← Chapters

နောက်ဆုံးရလဒ်

Vol. 2 Ch. 24

နောက်ဆုံးရလဒ်

Vol. 2 Ch. 24

နောက်ဆုံး ရလဒ်ထွက်လာသည်နှင့် စောင့်ကြည့်ရေးခန်းထဲတွင် အုတ်အော်သောင်းနင်းဖြစ်သွားသည်။

သူတကယ်ကြီး တတိယနေရာရသွားတာဟ။

ပုံရိပ်ယောင်သိုင်းစေတီသည် ပါဝင်သူတို့၏ အောင်မြင်မှုများအတိုင်းသာ အဆင့်သတ်မှတ်မည်ဖြစ်၏။ ဒါသည် ကျော်ဖြတ်ခဲ့သည့်အဆင့်၊ အချိန်ယူမှုနှင် ခက်ခဲမှု အဆင့်ဆင့်ကိုတွက်ချက်ခြင်း ဖြစ်သည်။ လိမ်လည်ဖို့နည်းလမ်း လုံးဝမရှိပေ။

ဒါက သူ့အရည်အချင်းကို သူမှီခိုသွားတာကိုလည်း ဆိုလိုပေသည်။

အသက်စွမ်းအင် 1.5ပဲ ရှိတဲ့ကောင်လေးတစ်ကောင်က ကျောင်းရဲ့ ထိပ်ဆုံးသုံးယောက်ထဲဝင်တာလား။ ဘယ်သူကယုံရဲမှာလဲ။ ဘယ်သူကရော ယုံမှာလဲ။

သို့သော် လက်တွေ့သည် သူတို့ရှေ့တွင် ဖြစ်ပျက်သွားခြင်းပင်။ ရလဒ်များက မှားယွင်းရန်မဖြစ်နိုင်ပေ။ သူတို့ယုံလိုက်ရုံသာ တက်နိုင်သည်။

ဤတစ်ကြိမ်တွင် ကမ္ဘာမြေအထက်တန်းကျောင်း၌ ဘွဲ့လွန်ကျောင်းသားအတန်း ငါးဆယ်ရှိသည်။ သို့တိုင်အောင် ဤဖုန်းလင်သည် ထပ်ဆုံးသုံးယောက်အတွင်း အမှန်တကယ်ပင် ဝင်ရောက်သွားခဲ့၏။ သွမ့်ယွင်လျိုနှင့် ဂျက်စ်ကလော့တ်တို့မှလွဲ့၍ အခြားကျောင်းသားများသည် သူ၏ဖိနှိပ်ခြင်းအား ခံထားရသည်။

ကျွမ်းဇီမင်၊ ဖန့်ယွင်နှင့် ကျောင်းအုပ်မှ အကဲဖြတ်ပေးထားသည် အခြားသော ကျောင်းသားများပင် ထိပ်ဆုံးသုံးယောက်ကို မရောက်လိုက်ပေ။

ဖျက်မြင်း...ဖုန့်လင်းက သေချာပေါက်ကို ဖျက်မြင်းပဲ။

“မင်းရဲ့ အတန်းထဲမှာ ပါရမီရှင်တစ်ယောက်ကို ပျိုးထောင်နိုင်လိုက်တဲ့အတွက် ဂုဏ်ပြုပါတယ်။ ကြည့်ရတာ မင်းရဲ့ လမ်းညွှန်မှုတွေက ဆိုးတော့မဆိုးဘူးပဲ”

ကျောင်းအုပ်က အတန်းပိုင်ဆရာမကို ပြောလိုက်၏။

အခြားသော အတန်းပိုင်များ၏မျက်နှာများထက်တွင် မြင်မကောင်းသည့် ရုပ်ဆိုးသောအကြည့်များရှိနေသည်။ ဖုန့်လင်းအပေါ် သူတို့၏အကဲဖြတ်မှုများကို ပြန်တွေး

ကြည့်မိကြသောအခါ မျက်နှာပူသွားကြ၏။

“ကျေးဇူးပါ ကျောင်းအုပ်။ ဒါက ကျောင်းအုပ်ရဲ့ လမ်းညွှန်မှုနဲ့ ဖုန့်လင်းရဲ့ ကိုယ်ပိုင်ကြိုးစားမှုတွေကြောင့်ပါ”

အတန်းပိုင်ဆရာမ သွက်လက်စွာပြောပြီး အမှတ်ဝင်မယူလိုက်ပေ။ သူမ ထိုသို့ပြောလိုက်သော်လည်း သူမ၏မျက်နှာထက်မှ အပြုံးကို မဖုံးကွယ်နိုင်ချေ။

ဘယ်လိုပဲပြောပြော သူမ၏အတန်းမှ ပါရမီရှင်တစ်ယောက်ကို မွေးထုတ်ပေးလိုက်သည် မဟုတ်ပါလား။ သူမ အမှတ်ဝင်မယူလိုက်လို့လည်း အခြားလူတို့က ဝင်ယူလို့ရမည်မဟုတ်ချေ။

သူမသည် အမြဲတမ်း စည်းကမ်းတင်းကျပ်သည့် အမူအရာရှိသော်လည်း လက်ရှိ သူမ ပြုံးလိုက်သည့်အခါတွင် ပန်းလေးပွင့်လန်းသွား

သည့်အလားပေ။ အတိတ်က သူမ

ဖုန့်လင်းအပေါ် လစ်လျူရှုထားသည်ကို ပင်မေ့နေပြီဖြစ်၏။

အခြားသော အတန်းပိုင်များတွင် အထင်သေးသည့် အကြည့်များရှိနေဆဲပင်။ သို့တိုင် အတန်း(17)အတန်းပိုင်က အတော်ကံကောင်းသည်ကို ဝန်ခံရပေလိမ့်မည်။

သို့သော် ကျောင်းအုပ် ထပ်ပြောလိုက်သည့် စကားလုံးများသည် သူမအား မပြုံးနိုင်ဖြစ်သွားစေသည်။ ထို့ကြောင့် အခြားအတန်းပိုင်များ ပျော်ရွှင်စွာ ရယ်မောလိုက်ကြ၏။

“ဖုန့်လင်းက အရမ်းအဆင့်မြင့်တဲ့ တိုက်ပွဲဝင်စွမ်းရည်ရှိကောင်းရှိနိုင်မယ်။ ဒါပေမယ့် သူရဲ့အသက်အမှတ်က 2တောင်မရောက်သေးတဲ့အတွက် နိမ့်လွန်းနေတယ်။ အသက်အမှတ်တွေက ကျင့်ကြံခြင်းရဲ့ အခြေခံတွေပဲ။ နောက်ပြီး မင်းတို့အားလုံး သူကိုနှောက်ယှက်လို့မရဘူး။ ငါတို့ နဂါးဖြစ်လာမလား...တီကောင်ဖြစ်လာမလားဆိုတဲ့ သူရဲ့အနာဂါတ်တိုးတက်မှုတွေကိုစောင့်ကြည့်နေမယ်။”

ကျောင်းအုပ်က စားပွဲကိုရိုက်ခါ ဆုံးဖြတ်ချက်ချလိုက်၏။ ထို့နောက်သူဆက်ပြောသည်။

“တကယ်လို့ သူသာ အသက်အမှတ် 2.0 ကို ချိုးဖြတ်သွားခဲ့ရင် သူက ချက်ချင်းဆိုသလို ကောလိပ်စာမေးပွဲဖြေဆိုသူဖြစ်သွားမယ်။ ပြီးရင် သူ့ကို အပြည့်အစုံထောက်ပံ့ပေးမယ်”

“ကျောင်းအုပ်က ထက်မြက်ပါတယ်ဗျာ”

“အသက်အမှတ် 1.5 ကနည်းလွန်းတယ်။ သိုင်းပညာအပေါ်မှာဘဲ အားကိုးနေရင် သူက သာမန်လူတစ်ယောက်ဘဲဖြစ်နေလိမ့်မယ်။ အသက်အမှတ်တွေတက်လာတာကပဲ ကျင့်ကြံသူတစ်ယောက်ဖြစ်လာဖို့ အဓိကအချက်ပဲ။”

“တကယ်လို့ လူတစ်ယောက်ကသာ ကျင့်ကြံသူဖြစ်မလာရင် သူတို့ရဲ့ဘဝက အချည်းနှီးပဲလေ။ အသက်အမှတ်တွေသာမရှိရင် တိုက်ပွဲစွမ်းရည်အားကောင်းနေတော့ရော ဘာလုပ်လို့ရမှာလဲ။”

….

သူတို့အသီးသီးခေါင်းညိတ်လိုက်ကာ သူတို့ပုံက ကြီးကြီးမားမားတွေးတောပေးနေကြပုံပင်။

သို့တိုင်အောင် သူတို့၏နှလုံးသားထဲတွင် သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ ဒါသည် သူတို့အတန်းမှ ပါရမီရှင်များက ဖုန့်လင်း၏ ခြိမ်းခြောက်မှုကို ယာယီမခံရသေးဟု ဆိုလိုခြင်းပင်။

အတန်းပိုင်ဆရာမက ဒါကို မြင်သောအခါ ပိုလို့ပင်ဒေါသထွက်လာခဲ့သည်။ သူမ၏လုပ်ဖော်ကိုင်ဘက်များသည် ရှင်းလင်းစွာပင် ရေနစ်ရာဝါးကူထိုးနေကြသည်။

သို့သော် ကျောင်းအုပ်ပြောပြီးပြီး ဆိုကတည်းကပင် သူမတွင် ရှင်းစရာ နည်းမရှိတော့ပေ။

အမှန်သည်လည်း အသက်အမှတ်သည် အခြေခံဖြစ်နေသည်။

အကယ်၍ လူတစ်ယောက်သာ ကျင့်ကြံသူဖြစ်မလာပါက သူ၏ဘဝသည် အချည်းနှီးပဲဖြစ်ကာ မျှော်လင့်ချက်မဲ့နေသည်ဟု မှတ်ယူရပေမည်။

မင်းမှာ ဘယ်လောက်အရည်အချင်းရှိရှိ ဘယ်လောက် တိုက်ပွဲစွမ်းအားကောင်းကောင်း မင်းသာ ကျင့်ကြံသူမဖြစ်ရင် -ကြေးမုံထဲကပန်းပွင့် နဲ့ ရေအိုင်ထဲက လမင်း လိုပဲ လက်ဆုပ်လက်ကိုင်ပြစရာရှိမှာ မဟုတ်ပေ။

သူမအား ဒေါသထွက်သွားစေသည်ကတော့ ဖုန့်လင်း၏ စွမ်းဆောင်ရည် ဤမျှပင် ထူးချွန်နေသော်လည်း ဤကဲ့သို့ ရွေးချယ်မှု လုပ်လိုက်ခြင်းကြောင့်ပင်။ ဒါသည် ရှင်းရှင်းလင်းလင်းပင် ဖုန့်လင်းနှင့် သူ၏စွမ်းရည်အပေါ် ယုံကြည်မှုရှိမနေ ဟု ဆိုလိုခြင်းဖြစ်၏။

ကျောင်းအုပ်က သူ၏ဆုံးဖြတ်ချက်သည် ဖုန့်လင်းအပေါ် အနည်းငယ် မတရားဖြစ်နေသည်ကို ရိပ်မိလိုက်ကာ အတန်းပိုင်ဆရာမကို ပြောလိုက်သည်။

“ဖုန့်လင်းရဲ့ စွမ်းဆောင်ရည်က တကယ်ပဲ မယုံနိုင်စရာကောင်းတယ်။စိတ်မပူပါနဲ့။ဒါက သူ့အပေါ်မှ မြင့်မြင့်မှန်းမထားဘူးလို့မဆိုလိုဘူး။ သူရဲ့အရင် မှတ်တမ်းတွေက အားနည်းလွန်းနေသေးလို့ဘဲ။လက်ရှိမှာ သူရဲ့အလားအလာက ယာယီပဲ ပေါက်ကွဲထွက်လာတာလဲ ဖြစ်နိုင်တာပဲလေ။ ပြီးတော့ သူက ပျိုးထောင်ပေးဖို့ လုံလောက်အောင် တန်ဖိုးရှိတယ်လားဆိုတာလဲ မရှင်းလင်းသေးဘူးမလား။လက်ရှိခန့်မှန်းချက်တွေမှာ သူက တကယ်ပဲ ယာယီ စွမ်းရည်ပေါက်ကွဲထွက်လာတာလား....ဒါမှမဟုတ် ကောင်းကင်ကိုဆန့်ကျင်နိုင်တာတွေများ ဖြစ်လာတာလားဆိုတာမသဲကွဲသေးဘူး။အဲ့တာကြောင့် ငါက စောင့်ကြည့်ချင်နေသေးတာပဲ။တကယ်လို့သူသာ မြင့်မြင့်ကိုတက်သွားနိုင်ရင် သေချာပေါက်ကို ငါတို့ကျောင်းက ပျိုးထောင်ပေးရတဲ့လူ ဖြစ်လာမှပဲလေ။အဲ့တာကြောင့် သူသာ ကျင့်ကြံမှုမှာ လိုအပ်တဲ့အရာတစ်ခုခုရှိရင် မင်းအနေနဲ့ဖြည့်စည်းပေးလို့ရတာပဲ”

အခြားသောအတန်းပိုင်များ ရှော့ရသွားသည်။ ကျောင်းအုပ်က ဖုန့်လင်းအပေါ်မှာ ဦးစားပေးဆက်ဆံမယ်လို့ သူတို့ မျှော်လင့် မထားခဲ့ကြချေ။ ဒါက မကြုံစဖူး အသစ်အဆန်းပင်။

ကျောင်းအုပ်၏ ရှင်းပြမှုအား ကြားပြီးနောက် အတန်းပိုင်ဆရာမ လက်ခံရုံသာ တက်နိုင်လိုက်၏။

ကျင့်ကြံခြင်း အဆောက်အဦးက မှောင်မိုက်ကာ တိတ်ဆိတ်လို့နေလေသည်။ အချိန်အကြာကြီး နေပြီးနောက် အသံတစ်သံက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။

“တတိယနေရာပဲလား။”

ဖုန့်လင်း မြေပြင်ပေါ်တွင် လဲလျောင်းနေရင်း ပင့်သက်ရှိုက်လိုက်သည်။ သူ့ခေါင်းကို စောင်းကာ လေးနက်သည့်အကြည့်တို့ဖြင့် အမှတ်များကို ကြည့်နေသည်။

ပုံရိပ်ယောင်သိုင်းစေတီအတွင်း စမ်းသပ်ချက်တွင် သူ့အဆင့်က ထင်ရှားလွန်းနေသည်။ အကယ်၍ ရှင်းလင်းခဲ့သည့် အဆင့်အရေအတွက်များကို အခြေခံထားသည်ဆိုပါက သူက အများနှင့်တစ်ယောက်ယှဉ်ပြိုင်ခြင်းပင်။

အကယ့်ကြောင့်ဆို သူက အဆင့်1မှ စရသောကြောင့်ပင်။ ဆိုလိုသည်မှာ သူ့ပြိုင်ဘက်များ၏ အဆင့်သည် တစ်ခြားပါဝင်ယှဉ်ပြိုင်သူများ၏ ပြိုင်ဘက်များလောက် မမြင့်မားသောကြောင့်ပင်။ ထို့ကြောင့် သူရသောအမှတ်များသည် မမြင့်မားလွန်ခြင်းပင်။

အဆုံးတွင် သူသည် အဆင့်နှစ်ထက် သုံးမှတ်နည်းကာ အဆင့်သုံးဖြစ်သွားခဲ့သည်။

လက်ရှိတွင် ပုံရိပ်ယောင်သိုင်းစေတီက မြင်ကွင်းမှ ပျောက်ကွယ်သွားကာ

ဖုန့်လင်းရှေ့တွင် အချက်အလက်များ

နှင့် ကိန်းဂဏန်းများပါဝင်သည့် သုံးဖက်မြင်ပုံရိပ်အား A.I မှ ပုံဖော်လိုက်သည်။

=====

အမည်: ဖုန့်လင်း

အချက်အလက်: ကမ္ဘာမြေ အထက်တန်းကျောင်း စီနီယာ တတိယနှစ်

ဖြတ်ကျော်ခဲ့သည့်အဆင့်များ : 20

အသက်: 17

အသက်အမှတ်: 1.5

မျိုးဗီဇ: ခန္ဓာကိုယ်သန့်စင်ခြင်းအမျိုးအစား

သန်မာမှု(အားသာချက်): အဆင့်မြင့်ပြင်းထန်သည့် တိုက်ပွဲစွမ်းအား ၊

အဆင့်ကျော် တိုက်ခိုက်နိုင်ခြင်း...

အားနည်းချက်: မျိုးဗီဇစွမ်းရည်အပြည့်အဝ မဖွံ့ဖြိုးသေး ၊ အသက်စွမ်းအားကို အလွန်အကျွံအသုံးပြုထားကြောင်း တွေ့ရှိရ....

======

ဒါသည် လူတစ်ယောက်၏ ခန္ဓာကိုယ် အရည်အချင်းပြ ပုံကြမ်းတစ်ခုဖြစ်ပြီး သူ၏ မျိုးဗီဇညီမျှခြင်းနှင့် တူညီသည်။ သို့သော် ကွာခြားချက်တစ်ချို့ရှိနေသည်။

ဒါသည် ပုံရိပ်ယောင်သိုင်းစေတီမှ သူ့အား စစ်ဆေးပြီးနောက် ပြသခြင်းဖြစ်သည်။ အသက်အမှတ်သည်တော့ 1.5 တွင်ပဲရှိနေသေးကာ 1.9 သို့ချိုးဖြတ်ရောက်ရှိသွားကြောင်း ရှာတွေ့သွားပုံမရသေးချေ။

ဤစကင်န်နာသည်လည်း မျိုးဗီဇစွမ်းရည်ကို စစ်ဆေးပေးနိုင်ပုံရသည်။ သို့သော် မျိုးဗီဇညီမျှခြင်းနှင့်စာလျှင်တော့ နိမ့်ကျနေဆဲပင်။

“သတိ သတိ ကျောင်းသားဖုန့်လင်းရဲ့ စွမ်းရည်က အပြည့်အဝမဖွံ့ဖြိုးသေးပါ။ ခန္ဓာကိုယ်တွင်းမှာ အာဟာရချို့တဲ့နေပါတယ်။ ပြီးတော့ အသက်စွမ်းအင် အလွန်အကျွံ သုံးထားပါတယ်။ ကျေးဇူးပြုပြီး သင့်ရဲ့ အာဟာရကို မြန်မြန်ဖြည့်တင်းပေးပါ”

သတိပေးသည့် စက်ရုပ်သံက

ဖုန့်လင်း၏ နားထဲတွင် မြည်ဟီးသွားသည်။

သူ့ရဲ့ မျိုးဗီဇစွမ်းရည်က အပြည့်အဝ မဖွံ့ဖြိုးသေးဘူးတဲ့လား။ ဒါက ဘာကိုဆိုလိုတာလဲ။

သိသာစွာပင် သူ၏မျိုးဗီဇ နှစ်ခုက ကန့်သတ်ချက်ထိ အမှတ်တင်ပြီးသွားကာ သူ၏အရင် ခန္ဓာကိုယ်အစိတ်အပိုင်းများ၏ အကန့်အသတ်များအား ဖိနှိပ်လိုက်ပြီးဖြစ်၏။ ဒါတောင် ဒီA.Iက သူ့မျိုးဗီဇစွမ်းရည်တွေက အပြည့်အဝ မဖွံ့ဖြိုးသေးဘူးတဲ့လား။

ဖုန့်လင်း ပဟေဠိဖြစ်နေပေမဲ့ A.I က အမှားလုပ်မိသည်ဟု မထင်ပေ။

သိရမည်မှာ ပုံရိပ်ယောင်သိုင်းစေတီအား မရေမတွက်နိုင်သည့် စွမ်းအားကြီး ကျင့်ကြံသူတို့အား စုစည်း၍ ဖန်တီးထားခြင်းဖြစ်သည်။ သိုင်းပညာနှင့် လူသားခန္ဓာကိုယ်အပေါ် စစ်ဆေးမှုရလဒ်သည် 99.9999999999%တိကျကာ 100% နှင့် အလွန့်အလွန်ကို နီးကပ်နေပြီဖြစ်၏။

ဤအကြောင်းအရာနှင့် ပတ်သတ်၍ အခြားသော အကြောင်းအရင်းရှိပေလိမ့်မည်။

A.I တွင် အသိဉာဏ်ရှိကာ လူသားတစ်ယောက်ကဲ့သို့ ဆက်သွယ်ပြောဆိုနိုင်သည်။ ထို့ကြောင့် ဖုန့်လင်း စကားပြောရန် ရွေးချယ်လိုက်သည်။

“ဟိုင်း...မင်းအဆင်ပြေမယ်ထင်ပါတယ် ၊ ကျောင်းသား ဖုန့်လင်း။ ပုံရိပ်ယောင်သိုင်းစေတီရဲ့ A.I က ပျော်ရွှင်စွာ အမှုထမ်းပေးဖို့အသင့်ပါပဲ”

မိန်းမဆန်ဆန်စက်ရုပ်သံက ထွက်ပေါ်လာသည်။

“ငါ မေးခွန်းတစ်ခုမေးချင်တယ်။ အသက်စွမ်းအား အလွန်အကျွံသုံးစွဲတာက ဘာကိုပြောတာလဲ။ ပြီးတော့ ငါရဲ့ မျိုးဗီဇစွမ်းရည်က အပြည့်အဝ မဖွံ့ဖြိုးသေးဘူးဆိုတာကရော ဘာကို ဆိုလိုတာလဲ”

ဖုန့်လင်းမေးလိုက်သည်။

စက်ရုပ်သံက အလွန်အမင်းအေးစက်နေကာ ဖုန့်လင်းအား အအေးဓာတ်အား ပေးစွမ်းနိုင်သည်။

“A.I စကန်နာက မင်းရဲ့ ခန္ဓာကိုယ်က အံ့သြလောက်စရာ အပြောင်းအလဲတွေကို ပြည့်ပြည့်ဝဝ ခွဲခြမ်းစိတ်ဖြာဖို့ မတတ်နိုင်ဘူး။မင်းရဲ့ ခန္ဓာကိုယ်ပေါ်က ဆဲလ်တွေက အလွန်အမင်း တက်ကြွလွန်းနေကြပြီး သူတို့တွေက တစ်ခုခုကို နမူနာ ယူထားသလိုပဲ။ဒါပေမယ့် လုံလောက်တဲ့ အာဟာရဖြည့်စွက်မှုတွေမရှိတဲ့အတွက် ဒီဆဲလ်တွေက ကြီးထွားလာပေမယ့် အစာပြတ်နေတဲ့ အခြေအနေမှာဖြစ်နေတယ်။အခု မင်းရဲ့ အသက်အမှတ်တွေ အလျင်အမြန် မြင့်တက်လာခဲ့တာက အဲ့ဒီဆဲလ်တွေက မင်းရဲ့ အသက်စွမ်းရည်တွေကို ဝါးမျိုနေလို့ပဲ။တကယ်လို့ မင်းသာ အာဟာရ လုံလုံလောက်လောက် ထောက်ပံ့ပြီး ဆဲလ်တွေကို မကြီးထွားစေခဲ့ရင် မင်းရဲ့ ကြွက်သားတွေက မြန်မြန်ဆန်ဆန်ပဲ ခြောက်ကပ်လာမယ်။ ပြီးရင် အသက်စွမ်းရည် ကုန်သွားတဲ့အတွက် သေသွားရလိမ့်မယ်”

All Chapters