လျှို့ဝှက်ချက်အား တောင်းခြင်း
Vol. 2 Ch. 26
ကျောင်းသားအုပ်စုက လူစုခွဲလိုက်ကာ ဖုန့်လင်းကို ဝိုင်းထားလိုက်သည်။
ဖုန့်လင်း အားကြည့်နေသည့် သူတို့မျက်နှာများထက်တွင် အေးစက်စက်အပြုံးများရှိနေသည်။ ဒါက မကောင်းသည့်ရည်ရွယ်ချက်ဖြင့်လာသည်မှာ ရှင်းနေပြီဖြစ်၏။
“ ကျောက်ခိုင်...မင်းဘာဖြစ်ချင်တာလဲ''
ဦးဆောင်လာသည့် ကျောက်ခိုင်အား
ဖုန့်လင်း ဝေ့ကြည့်လိုက်သည်။ သူ၏အသံက တည်ငြိမ်နေကာ ဤအခြေအနေတွင် မရှိသည့်အလားပင်။
“ ကျောက်ခိုင် ဒါက မင်းတို့အတန်း(၁၇)က ပါရမီရှင်အသစ်လေး ဖုန့်လင်းလားဟ”
အေးစက်စက်ရယ်သံက ပေါက်ကွဲထွက်လာသည်။
အတန်း(၁၇)၏ ပါရမီရှင်များထဲမှ ကျောက်ခိုင်က ချက်ချင်းဆိုသလို ရိုသေကျိုးနွံသည့်အမူအရာဖြစ်သွားသည်။ အရပ်ရှည်ရှည်နဲ့ ဥရောပလူငယ်အားကြည့်ကာ သူပြောလိုက်၏။
“ သူက သခင်လေး ကလော့တ်ပဲ”
ဤလူငယ်သည် လူဖြူ လူမျိုးတစ်ယောက်ဖြစ်ကာ အရပ်နှစ်မီတာရှည်သည်။ သူ၏မျက်နှာတွင် လင်းယုန်ကဲ့သို့နှာခေါင်းက ထင်ရှားနေ၏။ သူထုတ်လွှတ်နေသည့် အော်ရာသည် အလွန်အမင်းအန္တရာယ်ပေးနိုင်သည်ဟု ခံစားရသည်။ သူ၏ပုံစံက ကြွက်သားများဖြင့် ပိန်ပိန်ရှည်ရှည်ဖြစ်ကာ ကျားသစ်တစ်ကောင် လူအသွင်ယူထားသလား ထင်မှတ်ရသည်။ သူ၏ အသက်စွမ်းအင်သည် သာမန်ထက်ထူးကဲမည်မှာ သိသာလှသည်။
ဤနေရာတွင် သူ၏လက်ပါးစေ ကျောင်းသားများဆယ်ယောက်ထက်မက ရှိနေကာ အားလုံးသည်လည်း အသက်စွမ်းအင် ၁.၀ တော့ရှိနေ၏။ ထိုလူများသည် ထိုဥရောပသားထံတွင် အမှန်ပင်လက်ပါးစေဖြစ်လိုနေကြသည်။ ကြည့်ရသည်မှာ ထိုသခင်လေးကလော့တ်ထံမှ အကျိုးကျေးဇူးများ ရရှိထားပုံပင်။
ဖုန့်လင်း ဤလူကိုသိသည်။
ကြယ်တာယာခေတ်တွင် ကမ္ဘာမြေမှ များပြားသောလူသားများသည် သက်ဆိုင်ရာနယ်မြေကန့်သတ်ချက်များကို ကျော်လွန်ကာ ရှည်လျားသည့်အကွာအဝေးများကို ဖြတ်သန်းပြီး တစ်ခြားသော လူမျိုးများနှင့် မျိုးပွားခဲ့ပြီး သွေးနှောအများအပြားအားမွေးထုတ်ပေးခဲ့ကြ၏။
ဖုန့်လင်း နေထိုင်ရာ ဟွာရှမြို့တော်သည် ရှေးယောင်းကမ္ဘာြေ ခေတ်မှ တရုတ်ပြည်၏ပိုင်နက်ဖြစ်သော်လည်း လူဝါများသာရှိသည်မဟုတ်ချေ။ လူမည်းများနှင့် လူဖြူများသည်လည်း အနည်းငယ်ရှိနေကြ၏။
(လူဝါ-အာရှသား၊ လူမည်းလူဖြူ -အနောက်တိုင်းသား)
ဤဂျက်စ်ကလော့တ်ကမူ....သူသည် ကျော်ကြားသည့်ဥရောပသား လူဖြူ ပါရမီရှင်တစ်ယောက်ဖြစ်သည်။ သူသည် အလွန်အစွမ်းထက်သလို အရမ်းလဲကျော်ကြားသည်။ သူသည် ဟွာရှမြို့တော်ရှိ ငွေကြေးအုပ်စုတစ်ခုမှ သခင်လေးတစ်ယောက်ဖြစ်၏။ သူ့ကလန်၏ အသားတင်အမြတ်ငွေသည်လည်း ကြယ်ဒင်္ဂါး ၂၀ ဘီလီယံအထက်ရှိသည်။
ထိုကဲ့သို့ နောက်ခံမျိုးနှင့်ဆိုလျှင် သူ၏ကလန်မှ အရည်သွေးကောင်းမွန်သည့်အရင်းအမြစ်များလည်း စီစဉ်ပေးနိုင်သည့်အတွက် ဂျက်စ်ကလော့တ်၏ အသက်စွမ်းအင်သည် ၂.၅ သို့ရောက်ရှိနေပြီဖြစ်၏။ ဤတစ်ကြိမ်တွင် ပုံရိပ်ယောင်သိုင်းစေတီက ဖုန့်လင်း၏ရလဒ်မှာ သူ့အောက် သုံးမှတ်သာလျော့သည်။ ထို့ကြောင့် ဖုန့်လင်းအား ရှိန်လောက်သည့် ပြိုင်ဘက်ဟုမြင်နေခြင်းဖြစ်၏။
ဤလူ ဘာကြောင့်သူ့အား ပြဿနာရှာနေသည်ကိုမသိချေ။ သို့သော် ဤလူကို ပါးနပ်စွာဆက်ဆံရပေလိမ့်မည်။
ဒါပေမယ့် တစ်ဖက်ကတော့ သူလိုမတွေးချေ။ ကလောတ့်က ဖုန့်လင်းအား ကြည့်လိုက်ကာ သူ၏မျက်နှာတွင် အထင်သေးသည့်အမူအရာတို့ရှိနေသည်။
ထိုအချိန်တွင် ကျောက်ခိုင်က ရှေ့သို့လျောက်လာသည်။ သူက ဖုန့်လင်းအား အားမာန်အပြည့်နှင့်မေးလိုက်သည်။
“ မင်း ဘာငိုင်နေတာလဲကွ။ သခင်လေးကလော့တ်က ဒီမှာရှိနေတယ်လေ။ ဘာလို့လာပြီး ရိုရိုသေသေဂါရဝလာမပြုတာလဲကွ ဟမ် ”
“ ငါတို့တွေအကုန်လုံး အတန်းဖော်တွေပဲလေ။”
ဖုန့်လင်း ရယ်လုနီးပါးဖြစ်သွားကာ ခေါင်းကို ခါယမ်းလိုက်သည်။
“ အခုက ကြယ်တာယာခေတ်တောင်ရောက်နေပြီ ဘာလို ဒီရှေးကအကွက်တွေသုံးနေတာလဲ။ မင်းက လူမိုက်အဖွဲ့ကကောင်လားဟ။ မင်းတောင်ငါ့ကို ဂါရဝပြုနေလို့လား။ ပြီးတော့.... ဘယ်တုန်းက ကျောင်းမှာ ဒီလို
စည်းမျည်းမျိုးရှိသွားရတာလဲ။ ”
“ မင်းကများ သခင်လေးကလော့တ်ကို ဒီလိုပြောရဲတယ် ”
“ မသိတဲ့လူက အကြောက်တရားမရှိဘူးတဲ့ မင်းက သေလမ်းရှာနေတာပဲ ”
“ ဘယ်လောက်တောင် မျက်နှာပြောင်လိုက်လဲ။ သခင်လေးကလော့တ် သူကို ရိုက်ပြီး သင်ခန်းစာတစ်ခုလောက်ပေးချင်လား ”
….
ထိုလက်ပါးစေများက သူ့ပတ်ပတ်လည်တွင် ဝိုင်းအုံလိုက်ပြီး ကျားများက သူတို့၏သားကောင်အား ကြည့်သကဲ့သို့ ကြည့်နေကြသည်။ ဤကဲ့သို့ ကိစ္စမျိုးကိုလုပ်သည်မှာ ပထမဆုံးအကြိမ်မဟုတ်တော့ဘူးဆိုတာ ထင်ရှားနေလေသည်။
ဖုန့်လင်း အနှောက်အယှက်ဖြစ်သွားပုံမပေါ်ချေ။ အချိန်မရွေးတိုက်ခိုက်နိုင်ရန် ကိုယ်ဟန်ပြင်လိုက်သည်။
“ ခွေးကောင်....မင်းက တကယ်ကို သတ္တိရှိနေတာပဲ”
ကလော့တ် သူ့လက်ကို ဝှေ့ယမ်းကာ လမ်းကြောင်းဖွင့်ပေးရန်ပြောလိုက်သည်။ သူ ဖုန့်လင်းဆီကို လျှောက်လာကာ ငုံကြည်ကြည့်ပြီး....
“ တစ်ခါလောက် ထူးချွန်ပြနေလိုက်တာနဲ့ မင်းလုပ်ချင်တာလုပ်လို့ရမယ်ထင်နေတာလား။ ဒာဆို မင်း အကြီးကြီးမှားသွားပြီ။ ကျောင်းရဲ့ စစ်မှန်တဲ့ပါရမီရှင်တွေက ငါနဲ့ သွမ့်ယွင်လျိုပဲ။ မင်းအတွက်နေရာမရှိဘူး။”
အိုး...မင်းက ကိုယ့်ကိုယ်ကို နတ်ဘုရားလို့ထင်နေတာလား။ မင်းပြောသမျှ အကုန်ဖြစ်လာမယ်ထင်နေတာလား။
ဂျက်စ်ကလော့တ်၏မျက်နှာထက်မှ အထင်သေးသည့်အကြည့်အား ကြည့်ရင်း ဖုန့်လင်း ဤကဲ့သို့ မာနကြီးနေသည့်လူမျိုးနှင့် လေကုန်မခံချင်ပေ။ ဒါက သူ့ရဲ့အချိန်တွေကို သက်သက်ဖြုန်းတီးနေခြင်းပင်။
သူက အစောကြီးကတည်းကပင် ရန်သူများ၏ဝိုင်းရံခြင်းခံရပြီဖြစ်၏။ အကယ်၍ အတိတ်က 'သူ' သာဆိုလျှင် သေချာပေါက် ဖိအားအကြီးကြီးအား ခံစားနေရမည်ဖြစ်သည်။ သို့သော် လက်ရှိတွင် ခွန်အားကြောင့် ယုံကြည်မှုရှိနေပြီဖြစ်သည်။ သူဝေ့ဝိုက်မနေပဲ တိုက်ရိုက်မေးလိုက်သည်။
“ မင်းဘာ ကြည့်တာလဲ။ မင်းဘာဖြစ်ချင်တာပဲပြောလိုက် မင်းသာယောက်ျားတစ်ယောက်ဆိုရင် အရေးမပါတာတွေလုပ်မနေနဲ့ ”
ကလော့တ်၏ မျက်လုံးများကျဉ်းမြောင်းသွားသည်။ လူများကို သူစကားပြောလိုက်တိုင်းတွင် ထိုလူများက ရိုကျိုးလေးစားနေကြသည်။ ဖုန်းလင်က သူ့အား မျက်နှာသာ မပေးဘူးဟု မည်သူထင်ထားမည်နည်။
သူဒေါသထွက်ပေါက်ကွဲတော့မည့်အထိပင်။ သို့သော် သူ၏ရည်ရွယ်ချက်အားတွေးမိလိုက်သောအခါ သူခံစားရသည့် ဒေါသများကို ဖိနှိပ်ကာ တည်ငြိမ်စေရန် လုပ်ဆောင်လိုက်သည်။
ငါ ခဏတော့သည်းခံလိုက်မယ်။ ငါလိုချင်တာရပြီးရင်တော့ ဘယ်သူက ဆရာကြီးလဲဆိုတာပြရဦးမှာပေါ့။
“ ဒီနေ့ ငါမင်းကိုရှာနေတာက မင်းဆီက အကူအညီတစ်ခုလိုချင်လို့ဘဲ ”
ကလောတ့် တည်ငြိမ်စွာပြောလိုက်သည်။ သူကဆက်ပြီး.....
“ မင်းရဲ့ ပေါက်ကွဲပြီးတိုးတက်လာတာက လွှမ်းမိုးနိုင်တဲ့ စွမ်းဆောင်ရည်တွေရလာတာက ကောင်းကင်လောက်ရှိတဲ့ ကံကောင်းမှုတွေ ကြုံခဲ့ရလို့မလား။ မင်းသာ အဲ့ဒီလျှိူ ဝှက်ချက်ကိုပြောပြရင် ငါက မင်းကို ကြယ်ဒင်္ဂါး ၁၀၀၀၀ ပေးမယ်ကွာ။ မင်းလို နိုင်ငံသေးသေးလေးက တောသားလေးက ကြယ်ဒင်္ဂါး ၁၀၀၀၀ မြင်ဖူးမှာ မဟုတ်ဘူးလို့ငါပြောရဲတယ်ကွာ။ ဟုတ်တယ်မလား ”
“ ဘာလား။ မင်းက ငါသန်မာလာစေတဲ့ လျှိူ ဝှက်ချက်ကို မင်းကိုပေးစေချင်တယ် ဟုတ်လား”
ဖုန့်လင်း၏ မျက်နှာထက်တွင် ထူးဆန်းသည့်အကြည့်တစ်ခု ဖြစ်လာသည်။
ဒီလူတွေ သူ့ကို တွန်းအားပေးနေတာက သူတို့ကို သူရဲ့လျှိူ ဝှက်ချက်ထုတ်ပေးအောင်တဲ့လား။
ဦးနှောက်ဆိုတာ ကောင်းတဲ့ဟာပါပဲ။ ဒီလူတွေမှာ ဦးနှောက်ရှိဖို့တော့ မျှော်လင့်ရတာပဲ။
အသိအသာပင် ဖုန့်လင်း မျိုးဗီဇညီမျှခြင်းက မည်မျှထိ စွမ်းအားကြီးမားသည်ကို နားလည်ထားသည်။
အခု ဒီလူက အဲ့ဒီဟာကို သူ့ကိုပေးလိုက်စေချင်နေတယ်။ သူကရူးနေတာလား။ ဘာလဲ။
ဖုန့်လင်း သန်မာလာသည်ကလည်း ဖြေရှင်းရခက်သည့်အချက်တစ်ခုဖြစ်ခဲ့သည်။ လူတစ်ယောက်ရဲ့ ကျင့်ကြံခြင်းသာသန်မာလာရင် သူမလုပ်နိုင်တာဘာရှိဦးမှာလဲ။ အရူးတစ်ယောက်ကပဲ သူလျှို့ဝှက်ချက်ကို လဲပေးလိမ့်မယ်။
မည်ကဲ့သို့ဖြစ်နေပါစေ မျိုးဗီဇညီမျှခြင်းအား လဲလှယ်ရန်မဖြစ်နိုင်ပေ။ ဒါက သူတစ်ယောက်သာ ပိုင်ဆိုင်နိုင်တဲ့ မွေးရာပါစွမ်းရည်တစ်ခုဖြစ်သည်။ အကယ်၍ လဲပေးလို့ရလျှင်ပင် သူဘယ်တော့မှ လုပ်မည်မဟုတ်ချေ။
ကြယ်ဒင်္ဂါး ၁သောင်းဟုတ်လား မင်းက ငါ့ကို သူတောင်းစား တစ်ယောက်လို့ထင်နေတာလား။
၁သောင်းကို ထားလိုက်ပါဦး။ ၁ မီလီယံပဲဖြစ်ဖြစ် ၁၀မီလီယံပဲဖြစ်ဖြစ်။ သူဘယ်ဘယ်တော့မှ လဲပေးမည်မဟုတ်ချေ။
“ ဟီးဟီးဟီး ”
သူ့ရှေ့မှလူက ရူးသွားပြီဟု ခံစားရကာ ဖုန့်လင်း စတင်ရယ်မောလိုက်သည်။
“ မင်းဘာကို ရယ်တာလဲကွ...”
သူလှောင်ပြောင်ခံလိုက်ရသည်ဟု ခံစားရကာ ကလော့တ်၏ မျက်ခုံးများ တွန့်ကွေးသွားသည်။ သူ၏အမူအရာက ရုတ်ချည်း အန္တရာယ်ပေးတော့မည့်ပုံပေါက်သွားသည်။
“ ဟီးဟီးဟီး....ဟီးဟီးဟီး...ဟီးဟီးဟီး... ”
ဖုန့်လင်ပြန်မဖြေဘဲ ဆက်လက်ရယ်မောနေသည်။ သူ၏မျက်လုံးများထဲမှ လှောင်ပြောင်ရိပ်များက ထင်ရှားလို့နေသည်။
ကလော့တ်၏ တုံးအမှုကို ရယ်နေရုံမှလွဲ၍ အခြားပြောစရာ စကားတို့ အမှန်ပင်မရှိတော့ချေ။
“ မင်း..ဘာ..ကို..ရယ်..နေ..တာ..လဲ ”
ကလော့တ် ဒေါသထွက်သွား၏။
ဖုန့်လင်း လျှို့ ဝှက်ချက်အားပြောမပြသည်ကို မြင်သောအခါ နှလုံးသားထဲမှ ဒေါသမီးတောက်က ပိုမိုပြင်းထန်စွာလောင်ကျွမ်းနေသည်။
ငယ်စဉ်ကတည်းကပင် မင်းသားတစ်ပါးလိုနေခဲ့ရကာ တစ်ကျောင်းလုံး၏ နံပါတ်နှစ် ပါရမီရှင်ဖြစ်သည့်အတွက် သူ့အား ပမာမခန့်အကြည့်ဖြင့် မည်သူမှမကြည့်ရဲခဲ့ကြပေ။
ဤတစ်ကြိမ်တွင်လည်း ပုံရိပ်ယောင်သိုင်းစေတီအတွင်းတွင်
သွမ့်ယွင်လျို၏ နောက်တစ်ကြိမ် ဖိနှိပ်မှုကို ခံခဲ့ရ၏။ ဒါက သူမည်မျှကြိုးစားပါစေ တစ်ဖက်လူအား ကျော်တက်ရန် မဖြစ်နိုင်သည့်ပုံဖြစ်နေ၏။
ပိုပြီး ဒေါသထွက်ရသည်မှာ မည်သူဆိုသည်ကိုမသိရသည့်ခွေးကောင်က သူ့နှင့် သုံးမှတ်သာကွာ၍ အဆင့်သုံးရသွားခြင်းပင်။ ဒါက ရှင်းရှင်းလင်းလင်းကို မျက်နှာဖြတ်ရိုက်ခံလိုက်ရခြင်းပင်။
ကျောက်ခိုင်ကသူ့အားလာရှာကာ ပြောပြမှသာလျှင် ပြီးပြည့်စုံသည့် ပြိုင်ဘက်တစ်ယောက်ကို သတိထားခဲ့မိခြင်းပင်။
အခုမတိုင်ခင်က ထိုအမည်မသိကောင်၏ အသက်စွမ်းအင်သည် ၀.၄သာရှိသော်လည်း လက်ရှိတွင် အချို့အကြောင်းတို့ကြောင့် သူ၏အသက်စွမ်းအင်က ၁.၅သို့ပေါက်ကွဲထွက်လာခဲသည်။ သူက ကောင်းကင်ကြီးလောက် ကံကောင်းမှုကို ကြုံတွေ့ခဲ့ရသည်မှာ အသေအချာပင်။
ထိုမျှကံကောင်းမှုကို ထိုလူထံတွင်ထားခြင်းသည် ဖြုန်းတီးခြင်းပင်။ သူ
ဂျက်စ်ကလော့တ်သာလျှင် ထိုကံကောင်းမှုအား ခံစားရန် ထိုက်တန်သည်။ ဖုန့်လင်းဆီမှ အခွင့်အလမ်းကိုသာရလိုက်ပါက သွမ့်ယွင်လျိုအား တစ်ကွက်တည်းဖြင့်ပင် နိုင်နိုင်ချေရှိကာ တစ်ကျောင်းလုံး၏ နံပါတ်တစ် ပါရမီရှင်ဖြစ်လာပေလိမ့်မည်။
သူ့အား ကျေနပ်စေရန် ကျောက်ခိုင်က ချက်ချင်းပင် လေးနက်သည့်ကတိတစ်ခုလုပ်ကာ ဖုန့်လင်းဆီမှ လျှိူဝှက်ချက်အား ခွန်အားသုံးပြီးယူပေးမယ်ဟု ပြောခဲ့၏။
ဂျက်စ်ကလော့တ်၏ နှလုံးသားက လောဘကြောင့်ဆွဲဆောင်ခံလိုက်ရ၏။
သို့သော် ထိုခွေးကောင်က မကျေမနပ်ပြန်ငြင်းနေသည်။ ဂျက်စ်ကလော့တ်က အတော်လေးဒေါသထွက်သွယးကာ ကျောက်ခိုင်ကို စိုက်ကြည့်လိုက်၏။
“ ဒါက မင်းပြောထားတာနဲ့ လုံးဝကွာခြားလွန်းနေတယ်။ မင်းအတန်းက ကိစ္စကို မင်းဘာမင်းရှင်းတော့ ”
သူ၏အသံက ရေခဲလိုအေးစက်နေသည်။ ကျောက်ခိုင်သာ မဖြေရှင်းနိုင်လျင် သူနဲ့ရှင်းရပေမည်။
ကျောက်ခိုင်၏ အမူအရာက တောင့်တင်းသွားသည်။ သူရှေ့ကို ခြေတစ်လှမ်းတက်ကာ ဟောက်လိုက်၏။
“ ဖုန့်လင်း အကောင်းအဆိုးဆိုတာသိရင် မင်းရဲ့လျှို့ဝှက်ချက်ကို လက်လွှဲပေးလိုက်စမ်း။ သခင်လေးကလော့တ်က ယဉ်ကျေးနေမှာမဟုတ်တော့ဘူးကွ။ ဒါကမင်းကောင်းဖို့အတွက်ပဲ။ ပြီးတော့ အဲ့လိုအရာမျိုးက မင်းဆီမှာရှိနေပြီး ဖြုန်းတီးဖို့မတန်ဘူး။ မင်းသာ သခင်လေးကလော့တ်နောက်ကိုလိုက်ရင် အဆုံးမဲ့တဲ့ အကျိုးကျေးဇူးတွေရစေရမယ်။”
“ မင်းသာငတုံးတစ်ကောင်ဆို ဆက်ပြောလိုက်လေ။ မင်းက ငါ့ကို အရူးတစ်ကောင်လို ဆက်ဆံနေတာမလား။”
ဖုန့်လင်း သူ့မျက်နှာထက်က အထင်သေးရိပ်ကို ဖုံးကွယ်မထားချေ။
“ မင်းဘာမင်း ခွေးတစ်ကောင်ဖြစ်ချင်ရင်တောင် ငါ့ကိုဆွဲမထည့်စမ်းပါနဲ့”
“ မင်း...”
ကျောက်ခိုင် ဒေါသကြောင့်တုန်ရီသွားသည်။
အတန်း(၁၇)၏ ပါရမီရှင်တစ်ယောက်အနေဖြင့် သူသည် အကြီးအကျယ်လေးစားမှုတို့ကို ခံခဲ့ရသည်။
အခုသူက ခွေးတစ်ကောင်လို့ ခေါ်ခံနေရတယ်။ သူဒါကို ဘယ်လိုသည်းခံနိုင်မှာလဲ။
ကျောက်ခိုင် ဖုန့်လင်းကို စကားနဲ့အလဲမထိုးနိုင်သည်ကို မြင်သောအခါ
ကလော့တ် သူ၏စိတ်ရှည်မှု ပျောက်ဆုံးသွားသည်။
“ မြန်မြန်ကွာ”
“ ဖုန့်လင်း...မင်းကသေခြင်းကို လက်ယပ်ခေါ်နေမှတော့ အတန်းဖော်အချင်းချင်း မညှာတဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့တော့”
ကျောက်ခိုင်၏အမူအရာက လုံးဝအေးစက်သွားသည်။ သူက ဖုန့်လင်းအား thayလူတစ်ယောက်ကို ကြည့်သကဲ့သို့ကြည့်နေသည်။
ရဲရဲတောက် ဥက္ကာပျံလက်သီး...
သူ၏ မီးတောက်များလောင်ကျွမ်းနေသည့် လက်သီးများဖြင့် တုန့်ဆိုင်းမနေဘဲ တိုက်ခိုက်လိုက်သည်။
သူ၏လက်သီးနှစ်လုံးကို လျင်မြန်စွာ ထိုးလွှတ်လိုက်ပြီး မီးတောက်ဘောလုံးများက မိုးရွာသကဲ့သို့ကျလာကာ လေထဲတွင် ပေါက်ကွဲမှုအသေးစားများဖြစ်ပေါ်လာပြီး တိုက်ခိုက်မှုများက ဖုန့်လင်းအား ဝန်းရံသွား၏။