← Chapters

အရာအားလုံးကို ချေမှုန်းခြင်း

Vol. 2 Ch. 28

အရာအားလုံးကို ချေမှုန်းခြင်း

Vol. 2 Ch. 28

ဗာဂျရာရိုက်ချက်

သူ၏လက်သီးများက သံမဏိတိုင်လုံးများအလား ရိုက်ချနေ၏။

ထိုနောက်လိုက်များက အဝေးကနေ စကားပြောရန်သာသိကြသည်။ သူတို့ ရှေ့သို့ပြေးတက်မသွားရဲကြပေ။

သို့သော် ဖုန့်လင်းကတော့ အစောကြီးကတည်းကစိတ်ရှည်မနေခဲ့ပေ။ လျှပ်စီးလက်သွားသကဲ့သို့ လူအုပ်ကြီးထဲသို့ ပြေးဝင်ကာ သူ၏ သံမဏိတိုင်လုံးများအလား လက်သီးများဖြင့် သူတို့အားလုံးကို နေရာအနှံ့ လွှဲရိုက်ထုတ်နေ၏။

သူ၏လက်သီးများက လျင်မြန်တိကျကာ ရက်စက်လို့နေ၏။

လူအုပ်က အချိန်ကိုက်မရှောင်နိုင်လိုက်ကြပေ။ သူတို့မျက်လုံးထဲတွင် အမဲရောင်အရိပ်တစ်ခုဖြတ်ပြေးသွားသည်ကိုသာ တွေ့လိုက်ကြပြီး နောက်ခဏတွင် သူတို့ မြေပေါ်တွင် လဲကျနေကြပြီဖြစ်၏။

“ ငါတို့ကို ဆန့်ကျင်တိုက်ခိုက်ရဲတာက သေချာပေါက် သေမင်းကိုလက်ယပ်ခေါ်နေတာပဲကွ။ ”

“ မောက်မာနေတာ....သူ့ကိုယ်သူ ကျောင်းရဲ့နံပါတ်တစ် သွမ့်ယွင်လျိုများမှတ်နေတာလား။ သူ့ကိုယ်သူ အထင်ကြီးနေတယ်။ ”

“ ညီအကိုတို့ သူ့ကို အတူတူရိုက်ကြရအောင် ”

……..

သူတို့သည် ကျောင်း၏နံပါတ်နှစ်ကျောင်းသား သခင်လေးကလော့တ်၏ နောက်လိုက်များဖြစ်ကြ၏။ သူတို့သည် ဗိုလ်ကျသည့်ပုံလုပ်နေကြသော်လည်း သူ့အား ရန်မလုပ်ရဲကြပေ။

သို့သော်လက်ရှိတွင် ဖုန့်လင်းက သူတို့အားလုံးကို သူ့တစ်ယောက်တည်း တိုက်ခိုက်လိုခြင်းသည် သူတို့အား မျက်လုံးထဲမထည့်ခြင်းပင်။ ထို့ကြောင့် သူတို့၏ဒေါသများက တောက်လောင်လာကြ၏။

“ ငါစောစောကမပြောဘူးလား။ မင်းတို့က ပေါက်ကရပြောလွန်းတယ်လို့ ”

ဖုန့်လင်း သူ့ခေါင်းအား ကူကယ်ရာမဲ့ခါယမ်းလိုက်၏။ သူ ညှာတာမှုမရှိပဲ ကျားရိုင်းတစ်ကောင် တောင်ပေါ်က ခုန်ဆင်းလိုက်သည့်အလား လူအုပ်အလည်သို့ ဆတ်ခနဲ့ ခုန်ဝင်သွား၏။

ဟုန်လက်သီး ၊ အစွန်းရောက်ရှစ်ပါးလက်သီး ၊ ရှင်းယီလက်သီး.....ပုံရိပ်ယောင်သိုင်းစေတီအတွင်းမှ သင်ယူလာခဲ့သည့် ရှေးဟောင်းသိုင်းပညာတိုင်းအား တစ်ခုပြီးတစ်ခု ထုတ်သုံးနေ၏။

ထိုသိုင်းပညာတို့အား မျိုးဗီဇစွမ်းရည်တို့ ထည့်သွင်းမတိုက်ခိုက်နိုင်သော်လည်း သာမန်လူတို့ ထုတ်လွှတ်သည့် ခွန်အားတို့ထက် အလွန်အမင်းနက်နဲသည့် နည်းစနစ်များဖြစ်နေဆဲပင်။ ထိုအရာတို့နှင့် ဖုန့်လင်း၏ လက်ရှိ ခွန်အားနှင့်အရှိန်တို့ကို ပေါင်းစပ်လိုက်သည့်အခါ သူကို လုံးဝရပ်တန့်၍မရတော့သည့်အလားပင်။

ထိုလူများသည် နောက်မှကျန်ရစ်သည့် ပုံရိပ်များက သူတို့အား ဝန်းရံနေသည်ကိုသာ မြင်ရ၏။ သူတို့ဘာလုပ်ရမည်ကို မသိကြတော့ချေ။

ဟုတ်ပါတယ်။ ဒီလူတွေ လုံးဝကို ဝန်းရံခံထားရတာပါ။

ဒါက ရှေ့နောက်မညီဖြစ်နေသည့်တိုင် လက်တွေ့တွင် အမှန်ပင်။

ထိုလူများမှာ ဖုန့်လင်း၏ လှုပ်ရှားမှုများကိုပင် ခြေရာမခံနိုင်ကြပေ။ သူတို့အားလုံး သူ့လက်သီးဖြင့် ထိုးခံနေရကာ မြေပြင်သို့ ပြိုလဲကျကုန်ကြ၏။

ကျောက်ခိုင်တစ်ယောက်သာ ရပ်နေနိုင်ရုံမျှပင်။

သူ့လက်သီးချက်က ၁.၂ တန် အားရှိကာ သူ့လှုပ်ရှားမှုတို့က ကြမ်းတမ်းနေ၏။

ဖုန့်လင်း၏ အသက်စွမ်းအင်များက တိုးလာကာ သူ၏ လက်သီးခွန်အားကလည်း တိုးတက်လာ၏။ သို့သော် သူ၏အသက်စွမ်းအင်နှင့် ကွာခြားမှု ရှိနေဆဲပင်။

သို့သော် ပုံရိပ်ယောင်သိုင်းစေတီအတွင်းတွင် အတွေ့အကြုံများ ရရှိပြီးနောက် သူသည် တိုက်ပွဲများတွင် လူသစ်ကလေးမဟုတ်တော့ချေ။ သူ့တွင် တန်ဖိုးရှိသည့် အတွေ့အကြုံများရရှိထားကာ လက်ရှိအခြေအနေတွင် ကျောက်ခိုင်နှင့် ထိပ်တိုက်ရင်ဆိုင်ရန်

မရွေးချယ်ခဲ့ပေ။ သူသင်ယူခဲ့သည့် ရှေးဟောင်းသိုင်းပညာများက တစ်ခု

နှင့်တစ်ခု အပြန်အလှန်စီးကူးနေကြကာ ပြောင်းလွယ်ပြင်လွယ်ရှိ၏။ ထိုအရာများအတွက် ပုံမှန်ကာရန်စည်းချက်တို့လည်း ရှိနေသည်။

အစွန်းရောက်ရှစ်ပါး လက်သီး

ဖုန့်လင်း လျင်မြန်စွာဖြင့် ပါကွရှစ်ကွက်ကိုယ်ဟန်ကိုသုံးလိုက်ကာ ကျောက်ခိုင်ဆီသို့ တိုးသွား၏။

ဘန်း...ဘန်း...ဘန်း...

သူ့လက်ဝါးမှ ထုတ်လွှတ်လိုက်သည့်လေပြင်းက လေကိုခွင်းကာ ကျောက်ခိုင်ဆီတိုးဝင်သွား၏။

ဖုန့်လင်း လုပ်နေသည့်လှုပ်ရှားမှုတိုင်းက thetကွက်များပင်။

မြန်မြန်...ပိုမြန်ဦး...ပိုပြီးမြန်ဦး

သူ့လက်ဝါးများ လက်သီးများနှင့် တံတောင်များနှင့်ပါ ထုထောင်းနေကာ သူ့ခန္ဓာကိုယ်အောက်ပိုင်းကလည်း ခြေဆောင့်လိုက်ကန်လိုက်လုပ်နေသည်။ ရုတ်ချည်း သူ ကျောက်ခိုင်နှင့်နီးကပ်သွား၏။ လက်ရှိတွင် သူသည် လူသားပုံစံသားရဲကြီးတစ်ကောင်အလားပင်။ သူနှင့် အနည်းငယ်ထိမိလျှင်ပင် ပါဝင်သည့်ပေါက်ကွဲအားက လူတဟ်ယောက်၏ အရိုးနှင့်သွေးကြောများအား စုတ်ပြတ်သွားစေနိုင်၏။

ကျောက်ခိုင် ခဏလေးအတွင်းပင် မရေမတွက်နိုင်သည့် တိုက်ခိုက်မှုများကို ခံစားလိုက်ရသည်။ သူ မြေပြင်ပေါ်တွင်ရပ်ကာ ခုခံရန်ကြိုးစားနေ၏။ သို့သော် ခဏအကြာတွင် သူ၏ခန္ဓာကိုယ်က လွှင့်စင်ပျံသန်းသွားသဖြင့် စူးစူးရှရှအော်သံတစ်ခုထွက်ပေါ်လာရ၏။

ခရက်..ခရက်

ကျောက်ခိုင် မြေပြင်နှင့် ရိုက်ခတ်မိသွားသည်။ သူ၏အရိုးများမှ တဂျွတ်ဂျွတ်အသံများထွက်ပေါ်လာပြီး သတိလစ်သွား၏။

အသက်စွမ်းအင် ၂.၂ရှိသော လူတစ်ယောက်သည် ဖုန့်လင်းကြောင့် အမှန်ပင် အပြင်းအထန်ဒဏ်ရာရသွားက သတိလစ်သွား၏။

ဒါသာ အတိတ်က ဆိုပါက ဖုန့်လင်းအနေဖြင့် ကျောက်ခိုင်ကို သေချာပေါက်ယှဉ်နိုင်မည်မဟုတ်ပေ။

သို့သော် ပုံရိပ်ယောင်သိုင်းစေတီ စမ်းသပ်မှုအပြီးတွင် ပြန်လည်မွေးဖွားလာသည့် အလား လုံးပြောင်းလဲသွား၏။ သူ၏ မျိုးဗီဇများသာ အမှတ်တက်လာခြင်း မဟုတ်ပေ။ သူ၏ အသက်စွမ်းအင်သည်လည်း ၀.၄ မှတ်တိုးလာ၏။

သူတိုက်ပွဲများ အများအပြားတိုက်ခိုက်ခဲ့ရသည်ထက် ပိုအရေးကြီးသည့်အရာမှာ သူ၏တိုက်ပွဲစွမ်းရည်အားနည်းချက်အတွက် မတူညီသည့် ရှေးဟောင်းသိုင်းပညာတို့ကို သင်ယူခဲ့ရခြင်းပင်။ သူသင်ယူခဲ့သည့် သိုင်းပညာတို့သည် သူ့မျိုးဗီဇတို့၏

စွမ်းရည်များကိုပင် ထုတ်လွှတိနိုင်၏။

သူ၏မျိုးဗီဇစွမ်းအင်များက ကန့်သတ်ချက်ကိုချိုးဖြတ်သွားသည့်အခါ စိတ်ကူး၍မရနိုင်သည့် စွမ်းအားတို့ကို ထုတ်ဖော်နိုင်၏။

သူ၏ မျောက်မျိုးဗီဇနှင့် ကျောက်ဖြစ်မျိုးဗီဇတို့သည် အထွတ်အထိပ်ထိ

အမှတ်မြှင့်ပြီးသွားပြီကို ခံစားနိုင်သည်။ ခန္ဓာကိုယ်အပြင်ပိုင်းပြောင်းလဲမှုများကို မမြင်ရနိုင်သော်လည်း သူ၏ခန္ဓာကိုယ် အတွင်းပိုင်းသည် အသစ်တစ်ဖန် ပြန်လည်ပြုပြင်ပြီးသွားပြီဖြစ်၏။ သူ့တွင် ကျောက်သားကဲ့သို့ အရေပြား၊ သံမဏိအရိုးများနှင့် လက်ဖျားခါလောက်သည့်အမြန်နှုန်း တို့သည် သူ့အား အလွန်ကြီးမားသည် တိုက်ပွဲစွမ်းရည်တို့ကို ထုတ်ဖော်စေနိုင်၏။

ပြိုင်ဘက်များ ထုတ်လွှတ်သည့် တိုက်ခိုက်မှုတို့က လုံလောက်သည့် စွမ်းအားမရှိပါက ဖုန့်လင်းသည် ထိုနေရာတွင် မလှုပ်မယှက်ရပ်နေရုံဖြင့် အထိခံလိုက်လို့ရသည်။ သူတို့အနေနဲ့ သူ၏ခုခံမှုကိုပင် ချိုးဖြတ်နိုင်မည်မဟုတ်ပေ။

ဤကျောက်ခိုင်က သူ၏မျိုးဗီဇတို့ကို အမှတ်မြှင့်မထားပေ။ သူက အာဟာရဆေးဝါးများအပေါ်တွင် မှီခိုကာ သူ၏အသက်စွမ်းအင်ကို တွန်းအားပေးကာတင်ထားခြင်းပင်။ ထို့ကြောင့် သူက ဖုန့်လင်းနှင့် ယှဉ်မရချေ။

တစ်ယောက်နှင့်အများတိုက်ခိုက်နေကာ ဖုန့်လင်းက အရာအားလုံးကို ခြေမှုန်းနေ၏။ လူတိုင်းကို လက်သီးတစ်ချက်ဖြင့် အနိုင်ယူကာ သူ၏ တုန်လှုပ်စရာ တိုက်ပွဲစွမ်းအားကို ပြသနေ၏။

ကလော့တ် သူ့လက်အောက်ငယ်သားများကို ကြည့်ကာ သူ့အမူအရာက အလွန်အရုပ်ဆိုးနေခဲ့၏။

အမြဲတမ်း စိတ်ကြီးဝင်နေသည့် သူ၏လက်အောက်ငယ်သားများက

ဖုန့်လင်းရှေ့တွင် ထိုမျှအားနည်းနေမည်ဟု မျှော်လင့်မထားခဲ့ပေ။ သူတို့က သစ်သားရုပ်ကလေးများလိုပင် တုံ့ပြန်ချိန်ပင် မရလိုက်ကြပေ။

ကြည့်ရတာ သူဒီနေ့တော့ ပုံအောရမည့်ပုံပင်။

သို့သော် ဖုန့်လင်းက ခွန်အားကြီးလေ ကလော့တ်က ပိုစိတ်လှုပ်ရှားလေဖြစ်သည်။

ဘယ်လိုလျှို့ဝှက်ချက်မျိုးမလို့လဲ။ အသက်စွမ်းအင် ၀.၄ ပဲရှိတဲ့အမှိုက်ကောင်ကိုတောင် ဒီလောက်ထိစွမ်းအားကြီးလာစေတာက ဘယ်လိုအရာမျိုးက လုပ်နိုင်မှာလဲ။ အဲ့အရာကို သူသာပိုင်ဆိုင်ရမယ်။

ကလော့တ်၏ မျက်နှာထက်တွင် သူအောင်မြင်သွားပြီဟူသည့် အေးစက်စက်အပြုံးတစ်ခုရှိနေ၏။ သူ ဖြေးညင်းစွာလျှေက်သွားလိုက်ကာ အေးစက်သည့် လေပြင်းက သူ့ထံမှ ပေါက်ကွဲထွက်လာ၏။ သူ၏ရွှေရောင်ဆံနွယ်များက နေရောင်အောင်တွင် တလက်လက်တောက်ပနေကာ ကောင်းကင်ဘုံမှနတ်ဘုရားတစ်ပါး ကမ္ဘာပေါ်သို့ ဆင်းသက်လာသည့်အလားပင်။

“ ဖုန့်လင်ယ... မင်းက အရမ်းသန်မာပါတယ်။ တကယ်လို့မင်းသာ မင်းရဲ့

လျှို့ ဝှက်ချက်ကို လက်လွှဲပေးဖို့ဆန္ဒရှိမယ်ဆိုရင် ငါရဲ့ အနီးကပ်ဆုံး လက်အောက်ငယ်သားတစ်ယောက်အဖြစ်ဆက်ဆံမယ်ကွာ။ ငါ့နောက်သာလိုက်ရင် မင့်အတွက် အကျိုးမယုတ်ပါဘူးကွ။ ဘာလို့လက်မခံလိုက်တာလဲ။ ”

ဂျက်စ်ကလော့တ်၏ မျက်နှာထက်တွင် ရိုးသားသည့် အကြည့်တစ်ခု ရှိနေပေသည်။

ဖုန့်လင်း ရယ်မောလိုက်ပေသည်။ သူ ပျော်လို့ရယ်နေခြင်းမဟုတ်ဘဲ တစ်ဖက်လူ၏ စိတ်ကြီးဝင်နေမှုကြောင့်ရယ်မောနေခြင်းပင်၏။

အကျိုးကျေးဇူးတွေလား။

မျိုးဗီဇညီမျှခြင်းနဲ့ ဘယ်အကျိုးကျေးဇူးတွေက ယှဉ်လို့ရမှာလဲ။ ဤစွမ်းရည်အား ပိုင်ဆိုင်ရခြင်းသည် ထိလိုက်တိုင်းရွှေဖြစ်သည့်အစွမ်းအားပိုင်ဆိုင်ရခြင်းနှင့်ပင်ယှဉ်နိုင်၏။

ဂျက်စ်ကလော့တ်က သူကို အလှူခံတဲ့ သူတောင်းစားများထင်နေတာလား။

သူက ဒါကို ဘယ်တော့မှ သဘောတူမည်မဟုတ်ချေ။

“ ငါ့မှာလျှို့ဝှက်ချက်မရှိတာကို ဘေးဖယ်ထားလိုက်ဦး ရှိရင်တောင် မင်းကိုဘာလို့ပေးရမှာလဲ။ ငါသာ အဲ့တာအပေါ်မှီခိုနေလိုက်ရင် ငါသန်မာလာတဲ့အချိန် ငါလိုချင်တာငါရနိုင်တာပဲလေ။ ငါက မင်းရဲ့ နုံချာနေတဲ့အကျိုးကျေးဇူးတွေကိုလိုနေပါ့မလား။ ကလော့တ် မင်းတိုက်ခိုက်ချင်နေရင် လာတိုက်လှည့်စမ်းပါ။ မင်း ကျင့်ကြံသူတစ်ယောက်ရဲ့ဉာဏ်ရည်ကို စော်ကားနေတာလား။ ”

ဖုန့်လင်း အေးစက်စွာဆိုလိုက်၏။

“ မင်းအတွက် ဘာကကောင်းလဲမသိမှတော့ မညှာတာတဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့တော့ ”

သူပြောလိုက်ပြီး သူ့အပြုံးက ပိုမိုအေးစက်သွားခဲ့သည်။ ဖုန့်လင်းအား စည်းရုံးရန် အတွေးများလည်း မရှိတော့ချေ။

Bzzz~

ပတ်ဝန်းကျင်မှ အပူချိန်ထိုးကြသွားကာ လေပြင်းနှင့် အေးစက်မှုလှိုင်းလုံးတို့အား ခံစားရနိုင်ပေသည်။ ရုတ်ချည်းဆိုသလို ရေခဲနှင့်နှင်းများရှိနေသည့် ကမ္ဘာကြီးတစ်ခုအတွင် ရောက်သွား

သည့်အလား အလွန်အမင်းအေးစက်နေကာ လူတစ်ယောက်၏ ခန္ဓာတွင်းမှ သွေးများကိုပင် အေးခဲသွားစေနိုင်သည်။

ဖုန့်လင်း ချက်ချင်း သူ၏ သွေးနှင့်ချီတို့ကို လှည့်ပတ်လိုက်ပြီး အအေးဓာတ်ကို ခုခံလိုက်၏။

“ ရေခဲမျိုးဗီဇ ”

သူ ကလော့တ်အား စိုက်ကြည့်လိုက်သည်။ ကလော့တ်၏ခန္ဓာကိုယ်အား ရေခဲအလွှာတစ်ခုဖြင့် ဖုံးကွယ်ထားပြီး ရေခဲချပ်ဝတ်တစ်ခုအလားပင်။

''မိုးနှင့်မြေကို အေးခဲခြင်း ”

ကလော့တ်က အန္တာရယ်ရှိသည့်ပုံစံ ရယ်မောလိုက်ကာ နည်းစနစ်တစ်ခု ထုတ်လွှတ်လိုက်၏။

ခရက်... ခရက်

အသံများ ထွက်ပေါ်လာ၏။ ဖုန်းလင် ခေါင်းငုံ့ကြည့်လိုက်သောအခါ

ကလော့တ် ရပ်နေသည့်မြေပြင်မှ ထုတ်လွှတ်လိုက်သည့် ဆီးနှင်းစီးကြောင်းလေးက သူ့ဆီကို ဦးတည်လာသည်ကို သတိထားမိလိုက်လေသည်။

ဆီးနှင်းကြောင်းလေး ဖြတ်သန်းသွားသည့် နေရာတိုင်း အရာအားလုံး အေးခဲသွားကြလေ၏။

ဖုန့်လင်း အလျင်အမြန်ရှောင်လိုက်၏။

“ မင်း ဘယ်နေရာထိ လွတ်နိုင်မှာလဲ ”

ကလော့တ် ယုတ်မာစွာရယ်မောလိုက်ကာ လက်ကို ဝှေ့ယမ်းလိုက်၏။

မြေပြင်ပေါ်တွင် မရေမတွက်နိုင်သည့် ရေခဲသလင်းကျောက်လေးများက ထောင်မတ်လာပြီး ပစ်လွှတ်လိုက်သည်။ ဒါက ဖုန့်လင်းဆီကို မြှားပေါင်း တစ်သောင်းပစ်လွှတ်လိုက်သည့်အလားပင် ။

ဝှစ်ရှ်

နားကွဲမတက်အသံက နေရာအနှံ့ ထွက်ပေါ်လာခဲ့ပြီး အေးစက်စက်အလင်းတန်းက တောက်ပသွားကာ သလင်းကျောက်အသေးလေးများက လေကိုခွင်းကာ ပျံသန်းလာကြ၏။

ဒင်...ဒင်...ဒင်...

စုစည်းကာပေါက်ထွက်လာသည့် ဤတိုက်ခိုက်မှုအား ဖုန့်လင်း ရှောင်ရန် နည်းလမ်း လုံးဝမရှိခဲ့ပေ။ သူ၏ခုခံမှုကို ပိုအားစိုက်ပြီး ထိပ်တိုက်ခုခံရန်သာ တက်နိုင်သည်။ သူက ကျောက်ဖြစ်မျိုးဗီဇကို နိုးဆွလိုက်ကာ သူ၏အရေပြားကို ကျောက်သားကဲ့သို့ ဖြစ်စေလိုက်၏။ ရေခဲသလင်းများက သူ့အား ထိုးဖောက်လာသည့်အခါ အားလိုင်းကြောင့် အစိတ်စိတ်အမြွာမြွာကွဲကြေသွားကာ ဖုန်ဖြစ်ကုန်ကြ၏။

သို့သော် ဒါသည် အဆုံးသတ်မဟုတ်သေးပေ။ အအေးစွမ်းအင်လှိုင်းလုံးတစ်ခုက သူ့အားဖုံးလွှမ်းသွားကာ သူ၏အရိုးများအား ဖြတ်တောက်နေပြီး သူအား ရေခဲတုံးဖြစ်သည်အထိ အေးခဲသွားစေချင်နေ၏။

သူ့ခန္ဓာကိုယ်အပြင်ပိုင်းက လျင်မြန်စွာအေးခဲနေပြီး သူ၏ သွေးများသည်ပင် အေးခဲသွားလုနီးပါးဖြစ်နေသည်ကို တွေ့လိုက်၏။

ဟက်!

ဖုန့်လင်း အသက်ပြင်းပြင်းရှူလိုက်ရင်း သူ၏သွေးများကို လှည်ပတ်နေခြင်းကို အရှိန်တင်လိုက်ကာ သူ၏ခန္ဓာကိုယ်တွင်းတွင် အနွေးဓာတ်စီးကြောင်းလေးစီးဆင်းစေပြီး ဆီးနှင်းများကို အရည်ပျော်စေလိုက်ပေသည်။

“ ဒါက အသုံးမဝင်ဘူး။ မင်းရဲ့ ခန္ဓာကိုယ်အနွေးဓာတ်နဲ့ ငါရဲ့ရေခဲတွေကို အရည်ပျော်စေချင်ရင်တော့ မင်းက တကယ်ကို တုံးအတာပဲ ”

ကလော့တ် အေးစက်စွာရယ်လိုက်၏။

“ နှင်းလေပြင်း၏ အမျက်ဒေါသ ”

သူ၏လက်နှစ်ဖက်လုံးကို စက်ဝိုင်းပုံ ဖန်တီးလိုက်ကာ သူ၏ရင်ဘက်သို့ ရွေ့လျားလိုက်သည်။

Bzzz~

မရေမတွက်နိုင်သည့် ဆီးနှင်းလေပြင်းတို့က တိုက်ခက်လာကာ ရေခဲသလင်းများနှင့်ဆီးနှင်းတို့က ပတ်ဝန်းကျင်ကို ပျံနှံ့သွားကြပြီး နေမင်းကြီးကို နှင်းမြူတို့ဖြင့်ဖုံးအုပ်သွားသည်။ သူတို့အားလုံး လေစွမ်းအင်အတွင်း စုစည်းခံလိုက်ရပြီး ဆီးနှင်းဟာရီကိန်းတစ်ခုဖြစ်ပေါ်လာကာ ဖုန့်လင်းအား နှင်းများနှင့်မြှပ်နှံပစ်ချင်သလိုပင်။

“ ဒီကလော့တ်က ဆီးနှင်းမျိုးဗီဇတင်နိုးထထားတာမဟုတ်ဘူးပဲ။ ”

ဖုန့်လင်း မျက်မှောင်ကြုတ်လိုက်သည်။

ကျောင်းသားများကို အစစ်အမှန်

ကျင့်ကြံသူလို့ မှတ်ယူ၍မရနိုင်သေးချေ။ သူတို့နိုးထလာသော မျိုးဗီဇများ အားလုံးသည် အခြေခံမျိုးဗီဇများသာ ဖြစ်ကြ၏။

အခြေခံမျိုးဗီဇများကို စွမ်းရည်တစ်ခုတည်းသာ ရှိသောကြောင့် အခြေခံမျိုးဗီဇဟု သိကြလေသည်။ သူတို့သည် မျိုးဗီဇသစ်ပင်၏ အခြေခံဒြပ်စင်များဖြစ်ကြလေသည်။

ဤဂျက်စ်ကလော့တ်သည် ရေခဲနှင့် လေအားထိန်းချုပ်နိုင်လေသည်။ ဆိုလိုသည်မှာ သူက ရေခဲမျိုးဗီဇနှင့်လေအေးမျိုးဗီဇဟူသည့် အခြေခံမျိုးဗီဇနှစ်ခုနိုးထထားခြင်းပင်။

ဒါသည် ဖုန့်လင်း နိုးထထားသည့် မျိုးဗီဇနှစ်ခုတို့ဖြင့် ကွာခြားသည်။

ကလော့တ်၏ မျိုးဗီဇနှစ်ခုသည် တူညီသည့်စွမ်းရည်ရှိပြီး ကောင်းကောင်းပေါင်းစည်းနိုင်ကြကာ အချင်းချင်း

ဖြည့်စွက်ရင်းထောက်ပံ့နေကြ၏။ဒါက 1+1=2 ဆိုတာလောက် မရိုးရှင်းပေ။

ကလော့တ်က အထူးမျိုးဗီဇသိုင်းပညာတစ်ခုကိုသုံးကာ မျိုးဗီဇနှစ်ခုတို့၏စွမ်းအားတို့အား ပေါင်းစပ်နေပြီး ထူးခြားသည့် စွမ်းအားတစ်ခုအားထုတ်လွှတ်နေပုံရလေသည်။

ဘယ်လိုတောင် ဒုက္ခပေးနိုင်တဲ့ပြိုင်ဘက်လဲ။

သူသာ အစွမ်းကုန်မထုတ်ပါက အရာအားလုံး ဆိုးဆိုးရွားရွားဖြစ်ကုန်မည့်ပုံပင်။

ဖုန့်လင်း ဆံုးဖြတ်လိုက်ကာ သူ၏ကိုယ်ဟန်ကို ပြောင်းလဲလိုက်၏။

မချိုးဖျက်နိုင်သော ဗာဂျရာ

သူ ဗာဂျရာနတ်ဆိုးနှိမ်နင်းလက်သီး၏ အန္တိမလျှို့ဝှက်အကွက်အား ထုတ်လွှတ်လိုက်၏။

ကျောက်ဖြစ်မျိုးဗီဇအား နှိုးဆွလိုက်ကာ သူ၏ခုခံမှုကို တိုးမြှင့်လိုက်ပြီး ကျောက်တုံးလူသားတစ်ယောက်ကဲ့သို့ ဖြစ်သွားစေလိုက်၏။

အဖြူရောင်မျောက်ဝံရဲ့ဓားအက

ထို့နောက် ဖုန့်လင်းက မျောက်ဝံဖြူတစ်ကောင် တောင်စွန်းများကို ခုန်ကျော်နေသည့်အလား လေထဲသို့ ခုန်တက်လိုက်လေသည်။ သူ့လက်ချောင်းများက ဓားထက်ထက်တို့အလား ရှုပ်ထွေးသည့်ပုံစံများဖြင့် လွှဲယမ်းလိုက်ကာ ပြိုင်ဘက်၏ အရေးကြီးအစိတ်အပိုင်းများကို ထိုးဖောက်လိုက်လေ၏။

All Chapters