အမြတ်ကြီးကြီး ရလိုက်ခြင်း
Vol. 2 Ch. 29
ဖုန့်လင်း ဗာဂျရာနတ်ဆိုးနှိမ်နင်းလက်သီးဖြင့် ခုခံမှုပြုလုပ်ကာ မျောက်လက်သီးဖြင့် လက်ဦးမှုယူ၍တိုက်ခိုက်လေသည်။
ဖုန့်လင်းအနေဖြင့် ကလော့တ်ကဲ့သို့ မျိုးဗီဇနှစ်ခုအား တစ်ပြိုင်နက်ပေါင်းစပ်ပြီး အထူးမျိုးဗီဇသိုင်းပညာ တစ်ခု မထုတ်ဖော်နိုင်သော်လည်း သူ၏ မျောက်မျိုးဗီဇနှင့် ကျောက်ဖြစ်မျိုးဗီဇတို့ကို သူ၏ကိုယ်ပိုင်နည်းလမ်းဖြင့် စွမ်းအားကြီးမားစွာ ထုတ်လွှတ်နိုင်သေးသည်။
သူ၏ ချီနှင့်သွေးတို့က အနွေးစီးကြောင်းလှိုင်းအတိုင်း လည်ပတ်ကာ အအေးဓာတ်ကို တိုက်ဖျက်နေလေသည်။
ဆေဘာထက်ထက်တစ်လက်ကဲ့သို့ ရေခဲဓားသွားများက သူ၏ ကျောက်သားအရေပြား သံမဏိအရိုးများနှင့် ရိုက်ခတ်မှု အားလှိုင်းများကြောင့် ကွဲကြေပျက်စီးသွားရလေသည်။
သူ၏ လက်ချောင်းများက ဓားသွားများပမာ လေထုကို သက်တောင့်သက်သာပင် ထိုးခွင်းသွားပြီး သူ၏ပစ်မှတ်ဆီသို့ ရွေ့လျားသွားလေ၏။
“ ဘာ?”
ကလော့တ် ရုတ်တရက် ဘေးကျပ်နံကျပ်အခြေအနေသို့ ရောက်သွားသည်ဟု ခံစားလိုက်ရသည်။
ဤအခိုက်အတန့်က သူမျှော်လင့်ထားသည်ကို လုံးဝကျော်လွန်နေပြီဖြစ်လေသည်။
အတိတ်တွင်ဆိုပါက သူထုတ်လွှတ်လိုက်သည့် ရက်စက်သည့်လေပြင်း၊ ကြမ်းတမ်းသည့်ရေခဲနှင့်နှင်းမုန်တိုင်းတို့က သူ၏ပြိုင်ဘက်ကို သေချာပေါက်ပင် ဖိနှိပ်နိုင်မည်ဖြစ်ပြီး မလှုပ်မယှက်ဖြစ်သွားစေကာ သူ၏ အနိုင်ယူခြင်းကိုခံရန်သာ ထိုင်စောင့်နေရပေလိမ့်မည်။
သို့သော် ဤခွေးကောင်ကတော့ ထိုကဲ့သို့ အကျိုးသက်ရောက်မှုဖြစ်လာပုံမပေါ်ပေ။ သူ့ တိုက်ခိုက်မှုသည် ယခင်ကလို ကြီးစိုး လွှမ်းမိုးနိုင်စွမ်းမြင့်မားဆဲဖြစ်ပေမယ့်ပေါ့။
ချိ!
လေထုကို ထက်မြိစွာ ဖြတ်တောက်လာသည့် အသံထွက်ပေါ်လာလေသည်။
နှင်းနှင့်နှင်းခဲတို့က ဓားသွားလက်ချောင်းတစ်စုံ၏ ချိုးဖြတ်ခြင်းကိုခံလိုက်ရလေသည်။
ကလော့တ် အလိုအလျောက်တုံ့ပြန်မှုဖြင့် ရှောင်လိုက်သော်လည်း နောက်တစ်ခဏတွင်ပင် သူ၏ ပါးပြင်မှ စူးရှသည့်နာကျင်မှုကို ခံစားလိုက်ရကာ လတ်ဆက်သည့် ေသွးနီနီတို့က စီးကျလာလေသည်။ သူ၏ ခပ်ချောချောမျက်နှာလေးမှာ ရုတ်တရက်ဆိုသလို ပျက်စီးသွား၏။
သူ၏ မျက်နှာအား ခပ်ဖွဖွထိကြည့်လိုက်ပြီး သူ၏လက်ချောင်းမှ သွေးများကို စိုက်ကြည့်လိုက်ပြီးနောက် သူ ဒေါသကြီးစွာ ဟိန်းဟောက်လိုက်၏။
“ မင်းက တကယ်ကြီး ငါ့ရုပ်ရည်ကို ဖျက်စီးရဲတာလား ”
ကျင့်ကြံသူတွေအတွက် ခွန်အားကပဲ အရေးကြီးတာလေ။ ချောနေတော့ ဘာသွားသုံးရမှာလဲ။
ဖုန့်လင်း သူ့ခေါင်းကို ခါယမ်းလိုက်၏။ ကလော့တ်၏ အသက်စွမ်းအင်မှာ အတော်မြင့်မားနေသော်လည်း ရုပ်ရည်မှာ အသုံးမဝင်ကြောင်း ရိပ်စားသိရှိခြင်းမရှိချေ။
ဤအချက်နှင့်ပင် ကလော့တ်ကို
ဖုန့်လင်း၏ ပြိုက်ဘက်တစ်ယောက်အဖြစ် ရှုမြင်၍မရတော့ချေ။
တိုက်ခက်နေသော အေးစက်စက်လေက အလွန်အမင်းအေးစိမ့်နေသလို ဆီးနှင်းခဲနှင့်နှင်းများက ကောင်ကင်ကြီးအား အပြည့်ဖုံးလွှမ်းကာနေလေသည်။
သို့သော် ဖုန့်လင်းအား သက်ရောက်ပုံမပေါ်ချေ။ သူ၏ လှုပ်ရှားမှုများက အရင်ကအတိုင်း ချောမွေ့နေဆဲပင်။
အာဟာရချို့တဲ့မှုကြောင့် အသက်စွမ်းအင်တွင် သူ့ပြိုင်ဘက်အား မယှဉ်နိုင်သော်လည်း မျိုးဗီဇစွမ်းအင်အသုံးပြုမှုနှင့် နိုးထလာသည့် မျိုးဗီဇတို့ကို အဆင့်မြှင့်ထားသည် နေရာတွင်ကတော့ သူ့အသက်အရွယ်မှ မည်သူ့ကိုမှ ရှုံးနိမ့်မည်မဟုတ်ချေ။
သူ၏ မျိုးဗီဇနှစ်ခုက သူတို့၏
ကန့်သတ်ချက်များထိ အဆင့်မြှင့်ပြီးဖြစ်၏။ ဆိုလိုသည်မှာ သူကဲ့သို့ အခြေခံမျိုးဗီဇများသာ နိုးထထား
သည့် လူများထဲတွင် သူ့အား ယှဉ်နိုင်သူ များများစားစားမရှိချေ။
ကလော့တ်၏ ရေခဲမျိုးဗီဇနှင့် လေအေးမျိုးဗီဇတို့ပင်လျှင် အသုံးမဝင်ချေ။
ဖုန့်လင်က ရှေ့သို့ ခြေလှမ်းကျယ်ကျယ်လှမ်းလိုက်ကာ ဆီးနှင်းခဲနှင့်နှင်းများရှိနေသည့် မြေပြင်ပေါ်ကို ခြေ
ဆောင့်လိုက်လေသည်။
“ ဘာ ”
ကလော့တ်၏မျက်လုံးများ ကျဉ်းမြောင်းသွားလေသည်။
ဖုန့်လင်း ရုတ်တရက်တိုက်ခိုက်သည်။ သူအနေနဲ့ ဤကဲ့သို့ အခွင့်ကောင်းကြီးကို မည်သို့မည်ပုံ လက်လွှတ်လိုက်ရမည်နည်း။ သူ ဆာလောင်နေသည့်ကျားက သိုးတစ်ကောင်အပေါ် ခုန်အုပ်လိုက်သကဲ့သို့ လျှပ်စီးလက်လိုက်သည့်ပမာ အရှိန်ဖြင့် ရှေ့ကို ဆတ်ကနဲ့ ခုန်အုပ်လိုက်လေသည်။
ကလော့တ် ဘေးဘက်ကို အလျင်အမြန်ရှောင်တိမ်းလိုက်လေသည်။ အကြင်နာမဲ့သည့် ခံစားချက်တို့က သူ၏မျက်လုံးများအတွင်း ဖြတ်ပြေးလို့သွား၏။
“ သ-တ်...”
သူ့လက်ချောင်းများကို သားရဲကောင်တို့၏လက်သည်းပုံသဏ္ဍာန် ပြုလုပ်ပြီး ပြင်းထန်စွာ လွှဲယမ်းလိုက်လေသည်။ ဆီးနှင်းခဲချီတို့က သူ၏လက်ဝါးတွင် စုစည်းသွားပြီး ရေခဲလှံတံများကို ရုတ်ချည်း ပစ်လွှတ်လိုက်လေသည်။
သာမန်လူတစ်ယောက်သာ ထိုအရာဖြင့် ထိပါက သေချာပေါက်ပင် သွေးစွန်းနေသည့်အပေါက်ကြီး ဖြစ်သွားပေလိမ့်မည်။
ဘန်း...ဘန်း...ဘန်း...
ဖုန့်လင်း၏ လက်သီးချက်များက မိုးကြိုးတို့အလားပင်။ သူ၏ မာကျောနေသည့်လက်သီးက သံများကိုခြေမွသကဲ့သို့ ရေခဲလှံတံတို့ကို ခွဲခြေသွားလေသည်။
ကလော့တ် ထိုနည်းစနစ်ကို ထပ်မံထုတ်ဖော်လိုက်ကာ သူ့ထံမှ ထွက်ပေါ်လာသည့် အေးစက်မှုက ပိုမိုပြင်းထန်လာလေသည်။
ဖုန့်လင်း သူ့ကိုယ်ဟန်ကို ပြောင်းလဲလိုက်လေသည်။ သူ၏လက်များကို မကာ ဟိန်းဟောက်သံတစ်ခုနှင့်အတူ ထုချေချလိုက်၏။
“ ဝေါင်း ”
သူ၏လက်သီးက ကလော့တ်၏ ခေါင်းအား ရိုက်ချမိလိုက်သည်။ သူဟိန်းဟောက်လိုက်သည့် စွမ်းအားတို့က ကြားရသူတိုင်း၏ နှလုံးသားတို့အား လှုပ်ခါသွားစေနိုင်သည်။
ရုတ်တရက် ကလော့တ်၏ခန္ဓာကိုယ်က တောင့်တင်းသွားကာ တုန်ရီနေသည်။ ထိုအချိန်အတိအကျတွင်ပဲ ဖုန့်လင်းက နီးကပ်လို့လာကာ သူ၏ လက်သည်းတိုက်ခိုက်မှုကို လွယ်ကူစွာ ခုခံလိုက်လေသည်။ သူ၏ လက်သီးချက်တို့က ဂူထဲမှထွက်လာသည့် နဂါးတစ်ကောင်အလား ပြင်းထန်လှလေသည်။
ကလော့တ်အား ကာကွယ်ထားသည့် ရေခဲချပ်ဝတ်က ရုတ်တရက်ဆိုသလို တစ်စိတ်တစ်ပိုင်းကျိုးကြေသွားလေသည်။
ကလော့တ် နာကျင်မှုကြောင့်ညည်းညူရင်း လေထဲသို့ လွင့်စင်သွားလေသည်။
တစ်ကွက်တည်းက နှစ်ယောက်ကြားက ကွာခြားမှုကို ဆုံးဖြတ်နိုင်လေသည်။
ကလော့တ်၏ ခန္ဓာကိုယ်က မြေပြင်ပေါ်ကို ပစ်ကျသွားပြီး သူ၏ခန္ဓာကိုယ်က တုန်ခါသွားကာ လဲလျောင်းနေပြီး မလှုပ်ရှားတော့ချေ။
မျိုးဗီဇစွမ်းရည် +8%!
ဖုန့်လင်း ပျင်းစရာကောင်းသည်ဟု ခံစားလိုက်ရလေသည်။
သူရဲ့မျိုးဗီဇစွမ်းရည်က ၈%ပဲတိုးလာတာလား။ အချိန်တွေရော စွမ်းအင်တွေရော အကုန်ခံပြီး ကျောင်းသားတစ်အုပ်ကြီးနဲ့ တိုက်ခိုက်လိုက်တာလေ။ ဒါတောင် ဒီလောက်နည်းနည်းလေးပဲရတာလားဟ။
ဒါကိုကြည့်ကာ ဖုန့်လင်း ထိုလူများအပေါ် အနိုင်ယူရန် ဖိအားသိပ်မရှိကြောင်း သိနိုင်သည်။
ဒီတိုက်ပွဲက လွယ်လွန်းနေတယ်။
အသက်စွမ်းအင်များ သက်သက်ကိုသာ ယှဉ်လိုက်ပါက ထိုလူများသည် ပုံရိပ်ယောင်သိုင်းစေတီမှ တိုက်ခိုက်ရေးဆရာများကို မရှုံးနိမ့်နိုင်ချေ။ အတိအကျဆိုပါက သူတို့၏ အသက်စွမ်းအင်က တိုက်ခိုက်ရေးဆရာများထက်ပင် ပိုမြင့်နေသေးသည်။
သို့သော် ထိုတိုက်ခိုက်ရေးဆရာများက မရေမတွက်နိုင်သည့် တိုက်ပွဲများကို ကြုံတွေ့ဖူးသူများဖြစ်ကြကာ သူတို့နှင့်ကွာခြားလေသည်။ ထိုလူများကတော့ အားနည်းလွန်းကာ သရဲဘောကြောင်ကြလေသည်။ ထို့ပြင် သူတို့၏ သိုင်းပညာများက နူးညံ့ပြီး ခွန်အားမပါချေ။ သူတို့တွင် သူတို့၏ ခွန်အားအကုန်လုံးအားထုတ်လွှတ်ရန် နည်းလမ်းမရှိပေ။
ဒါက အထူးသဖြင့် ကလော့တ်အတွက်ပင်။ သူ့အသက်စွမ်းအင်က ၂.၅ထိမြင့်မားကာ သူ၏ မျိုးဗီဇစွမ်းအင်များကလည်း သန်မာလွန်းပေသည်။ ဝမ်းနည်းစရာမှာ သူ၏နောက်ခံကကောင်းလွန်းနေသည့်အတွက် အလိုလိုက်ခံနေရခြင်းပင်။ရေခဲမျိုးဗီဇနှင့်လေအေးမျိုးဗီဇတို့သည် ကြီးမားသည့်စွမ်းအားဖြင့်
အဆင့်မြင့်အဆင့် အခြေခံမျိုးဗီဇများဖြစ်ကြသည်။ သို့တိုင် သူသည် အဝေးပစ်တိုက်ခိုက်မှုများကိုသာ အသုံးပြုပြီး အနီးကပ်တိုက်ပွဲကို မတိုက်ပေ။သူအနေနဲ့ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရန် ကြောက်ရွံ့နေခြင်းမှာ သိသာထင်ရှားနေသည်။
ပုံရိပ်ယောင်သိုင်းစေတီအတွင်း အမှတ်မြင့်မြင့်ရသည့်ကိစ္စအတွက် ပိုပြီးဖြစ်နိုင်ခြေရှိတာကတော့ သူ့မျိုးဗီဇနှစ်ခုရဲ့စွမ်းရည်ကို အဝေးကနေသုံးပြီး တိုက်ခိုက်ရေးဆရာများကို ဖြည်းဖြည်းခြင်း ဖိနှိပ်ကာ သူတို့မခံနိုင်တော့မှ အနိုင်ရရှိခြင်းဖြစ်နိုင်သည်။
အကယ်၍ လူသားတစ်ယောက်ကို ရင်ဆိုင်ရသည့် အစစ်အမှန်တိုက်ပွဲတစ်ခုသာဆိုပါက သူ၏ တိုက်ပွဲနည်းစနစ့တွင် ပျော့ကွက်အများကြီးရှိနေပေလိမ့်မည်။
ကျောင်း၏ထိပ်ဆုံး ပါရမီရှင်
သွမ့်ယွင်လျိုအား ဘယ်တော့မှ
မနိုင်သည်မှာ အံ့သြစရာမရှိတော့ချေ။
ဂရုတစိုက်စောင့်ရှောက်မှုများ အောက်တွင် ကြီးပြင်းလာခဲ့သည့် ပါရမီရှင်တစ်ယောက်ကို ပါရမီရှင်ဟု မှတ်ယူ၍မရနိုင်ချေ။
ထိုသို့သာ ဆက်သွားနေပါလျှင်
ကလော့တ်အနေဖြင့် သူ့ပြိုင်ဘက်ကို ဘယ်တော့မှကျော်တက်နိုင်တော့မည်မဟုတ်ပေ။
ဒါက တကယ်ပဲ ကျောင်းရဲ့ ဒုတိယ
အဆင့်က ပါရမီရှင်တဲ့လား။ သူက အရမ်းအရမ်း.....
ဖုန့်လင်း ပျင်းရိမှုနှင့် စိတ်ဝင်စားမှုကင်းမဲ့ခြင်းတို့ကိုခံစားလိုက်ရလေသည်။
ပုံရိပ်ယောင်သိုင်းစေတီ စမ်းသပ်မှုသည် သူ့အားပြောင်းလဲသွားရန်အတွေ့အကြုံရစေခဲ့သည်။ ပြိုင်ဘက်အား အနိုင်ရရန် အန္တရာယ်များကိုလစ်လျူရှုကာ သူ၏အကန့်အသတ်အားစိန်ခေါ်ခဲ့ခြင်း၊ သေရေးရှင်ရေးအခြေအနေများတွင် သူ၏မျိုးဗီဇကို အမှတ်မြှင့်ပေးရန် အမှတ်ပေါင်းထည့်ကာ သူ့ကိုယ်သူ အားဖြည့်ပေးခဲ့ခြင်း၊ တိုက်ပွဲအတွေ့အကြုံများရရှိစေခြင်း၊ သူ၏ တိုက်ပွဲနည်းလမ်းများကို တိုးမြှင့်ပေးခြင်းဟူသည့် အကျိုးကျေးဇူးများရရှိခဲ့သည်။
တိုက်ပွဲအသိအပေါ်တွင်သာ အခြေခံပါက သူအနေဖြင့် သူနဲ့သက်တူရွယ်တူအုပ်စုထက် အပြတ်အသတ်ကျော်လွန်နေပြီဖြစ်၏။
တစ်ကျောင်းလုံးတွင် သူတစ်ခါမှမတွေ့ဖူးသည့် သွမ့်ယွင်လျိုမှလွဲ၍ သူ့အားဖိအားပေးနိုင်သူ မရှိတော့ချေ။
ဖိအားများသာမရှိပါက တိုးတက်မှုလျင်မြန်စေရန် တွန်းအားမရှိဖြစ်သွားပေလိမ့်မည်။
ကမ္ဘာမြေအထက်တန်းကျောင်းသည် ဟွာရှမြို့တော်မှ သာမန်ဆန်သည့် အထက်တန်းကျောင်းတစ်ခုသာဖြစ်သည်။ ယခုတွင် ဤကျောင်းက အလွန်အမင်း သေးငယ်သည်ဟု
ဖုန့်လင်း ခံစားနေရသည်။
“ မင်းက ငါ့ကိုရိုက်ရဲတာလား ”
ကလော့တ်တွင် အရှက်ရမှုတို့ ပြည့်နှက်နေသည့် မျက်နှာတစ်ခုရှိနေကာ သူခေါင်းအား စောင်းထားသည်။
“ မင်း အမှန်တရားကို လက်ခံဖို့ တွန့်ဆုတ်နေတာလား ”
ဖုန့်လင်းကဆက်ကာ...
“ အဲ့တော့....ငါမင်းကိုရိုက်တော့ဘာဖြစ်လဲ။ မင်းဘာလုပ်နိုင်မှာမို့လဲ။ ငါ့ကို ဖမ်းဖို့ ရဲခေါ်ဦးမှာလား။ ငါ့ကို ကျောင်းထုတ်ဖို့လုပ်မှာလား။ မင်းဘာမှမလုပ်နိုင်ဘူးလေ။ သည်းခံနေရုံပဲ တတ်နိုင်တာပါ… ”
သူ၏စကားလုံးများက ကလော့တ်၏နှလုံးသားထဲကို ဓားများနှင့် ထိုးနေသည့်ပမာပင်။ ကလော့တ် ထိုအရာကို ကြားပြီး သူ့ခန္ဓာကိုယ်က တသိမ့်
သိမ့်တုန်သွားလေသည်။
ဒါကအမှန်ပင်။ သူတို့ကြားက ကွာခြားမှုက ကြီးမားလွန်းနေသည်။
သူ ရှုံးနိမ့်တိုင်း အကူအညီတွေခေါ်နေရင် သူက ဘယ်လိုဟာသမျိုးဖြစ်နေမှာလဲ။ တုတ်ချိုချဉ်တွေပျောက်သွားတိုင်း သူ့အမေကို ခေါ်နေတတ်တဲ့ ကလေးလေးတွေနဲ့ သူနဲ့က ဘာကွာသွားမှာမလို့လဲ။
ကလော့တ် ဒီလိုရှက်စရာကောင်းတဲ့ဟာတွေ ဘယ်လိုလုပ်နိုင်မှာလဲ။
သူသာ ဒီလိုလုပ်လိုက်ရင် ဒါသည် သူက ဖုန့်လင်းရဲ့ပြိုင်ဘက်မဟုတ်ကြောင်း လူတိုင်းကို လိုက်ပြောပြနေ
သလိုဖြစ်သွားတာပဲလေ။
လက်အောက်ငယ်သားများခေါ်လာ
သည့်တိုင် ဖုန့်လင်းတစ်ယောက်ထဲနှင့်တိုက်ခိုက်ကာ အကုန်လုံးအရိုက်ခံခဲ့ရလေသည်။ အခုမှစ၍ ကလော့တ်သည် ကျောင်း၏ နံပါတ်နှစ် ပါရမီရှင် မဟုတ်တော့ချေ။
အရှက်ရမှုတို့အား နှိုင်းယှဉ်ရင်း
ကလော့တ်က ပါရမီရှင်ဖြစ်ရသည့် ဂုဏ်သိက္ခာတို့ကို လိုချင်လာခဲ့သည်။
သူသာ အရာအားလုံးဆုံးရှုံးသွားရင် သူ လက်ခံနိုင်ပါ့မလား။
ဒါ့ကြောင့် သူ သည်းခံရုံပဲ တက်နိုင်သည်။
“ စောင့်နေဦးပေါ့ ဖုန့်လင်းရာ ငါတို့ကး မပြီးသေးဘူးကွ ”
ကလော့တ် သူ့မျက်နှာအား ကိုင်ရင်း မတ်တတ်ရပ်လိုက်သည်။ သူ၏ဒေါသကိုဖိနှိပ်နေရသည့်အလား သူ့ခန္ဓာကိုယ်က အဆက်မပြတ်တုန်ခါနေသည်။ သို့သော် ဖုန့်လင်းအား ဆန့်ကျင်ရန် အကူအညီမဲ့နေခဲ့သည်။ အဆုံးတွင် သူ၏ မကျေနပ်မှုများကို ဖိနှိပ်ထားရုံသာတတ်နိုင်တော့သည်။
သူ လွင့်ထွက်သွားပြီးနောက်
ဖုန်လင်း၏ ပြိုင်ဘက်မဟုတ်တော့သည်မှာ သေချာပေါက်ကို ရှင်းလင်းနေပြိဖြစ်သည်။
ဒါက ဘယ်လိုတောင် အရှက်ရစရာလဲ။
သူ့နှလုံးသားထဲတွင် ဒေါသနှင့်ဝမ်းနည်းမှုတို့အား ခံစားနေရပြီး သူတစ်ဖက်လှည့်ကာ တတ်နိုင်သမျှမြန်မြန်ထွက်သွားချင်နေသည့်အလား ထွက်ခွာသွားတော့သည်။
သူ့ဆီကို မျက်နှာပျက်စရာအရှက်ရမှုတွေကို ယူလာထားသည့် ဒီလူကို နောက်ထပ်တစ်ကြိမ်ပင်မကြည့်ချင်တော့ချေ။
“ အဲ့မှာရပ်နေလိုက်စမ်း။ ”
ဖုန့်လင်း၏ ပုံရိပ်က လျှပ်တပြက်အတွင်း ကလော့တ်၏ရှေ့တွင် ပေါ်လာပြီး သူ၏လမ်းအား ပိတ်ထားလိုက်သည်။
“ မင်း ဘာလိုချင်လို့လဲ ”
ကလော့တ် သူ့အားရင်ဆိုင်ရန်အတွက် အလွန်အမင်း သတိထားနေသည်။
ဖုန့်လင်း အန္တရာယ်မရှိသည့် အပြုံးလေးတစ်ခု ထုတ်ဖော်လိုက်သည့်တိုင် သူ၏ စကားလုံးများကတော့
ကလော့တ်နှင့် သူ၏နောက်လိုက်များအတွက် ငရဲကျသွားသည့်အလားပင်။
“ မင်းတို့က ဒီအတိုင်းထွက်သွားချင်တာလား။ မင်းတို့အားလုံးက အုပ်စုဖွဲ့ပြီး ငါ့လျှို့ဝှက်ချက်ကို လိုချင်လို့ ငါ့ကို အတူတူတိုက်ခိုက်ခဲ့ကြတယ်လေ။ ငါသာ နစ်နာကြေးမရရင် မင်းတို့ကို ဘယ်လိုလုပ် ထွက်သွားခွင့်ပေးရမှာလဲ။ ဒါမျိုးက ဒီလောကကြီးထဲမှာ ကောင်းတဲ့အရာ တစ်ခုမဟုတ်ဘူးနော် ”
“ မင်း ငါ့ကို ငွေညစ်ဖို့ ကြံနေတာလား ”
ကလော့နှင့်သူ့လူတစ်သိုက်တို့ မျက်လုံးများ ပြူးကျယ်သွားကာ သူတို့ကြားနေသည့်အရာကို မယုံရဲကြပေ။
“ မင်းဘာပြောလိုက်တာလဲ။ ဒါက ငွေညစ်တယ်လို့ဘယ်လိုလုပ်ပြောလို့ရမှာလဲ။ ”
ဖုန့်လင်း တည်ငြိမ်စွာပြုံးလိုက်လေသည်။
“ ဒါက ငါ့ရဲ့စိတ်နဲ့ ဝိဥာဉ်ကို နှောက်ယှက်ပြီး ငါ့ကို အရမ်းကြောက်သွားအောင်လုပ်တဲ့အတွက် နစ်နာကြေးလေးပါပဲ။ မင်းတို့ရဲ့ တိုက်ခိုက်မှုတွေကိုခုခံဖို့ သုံးလိုက်ရတဲ့အားတွေကို ပြန်ဖြည့်ဖို့ ဆေးဖိုးနည်းနည်းလေးလဲလိုသေးတယ်လေ။ ”
သူ့စကားလုံးများက ကလော့တ်နှင့် သူ့လက်အောင်ငယ်သားတို့ကို သွေးအန်ထွက်လာလောက်သည့်အထိဒေါသထွက်သွားစေသည်။
“ စိတ်ကူးယဉ်နေတာ ရပ်လိုက်တော့ ”
သူတို့ ဒေါသထွက်ကာ အော်ဟစ်လိုက်ကြလေသည်။
“ အိုး..ငါ့မှာတခြားနည်းမရှိတော့ဘူးပဲ ”
ဖုန့်လင်း ခေါင်းကိုခါလိုက်ပြီး သူ၏ကိုယ်ပိုင် မိုက်ခရိုချစ်ပ်တစ်ခုကို အသက်သွင်းလိုက်ပြီး လေထဲတွင် မြင်ကွင်းတစ်ခုပြသလိုက်လေသည်။
“ မင်းရဲ့ ပေါက်ကွဲပြီးတိုးတက်လာတာကနေ လွှမ်းမိုးနိုင်တဲ့ စွမ်းဆောင်ရည်တွေရလာတယ်ဆိုတာ မင်းက ကောင်းကင်လောက် ကံကောင်းမှုတွေ ကြုံခဲ့ရတာမလား။ မင်းသာ အဲ့ဒီလျှို့ဝှက်ချက်ကိုပြောပြရင် ငါ မင်းကို ကြယ်ဒင်္ဂါး ၁၀၀၀၀ ပေးမယ်ကွာ။ မင်းလို နိုင်ငံသေးသေးလေးက တောသားလေးက ကြယ်ဒင်္ဂါး ၁၀၀၀၀ မြင်ဖူးမှာ မဟုတ်ဘူးလို့ငါပြောရဲတယ်ကွာ။ ဟုတ်တယ်မလား ”
မြင်ကွင်းထဲတွင် ရင်းနှီးနေသည့် အသံနှင့်ပုံတစ်ပုံအား မြင်ရနိုင်သည်။
ကလော့တ်နှင့် သူ့နောက်လိုက်များမှာ သူတို့မျက်လုံးများ သူတို့ခေါင်းမှထွက်ကျတော့မလိုပင်ဖြစ်နေကြလေသည်။ လက်ရှိ သူတို့အားလုံး၏မျက်နှာများတွင် ကြောက်လန့်သည့် အမူအရာတို့ရှိနေကြလေသည်။
သူတို့ ခြောက်လှန့်ကာ တောင်းနေကြခြင်းကို ဖုန့်လင်းက အမှန်ပင် မှတ်တမ်းတင်ထားလေသည်။သူ ဒီလိုဖြစ်ရပ်မျိုး ဖြစ်လာမှာကြိုသိလို့ ပြင်ဆင်ထားတာလား။
“ ရွေးစရာမရှိတော့ဘူးပဲ။ မင်းတို့ကငါ့ကို ကိုယ်ထိလက်ရောက်ကျူးလွန်တယ်။ အဲ့တာကြောင့် ငါက နစ်နာကြေးတချို့ရရမယ်။ ဒါက တရားဝင်တဲ့တောင်းဆိုမှုတစ်ခုပဲလေ။မင်းတို့က ပေးဖို့ငြင်းနေမှဆော့ ငါက ဒီမှတ်တမ်းလေးကို ကျောင်းကိုယူသွားပြီး ကြယ်တာယာကွန်ရက်ကို တင်လိုက်ဖို့သွားပြောလိုက်မယ်လေ။အဲ့အချိန်ရောက်ရင် ကြယ်တာယာခေတ်ကလူတိုင်းက ကျောင်းသားတစ်ယောက်ထဲကို အုပ်စုလိုက်အနိုင်ကျင့်တဲ့ မင်းတို့တွေက ဘယ်လောက်တောင်သူရဲကောင်းဆန်လဲဆိုပြီး လေးစားနေနိုင်တာပေါ့။အဲ့တာဆိုလည်း ငါ တကယ်လုပ်လိုက်ရင် ငါ့ကို အပြစ်မမြင်ပါနဲ့ကွာ။ ”
ဖုန့်လင်း တစ်ချိန်လုံး အဓိပ္ပါယ်အပြည့်ဖြင့် ပြုံးနေခဲ့၏။
“ ဘယ်လိုတောင်ယုတ်မာတာလဲ။ မင်းက အငြိုးကြီးလွန်းတာပဲ ”
ကလော့နှင့်သူ့လက်အောက်ငယ်သားများ သွေးအန်ချင်သွားသည်။
သူတို့က ကြက်ကိုခိုးချင်ပေမယ့် မျှားဖို့ ငါးစာဆုံးတာနဲ့ပဲ အဆုံးသတ်သွားခဲ့ရတယ်။ ထိုကဲ့သို့ပင် သူတို့အနေနဲ့ အစက ဖုန့်လင်းထံမှ လျှို့ဝှက်ချက်ကို ခြိမ်းခြောက်တောင်းယူချင်ခဲ့ကြသည်။ ထိုအစား လက်ရှိတွင် ဖုန့်လင်းက ငွေညစ်တာခံနေခဲ့ရသည်။ အသာတကြည်ပေးလိုက်ရုံပင် တတ်နိုင်ကြလေသည်။
မှတ်တမ်းသာ ရောက်သွားပါက သူတို့ အနာဂါတ်ကအဆုံးသတ်သွားကာ ကျောင်းတွင်းမှ သူတို့၏နာမည်များလည်း ညှိုးနွမ်းသွားကြပေလိမ့်မည်။
“ ငါမင်းကို မှတ်တမ်းတင်ထားတာ ဖျက်ဖို့ ကြယ်ဒင်္ဂါး ၁ထောင်ပေးမယ်။ ''
ကလော့တ်က ဖုန့်လင်းကို သူ၏မျက်နှာထက်မှ အရုပ်ဆိုးသောအမူအရာနှင့်စိုက်ကြည့်နေခဲ့သည်။
“ မင်းက ငါ့ကို သူတောင်းစားများထင်နေတာလား..ဟမ် ”
ဖုန့်လင်း သူ၏ခေါင်းကိုခါလိုက်လေသည်။ သူတို့နှင့် စကားပြောပြီး အနှောက်အယှက်ဖြစ်ခံမည့်အစား ရှေ့ကိုပြေးဝင်သွားလိုက်လေသည်။
“ မင်းဘာလုပ်ချင်တာလဲ။ ”
“ ငါ့ဒင်္ဂါးတွေကို လွှတ်လိုက်စမ်း ”
“ မင်းက ငါ့ရဲ့ အဆင့်မြင့်အာဟာရဖျော်ရည်ကို လုယူရဲတာလား ”
…..
ဖုန့်လင်း ငြင်းပယ်မှုများကို လစ်လျူရှုကာ ညှာတာမှုမရှိစွာလှုပ်ရှားနေပြီး
ကလော့တ်နှင့်သူ့နောက်လိုက်များထံမှ ဆွဲလုနေလေသည်။
ထိုလူများက ဖုန်လင်းကို မယှဉ်နိုင်ကြသည်မှာ သိသာထင်ရှားနေသည်။ ထို့ပြင် သူတို့အား ဆန့်ကျင်ရန်အသုံးပြုနိုင်သည့် မှတ်တမ်းတစ်ခုလည်းရှိနေသေးသည်။ သူတို့ဒေါသကြောင့်အော်ဟစ်နေကြသော်လည်း ခုခံမှုမလုပ်ရဲကြပေ။
ဖုန့်လင်း၏ရိတ်သိမ်းမှုမှာ စုစုပေါင်းဆိုလျှင် ကြယ်ဒင်္ဂါး ၁သိန်း၊ အလယ်အဆင့်အာဟာရဖျော်ရည် ပုလင်းနှစ်ဆယ်၊ အစိမ်းရောင်နတ်ဘုရားအမျိုးအစား-၃အာဟာရဆေးဝါး နှစ်ပုလင်း၊ အထူးပရိုတိန်းဝေစုသုံးခု တို့ရရှိခဲ့လေသည်။ အားလုံးထဲမှ အများစုသည်
ကလော့တ်ထံမှဖြစ်သည်။
ဘယ်လောက်တောင် ကောင်းတဲ့လူလဲ။
ဖုန့်လင်း အလွန်အမင်းကျေနပ်နေခဲ့လေသည်။ နောက်လိုက်များသည်ပင် ချမ်းသာကြလေသည်။ သူတို့ကိုယ်တိုင် သူ့ဆီလာပို့ပေးချင်နေကတည်းက သူကလည်း ဤအခွင့်အရေးကိုယူကာ အမြတ်ကြီးကြီးမားမား ယူလိုက်လေသည်။
သူ၏ရိတ်သိမ်းမှုအား လုပ်ပြီးနောက် ထိုလူများကို ဂရုစိုက်မနေဘဲ သူ့မျက်နှာထက်တွင် ကျေနပ်နေသည့်အပြုံးဖြင့်ထွက်ခွာသွားလိုက်၏။ ထိုလူများသောင်းကျန်းမည်ကို စိုးရိမ်မနေချေ။
ကလော့တ်နှင့်သူ့နောက်လိုက်များမှာ နေရာတွင်နေရစ်ခဲ့ကြလေသည်။ သူတို့မျက်နှာများက လုံးဝနီရဲနေကာ သူတို့၏ ခန္ဓာကိုယ်များကလည်း သူတို့၏ ခံစားချက်များကို ဖိနှိပ်ထားရသည့်အတွက် အပြင်းအထန်တုန်ခါနေကြလေသည်။
သူတို့သာ ဒဏ္ဍာရီလာမျိုးဗီဇများရှိမနေပဲ အသက်စွမ်းအင်သာမြင့်မနေပါက သေချာပေါက်ပင် ဒေါသထွက်လွန်း၍ သွေးအန်နေလောက်ပြီဖြစ်သည်။