အခန်း (၁၈၃)
Vol. 14 Ch. 183
ထိုအချိန်မှာ မားပါ့ အလွန်စိတ်ရှုတ်ထွေး သွားသည်။ လင်းဖေးဟန်ဆိုတာ မိဘ အမွေအားကိုးနဲ့ ထိပ်ဆုံးကိုရောက်နေတဲ့ ဒုတိယမျိုးဆက် သူဋ္ဌေးသား တစ်ယောက်လို့ပဲ သူထင်ခဲ့မိပေမဲ့ အခုချိန်မှာ သူ့အတွေးက မှားယွင်းခဲ့မှန်း သဘောပေါက်သွားပြီ။ လင်းဖေးဟန်က သူ့ရဲ့ ကျန်းမာရေး အခြေအနေကို အရမ်းကို မှန်ကန်စွာ ပြောထုတ်နိုင်မယ် မထင်ထားမိဘူး။
လင်းဖေးဟန် သူ့ကို စုံစမ်းထားမှန်း မတွေးထားမိဘူး။
နဂါး အဖွဲ့ကို ဝင်လိုက်ပြီးကတည်းက သူ့ရဲ့ အချက်အလက်တွေက ထိပ်သီး လျှို့ဝှက်ချက် ဖြစ်လာသည်။ အခုလဲ သူက တရားမဝင် နေထိုင်နေရတာဖြစ်ပြီး မှတ်တမ်းအရ သူက ကမ္ဘာကြီးပေါ်မှာ မရှိတော့တဲ့ သူမျိုးပဲ။
မားပါ့ရဲ့ ဝေဝါးနေတဲ့ မျက်လုံးများကို မြင်တော့ လင်းဖေးဟန် ချက်ချင်းပြောလိုက်သည်။
“ ခင်ဗျားဘာလို့ ပုန်းကွယ်နေလဲ ကျွန်တော် မသိဘူး။ အဲဲ့ဒီရဲသားတွေနဲ့ ခင်ဗျားတစ်ကယ်ပဲ မပတ်သတ်ချင်ဘူးဆိုရင် ခင်ဗျားက ကျွန်တော့်ရဲ့ ဘော်ဒီဂတ်လို့ ယာယီ ပြောထားပေးလို့ရတယ်။ ကျွန်တော်က လင်းအုပ်စုရဲ့ သခင်လေးပဲ။ ရဲတွေက ကျွန်တော့်မျက်နှာ ထောက်ကြမှာပါ”
“ ကျွန်တော်ပဲ ခင်ဗျားရဲ့ရောဂါကို ကုပေးနိုင်တယ်။ ကျွန်တော့်ကိုယုံရင် ဒီမှာ နေနိုင်တယ်။ မယုံလို့သွားချင်သပဆိုလဲ ရတယ်”
လင်းဖေးဟန် အေးစက်စွာ ပြောပစ်လိုက်သည်။ ထို့နောက်မှာ အရှေ့တိုးကာ အပြင်ကရဲသားတွေကို အော်ပြောလိုက်သည်။
“ ဝင်ပေါက်တံခါးကို ပိတ်ထားတယ်။ ခင်ဗျားတို့ အားသုံးပြီး ဖျက်ပစ်နိုင်တယ်!”
လင်းဖေးဟန် မားပါ့ကို ဆက်ပြီး ဂရုမစိုက်တော့ပေ။ သူ့လိုမျိုး ခေါင်းဆောင် ဖြစ်ခဲ့ဖူးတဲ့သူတွေမှာ ဆိုးဝါးတဲ့ ဒေါသတွေ ရှိကြသည်။ မင်းရဲ့ဒေါသက သူတို့ထက် ပိုဆိုးဝါးနေသရွေ့ မင်းသူတို့ကို လန့်အောင် လုပ်နိုင်မှာပဲ!
ရဲသားတစ်ယောက်သည် တံခါးကို အကြမ်းပတမ်း ဖွင့်လိုက်သည်။
လင်းဖေးဟန် အခန်းတံခါးကနေ ထွက်လိုက်ချိန်မှာပဲ ချက်ချင်းအံ့သြသွားရသည်။ အပြင်မှာ စစ်ပွဲ ဖြစ်ထားသလိုပဲ။ လက်နက် အစုံနဲ့ ရဲသားတွေကို live action ကြည့်နေသလို မြင်ရမှာနော်။ အနည်းဆုံး အယောက်ခြောက်ဆယ် လောက်ရှိသည်။
ရဲကားတွေမှာလဲ ကျည်ဆံပေါက်တွေ အပြည့်ဖြစ်နေပြီး နေရာအနံ့မှာ မှန်ကွဲစတွေ ပျံ့ကျဲနေသည်။ သိပ်မဝေးတဲ့ အဝေးတစ်နေရာမှာ များစွာတဲ့ ဆေးဝန်ထမ်းတွေ ရှိပြီး ဒဏ်ရာရတဲ့သူတွေကို ကုသပေးနေသည်။ လေထု တစ်ခုလုံး အလွန်အမင်းကို ပျက်ဆီးယိုယွင်းနေသည်!
ဟန်ရှောင်ပင်းက အမိန့်ဆန်ဆန် ငယ်သားတွေကို အမိန့်ညွှန်ကြားနေခဲ့သည်။ လင်းဖေးဟန် စားသောက်ဆိုင်ထဲကနေ အရှေ့ထွက်လာတာကို မြင်တာနဲ့ သူမ အမြန် အရှေ့တိုးလာပြီးမေးလာသည်။
“ မစ္စတာလင်း အဆင်ပြေရဲ့လား?”
လင်းဖေးဟန်ကို သူမ မကြိုက်လှဘူးဆို ပေမဲ့ ရဲမေတစ်ယောက်ရဲ့ ဝတ္တရားအရတော့ နစ်နာသူကို မေးမြန်းရအုံးမှာပဲ။
လင်းဖေးဟန် ခေါင်းရမ်းပြလိုက်ကာ
“ ငါအဆင်ပြေပါတယ်။ ဒါပေမဲ့မင်းကော..”
လင်းဖေးဟန် မတတ်နိုင်စွာ သက်ပြင်း ချလိုက်သည်။
ဒါက သူတို့ရဲ့အလုပ်ပဲဆိုပေမဲ့ လင်းဖေးဟန် အနည်းငယ် အပြစ်ရှိစိတ် ခံစားနေရသည်။
တစ်ကယ်ကို စစ်ဖြစ်သွားတာပဲ။ လုံးဝ စစ်မြေပြင်!
အခုလို ကိစ္စတွေက အနာဂတ်မှာ များစွာ ကြုံရအုံးမှာကို လင်းဖေးဟန် သိပါသည်။ သူ သန်မာသင့်ပြီး စိတ်ခံစားချက် မလွယ်ကူ နေသင့်ဘူး။ ဒါပေမဲ့ အခုမြင်ကွင်းကို မြင်ရတာ လင်းဖေးဟန့်အတွက် တွန့်ဆုတ်မှုကို ဖြစ်ပေါ် စေဆဲပဲ!
လင်းဖေးဟန်ရဲ့ အတွေးတွေကို သတိထားမိ သွားတော့ ဟန်ရှောင်ပင်း မတတ်နိုင်စွာ လင်းဖေးဟန်ကို လေးစားမိသွားသည်။
လူကြီးလူကောင်းလဲ ဆန်ပြီး အခုလို မေတ္တာကြီးတဲ့ လူဆိုတာ လူချမ်းသာ အသိုင်းအဝိုင်းမှာ ရှားပါးလွန်းရုံသာ မက သာမာန်လူအများစုကြားမှာတောင် ရှာမတွေ့ နိုင်ဘူး။
ဟန်ရှောင်ပင်း ရင်ထဲထိသွားပြီး ပြုံးကာ နှစ်သိမ့်လိုက်သည်။
“ မစ္စတာလင်း အများကြီးမတွေးပါနဲ့။ ကျွန်မတို့ဘက်မှာ အသေအပျောက် မရှိပါဘူး။ ကျည်ဆံအနည်းငယ် ခြစ်မိသွားတဲ့ လူတစ်ချို့ပဲ ရှိတယ်။ အဆင်ပြေပါတယ်!”
ဟန်ရှောင်ပင်းရဲ့ စကားကိုကြားတော့မှ လင်းဖေးဟန် စိတ်သက်သာသွားသည်။
ထိုအချိန်မှာ အဝေးတစ်နေရာကနေ လူတစ်ချို့ ပြေးလာနေကြသည်။ အားသောင်နဲ့ တစ်ခြား နောက်ကျနေကြတဲ့သူများပင်။
“ တောင်းပန်ပါတယ် သခင်လေး ကျွန်တော်တို့ နောက်ကျသွားတယ်!”
အားသောင်အနောက်က အနက်ရောင် ဝတ်စုံပြည့်နဲ့ ဘော်ဒီဂတ်များက ပိုပြီး စိတ်လှုပ်ရှားစွာ လင်းဖေးဟန်ရဲ့ မျက်နှာကို ကြည့်နေကြပြီး သူတို့ရဲ့အသံက တိုးညှင်း နေခဲ့သည်။
ဝမ်တကုံတစ်ယောက်ပဲ အရူးလို ရယ်မော နေတာပင်။ သူ့ရဲ့ လက်ထဲတွင် ပေါက်စီပုံ မပေါက်တော့သော ပေါက်စီတစ်လုံးကို ကိုင်ထားသည်။ အခု အခြေအနေတွေကြောင့် သူ ထိခွင့်ကို မရနေခဲ့တာလေ။
လင်းဖေးဟန် ရင်ထဲထိသွားပြီး ဝမ်တကုံရဲ့ ခေါင်းကို စိတ်ပါလက်ပါ အားနဲ့ ပုတ်လိုက်ကာ အပြုံးတုနဲ့ပြောလိုက်သည်။
“ မင်းတော့ ဝတော့မှာပဲ”
“ ဟီးဟီး ကျွန်တော် ဒီရက်ပိုင်း ပေါက်စီ ပိုစားဖြစ်နေတယ်။ ခေါင်းဆောင်ငယ် ပြောတာ ညဘက် ပေါက်စီစားပေးရင် သန်မာတယ်တဲ့။ တစ်ခေါက်က ကျွန်တော်နဲ့အတူ သွားကြပြီး ညဘက်ကြီး သွားစားကြသေးတယ်။ အဲ့ကတည်းက ကျွန်တော် ကြိုက်သွားတာ။ ဒါပေမဲ့ တစ်ယောက်ထဲ သွားစားရမှာ ရှက်လို့ လိုင်းပေါ်ကပဲ ဒလီ အပ်စားဖြစ်တယ်”
လင်းဖေးဟန် ခါးသက်စွာ ပြုံးလိုက်သည်။
ငါ့အထင် ခေါင်းဆောင်ငယ် ပြောတဲ့ (ပေါက်စီ) က မင်းထင်တဲ့ ပေါက်စီနဲ့ မတူလောက်ဘူး။ ငါ့ကောင်!
လင်းဖေးဟန် ခေါင်းပဲ ညိတ်ပြလိုက်ကာ
“ အင်း ။ အဲ့ကောင်နဲ့ သွားမစားနဲ့။ မင်းစားချင်တာကို ငါသူဋ္ဌေးကိုလာပြော။ ငါက မွဲနေတဲ့သူမဟုတ်ဘူး!”
“ ဟီးဟီး သူဋ္ဌေးက အရမ်းကောင်းတာပဲ။ အစောက ကျွန်တော်နည်းနည်း ဗိုက်ဆာနေ သေးလို့ရယ်။ မဟုတ်ရင် သူတို့တွေကို ပိုရိုက်နိုင်မှာ။ ခဏနေကျရင် ပေါက်စီ အလုံးလေးဆယ် စားပစ်ပြီး အားတွေ ရှိလာတာနဲ့ အဲ့ကောင်တွေအကုန်လုံးကို ရှာပြီး ရိုက်သတ်ပစ်မယ်!”
လင်းဖေးဟန် လန့်ပြီး အရူးကောင် ဝမ်တကုံရဲ့ ပါးစပ်ကို အမြန်ပိတ်ပေးလိုက်သည်။ ဟန်ရှောင်ပင်းကို မဲမှောင်နေတဲ့မျက်နှာနဲ့ လှည့်ကြည့်လိုက်ပြီး ချက်ချင်းပဲ တုန်ယင်သွားသည်။
ရဲအရှေ့လာပြီး သတ်မယ်၊ ဖြတ်မယ် တစ်ကဲကဲ လုပ်နေတာ အသေအချာကို ဒါဒီကောင် ရဲကို အဖက်မလုပ်တဲ့အထာပဲ!
“ သူဋ္ဌေးပြောတာ နားထောင်စမ်းပါ။ ပေါက်စီစားပြီးရင် အိပ်ယာထဲမှာနားပြီး လိမ္မာတဲ့ မင်းက စာပဲလေ့လာလိုက်။ ဟုတ်ပြီလား?”
လင်းဖေးဟန် ဝမ်တကုံကို ဆက်စကား မပြောရဲတော့ဘူး။ ဒီကောင်က ထိတ်လန့်စရာတွေကြည့် ပြောတတ်သည်။ ခဏနေရင် ဘာတွေထပ်ပြောလာမလဲ ဘယ်သူ သိမှာလဲ?
ထိုအချိန်မှာ လင်းဖေးဟန် အားသောင်ဘက်ကို လှမ်းပြောလိုက်သည်။
“ မင်းတို့ တစ်ကယ်ပဲ လူသတ်သမားနဲ့ တွေ့ခဲ့တာလား?”
လင်းဖေးဟန် သူတို့ကို အပြစ်မတင်ခဲ့ဘူး။ ဘာလို့ဆို သူတို့တွေ လူသတ်သမားနဲ့ ကြုံနေ ကြရလို့ဆိုတာ သူသိပြီးသားလေ။
လင်းဖေးဟန်ရဲ့ စကားကိုကြားတော့ အားသောင်ရဲ့မျက်နှာက အပြစ်ရှိစိတ် ပေါက်သွားကာ ခေါင်းငုံ့သွားပြီး လေသံတိုးနဲ့ ပြောလာသည်။
“ ကျွန်တော်တို့ ထွက်လာတာနဲ့ သေနတ်နဲ့ လူသတ်သမားနှစ်ယောက်နဲ့ တွေ့ရတယ်။ သူတို့တွေက လမ်းကိုဘယ်ညာ ခွဲ စောင့်နေကြတော့ ကျွန်တော်တို့တွေ သူတို့နဲ့ တိုက်နေရတာ။ အဆုံးမှာ ကြွက်နဲ့ ဖက်တီးတို့ အရှေ့ထွက်ပြီး စွန့်စားပေးတာမို့သာ ကျွန်တော်တို့ဘက်က ပြန်တုံ့ပြန်ချိန် ရခဲ့တာ!”
အားသောင်ရဲ့ ပြောပြချက်အရ ဖက်တီးနဲ့ ကြွက်နဲ့က စတေးပေးလိုက်ရပုံပဲ!
လင်းဖေးဟန် အခုတစ်ခေါက်မှာ သူ့ရဲ့ အဖွဲ့သားအားလုံးကို အတူခေါ်ခိုင်းခဲ့သည်။ ဒါပေမဲ့ လေ့ကျင့်ရေးဆင်းချိန်မှာ တစ်ယောက်ချင်းဆီကို ကုဒ်နဲ့ နာမည် ပေးချိန် မရခဲ့ဘူး။ သူတို့ကို စီမံပြီး နာမည်ပေး ထားသူက အားသောင်ပဲ ဖြစ်သည်။
ဒီတော့ အဲ့ဒီလူနှစ်ယောက်ရဲ့ သေဆုံးမှုက သူ့အတွက်အရမ်းစိတ်ထိခိုက် စရာ မဖြစ်ခဲ့ဘူး။ အနည်းငယ်သာ အပြစ်မကင်းသလို ခံစားမိပြီးခဏနေတော့ ပျောက်သွားသည်။
ဒါပေမဲ့ ဒီလူတွေက သူ့အတွက်အလုပ်လုပ် ပေးနေကြတာလေ။ ကျန်တဲ့သူတွေလဲ သူ့ကို ကြည့်နေကြတုန်းပဲ။ ဖက်တီးနဲ့ ကြွက် သေသွားခဲ့ရတာ သူ့ကြောင့်ပဲကို သူ ဘယ်လိုလုပ် ဘာမှမဖြစ်သလို နေနေလို့ ဖြစ်မှာလဲ?
လင်းဖေးဟန် သက်ပြင်းချလိုက်ပြီး အားသောင်ရဲ့ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။
“ ငါ အဲ့ဒီညီကိုနှစ်ယောက်ကို ကောင်းကောင်း သင်္ဂြိုလ်ပေးပြီး သူတို့ရဲ့ မိသားစုကို ကောင်းကောင်း ဆက်ဆံပေးမှာပါ။ မင်းလဲ ပြန်ပြီးစောစောနားတော့!”
“ သခင်လေး.. ကျွန်တော်” အားသောင် တုံ့ဆိုင်းနေခဲ့သည်။
“ သခင်လေး ကျွန်တော် ဖက်တီးနဲ့ ကြွက်အစားကျေးဇူးတင်ပါတယ်”
“ သခင်လေးက တစ်ကယ်ကို စိတ်ထားကြီးပြီး ကြင်နာတတ်တဲ့သူပဲ!”
“ သခင်လေးနောက်ကို လိုက်ရတာ ထိုက်တန်တယ်”
“ ဟုတ်တယ်၊ သခင်လေးနောက်ကို သေတဲ့အထိ လိုက်မှာ!!”
လင်းဖေးဟန် စိတ်ထဲမှာ ကြိတ်ပျော်သွားသည်။ ဒီလောက်များတဲ့ လူတွေရဲ့နှလုံးသားကို အနိုင်ယူနိုင်မယ် မထင်ခဲ့မိဘူး။
ကြည့်ရတာ ငါက ဗျူဟာမာစတာတင် မဟုတ်ပဲ နှလုံးလှတဲ့ မိခင်သဖွယ် မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ထူး ဖြစ်နေပုံပဲ။ လိုအပ်လာရင် ကလေးတွေကို စာနာတတ်သလိုမျိုး လိုအပ်လာရင် ‘ကမ္ဘာမီးလောင် သားကောင်လဲ ချနင်းတတ်ရမယ်’..
လင်းဖေးဟန် တည်ငြိမ်စွာပြောလိုက်သည်။
“ ဒီတစ်ခေါက် အခြေအနေက တော်တော်လေး ထူးခြားတယ်။ မင်းတို့တွေ အကောင်းဆုံး ကြိုးစားခဲ့တာ ငါသိတယ်။ ဘာတွေဖြစ်ဖြစ် အရေးမကြီးဘူး။ အကုန်လုံးပင်ပန်းသွားကြပြီ။ သွားနား ကြတော့!”