← Chapters

အခန်း (၁၈၅)

Vol. 14 Ch. 185

အခန်း (၁၈၅)

Vol. 14 Ch. 185

ထိုအချိန်မှာပဲ စားပွဲပေါ် တင်ထားသော ဖုန်းက ရုတ်တရက် အသံမြည်လာသည်။

လင်းဖေးဟန် ဖုန်းကိုင်ကြည့်လိုက်တော့ ခေါ်ဆိုသူမှာ မြို့တော်ဗျူရိုက အန်ကယ်လျိုပင်။

လင်းဖေးဟန် မှန်းဆလိုက်သည်။ သတင်းထဲက အကြောင်းအရာတွေကို သူ့ကို ပြောပြဖို့ပဲ ဖြစ်ရမည်။

လင်းဖေးဟန် ဖုန်းကိုင်လိုက်တာနဲ့ မြို့တော်ဗျူရိုက အန်ကယ်လျိုရဲ့ အလောတကြီး စကားသံကို တန်းကြား လိုက်ရသည်။

“ သူဋ္ဌေးလင်း ဒီရက်ပိုင်း လုပ်စရာ အရေးတကြီး မရှိဘူးဆိုရင် အိမ်မှာနေပြီး အပြင်သိပ်မထွက်တာဘဲ ကောင်းလိမ့်မယ်။ အနောက်တိုင်း စားသောက်ဆိုင်မှာ ဖြစ်ခဲ့တဲ့ ကိစ္စရဲ့ တရားခံက အခုထိ လွတ်နေတုန်းပဲ။ သူက အလွန်ကိုအန္တရာယ်များတဲ့သူ။ သူ မင်းကို လာတိုက်ခိုက်မှာစိုးရတယ်!”

လင်းဖေးဟန် ခါးသက်စွာ ပြုံးလိုက်ကာ

“ အန်ကယ်လျို ကျွန်တော်က အိမ်မှာပဲနေပြီး အပြင်မထွက်ရဘူးလား? ဒီလိုဆိုမှတော့ လေယာဥ်လတ်မှတ်ဝယ်ပြီး နိုင်ငံခြား သွားလိုက်မှာပေါ့ဗျာ!”

အန်ကယ်လျို အစက တစ်ခုခုကို ဆက်ပြောမလို့ ဖြစ်သည်။.ဒါပေမဲ့ လင်းဖေးဟန်ရဲ့ စကားကိုကြားတော့ သူ ဆွံ့အသွားသည်။ မှန်ပါတယ်၊ ထွက်ပြေးတာက ကောင်းမွန်တဲ့ ဖြေရှင်းချက်မဟုတ်ဘူး။ ဒါပေမဲ့ အဲဲ့ဒီအားစန်ဆိုတဲ့သူက မြို့တော်ဗျူရိုကလူတွေ ဒီလောက်ဝိုင်းပိတ်ထားတဲ့ ကြားကနေ ဘယ်သူမှ သတိမထားမိဘဲ ရအောင် ခိုးထွက်သွားနိုင်တယ် ဆိုတည်းက သူ့ရဲ့ စကေးကို သက်သေပြပြီးသွားပြီ။ သူ့မှာ ကျွမ်းကျင်တဲ့ လုပ်ကြံသတ်ဖြတ်ရေး အရည်အချင်းတွေ ရှိနေသည်။ အခွင့်အရေး ရတာနဲ့ လင်းဖေးဟန်ကို လွှတ်ပေးမှာမဟုတ်ဘူး။

လင်းဖေးဟန် တည်ငြိမ်စွာပြောလိုက်သည်။

“ အန်ကယ်လျို တစ်ကယ်တော့ ထွက်ပြေးတာက နည်းလမ်းကောင်း မဟုတ်ဘူး။ ကျွန်တော်ရဲ့ အိမ်နားမှာ ထားထားတဲ့ ရဲတွေကိုလဲ ပြန်လွှတ်လိုက်တော့ဖို့ ကျွန်တော် အကြံပေးချင်တယ်။ လူအနည်းငယ်ကိုပဲ ဟန်ဆောင်ပန်ဆောင် ချထားလိုက်၊ ဒါဆိုရင် အားစန် ထပ်ပေါ်လာနိုင်တယ်”

“ မင်းက ကိုယ့်ကိုယ်ကို ငါးစာအဖြစ် သုံးပြီး အားစန်ကို မြှားခေါ်ဖို့ကြံနေတာလား?”

လင်းဖေးဟန်ရဲ့ ဆိုလိုရင်းကို ချက်ချင်း နားလည်လိုက်တာမို့ အန်ကယ်လျို အံ့သြ သွားသည်။ ဒီ လင်းမိသားစုရဲ့ သခင်လေးက အရမ်းရဲတင်းတာပဲ။

အန်ကယ်လျို ချက်ချင်းပဲ အပြင်းအထန် ငြင်းဆိုလိုက်သည်။

“ မရဘူး။ အဲ့ဒါကမင်းကိုပဲ အန္တရာယ်ထဲ တွန်းပို့မိလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် အားစန်အဖမ်းမခံရဘဲ မင်းပဲ အသတ်ခံရမှာ စိုးမိတယ်!”

လင်းဖေးဟန်ရဲ့ နည်းလမ်းက အဆင်ပြေတယ်လို့ အန်ကယ်လျို မတွေးဘူး။ တစ်ဖက်လူရဲ့ စကေးတွေကို ထည့်မတွေးသေး နဲ့အုံး။ လင်းဖေးဟန်ကိုပဲ ကြည့်ရင် လင်းဖေးဟန်ဆိုတာ လင်းမိသားစုရဲ့ သခင်လေးတစ်ယောက်၊ အရမ်းကို အရေးပါတဲ့သူပဲ။ လင်းကုမ္ပဏီရဲ့ ဥက္ကဋ္ဌလဲ ဖြစ်သေးသည်။ ပြဿနာ တစ်ခုခု ဖြစ်သွားခဲ့ရင် လင်းမိသားစုက မြို့တော်ဗျူရိုကို အလွှတ်ပေးမှာ မဟုတ်ဘူး။

ဒီနည်းလမ်းက အရမ်းကို စွန့်စားရာ ကျလွန်းသည်။ သူ လင်းဖေးဟန်ကို ဂရုမစိုက်ရင်တောင်မှ မြို့တော်ဗျူရိုကို ထည့်မတွေးပေးလို့မရဘူး။ သူ့ဘဝသက်တမ်း တစ်ဝက်လောက်ရဲ့ ငြိမ်းချမ်းမှုကို အခုလို အလောင်းအစား မလုပ်ပစ်နိုင်ဘူး။

လင်းဖေးဟန် နောင်တမရှိစွာ ပြန်ပြောလိုက်သည်။

“ ဒါပေမဲ့ ဒါကတစ်ခုတည်းသော နည်းလမ်းပဲ။ ခင်ဗျား ကျွန်တော့်ကို အဲ့ဒီလူဆီက တစ်သက်လုံး ဖွက်ထားနိုင်မှာလဲ မဟုတ်ဘူး”

“ သေနတ်ကို ပြေးရှောင်လိုက်တာကမှ လွယ်အုံးမယ်။ အမှောင်ထဲက ပစ်နေတဲ့ မြှားကို ရှောင်ဖို့ မလွယ်ဘူး။ သူသာ ထပ်မပေါ် လာရင် ကျွန်တော်က တစ်သက်လုံး ကုမ္ပဏီ မသွားနဲ့တော့လား?”

လင်းဖေးဟန် မျက်နှာကို မဲ့လိုက်သည်။

အန်ကယ်လျိုက တိတ်ဆိတ်နေဆဲပဲ။

လင်းဖေးဟန် ပြောတာ အမှန်ပဲဆိုတာ သူလဲ သိသည်။ အကယ်လို့ မြို့တော်ဗျူရိုက အားစန်ကို မဖမ်းနိုင်ခဲ့ရင် ဘယ်လိုလုပ်မလဲ?

ဒါပေမဲ့ မြို့တော်ဗျူရိုက အားစန်အကြောင်း ဘာမှမသိဘူး။ အားစန် ဘယ်မှာရှိလဲတောင် သိကြတာမဟုတ်ဘူး။

အစက သူတို့တွေ အားစန်ကို ပိတ်မိထားပေမဲ့ သူတို့ရဲ့ မျက်စိအောက်ကတင် အားစန် ဘယ်လို လွတ်သွားလဲ အန်ကယ်လျို စဥ်းစားလို့ကို မရဘူး။ သတင်းရတာနဲ့ များစွာတဲ့ ရဲဝန်ထမ်းတွေ အားစန်ရဲ့ နေရာကို စောင့်ကြပ်ဖို့ သွားခဲ့ကြတာလေ။ ယင် တစ်ကောင်တောင် ထွက်ပြေးလို့ မလွတ်ဘူး။

ဒါပေမဲ့ အားစန်က ဘယ်ကနေ ဘယ်လို ပျောက်သွားမှန်းမသိဘူး။ ဘာ သဲလွန်စမှလဲ မချန်ထားခဲ့ဘူး။

လျို့ဝှက်လမ်းတွေ ဘာတွေ ရှိမလား သူတို့တွေ ရှာကြည့်သေးသည်။ ဒါပေမဲ့ ဘာတူးမြှောင်း၊ ဘာမြေအောက်လှိုဏ်ဂူမှလဲ မတွေ့ခဲ့ရဘူး။ ဆိုလိုတာက အားစန်က လျှို့ဝှက် ထွက်ပေါက်ကနေ လွတ်သွားတာလဲ မဟုတ်ဘူး။

ဒါပေမဲ့ ဒီတိုင်းကြီး ပျောက်သွားတာလေ! ဖြစ်နိုင်တာ အားစန် ထွက်လာအောင် လုပ်ဖို့ လင်းဖေးဟန် ပြောတဲ့နည်းလမ်းတစ်ခုပဲ ရှိတော့ပုံပဲ!

အန်ကယ်လျိုလဲ တွေးရမှာတွေ ရှိသေးသည်။

မြို့တော်ဗျူရိုမှာ သူ့ရဲ့ရာထူးက ထပ်တက်စရာ မရှိတော့ဘူး။

အသက်ပြည့်သွားရင် ကောင်းကောင်း အငြိမ်စားယူမယ် တွေးခဲ့ပေမဲ့ အခုလို ကိစ္စတွေ ဖြစ်လာမယ်မထင်ထားမိဘူး။

အထက်လူကြီးတွေဘက်ကလဲ လောနေပြီ။ ဒီကိစ္စကို ကောင်းကောင်း မကိုင်တွယ်နိုင်ရင် ရထားတဲ့ ရာထူးပါ ဆုံးရှုံးသွားနိုင်သည်။

တစ်ဖက်က ပြောမယ်ဆိုရင် အကယ်လို့ ငါကောင်းကောင်း ကိုင်တွယ်နိုင်ရင်တော့ ပိုကောင်းတဲ့အခွင့်အလမ်းတွေ ပွင့်လာမှာပဲ။

ကောင်းကျိူးနဲ့ဆိုးကျိူးက မျှခြေမှာပဲ။ အခုကိစ္စက စွန့်စားရဲလား၊ မစွန့်စားရဲလားအပေါ် မူတည်သွားပြီ!

အန််ကယ်လျို အချိန်အကြာကြီး တုံ့ဆိုင်းနေခဲ့သည်။ နောက်ဆုံး စိတ်ဆုံးဖြတ် ပြီးနောက်မှာ သူ အံကြိတ်ကာ ပြောလာသည်။

“ ကောင်းပြီ”

ဒါပေမဲ့ ချက်ချင်းပဲ အန်ကယ်လျို အမြန် ဆက်ပြောလာသည်။

“ ငါကြားတာ ရှောင်ဟန်က မကြာခင်က မင်းနေရာကို ပြောင်းလာတယ်တဲ့။ အဲ့ဒီ အချိန်ကျရင် ရှောင်ဟန်နဲ့ မင်းအတွက် လက်နက်ပေးခိုင်းလိုက်မယ်။ မင်း အားစန်ကို နာကျင်အောင် လုပ်နိုင်ဖို့ကိုတော့ မပြောလိုဘူး။ အနည်းဆုံး မင်း ကိုယ့်ကိုယ်ကို ကာကွယ်တတ်မှာပါ”

“ နောက်တစ်ချက်က အားစန်သာ မင်းနားမှာ ပေါ်လာခဲ့ရင် မင်း အကျိုးဆက်ကို ထည့်တွေးနေဖို့ မလိုဘူး။ တန်းသတ်ပစ် လို့ရတယ်!”

အန်ကယ်လျိုရဲ့ စကားတွေက လင်းဖေးဟန်ကို အသက်တစ်ခုအပေါ် ဆုံးဖြတ်ခွင့် ပေးလိုက်တာပဲ။ အားစန် ပေါ်လာတာနဲ့လင်းဖေးဟန် စိတ်ကြိုက် တိုက်ခိုက်ခွင့် ရှိသွားပြီ။ ပြဿနာ တစ်စုံတစ်ရာ တက်လာရင်တောင် လင်းဖေးဟန် တာဝန်ယူစရာ မလိုတော့ဘူး။

ဒါတွေက အရန်တွေပဲ။ တစ်ကယ့်အချက်က မြို့တော်ဗျူရိုဘက်က ကိုယ်တိုင် လင်းဖေးဟန်ကို လက်နက် ပေးလိုက်တာပဲ!

အမှောင်ဈေးကွက်ကနေ ဝယ်ထားတဲ့ လက်နက်တွေက ထုတ်သုံးဖို့ တစ်ကယ် အဆင်မပြေဘူး။ မဖြစ်မနေ အခြေအ​နေမို့ ထုတ်သုံးရရင်တောင် နောက်ဆုံးတွဲ ဖြေရှင်းချက် ပေးရမှာတွေ များသည်။ ဒါပေမဲ့ မြို့တော်ဗျူရိုက လက်နက်နဲ့ဆိုရင်တောင် လင်းဖေးဟန် ညီတူညီမျှ ခုခံနိုင်စွမ်း ရှိသွားပြီ။

အင်ပါယာက ချီးမြှောက်တဲ့ဓားကို ရလိုက်သလိုမျိုးပဲ!

အန်ကယ်လျိုရဲ့ စကားကိုကြားတော့ လင်းဖေးဟန် မနေနိုင်စွာ ပါးစပ်ဟ အံ့သြသွားသည်။ အခု အကုန်အဆင်သင့် ဖြစ်ပြီ။ လေပြေတိုက်လာဖို့ စောင့်ရုံပဲ!

အားစန် ပေါ်လာလောက်မလား? လင်းဖေးဟန် တစ်ကယ်ကို အဲ့ဒါကို လုံးဝ စိတ်မပူ မိဘူး။ အားစန် မပေါ်လာရင်တောင် သေချာပေါက် တစ်ခြားလူသတ်သမားတွေ ပေါ်လာမှာပဲ!

ပြောရရင် ဒါက သူနဲ့ အားစန်နဲ့ကြားက ကစားပွဲ မဟုတ်ဘူး။ အခုဂိမ်းက သူနဲ့ လီယွင်လုံနဲ့ဖုန်းမင်ကျင်း ကြားက ပွဲပဲ။

လီယွင်လုံက မတုံးအဘူးဆိုပေမဲ့ ဒီအချိန်မှာ သူအရမ်း စိတ်ပူနေမှာပဲ!

ငါ့ရဲ့အိမ်အနားမှာ ရဲတွေ အနည်းငယ်ပဲ ရှိတော့တာကို တွေ့တာနဲ့ ကျန်တဲ့ရဲတွေ ဘယ်ရောက်သွားလဲ လီယွင်လုံ သေချာပေါက် မှန်းဆမိမှာပဲ။

ဒါပေမဲ့ ကိစ္စတွေကို တစ်ခြားရှုထောင့်က တွေးကြည့်ရမယ်။ အခုလို ရဲတွေ နည်းသွားတာက သေချာပေါက် သူ့အတွက် ရှားပါးအခွင့်အရေး ဖြစ်မှာ!

အခု ကိစ္စက လင်းဖေးဟန်ဘက်က ဆင်လိုက်တဲ့ ထောင်ချောက် ဖြစ်သလို လင်းဖေးဟန်အနေနဲ့ သူတို့ကို ပြန်တိုက်နိုင်မဲ့ အခွင့်အရေးတစ်ခုလဲ ဖြစ်သည်။

ဒါပေမဲ့ ဒီကိစ္စက ဖုန်းမင်ကျင်းနဲ့ လီယွင်လုံ လုပ်ရဲမလားနဲ့ သူတို့ရဲ့သန်မာမှုအပေါ် ယုံကြည်ချက်ရှိလားပေါ်ပဲ မူတည်သည်!

လင်းဖေးဟန် အများကြီး မတွေးတော့ဖို့ ဆုံးဖြတ်လိုက်သည်။

လင်းဖေးဟန် ဖုန်းချပြီးတာနဲ့ ဖုန်းထဲက သတင်းကိုတစ်ချက်ကြည့်ပြီး ခေါင်းရမ်း လိုက်သည်။

မနေ့က လင်းရှောင်ဝေ့ သူ့ရဲ့ live လွှင့်တဲ့ အကောင့်ကို ပြောပြသွားတာလင်းဖေးဟန် မှတ်မိသေးသည်။

ဒါပေမဲ့ အခုက မနက်ခင်းပဲ ရှိသေးသည်။ လင်းရှောင်ဝေ့ live လွှင့်အုံးမလား သူ သေချာ မသိဘူး။ သူ့ရဲ့ကံကို စမ်းရတော့မှာပဲ။

လင်းဖေးဟန် တွေးပြီးတာနဲ့ တန်းပြီး လင်းရှောင်ဝေ့ကို ရှာလိုက်သည်။ လင်းရှောင်ဝေ့ နာမည်နဲ့ အကောင့်တွေ အများကြီးထွက်လာသည်။ လင်းဖေးဟန် အကြာကြီးရှာဖွေခဲ့ပေမဲ့ လင်းရှောင်ဝေ့ အစစ်ကို ရှာမတွေ့သေးဘူး။

လင်းဖေးဟန် လက်လျော့တော့မဲ့ အချိန်မှာပဲ သူ့ရဲ့ Douyin app ကနေ မက်ဆေ့ တစ်စောင် ဝင်လာခဲ့သည်။

“ သင့်မိတ်ဆွေ လင်းရှောင်ဝေ့ tfက အခု live လွှင့်နေပါသည်။ သင် ဝင်ရောက်ကြည့် ရှုနိုင်ပါသည်”

လင်းဖေးဟန် တုံ့ဆိုင်းမှုမရှိ နှိပ်လိုက်သည်။

တစ်ကယ်ကို လင်းရှောင်ဝေ့ပင်။

လင်းရှောင်ဝေ့ tf တဲ့လား? ဘာကြီးတုန်း tf ​က?

All Chapters