← Chapters

အခန်း (၁၈၄)

Vol. 14 Ch. 184

အခန်း (၁၈၄)

Vol. 14 Ch. 184

“ဒါနဲ့ အဲ့ဒီထဲမှာ ငါတို့ရဲ့ ညီကိုနောက် တစ်ယောက် ရှိအုံးမယ်။ သူအခု ဒဏ်ရာရနေတယ်။ ငါတို့ဆေးရုံရဲ့ VIP ခန်းကို ခေါ်သွားပေးဖို့ မမေ့နဲ့အုံး။ သူငါ့ကို ကယ်ခဲ့တာ။ ငါသူ့ကို ယဥ်ယဥ်ကျေးကျေး ဆက်ဆံမှရမယ်”

လင်းဖေးဟန် လက်ယမ်းပြလိုက်ပေမဲ့ သူ့ရဲ့ လေသံက ပုံမှန်လို မဟုတ်ပေ။

အားသောင်နဲ့ တစ်ခြားသူတွေ ဘာတွေတွေးနေလဲ သူဘယ်လိုလုပ် မသိဘဲ နေမလဲ? သူက အပြစ်မတင်ခဲ့တော့ အားသောင်တို့ ပိုပြီး အပြစ်ရှိစိတ် ခံစား နေကြရတာပဲ။

အားသောင်နဲ့ တစ်ခြားသူတွေကို ဆူပေးလိုက်ရင် သူတို့ပိုပြီး ခံစားလို့ ကောင်းသွားလောက်လား? ဒါပေမဲ့လဲ လင်းဖေးဟန် သူတို့ကို တစ်ကယ်ကို အပြစ်မတင်ချင်ဘူး။ ပြောရရင် တစ်ဖက် အဖွဲ့မှာ သေနတ်ရှိပြီး သူတို့မှာမှ မရှိကြတာ။ ဒါ့အပြင် သူ့ဘက်က လူအများစုက တိုက်ပွဲတွေမှာ မပါဖူးတဲ့သူတွေမို့ သူတို့ရဲ့ တိုက်ခိုက်စွမ်းရည်က တူညီတဲ့ အဆင့်မှာ မရှိဘူး!

လင်းဖေးဟန်ရဲ့ အမိန့်ကိုကြားတော့ အားသောင် ခေါင်းညိတ်ပြပြီး အနောက် လှည့်ကာ ညီကိုတွေနဲ့အတူ ထွက်သွား လိုက်သည်။

အစကတော့ ဝမ်တကုံက ထွက်သွားဖို့ တွန့်ဆုတ်နေသေးသည်။ လင်းဖေးဟန်က အိမ်မှာ ပေါက်စီ အလုံးလေးဆယ် သေချာပေါက် ရှိနေမယ်လို့ ကတိပေးလိုက် မှသာ ကျေကျေနပ်နပ်နဲ့ အားသောင် အနောက်ကို လိုက်သွားခဲ့တာပင်။

တစ်ချိန်ထဲမှာ မြင်ကွင်းတစ်ခုလုံးရဲ့ ဗရုတ်သုတ်ခ အဖြစ်အပျက်များကို အခြေခံအားဖြင့် ဖြေရှင်းပြီးသွားပြီ။ ဟန်ရှောင်ပင်းလဲ မြို့တော်ဗျူရိုကို ပြန်သွားပြီး မသွားခင်မှာ လင်းဖေးဟန်နားကို ကပ်နှုတ်ဆက် သွားသည်။ သူမက ရဲမေ တစ်ယောက်မို့ အလုပ်ကိစ္စကိုပဲ ဦးစားပေးရမည်လေ။ ဒါနားလည်ပေးလို့ ရသည်။

ဒါပေမဲ့ ဟန်ရှောင်ပင်းက အရမ်းကို စဥ်းစားပေးစွာနဲ့ ရဲသားတစ်စုကို လက်နက် အစုံအလင်နဲ့ လင်းဖေးဟန်ရဲ့ လုံခြုံရေးအတွက် ထားပေးထားခဲ့ပြီး အဲ့ဒီ သွေးဝိညာဥ်ဂိုဏ်းရဲ့ လူသတ်သမားတွေ ပြန်လာမှာကနေ တားဆီးပေးသွားသေးသည်။

အနောက်တိုင်း စားသောက်ဆိုင်ရဲ့ လျှပ်စစ်မီးလဲ ပြန်ရသွားပြီး လှေကားအောက်က အလောင်းကိုလဲ ဆေးဝန်ထမ်းများ ရှင်းလင်းပြီးသွားပြီ။

လင်းဖေးဟန်ကိုလဲ ရဲတွေက ဗီလာထိ လိုက်ပို့ဆောင်ပေးခဲ့သည်။

လင်းဖေးဟန် သူ့ရဲ့ အိပ်ခန်းထဲကို ဝင်ပြီးပြီးချင်းမှာပဲ သူ့ရဲ့မျက်နှာက အလွန်ကို မဲမှောင်သွားသည်။

လင်းဖေးဟန်က အမြဲတမ်း ကိုယ့်ကိုယ်ကို သတိကြီးတဲ့သူလို့ ထင်နေခဲ့သည်။ အမြဲတမ်း ကိစ္စတွေကို ကိုင်တွယ်တဲ့နေရာမှာလဲ အများကြီး စဥ်းစားလုပ်ကိုင်ခဲ့သည်။ အခု ဖြစ်ရတဲ့ကိစ္စက ဒါတွေကြောင့်ပဲ။

လင်းဖေးဟန် အခုလိုမျိုး ကိုယ့်ကိုယ်ကို သတိကြီးပါတယ်ဆိုပြီး အယုံမမှားတော့ဘဲ သတိမမူဘဲကိစ္စတွေကို နည်းနည်းလေးမှ မလုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်သည်။ အခုလို အန္တာရယ်ကြီး ထပ်ကျလို့မဖြစ်ဘူး!

ဗီလိန်တစ်ကောင်ရဲ့ သွေးအေးပြီး လုပ်ချင်ရာ လုပ်တယ်ဆိုတဲ့ စရိုက်ကို လင်းဖေးဟန် နောက်ဆုံးတော့ ကောင်းကောင်း နားလည်သွားသည်။

ဥပမာပြောရရင် လီယွင်လုံကို သူ တိုက်ရိုက်တိုက်ခိုက်ပစ်ခဲ့လို့ ရသည်။ ဒါပေမဲ့ ယဲ့ဖန်းက ပိုပြီးအန္တရာယ်များတဲ့ သူလို့ ယူဆမိတဲ့ သူ့ရဲ့ စိတ်ကြောင့် လီယွင်လုံက အခွင့်အရေးယူပြီး အခုလို လူအများကြီးနဲ့ ပွဲကြမ်းခွင့် ရသွားတာပဲ။

နောက်တစ်ခေါက် လိုအပ်လာပြီဆိုတာနဲ့ တစ်ဖက်လူကို ကြမ်းတမ်းတဲ့နည်းလမ်း သုံးပြီး မြန်မြန်ရှင်းပစ်ရမယ်!

ကြမ်းတမ်းတဲ့နည်းလမ်းဆိုတာ သေချာပေါက် သေနတ်တွေနဲ့ သတ်ပစ်ဖို့ လူအုပ်လိုက် စေလွှတ်တာမျိုး ဘယ်ဟုတ်မလဲ? အဲ့တာကြီးက တုံးအလွန်းသည်။

ပြောရရင် သူ တစ်စုံတစ်ယောက်ကို ရင်ဆိုင်ချင်တာနဲ့ အဲ့တာကို ဖုံးကွယ်နေဖို့ မလိုတော့ဘူး။ အဲ့ဒီလူကို ကြံစည်ပြီး အပြစ်ပုံချဖို့ဆိုတာ ပိုတောင်ဝေးသေး။ ဗီလိန်အစစ်က အဲ့ဒီလိုအရာတွေကြောင့် အလုပ်ရှုတ်ခံမှာ မဟုတ်ဘူး!

ငါမင်းကို သတ်ချင်ရင် မျက်နှာချင်းဆိုင်ပြီးကို တည့်သတ်ပစ်မှာ။ မင်းဘာလုပ်ချင်လဲ?

အဲ့လိုမျိုး အထက်စည်းဆန်တဲ့ စိတ်ဓာတ်ရှိမှ ဗီလိန်လို့ သတ်မှတ်နိုင်မှာပေါ့။

စိတ်ပိုင်းဆိုင်ရာ ရုတ်တရက် ပြောင်းလဲမှုက လင်းဖေးဟန်ကို စနစ်ကို ပိုင်ဆိုင်ရခြင်းရဲ့ စစ်မှန်တဲ့ အဓိပ္ပါယ်ကို နားလည်သွားစေသည်။

မင်း မကြိုက်ရင် အဲ့ဒီလူကို ဆော်သာဆော်ပစ်!

လင်းဖေးဟန် တွေးတောမှု ပြီးတဲ့နောက်မှာ ယန်ရှောင်းရွှယ်ကို လုံခြုံကြောင်း သတင်းပေးဖို့ ဖုန်းဆက်လိုက်သည်။

သူမရဲ့ ဖုန်းက ကျကွဲသွားပေမဲ့ ဆင်းကဒ်က အလုပ်လုပ်သေးသည်။ လင်းဖေးဟန်ရဲ့ ဖုန်းလဲ ရစရာမရှိတော့ဘူးဆိုပေမဲ့ လင်းမိသားစုရဲ့ သခင်လေးက ဘယ်လိုလုပ် ဖုန်းတစ်လုံးထဲ ကိုင်မှာလဲ?

ယန်ရှောင်းရွှယ်ကို ဆက်ပြီးပြီးချင်းပဲ လင်းဖေးဟန် အားသောင်ကို ဖုန်းဆက်လိုက်သည်။ တစ်ဆက်ထဲ မှောင်ခိုဆေးဝါး ဈေးကွက်နဲ့ ဆက်သွယ်ဖို့ ခိုင်းလိုက်သည်။

မင်းရဲ့ လက်ထဲမှာ မီးတိုင်နဲ့ လက်နက် ကိုင်ထားနိုင်မှ လုံခြုံတယ်လို့ စိတ်ချနိုင်မှာပေါ့!

နောက်တစ်နေ့ အစောပိုင်းတွင်,

လင်း​ဖေးဟန်ရဲ့ အတွေးထဲမှာ တစ်ခုခု ရှိနေတာကြောင့် သူ မနက်အစောတည်းက နိုးလာခဲ့သည်။

လင်းဖေးဟန် နိုးတာနဲ့ မျက်နှာသစ်ပြီး စားပွဲတွင်၊ မနက်စာ စားလိုက်သည်။ ပြီးတာနဲ့ ကွန်ပျူတာဖွင့်ပြီး သတင်းကြည့်ဖို့ လုပ်လိုက်သည်။

လင်းဖေးဟန် အနည်းငယ် သိချင်နေခဲ့သည်။ မနေ့က ကိစ္စက သတင်းချန်နယ်တွေထဲ ပါလာမလား သိချင်မိသည်။

ဒီလိုမျိုး ကိစ္စကြီးတစ်ခုက မနေ့ညက ဖြစ်သွားခဲ့သည်။ အထက်လူကြီးတွေ ဒီတိုင်းတော့ ထိုင်နေကြမှာမဟုတ်ဘူး။ ဒီလိုမျိုး ကိစ္စကြီးကို သူတို့ ဖုံးကွယ်ရဲမှာလဲ မဟုတ်ဘူး။ ဒီကိစ္စကို စုံစမ်းဖို့ အမြင့်ဆုံး အဖွဲ့ကို လွှတ်ကြလောက်သည်။

လင်းဖေးဟန် များစွာတဲ့ မီဒီယာ နက်ဝေါ့တွေကို ရှာဖွေခဲ့ပေမဲ့ ဘာကိုမှ ရှာမတွေ့ခဲ့ပေ။

ဒါပေမဲ့ ကျင်းပိုင်မြို့ရဲ့ အကျော်ကြားဆုံး မီဒီယာထဲကို ဝင်လိုက်ချိန်မှာ မြို့တော်ဗျူရိုက မိတ်ဆွေဟောင်းကြီး အန်ကယ်လျိုနဲ့ ဟန်ရှောင်ပင်းကို သူရဲကောင်းဆန်ဆန် ပုံစံနဲ့ live လွှင့်နေတဲ့ သတင်းမှာ မြင်လိုက်ရသည်။

အမျိုးသမီးဝန်ထမ်းမလေးက အဖြူအမဲ ဝတ်စုံပြည့်ကို ဝတ်ဆင်ထားပြီး ထိုပုံရိပ်ရဲ့ အခြေအနေကို ရှင်းပြပေးနေသည်။

“ ဒီနေ့မနက်အစောပိုင်းတွင် ကျင်းပိုင်မြို့ရဲ့ မြို့တော်ဗျူရိုနဲ့ ဟေးဟိုင် မြို့တော်ဗျူရိုက ပူးပေါင်းပြီး 'ဓားနက်'အမည်ရ အပိတ်စစ်ဆင်ရေး စတင်ခဲ့ပါတယ်”

“ ထိုစစ်ဆင်ရေးက လွန်ခဲ့တဲ့နှစ်နာရီက ပြီးသွားခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ လူပေါင်း 180 ကို ဖမ်းဆီး ရမိထားပြီး မရေမတွက်နိုင်တဲ့ တရားမဝင်ပစ္စည်းများကို လက်ဝယ်မိထားတဲ့အပြင် များစွာတဲ့ ဖျော်ဖြေရေးပွဲများကို ပိတ်သိမ်းထားပါတယ်။ ဒီတစ်ခေါက် ဖမ်းဆီးတဲ့ ဖြစ်စဥ်မှာ လွတ်သွားသူ တစ်ယောက်ရှိတယ်။ အဲ့ဒီလူက မနေ့က အနောက်တိုင်း စားသောက်ဆိုင်မှာဖြစ်ခဲ့တဲ့ ကိစ္စရဲ့ လက်သည်တရားခံလို့ သိရပါတယ်။ တရားခံကို အခုထိ မဖမ်းမိသေးပါဘူး။ တရားခံရဲ့ ပုံစံနဲ့ အချက်အလက်များကို အောက်မှာဖော်ပြထားပါတယ်…”

စားသောက်ဆိုင်အမှုရဲ့ တရားခံကို မမိသေးဘူး ဟုတ်လား?

လင်းဖေးဟန်ရဲ့ ရုပ်က ရုတ်ချည်းတည်တံ့ သွားသည်။ ဖုန်းမင်ကျင်းလဲ ဒီတစ်ခေါက် အဖမ်းခံရမှာများလား?

ဒီတစ်ခေါက် အမှုကလွယ်ကူမှာ မဟုတ်ဘူးလို့ လင်းဖေးဟန် ခံစားလိုက်ရသည်။ ဖုန်းမင်ကျင်းက ဒီလောက်နှစ်တွေအကြာကြီးတောင် ပုန်းနိုင် ခဲ့သေးတာပဲ၊ အခုတစ်ခေါက် ကိစ္စနဲ့ကျမှ ဘယ်လိုလုပ် အဖမ်းခံရမှာတုန်း?

ထင်တဲ့အတိုင်းပဲ အားစန် အမည်ရှိသော လူတစ်ယောက်၏ ဓာတ်ပုံ ထွက်ပေါ်လာသည်။ ဖုန်းမင်ကျင်း မဟုတ်ခဲ့ဘူး!

ဓာတ်ပုံရဲ့ အောက်မှာ အရေးပေါ် သင်္ကေတ သုံးခု ရေးထားပြီး မှတ်ချက်တစ်ခုပါ ပါသည်။

“ ဒီလူက အရမ်းကို အန္တရာယ်များပါတယ်။ ကျေးဇူးပြုပြီး တွေ့တာနဲ့ ရဲကို အကြောင်းကြားပေးပါရန်!”

အားစန်ဆိုတဲ့ သူက ဖုန်းမင်ကျင်းအစား အပြစ်ခံပေးရတဲ့သူပဲ ဖြစ်ရမည်။

ဒီလိုကိစ္စတွေမှာ အမြဲတမ်း လက်အောက်ငယ်သားက သူဋ္ဌေးရဲ့ အပြစ်ကို အစားခံပေးရတာမျိုး ပါတတ်တယ်လေ။ ပြီး သူဋ္ဌေးက ထိုက်သင့်တာ ပြန်ပေးမည် ဘာညာပေါ့။

ဖုန်းမင်ကျင်းရဲ့ အဆက်အသွယ်နဲ့ လီယွင်လုံရဲ့ အင်အားကြောင့် အားစန်က ဘယ်တော့မှ အဖမ်းခံရမှာမဟုတ်ဘူး။ အလွန်ဆုံးရှိ လူများတဲ့နေရာတွေ မသွားရဲရုံလောက်ပဲ ရှိမှာ။ ဒါပေမဲ့ သူ ကောင်းကောင်းနေ၊ ကောင်းကောင်း စားနိုင်အုံးမည်။

လူသတ်သမားဆိုတာ အမြဲတမ်း အမှောင်ထဲမှာ နေကြတဲ့သူတွေမို့ တစ်ရက်လုံး အိမ်ပြင်မထွက်တောင် ပျင်းတယ်လို့ ခံစား ကြရမှာ မဟုတ်ဘူး။

ကွန်ပြူတာ မြင်ကွင်းက ပုံရိပ်ကို ပြန်ပြောင်း သွားပေမဲ့ လင်းဖေးဟန် ဆက်ပြီး သတင်း ကြည့်ချင်စိတ် မရှိတော့ဘူး။ သူ့ရဲ့ ခံစားချက်က အရမ်းရှုတ်ထွေးနေခဲ့သည်။

အခုဆို ဖုန်းမင်ကျင်း သူ့ကို တော်တော်​လေး မုန်းတီးနေလောက်ပြီ။

ငါက သူ့ရဲ့ လူယုံတစ်ယောက်ကို စတေး ခိုင်းလိုက်တယ် ဆိုမှတော့ သေချာပေါက် ငါ့အပေါ် ဒေါသတွေ ပုံတော့မှာပဲ!

အခုချိန်မှာဆို လင်းဖေးဟန်ဆိုတဲ့ ငါလေးက ကမ္ဘာ့ထိပ်သီး လုပ်ကြံရေးဂိုဏ်းရဲ့ ပစ်မှတ်လေး ဂုဏ်ယူစွာဖြစ်မြှောက်သွားပါပြီ! ဖြောင်းဖြောင်းဖြောင်း!

ဒါပေမဲ့ ဘာကြောင့်ရယ်မသိ လင်းဖေးဟန် အရမ်းစိတ်လှုပ်ရှားနေခဲ့သည်။ ဖုန်းမင်ကျင်း သူ့ကို လာရှာပါစေလို့တောင် မျှော်လင့် သေးသည်။ ဖုန်းမင်ကျင်း သူ့ကို လာရှာရဲမှသာ သူလဲ ပြဿနာကို တိုက်ရိုက် ဖြေရှင်းနိုင်ပြီး နေ့တိုင်း စိတ်ထင့်နေဖို့ မလိုတော့မှာ။

ငါသာ ဖုန်းမင်ကျင်းရဲ့ နေရာကို အရင်ရှာပြီး မပြောနိုင်ရင် ရဲတွေလဲ သူ့အသိုက်ကို ရှင်းထုတ် ပစ်နိုင်မှာမဟုတ်ဘူး။

ဖုန်းမင်ကျင်း သူ့ကိုလာရှာဖို့ပဲ လင်းဖေးဟန် ဆုတောင်းသည်။ ဖုန်းမင်ကျင်း လူလုံးထွက်မပြမှာကို သူ စိတ်အပူဆုံးပဲ။

All Chapters