အခန်း (၁၈၆)
Vol. 14 Ch. 186
လင်းရှောင်ဝေ့က ကောလိပ်မှာ အဆိုနဲ့ အကပိုင်း မေဂျာယူထားသည်။ သူ့မှာ အိပ်မက် တစ်ခုရှိသည်။ တစ်ရက်မှာ အောင်မြင်တဲ့ အဆိုတော် တစ်ယောက်ဖြစ်လာချင်သည်။
ဒါပေမဲ့လက်တွေ့က ခါးသီးတဲ့ အမှန်တရားပဲ။
အစက သူတက်ရမဲ့ ကောလိပ်အပေါ် အမြင်ကောင်းရှိခဲ့သည်။ ကောလိပ်ကို ရောက်တာနဲ့ အရမ်းတွေ ကြိုးစားမယ်ပေါ့။ ကောလိပ်က ဆရာတစ်ယောက်နဲ့ တွေ့တဲ့ အချိန်တုန်းက ထိုဆရာက သူ့ကို အရိပ်အမြွတ် ပြောသွားသေးသည်။
ကောလိပ်ပဲဆိုပေမဲ့ ဘွဲ့လွန်ဘွဲ့အထိ ယူလို့ ရသည်တဲ့။ မေဂျာက သေးနေရင်တောင်မှ ပြင်ဆင်မှုတစ်ချို့ လုပ်ပြီးသွားရင် ဘွဲ့လွန် ဘွဲ့ကိုယူလို့ရနိုင်မည်။
လင်းရှောင်ဝေ့သည် သူ့ရဲ့ ပညာရေးဘဝကို လှပစွာ အိပ်မက် မက်ထားခဲ့သည်။
သူ ပိုပြီး ကြိုးစားသင့်တာကို သိသည်။
အခုခေတ်မှာ ဘွဲ့မရတဲ့သူတွေ အရမ်းပေါနေပြီ။ သူ့အနေနဲ့ ဘွဲ့ရသွားဖို့ပဲ လိုချင်သည်။ ကုမ္ပဏီကောင်းမှာ အလုပ်ရပြီး လစာကောင်းကောင်းရဖို့ သူ မလိုချင်ပါဘူး။ သူ အလုပ် လုပ်နိုင်နေပြီး မိသားစုနဲ့ ကိုယ့်ကိုယ်ကို ထောက်ပံ့နိုင်တဲ့ ငွေကြေးရှိရုံနဲ့တင် သူ ကျေနပ်ပြီ။
ထိုအချိန်က ဆရာက စတင်ပြီး ရှင်းပြပေးခဲ့သည်။ ကောလိပ်မှာ အဆောက်အဦးကြီး နှစ်ခု ခွဲထားသည်။ အဆောက်အဦးတစ်မှာ သင်ကြာရေးတွေ၊ လေ့ကျင့်ရေးတွေ လုပ်သည်။ အဆောက်အဦးနှစ်မှာက အိပ်ဆောင်တွေ ဖြစ်သည်။ ဒီလိုဆို အိပ်ဆောင်တစ်ဆောင်ကို ဘယ်လောက်တောင် ကျယ်လောက်မလဲ? ဒါက ကျောင်းရဲ့ ပုံစံငယ်ပါ၊ ဒီနေရာက ကျောင်းရဲ့ကားပါကင်ဖြစ်ပြီး သင်ပြပေးမဲ့ ဆရာတွေကလဲ တရုတ်ပြည်ရဲ့ ထိပ်သီးဆရာတွေပဲ။ 1999 ခုနှစ်မှာ ငါတို့ဋ္ဌာနကနေ ဘယ်နာမည်ကျော် ထွက်ပေါ်ခဲ့ပါတယ်၊ 2006 တုန်းက နွေဦးဂါလာ ပွဲတော်မှာလဲ ငါတို့ကျောင်းက ဆရာတွေ ပါဝင်ခဲ့ပါတယ် အစသဖြင့် အများကြီး ညွှန်းထားကြသည်။
များစွာတဲ့ ပွဲဝင်ပုံရိပ်တွေ၊ ဓာတ်ပုံတွေကြောင့် လင်းရှောင်ဝေ့ သူ့ရဲ့ ဆုံးဖြတ်ချက်က မှန်ကန်တယ်လို့ ခံစားခဲ့ရသည်။
အခုလို ကောလိပ် အကျယ်ကြီးက သေချာပေါက် အသင်အပြလဲ ကောင်းမှာပဲ။
ဒါပေမဲ့ ကောလိပ်ထဲကို ဝင်လိုက်တာနဲ့ အရာအားလုံးက အလိမ်အညာတွေပဲ ဆိုတာ သူ သိလိုက်ရသည်။ ဒီနေရာက ဘယ်သူမှ မရှိတဲ့ ကောလိပ် ကျောင်းအတုကြီးပဲ!
ပထမ အဆောက်အဦးရဲ့ ဆောက်လုပ် ထားပုံက တစ်ကယ်ပဲ ကောင်းပါတယ်။ ဒါပေမဲ့ ဒုတိယ အဆောက်အဦးက အိပ်ဆောင်တွေက လုံးဝ စွန့်ပစ်နေရာပဲ။ မြင်ပင်ရိုင်းတွေက လူ့တစ်ရပ်ကျော်လောက် ရှည်နေကြသည်။ အိပ်ဆောင်က တစ်ခန်းကို လေးယောက် နေရမှာဆိုပေမဲ့ နံရံတွေက အိုဟောင်းပြီး ဆေးတွေ ကွာကျနေသည်။
ပလပ်ပေါက်တွေကလဲ ဟောင်းနွမ်း ဖုန်တက် နေပြီ။ ဆရာမတွေက နေ့တိုင်းလာပြီး စွန့်ပစ်ပစ္စည်း ရှိမရှိ စစ်ဆေးကြသည်။
ဖုန်းအားသွင်းတဲ့ အချိန်မျိုးမှာဆိုရင် ပုံမှန် ဖုန်းတွေက အဆင်ပြေသည်။ ဈေးကြီးပေးရတဲ့ အဆင့်မြင့်ဖုန်းတွေဆိုရင် တန်းပြီး အာဏာပိုင်အဖြစ် သိမ်းလိုက်သည်။ အဟောင်းပြန်ရောင်းပြီး ကျောင်းဘဏ္ဍာငွေ အဖြစ် ယူလိုက်ကြသည်!
ကျောင်းဘက်က ပေးတဲ့ အကြောင်းပြချက် ကတော့ ကျောင်းကို အရင်ခေတ်ရဲ့ လက်ရာ မပျက် ထိန်းသိမ်းတာပါတဲ့။ ဘယ်ပေါင်းပင်၊ မြက်ပင် တစ်ခုကိုမွ မဖျက်ဆီးရဘူး။ ဖျက်ဆီးခြင်းက စည်းကမ်းဖောက်တာပဲ! ပလပ်ပေါက်တွေ ဟောင်းနွမ်းနေတာနဲ့ ပတ်သတ်ပြီးလဲ ဘာမှ မလုပ်ပေးကြဘူး။ ဘာလို့ဆို ကျောင်းသားတွေရဲ့ လုံခြုံရေး ကြောင့်ပါတဲ့။ မီးမလောင်စေနဲ့တဲ့!
လျှပ်စစ်မီးကို ညဆယ်နာရီနဲ့ မနက် ၆ နာရီမှာ ဖြတ်ပစ်သည်။ မနက်ခြောက်နာရီ ရောက်တာနဲ့ အကုန် အိပ်ယာထတော့ပဲ။
အရမ်းကို ကပ်ဖားယပ်ဖား လုပ်ကြသော ကျောင်းသားတစ်ချို့လဲ ရှိကြသေးသည်။ သူတို့ကိုယ်သူတို့ အိပ်ဆောင်ပိုင်း ကိုင်တွယ်ရတဲ့ ကျောင်းသားအဖွဲ့လို့ ခေါ်ကြသည်။
မနက်ခင်းရောက်တိုင်း
“ ထကြ! ထကြတော့!”
လင်းရှောင်ဝေ့ သူဒါတွေ အားလုံးကို ကျော်ဖြတ်နိုင်မှာပါလို့ တွေးလိုက်သည်။ ပြောရရင် သူက တောက တက်လာတဲ့သူပဲ။ အိပ်ဖို့အတွက် ကျောခင်းစရာ တစ်နေရာ ရှိရင်ကို လုံလောက်ပြီ။ လေနဲ့မိုးကို ကာပေးနိုင်တဲ့ ဒီအဆောက်အဦးက လုံလောက်တာထပ် ပိုနေပါပြီ။
အဆိုအက လေ့ကျင့်ရေးပိုင်းမှာ အခြေခံအနေနဲ့ အဆိုကို အရင်သင်မယ်လို့ လင်းရှောင်ဝေ့ တွေးခဲ့ပေမဲ့ မထင်မိစွာ အက ကို အရင်သင်ခဲ့သည်။
သင်ကြားချိန်တိုင်း ခြေထောက်ကို မြင့်မြင့်မြှောက်ပြီး၊ တင်ကိုကော့ရတဲ့ အလုပ်က စိတ်ဆင်းရဲလွန်းလို့ သေစေနိုင်လောက်သည်။
အဆိုးရွားဆုံး ကိစ္စက သူ့ရဲ့အတန်းဖော်တွေ အားလုံးက နေရာအစုံမှာ လေ့ကျင့်ဖူး ပြီးသား သူတွေပင်။ သူကသာ လမ်းတစ်ဝက်ရောက်မှ မေဂျာပြောင်းယူလိုက်မိပြီး ပထမဆုံး အကကို လေ့ကျင့်ရတော့ ခန္ဓာကိုယ်က ပျော့ပျောင်း မနေဘူး။ အတန်းရဲ့ အဆိုးဆုံး အခြေအနေမှာလို့ ပြောလို့ရသည်။
တစ်ခြားဋ္ဌာနတွေကို ကြည့်လိုက်ရင် အမြဲတမ်း အတန်းမရှိကြတာနဲ့၊ အတန်းလစ်နေကြတာ ကြည့်ပင်။
သူ့ရဲ့ ဋ္ဌာနကတော့ တစ်နေကုန် အတန်း တက်ရပြီး အတန်းဖော်ကလဲ ဆယ်ယောက်ပဲ ရှိသည်။ အတန်းလစ်ချင်ရင်တောင်မှ ဘယ်လို လစ်တော့မလဲ?
ဒီလိုနဲ့ အကသင်တန်းကို သူလုံးဝ စိတ်မဝင်စားတော့ပဲ ထိုအစား စိတ်ဆင်းပဲ ရဲသည်။
ဒါပေမဲ့ ကံကောင်းစွာနဲ့ အင်္ဂါနေ့ မနက်ပိုင်းတွင် အဆိုပိုင်း သီအိုရီဆိုင်ရာ စာသင်ချိန် နှစ်ခုတော့ ပါသေးသည်။ ဒီနှစ်ချိန်ကတော့ သူ အကြိုက်ဆုံးအချိန်တွေပဲ။
သီချင်းပိုင်းဆရာကလဲ သူ့ကို ချီးကျူးသည်။
“ အိုး မင်းရဲ့အသံကကောင်းလိုက်တာ။ ငါ့သားလေးအတိုင်းပဲ။ မင်းပိုပြီး ကြိုးစားရမယ်”
လင်းရှောင်ဝေ့ ထိုမှစပြီး အရမ်းယုံကြည်ချက် ရှိသွားခဲ့သည်။ ဒါပေမဲ့ ထိုသီချင်းပိုင်းဆရာက နောက်ထပ်နှစ်ဝက်လဲ ရောက်ရော အနားယူ သွားခဲ့သည်။ ထိုမှစပြီး ဘာ သီချင်းပိုင်း သီအိုရီသင်တန်းမှ မရှိတော့ဘူး။ သူဒါကို မမျှော်လင့်ထားမိဘူး။
စိတ်ပျက်စွာနဲ့ သုံးနှစ်ကုန်ဆုံးသွားခဲ့ပြီး သူ ဘွဲ့သာ ရသွားခဲ့သည်။ အလုပ်မရခဲ့ပေ။
ဒီလိုနဲ့ အဖေကလဲ ရုတ်တရက် နေမကောင်း အကြီးအကျယ်ဖြစ်သည်။ ပိုက်ဆံလိုလာသည်။ ကောင်မလေးက ထားသွားသည်။ သူ့ရဲ့ အတန်းဖော်တွေ တစ်ယောက်ပြီးတစ်ယောက် အကအဖွဲ့တွေ၊ အဆိုအဖွဲ့တွေမှာ ပါဝင်သွားပြီး တစ်လကို ယွမ်တစ်သောင်းထပ် ပိုရှာနိုင်တာကို ကြည့်နေရင်း လင်းရှောင်ဝေ့ ပိုလို့ စိတ်ပျက်လာရသည်။
ဒါပေမဲ့ သူ့အဖေ နေမကောင်းဖြစ်နေတာမို့ သူဒါတွေကို ကျော်ဖြတ်ရမည်!
ကိုယ့်ကိုယ်ကို အားပေးရင်း အဆိုပိုင်းနဲ့ အနုပညာအလုပ်ကို စတင်ခဲ့သည်။
ဒါပေမဲ့ ဖျော်ဖြေရေးလောကဆိုတာ ဒီလောက် လွယ်ကူတာမှ မဟုတ်တာပဲ။ နာမည်ကြီး ဖြစ်လာချင်ပေမဲ့ လူတော်တော်များများက ပြောစရာမလိုတဲ့ စည်းမျဥ်းတွေမှာတင် မလွတ်မြောက်နိုင်ကြတော့ဘူး။
မင်းက စောက်ရမ်းလှလို့လား? မင်းက စောက်ရမ်းချောလို့လား? ဒါမှမဟုတ် မင်းမှာ ထောက်ပံ့မဲ့ စောက်ရမ်းချမ်းသာတဲ့ အဖေ ရှိလို့လား?
လင်းရှောင်ဝေ့မှာ နောက်ခံမရှိသလို မိသားစု အခြေအနေကလဲ အလယ်အလတ် အဆင့်ပဲ။
အရန်ဇာတ်ကောင် နေရာအတွက် သူ အင်တာဗျူးဖြေခဲ့သည်။ နောက်ဆုံး တတိယ အမျိုးသား အရန်၊ စတုတ္ထ အမျိုးသားအရန် နေရာတွေအတွက် အင်တာဗျူးဖြေခဲ့သည်။ သီချင်းတွေရေးပြီး ကုမ္ပဏီကြီးတွေမှာ လျှောက်သည်။ ဒါပေမဲ့ လင်းရှောင်ဝေ့ အမြဲတမ်း စကားလုံးနှစ်လုံးပဲ ရခဲ့သည်။ (ပယ်တယ်!)
တစ်ဖက်အဖွဲ့အစည်းက အရမ်းကို ကလိမ်ကကျစ် နိုင်လွန်းသည်။ လင်းရှောင်ဝေ့ တစ်ခွန်းတောင် ပြောခွင့်မရခဲ့ဘူး။
လက်မလျော့ချင်တဲ့ လင်းရှောင်ဝေ့ သူ့ရဲ့ အိပ်မက်ကို ယာယီလက်လျော့ရတော့သည်။ လင်းရှောင်ဝေ့ သူ့ဘဝကို အောက်ဆုံးအထိ လက်လျော့ပြီး ခန္ဓာကိုယ်ကို ရောင်းစားဖို့တောင် လုပ်ခဲ့သေးသည်။ ဒါပေမဲ့ သေချာပေါက် လိုချင်သူ မရှိခဲ့ဘူး!
အရန် အမျိုးသားဇာတ်လိုက်အနေနဲ့ ခက်ခဲမှု ပေါင်းစုံကို သူ ကျော်ဖြတ်ခဲ့ရသည်။ အဆုံးမှာတော့ ရွှေလက်ချောင်း ရသွားသည်ပေါ့။ သူ ပိုပြီးပြင်းပြင်းထန်ထန် ခံစားရလေလေ၊ သူ့ရဲ့ ပေါက်ကွဲထွက်မဲ့ အောင်မြင်မှုက ပိုပြီးကြီးထွားလေလေပဲ။
ထို့နောက်မှာ လင်းရှောင်ဝေ့ သူ့ရဲ့ အဆိုတော် လမ်းကြောင်းကို စတင်တော့သည်။ ရွှေလက်ချောင်း ရထားတာမို့ သူ့ရဲ့ အဆိုစကေးက အရမ်းကောင်းလာခဲ့သည်။
မနက်ခင်းဆို live လဲ လွှင့်တတ်သေးသည်။ လွန်ခဲ့တဲ့ရက်အနည်းငယ်က live ကြည့်သူ ရာကျော်ပြီးရှိသည်။ live ကနေ ယွမ်အနည်းငယ် ရှာဖွေပြီး နေ့ခင်း အစာရေဆာ အတွက် ဖြေရှင်းလို့ ရသည်လေ။
ထိုအချိန်မှာ လင်းရှောင်ဝေ့က HOK လိုမျိုး နာမည်ကြီးတဲ့ ဂိမ်းကို ဆော့နေခဲ့သည်။
သူ့ရဲ့ ရွှေလက်ချောင်းစကေးနဲ့ ကိုယ်တိုင်ရေး သီချင်းတစ်ချို့ကို ထပ်ဆိုမယ်ဆိုရင် သူ ပိုပြီး အောင်မြင်လာပြီး အဆုံးမှာ ကုမ္ပဏီကြီး များထံကနေတောင် ဆက်သွယ်ခံရနိုင်သည်။
ဒါပေမဲ့ လင်းရှောင်ဝေ့မှာ ကိုယ်ပိုင် အစီအစဥ်ရှိသည်။ သူ့ရဲ့ အရည်အချင်း ပေါ်ကိုပဲ သူ အားမကိုးချင်ဘူး။ သူ့ရဲ့ ဂိမ်းဘဝကိုလဲ ပိုင်ဆိုင်ချင်သေးသည်။ အောင်မြင်တဲ့ ဂိမ်းသမားဖြစ်ချင်သည်။
ချုံကျီရဲ့ နှစ်ဘဝဇာတ်ကားထဲက လိုမျိူးပေါ့။ သူက အရင်ဘဝမှာ အောင်မြင်တဲ့ ဒုတိယမျိုးဆက် သူဋ္ဌေးသားတစ်ယောက်ပဲ ဆိုပေမဲ့ သူက ပရိုဂိမ်းသမား ဖြစ်ချင်ခဲ့သည်။ အဆုံးမှာတော့ လူတွေဆီက ဘလိန်းတာပဲ ခံခဲ့ရသည်။ ထိုအချိန်ကျမှ သူ့ကိုယ့်ကိုယ်ကို သဘောပေါက်သွားခဲ့သည်။ လက်တွေ့ကို သဘောပေါက်သွားတာမို့ ဂိမ်းသမားဘဝကနေ အနားယူကြောင်း ကြေညာခဲ့သည်။
လင်းရှောင်ဝေ့ရဲ့ ဂိမ်းပိုင်းကျွမ်းကျင်မှုကလဲ ထိုနည်းလည်းကောင်းပင်။ သူက ကတုန်ကယင် လက်ချောင်းများနဲ့ မွေးဖွားလာပြီး ဂိမ်းညံ့ပေမဲ့ ဂိမ်းစွဲနေတဲ့ လူတစ်ယောက် ဖြစ်လာခဲ့သည်။
အချိန်တစ်ခုရောက်တိုင်း လင်းရှောင်ဝေ့က သူ့ရဲ့ မူရင်းသီချင်းတွေကို ထုတ်ညည်းတတ်သည်။
သူ သီချင်းတစ်ပုဒ် ဆိုတာနဲ့ကို ကမ္ဘာကြီးရဲ့ စနစ်က အကျွမ်းကျင်ဆုံးနဲ့ သူ့ကို အကျိုးရလဒ်တွေ ဖန်တီးပေးလိုက်တာပဲ။ သူ့ရဲ့ ရွှေလက်ချောင်း အသံကိုပါ ထည့်ပေါင်းလိုက်ရင် ဒီရက်အနည်းငယ် အတွင်းမှာကို ပရိတ်သတ် သောင်းချီပြီး ရသွားခဲ့သည်။ ဒါပေမဲ့ သူ့အနေနဲ့ ဂိမ်းကို live action ဆော့ပြတဲ့အပိုင်းမှာ တိုးတက်နိုင်စရာ နေရာအများကြီး မရှိသေးဘူး။
အခုခေတ်မှာ လူတွေအတွက် စက်ပိုင်းanchorတွေ၊ အရန် anchor တွေ ကိုင်ပြီး စနိုက်ပါပစ်ချက် ပစ်တာတို့၊ သေနတ်ခိုးတာတို့၊ ခေါင်းကို တည်ပစ်တာတို့က နည်းနည်း ရိုးနေပြီလေ။