ခါးသီးသော အဆုံးသတ်ဆီသို့
Vol. 2 Ch. 23
“သောက်ကာဗွန်အခြေခံသက်ရှိကောင်....မင်းကသေသင့်တယ်”
ဆီလီကွန်ဘီလူးသည် ထိုနေရာတွင် ဦးတည်ရာမဲ့ ချာလပတ်လည်နေရင်း ရူးသွပ်သွားသည့်အလား အရာအားလုံးကို လက်သီးဖြင့်ထိုးနေကာ အော်ဟစ်နေသည်။
ဖုန့်လင်း၏ပုံရိပ်က ဖျက်ကနဲ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေကာ တစ်ဖက်လူ သူ့ကိုဖမ်းရခက်အောင် လုပ်နေသည်။
ဆီလီကွန်ဘီလူး လက်သီးထိုးလိုက်တိုင်း ခွန်အားက ဦးတည်ရာပြောင်းသွားသည်။ တချို့တိုက်ခိုက်မှုက စွမ်းအင်ဖြုန်းတီးသလိုဖြစ်သွားကာ တချို့တိုက်ခိုက်မှုတို့က ထူးဆန်းစွာသူ့ကိုယ်သူပြန်ထိုးမိနေ၏။
ဖုန့်လင်း၏ခွန်အားက ပြိုင်ဘက်ထက် အလွန်အားနည်းနေသော်လည်း အခြေအနေကို ထိန်းချုပ်ထားနိုင်သည်က လူများကို စိတ်ရှုပ်ထွေးမှုများဖြစ်ပေါ်စေသည်။
ထိုက်ချိသည် ပြိုင်ဘက်၏ ခွန်အားကို ပြိုင်ဘက်ဆီသို့ပြန်ပို့ပေးကာ အားနည်းသူမကို အားကြီးသူနှင့် ရင်ဆိုင်နိုင်စေ၏။
ဖုန့်လင်း သူ့ပြိုင်ဘက်အား ကြမ်းတမ်းစွာထိပ်တိုက်ရင်ဆိုင်၍ မရဟူသည့် သူ၏ကန့်သတ်ချက်အားသိသည်။ ထိုအစား တစ်ဖက်လူ၏ခွန်အားကို အာရုံခံပြီး ပြိုင်ဘက်၏ခွန်အားကို သူ့ကိုယ်ပိုင်အဖြစ်ပြောင်းလဲကာ ပြိုင်ဘက်၏ တိုင်ခိုက်မှုများ
မအောင်မြင်စေရန်လုပ်ခဲ့သည်။
ဤသည်မှာ လျင်မြန်စွာပြေးဆွဲနေသည့် ရထားနှစ်စင်းခေါင်းခြင်းဆိုင်စေရန် ကြီးမားသည့်ကြိုးစား အားထုတ်မှုတို့လိုအပ်သကဲ့သို့ဖြစ်သည်။ သို့သော် ထိုနည်းလမ်းအစား လိုအပ်သည်မှာ ရထားလမ်း၏ဇလီဖာတုံး(ရထားသံလမ်းပြား) များကိုအစီအစဉ်အတိုင်းဖယ်ရှားကာ ရထားအား လမ်းကြောင်းမှလွဲစေခြင်းဖြစ်သည်။
ဒါသည် အကြံတူတူပဲဖြစ်သည်။
ဆီလီကွန်ဘီလူးသည် သူ၏စွမ်းရည်များကိုသာ အသုံးချပြီး နည်းစနစ်အများအပြားမရှိချေ။ သို့သော်
ဖုန့်လင်း၏ လက်များအတွင်းတွင် ကန့်သတ်ခံလိုက်ရကာ ခုခံရန်ပင်မဖြစ်နိုင်လိုက်ချေ။
“ချီးဘဲ။ သောက်ပိုးကောင်”
ဆီလီကွန်ဘီလူး ကူကယ်ရာမဲ့မှုအားခံစားလိုက်ရကာ အော်ဟစ်လိုက်သည်။ ဤသောက်ကာဗွန်အခြေခံသက်ရှိသည် သန်းတစ်ကောင်ကဲ့သို့ပင် ဟိုခုန်လိုက်ဒီခုန်လိုက်နှင့် မည်သို့မှဖမ်းမရချေ။
“ဒီကောင်လေးက တကယ်ကြီးလုပ်သွားတာဟ”
“မယုံနိုင်စရာဘဲ။ ဆီလီကွန်ဘီလူးကို ချုပ်နှောင်ဖို့ တိုက်ပွဲထဲမှာ ဘယ်လိုများတွေးလိုက်တာလဲ။ ”
“သူရဲ့တိုက်ပွဲ တုံ့ပြန်မှုတွေက အရမ်းကြောက်ဖို့ကောင်းတယ်”
…
သူတို့မည်မျှပင် မလိုမုန်းထားကာ ဘက်လိုက်ပါစေ သူ၏ အံ့သြဖွယ်ရာစွမ်းဆောင်ရည်အား ချီးမွမ်းလိုက်ကြသည်။ တစ်ချိန်တည်းမှာပဲ သူတို့ အရှက်ရသလိုခံစားခဲ့ကြရ၏။
ဘာလို့များသူတို့အတန်းမှာ ဒီလိုထူးချွန်တဲ့ကျောင်းသား မရှိရတာလဲ။
သူ့ရဲ့အသက်အမှတ်1.5မှာတင် ဆီလီကွန်ဘီလူးနဲ့ အသေအကြေတိုက်နိုင်နေရင်....သူ့အတွက်မဖြစ်နိုင်ဘူးလို့ထင်ရပေမယ့် ဒီလောက် ကြီးမားတဲ့တိုက်ပွဲစွမ်းရည်တွေရှိနေတယ်။ တကယ်လို့ သူသာ အသက်အမှတ်တွေ မြင့်သွားရင်ရော။
သူတို့ဒီလိုကျောင်းသားမျိုးအပေါ်မှာ သေချာပေါက် အရင်းအမြစ်တွေပေးမှာဖြစ်ပြီး ဒီလို ဖြုန်းတီးဆက်ဆံမည် မဟုတ်ချေ။
စွမ်းရည်အပေါ်အသိအမှတ်ပြုသည့် ခံစားချက်တို့က
“သူက ပြိုင်ဘက်ရဲ့ခွန်အားကို ပြိုင်ဘက်ဆီပြန်ပို့ပေးတဲ့ ထိုက်ချိနည်းလမ်းကို သုံးနေတာ... ဉာဏ်ကောင်းတဲ့ ရွေးချယ်မှုပဲ။”
ကျောင်းအုပ်က နှစ်ထောင်းအားရစွာပြောသည်။
“ဒါပေမယ့် အဲ့တာသုံးပြီးဘာလုပ်တာလဲ။ ”
“ဟုတ်တယ်။ ဆီလီကွန်ဘီလူးရဲ့ ခံနိုင်ရည်က လူသားတွေနဲ့ကွဲခြားတယ်။ သူက လွယ်လွယ်နဲ့ရှုံးနိုင်မှာတော့ မဟုတ်ဘူးလေ။”
“ဒီတိုက်ပွဲဝင်နည်းလမ်းက ကန့်သတ်ချက်ရှိတယ်။ ဆီလီကွန်ဘီလူးကို တိုက်ခိုက်နိုင်မှာမှမဟုတ်တာ”
…
အားလုံးသူတို့၏ခေါင်းများကို ခါယမ်းလိုက်သည်။
အချက်အလက်ကျကျဆိုပါက သူတို့ပြောသွားသည်မှာ အဓိကအချက်များပင်။
ဖုန့်လင်းသည်လည်း ဒါကိုနားလည်သည်။ သူက အားသာချက်ရနေသော်လည်း ဘီလူးကောင်အား သေစေနိုင်သည့်ထိခိုက်မှုပေးနိုင်ပုံမရချေ။
ဆီလီကွန်ဘီလူးခန္ဓာကိုယ်သည် အလွန်မာကျောကာ အပြင်ရောအတွင်းပါ သတ္ထုစပ်တို့နှင့် နှိုင်းယှဉ်နိုင်သည်။ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများက ဘီလူးအပေါ် အသုံးဝင်ပုံမပေါ်ချေ။ အချိန်အတော်ကြာ စွမ်းအင်သက်ရောက်မှုအားလှိုင်းကြောင့် ဖြည်းညင်းစွာတိုက်စား၍ thetရန်နည်းတစ်နည်းသာရှိပုံပေါ်သည်။
ဟူး....ဟူး...ဟူး
ဖုန့်လင်း ဟောဟဲလိုက်နေကာ သူ့ခန္ဓာကိုယ်၏ ကိုယ်ခံအား မကြာခင်ကုန်ဆုံးသွားတော့မည်ဟု ခံစားနေရသည်။ သူသာ သိုင်းပညာအသုံးပြု၍ ပြိုင်ဘက်၏ခွန်အားကို ဆက်လက်လွှဲပြောင်းနေပါက မောပန်းနေဦးမည့်ပုံပင်။
ဒီလိုဆက်သွားနေလို့မရတော့ဘူး
တစ်ခြားတစ်ဖက်သည် ဆီလီကွန်အခြေခံသက်ရှိတစ်ကောင်ဖြစ်ကာ ရုပ်ပိုင်းဆိုင်ရာသည် သန်မာကြံ့ခိုင်သည်။ အကယ်၍တိုက်ပွဲသာ ကြာရှည်နေပါက သူ့အတွက်အကျိုးမရှိချေ။
ပြိုင်ဘက်ကို ချုပ်နှောင်ပြီး တက်နိုင်သလောက် မကြာခင်မှာပဲ အနိုင်ရဖို့ နည်းလမ်းတစ်ခုစဉ်းစားရပေမည်။
ဖုန့်လင်း စိတ်ထဲတွင် အတွေးများက ဆက်လက်ပြေးလွှားနေခဲ့သည်။
အဲ့တာပဲ။
ဖုန့်လင်း ကြည့်ရသလောက်တော့ ဆီလီကွန်ဘီလူး၏ လေးလံသည့်ခန္ဓာကိုယ်ကြီးသည် ကျောက်တုံးများအား ထွင်းထုထားသည့်ပုံရသည်။ သူ့မျက်လုံးများ တောက်ပသွားသည်။
ဗာဂျရာနှိမ်နင်းခြင်းကျား
ဖုန်းလင်သူ့ကိုယ်ကို ကျားတစ်ကောင်ကိုယ်ဟန်ကဲ့သို့ ကုန်းလိုက်ကာ ရုတ်တစ်ရက် တစ်ချက်ခုန်လိုက်ပြီး လေထဲမှနေ၍ ပြိုင်ဘက်၏ နှလုံးဆီကို ကန်ကျောက်လိုက်သည်။
“သေလမ်းရှာနေတာပဲ”
ဆီလီကွန်ဘီလူး ကြမ်းတမ်းစွာအော်ဟစ်လိုက်ကာ သူ၏လေးလံသည်ခြေထောက်ကြီးကို မြေပြင်တွင်ဆောင့်ချကာ ပြန်ကန်ထုတ်လိုက်သည်။
သို့သော် ဖုန့်လင်း လေထဲတွင် လှည့်လိုက်ပြီး အောက်ခုန်ဆင်းလိုက်မည်ဟု မမျှော်လင့်ခဲ့ပေ။ ဖုန့်လင်း ခြေထောက်ကို လွှဲယမ်းလိုက်ပြီး ထိုဘီလူး၏ ဘယ်ဘက်ဒူးခေါင်းအားကန်လိုက်သည်။
ဘီလူးမှာ ကန်ချက် လွဲချော်သွားပြီးနောက် ဟန်ချက်ပျက်သွားသည်။ ထိုသူ၏ ကြီးမားသည့် ခန္ဓာကိုယ်ကြီး ဟန်ချက်ပျက်သွားပြီး ကြီးကြီးမားမား ဂယက်ရိုက်သွားသည်။ သူ့၏ငါးတန်ရှိသည့်ခန္ဓာကိုယ်ကြီးသည် ဘယ်ဘက်ခြေထောက်ဘက်သို့ ပုံပျက်စွာလဲကျသွားကာ ဂျွတ်ကနဲ ကျွတ်ဆက်ဆက် မြည်သံထွက်ပေါ်လာသည်။
ဆီလီကွန်ဘီလူး ချက်ချင်းပင် အော်ဟစ်မြည်တမ်းရင်း သွေးများက ရေကဲ့သို့စီးကျလာကာ နက်ပြာရောင်များ မြေပြင်ကို စွန်းထင်းသွားသည်။
ဒါ အခွင့်အရေးပဲ။
ဖုန့်လင်းအတွက် ဤကဲ့သို့ အခွင့်အရေးရရန် မလွယ်ကူခဲ့ပေ။
သူက ဘာလို့ လက်လွှတ်ခံရမှာလဲ။
သူတစ်ဟုန်ထိုး ပြေးဝင်ကာ ဆီလီကွန်ဘီလူး၏ ကျိုးနေသောခြေထောက်အားဖမ်းကာ ရှိသမျှအားကုန်သုံးပြီး ဆွဲလိုက်သည်။ သူ၏ အစိမ်းရောင်သွေးကြောများက ထောင်ထနေကာ သူ၏ ခွန်အားအကုန်ဖြင့် တောင်ငယ်လေးတစ်လုံးကဲ့သို့ ထိုအရာအားဆောင့်ဆွဲနေသည်။
ဘီလူးကောင်က နာကျင်မှုကြောင့် အော်ဟစ်နေကာ သူ၏ ခြေနှင့်လက်တို့အား လွှဲယမ်းနေသည်။
ဖုန့်လင်း သူ့၏သေးငယ်သွက်လက်သည့် ခန္ဓာကိုယ်ဖြင့် ရှောင်ရှားနေ၏။
အဆုံးတွင် ဖုန့်လင်း ကျယ်လောင်စွာအော်ဟစ်ကာ ကျောက်တိုင်တစ်ခုကဲ့သို့ အလွန်အမင်းထူထပ်မာကျောသည့် ဆီလီကွန်ဘီလူး၏ခြေထောက်ကျိုးကို အားကုန်ဆွဲဖြုတ်လိုက်၏။
ထို့နောက် ထိုခြေထောက်အား ကောင်းကင်သို့မြှောက်ကာ တူတစ်လက်ကဲ့သို့သုံးပြီး ဘီလူး၏ခေါင်းအား ကြမ်းတမ်းစွာထုချလိုက်သည်။
ထိုဆီလီကွန်ဘီလူးကိုယ်တိုင်မှလွဲ၍ ဤဂြိုလ်ပေါ်တွင် ဆီလီကွန်ဘီလူးများထက် ပို၍မာကျောသည့်အရာမရှိတော့ချေ။
ဤခြေထောက်ကျိုးသည် လက်နက်တစ်ခုကဲ့သို့ဖြစ်နေပြီဖြစ်၏။
ဒုန်း.....ဒုန်း....ဒုန်း
လူတစ်ယောက်၏နှလုံးသားအား တုန်ခါသွားစေနိုင်သည့် ဗုံသံအလား ကျယ်လောင်သည့်အသံများ ထွက်ပေါ်လာသည်။
ဖုန့်လင်း ဆီလီကွန်ဘီလူး၏ခေါင်းအား ထိုခြေထောက်ဖြင့်ရူးသွပ်နေသည့်အလား ရိုက်နှက်နေသည်။ မြေပြင်သည်လည်း တစ်ဘုန်းဘုန်းအသံများထွက်နေကာ ကြေမွသွားတော့မည့်အလားဖြစ်နေ၏။
ဘီလူးရဲ့ဦးခေါင်းခွံက ဘယ်လောက်ပဲမာနေနေ ထပ်ခါထပ်ခါထုနေတာကို ခံနိုင်မှာမို့လို့လား။
'ဂျွတ်ဂျွတ်'
တစ်ဂျွတ်ဂျွတ်အသံများ ထွက်ပေါ်လာပြီး ဆီလီကွန်ဘီလူး၏ ဦခေါင်းခွံက အစိတ်စိတ်အမြွှာမြွှာကွဲသွားကာ ညစ်ပတ်နေသည့် ဦးနှောက်သွေးရည်ကြည်တို့က ဖုန့်လင်းအား ရွှဲရွှဲစိုသွားစေသည်။
ဖုန့်လင်း သွေးအိုင်အလယ်တွင်ရပ်နေကာ သူ့ပုံက သွေးပင်လယ်တွင်းမှ ယာကရှာတစ်ယောက်အလားပင်။ ကြမ်းတမ်းသည့်အမူအရာကိုဆင်မြန်းထားရင်း သွေးဆာရက်စက်သည့် အရှိန်အဝါတို့က လူတွေကို ကြောက်ရွံ့၍နောက်တွန့်သွားစေနိုင်၏။
ခါးသီးသည့် တိုက်ပွဲအဆုံးသတ်တွင်
ဖုန့်လင်း ထိန်းချုပ်မထားတော့ချေ။ ဆီလီကွန်ဘီလူးအား ပျောက်ကွယ်သွားစေရန် ရိုက်နှက်နေလိုက်သည်။
ထိုအရာ၏ ကြီးမားသည့် ခန္ဓာကိုယ်ကြီးသည် စွမ်းအင်များအဖြစ် ဟိုတစ်စုဒီတစ်စု လွင့်စင်ပျောက်ကွယ်သွား၏။
ထို့နောက်ဖုန့်လင်း သက်မချလိုက်ပြီး မြေပြင်ပေါ်သို့ယိုင်ကျသွား၏။ သူ့ခြေထောက်များက ပြန်မထနိုင်တော့ပေ။ သူ့တွင် ခွန်အားတစ်စက်မှပင်မကျန်တော့ချေ။
ဤမြင်ကွင်းအားမြင်သောအခါ ဆရာများ အံ့သြနေသည့် အကြည့်တို့အားဖလှယ်လိုက်ကြသည်။
အစမှနေ၍ ဖုန့်လင်းကို သူတို့ အများကြီးတွေးမထားကြပေ။ သို့သော် လက်ရှိကဲ့သို့ရလဒ်ဖြင့် သူတို့၏မျက်နှာအား ဖြတ်ရိုက်သွားမည်ဟု မမျှော်လင့်ခဲ့ချေ။ လက်ရှိတွင် ဤကလေးသည် အဆင့် 20 အား အောင်အောင်မြင်မြင် ကျော်ဖြတ်သွားပြီဖြစ်၏။
ဒါက....ကို့ရို့ကားယားနိုင်လွန်းတယ်။
“သူက တကယ်ကြီးလုပ်နိုင်သွားတာပဲ”
“မယုံနိုင်စရာ ကောင်လေးပဲဟ”
“ဆီလီကွန်ဘီလူးကို အနိုင်ယူဖို့ ဒုတိယနည်းလမ်းကို တကယ်ပဲရှာတွေ့သွားခဲ့တာပဲ”
…
ဆရာများ အလွန်တုန်လှုပ်သွားကြသည်။
အတန်း(17)၏အတန်းပိုင်သည်လည်း လက်စားချေသည့်အလား ပျော်ရွှင်နေသည့် အမူအရာအား ဆင်မြန်းထားသည်။
“ဒါက ရိုးရှင်းတဲ့အရာတစ်ခုမဟုတ်ဘူး။ ဒါကို ချက်ကျလက်ကျပြောရရင် ဖုန့်လင်က ပြိုင်ဘက်ရဲ့ခွန်အားကို ပြိုင်ဘက်ဆီကို ပြန်ပို့တာမျိုးလုပ်နိုင်တယ်။ ဒီလို လုပ်နိုင်ဖို့ အရမ်းအဆင့်မြင့်တဲ့ တိုက်ပွဲအသိ(အလိုအလျောက်တုံ့ပြန်မှု)နဲ့ သိုင်းပညာကျွမ်းကျင်မှုတွေလိုအပ်တယ်။ တကယ်အရေးအကြီးဆုံးကတော့ ရန်သူကို ရက်စက်သလို ကိုယ့်ကိုယ်ကိုလဲ ရက်စက်တဲ့အထိ ကြမ်းတမ်းတဲ့ စိတ်ကလဲလိုအပ်နေသေးတယ်”
ကျောင်းအုပ်က ဖုန့်လင်း၏ ကြီးကျယ်အံ့သြဖွယ်ရာ စွမ်းဆောင်ရည်တွေကို ကြည့်ပြီးပြောသည်။
အားလုံး ခေါင်းညိတ်ရင်းကျောင်းအုပ်၏ မှတ်ချက်ကို သဘောတူလိုက်ကြသည်။
အစက ဖုန့်လင်းရဲ့ လှုပ်ရှားမှုတွေကို သူ့ကိုယ်သူ နာကျင်စေရန်ပြုလုပ်နေသည်ဟုပင် တွေးခဲ့ကြသည်။ သာမန်လူများသည် ထိုကဲ့သို့ တစ်စုံတစ်ရာကို လုပ်ရဲကြမည်မဟုတ်ပေ။
…
မျိုးဗီဇစွမ်းရည် +46%.
ဒါက အဆုံးသတ်ပေါ့။
ဆီလီကွန်ဘီလူးအား အနိုင်ယူပြီးနောက် ဖုန့်လင်း မြေပြင်ပေါ်တွင် အားနည်းစွာလဲကျနေရင်း ခါးသက်စွာပြုံးလိုက်၏။
သူ့တွင် အမှန်ပင် ခွန်အားမကျန်တော့ချေ။
အဆင့် 20 အား အနိုင်ယူပြီးနောက်တွင် သူ့အနေနှင့် မကြုံစဖူးကြီးမားသည့် မျိုးဗီဇစွမ်းရည်ပမာဏအားရရှိလိုက်ကာ စုစုပေါင်း 98% သို့ရောက်ရှိသွားသည်။
သူ့မှာ မျိုးဗီဇစွမ်းရည် အနည်းငယ်လေး မလုံလောက်သလိုဖြစ်နေခဲ့သည်။ 2% သာ လိုအပ်ခြင်းဖြစ်၏။
သို့သော် ဒါက ဘယ်လောက်သေးသေး လိုအပ်ချက်ဖြစ်နေဆဲပင်။
သူ၏ကိုယ်ခံအားကို ပြန်လည်ဖြည့်တင်းရန် မျိုးဗီဇအမှတ်မရှိပါက သူဘာမှလုပ်နိုင်မည်မဟုတ်ချေ။
ဖုန့်လင်းတွင် တိုက်ပွဲဝင်စွမ်းရည် ဆုံးရှုံးသွားသည်ကို အာရုံခံမိသောအခါ ပုံရိပ်ယောင်သိုင်းစေတီက ဖြည်းညင်းစွာ ပိတ်ချလိုက်သည်။ သူ၏ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ကျသွားပြီး ကွက်လပ်နေရာတွင် ပြန်ဖြစ်သွားသည်။
သူ ဆန္ဒမရှိပေမဲ့ ဒါကို လက်ခံရမှာပဲလေ။
ဖုန့်လင်း မျက်လုံးဖွင့်ကာ ကြည့်လိုက်သည်၏။
နောက်တစ်ဆင့်တွင် ဘာရှိနေသလဲကိုကြိုးစားကာ ကြည့်နေခြင်းဖြစ်သည်။
ထိုအချိန်တွင် စက်ရုပ်ဆန်ဆန်အသံက ပုံရိပ်ယောင်သိုင်းစေတီအတွင်း ထွက်ပေါ်လာသည်။
“ငါတို့ နောက်ဆုံးရလဒ်တွေကို အခုပဲကြေညာပေးသွားမယ်။ ပထမနေရာ: သွမ့်ယွင်လျို 392မှတ် ၊ ဒုတိယနေရာ: ဂျက်စ်ကလော့တ် 371မှတ် ၊ တတိယနေရာ: ဖုန့်လင်း 368မှတ်”
ဖုန့်လင်း၏ အမည်သည် တတိယနေရာတွင်ဖြစ်သည်။