အလကားပဲ”

…

တစ်ခြားတစ်ဖက်တွင် ဖုန့်လင်း၏ အံ့အားသင့်စရာ ရိုက်ချက်ကြီးအား တိုက်ဆိုင်မှုဟု သဘောမတူလိုက်ကြခင် တစ်ခဏမျှ ကြောင်အနေခဲ့ကြသေး၏။

ထိုအရာအား ခိုင်ခိုင်မာမာ ယုံကြည်ထားသော်လည်း နောက်တစ်ခဏတွင် သူတို့၏မျက်နှာများ ဖြတ်ရိုက်ခံလိုက်ရသည်။

သူ့လက်သီးစာ သူမိသွားပြီးနောက်တွင် ဆီလီကွန်ဘီလူးသည် ယိမ်းယိုင်နေကာ မူးဝေနေပုံပေါ်သည်။

ဝှူးရှ်

ရုတ်တရက် လေပြင်းတစ်ခုက သူ့ဆီတိုက်ခက်လာသဖြင့် အလိုအလျောက် ကန်ထုတ်လိုက်သည်။

ဖုန့်လင်း သွက်လက်စွာရှောင်လိုက်ပြီး အပေါ်ရွေ့သွားပြီး ပိုပြင်းသောအားဖြင့် ဆီလီကွန်ဘီလူး၏ ပေါင်အပေါ်ပိုင်းအားကန်လိုက်၏။

ဆီလီကွန်ဘီလူး၏ ကန်ချက်က သူ့၏ပစ်မှတ်အားလွဲသွားခြင်းနှင့်

ဖုန့်လင်း၏ အချိန်ကိုက် လှုပ်ရှားမှုတို့ကြောင့် ဆီလီကွန်ဘီလူး သူ၏ အလေးချိန်နှင့် ကြီးမားသော လေးကန်မှုတို့အား ဟန်ချက်မထိန်းနိုင်တော့ချေ။ သူ မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားသည်။

ဒါက အရမ်းထိရောက်တယ်ဟ။

ထိရောက်သည့် အစဉ်လိုက် အားထုတ်မှုနှစ်ကြိမ်ကြောင့် လူတိုင်း ဒါသည် ကံကောင်းခြင်းမဟုတ်သည်ကို သိသွားကြ၏။

သူ၏ ပြိုင်ဘက်အား ထိန်းချုပ်ကာ အနိုင်ယူနိုင်ရန် နည်းလမ်းရှာတွေခဲ့သည်ကို ဖုန့်လင်း အလွန်အမင်းသေချာနေခဲ့၏။

ပထမဆုံးအကြိမ်တွင်ပင် သူ၏နည်းလမ်းအားပြောင်းလိုက်ကာ အပြင်းအထန်ထိပ်တိုက်ရင်ဆိုင်ရင်း နူးညံ့သိမ်မွေ့သည့် ထိုက်ချိအား စတင်အသုံးပြုခဲ့၏။

ဟုတ်သည်။ သူ ထိုက်ချိအား အမှန်တကယ် အသုံးပြုခဲ့သည့်အစား ပြိုင်ဘက်၏ ခွန်အားကို ပြိုင်ဘက်ထံပြန်ပို့သည့် နည်းစနစ်အားအသုံးပြုခဲ့ခြင်းဖြစ်၏။

ဆီလီကွန်ဘီလူး၏ ခွန်အားသည် အလွန်ကောင်းမွန်သော်လည်း သူ၏ လှုပ်ရှားမှုတို့သည် အရမ်းမသေမသပ် ကိုးရို့ကားယားဖြစ်နေသည်။ သူ့တွင် ခန္ဓာကိုယ် သန်မာသည်မှလွဲ၍ ဘာမှမရှိချေ။

ယခင်က ဖုန့်လင်း ဘာမှမလုပ်နိုင်ခဲ့သလို ပြိုင်ဘက်၏ ခုခံမှုကိုလည်း မချိုးဖြတ်နိုင်ခဲ့ချေ။

သို့သော် သူ၏ အရှိန်က အားသာချက်ဖြစ်နေကာ သူ့ပြိုင်ဘက်အား အပြင်းအထန်မတိုက်ခိုက်သရွေ့ သူကိုယ်တိုင်သည်လည်း မရှုံးနိုင်သည့် အခြေအနေတွင်ဖြစ်သည်။ ထိုက်ချိ၏ အခြေခံနိယာမတို့အားသုံးကာ ပြိုင်ဘက်၏ ခွန်အားကို လမ်းလွဲစေကာ သူ့ကိုယ်သူ ဖျက်စီးစေလိုက်၏။

သူ့၏ခန္ဓာကိုယ်သည် မာကျောသော်လည်း သူ၏ကိုယ်ပိုင် လက်သီးချက်ကို တောင့်ခံနိုင်မည်မဟုတ်ချေ။

ဒါသည် လူတစ်ယောက်၏ လှံကိုသုံးကာ ထိုလူ၏ ကိုယ်ပိုင်ဒိုင်းအား ပြန်တိုက်ခိုက်ခြင်းပင်။

ဖုန့်လင်း သတိထားရန်လိုအပ်လိုက်သည့် တစ်ခုတည်းသောအရာမှာ ကျောက်တုံးများထိန်းချုပ်သည့် စွမ်းရည်ပင်။

သို့သော် ဒါသည် အလွန်ရိုးရှင်းလွန်းနေသည်။ သူလိုအပ်လိုက်သည်မှာ

ဆီလီကွန်ဘီလူးနှင့် နီးကပ်နေစေရုံသာဖြစ်သည်။ သူထိုမျှနီးကပ်နေသောအခါ ကျောက်တုံးများ ကျလာသည့်အခါ ဆီလီကွန်ဘီလူးအား သူ့ကိုယ်သူထိသွားစေလိမ့်မည်ဖြစ်၏။

နောက်တွင်တော့ တိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေရင်း ဖုန့်လင်း ဆီလီကွန်ဘီလူးဆီသို့ နီးကပ်သွားစေလိုက်သည်။

“သေစမ်း သောက်ပိုးကောင်”

လက်သီးတစ်ချက်ထိုးရင်း ဆီလီကွန်ဘီလူး ကြမ်းတမ်းစွာအော်ဟစ်လိုက်သည်။ သို့သော် သူ၏ ခွန်အားတို့က

ဖုန့်လင်း၏ ဦးတည်ရာပြောင်းပေးခြင်းခံလိုက်ရသဖြင့် အမြဲလိုလို သူ့ကိုယ်သူ အထိုးခံရရင်းဖြင့်သာ အဆုံးသတ်သွားရသည်။

အဆုံးသို့ရောက်လာသည့်အခါ

ဖုန့်လင်း ပို၍ပင် စိတ်အေးလက်အေးဖြစ်လာသည်ဟု ခံစားလိုက်ရကာ သူ၏ခေါင်းကိုပင် ခါယမ်းလိုက်သည်။

ဤတိုက်ပွဲနည်းစနစ်သည် ထိရောက်လွန်းသည့်အတွက် သူ အတော် အံ့သြသွားခဲ့၏။

ဤတိုက်ပွဲနည်းလမ်းသည် အထူးနည်းစနစ်များမလိုအပ်ဘဲ သိုင်းပညာအနည်းငယ်မျှကိုသာသိသည့် မည်သူမဆို ပြုလုပ်နိုင်သည်။

ဆီလီကွန်ဘီလူးကသိုင်းပညာအရာတွင် မတော်သည်မှာ ကံကောင်းသွား၏။ သူတို့သည် အလွန်သန်မာ

သည့် ခန္ဓာကိုယ်နှင့် အထူးစွမ်းရည်တစ်ခုတို့ဖြင့်မွေးဖွားလာကြကာ စကြာဝဋ္ဌာကြီးအတွင်း မျိုးနွယ်စု အတော်များများအား ခြေမှုန်းခဲ့ကြပြီးဖြစ်၏။ သို့သော် သူတို့သည် ထူးခြားသည့် သိုင်းပညာတို့အား သင်ယူရန်သို့မဟုတ် တီထွင်နိုင်ရန် အလွန်အမင်းခက်ခဲကြ၏။

သိုင်းပညာတို့သည် ကိုယ့်ကိုယ်ကို ကာကွယ်ရန်နှင့် အားနည်းသူမှ ခွန်အားကြီးသူကို အနိုင်ယူနိုင်ရန် တန်ဆာပလာတစ်ခုသက်သက်သာဖြစ်သည်၊

လူသားများသည်သာလျှင် အားနည်းစွာမွေးဖွားလာကြကာ သိုင်းပညာများ တိုးတက်အောင်ပြုပြင်တီထွင်နေရသည့် မျိုးနွယ်စုတစ်ခုဖြစ်သည်။ ဒါသည်မှာ တစ်ချိန်က ရှေးဟောင်းကမ္ဘာမြေတွင် ကြီးမားသည့် သားရဲများအား နေရာအနှံ့တွေ့နိုင်သော်လည်း မျောက်များကသာ ကိရိယာများနှင့် မီးအား အသုံးပြုနိုင်ရန် စတင်လေ့လာခဲ့ကြသကဲ့သို့ပင်။ တစ်ခြားမျိုးစိတ်များက ဤတစ်ပုံစံတည်း မလုပ်ခဲ့ကြပေ။ ဒါသည် အားနည်းစွာမွေးဖွားလာခဲ့ခြင်းကြောင့်ပင်။ အကယ်၍ ထိုကဲ့သို့ ပြင်ပအထောက်အကူပြု ပစ္စည်းဝတ္ထုများအား သုံးစွဲရန် မသင်ယူခဲ့ကြပါက သေကြေပျက်စီးသွားကြပေလိမ့်မည်။

ဒိုင်နိုဆောများ၊ တိုင်တန်နိုဆူချူများ(titanosuchus-ဧရာမမိကျောင်းရိုင်းများ)၊ အမွှေးရှည်ဆင်များအားလုံးသည် လွှမ်းမိုးနိုင်စွမ်းအား မြင့်မားကြကာ အစာကွင်းဆက်၏ ထိပ်ဆုံးတွင် ရောက်ရှိနေနိုင်ကြသည်။

သူတို့က ကိရိယာတွေလုပ်ပြီးသုံးနေဖို့လိုပါ့မလား။

လိုအပ်ချက်တစ်ခုခုရောရှိလို့လား။

သိုင်းပညာများသည်လည်း အတူတူပင်။

သို့သော် အားနည်းနိမ့်ကျသည့် လူသားတို့ ကိုယ်ကိုယ်တိုင်အား ကာကွယ်ရန်အသုံးပြုသည့်အရာများသည် လက်ရှိဖုန့်လင်း၏ လက်ထဲတွင် အကြီးမားဆုံးအားသာချက်ဖြစ်သွားခဲ့၏။

ဆီလီကွန်ဘီလူး တိုက်ခိုက်လိုက်သည့် အချိန်တိုင်းတွင် ဖုန့်လင်းသည် ထိုက်ချိတုံ့ပြန်မှုကိုသုံးကာ တိုးဝင်လာသည့်တိုက်ခိုက်မှုတိုင်းကို ဆီလီကွန်ဘီလူး သူ့ကိုယ်သူ ပြန်ထိစေရန် လမ်းကြောင်းလွှဲပေးလိုက်သည်။

အဆုံးတွင် အရာအားလုံးမှာ ဖုန့်လင်းအတွက် ပိုမိုလွယ်ကူလာခဲ့သည်။ သူသည် ဆီလီကွန်ဘီလူးဆီသို့ ခွန်အားများ ဆက်လက်လမ်းကြောင်းလွှဲနေကာ ဆီလီကွန်ဘီလူးသည် သူ့ လက်ချောင်းများဖြင့် တုပ်နှောင်လိုက်ရသည်။

ခြင်္သေ့တစ်ကောင်က သူရဲ့ အစွယ်နဲ့ လက်သည်းတွေမရှိတော့ရင်တောင် ချစ်ရာ အပြုအမူလေးတွေ လုပ်မယ်လို့ မျှော်လင့်နိုင်မှာမလား။

စကြာဝဋ္ဌာအတွင်း ရက်စက်သွေးအေးသည်ဟု လူသိများသည့် ဆီလီကွန်ဘီလူးက တိုက်ပွဲကွင်းပြင်အတွင်းတွင် လှည့်ပတ်နေသည်ကို အားလုံးမြင်လိုက်ရသည်။ တစ်ခါတစ်ရံလဲကျသွားကာ ကြမ်းတမ်းသည့် ဟိန်းဟောက်သံများထုတ်လွှတ်နေသည်။ ထိုအရာသည် ခြိမ်းခြောက်မှုတစ်ခုဟုခံစားရမည့်အစား ရယ်စရာကောင်းသည်ဟု ထင်ရသည်။

“သောက်ကာဗွန်အခြေခံသက်ရှိကောင်။ မင်း ဘာစွမ်းရည်တွေသုံးနေတာလဲ”

ဆီလီကွန်ဘီလူး သူ့ခန္ဓာကိုယ်အား သူမပိုင်တော့ဟု ခံစားရကာ အော်ဟစ်နေ၏။

တစ်ခြားတစ်ဖက်တွင်တော့ ကျောင်းအုပ်နှင့် အတန်းပိုင်များသည် ထူးဆန်းသည့်အမူအရာများ ဆင်မြန်းထားကြသည်။ သူတို့ရယ်ချလိုက်ချင်ပေမယ့် မလုပ်နိုင်ကြပေ။

တစ်ဖက်သက်သွေးဆူနေသည့်တိုက်ပွဲသည် ရုတ်တရက်ဆိုသလို ပြောင်းလဲသွားကာ ဟာသဆန်ဆန်မြင်ကွင်းတစ်ခုလာသည်။ ဤကဲ့သို့ အပြောင်းအလဲကြီးအား မည်ကဲ့သို့ လက်ခံရမည်နည်း။

ယခင်က ဆီလီကွန်ဘီလူးအား တိုက်ခိုက်အနိုင်ယူသည့် တစ်ခုတည်းသောနည်းလမ်းသည် အဝေးမှ တစ်ဖြည်းဖြည်းချင်း တိုက်ခိုက်ရန်ဖြစ်သည်။ ထိုနည်းမှလွဲ၍ တစ်ခြားသောနည်းလမ်း မရှိချေ။

အသက်စွမ်းအင် အဆင့်တူ သို့မဟုတ် အားနည်းသည့် မည်သူမှ ပြိုင်ဘက်အား အနီးကပ်တိုက်ပွဲတွင် အနိုင်မရဖူးချေ။

ဖြစ်နိုင်တာက ဖုန့်လင်းက မဖြစ်နိုင်တဲ့အခြေအနေကြီးမှာ ဖြစ်နိုင်တဲ့နည်းလမ်းတွေ့သွားတာလား။

‘ဒုတိယနည်းလမ်းလေ။’

All Chapters